♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

July 11, 2013

ကုမ်ကျားတို့အကြောင်း

Filed under: astrology, my notes — အိမ့်ချမ်းမြေ့ @ 1:47 pm

aquamen.jpg 

ကုမ်ရဲ့သင်္ကေတဟာ ယောင်္ကျားလေးတစ်ယောက်ရေအိုးနဲ့ရေတွေသွန်းလောင်းနေတဲ့ ပုံပါ။ ရေအိုးနဲ့ရေဆိုပေမယ့် တစ်ကယ်က “လေ” လို့ ဆိုပါတယ်။ ‘လေ’ နဲ့သက်ဆိုင်တာလား ‘ရေ’ နဲ့သက်ဆိုင်တာလား ဆိုပြီး ကုမ်ရာသီဖွားတွေကို သင်္ကေတမှာတင် အဓိပ္ပာယ်ဖော်ရခက်နေပြီလို့ဆိုပါတယ်။ “ရေ” ကတော့ ဥာဏ်ပညာ၊ အေးချမ်းငြိမ်သက်ခြင်း နဲ့ လူသားဆန်ခြင်းကို ပြတယ်လို့ ဆိုတယ်။

ဂရိဒဏ္ဍာရီတွေထဲက လူငယ်ယောင်္ကျားလေးရဲ့အမည်ကတော့ Ganymede ပဲ ဖြစ်ပါတယ်။ သူဟာ သိပ်ချောလွန်းလို့ ဘုရားတွေက သူတို့ရဲ့ရေအိုးကိုရွက်ဖို့ ခန့်အပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ကုမ်ရာသီဖွားတွေရဲ့ လှပမှုနဲ့ဆွဲဆောင်မှုရှိခြင်းရဲ့ သင်္ကေတလို့ဆိုပါတယ်။ ကုမ်ရာသီဖွားတွေဟာဖြင့် ရာသီခွင်တွေထဲမှာ အလှဆုံးနဲ့အဆွဲနိုင်ဆုံးသူတွေလို့ ဆိုကြပါတယ်။ (မလေးတော့ မသိဘူး၊ ညီမလေးသန်းလဲ့၊ မောင်မျိုးနဲ့ ကိုဏီတို့ကိုသာ ဟုတ်၊ မဟုတ် ကြည့်ကြပါ)…

ကုမ်ရာသီဖွားတွေဟာ အတွေးအခေါ်တမူထူးခြားပြီးတော့ အများနဲ့အတူ မိုးခါးရေ လိုက်မသောက်တတ်သူများလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ သူငယ်ချင်းတွေအပေါ်မှာ သစ္စာထားတတ်ပြီး လူတိုင်းကို အယုတ်အလတ်၊ အမြတ်မရွေး ခင်တယ်၊ သန့်ရှင်းရေးသမားမှ၊ စီအီးအိုမှ အဲသလို မခွဲတတ်ဘူး။ ရာထူးဂုဏ်ရှိန်ထက် နှလုံးသားနဲ့ ဦးနှောက်ရဲ့တွေးခေါ်နိုင်မှုတွေကို ပိုမက်မောတတ်သူတွေလို့ ဆိုပါတယ်။
သူတို့ဟာထိခိုက်ခံစားလွယ်တဲ့အတွက် ယောင်္ကျားလေးတွေဟာလည်း နှလုံးသားကို ဖွင့်ဟမပြဘူးလို့ဆိုပါတယ်။ သူတို့ကို တစ်ယောက်ယောက်က သဘောကျနေတယ်ဆိုတာ ရိပ်မိတာနဲ့ ထွက်ပြေးတတ်ကြတဲ့ သဘောရှိပါတယ်။ တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာ နှလုံးသားကို ထည့်လိုက်ဖို့ကို အလွန်ဝန်လေးတဲ့ သူများလည်း ဖြစ်ပါတယ်။

ဘာမဆိုစာရွက်ပေါ်မှာချပြရတာက ကုမ်ရာသီဖွားတွေအတွက် အလွန်အဆင်ပြေတဲ့အတွက် သူတို့ဟာ စာရေးသူများ၊ စာရေးဆရာများ ဖြစ်နေတတ်ကြပါတယ်တဲ့……. ‘ကိုယ်နဲ့ကော်ဖီလေး လိုက်သောက်ပါလား …’ လို့ မိန်းကလေးတစ်ယောက်ယောက်ကို ပြောမယ်ဆိုရင်တောင် စာနဲ့ပဲ ရေးပြောချင်တဲ့ သဘောရှိပါတယ်တဲ့။

သူတို့ကို အေးစက်စက်နိုင်တယ်လို့ ထင်တတ်ကြတာဟာ တစ်ကယ်ကတော့ တမင်အဲလိုလုပ်နေတာမဟုတ်ဘဲ၊ သူတို့အတွက် တစ်ကယ်ကို အဲဒီအရာတွေဟာ အရေးကြီးတဲ့အရာတွေ မဖြစ်လို့၊ စိတ်ထဲမှာ ဘာမှမထားဘဲ နေတာဖြစ်တဲ့အတွက် လူတွေက သူတို့ကို အေးစက်စက်နဲ့ ဂရုမစိုက်အလေးမထားတတ်သူတွေလို့ မြင်တာဖြစ်ပါတယ်တဲ့။

တစ်ခုခုဆိုလည်း ထုတ်မပြောဘဲ ငြိမ်နေတတ်တယ်၊ အချစ်ကိုလည်းနှုတ်နဲ့ဖွင့်မပြောတတ်ကြပါဘူးတဲ့
ဗဟုသုတပြည့်စုံတဲ့ ကုမ်ရာသီဖွားယောင်္ကျားတွေဟာ ကုမ်ရာသီဖွားမိန်းမတွေလိုပဲ အပျော်တွေထက်ကို လေးနက်တဲ့တစ်စုံတစ်ရာကို ထိုင်ပြီးတွေးနေရတာကို ပိုနှစ်သက်တယ်။ ဒီရာသီဖွားယောင်္ကျားတွေနားကို မိန်းမတွေက သိပ်ကပ်လေ့မရှိတာ.. အခြားရာသီဖွားယောင်္ကျားတွေလို ကျလောက်အောင် မနေတတ်တဲ့အတွက်လို့ ဆိုပါတယ်။ သူတို့ကို မိန်းမတွေက အေးစက်စက်နိုင်လွန်းတယ်လို့တောင် ထင်တတ်ကြပါတယ်တဲ့။ ကလေးလိုဆိုးနွဲ့ပြီး သူတို့ရဲ့အကြင်နာကိုလိုချင်တဲ့ မိန်းမတစ်ယောက်ထက်၊ ကိုယ့်ဟာကိုယ် ယုံကြည်စိတ်ချမှုရှိတဲ့ မှန်တန်းနေတတ်တဲ့ မိန်းမတွေကို သဘောကျတတ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့စိတ်ဝင်စားမှုကိုလိုချင်ရင်တော့ ရှိသမျှကို အကုန်ထုတ်မပြ၊ မပြောပြဘဲ၊ တဖြည်းဖြည်းချင်း ကိုယ့်ဘဝအကြောင်းကို ဆွဲထုတ်ပြပါလို့ ဆိုပါတယ်။ ကုမ်ရာသီဖွား အများစုဟာ (ခန္ဓာကိုယ်ကိစ္စထက်) နှလုံးသားနဲ့မေတ္တာကို အလေးထားတယ်လို့ ဆိုပါတယ်။

သူတို့ဟာ သူတို့ရဲ့ အီမိုးရှင်းကို ထိမှာစိုးလို့ ပိုးမျှင်တွေကြားပုန်းနေတတ်တဲ့ ခူကောင်တွေနဲ့ တူတယ်လို့ ဆိုပါတယ်။ အသက် 35 ကနေ 40 လောက်မှာတော့ အဲဒီအီမိုးရှင်းတွေနဲ့ တေ့တေ့ဆိုင်ဆိုင် တွေ့ရင်တွေ့၊ မတွေ့ရင်တော့ ဆေးလိပ်တို့ weed တို့သောက်ပြီး နေကြတော့တာပဲလို့ ဆိုပါတယ်.. (အဲဒီအတိုင်း ရေးထားတာပါ…း))

ကုမ်ရာသီဖွားယောင်္ကျားတွေကော မိန်းမတွေကောက အနာဂတ်မှာနေတဲ့ လူတွေလို့ ဆိုပါတယ်။ ပစ္စုပန်မှာ သူတို့ရှိမနေဘူး။ relationship တစ်ခုဖြစ်လာပြီဆိုရင်တော့ သူတို့ရဲ့ cool ဖြစ်တဲ့ပုံစံက ပျောက်သွားပြီး ချစ်တတ်တယ်လို့ ဆိုပါတယ်။ (ချစ်မှတော့ ပူလောင်ပြီပေါ့လေ)
ဘယ်လိုသူတွေနဲ့ အဆင်ပြေမလဲဆိုရင်………

  • ကုမ်ရာသီဖွားနှင့် မိဿရာသီဖွား (20 March – 19 April)

ဒီရာသီဖွားနှစ်ယောက်ကလည်း အဆင်ပြေမယ်လို့ ဆိုပါတယ်။ တစ်ယောက်ရဲ့ သဘောထားကို တစ်ယောက်ကနားလည်ပြီး ထောက်ပံ့မှုတွေပေးမယ်။ ဒါပေမယ့် မိဿရာသီဖွား မိန်းကလေးတွေဟာ ခဏခဏ စိတ်ကတိုတတ်တော့ ဒေါသလျော့ဖို့အချိန်ပေးရမယ်လို့ ဆိုပါတယ်။ မိဿအမျိုးသမီးတွေဟာ ကုမ်ရာသီဖွားယောင်္ကျားတွေရဲ့ စွန့်စားချင်တဲ့စိတ်၊ အသစ်ဆန်းရှာဖွေတီထွင်ဖော်ထုတ်လိုတဲ့ စိတ်ကို မြတ်နိုးလေးစားတယ်လို့ သိရပါတယ်။ ကုမ်ရာသီဖွားယောင်္ကျားတွေဟာ လွတ်လပ်မှုကို မြတ်နိုးတဲ့အတွက် သူတို့ရဲ့မိန်းကလေးတွေကိုလည်း ယုံကြည်စိတ်ချစွာ လွတ်လပ်ခွင့်ပေးထားမယ်လို့ ဆိုပါတယ်။

  • ကုမ်ရာသီဖွားနှင့် မေထုန်ရာသီဖွား (မေ 21 မှ ဇွန် 20 အတွင်းမွေးဖွားသူများ)

ဒီရာသီဖွား နှစ်ယောက်ကလည်း အဆင်ပြေကြမယ်လို့ ဆိုပါတယ်။ မေထုန်ဖွားတွေရဲ့ ရယ်စရာတွေးတတ်၊ ပြောတတ်တာလေးကို ကုမ်ရာသီဖွားတွေက သဘောကျတယ်တဲ့။ မေထုန်ဖွားတွေကလည်း ကုမ်ရာသီဖွားတွေရဲ့ creativity ကိုနှစ်သက်တယ်တဲ့။ သူတို့နှစ်ဦးဘဝကိုလက်တွဲတဲ့အခါ ဘဝဟာ adventure ဖြစ်နေတတ်တယ်။ တစ်ဦးနဲ့တစ်ဦး စကားလုံးတွေမလိုဘဲ နားလည်ကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် မေထုန်ဖွားတွေဟာ မျက်နှာနှစ်ဘက်သင်္ကေတရှိသူမို့ အပြောင်းအလဲမြန်ပြီး စိတ်နှစ်ခွကိုယ်နှစ်ခွ ဖြစ်နေတက်တယ်လို့ ဆိုပါတယ်။

  • ကုမ်ရာသီဖွားနှင့် ကရကဋ် (Cancer- ဇွန် (၂၁) မှ ဇူလှိုင် (၂၂) ကြား)

သူတို့ကတော့ သိပ်အဆင်မပြေဘူးတဲ့၊ ကုမ်ရာသီဖွားတွေက အတွေ့အကြုံရှာဖွေလိုတယ်၊ ဖရီးဒမ်းကို လိုတယ်။ ကရကဋ်ရာသီဖွားတွေက အဲဒါကို ခံနိုင်ရည် မရှိပါဘူးတဲ့။ သူတို့က လုံခြုံမှုနဲ့ နွေးထွေးမှုကို ကုမ်ရာသီဖွားတွေဆီကနေ မျှော်လင့်တယ်။ ( ဒါပေမယ့် ကုမ်ရာသီဖွားတွေက အဲဒီလုံခြုံမှုနဲ့နွေးထွေးမှုကို ပြသော်လည်း ဟိုဘက်က ပြတယ်လို့ မထင်ရင်ကော..)။ ကုမ်ရာသီသမားတွေက ဖရီးဒမ်းဘက်ကို အားသာချိန်မှာ ကရကဋ်တွေက မိသားစုကို အရမ်းနစ်ဝင်တယ်။ ကရကဋ်တွေက စိတ်လှုပ်ရှားမှုပြင်းထန်တယ်၊ အဲဒါ ကုမ်နဲ့ မကိုက်ဘူးလို့ ဆိုပါတယ်။ ကရကဋ်မိန်းကလေးတွေဟာ ကုမ်ယောင်္ကျားလေးတွေဆီက အထက်ကပြောတဲ့ နွေးထွေးမှုနဲ့လုံခြုံမှုကို အမြဲလိုချင်နေတဲ့အတွက် သူတို့ရဲ့ဆက်ဆံမှုမှာ နာကျင်မှုတွေနဲ့ပြည့်နေတတ်တယ်တဲ့။ အိမ်ထောင်ရေးအဆင်ပြေချင်ရင်တော့ ကရကဋ်မိန်းကလေးတွေဟာ ကုမ်ယောင်္ကျားတွေရဲ့ intellectual thinking ကို လိုက်မှီအောင် နေရင်၊ အဆင်ပြေမယ်လို့ ဆိုပါတယ်။

  • ကုမ်ရာသီဖွားနှင့် သိဟ်ရာသီ (Leo- ဇူလှိုင် (၂၃) မှ သြဂုတ် (၂၂))

သူတို့အတွဲကတော့ သိပ်မဆိုးဘူးလို့ ဆိုပါတယ်။ ကုမ်ရာသီဖွားတွေဟာ သိဟ်ရာသီဖွားတွေရဲ့ physical attraction ကိုနှစ်သက်ပေမယ့် တစ်ကယ်ရေရှည်အဆင်ပြေချင်ရင်တော့ နှစ်ယောက်လုံးရဲ့ မာနတွေကို ချရမယ်လို့ ဆိုပါတယ်။ ကုမ်ရာသီဖွားတွေအတွက် ဒီဆက်ဆံရေးကို ဝန်ထုပ်ဝန်ပိုးကြီးလို ခံစားရတတ်တယ်။ ကုမ်တွေက စိတ်လွတ်လက်လွတ်နေတတ်ချိန်မှာ သိဟ်က အချစ်ကြီးပြီး ကုမ်ကို ချည်နှောင်ချုပ်ချယ်ထားတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

  • ကုမ်ရာသီဖွားနှင့် ကန်ရာသီ (Virgo-သြဂုတ် (၂၃) မှ စက်တင်ဘာ (၂၂))

ဒီအတွဲကတော့ emotional bond ရဖို့မလွယ်ဘူးတဲ့။ intelligent ဒိုင်ယာလောခ့်တွေကတော့ ဆွေးနွေးပြောဆိုလို့ သိပ်ကောင်းပေမယ့် နှလုံးသားချင်းဆက်နွယ်မှုက သိပ်မရနိုင်ဘူးတဲ့။ ကန်ရာသီဖွား မိန်းကလေးတွေဟာ ကြာလာတဲ့အခါ ကုမ်ရာသီဖွားယောင်္ကျားလေးတွေရဲ့ ဒေါသနဲ့ပြောသမျှရယ်၊ စိုးမိုးမှုတွေရယ်ကို စိတ်ပျက်သွားတတ်တယ်တဲ့… (ကုမ်တွေက တော်ရုံမစိုးမိုးဘူး၊ စိုးမိုးချင်စိတ်ကို မရှိတာ.. ဒီမှာ တစ်မျိုးဘဲ…၊ ကန်မိန်းကလေးတွေနဲ့တွေ့တဲ့ ကုမ်ယောင်္ကျားတွေရဲ့ နက္ခတ်ပြောင်းသွားမှုကြောင့်များလား)

  • ကုမ်ရာသီဖွားနှင့် တူရာသီ (Libra - စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၂) )

သူတို့နှစ်ဦးကတော့ တော်တော်တူတဲ့အရည်အချင်းတွေရှိတယ်လို့ဆိုတယ်။ လွတ်လပ်ခြင်းကို နှစ်ယောက်လုံးက မြတ်နိုးတော့ တစ်ယောက်နဲ့တစ်ယောက်လည်း ပျင်းမသွားဘူး။ နှစ်ဦးပေါင်းပြီး မိတ်ဆွေသစ်တွေလည်းအများကြီး ရတတ်တယ်။ ဒါပေမယ့် ကုမ်ရာသီဖွားတွေရဲ့ ဒေါသနဲ့စိတ်ရှုပ်တတ်ခြင်းကြောင့် တူရာသီတွေဟာ အခက်တွေ့ရတတ်တယ်။  ဒီနှစ်ဦးဟာဆိုရင်တော့ နွေးထွေးမှု၊ မေတ္တာ၊ စိတ်ထက်သန်မှုတွေနဲ့ အချင်းချင်းအလွန်ချစ်မယ်။ ကုမ်ရာသီယောင်္ကျားတွေဟာ တူရာသီမိန်းမတွေကို အချစ်တွေအပြင် ယုံကြည်မှုနဲ့အတူ လွတ်လပ်မှုကိုပါ ပေးလိမ့်မယ် လို့ ဆိုပါတယ်။

  • ကုမ်ရာသီဖွား နှင့် ဗြိ စ္ဆာရာသီ (Scorpio - အောက်တိုဘာ (၂၃) မှ နိုဝင်ဘာ (၂၁) )

သူတို့နှစ်ယောက်ကတော့ အဆင်ပြေချင်ရင် တစ်ယောက်နဲ့တစ်ယောက် space ပေးမှဖြစ်မယ်ဆိုပါတယ်။ ကုမ်ရာသီဖွားဟာ ဗြိ စ္ဆာဖွားရဲ့ အချစ်၊ ဝန်တိုမှုအောက်မှာ မွှန်းကျပ်လာတတ်တယ်လို့ ဆိုပါတယ်။ ဗြိ စ္ဆာဖွားတွေဟာလည်း ကုမ်ရာသီဖွားတွေရဲ့ လွတ်လပ်ခြင်းကို ခုံမင်မှုနဲ့၊ အခုနေ ပျော်နေရင်း နောက်တစ်မိနစ်မှာ တစ်ခုခုတွေးမိလို့ မပျော်တော့တဲ့ စိတ်ကို မခံနိုင်ဘူးလို့ ဆိုပါတယ်။ ကုမ်ယောင်္ကျားနဲ့ ဗြိ စ္ဆာမိန်းမဆုံဖြစ်ရင်တော့ ဆက်ဆံရေးဟာ ခက်မယ်လို့ဆိုပါတယ်။ မိန်းကလေးက တောင်းဆိုမှုများပြီး စိတ်က အီမိုးရှင်း အရမ်းဖြစ်တယ်၊ ကုမ်ယောင်္ကျားတွေကလည်း ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ၂ယောက်က အဆင်ပြေဖို့ မလွယ်ဘူးဆိုပါတယ်။ အဆင်ပြေချင်ရင်တော့ ဗြိ စ္ဆာမိန်းကလေးက ကုမ်တွေရဲ့သဘောကို နားလည်ပေးပြီး၊ ကုမ်တွေကလည်း ဗြိ စ္ဆာမိန်းကလေးစိတ်ချမ်းသာအောင် လျော့ပေးပါလို့ ဆိုပါတယ်။

  • ကုမ်ရာသီနှင့် ဓနုရာသီ (Sagittarius -နိုဝင်ဘာ (၂၂) မှ ဒီဇင်ဘာ (၂၁))

နှစ်ယောက်လုံးက စွန့်စားမှုကိုကြိုက်တယ်၊ ဘဝကို ပုံသေနည်းကြီးနဲ့သွားနေတာထက်.. adventure, excitement တွေကိုကြိုက်တယ်။ နှစ်ဦးလုံးက easy-going ဖြစ်တယ်။ သူတို့ရဲ့စကားပြောတာတွေ၊ ဆွေးနွေးတာတွေကလည်း intellectual ဖြစ်တယ်လို့ဆိုပါတယ်။ ဓနုရာသီမိန်းကလေးနဲ့ ကုမ်ရာသီယောင်္ကျားလေးတို့ဆုံဖြစ်ရင်တော့ အချစ်စစ်ကိုတွေ့ကြတာပဲလို့ ဆိုပါတယ်။ နှစ်ယောက်လုံးက လွတ်လပ်မှုကို ခုံမင်တယ်၊ တစ်ယောက်ရဲ့လွတ်လပ်မှုကို တစ်ယောက်က လေးစားတယ်။ ချုပ်ချယ်မှု၊ ချုပ်ကိုင်မှုတွေ မရှိကြဘူး။ တစ်ဦးနဲ့တစ်ဦး ယုံကြည်စိတ်ချတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းကိုမှီတွယ်ခိုကပ်နေတဲ့စိတ်တွေလည်း မရှိဘူးလို့ ဆိုပါတယ်။

  • ကုမ်ရာသီဖွားများနှင့် မကာရ ရာသီ (Capricorn - ဒီဇင်ဘာ (၂၂) မှ ဇန်န၀ါရီ (၁၉)))

မကာရ ရာသီဖွားတွေက လက်တွေ့ကျတယ်။ ကုမ်ရာသီဖွားတွေက nature ကိုမြတ်နိုးပြီး အသစ်ဆန်းတီထွင်လိုတယ်။ ဒီနှစ်ယောက်တွေ့ရင် အသေးမွှားလေးကအစ ငြင်းခုံတတ်ကြတယ်။ သူတို့ဟာ ချစ်သူ/အိမ်ထောင်ဘက်တွေထက် မိတ်ဆွေပိုဖြစ်သင့်တယ်လို့ ဆိုပါတယ်။ ကုမ်တွေက မိတ်ဆွေပေါင်းသင်းခင်တွယ်တယ်၊ adventurous ဖြစ်လို့ ကားဆိုလည်း လျှောက်မောင်းနေတတ်တဲ့လူမျိုးမို့ အင်ထရိဗာ့ဖြစ်တဲ့ မကာရမိန်းကလေးတွေတွက်က ခက်တယ်လို့ ဆိုပါတယ်…။

  • ကုမ်ရာသီနှင့် ပြိဿရာသီ (Taurus - ဧပြီ(၂၀) မှ မေ(၂၀)ကြား))

သူတို့နှစ်ယောက်လုံးကတော့ လုပ်ချင်တာကိုလုပ်ရမှ ကျေနပ်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပြိဿတွေဟာ passionate ဖြစ်တယ်၊ ဘဝကိုအခြားရှုထောင့်တွေအမျိုးမျိုးကနေ မြင်တတ်တဲ့ ကုမ်ရာသီဖွားတွေဆီကနေ ထူးခြားတဲ့အတွေးအမြင်တွေကို ပြိဿရာသီဖွားတွေက မြင်ရတဲ့အမြတ်ကလွဲလို့ ဘာမှသိပ်အဆင်မပြေကြဘူးဆိုပါတယ်။ ပြိဿကလည်း ခေါင်းမာမာနဲ့ လောကအပေါ်မှာ သူမြင်တဲ့အမြင်ကသာ မှန်တယ်လို့ ယူဆတတ်ပြီး၊ ကုမ်ကလည်း သူ့ဖီလော်ဆိုဖီနဲ့သူမို့ အဆီအငေါ် သိပ်မတည့်ကြဘူးလို့ ဆိုပါတယ်။

  • ကုမ်ရာသီနှင့် မိန်ရာသီဖွား (Pisces - ဖေဖေါ်ဝါရီ (၂၀) မှ မတ်လ (၂၀ ))

လွန်လွန်ကဲကဲ သံယောဇဉ် ကြီးပြီး တစ်ပါးသူအပေါ် နားလည်ခွင့်လွတ်တတ်တဲ့ မိန်ရာသီဖွားကို ပထမတော့ ကုမ်ရာသီက အလွန်နှစ်သက်ပေမယ့်၊ မိန်ရာသီဖွားက သိပ်ချစ်တတ်တော့ ကုမ်အတွက်က ထုံးစံအတိုင်းမွှန်းကြပ်စရာဖြစ်လာပါတယ်တဲ့။ (ကုမ်တွေကလည်း မွှန်းပဲမွှန်းကြပ်နိုင်လွန်းပါလား)။ ကုမ်ရာသီယောင်္ကျားတွေဟာ အန်နာလိုက်ဇ်လုပ်ပြီး လေးလေးနက်နက်တွေပဲတွေးနေတဲ့အတွက်၊ နွေးထွေးမှုနဲ့ passion ကို ကုမ်ယောင်္ကျားဆီက မျှော်လင့်နေတဲ့ မိန်ရာသီဖွား မိန်းကလေးဟာ ကုမ်ရာသီဆီက အဲဒီနွေးထွေးမှုကို တဂျီဂျီတောင်းဆိုနေတတ်တယ်တဲ့။ ကုမ်ရာသီယောင်္ကျားဟာ မိန်မိန်းကလေးကို သူ့လိုပဲ ဖရီးဒမ်းဆိုတာကို ခံစားစေချင်ပေမယ့် မိန်ရာသီမိန်းကလေးဟာ ကုမ်နားမှာကပ်ပြီး တဖဝါးမှကို မခွာချင်တော့ ခက်ကြပြီပေါ့……..

  • ကုမ်ရာသီအချင်းချင်း….

သူတို့ကတော့ ရာသီခွင်တစ်ခုတည်း သမားတွေမို့ အဆင်ပြေမယ်ဆိုရင်လည်း ပတ်ဝန်းကျင်က အမြင်ကပ်ရလောက်အောင် ပြေချင်ပြေနေမှာဖြစ်သလို၊ မပြေဘူးဆိုရင်လည်း လုံးဝကို မပြေပါဘူးတဲ့ (ရှင်းပါတယ်နော်.. :D) ရေးထားတာကတော့ အရှည်ကြီးပဲ အကုန်မပြန်နိုင်လို့ ကုမ်ရာသီချင်းချင်းကတော့ နှစ်ယောက်လုံးက ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုရှိတယ်၊ အလေးအနက်တွေ တွေးကြပြောကြ၊ လုပ်ချင်တာကို တစိုက်မတ်မတ်လုပ်နေတာချင်းလည်းတူ၊ ကမ္ဘာကြီးကနေ detach (ကင်းကွာ) လိုချင်တာခြင်းကလည်းတူ၊ လူ့ကမ္ဘာကအရေးကြီးတယ်လို့ ထင်ထားတဲ့အရာတွေဟာ သူတို့အတွက် လုံးဝအရေးမကြီးတဲ့ အရာတွေဖြစ်နေတတ်တာခြင်းကလည်းတူ၊ adventurous ဖြစ်တာချင်းလည်းတူ၊ တစ်ယောက်ရဲ့အိမ်မက်တွေကို တစ်ယောက်က လေးစားတယ်၊ ဖြစ်နိုင်ရင် time-machine ကိုတောင် တီထွင်ဖို့ ကြံစည်ချင်ကြတဲ့ ခပ်ဆန်းဆန်း လူတွေဖြစ်နေတော့ အဆင်ပြေမည်ပေါ့။ (တစ်ခါတစ်လေကျတော့လည်း သိပ်တူလွန်းလို့ အဆင်မပြေတာတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်)

✿⊱╮
လူသိများတဲ့ ကုမ်ရာသီဖွားအမျိုးသားများကတော့..

✿⊱╮Charles Darwin
✿⊱╮Galileo
✿⊱╮Charles Dickens
✿⊱╮Franklin Roosevelt
✿⊱╮Abraham Lincoln
✿⊱╮Ronald Reagan
✿⊱╮Michael Jordan
✿⊱╮Bob Marley
✿⊱╮Christian Dior
✿⊱╮Christiano Rolnado
✿⊱╮John Travolta
✿⊱╮Justin Timberlake
✿⊱╮Elijah Wood
✿⊱╮Ashton Kutcher
✿⊱╮Nick Carter

စတာတွေပဲ ဖြစ်ပါတယ်ရှင်…

မလေး ဒီစာကို အင်တာနက်တခွင်လိုက်ဖတ်ပြီး ပြန်ရေးထားတာပါ၊ အပျော်တမ်းသဘောပဲ ရေးခြင်းပါ။ ကုမ်ရာသီမိန်းမတွေရဲ့ သဘာဝကိုရေးတင်တော့ ကိုဏီကလည်း သူတို့ကုမ်ရာသီယောင်္ကျားလေးတွေ သဘာဝရေးပေးပါဆိုလို့၊ လူ့သဘာဝတွေကို စိတ်လည်းဝင်စားတာနဲ့ ရေးတာပါ။ ပရိုဖက်ရှင်နယ် astrology သမား မဟုတ်လို့ မှန်တာ/မှားတာတွေ ရှိရင် အပျော်သဘောပဲ ဖတ်ပါလို့၊ ကျေးဇူးပါရှင်…။

ဒီလင့် ကိုလည်း အချိန်ရရင် ဖတ်ကြည့်စေချင်ပါတယ်။ ဘယ်ရာသီဖွားတွေ ဘယ်လိုပုံစံလူတွေနဲ့ ရမယ်ဆိုတာ… မှန်လွန်းလို့ပါ။ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းတွေမှန်သမျှ အကုန်လိုက်ဖတ်ကြည့်တာ.. တော်တော်လေး မှန်နေတာကို အံ့သြစွာတွေ့ရပါတယ်။

သက်ဆိုင်တာလေးတွေ…
ကုမ်မိတို့.. အကြောင်း

ref:
✿⊱╮
www.astrologyweekly.com
http://www.astrostyle.com/Love/His_Sign_in_Love/sign_in_love_aquarius.htm
http://www.ganeshaspeaks.com/aquarius/aquarius-gemini-compatibility.action

8 Comments »

  1. ဗေဒင်တွေ ဘာတွေ အယုံကြည်မရှိပေမယ့် ဒီလို စာမျိုးကျတော့ မယုံဖို့ခက်ခက်
    85% လောက် မှန်နေလို့း)

    သဘောကျစရာအချက်လေးတွေများပါ့ ဟဟားးး ကောင်းတာတွေမို့လားမသိ ။ကုမ်ရာသီအချင်းချင်း… အကြောင်းကတော့ ဟုတ်ပါ့ အဲ့တာကြောင့် မကြာမကြာ အစ်မနဲ့ ချက်တင်တိုက်ပွဲတွေဖြစ်နေရတာလားမသိ :P

    Comment by မောင်မျိုး — July 11, 2013 @ 7:58 pm

  2. မိဘ၂ပါးကလည်း သိပ်အားမပေးတော့ ဒီအရွယ်ရောက်မှ ကိုယ့်ဟာကိုယ်ဖတ်ရှုလေ့လာနေတာရယ်..
    တော်တော်လေးတော့ မှန်တယ်နော်… ဘာတွေလဲတော့ မသိဘူး.. ထူးဆန်းတယ်..။

    Comment by မလေး — July 11, 2013 @ 10:42 pm

  3. စိတ်ဝင်စားစရာပါအိမ့်ရေ.

    Comment by တန်ခူး — July 12, 2013 @ 9:29 am

  4. မလေးရေ့….

    တော်တော်တိုက်ဆိုင်တာပဲရယ်…
    တောင်းဆိုထားတာကို ဂရုတစိုက်နဲ့ သေသေချာချာလေး ရေးပေးတဲ့အတွက် ကျေးဇူးပါ…။
    “အသက် 35 ကနေ 40 လောက်မှာတော့ အဲဒီအီမိုးရှင်းတွေနဲ့ တေ့တေ့ဆိုင်ဆိုင် တွေ့ရင်တွေ့၊ မတွေ့ရင်တော့ ဆေးလိပ်တို့ weed တို့သောက်ပြီး နေကြတော့တာပဲလို့ ဆိုပါတယ်.. ”… ဆိုတာကို သဘောကျလိုက်တာ… :D

    ခင်မင်ခြင်းအားဖြင့်….
    ဏီလင်းညို

    Comment by ဏီလင်းညို — July 12, 2013 @ 10:31 pm

  5. ကန် ရာသီအကြောင်း ရေးပေးပါ
    မိန်းခေးနော် :D

    Comment by သူသူ — July 14, 2013 @ 6:53 am

  6. မမ တူရာသီဖွား မိန်ူကလေး အတွက် ရေးပေးပါ ဟိ ဟိ

    Comment by meme — July 15, 2013 @ 1:20 am

  7. မလေးက အပျော်တမ်း ရေးထားတာ ဆိုပေမယ့် အကြောင်းအရာ အတော်များများက အံ့သြစရာကောင်းလောက်အောင် မှန်နေတယ်…၊း)
    ဖတ်ရတာ ပျော်ဖို့ကောင်းသလို စိတ်ဝင်စားဖို့လည်း ကောင်းတယ်…။

    Comment by ညီလင်းသစ် — July 15, 2013 @ 5:45 am

  8. ဘာရမလဲ မလေးရယ် …ရအောင်ရှာဖတ်တယ်လေ ..ဟိဟိ

    Comment by ohnmarwin — July 22, 2013 @ 11:50 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------