♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 13, 2013

ကုမ်မိတို့.. အကြောင်း

Filed under: astrology, စာစု — အိမ့်ချမ်းမြေ့ @ 5:30 pm

 acquarius.jpg

အကွေးရီးယစ် (ကုမ်ရာသီ) အမျိုးသမီးတွေ အကြောင်း ဒါနဲ့ပါဆို ၂ခါရှိပြီထင်ပါတယ်။ အခြားသူတွေနဲ့ ကမ္ဘာကြီးအကြောင်းသာ မက၊ နေ၊ လ၊ နက္ခတ်တွေအကြောင်း လေ့လာပြီး ငြီးငွေ့လာလို့ ကိုယ့်ကိုကိုယ် ပြန်နားလည်အောင် လုပ်နေတယ်လို့ပဲ သဘောထားပေးကြပါ။

ကုမ်ရာသီဖွား မိန်းမတွေကို Uranians လို့လည်း ခေါ်ကြပါတယ်။ အဓိပ္ပာယ်ကိုတော့ မရှာချင်ကြပါနဲ့တော့။ ထိုမိန်းမတွေဟာတဲ့ သဘာဝပင်ကိုယ်က ကြင်နာတတ်တယ်၊ ဆိတ်ငြိမ်တယ် ဆိုပေမယ့် လူအများစုက ဒါဟာ “ဤ” ပါ လို့ သတ်မှတ်ထားတာကို “ကျွဲ” ကြီးပါလို့ ထလုပ်တတ်ကြတဲ့ သဘောရှိတယ်။ အဲသလို သဘာဝက နူးညံ့ညင်သာပြီး စကားပြောတာကလည်း နူးနူးညံ့ညံ့လေး ဆိုပေမယ့် တစ်ချက်တစ်ချက် ထထပြီး “ဤ” ကို “ကျွဲ” လုပ်လို့ လူတွေက သူတို့ကို အံ့သြတာကို တိတ်တိတ်လေး ကြိတ်ပြီး ကြည်နူးတတ်ကြတယ် ဆိုပါလား… (:D)

တစ်ချက်တစ်ချက် ပြောထည့်လိုက်တာဟာလည်း နားထောင်ရသူအသားဆိုင်ထဲကို လျှပ်စစ်ဖြတ်စီးသွားသလိုလည်း ခံစားကြရတတ်တယ် လို့လည်း ဆိုပါတယ်။ (မရည်ရွယ်ပါဘူး)

သိပ်ချစ်နေပြီဆိုရင်တော့ သစ္စာအရမ်းရှိပေမယ့် အီမိုးရှင်း မရှိကြဘူးတဲ့ … (မရှိဘဲ နေပါ့မလား၊ မပြတာ/မပြတတ်တာ/ဘယ်လို အီမိုးရှင်း ကို ပြရမှန်းမသိတာ ဖြစ်ပါမယ်)

ကုမ်ရာသီဖွား သို့မဟုတ် Uranian မိန်းမတွေ နဲ့ ချစ်ကျွမ်းဝင်ပြီးသကာလ ပျော်ပျော်ရွှင်ရွင်နေချင်တယ်ဆိုရင်တော့ သူတို့စိတ်ဝင်စားတဲ့ အရာတွေကို လွတ်လပ်စွာ လုပ်ခွင့်ပေးပါတဲ့။ ကြိုးနဲ့ချည်နှောင်ထားသလို ဖြစ်တယ်ဆိုရင်တော့ သူတို့ဟာ ချက်ချင်းအထုတ်ပြင်ပြီး တောထွက်သွားတာမျိုး၊ ရသေ့တောင်ပေါ်တက်ပြီး တရားထိုင်သွားတာမျိုး လုပ်ပစ်ကြပါလိမ့်မယ် တဲ့။ အဲဒီ အမျိုးသမီးတွေဟာ သူများနဲ့ မတူတဲ့ အိပ်မက်တွေကို မက်တတ်သလို၊ ဘယ်သူမှ မကြားတဲ့ ဟိုးအဝေးက တယောသံကိုလည်း ကြားတတ်သူတွေဖြစ်တယ် တဲ့။ သူတို့ဟာ အားလုံးနဲ့ သက်ဆိုင်သလိုလိုနဲ့ ဘယ်သူနဲ့မှ မသက်ဆိုင်ဘူး လို့လည်း ဆိုပါတယ်။

ကုမ်ရာသီဖွား အမျိုးသမီးတွေဟာ ယောင်္ကျားတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုနဲ့ငွေကြေးကို စိတ်ဝင်စားမှု မရှိပါဘူး တဲ့။ သူတို့စိတ်ဝင်စားတာ အဲဒီယောင်္ကျားရဲ့ ဥာဏ်ရည်မြင့်မားမှုနဲ့ စွမ်းရည်ကို ပိုပြီး စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ (…. ငွေထက် ဥာဏ်ရည်က ပိုအရေးကြီးတယ် မဟုတ်ပါလား - ငွေက ခဏလေ…. ဥာဏ်ရည်က တစ်သက်လုံး… :D )

ကုမ်ရာသီဖွား မိန်းမဟာ ပန်းပွင့်တွေကြားက ဖမ်းရခက်တဲ့ လိပ်ပြာနဲ့တူတယ်လို့ ဆိုပါတယ်။ ပန်းတွေ တစ်ပွင့်ပြီးတစ်ပွင့်အပေါ် ဝတ်ရည်စုပ်သလို ပျံသန်းနေတတ်လို့ ဖမ်းရခက်တာလို့ ဆိုပါတယ်။ သူတို့ရဲ့ နိုင်ငံရေး၊ သိပ္ပံနဲ့ ပညာရေးတွေအပေါ်မှာ စိတ်ဝင်စားမှုဟာ ကျယ်ပြန့်တယ်လို့လည်း ဆိုပါတယ်။ သူတို့ကို သောင်ပြင်ပေါ်က သဲပွင့်နဲ့လည်း နှိုင်းကြတယ်။ လက်ထဲမှာ အတင်းသွားဆုပ်ထားရင် သဲပွင့်ဟာ လျောကျသွားမှာဖြစ်တယ်၊ ဒါကြောင့် လက်ကိုဖြန့်ထားပြီး အသာလေးထားထားရင် အဲဒီလက်ထဲမှာပဲ သဲဟာ ကျန်နေမှာဖြစ်တယ်လို့ ဆိုတယ်။ (ဘယ်သူ့ကိုမှလည်း ဘယ်လိုနေပါ၊ ဘာလုပ်ပါ၊ ဘယ်လိုဝတ်ပါ၊ ဘယ်လိုဆံပင်ထားပါ လို့ မပြောပါဘူး - ဒါကြောင့်… သူတို့ကိုလည်း ပြောတာကို မနှစ်သက်တတ်ပါဘူး)

သူတို့ဟာ ခန့်မှန်းရခက်တယ်၊ ပင်ကိုယ်သဘာဝ ငြိမ်သက်တဲ့ သဘောရှိပေမယ့်၊ မထင်မှတ်ချိန်မှာ ဘယ်သူ့မှ ဂရုမစိုက်ဘဲ လုပ်ချင်တာကို စိတ်လွတ်လက်လွတ် ထ လုပ်တဲ့ သဘောရှိတယ်လို့ ဆိုတယ်။ ဖိနပ်မပါဘဲ လမ်းမကြီးပေါ် လျှောက်သွားတာမျိုး၊ ဆေးလိပ်မသောက်သင့်တဲ့ နေရာမှမှ ဖက်ဖူးလိပ် ဆေးလိပ်ကြီး ထသောက်ချင် သောက်တာမျိုးတွေလည်း လုပ်တတ်တယ် လို့ဆိုတယ်။ (( …………း) ပြုံးပဲနေလိုက်တော့မယ်))

ကုမ်ရာသီဖွားမိန်းမတွေဟာ သူတို့ချစ်တဲ့ယောင်္ကျားတွေကို ဘယ်တော့မှ မယုံသင်္ကာ မဖြစ်တတ်ဘူးလို့လည်း ဆိုတယ်။ ရုံးကိုဖုန်းဆက် ချက်ကင်ဝင်တာမျိုး၊ အကီ င်္ျကော်လာပေါ်မှာ နှုတ်ခမ်းနီတွေ့မလား ရှာတာမျိုးတွေ၊ လက်ကိုင်ပုဝါမှာ မိန်းမရေမွှေးနံ့ရှိသလား ရှုကြည့်တာမျိုး၊ ကားထဲမှာ ရွှေအိုရောင်ဆံပင်တစ်ချောင်း ကပ်ကျန်နေမလား ကုန်းရှာတာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူးတဲ့။ မက်မောတဲ့ ချစ်စိတ်၊ သဝန်တိုမှု မပြဘဲ အေးတိအေးစက်ဖြစ်ခြင်းဟာ သူတို့ရဲ့ ထူးခြားတဲ့ခွန်အားလက္ခဏာပဲ ဖြစ်ပါတယ်တဲ့။ အဲသလို သဝန်မတိုတဲ့ အကြောင်းနောက်တစ်ခုကလည်း သူတို့ချစ်တဲ့ ယောင်္ကျားတွေရဲ့ စိတ်အာနိသင်ကို မိုက်ခရိုစကုပ်အောက်မှာ ခွဲခြမ်းစိတ်ဖျာလေ့လာပြီးသား ဖြစ်နေလို့လည်း ဖြစ်ပါတယ်တဲ့။ (သစ္စာ ရှိ-မရှိ အကုန်သိပြီးသားဖြစ်တယ် လို့ ဆိုလိုတာပါ)

သူတို့ မချစ်တော့ဘူးဆိုရင်လည်း မျက်နှာရှေ့တည့်တည့်မှာ ရပ်ပြီး “မင်းကို မချစ်တော့ဘူး” လို့ ပြောင် ပြောတတ်တယ်လို့ ဆိုပါတယ်။ အဲသလိုပြောတာဟာလည်း အခြားသူတွေလို မူယာပိုတာ မဟုတ်ဘဲ၊ စိတ်ထဲက ရှိတဲ့အတိုင်းကို ပြောနေတာလို့ ဆိုပါတယ်။ ထွက်သွားပြီးရင်လည်း နောက်လှည့်မကြည့်တော့ဘူး၊

ဘယ်လောက်ချော့လည်း အေးစက်သွားတဲ့ ကျောက်တုံးတစ်တုံးလိုပဲ ဖြစ်သွားတတ်တယ်လို့ ဆိုပါတယ်။ ရုတ်တရက်ကြီး ထပြီး အေးစက်ပျောက်ကွယ်သွားတယ် လို့ ဆိုပါတယ်။ အဲဒီအခါကျရင်လည်း ကုမ်ရာသီမိန်းမတွေကို စိတ်မပူပါနဲ့တဲ့၊ သူတို့ဘာသာ ဆက်လက်ရပ်တည်နိုင်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ လမ်းခွဲသွားပေမယ့် သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ အမြဲရှိနေတတ်တယ် လို့လည်း ဆိုပါတယ်။ (ရုတ်တရက်ကြီး ထပြီး အေးစက်တာတော့ မဖြစ်နိုင်ပါဘူး။ ဖြစ်နေတာကြာပြီ.. နောက်ဆုံး မခံနိုင်တော့တာ ဖြစ်မှာပါ)

Uranus ယောင်္ကျားတွေလိုပဲ Uranian မိန်းမတွေဟာ ပထမဆုံး ဆုံခဲ့ဖူးတဲ့ ရိုးသားသောအချစ်တစ်ခုကို တစ်သက်လုံး လွမ်းနေတတ်တယ်တဲ့။ သူမ အချစ်ကို သိတတ်စအရွယ်က ရဖူးတဲ့ ကံကော်ပန်း၊ ခရေပန်း ပိုင်ရှင်တို့၊ ကျောင်းအပြန် မိုးရွာနေတုန်း ထီးဆောင်းပေးပြီး အိမ်တိုင်ယာရောက် ပို့ပေးဖူးတဲ့ ကောင်လေးတို့၊ ဘုရားပွဲက အဘိုးကြီးတစ်ယောက်ယောက်နဲ့ ခင်နေပြီး၊ သူမကို မြေပဲလှော်လေးတွေ ကျွေးတတ်တဲ့ ကောင်လေးတို့၊ အဲသလို စိတ်ဝင်စားပွဲကောင်းပြီး၊ ရိုးသားသိမ်မွေ့တဲ့ အချစ်တစ်ခုကို ပြခဲ့တတ်တဲ့ သူတွေကို သတိရနေတတ်တယ်လို့ ဆိုပါတယ်။ … (( အဟမ်း…….. အဟွတ်…း))

သူတို့ရဲ့ အချစ်ကို လိုချင်ရင် ကြယ်၊ လ၊ နက္ခတ်တွေ အကြောင်းကို ပြောရမယ်တဲ့ ( ဘုရား… အဲသလောက် မှန်သလား )

အချိန်ကတော့ မမှန်ဘူးတဲ့၊ ချိန်းထားရင်လည်း နောက်ကျတတ်တယ်၊ ပန်းစည်းပေးမယ်ဆိုရင်လည်း အဲဒီပန်းစည်းကို ဘာလုပ်ရမှန်းမသိဘူးတဲ့။ ပန်းစည်းထက် သူတို့စိတ်ဝင်စားတဲ့ အရာတွေဟာ.. mental, intuitive and civic လို့ ဆိုပါတယ်။ သူတို့နဲ့ ချစ်ကျွမ်းဝင်တော့မယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ် ပြင်ဆင်ထားကြပါတော့လို့ သတိပေးပါတယ်။ သူတို့နဲ့ချစ်ကျွမ်းဝင်မိတဲ့ ယောင်္ကျားတွေဟာ သိပ်ပျော်ရင်ပျော်၊ မပျော်ရင်တော့ သိပ်ကို စိတ်ဆင်းရဲရပါတော့တယ်…. တဲ့။ ( …….း))) … )

ကုမ်ရာသီဖွား မိန်းမတွေဟာ သူတို့ဘာသာ ရပ်တည်နေနိုင်တယ်လို့ ဆိုတယ်။ သူတို့ဘဝမှာယောင်္ကျားတစ်ယောက်ရှိနေမှ ဆိုတာမျိုး မဟုတ်ဘူး။ (ကုမ်ရာသီမိန်းမတွေဟာ အားကိုးချင်လို့၊ အကာကွယ်လိုချင်လို့ ယောင်္ကျားတစ်ယောက်နဲ့ အတူတူနေတာထက်၊ ချစ်လို့၊ အတူတူနေချင်လို့ကို အတူတူနေတာပါ) သူတို့ကို ကားပေါ်တက်ခါနီးမှ တံခါးလာဖွင့်ပေးတာမျိုး၊ အနွေးထည်လေး ခြုံပေးတာမျိုးကို မကြွေပါဘူး။ ဒါတွေ အပိုတွေလုပ်နေမှန်း သိတယ်။ ကိုယ့်ဟာကိုယ် တံခါးဖွင့် ကားပေါ်တက် မောင်းသွားနိုင်တယ်။ ကိုယ့်ဟာကိုယ် အနွေးထည် ဝတ်နိုင်တယ်၊ အကူအညီတောင်းဖို့ စောင့်နေရတာကို အချိန်ကုန်တယ်လို့ ကုမ်ရာသီမိန်းမတွေက မြင်ပါတယ်)

အပြင်ပန်းကြည့်ရင် အေးစက်စက်နဲ့သူစိမ်းပြင်ပြင် ဖြစ်တတ်တဲ့ အခါမျိုးရှိပေမယ့် မိန်းမတွေထဲက မိန်းမတွေပဲမို့ အနည်းငယ်တော့ ထိလွယ်၊ ရှလွယ်တော့ ဖြစ်တတ်ပါတယ်တဲ့။

ယေဘူယျအားဖြင့် ပြောရမယ်ဆိုရင်တော့ ကုမ်ရာသီဖွား မိန်းမတွေဟာ zodiac ရာသီခွင့်တစ်ခုလုံး ထဲမှာ အလှဆုံးမိန်းမတွေလို့ ဆိုပါတယ်.. (ဟိ… မှန် - မမှန်တော့ မသိဘူးရယ် - သေချာတာ ကိုယ် မပါပါ)

သူတို့အလှဟာ အတွေးအိမ်မှာ တရစ်ဝဲဝဲနဲ့ ပင့်ကူမျှင်တွေလို ရစ်တွယ်စတဲ့အလှ၊ ညည အိပ်မပျော်အောင် ခြောက်လှန့်တဲ့ အလှ လို့ ဆိုပါတယ်။ (ကိုယ့်ဟာကိုယ်တောင် ပြန်လန့်လာပြီ)

ဒါပေမယ့်……….. ဒါပေမယ့် လာပါဘီ….

သူတို့ဟာ ရုတ်တရက် ထ ပြောင်းတတ်တယ်တဲ့…. (ခဏခဏ ရုတ်တရက်ပြောင်းနိုင်လွန်းတယ်)

ကိတ်မုန့်ပေါ်က ခရင်ကလေးလို နူးနူးညံ့ညံ့ဖြူဖြူချိုလေး ဖြစ်နေတုန်း အလွန်ငံကျိတဲ့ နံပြားတစ်ချပ်လို ဖြစ်ရင် ဖြစ်သွားတတ်သေးသတဲ့….း((

အဲသဟာ ကုမ်ရာသီမိန်းမတွေရဲ့ ယူရေးနပ်စ်လျှပ်စစ်ဓာတ်ပါတဲ့……….။

ဘယ်လောက်လှလှ သူတို့ဝတ်စားဆင်ယင်ပုံကြည့်ရင် မတ်တပ်ရပ်ရင်းတောင် အသက်ထွက်သွားနိုင်ပါတယ်တဲ့…။ ဖက်ရှင်တွေနောက်ကို မလိုက်ဘဲ သူတို့စိတ်လွတ်လပ်ရာကို အဆင်ပြေသလို ဝတ်တယ်လို့ ဆိုပါတယ်။ သူတို့ဝတ်ဆင်ပုံကို ဂျစ်ပစီတွေကတော့ အားကျလိမ့်မယ်လို့ဆိုတယ်။ တစ်ခါတစ်လေကျတော့လည်း ခေတ်ရှေ့ကို အရမ်းပြေးပြီး ဘယ်သူမှ မဝတ်ရဲတာကို ဝတ်ချင်ဝတ်သလို၊ အဘွားတို့ခေတ် မပြောနဲ့ အဘွားရဲ့အဘွားခေတ်က အဝတ်အစားလည်း ထ ဝတ်ချင်ဝတ်တယ်တဲ့။ နူးညံ့ညံ့ ဇာအနားကွပ်အကျီင်္ကို metallic jump suit နဲ့ တွဲချင်တွဲမယ်၊ အဝကျယ်ဂျင်းပန်နဲ့ အော်ပရာပွဲ တက်ချင်တက်မယ်၊ အဖိုးတန် စိန်လည်ဆွဲကို တိရစ္ဆာန်ရုံကို ဝတ်ချင်ဝတ်သွားမယ်၊ လေဒီဒိုင်ယာနာလို အလှဦးထုပ်မျိုးနဲ့ ကန်ဇွန်းရွက် သွားဝယ်ရင်ဝယ်မယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ ဆံပင်ကလည်း ဒီကမ္ဘာပေါ်မှာရှိနေတဲ့ ဘယ်မိန်းမနဲ့မှ မတူတဲ့ ဆံပင်ပုံစံ ဖြစ်နေတတ်တယ်တဲ့။

ကုမ်ရာသီဖွား အမျိုးသမီးတွေဟာ ငန်းကလေးတစ်ကောင်လို ကူးခတ်မြူးတူးနေတတ်ပေမယ့် အချစ်နဲ့ပတ်သက်လာရင်တော့ ထိုင်းမှိုင်းလေးလံတဲ့ ဝက်ဝံကြီးတွေလို ဖြစ်နေတတ်တယ် ဆိုပါလား…….. ။

မိတ်ဆွေသူငယ်ချင်းဆိုတဲ့အရာနဲ့ ချစ်သူဆိုတဲ့ ကြားက ကန့်လန့်ကာကို ရောထွေးနေတတ်တယ်တဲ့။ ချစ်ရည်လဲ့တဲ့ မျက်လုံးတွေနဲ့ တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်နေကြတာမျိုးဟာ ကုမ်ရာသီမိန်းမတွေအတွက်က ရယ်စရာကြီး ဖြစ်နေတတ်တယ်တဲ့။ ဘာမှမလုပ်ဘဲ စိုက်ကြည့်နေတာမျိုးကြီးက သူတို့တွက် အချိန်ကုန်တယ်လို့ ယူဆတတ်ကြတယ်။ သူတို့လက်ကိုတွဲပြီး ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်တာမျိုးကို သူတို့က ပိုနှစ်သက်တယ် ဆိုပါတယ်။ လမ်းလျှောက်ရင်း နေလုံးကြီးဝင်သွားတာ၊ ကားဟောင်းတစ်စင်းဖြတ်မောင်းသွားတာ၊ ငှက်တစ်ကောင်တစ်လေ ပျံထွက်သွားတာ၊အဝါရောင်အမှိုက်ပုံးတစ်ပုံးကို လှမ်းမြင်လိုက်ရတာ၊ သစ်ပင်မှာ ညိနေတဲ့ ပူပေါင်းတစ်လုံးကို လှမ်းမြင်လိုက်ရတာမျိုးဟာ သူတို့တွက် ကြည်နူးစရာဖြစ်နေတတ်တယ်တဲ့ (မှန်လိုက်တာနော်…..)

သူမတို့ အဲလိုဖြစ်နေရင် လွှတ်ထားလိုက်ပါတဲ့၊ သူမတို့ ချစ်တဲ့သူတွေအပေါ်မှာ စိတ်မဝင်စားတာ မဟုတ်ပါဘူး…. တဲ့၊ သူမတို့နားမှာ သိပ်ပူးကပ်နေတာမျိုးကို မကြိုက်ဘူးလို့ ဆိုပါတယ်။ ပလီပလာ နေတတ်တဲ့ ယောင်္ကျားတွေထက်၊ သူတို့ကို ဂရုမစိုက်သလို နေတတ်တဲ့ ယောင်္ကျားတွေကို ပိုစိတ်ဝင်စားတယ်လို့ ဆိုပါတယ် (အကုန်မမှန်ဘူးနော်…)

ယောင်္ကျားတွေလုပ်နိုင်တဲ့အရာတိုင်းကို ငါလည်း လုပ်နိုင်တယ်ဆိုတဲ့ စိတ်မျိုး ကုမ်ရာသီမိန်းမတွေမှာ ရှိတယ်။ သိပ်ချစ်နေချိန်မှာ အလုပ်ကိုပစ်ပြီး သူတို့ချစ်တဲ့ ယောင်္ကျားတွေဆီလာတတ်ပေမယ့် အဲဒါလည်း ခဏပါပဲတဲ့။ ပြီးရင် သူတို့နှစ်သက်တဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်နေတတ်တယ်။
သူတို့အချစ်ကို ရသူယောင်္ကျားတွေဟာ ကံကောင်းသူတွေဖြစ်တယ်။ သူတို့ဟာ ယောင်္ကျားဆန်တဲ့အတွက် မူယာသိပ်မများဘူး၊ ဖြောင့်ဖြောင့်ပြောတယ်၊ သူတို့နဲ့နေလို့လည်း ဘယ်တော့မှ မပျင်းရိစေရဘူးလို့ ဆိုတယ်။ ဒါပေမယ့် တစ်ခါတစ်ခါတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုများပြီး ယောင်္ကျားတွေကို ဆရာလုပ်သလိုဖြစ်တတ်တယ်လို့ ဆိုတယ်။ ကုမ်ရာသီဖွားမိန်းမတွေ စိတ်ဆိုးပြီဆိုရင်တော့ ဟာရီကိန်း ထက်ဆိုးတယ်လို့ ဆိုတယ်။ ပုန်းစရာရှာနေတော့လို့ ဆိုပါတယ်။ ဒါပေမယ့် စိတ်ဆိုးပြီး ချက်ချင်းပြေတယ်၊ အမှတ်သည်းချေကြီးပြီး လက်စားချေတတ်တဲ့ မိန်းမတွေ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

သူတို့ကို အဝေးကို တွန်းပို့စေတဲ့ အရာတွေကတော့ ဝန်တိုမှု၊ ချုပ်ကိုင်မှု၊ ဘက်လိုက်မှု (တစ်စုံတစ်ရာကို ဘက်လိုက်ပြောဆို ပြုမှုမှု)၊ တွေးခေါ်မှုပိုင်းဆိုင်ရာ အလွန်အကျွံခေတ်နောက်ကျမှု တွေဟာ ကုမ်ရာသီမိန်းမတွေကို သူတို့ချစ်တဲ့ ယောင်္ကျားတွေနဲ့ ဝေးရာကိုတွန်းပို့တဲ့ အရာတွေပဲ ဖြစ်ပါတယ်တဲ့။

သူတို့ရဲ့ ပင်ကိုယ်သဘာဝ စိတ်နေစိတ်ထားကြောင့် သူတို့ကို “ယောင်္ကျားတွေထဲက ယောင်္ကျားတစ်ယောက်” လို့တောင် ထင်နိုင်ကြပေမယ့် သူတို့ဟာ တစ်ကယ်တော့ ထိရှလွယ်တဲ့ မိန်းမတွေဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ အနာဂတ်မှာ နေတဲ့ သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ပြောတာတွေဟာ အခုမမှန်ပေမယ့် တစ်ချိန်ချိန်မှာ မှန်လာတယ်လို့ ဆိုပါတယ်။

The Aquarian girls live in tomorrow, and you can only visit there through her.

(အိမ့်ချမ်းမြေ့)

Various websites တွေကနေ ဖတ်ထားတာလေးတွေကို ယေဘူယျ မှန်လို့… ဘဝတူအကွေးရီးယစ်ဝူးမန်းများ (born - January 20 - February 18) အတွက် ပြန်ရေးထားခြင်းသာ ဖြစ်ပါတယ်ရှင်….း)) For.. January 20 - February 18

13 Comments »

  1. ချစ်စရာကောင်းတယ်…. :)

    Comment by johnmoeeain — June 13, 2013 @ 6:20 pm

  2. It’s so true.

    Comment by Anonymous — June 15, 2013 @ 4:48 am

  3. ကုမ်ရာသီဖွား အမျိုးသမီးတွေအကြောင်း မလေးရေးမှပဲ ဖတ်ကြည့်မိတယ်။ အဲ… အဖေအပါအ၀င် ဇွန်ချစ်ခင်လေးစားရတဲ့ ယောက်ျားတွေက တိုက်တိုက်ဆိုင်ဆိုင် ကုမ်ရာသီဖွားတွေချည်းပဲ။ :)

    Comment by ဇွန်မိုးစက် — June 16, 2013 @ 7:22 am

  4. တော်တော် များများမှန်ပါတယ် မလေးရေ။
    “ဤ” ကို “ကျွဲ” လုပ်လို့ လူတွေက သူတို့ကို အံ့သြတာကို တိတ်တိတ်လေး ကြိတ်ပြီး ကြည်နူးတတ်ကြတယ် ဆိုတာလဲအရမ်းမှန်၊ ချစ်တာတွေ မေတ္တာတွေမပြတတ်ဘူး ဆိုတာလဲဟုတ်၊ ငြိမ်သလိုနဲ့ မထင်မှတ်ချိန်မှာ ဘယ်သူ့မှ ဂရုမစိုက်ဘဲ လုပ်ချင်တာကို စိတ်လွတ်လက်လွတ် ထ လုပ်တဲ့ သဘောရှိတယ် ဆိုတာ၊့ ချစ်တဲ့ယောင်္ကျားတွေကို ဘယ်တော့မှ မယုံသင်္ကာ မဖြစ်တတ်တာ၊ အေးတိအေးစက်ဖြစ်တာ ဆိုတာတွေကလဲ အတိအကျ ပါပဲ။

    ကုမ်ရာသီမိန်းမတွေဟာ အားကိုးချင်လို့၊ အကာကွယ်လိုချင်လို့ ယောင်္ကျားတစ်ယောက်နဲ့ အတူတူနေတာထက်၊ ချစ်လို့၊ အတူတူနေချင်လို့ကို အတူတူနေတာပါ ဆိုတဲ့ မလေးရဲ့ ဘာသာပြန်ကလဲ တထပ်တည်းပါပဲ။
    ကြယ်၊ လ၊ နက္ခတ်တွေ အကြောင်းစိတ်ဝင်စားတာ လဲအမှန်ပါပဲ။ ကုမ်ရာသီ ဖွားတွေ ကြယ်၊ လ၊ နက္ခတ်တွေ စိတ်ဝင်စားကြောင်းရေးထားတာ တခါမဖတ်ဖူးဘူး။ ကိုယ်တယောက်ထဲ ဝါသနာပါတယ် ထင်နေတာ။

    မူယာသိပ်မများဘဲယာင်္ကျားဆန်တာ၊ ဖက်ရှင်ကို တွေနောက်မလိုက်ဘဲ ဝတ်ချင်ရာဝတ်တယ်ဆိုတာကလဲ ကြည့်ပြောနေသလား အောင့်မေ့ရတယ်။
    ဒါပေမဲ့ မလေးရေ၊ ဒီက ကုမ်ရာသီဖွားက အမှတ်သညာကြီးပြီး ပန်းတွေပေးတာကြိုက်တယ်းD

    Comment by Adora — June 16, 2013 @ 11:56 pm

  5. တော်တော်များများကို သဘောတကျ လက်ခံနားလည်ပေးနိုင်တယ်ဗျ ကုမ် တွေကတော့ ပျော့ရင် ဖယောင်း မာရင် သံချောင်းဆိုတဲ့ လူစားတွေ ။

    Comment by MgMyo — June 18, 2013 @ 12:53 am

  6. အသေးစိတ်ကို ရေးထားတာနော်. ကောင်းလိုက်တာ

    Comment by တန်ခူး — June 21, 2013 @ 7:32 am

  7. အမျိုးသားများအကြောင်း ရေးတင်ပါ… :P

    ခင်မင်ခြင်းအားဖြင့်…

    Comment by ဏီလင်းညို — June 21, 2013 @ 11:25 am

  8. ရေးထားတာကို ရီလိုက်ရတာ မလေးရေ။
    တော်တော်များများမှန်တယ် ၊ မတူတဲ့ အချက်လေးတွေလဲအနည်းငယ်ရှိတယ်။
    ကူးသွားမယ်နော် ၊ ဘယ်မှာမှမတင်ပါဘူး။ အီးမေးထဲ သိမ်းထားမလို့ပါ။

    Comment by လရိပ်အိမ် — July 12, 2013 @ 10:43 am

  9. မန့်ဖို့ကျန်ခဲ့တယ် မလေး။
    လရိပ်လဲ မလှဘူးဆိုတာ ပြောမလို့။

    Comment by လရိပ်အိမ် — July 12, 2013 @ 11:13 am

  10. တင်လို့ရှဲလို့လည်း ရပါတယ် လရိပ်း))

    Comment by မလေး — July 12, 2013 @ 1:28 pm

  11. ကုန်ရာသီဖွား ခြေသလုံးကြီးတယ်

    Comment by Anonymous — July 13, 2013 @ 8:40 am

  12. ဟုတ်လား… အများစုဖြစ်မယ်ထင်တယ်…
    မလေးကတော့ ခြေသလုံးကြီးချင်ရင် စက်ဘီးစီးဆိုလို့ ငယ်ငယ်ကတော့ စက်ဘီးတွေ စီးလိုက်ရတာဆိုတာ…
    ခုထိကြီးကို မလာပါဘူး… lolz..

    Comment by မလေး — July 13, 2013 @ 10:48 am

  13. လာဖတ်ခဲ့တယ်.. မလေးရေ.. ညလေးက ကုမ်ရာသီဖွားတစ်ဦးမို့..ခုလိုဖတ်ခွင့်ရတာ.. ကျေးဇူးပါပဲ

    Comment by ကြည်ဖြူခင်ခင် — July 14, 2013 @ 7:28 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------