♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

May 22, 2013

အဆင်ချောပါတဲ့ မိတော

029.jpg

မိတောရဲ့ ရှတတနေ့စွဲများအကြောင်းကို ရေးဖို့ကို ရင်ထဲမှာ အပျော်တွေ ထုံမွှန်းနေလို့ ဘယ်ကစရမယ် မသိ ဖြစ်နေပါတယ်။
အစဦးဆုံးပြောရမယ်ဆိုရင်တော့ သက်တံ၁၀စင်း နောက်မှာ ကြော်ငာထားတဲ့ ၀တ္ထုကနေ စရမယ်ထင်ပါတယ်။

လုံးချင်းဝတ္ထုလေးထုတ်မယ်လို့ ရည်ရွယ်ပြီး သက်တံ၁၀စင်း နောက်မှာ ကြေငြာခဲ့တယ်။ ရင်းနှီးသူတွေကလည်း အဲဒီဝတ္ထုလေး ဘယ်တော့ ထွက်လာမလည်းလို့ မျှော်ကြတယ်။ ဒါပေမယ့် တစ်ကယ်တမ်းထွက်လာတာကတော့ “မိတောရဲ့ ရှတတနေ့စွဲများ” ရယ်ပါ။ အမှာစာမှာ ရေးထားတဲ့ အတိုင်းပါပဲ အွန်လိုင်းပေါ်က စာဖတ်သူများဟာ မိတောရဲ့ ဘဝ တစ်စွန်းတစ်စကို ဖတ်မိပြီးတဲ့အခါမှာ ပြုံးပျော်ကြည်နူးနေကြတာကို မြင်ရတဲ့ ကိုယ်တိုင်လည်း ပျော်ရွှင်လာမိတယ်၊ ကြည်နူးလာမိတယ်။ မိတောကို အရောင်စုံအောင် ပိုလို့ ချယ်မှုန်းချင်လာတယ်။

039.jpg

“ဘဝဟာ ကိုယ့်ကို ချဉ်တူးနေတဲ့ သံပုရာသီးပေးရင် သံပုရာရည်လုပ်သောက်ပါ” ဆိုတဲ့ စကားထဲကအတိုင်း ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း မိတောအမြင်နဲ့မြင်တတ်လာတယ်။ စိတ်ပျက်စရာ၊ စိတ်ညစ်စရာ၊ စိတ်ကုန်စရာ၊ စိတ်မကျေနပ်စရာ၊ စိတ်ဒေါသဖြစ်စရာ၊ စိတ်လေစရာ၊ စိတ်တုန်လှုပ်ခြောက်ခြားမှု ဖြစ်စရာ တွေကိုလည်း မိတောမုဒ်သွင်းပြီး ရယ်မောတတ်လာတယ်။

VOA မှ ကိုဇော်ဝင်းလှိုင်နဲ့ အင်တာဗျူးတုန်းက “မလေးက မိတောလား၊ မိတောက မလေးလား၊ မလေးက မိတော ဘယ်နှစ်ရာခိုင်နှုန်းလဲ၊ မိတောက မလေး ဘယ်နှစ်ရာခိုင်နှုန်းလဲ” အဲသလို ရယ်သံနှောလို့မေးတုန်းက…. “အဖြေကို အသံလွှင့်ထဲ အထဲ ထည့်မှာလား” လို့ မေးမိတော့ သူက “မလွှင့်စေချင် မလွှင့်ပါဘူး” လို့ ဖြေရှာပါတယ်။ ဘာလို့ဆို မိတောကို စာအုပ်ဖြစ်ဖို့ အဲဒီတုန်းက စိတ်ကူးမရှိသေးလို့ပါပဲ။

043.jpg

မိတောချစ်သူ တော်တော်များများကလည်း ကော့မန့်များတွင်သာ မက၊ စာပို့လို့ တစ်မျိုး၊ ဖဘ ချက်များမှ တစ်ဖုံ မိတော စာအုပ်ထွက်သင့်ကြောင်း အလွန်နှစ်သက်ကြောင်း ပြောကြပါတယ်။ သူတို့ရဲ့အားပေးမှုတွေက ခွန်အားကို ဖြစ်စေတယ်။

အဲသလိုနဲ့ မိတောကို စာအုပ်လေးအနေနဲ့ မြင်ချင်လာမိတယ်။

ဒီလိုနဲ့ ရန်ကုန်အိမ်အပြန်မှာ အစ်မမြသွေး ရုံးခန်းကို ရောက်ခဲ့တယ်။ အစ်မ မြသွေးရဲ့ ရုံးခန်းကတော့ ပေါလစ်ရောင်တွေ ပြောင်လက်နေတဲ့ ကြမ်းခင်းတွေရယ်၊ မဟော်ဂနီစားပွဲကြီးရယ်နဲ့ အေးမြတဲ့ လေအေးစက်ကြောင့် သက်တောင့်သက်သာ ရှိလှတယ်။ အဲဒီနေ့က အစ်မမြသွေးနဲ့ တွေ့တွေ့ချင်း ကျော်ဟိန်းနဲ့ ခင်သီတာထွန်းတို့ရဲ့ “တစ်ခါကတစ်ဘဝ” လို ပြေးဖက်လိုက်ကြပြီး အခြားရောက်တတ်ရာရာတွေပြောခဲ့ကြတယ်။ အဲဒီအချိန်ထိတော့ အစ်မ မြသွေးနဲ့ မိတောစာအုပ်အကြောင်းလည်း မပြောမိသေးဘူး။

045soenaing.jpg

ရန်ကုန်က ပြန်လာခါနီးမှ အစ်မမြသွေးအမျိုးသား ကိုမော်ကြီး (ခ) စာရေးဆရာ ညိုရင့်ရဲ့ AMK Creation ရုံးခန်းကို ရောက်သွားခဲ့ပါတယ်။
ကိုမော်ကြီးရဲ့ ရုံးခန်းကတော့ အစ်မ မြသွေးရုံးခန်းလို မဟုတ်၊ အဆောင်အယောင် ကင်းမဲ့တယ်။ ပြူတင်းပေါက်ကို ကျောပေးပြီး ချထားတဲ့ စားပွဲမှာ ထိုင်နေတဲ့ ကိုမော်ကြီးဘေးက စာအုပ်စင်တွေပေါ်မှာ၊ ကြမ်းပြင်တွေပေါ်မှာ စာအုပ်တွေ အထပ်လိုက်တွေ့နေရတယ်။ အဲဒီစာအုပ်တွေကနေ သင်းပျံ့တဲ့ ရနံ့လေးတွေကိုတောင် ရနေသေးတယ်။ အစ်မမြသွေးရုံးခန်းလို အလုံပိတ်၊ လေအေးစက်ဖွင့် အခန်းမဟုတ်ဘူး။ ပြူတင်းပေါက်ကို ဖွင့်ထားတဲ့အတွက် ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်က လူသံ၊ ကားသံတွေက ပြူတင်းပေါက်ကနေ ခပ်သဲ့သဲ့ ဖြတ်ဝင်လို့လာနေတယ်။

ညနေစောင်း လေညှင်းနွေးနွေးကလေးကလည်း ပြူတင်းပေါက်ကနေ ဖြတ်တိုက်နေသေးတယ်။ ပြောရင်းနဲ့ ကဗျာကဆန်ချင်လာနေတော့… မိတော စာအုပ်ကိစ္စမရောက်လိုက်ဘဲဖြစ်တော့မယ်ထင်တယ်……း)

041.jpg

စာပေသမားတွေရဲ့ ရုံးခန်းဟာ စိတ်ဝင်စားဖို့ အလွန်ကောင်းတယ်။ ရောက်ဖူးသမျှတွေထဲက … မြ၀တီအယ်ဒီတာချုပ်၊ ဆရာဦးသုမောင်၊ ဆရာနွမ်ဂျာသိုင်း၊ အခု ဆရာညိုရင့်ရဲ့ AMK Creation ရုံးခန်း။
ဘာကြောင့်ရယ်မှန်း မသိဘူး…. သူတို့ရုံးခန်းတွေဟာ ကျမကိုရာစုနှစ်တွေအများကြီးကို ပြန်ပြန်ခေါ်သွားသလိုပဲ ခံစားရတယ်။

Harlan Crow တို့ Skywalker Ranch တို့လို ကမ္ဘာ့ထိပ်တန်း ရုံးခန်း/စာဖတ်ခန်းတွေလို မဟုတ်ပေမယ့် အဲသလိုပဲ ကြီးကျယ်ခမ်းနားမှုတစ်ခုကို ပေးစွမ်းနိုင်မှုရှိတယ်။

 

035.jpg

ကိုမော်ကြီးရဲ့ ရုံးခန်းထဲကို ရောက်သွားစဉ်က ရုံးခန်းထဲက စားပွဲမှာထိုင်ပြီး မိတောစာအုပ်ဖန်တီးခြင်း ကိစ္စ ပြောနေကြစဉ်၊ ကိုမော်ကြီးက နမူနာစာအုပ်လေးတွေ ထုတ်ပြတယ်။ မိတော အပြင်အဆင်နဲ့ အဖုံးကိစ္စကို အကြမ်းဖျဉ်း ဆွေးနွေးနိုင်ခဲ့ကြတယ်။ နမူနာစာအုပ်လေးတွေကို လက်ညှိုးထိုးပြီး… “ဒီလိုမကြိုက်ဘူး” “ဒီဟာတော့ ကြိုက်တယ်” “ဒီစာအုပ်ကဖြင့် မလှဘူး” စသဖြင့် ရင်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောနေတော့ ဆရာညိုရင့်က “အေး.. သိပြီ၊ ဒီလောက်ဆို သဘောပေါက်ပြီ” “သိသွားပြီ၊ သိသွားပြီ” လို့ ပြောပါတယ်။ “မလေးက ပြန်ရတော့မှာမို့၊ အချိန်ရရင် စိတ်ကြိုက်ဒီဇိုင်း လာထိုင်ဆွဲလို့ ရတယ်” လို့လည်းပြောတယ်။ အဲဒီတော့မှ ဆရာညိုရင့်ကို အားနာသလိုလို ဖြစ်သွားတော့တယ်။

020.jpg

ဒီလိုနဲ့ အွန်လိုင်းပေါ်က မိတောစာမူ အဟောင်းတွေကို ပြင်တယ်၊ အသစ် episode တွေကိုလည်း မလေး ထပ်ရေးတယ်။

ဆရာညိုရင့်တို့ အစ်မမြသွေးတို့နဲ့ အဲဒီတော့မှ မြင်ဖူးကြတယ်ဆိုပေမယ့် ဟိုးတုန်းကတည်းက ရင်းနှီးကျွမ်းဝင်နေခဲ့သလို ခံစားနေရတယ်။ အထူးသဖြင့် သူတို့၂ယောက်ရဲ့ စာပေအပေါ်မှာထားတဲ့ passion ဟာ အရှိန်ပြင်းပြင်းနဲ့ တလိမ့်လိမ့် ကျနေတဲ့ ရေတံခွန်ကြီးများ သဖွယ်ပါပဲ။

နောက်တော့ ဒီပြန်ရောက်လာပြီး၊ အွန်လိုင်းပေါ်ကနေပဲ စာအုပ်ဖြစ်မြောက်ရေးကို မမြသွေးနဲ့ အပြန်အလှန်ပြောဖြစ်ကြတယ်။ သူတို့ နှစ်ဦးလုံးရဲ့ လုပ်ကိုင်တာတိကျမှုအပြင် စာပေအပေါ်မှာထားတဲ့ စေတနာကို မြင်တွေ့နေရတယ်။

“မလေးရေ… စာအုပ်မှာ bookmark လေး လုပ်ပေးမယ် သိလား”

“မလေးရေ.. စာအုပ် bookmark ဖဲကြိုးအရောင်လေးကလေ ရှာရသိပ်ခက်တာ သိလား၊ အခု.. အဖုံးအရောင်နဲ့ တစ်ရောင်တည်း ရတယ်သိလား”

“မလေးရေ.. စာအုပ်ဖုံးလေးကို ဘယ်လို အတွင်းစာရွက်လေးတွေကို ဘယ်ပုံ လုပ်ထားပေးတယ် သိလား…”

စတဲ့ အသံလွင်လွင်လေးက ခေါင်းရင်းမှာထားတဲ့ ဖုံးထဲကနေတဆင့် ဝင်ဝင်လာတတ်တယ်။ အသံတော့ မကြားရပါဘူးရယ်။ ဖဘ မက်စေခ်ျထဲကနေ စိတ်နဲ့မြင်ရတတ်တဲ့ အသံလွင်လွင်လေးရယ်ပါ။

တစ်ခါတစ်လေ သူနဲ့ကိုယ်က နေ့ညတွေက လွဲတော့၊ တရေးနိုးမှာ သူ့ message လေးတွေက ၀င်လာရင် သူကတော့ အားတက်သရောရှိသလောက် … ကိုယ်က အိပ်ချင်မူးတူးမို့ “ဟုတ်ကဲ့ မ” “ဟုတ်ကဲ့ မ” နဲ့ သိပ်ပင်ပန်းလွန်းတဲ့ နေ့တွေမှာ လူက ဘာမှန်းမသိလောက်တော့ချိန်၊ မိုးလင်းလာတော့မှ လက်ထဲမှာ ဖုန်းက တန်းလန်းနဲ့။ သူကတော့ message လေးတွေပို့၊ မိတော ဓာတ်ပုံလေးတွေ အစုံလင်ပို့ပေးလို့ အိမ်ပြန်သွားခဲ့ပြီ။

ဒီလိုနဲ့ မိတောထွက်လာခဲ့တယ် ဆိုပါတော့……..။

018.jpg

သက်တံ ၁၀စင်း၊ မိုင်တိုင် ၂၀၊ ကြယ်စင် ၁၁ … လို မောင်နှမတွေစုရေးတာ မဟုတ်၊ ကိုယ်က တစ်ယောက်တည်းမို့ အားလုံးကို အသိပေးတဲ့ အနေနဲ့ကော တတ်နိုင်သမျှ တက်ဂ်လုပ်ပါတယ်။ စိတ်ရှုပ်မှာလည်း စိုးပါသေးတယ်။

မိတောကို အရင်ဆုံးပြေးဝယ်တဲ့ ညီမငယ် အော်သာ (ခေါ်) သူသူဟန် (ခေါ်) မြင်းခွာရွက်သုပ် (ခေါ်) ရွှေအိမ်စည် ကိုလည်း ကျေးဇူးတင်ပါတယ်။ ဓာတ်ပုံလေးတွေ တင်ပေးတဲ့ သူတွေအားလုံးကိုလည်း အထူးတလည် ကျေးဇူးတင်ပါတယ်။ ကိုယ်က အဝေးကလူဆိုတော့ အဝေးက ငေးရတဲ့ အရသာလေးနဲ့က ရင်းနှီးကျွမ်းဝင်နေတတ်ရင်း ကြည်နူးနေမိတော့တာပါပဲ………။

046sarpay5.jpg

မိတောဖြစ်မြောက်ရေးမှာ ကျေးဇူးတင်သင့် တင်ထိုက်သူတွေအားလုံးက အမှာစာထဲမှာ ပါပြီးပြီမို့ (ဖတ်နေရင်း ပျင်းကုန်မှာစိုးလို့) “စာဖတ်သူများ၊ စာအုပ်လေးကို အားပေးသူများ“အပါအဝင်… ကျန်သူတွေကို ထပ်ပြီး မရေးတော့ပါဘူးနော်…။

ကျော်ဟိန်းလေသံနဲ့  “အားလုံးကို ကျေးဇူးတင်ပါတယ်…” လို့ လေးလေးဆွဲဆွဲကြီးပဲ ပြောလိုပါတော့တယ်ရှင်။

028.jpg

စာကြွင်း……….

မလေးရဲ့စာအုပ်များကို ဆိုင်များမှာ သွားရောက် မ၀ယ်နိုင်ကြသူများ၊ အွန်လိုင်းမှ မိတ်ဆွေများတွက် လင့်ခ်များ ရှာပေးထားပါတယ်ရှင်။ ၀ယ်သူလိုတဲ့ စာအုပ်တွေကို ရွေးယူ ကလစ်နှိပ်ပြီးပါက confirmation email တစ်စောင်ပို့ပေးလာပါလိမ့်မယ်။ အဲဒီမှာ ဘယ်လို ငွေပေးချေရမယ်ဆိုတာပါ တစ်ခါတည်း ပါလာမှာဖြစ်တယ်လို့ ဆိုပါတယ်ရှင်။ကိုယ်ကိုတိုင်လည်း လိုချင်တာလေးတွေ ၀ယ်လို့ရတော့မှာမို့ ၀မ်းသာမိပါတယ်။ ပြည်တွင်းမှ မြန်မာများတွက် လင့်ခ်က သပ်သပ်၊ ပြည်ပမှ မြန်မာများတွင် လင့်ခ်က သပ်သပ်ဖြစ်ပါတယ်ရှင်။

For Myanmars from foreign countries to buy MITAW only (online) - မိတော တစ်အုပ်တည်း အွန်လိုင်းမှ ၀ယ်လိုသူ “ပြည်ပမှ မြန်မာများတွက်”

For Myanmars from foreign countries to buy all of my books (online) - အိမ့်ချမ်းမြေ့ရဲ့ စာအုပ်များကို အွန်လိုင်းမှ ၀ယ်လိုသူ “ပြည်ပမှ မြန်မာများအတွက်”

For Myanmars from Myanmar to buy Mitaw only (online) - မိတော တစ်အုပ်တည်း အွန်လိုင်းမှ ၀ယ်လိုသူ “ပြည်တွင်းမှ မြန်မာများတွက်”

For Myanmars from Myanmar to buy all my books (online) - အိမ့်ချမ်းမြေ့ရဲ့ စာအုပ်များကို အွန်လိုင်းမှ ၀ယ်လိုသူ “ပြည်တွင်းမှ မြန်မာများအတွက်”

ဒီပုံလေးတွေဟာ မူပိုင် - အစ်မမြသွေးနီ၊ ကိုစိုးနိုင် နဲ့ ရွှေအိမ်စည်(သူသူ့) လက်ရာများဖြစ်ပါတယ်ရှင်။

030.jpg

P Please consider the environment before printing this page

15 Comments »

  1. မလေးရဲ့ မိတော ကို ၀ယ်ဖတ်ပါဦးမယ် မလေးရယ်..း)

    မိတောပိတ်သတ်
    ဆုမြတ်

    Comment by ဆုမြတ် — May 22, 2013 @ 11:45 pm

  2. ဝမ်းသာပါတယ် မလေးရေ….၊
    ဒါဆိုလည်း ဝယ်ဖတ်ပါဦးမယ်…။း)

    Comment by ညီလင်းသစ် — May 23, 2013 @ 12:22 am

  3. ကောင်းတယ် ဒီလိုမျိုး သီးသန့်ဖတ်ရတော့လည်း ခင်မင်စွဲနဲ့ပဲဆိုဆို ဖတ်ရတာ အရသာရှိတယ် အုတ်ရောရော ကျောက်ရောရော ဖတ်ရတော့လည်း ဟိုကျော်ဒီခွ ဟိုလှန် ဒီလှန်နဲ့ အဆင်မပြေဘူးး ညီမလေး အဆင်ပြေပါစေ ကောင်းမယ်ထင်ရင် ဒူးသာဒူးးး :P

    Comment by မောင်မျိုး — May 23, 2013 @ 2:58 am

  4. ရှေ့လရန်ကုန်ပြန်ရင်ဝယ်ဖတ်မယ်မလေးရေ… လက်မှတ်ထိုးပေးဖို့တော့ အကြွေးမှတ်ထားမယ်နော်း)

    Comment by rose of sharon — May 23, 2013 @ 5:31 am

  5. မိတောကို အိမ်ခေါ်ထားလို့ ရအောင်ကြိုးပမ်းပေးသူများအားလုံးကိုကျေးဇူးပါ. အထူးသဖြင့် မိတောဖန်ဆငိးရှင်အိမ့်ကိုပေါ့.

    Comment by တန်ခူး — May 23, 2013 @ 8:04 am

  6. အိုးးးးးးးး မီးလဲ ၀ယ်ဖတ်မှာပေါ့ မ ရဲ့…
    ဘယ်ရမလဲ စာအုပ်ခေါင်းစဉ်လေးမြင်ကတည်းက
    အရမ်းဖတ်ချင်နေတာ….အကိုညိုရင့်ရဲ့
    အမှာစာကို ဖတ်ပြီးတော့ ဖတ်ချင်တဲ့ရောဂါက
    ပိုပြင်းသွားရော….၀မ်းသာပါတယ် မ ရယ်…
    အမြဲအားပေးနေပါ့မယ် :)))
    ချစ်ခင်လေးစားလျက်….မိုးနတ်

    Comment by မိုးနတ်ကြယ်စင် — May 23, 2013 @ 8:31 am

  7. ဖတ်ချင်တယ်…….မမရယ် :P :D

    Comment by အိန်ဂျယ်လှိုင် — May 23, 2013 @ 8:54 am

  8. မလေး Congratulations !
    စာအုပ်လည်း ဝယ်ဖတ်ဦးမယ်။ ရန်ကုန်မှာလည်း အစ်မဝယ်လိမ့်မယ်။
    ကာတွန်းလေးတွေဆွဲပေးတဲ့သူဘယ်သူလည်း မသိသေးဘူး။ ကိုယ်ကပဲ စာဖတ်တာကျန်နေတာလားပဲ။
    ပြန်ဖတ်ကြည့်နေတာ အမှာစာလေးတွေကို။
    မလေးတို့ တစ်မိသားစုလုံးချမ်းမြေ့ပါစေ။

    Comment by phyophyo — May 23, 2013 @ 9:11 am

  9. ပန်းချီ နော်ခန့်အိမ်၊ ဒီဇိုင်း ရဲသူအောင်၊ အိုင်ဒီယာ ဆရာညိုရင့်ပါ PhyoPhyo ရေ…း)

    Comment by မလေး — May 23, 2013 @ 11:11 am

  10. မိတောစီးရီးလေးတွေက ဖတ်ရတာ ပြုံးမိတယ်..စာအုပ်ထုတ်တော့ စုစုစည်းစည်းလေး ဖတ်ရတာပေါ့..မိတောစီးရီးပေါင်းများစွာ ထုတ်နိုင်ပါစေ..း)

    Comment by စန်းထွန်း — May 23, 2013 @ 6:03 pm

  11. ဒီပိုစ့်ကို ဖတ်မိမှ
    မိတောကို ပိုစိတ်ဝင်စားသွားတာ
    စာအုပ်ရောက်လာတဲ့ အခါမှ အေးအေးဆေးဆေး ဖတ်ပါ့မယ်
    မိတော ပေါင်းများစွာကို ဆက်လက်ဖန်တီး နိုင်ပါစေ ။

    Comment by မင်းဧရာ — May 26, 2013 @ 7:55 am

  12. မိတော စာတွဲကိုကြိုက်တယ် မလေး။ ဘ၀ရဲ့ အဆင်မပြေမှုလေးတွေကို သရော်တော်တော် မြင်တတ်အောင် စွမ်းနိုင်လို့။

    Comment by ponyate — May 26, 2013 @ 8:22 pm

  13. မလေးရေ… ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ဖဘမှာ မက်ဆေ့ခ်ျပို့ထားဖူးတဲ့အတိုင်း ဘာစာအုပ်ထွက်ထွက် ၀ယ်ပြီးအားပေးမှာနော်။ မိတောစီးရီးကို နှစ်သက်ပြီးသားမို့ ဇွန် သိပ်မကြာခင် ရန်ကုန်ပြန်ဖြစ်တဲ့အခါ ၀ယ်ဖြစ်အောင် ၀ယ်ဦးမှာ။ :)

    Comment by ဇွန်မိုးစက် — May 26, 2013 @ 10:27 pm

  14. ကနေဒါရောက် မိတောလေး အကြောင်းကို အရင်က မဖတ်ဖူးပေမဲ့
    အခု အရမ်းပဲ စိတ်ဝင်စားနေမိပြီ …
    သေချာပေါက် အားပေးပါအုံးမယ် မမ ရေ

    Comment by တယောလေး — May 30, 2013 @ 12:03 am

  15. စာအုပ်လက်ဆောင် မျှော်နေဆဲပဲ…. လေဒီတောရေ…း)
    အစစအရာရာ အဆင်ပြေပြေ အောင်အောင်မြင်မြင် ဖြစ်သွားတဲ့အတွက် မလေးကိုယ်စား ကြားကဝမ်းသာနေမိပါသေးတယ်. (အဲဒီ့လို ဝမ်းသာရတဲ့အတွက် နောက်ထပ် ၅ အုပ် Plus)
    :)

    Y.

    Comment by Yan — June 3, 2013 @ 11:39 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------