♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
11.jpg လမင်းရှိုက်သံ
 moon1.jpg
11.jpg မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
yellowflowersfront.jpg

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

December 9, 2012

အသုံးမကျတဲ့ ပညာရေး

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 11:39 pm

ဒီစာဟာ လူတိုင်းအတွက် မဟုတ်ဘူး။

ခေါင်းစဉ်ကိုဖတ်ပြီး မလေးတော့ မြန်မာပြည်ပညာရေးဘယ်လောက် ညံ့ဖျင်းအသုံးမကျတာတွေကို ရေးတော့မယ်လို့ ထင်ပြီး ကျေနပ်မည့်သူတွေ… ဆက်ပြီး မဖတ်ဖို့ တိုက်တွန်းလိုပါတယ်။

ဒီစာဟာ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်လေးတစ်ခုမှ ပေးနိုင်သမျှ ပညာလေးကို ရသလောက်ယူပြီး ဘဝကို တိုးတက်အောင် လုပ်ချင်တဲ့ သူတွေအတွက် ရေးတဲ့စာပဲဖြစ်တယ်။

ဒီစာဟာ ဖဘမှာ ရေးကြသော အတွေးတွေမှ အခြေခံလာတဲ့စာဖြစ်တယ်။ ဒီစာကိုရေးတဲ့အခါမှာ ဖဘမှာ မလေး ချစ်ခင်သော၊ လေးစားသော သူတွေရဲ့ စကားတွေ၊ ဆွေးနွေချက်တွေကို အခြေခံလို့ ရေးထားတာဖြစ်ပါတယ်။ သူတို့ပါဝင်ကော့မန့်ပေးတာကိုလည်း ဝမ်းသာရုံမက၊ ထိုသူတွေရဲ့ အမြင်တွေကို လေးစားပြီးသားလည်း ဖြစ်တယ်။ ထိုသူတွေရဲ့ ခံစားချက်တွေကိုလည်း နားလည်ပြီးသားလည်း ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ … ဒီစာဟာ မြန်မာပြည် ပညာရေးကို ကောက်ရိုးတစ်မျှင်လို ဖမ်းဆုပ်ပြီး ကြိုးစားနေကြတဲ့ လူငယ်တွေကို မြန်မာပြည်ပညာရေးဟာ လူတွေနိမ့်ချပြောနေသလောက် မနိမ့်ကျဘူးဆိုတာကို ပြောချင်တဲ့စာ၊ အလွန်ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်ကနေ ရသလောက်ပညာကို ရသလောက်ယူဖို့ ထောက်ခံအားပေးတဲ့ စာပဲဖြစ်တယ်။

ငယ်စဉ်ကတည်းက နားရည်မဆန့်အောင် ကြားခဲ့ရတဲ့ စကားကတော့ မြန်မာပြည်ပညာရေးဟာ သုံးစားလို့မရဘူး၊ အဆင့်မမှီဘူး၊ ဒီပညာရေးနောက်ကို လိုက်ရင် ခွေးဖြစ်မှာပဲ ဆိုတဲ့ စကားတွေ ပဲဖြစ်တယ်။ ပြောသူတွေဟာ ဘကြီး၊ ဦးကြီးတွေပါ အပါအဝင်ဖြစ်တယ်။ ဒါပေမယ့် သူတို့ဟာ ဒီပညာရေး ဘယ်လိုအသုံးမကျတာလဲ၊ ဘယ်လိုအဆင့်မမှီနေတာလဲ၊ ဘယ်လိုခွေးဖြစ်မှာလဲ ဆိုတာကို တိတိကျကျ ဆက် မပြောတတ်ကြဘူး။

ပညာရေးစနစ်မကောင်းဘူး၊ ဟုတ်ပြီ… ဘယ်လိုမကောင်းတာလဲ၊ ဘာမကောင်းတာလဲ၊ ဘယ်လိုကောင်းစေချင်တာလဲ၊ ဘာကိုပြင်ကြမလဲ၊ ဘယ်လိုပြင်ကြမလဲ၊ ဘာဖြစ်ချင်ကြတာလဲ၊ ဘယ်သူက ပြင်ရမှာလဲ၊ ဘယ်လိုပြင်ရမှာလဲ……. ဆိုတာကိုတော့ ဆက်ပြောလေ့ မရှိကြပါဘူး။
ကျမရဲ့အမြင်မှာတော့ မြန်မာပြည်ပညာရေးက လူတွေပြစ်ပြစ်နှစ်နှစ်ဝေဖန်နေသလောက် မနိမ့်ဘူး။

ဒီပညာတွေနဲ့ ပြည်တွင်းမှာသာမက နိုင်ငံခြားတိုင်းပြည်တွေမှာ ကောင်းရောင်းကောင်းဝယ်လုပ်စားနေသူတွေ အများကြီး ဖြစ်ပါတယ်။ မြန်မာပြည်အပြင်ရောက်တဲ့အခါမှာ.. နိုင်ငံခြားပညာဆက်မသင်ဘဲ မြန်မာပြည်ကဘွဲ့တွေနဲ့ တစ်နှစ်ဒေါ်လာသိန်းကျော်ရနေသူတွေ အများကြီးရှိပါတယ်။
မယုံမရှိပါနဲ့။

တစ်ခါတစ်လေကျတော့ လူတွေဟာ ကိုယ်မဖြစ်(သေး)တော့ သူများလည်း မဖြစ်လောက်ဖူးလို့ ထင်တတ်ကြတယ်။ နာမယ်တွေနဲ့တော့ ပြောလို့ မဖြစ်လို့ပါ။

မြန်မာပြည်က ပညာရေးတို့ ဘွဲ့တို့နဲ့ နိုင်ငံခြားတွေမှာ နိုင်ငံခြားဒေါ်လာငွေ သိန်းချီရနေသူတွေ အများကြီး ရှိနေတာကို မယုံပါဘူးဆိုတဲ့ စကား၊ အဲသလိုလူ လေးငါးခြောက်ယောက်ပဲ ပြပါဆိုတဲ့ မေးခွန်းကို ကြားလိုက်ရချိန်မှာတော့… “မြန်မာပြည်ပညာရေးဟာ သုံးစားမရအောင်ဖြစ်နေပြီ”  ဆိုတဲ့ ကိုယ့်အသားကို ကိုယ်ပြန်မွှန်းထားလို့ ဖြစ်နေတဲ့ဒဏ်ရာဟာ ဘယ်လောက်ထိနက်နေပြီလဲ ဆိုတာကို သိလိုက်ရတယ်။

မြန်မာပြည်က သင်ပေးလိုက်တဲ့ ပညာတွေနဲ့ စင်္ကာပူမှာ အလုပ်လုပ်နေကြသော မြန်မာပညာတတ်များ၊ အနောက်နိုင်ငံတွေမှာ အလုပ်ကိုင်ကောင်းကောင်းနှင့် လုပ်နေကြသော ပညာတတ်များစွာ ရှိပါတယ်။ သိန်းချီမရသေးဘူးဆိုရင်တောင် သိန်းဂဏန်းကပ်ပြီး ရနေသူတွေ အများကြီးဆိုတာ တွေးကြည့်ရုံနဲ့ သိနေတယ်။ အမေရိကန်က ဆေးရုံတစ်ရုံမှာ သူငယ်ချင်းဆရာဝန်မတစ်ဦး မြန်မာပြည်မှဘွဲ့ဖြင့် ဒေါ်လာသိန်းချီရနေရုံမက “Doctor of the Year” ရသွားပါတယ်။ (ဥပမာပေးတာပါ - ဆရာဝန်ဖြစ်မှ လူဖြစ်တယ်ဆိုတာလည်း ခေါင်းထဲစွဲမသွားစေချင်ဘူး၊ ကမ္ဘာမှာ အောင်မြင်ကြော်ကြားနေသူတွေတိုင်း ဆရာဝန်မှ အင်ဂျင်နီယာမှ မဟုတ်ပါဘူး) အဲသလိုမျိုး နိုင်ငံခြားမှာ မြန်မာပြည်က အခြေခံပညာတွေနဲ့ ထမင်းစားနေပြီးတော့ ဒေါ်လာတွေရနေတာကိုတောင်မှ ဖိနပ်ဖိုးလောက်တောင်မရှိတဲ့ တစ်လကိုအခွန်ဒေါ်လာလေး ငါးဆယ် တိုင်းပြည်ကို ပြန်မပေးချင်တဲ့၊ တွန့်တိုတဲ့စိတ်ဓာတ်တွေကိုလည်း ပြင်သင့်ခဲ့ပါတယ် (ခုတော့… မလိုအပ်တော့ပါဘူး)။

ဒီလိုလူတွေဟာ လူနည်းစုဖြစ်ရင်ဖြစ်မယ်၊ အဲသလိုလူတွေဟာ စစ်တပ်တို့ အစိုးရတို့နဲ့ သက်ဆိုင်မှုမရှိဘူး၊ မိမိရလာတဲ့ ပညာရေးကို မိမိအတွက် အကျိုးရှိအောင်အသုံးချပြီး ကောင်းအောင်လုပ်သွားသူတွေရဲ့ အစွမ်းအစပဲဖြစ်တယ်။ ဒီလိုလူတွေ မရှိနိုင်ပါဘူး၊ ဒါတွေမဖြစ်နိုင်ပါဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ကိုကိုယ် မရိုက်ချိုးပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ အဲသလိုလူတွေဟာ အမှန်တကယ်ရှိနေလို့ပဲဖြစ်တယ်။

ပြောချင်တာက မြန်မာပြည်ပညာရေးဟာ လူတွေပြောနေသလော သုံးစားမရတဲ့ ပညာရေး မဟုတ်နေဘူးဆိုတာပါပဲ။

မြန်မာပြည်က ပညာရေးဟာ အလကားပေးတဲ့ ပညာရေးဖြစ်တယ်။ အလကားရတဲ့ ပညာရေးမို့လို့ တန်ဘိုးမထားကြတာလား၊ အဆင့်မမှီတဲ့ ပညာရေးလို့ ထင်တတ်ကြတာလား။ အလကားရတဲ့ ပညာရေးမို့ ကိုယ်ကတန်ဘိုးမထားဘူး၊ မကောင်းပြောနေကြမယ်ဆိုရင် ကြိုးစားချင်တဲ့ လူတွေကိုလည်း discourage လုပ်ရာရောက်ပါတယ်။ တော်ရုံပညာသင်ချင်တဲ့ သူတွေကိုတောင်မှ ပညာသင်ချင်စိတ် ကုန်သွားစေပါတယ်။ ပညာသင်တာဟာ ဘွဲ့ရပြီး အလုပ်ရဖို့ မျှော်လင့်တာမျိုးတွေလည်း ရှိပါတယ်။ ရေချိုးပြီး အိမ်ပေါ်ကဆင်းလာတာနဲ့ ထမင်းစားပွဲမှာ ထမင်းဟင်းအဆင်သင့်ခူးခပ်ထား၊ ဇွန်းတပ်ထားပေးသလို အလုပ်ကအဆင်သင့်ရှိနေရမယ်ဆိုတဲ့ အတွေးမျိုးနဲ့ တက္ကသိုလ်က ဘွဲ့တစ်ခုကို သွားယူတယ်ဆိုရင်လည်း မှားတော့ မမှားပါဘူး။

ဒါပေမယ့် …. ကိုယ်က သူများခူးခပ်ထားတဲ့ထမင်း၊ ဇွန်းတပ်ထားတဲ့ ထမင်းကို စားချင်တာလား၊ အဲဒီထမင်းဟင်းတစ်ခွက်ကို ကိုယ်သင်ထားတဲ့ ပညာနဲ့ ကိုယ်တိုင်လက်နဲ့ ဖန်တီးယူချင်တာလား ဆိုတဲ့ အပေါ်မှာ ပညာသင်ကြားမှုတွေက မူတည်ပါတယ်။ ဒီဘွဲ့က အလကားပဲဆိုတဲ့ အတွေး၊ ဒီပညာရေးဟာ အလကားပဲဆိုတဲ့ အတွေးဟာ… ဘယ်ပေါ်မှာ မူတည်လဲ ဆိုရင်….

သူများတည်ထောင်ထားတဲ့ ကုမဏီမှာ ရလာတဲ့ဘွဲ့လက်မှတ်ကိုင်ပြီး အလုပ်ဝင်လုပ်ချင်တာလား၊ ကိုယ်ရလာတဲ့ဘွဲ့ကိုကိုင်ပြီး ကိုယ်တိုင်ကုမဏီ (သို့မဟုတ်) ဆိုင်ကလေးတစ်ခုခု ထောင်ကြည့်ချင်တာလား၊ တီတွင်ဖန်တီးမှု တစ်ခုခု ပြုလုပ်ချင်တာလား ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်….. ။

ဒီလို အလကားရတဲ့ ပညာရေးကို တန်ဘိုးထားတတ်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းအချို့လည်း ရှိပါတယ်။ အခြား ဒီမိုကရေစီတိုင်းပြည်တွေလုပ်တဲ့အတိုင်း ပညာသင်ယူသူတွေဆီက တန်ရာတန်ကြေးယူဖို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ လုပ်တာမျိုးပါ။ ထိုက်သင့်တဲ့ငွေကိုယူပြီး ထိုက်သင့်တဲ့ ပညာရေးကို ပြန်ပေးဖို့ လုပ်သင့်ပါပြီ။

နိုင်ငံခြားတိုင်းပြည်တွေမှာ ကိုယ့်ငွေနဲ့ကိုယ်ကျောင်းတက်ရသူတွေမှာ course တစ်ခုကို ဒေါ်လာထောင်ချီပေးရပါတယ်။ ကျောင်းနေစဉ် နေစရိတ်၊ စားစရိတ် မပါသေးပါဘူး။ အစိုးရက သနားလို့ အလကားကျောင်းထားပေးတဲ့ သူတွေ မပါပါဘူး။ အဲသလို ဒေါ်လာထောင်ချီပေးတက်ရတဲ့ ကျောင်းတွေနဲ့ course တွေကိုမှ တန်ဘိုးရှိတယ်လို့ ထင်တယ်ဆိုရင်…

မြန်မာပြည်မှာလည်း ကျောင်းသားတွေဆီက တန်ရာတန်ကြေးကောက်ပါ၊ ငွေယူပါ၊ အဲသလိုကျောင်းသားတွေဆီက တန်ရာတန်ကြေး ပညာသင်ကြေး စတင်ယူတာနဲ့ ကျောင်းမှာလိုနေတဲ့ စာအုပ်တွေ၊ ဓာတ်ခွဲခန်းပစ္စည်းတွေကို အလျှံပယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအခါကျရင်တော့ ပညာပေးတဲ့အဖွဲ့အစည်းတွင်းမှ လူတွေကော၊ ပညာသင်ယူသူတွေပါ နှစ်ဘက်လုံးက လုပ်ရတော့မယ်။ ကျောင်းတက်နေရင်း အားအားရှိ ကင်တင်းထိုင်နေလို့ မရတော့ဘူး၊ မိန်းမအဆောင်တွေပဲ သွားလည်နေလို့ မရတော့ဘူး၊ မိန်းမအဆောင်တွေရှေ့မှာ တဒေါင်ဒေါင်တဒင်ဒင် လုပ်နေလို့ မရတော့ဘူး။ ဒီနိုင်ငံက ကျောင်းသားတွေလိုပဲ အလုပ်တဘက်နဲ့ ကျောင်းတက်ရပါတော့မယ်။ class ပြီးတာနဲ့ ရုပ်ရှင်သွားကြည့်၊ အင်းလျားကန်ဘောင်မှာ ရည်းစားနဲ့သွားဖို့နေနေသာသာ တက္ကစီမောင်းသင့်မောင်းရတော့မယ်၊ ရေနံချေးလိုက်သုတ်သင့်သုတ်ရတော့မယ်။ အဲဒီအခါကျရင် ဒီမိုကရေစီဆိုတဲ့ တိုင်းပြည်တွေကလိုပဲ…… တက္ကသိုလ်မတက်နိုင်သူတွေ အများကြီးထွက်လာမယ်၊ စာမတတ်တဲ့သူတွေ အများကြီးထွက်လာမယ်၊ အဲဒီအခါကျ ဖြစ်လာတဲ့ အကျိုးအပြစ်တွေကိုလည်း ကိုယ်တွေကပဲ ခံစားရမှာ ဖြစ်ပါတယ်။

“ပညာကိုသေချာကျက်မှဖြေတဲ့လူထက် ငွေပေးပြီးအမှတ်ပိုရသွားသူတွေ ရှိလာတဲ့အခါ ကလေးတွေရော မိဘတွေရောက ဖြတ်လမ်းလိုက်ချင်လာကြပြန်ရော”

ခင်မင်သော ဘလောဂါအစ်မတစ်ဦး ပြောတာ မှန်ပါတယ်။ အဲသလိုလုပ်ရပ်မျိုးတွေဟာ စာကြိုးစားသင်ချင်သူတွေကို discourage ဖြစ်စေတယ်။ ငွေရှိသူတွေကသာလျှင် အမှတ်ပိုရပြီးတော့ ဘဝအာမခံချက်ပိုပေးနိုင်မယ့် လိုင်းတွေထဲကို ဝင်သွားတာမျိုးတွေရှိတယ်။
ဒါပေမယ့် အဲသလိုလူတွေကို ကြည့်ပြီး ပညာသင်လိုသူတွေ စိတ်ဓာတ်မကျစေချင်ဘူး။ ဒီလူတွေဟာ တစ်နပ်စားပဲရမယ်။ တစ်နပ်စား မဟုတ်ဘူးဆိုရင်လည်းပဲ… ဒီလူတွေဟာ ကိုယ်တကယ်တော်လား တတ်လားဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးဖြစ်ပြီး၊ ကိုယ့်လိပ်ပြာကိုယ်မသန့်သူတွေအနေနဲ့ တစ်သက်လုံးနေသွားရမှာပဲ ဖြစ်တယ်။ ကိုယ်က ဒါကို ခံစားနေပြီး၊ မကျေနပ်ဘဲ အရွဲ့တိုက်လို့ လက်ဘက်ရည်ဆိုင်မှာပဲ ထိုင်၊ ဒူးနှံ့၊ ဖြတ်သွားတဲ့ မိန်းကလေးတွေကို မျက်လုံးကြွတ်ကျမတတ်ကြည့်၊ ပါးစပ်သရမ်း၊ အဆောင်ပေါ်တက် ဖဲချ၊ ဆေးမူး၊ အရာရာကို ဆိုးတဲ့ဘက်က မြင်ရင် ကိုယ်ပဲခံရမှာဖြစ်ပါတယ်။

ဒီလိုလူမျိုးတွေဟာ တိုင်းပြည်တိုင်းမှာ ရှိနေမှာပဲ။ ဒီဘက်တိုင်းပြည်တွေမှာဆိုရင် ငွေရှိ၊ ဂုဏ်ရှိသူတွေကို ပရိုဖက်ရှင်နယ်လိုင်းတွေထဲကို ဘယ်လိုခေါ်ယူသွားသလဲဆိုရင်….

ဥပမာ.. တရုတ်လူမျိုးတွေဟာ စာကြိုးစားတယ်၊ academically ပိုသာတယ်။ ဒါပေမယ့် ပရိုဖက်ရှင်နယ်လိုင်းထဲကို စာတော်တိုင်းသာဝင်ကြေးဆို တရုတ်လူမျိုးတွေချည်းပဲ ဝင်ကုန်မှာဖြစ်တယ်။ ဒါကို ဘယ်လိုကာကွယ်တဲ့ အနေနဲ့ ငွေတောင်ပေးစရာမလိုဘဲ အထက်တန်းလွှာတွေကို ဘယ်လိုမျိုး အသာလေး ခပ်ယူသွားလည်းဆိုရင်… ကျောင်းသားတစ်ဦးဟာ စာအုပ်ထဲက စာပဲ တော်နေလို့ မရဘူး၊ စန္ဒယား၊ ဂီတ၊ တယော၊ တောင်တက်၊ ကြက်တောင်၊ တင်းနစ်၊ ရေကူး၊ ဟောကီ၊ ဘောလုံး၊ အထွေထွေလှုမှုရေး၊ အဲဒါတွေ အကုန်လုပ်နိုင်သူတွေမှ အမှတ်တွေပိုရပြီး ပရိုလိုင်းတွေထဲ ကို ဆွဲထည့်ပါတယ်။ သာမန်လူတန်းစား ကလေးတွေက မလုပ်နိုင်ပါဘူး။ မိဘတွေက အလုပ် နှစ်လုပ်၊ သုံးလုပ်လုပ်နေရတယ်။ စနေ-တနင်္ဂနွေတွေမှာ ကလေးတွေကို စန္ဒယား၊ ဂီတ၊ တယော၊ တောင်တက်၊ ကြက်တောင်၊ တင်းနစ်၊ ရေကူး၊ ဟောကီ၊ ဘောလုံး လေ့ကျင့်တာတွေကို မပို့နိုင်ဘူး။ တန်ရုံသင့်ရုံလောက်နဲ့ ဘဝကို ဖြတ်သန်းသွားတဲ့ ကလေးတွေဟာ ပရိုဖက်ရှင်နယ်လိုင်းတွေထဲကို စာတော်ရုံနဲ့ ရောက်မသွားပါဘူး။ ဆင်းရဲသော third world တိုင်းပြည်ကလူတွေကို တစ်ယောက်စ နှစ်ယောက်စ အယောင်ပြလေး ထိုပရိုဖက်ရှင်နယ်ကျောင်းတွေထဲကို ဝင်ခိုင်းထားတာဟာလည်း သူတို့ သိပ်သဘောကောင်းနေတာမဟုတ်ဘဲ၊ သူတို့ရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်ပါတယ်။

နိုင်ငံခြားတက္ကသိုလ်တွေမှ ဆရာ-ဆရာမတွေဟာ genius တွေ မဟုတ်ပါဘူး၊ ဝိဇ္ဖာဇော်ဂျီတွေလည်း မဟုတ်ပါဘူး၊ “ဟပ်ချလောင်း” ဆိုပြီး လူတော်လူတတ်တွေကို မွေးထုတ်ပေးလိုက်ကြတာလည်း မဟုတ်ပါဘူး။ နည်းလမ်းလေးပဲ ပြပေးလိုက်တာပါ။ ကိုယ့်ဟာကိုယ် discussion တွေဝင်၊ ကိုယ့်ဟာကိုယ်တွေးပြီး ကိုယ့်ဟာကိုယ် ရေးကြရတာပါ။ ကြိုးစားချင်သူတွေဟာ ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ်တိုင်ကြိုးစားသင်ယူကြသူတွေသာဖြစ်ပါတယ်။ နိုင်ငံရပ်ခြားက ပညာတွေ၊ သင်ရိုးညွှန်းတမ်းတွေဆိုတာလည်း လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းကတည်းက ရှိခဲ့တာ မဟုတ်ပါဘူး။ သူတို့လည်း တဖြည်းဖြည်း မြှင့်တင်လာကြရတာဖြစ်ပါတယ်။ မိန်းမတွေ တက္ကသိုလ်ဝင်းထဲတောင် ဝင်ခွင့်မရှိခဲ့တာ ဗာဂျီးနီးယားဝံပုလွေတို့ ခေတ်ကို ကြည့်ပါ။ အဲဒီတုန်းက သူတို့ဘာတွေလုပ်ခဲ့လဲ။ အချို့အတွေးအခေါ်တွေ၊ ပညာတွေဟာ ခုနောက်ပိုင်းတွေမှ ပေါ်လာတာကို စာအုပ်တွေထဲ ချပြလာကြတာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကြီးတွေမှာ၊ စက်မှုတက္ကသိုလ်ဝင်းတွေထဲကို တစ်ခါလောက် သွားကြည့်ပါ။ မီးတွေဟာ ထိန်ထိန်ငြီးနေပါတယ်။ စက်မှုတက္ကသိုလ်ဝင်းဘေးက ရပ်ကွက်တွေသာ မီးပြတ်ရင်ပြတ်ပါမယ်၊ အမှောင်လေးထဲမှာ ထိုင်ရင်ထိုင်နေရမယ်။ စက်မှုတက္ကသိုလ်ဝင်း တော်ရုံမီးမပြတ်ခဲ့ပါဘူး။ ရေ၊ မီး အဆင်သင့်ဖြစ်ပါတယ်။ တက္ကသိုလ်အဆောင်တွေနဲ့ ထမင်းဟင်းတွေဟာ အလကားနီးပါး စားရတာပါ။ အလကားစားရလို့ မကောင်းဘူးထင်တယ်ဆိုရင်လည်း ကိုယ်တိုင်ရွေးချယ်ခွင့် ရှိနေကြတာပဲ မဟုတ်ပါလား။ အဲသလို ဆင်းရဲလွန်းလှတဲ့ တိုင်းပြည်လေးကနေ မီးထိန်ထိန်ငြီးတက္ကသိုလ်ဝင်းတွေထဲ က တက္ကသိုလ်ကျောင်းသားတွေ ရေ မီးအဆင့်သင့်အတွက် ဘယ်သူတွေက ထောက်ပံ့နေတာပါလဲ။ လယ်သမားတွေ၊ ပြည်သူလူထုတွေဖြစ်ပါတယ်။ ကျောင်းကြီးနဲ့ကပ်ရပ်က ရပ်ကွက်တွေမှာ ရေမလာ၊ မီးမလာ အမှောင်ထဲမှာ ဆီမီးခွက်လေးတွေ ဖယောင်းတိုင်လေးတွေနဲ့ ထိုင်နေကြချိန်မှာ မာလာ၊ အင်းလျား၊ မီးတွေထိန်ထိန်ငြီးလို့… ကျောင်းသားတွေကလည်း မိန်းမအဆောင်တွေရှေ့ ဂစ်တာတဒေါင်ဒေါင်နဲ့ ပါတီအသေးစားလေးတွေ ဆင်နွှဲနေနိုင်ကြပါတယ်။

ထိုပညာတတ်တွေဟာ ဘွဲ့တွေရပြီး တိုင်းပြည်အပြင်ရောက်ကာမှ ကိုယ်သင်ခဲ့တဲ့ကျောင်းနဲ့ ပညာရေးကို တံတွေးပြန်ထွေးတဲ့ အဖြစ်မျိုးဖြစ်လာတဲ့အခါမှာ… နောက်ပိုင်းဂျင်နရေးရှင်းတွေအနေနဲ့ ထိုသူတွေလုပ်သလို မလုပ်မိအောင်၊ သူတို့လျှောက်တဲ့လမ်း ထပ်မလျှောက်မိအောင် ကိုယ့်တာဝန်ပဲ ကိုယ်ယူသင့်ပါတယ်။

ကျမပတ်ဝန်းကျင်မှာ ပညာတတ်ရှေ့နေကြီးတစ်ဦးရှိပါတယ်။ သူဟာ မြန်မာပြည်မှာ ရှေ့နေဘွဲ့တွေရရှိပြီး မြန်မာအစိုးရက ပညာတော်သင်လွှတ်ခံထိသူဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံသားတရုတ်အမျိုးသားတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ပညာတော်သင်လွှတ်တဲ့တိုင်းပြည်မှ ပညာတွေဆက်သင်ပြီးနောက် မြန်မာပြည်ကို မပြန်တော့ဘဲ၊ နိုင်ငံခြားတွေမှာ လုပ်ကိုင်စားသောက်ရင်း ကြေးရတတ်တစ်ဦးဖြစ်သွားပါတယ်။ အခုတော့ စင်္ကာပူနိုင်ငံမှာ အခြေချနေပါတယ်။ သူ့ကို ညစာထမင်းစားပွဲတွေမှာ ဗမာတွေဟာ ဂုဏ်သရေရှိလူကြီးမင်းအဖြစ်နဲ့ ဖိတ်ကြားအည့်ခံလေ့ရှိတယ်။ သူ ကနေဒါကို အလည်လာပြီဆိုရင် သူ့အရွယ်လူကြီးများမှာ နေစရာမရှိအောင် ဟိုအိမ်ဒီအိမ်မှာ ဝိုင်းပြီးဖိတ်ကြပါတယ်။ ထိုရှေ့နေကြီးဟာဆိုရင် ညစာစားပွဲတွေမှာ မြန်မာပြည်အလွန်ညံ့ဖျင်းကြောင်းနဲ့ မြန်မာပြည်ပညာရေးကို ပက်ပက်စက်စက် နှိမ်ချပြောလေ့ရှိတယ်။ အဲဒါကိုလည်း ဗမာတွေက ခေါင်းငုံ့နားထောက်နေရုံမက သဘောတူထောက်ခံနေတာကို မြင်ရလေ့ရှိတယ်။ ထောက်ခံနေရုံမက ထိုရှေ့နေကြီးအရွယ် အခြားလူကြီးများကိုယ်တိုင်က မြန်မာပညာရေးကို အာဘောင်အာရင်းသန်သန် talk down လုပ်ကြလေ့ရှိတယ်။ ခက်တာက ထိုရှေ့နေကြီး ထမင်းစားနေတာ သူ့ကိုသင်ပေးလိုက်တဲ့ သူ talk down လုပ်နေတဲ့ ပညာရေးပဲ မဟုတ်ဘူးလားလို့ ဘယ်သူကမှ မေးခွန်းပြန်မထုတ်ကြတာပါပဲ။ နောက်ဆုံးတော့ မနေနိုင်လွန်းသူ မိအိမ်ချမ်းမြေ့ကပဲ မျက်စိမျက်နှာပျက်ဝိုင်းကြည့်နေကြတဲ့ အကြီးတွေ၊ ဦးကြီးတွေနဲ့ ခပ်လှမ်းလှမ်းမှ မျက်နှာရိပ်မျက်နှာကဲပြနေတဲ့ မိခင်ကြီးကို မသိကျိုးကျွံပြုရင်း၊ ကိုယ့်ထက် အသက် သုံးဆယ်ကျော်နီးပါးကြီးသူကို မေးခွန်းထုတ်မိပါတော့တယ်။ ထိုနေ့ကစပြီးတော့ ထိုဂုဏ်သရေရှိရှေ့နေကြီးလည်း အခြားညစာစားပွဲတွေမှာတွေ့တဲ့အခါ.. စာရေးသူကို စကားမပြောတော့ပါဘူး။

မြန်မာပြည်ပညာရေးဟာ အသုံးမကျတဲ့ ပညာရေးပဲလို့ ပြောသူတွေဟာ… အနှစ်နှစ်အလလ သင်ရိုးညွှန်းတမ်းရေးဆွဲသူတွေ၊ ဆရာသမားတွေကိုလည်း စော်ကားရာ ရောက်ပါတယ်။ မိမိရဲ့ failure ကို တစ်စုံတစ်ရာရဲ့ failure ဖြစ်တယ်လို့ လက်ညှိုးထိုး scape goat လုပ်ခြင်းပဲ ဖြစ်တယ်။ မိမိရဲ့ မခိုင်လုံတဲ့ ထိုးနှက်ချက်ဟာ နောက်ဆုံးတော့ မိမိရဲ့ နောင်လာနောင်သားတွေကိုပဲ ပြန်လည်ထိုးနှက်နေရာကျတယ်။ စာကြိုးစားချင်သူတွေတောင် စိတ်ဓာတ်ကျသွားပြီး ပညာနောက်ဆက်မလိုက်စေအောင် လုပ်နေသူ၊ ပြောနေသူတွေဟာ တစ်ကယ်ဆိုရင် ဒီပညာရေးအသုံးမကျအောင် လုပ်နေတဲ့ တာဝန်ရှိသူတွေအထဲမှာ ကိုယ်တိုင်ပါဝင်နေသလားဆိုတာကို စဉ်းစားစရာဖြစ်နေပြီ။

မြန်မာရုပ်ရှင်တွေဟာလည်း တက္ကသိုလ်ဆိုတာ ပညာသင်ကြားရာ နေရာတစ်ခုဆိုတာထက်… ရည်းစားထား ကြင်ယာရှာ၊ ဒါမှမဟုတ် ရုတ်ရုတ်ရုတ်ရုတ်နဲ့ ခေါင်းပုတ်ဘာပုတ် ပျော်နေကြတဲ့နေရာ၊ “ကောလိပ်ဂျင်တွေ” စုဝေးရာနေရာ၊ “ကျောင်းဆွေးတွေ” စုဝေးရာနေရာတွေအဖြစ် တဂျိန်းဂျိန်းကို သရုပ်ဖော်ရိုက်ကူးနေတာတွေကိုလည်း ရပ်သင့်ပါပြီ။ လူငယ်တွေအနေနဲ့ တက္ကသိုလ်တက်ရတော့မယ်ဆို ဒါလုပ်ဖို့လားလို့ မြင်တော့တာပဲ။ “ကျောင်းထဲ သွားကဲ ဦးမယ်” ဆိုတဲ့ အတွေးကို နုနယ်တဲ့လူငယ်တွေရဲ့ ခေါင်းထဲ ရိုက်ထဲ့တဲ့ ထိုရုပ်ရှင်ဂီတများကို ဖန်တီးသူတွေဟာလည်း အခုလို အသုံးမကျတဲ့ မြန်မာပြည်ပညာရေးကို ပိုအသုံးမကျအောင် လုပ်နေသူတွေထဲမှာ ပါဝင်နေသလားဆိုတာလည်း စဉ်းစားစရာဖြစ်နေပါပြီ။ ကျမ လက်လှမ်းမှီသလောက် ကနေဒါရဲ့ တက္ကသိုလ်၊ ယူနီဗာစီတီများကို အလွမ်းအဆွေး သီချင်းများရေးဖွဲ့လို့ အလွမ်းဆွေးရုပ်ရှင်များ ရိုက်ပြသည်မှာ ယခုထိတော့ မကြားဖူး၊ မမြင်ဖူးသေးပါ။

ရန်ကုန်ကျောင်းထဲမှာ စာကြည့်တိုက်ကြီးတွေရှိတယ်၊ ဓာတ်ခွဲခန်းတွေရှိတယ်။ ဒါတွေကို အသုံး ချမှု - မချမှုဟာလည်း ကိုယ်တွေအပေါ်မှာပဲ မူတည်နေပါတယ်။ ပညာကို ကောင်းကောင်းမသင်ဘဲ လက်ဘက်ရည်ဆိုင်တွေမှာ ဒူးလေးနှံ့ပြီး ဖြတ်သွားသမျှ မိန်းကလေးတွေကို ပါးစပ်သရမ်း၊ အဆောင်မှာ ဖဲချ၊ မူး၊ ရည်းစားတွေထား အသည်းတွေကွဲ၊ စီးရီးထုတ်၊ ရုပ်ရှင်ရိုက်၊ ကောလိပ်ဂျင်ဆိုပြီး ဂျင်ကျ၊ ကျောင်းစာကလွဲလို့ အကုန်စိတ်ဝင်စား….. ဒါ့အပြင်… တက္ကသိုလ်ကျောင်းသူအချို့ဟာလည်း ဘတ်စ်ကားစီးပြီး ကျောင်းမတက်ဖူးဘူး ဆိုတာကို ဂုဏ်ယူ၊ လက်သည်းရှည်ပျက်မှာစိုးလို့ အိမ်မှာ အာလူးတောင် မနွှင်ဖူးဘူး/ မနွှင်ရဘူး စသော…. တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ ထံမှ “မြန်မာပြည်ပညာရေးသည် အသုံးမကျသော ပညာရေးဖြစ်ပါသည်” ဆိုတဲ့ စကားတွေကို လူငယ်တွေ သွားပြီး နားမယောင်ပါနဲ့။ အရှေ့မှာ လက်ချာပေးနေတာကို စိတ်မဝင်စားဘဲ အရှေ့ကဆရာကသင်၊ နောက်မှာက မိန်းမတစ်ယောက်ယောက်အနားကပ် ကျူ၊ မြှားတွေထဲမှာ ကဗျာတွေရေး၊ ရည်းစားစာတွေရေးပြီး ဟိုပေါက်ဒီပေါက်လုပ်နေတဲ့ ကျောင်းသားတွေရဲ့ နှုတ်က “မြန်မာပြည်ပညာရေးသည်ေ-ာက်သုံးမကျသော ပညာရေးဖြစ်ပါသည်” ဆိုတဲ့ စကားတွေကို ပညာကိုတန်ဘိုးထားသင်ယူလိုသော-သင်ယူနေသော လူငယ်တွေ သွားပြီး နားမယောင်ပါနဲ့။

အဲသလို…. လက်သည်းပျက်မှာစိုးလို့ အာလူးတောင် မနွှင်ဖူးဘူးဆိုတဲ့ ကျောင်းသူများ၊ လက်အလှပျက်မှာစိုးလို့ ကိုယ့်ခြံထဲက ပန်းကိုတောင် မစိုက်တတ်ဘူးဆိုတဲ့ အသက် ၂၀နီးပါး အမျိုးသမီးများနေရာမှာ… ပညာကိုကြိုးစားသင်ချင်သော ကလေးမလေးတွေဟာ (ဘယ်တိုင်းပြည်ကပဲဖြစ်ဖြစ်) အသက် ၇ နှစ် ၁၀ နှစ်လောက်တွေမှာ.. မုန့်ဖုတ်တတ်ရုံမက၊ အိုးပါ ဖုတ်တတ်နေသူတွေ ရှိနေပြီ။ ဒါတွေဟာ ပညာရေးပဲ ဖြစ်ပါတယ်။ စာအုပ်ထဲကမှ ပညာရေးမဟုတ်ဘူး၊ ပြောတတ်ဆိုတတ်တွေးတတ်တာလည်း ပညာရေးပဲ ဖြစ်ပါတယ်။

ကျောင်းပြေး၊ ဂစ်တာတီး၊ မိန်းမတွေကိုစိတ်ဝင်စား၊ ဆေးမူး၊ ဘိန်းချ၊ ဖဲချသော ကျောင်းသားများနဲ့ အသက်၂၀ရောက်နေတာတောင်မှ survival skills မရှိလို့ ဘတ်စ်ကားတောင် မစီးတတ်တာကို ဂုဏ်ယူ၊ ထမင်းဟင်းမချက်တတ်တာကို ဂုဏ်ယူနေတတ်တဲ့ ကျောင်းသူ-ကျောင်းသားတွေ စုနေတဲ့ တက္ကသိုလ်တစ်ခုမှာ ပညာရေးစနစ်ကြီး သူမတူအောင် ကောင်းနေဦး၊ ဆရာ-ဆရာမတွေဟာလည်း ဝိဇ္ဖာဇော်ဂျီတွေလို တစ်ဖက်ကမ်းခပ် တော်နေဦး… ပညာရေးဟာ အသုံးမကျဘူးဆိုတဲ့ အသံတွေပဲ ထပ်ခါတလဲလဲ ထွက်နေဦးမှာပါပဲ။

ပညာဆိုတာ ကျောင်းပြီး အလုပ်ရဖို့ဆိုတာထက် အများကြီးနက်နဲပါတယ်…

((နောက်တစ်ခုက စစ်တပ်က စစ်သားတွေ ပညာတတ်သွားမှာကို မကြောက်ပါနဲ့၊ တတ်ပါစေ။ သူတို့ ပညာများများတတ်မှ အတွေးခေါ်ဒီထက်ဒီထက်ကောင်းမှ သူတို့စစ်တပ်ရဲ့ဆိုးဝါးမှုတွေကို သူတို့ဖျောက်ဖျက်မြေလှန်မှာဖြစ်ပါတယ်။ သူတို့အတွေးအခေါ်ကျယ်ပြန့်လာမှုတွေ၊ ပညာတတ်လာမှုတွေ၊ organizational skills, interpersonal skills စတာတွေ တက်လာတာနဲ့အမျှ.. သူတို့စစ်တပ်ရဲ့ လိုအပ်မှု၊ ဆိုးဝါးမှုတွေကို အမြစ်ကလှန်ပြီး အကောင်းဆုံးပြုပြင်သွားနိုင်မှာ ဖြစ်ပါတယ်))

ဒါကြောင့်… ပညာသင်ကြားလိုသော်လည်း ကိုယ်သင်နေတဲ့ ပညာရေးဟာအသုံးမကျတဲ့ ပညာရေးဆိုပြီး စိတ်ဓာတ်ကျနေသူများအနေနဲ့…..
နိုင်ငံခြားက ပညာတွေ၊ သင်ပုံတွေ ကောင်းလှပါတယ်ပြောပြီး တိုင်းပြည်မှာ ဘယ်လိုပြန်အသုံးချပါလို့ အပြုသဘောနဲ့ ဘယ်သူပြောလာမလဲ ဆိုတာလည်း မမျှော်လင့်ကြပါနဲ့။ ရသမျှစာအုပ်ကိုဖတ်ပါ၊ စာကြည့်တိုက်တွေကိုသွားပါ၊ ဆရာတွေကို ချဉ်းကပ်ပညာယူပါ။ ဆရာအများစုဟာ အလွန်ပညာပေးချင်သူတွေဖြစ်ပါတယ်။ တော်ရုံဆရာဟာလည်း တန်စိုးလက်ဆောင်ကို မမက်မောပါ။ အင်တာနက်တွေပေါ်မှာ ပညာရှာမှီးပါ။ စာမကြိုးစားဘဲ ပိုက်ဆံပေးပြီး စာမေးပွဲအောင်သွားသူတွေကိုကြည့်ပြီး အရွဲ့မတိုက်ပါနဲ့၊ မကြေကွဲပါနဲ့၊ ကိုယ်ပဲခံရမှာဖြစ်ပါတယ်။ ပညာရေးဆိုးတာမဟုတ်ဘူး…လူတွေက ဆိုးတာဖြစ်တယ်၊ ဒါတွေကို ငါဖြတ်ကျော်မယ်ဆိုတဲ့ စိတ်မွေးပါ။ အသုံးမကျတဲ့ ပညာရေးဖြစ်ခဲ့ရင်တောင်မှ ကိုယ့်အတွက်အသုံးကျအောင် လုပ်ပါ။ ဒီပညာရေးအသုံးမကျဘူးဆိုပြီး ကိုယ့်ကိုကိုယ် brainwash မလုပ်ပါနဲ့၊ သူများကလာပြီး brainwash လုပ်တာလည်း မခံပါနဲ့။ လာပြောသူအတွက် အသုံးမကျပေမယ့် ငါ့အတွက်တော့ အသုံးကျရမယ်ဆိုတဲ့ စိတ်မွေးပါ။ စံမှီပြည့်စုံတဲ့ ပညာရေးစနစ်တစ်ခုဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။

လူ့အတွေးအခေါ်တွေပြောင်းနေတာနဲ့အမျှ ပညာရေးဆိုတာလည်း ပြောင်းနေမှာပဲ။ စံမှီပြည်စုံတဲ့ ပညာရေးတစ်ခုကို ထိုင်မျှော်နေလို့ကတော့ အရိုးဆွေးသွားရုံပဲရှိပါမယ်။ ဒါကြောင့် bad mouth လုပ်နေမယ့်အစား ရသမျှကို ယူပြီး ကိုယ်အကျိုးရှိအောင်၊ ကိုယ့်ပတ်ဝန်းကျင်အကျိုးရှိအောင် လုပ်ကြပါ။

ကိုယ်ကိုတိုင်လည်း နောင်ခေတ်လူငယ်တွေရှေ့မှာ သွားပြီးတော့လည်းေ-ာက်သုံးမကျသော ပညာရေး လို့ သွားမပြောမိပါစေနဲ့၊ ဘာဖြစ်လို့လည်းဆိုတော့ နောင်လူငယ်တွေက “.. then, take your own responsibility and do something about it, just don’t sit & bad-mouth” လို့ တစ်ခွန်းပဲ ပြန်ပြောလိုက်ရင် ကိုယ်ပဲ အခက်တွေ့မှာဖြစ်ပါတယ်။

ဒီလောက်ဆင်းရဲတဲ့ တိုင်းပြည်ထဲကနေ ပေးနိုင်သလောက်ပေးနေတဲ့ ပညာကို ရနိုင်သလောက်ယူပြီး ကိုယ့်ဘဝကိုယ်ပဲ အတတ်နိုင်ဆုံး တည်ဆောက်ကြပါ၊ မြန်မပြည် ပညာရေးသည် လိုအပ်ချက်တွေ ရှိသည်ဖြစ်သော်လည်း (လိုအပ်ချက် စုံလုံးကင်းသော ပညာရေးစနစ်ဆိုသည်မှ မရှိသေးပါ) သင်ကြားသိနေရသလောက် သုံးစားမရအောင် မနိမ့်ကျပါ၊ ရသလောက်ယူပြီး ကိုယ့်ကိုကိုယ်မြှင့်တင်ပါ…။

အလကားပေးနေတဲ့ ပညာရေးကိုတောင် အကြောင်းကြောင်းကြောင့် မရယူနိုင်သူတွေလည်း စိတ်ဓာတ်မကျပါနဲ့။ ပညာရေးဆိုတာ… ကျောင်းကပေးမှာ စာအုပ်ကပေးမှ မဟုတ်ဘူးဆိုတာပါပဲ…။ လူ့ကမ္ဘာကြီးဟာ ကျောက်ခေတ်ကတည်းက တက္ကသိုလ်ကျောင်းတွေ ကောလိပ်တွေ ရှိခဲ့တာမှ မဟုတ်ပဲ။ အခုလက်ရှိသုံးနေတဲ့ နိုင်ငံခြားပညာရပ်တွေဆိုတာလည်း မနေ့တစ်နေ့ကမှ လေထဲက ပေါ်လာတာမဟုတ်ပါဘူး။

ဘဝက သင့်ကို သံပုရာသီးပေးလိုက်ရင် သံပုရာရည်လုပ်ပါ ဆိုတဲ့ စကားပုံရှိပါသည်။

မြန်မာပြည်မှ အလကားပေးနေသော ပညာရေးသည် ထိုသံပုရာသီးထက် အများကြီးသာပါသေးသည်။ အသုံးကျအောင် အသုံးချတတ်ဖို့ မိမိအပေါ်မှာပဲ မူတည်နေပါသည်။

….

P Please consider the environment before printing this page

95 Comments »

  1. အရမ်းကို ကောင်းမွန်တဲ့ ပို့စ်လေးတစ်ခုပါ။ လူတိုင်း (အထူးသဖြင့် ပညာရှာမီးနေတဲ့လူငယ်တွေ) ဖတ်သင့်တဲ့ ပို့စ်လေးတစ်ခုပါ။

    Comment by vicittalankara — December 10, 2012 @ 12:51 am

  2. သူငယ်ချင်းတွေညီလေးညီမလေးတွေဖတ်လို့ရအောင်ပြန် မျှပရစေအမရေ…ဖတ်ရင်းအရမ်းစိတ်နစ်သွားတယ်အမပြောတာတွေတကယ်မှန်ပါတယ်…ညီမတို့စိတ်ထဲမှာလည်းတခါတရံအဲဒိအရိပ်လွှမ်းနေပါသေးတယ်..အမရေးထားတာလေးဖတ်လိုက်တော့ အားတွေတက်သွားပြီ..:) …ကျေးဇူးပါအမရေ

    ###ဘဝက သင့်ကို သံပုရာသီးပေးလိုက်ရင် သံပုရာရည်လုပ်ပါ ဆိုတဲ့ စကားပုံရှိပါသည်။
    မြန်မာပြည်မှ အလကားပေးနေသော ပညာရေးသည် ထိုသံပုရာသီးထက် အများကြီးသာပါသေးသည်။ အသုံးကျအောင် အသုံးချတတ်ဖို့ မိမိအပေါ်မှာပဲ မူတည်နေပါသည်။###

    Comment by Khin — December 10, 2012 @ 1:07 am

  3. ဟုတ်တယ်ဗျ…ကျနော်တို့လူကြီးပိုင်းတွေကပညာရေးဟာနိမ့်ကျတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောကြတော့လူငယ်တွေရဲ့ ကြိုးစားသင်ယူလိုတဲ့စိတ်ကိုရိုက်ချိုးလိုက်ကြတာပါ။
    အဲလိုလူကြီးတွေကများနေတော့ကလေးတွေလဲလမ်းလွဲလိုက်ကြတာမဆန်းပါဘူး
    လူငယ်တွေကိုသင်မယ်ဆိုရင်လူကြီးတွေလဲပြင်မှရမယ်။
    ရဲရဲတင်းတင်းပြောလိုက်ချင်တာက…ဒီနေ့ လူငယ်တွေကိုဖျက်ဆီးပစ်နေကြတာဟာဦးလေးတို့ပါ…

    Comment by Thein Soenaing — December 10, 2012 @ 1:24 am

  4. ရှိသေးတယ် မလေးရေ… မိဘတွေကအပြိုင်အဆိုင်လုပ်ပြီး ဘိုကျောင်းထားမှ စာတတ်တယ်ထင်ပြီး ဘိုကျောင်းထား၊ ကလေးတွေကလဲ ဗမာလိုပြောရမှာရှက်စရာထင်၊ ဗမာပြည်မှာနေပြီး ဗမာလိုကို မပြောတတ်ပါဘူး ဖြစ်လိုဖြစ်၊ ပြောရင်လဲ ဘိုတွေက ဗမာလို တကယ့်ကို ကြိုးစားပြောနေရသလို အသံတွေဝဲပြကြနဲ့။ တကယ်တော့ သူတို့တွေ တက်နေတဲ့ကျောင်းတွေက တကယ့်ဆရာတွေမဟုတ်ပဲ အဖြူဖြစ်ရင်ပြီးရော လမ်းဘေးက အဖြူတွေကို ခေါ်ထားပေးတာလဲရှိတယ်။ တကယ်သင်တဲ့ကျောင်းတွေလဲ ရှိမှာပါ။ ဒါပေမယ့်တွေ့ဖူးသလောက်ကတော့ ဂျလေဘီအဖြူတွေပဲများတယ်။ အခုက ဗမာကျောင်းထားရင်ကို ပညာမတတ်ရုံမကဘူး။ အဆင့်အတန်းတခုပါ နိမ့်ကျနေသလိုမျိုးကို ထင်နေကြပြီ။

    Comment by Yemon Pan — December 10, 2012 @ 1:25 am

  5. မလေးရေ
    အရမ်းကောင်းတဲ့ပိုစ့်လေးပါ
    လူတိုင်းလဲဖတ်သင့်တယ်ထင်တယ်
    (ဘဝက သင့်ကို သံပုရာသီးပေးလိုက်ရင် သံပုရာရည်လုပ်ပါ ဆိုတဲ့ စကားပုံရှိပါသည်။ အသုံးကျအောင် အသုံးချတတ်ဖို့ မိမိအပေါ်မှာပဲ မူတည်နေပါသည်။)
    ဒီမှာလဲ မြန်မာနိုင်ငံကဆရာဝန်ကြီးတွေအရမ်းများတယ် လစာလဲကောင်းကြတယ်လေ…..ဘယ်လောက်ရယ်တော့တိတိကျကျမသိပါဘူး…

    Comment by စံပယ်ချို(တောင်ကြီး) — December 10, 2012 @ 2:14 am

  6. အရမ်းကောင်းတဲ့  အကြောင်းအရာလေးပါ
    ဖတ်ခွင့် ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်

    Comment by Anonymous — December 10, 2012 @ 2:40 am

  7. အရမ်းကြိုက်တယ်မမရေ…

    Comment by အိန်ဂျယ်လှိုင် — December 10, 2012 @ 6:04 am

  8. Ma Lay,Thank you so much.

    Comment by phyo phyo — December 10, 2012 @ 7:54 am

  9. လက် ရှိအ ခြေ အ နေကို ရှု့ ထောင့် တဘက်ထဲ က နေ မ ကြည့် ဘဲ ရေး နိုင် မှ ပို ပြည့် စုံ မှန် ကန် ပါ လိမ့် မယ်

    Comment by Anonymous — December 10, 2012 @ 9:21 am

  10. တခြား ရှု့ ထောင့် က ကြည့် ပြီး သုံး သပ်နိုင် ရင် ပိုပြည့် စုံ မှန်ကန် နိုင်ပါလိမ့် မယ်
    လက်ရှိ သုံး သပ်ချက် ကတော့ မပြည့် စုံဘူးလို့ ထင် ပါ တယ်

    Comment by Anonymous — December 10, 2012 @ 9:26 am

  11. Excellent power of thought ! Congrulation !

    Comment by Kyawzin Maung — December 10, 2012 @ 1:55 pm

  12. မလေးရယ် ၁၀၀% ထောက်ခံပါတယ်။ ဒီလိုစာမျိုးရေးပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်။မြန်မာနိုင်ငံ ပညာရေးကို ဖျက်နေတာ တကယ်တမ်း လူတွေပါပဲ မလေး။ မီ့ပတ်ဝန်းကျင်တွေမှာလည်း မြင်နေကြားနေရပါတယ်။ လူတွေဟာ အပြစ်မြင်ဖို့ဘက်ပဲ အားသန်နေကြလေတော့ အခက်သားလား မလေးရယ်။ Ths again ma lay….I really appreciate u….

    Comment by KhinMe MeThein — December 10, 2012 @ 1:56 pm

  13. အစိုးရကိုယ်တိုက် လက်ရှိ ပညာရေးစနစ်ဟာ အင်မတန် နိမ့်ကျနေပါတယ် ညံ့ဖျင်းပါတယ်လို့ တရားဝင် ပြောထားပါတယ်၊ ဒါကြောင့် ပြုပြင်ဖို့ ပညာရှင်တွေနဲ့ အားလုံးဆီက အကြံပြုဖို့ တရားဝင် တောင်းဆိုထားပါတယ် … ဒါကြောင့် လက်ရှိ ပညာရေးကို ပြုပြင်ဖို့ အလုပ်ရုံ ဆွေးနွေးပွဲတွေကို အစိုးရရော တခြား အဖွဲ့အစည်းတွေပါ ဆောင်ရွက်နေကြတာပါ …. အဲလိုဝန်ခံထားတာကို မညံ့ဖျင်းဘူး ဆိုတော့ …

    Comment by Aung Khin Myint — December 10, 2012 @ 1:56 pm

  14. မလေး ရေးတဲ့ဆောင်းပါးထဲမှာ မြန်မာနိုင်ငံပညာရေးက လုံးဝမညံ့ဖျင်းပါဘူး၊ ကောင်းလှပါတယ်လို့ ပါ-မပါ.. ဆောင်းပါးကို သေချာဖတ်သူတွေ သိမှာပါ။
    ” မြန်မာပြည်ပညာရေးဟာ လူတွေပြောနေသလောက် သုံးစားမရတဲ့ ပညာရေး မဟုတ်နေဘူး…..” “ရှိသလောက်ပေးနေတာကို ရသလောက်ယူနိုင်အောင်ယူဖို့” bad-mouth လုပ်ခံထိနေတဲ့ ပညာရေးကိုပဲ လက်လှမ်းမှီရှာတဲ့ လူငယ်တွေ discourage မဖြစ်ဖို့ အားပေးတဲ့ စာဖြစ်တယ်။

    ကုန်ကုန်ပြောရရင် အစိုးရပဲဖြစ်ဖြစ်၊ အတိုက်ခံပဲဖြစ်ဖြစ် ပြောသမျှကို လက်မခံပါဘူး။ အစိုးရကပြောလို့၊ အတိုက်အခံခေါင်းဆောင်ကပြောလို့ ဆိုပြီး ဘာမဆိုလက်ခံလိုက်တဲ့အထဲ မလေး မပါဘူး။ ကိုယ့်သုံးသပ်ချက်နဲ့ကိုယ်ပဲဖြစ်ပါတယ်။ အစိုးရက တရားဝင်ကြော်ငြာတိုင်း တရားဝင်တယ်ဆိုရင်……
    ………….
    ဘာဖြစ်လို့ ဒီအစိုးရကို တော်လှန်နေကြသေးလဲဆိုတာ တစ်ခါတွေးစရာဖြစ်နေပါတယ်။ သူတို့တရားဝင်ကြော်ပြာမှု မှန်သမျှကို လက်ခံလိုက်ကြရုံ ရှိမှာပါပဲ။

    နိုင်ငံခြားတွေက ပညာရေးတွေဟာလည်း အချိန်နဲ့အမျှပြောင်းလဲပြုပြင်နေကြတာပဲဖြစ်ပါတယ်။ ပညာရေးဆိုတာ အမြဲပြုပြင်နေရမယ်၊ ပြောင်းလဲနေရမယ်၊ လူတွေအတွေးအခေါ်ပြောင်းလဲနေတာနဲ့အမျှ ပညာရေးဟာ ပြောင်းလဲတိုးတက်နေမှာပဲ။

    ကိုပျူနိုင်ငံ မလေးစာကို သေချာဖတ်မထားတဲ့အတွက် .. မလေး ဘာမှ ဆက်မပြောတော့ပါ။ သံပုရာသီးဖြစ်ခဲ့ရင်တောင်မှ……..လို့.. ဥပမာပေးထားတာပဲ.. ကိုပျူနိုင်ငံ သေချာမဖတ်ဘူးလေ..။

    ဒီပိုစ်ကို စရေးကတည်းက လူ ၁၀၀မှာ ၉၈ ယောက်လောက်က မျက်စိပိတ်နားပိတ်ပြီး မြန်မာပြည်ပညာရေးက သုံးစားမရအောင် နိမ့်နေတယ်လို့ ပြောမှာ၊ လက်တွေ့ကောင်းအောင်တော့ မလုပ်ကြဘဲနဲ့ ဘာလုပ်ကြမယ် မဆွေးနွေးဘဲ၊ ဟိုလူလက်ညှိုးထိုး၊ ဒီလူလက်ညှိုးထိုး၊ နောက်ဆုံး ကိုယ့်ပေါင်ကိုယ်လှန်ထောင်း၊ ကိုယ့်အသားကိုယ်ပြန်လှီးတဲ့ အဖြစ်တွေကို သိနေပေမယ့် အဲဒီအထဲကနေ လူငယ်တွေရုန်းထွက်နိုင်ဖို့ကို လူမုန်းခံပြီးကို သတ္တိရှိရှိနဲ့ ရေးခြင်းဖြစ်ပါတယ်။

    တစ်ကယ်ဆို..လူတွေသဲသဲလှုပ်ထောက်ခံဖို့ မြန်မာပြည်ပညာရေး ဘယ်လိုအသုံးမကျတာကို ရေးဖို့က ပိုလွယ်ပါတယ်။ ဒါပေမယ့် အဲဒီဆိုးကျိုးကို ကိုယ်တွေခံနေရတာ ဘယ်နှစ်ရာစုရှိပြီလဲ…။ အဆိုးထဲက အကောင်းကိုဖြစ်စေရမယ်၊ အဆိုးကို ကောင်းစေရမယ်။ လက်တွေ့ဘာမှ မလုပ်နိုင်ရှာ (သေး) တဲ့ ပညာရှာမှီးလိုတဲ့ လူငယ်များ discourage မဖြစ်ဘဲ .. ဘဝက သံပုရာသီးတစ်လုံးပေးခဲ့ရင်တောင် စိတ်ဓာတ်မကျဘဲ သံပုရာရည်ဖျော်သောက်နိုင်အောင်ကြိုးစားရန် ရေးတဲ့စာပဲဖြစ်တယ်။

    Comment by မလေး — December 10, 2012 @ 2:01 pm

  15. I agree with you 150%. Such a good post.

    Comment by Htate Htar — December 10, 2012 @ 4:45 pm

  16. thz for sharing ma lay…. agree with u

    Comment by Kyaw Soe Aung — December 10, 2012 @ 5:11 pm

  17. အလွန်ကောင်းတဲ့ ဆောင်းပါးပါခင်ဗျာ

    ကျွန်တော် မြင်တာတော့ မြန်မာပြည် ပညာရေးက
    ၁. အမျိုးသမီးတွေ ကြီးစိုးမှု များတဲ့အတွက် ယောက်ျားလေးတွေကို လူလားမြောက်အောင် စွမ်းဆောင်ပေးနိုင်မှု နည်းတယ်

    2. ကိစ္စ တော်တော်များများမှာ other point of view ကို လေ့လာ သုံးသပ် ထည့်သွင်းစဉ်းစားရမယ် … ဆိုတဲ့ အသိကို ပေးနိုင်မှု အားနည်းတယ်.. ကျွန်တာတော့ သူလို ငါလိုပါဘဲ

    လို့ သုံးသပ်မိပါတယ်.. ကျွန်တော် ကျူရှင်ဆရာပါခင်ဗျာ

    Comment by Win Pyae Phyoe — December 10, 2012 @ 11:12 pm

  18. မနေ့ကတည်းက လာဖတ်သွားတယ် မလေး။ မလေး အဲလိုချပြတာတတ်တာလေးတွေကို ဇွန်ကြိုက်တယ်။ ဒီ့ထက်ပိုပြောရယင် မလေး သတ္တိရှိရှိနဲ့ (သဘောထား မတူညီတဲ့လူတွေအတွက်) လူမုန်းခံပြီးတင်ရဲတာမို့ မလေးကို ဇွန် လေးစားတယ်။ တကယ်ပါ။

    Comment by ဇွန်မိုးစက် — December 10, 2012 @ 11:18 pm

  19. မလေး…မြန်မာပြည် ပညာရေးဟာ နိမ့်တယ်ပဲဘယ်လိုဆိုဆို အချို့တွေ ဒီပညာနဲ့လုပ်စားနေတာတော့လဲ အမှန်ပါပဲ။ သို့သော်……… မလေးပြောတဲ့ခေတ်က ဘယ်နှစ်ခုနှစ်က အတိုင်းအတာကို ပြောနေတာလဲ…
    ဆရာဝန်တွေ မြန်မာပြည်ကဘွဲ့နဲ့ ဝင်ဖို့က အရင်ခေတ်ကဆို ဟုတ်ပါတယ်။ အခုလက်ရှိမှာတော့ မလေးပြောသလို မဖြစ်နိုင်ပါဘူး။ သူတို့တွေ ဟိုက ပညာရေးမှာ ဆက်တက်ရပါတယ် တက်ရင်လဲ အောင်သွားပီဆိုပါတော့ ကံကောင်းမှအလုပ်ရပါတယ်။ ဒါ ဆရာဝန်ကိုပြောတာပါ။
    အင်ဂျင်နီယာပိုင်း စလုံးမှာ တော်၂အလုပ်ရကြပါတယ်..ဒါပေမဲ့ သူတို့တော်၂များ၂ အဲ့ဒီကသတ်မှတ်ထားတဲ့ကျောင်းတွေ ဆက်တက်ကြပါတယ်။ လခကောင်းဖို့ပေါ့လေ….

    မြန်မာပြည်ပညာရေးက နိမ့်တယ်ဆိုပေမဲ့ တကယ်တတ်ချင် သူတွေအတွက် စာအုပ်တွေဆက်ဖတ်ပီး ကိုယ်ထူးကိုယ်ချွန်ကြိုးစားပီး ဆက်လက် ပညာဆည်းပူးလို့ရပါတယ်… ဒါက တပိုင်းပါ….

    မလေးပြောသလို အဆောင်တွေ တက္ကသိုလ်တွေ မီးအမြဲလာတယ်ဆိုတာ ဘယ်နှစ်ခုနှစ်တုန်းက စာတွေပါလဲ…..
    ပီးတော့ အလကားသင်လို့ရတယ်ဆိုတာကရော ဘယ်နှစ်ခုနှစ်တုန်းကပါလဲ…
    မြန်မာပြည်ပညာရေးမှာ ကြာခဲ့ပါပီ။ အရင်က ပဲပြုတ်သည် ဆိုက်ကားသမား သားသမီးတွေတောင် ပညာတော်ရင်တော်သလို အင်ဂျင်နီယာ ဆရာဝန်ဖြစ်နိုင်ပါသေးတယ်… အခုတော့ ရိုးရိုး ကျောင်းဆရာ သားသမီးတောင် အဲသည်လို အသက်မွေးတက္ကသိုလ်တွေမှာ တက်ဖို့မနဲ ဖြစ်နေပါတယ်။
ောက်ပြဝေဖန်သုံးသပ်တာကောင်းပေမဲ့ သေသေချာချာလေ့လာပီးမှ ခေတ်နဲ့လျော်ညီစွာ သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။

    Comment by စာလာဖတ်သူ — December 11, 2012 @ 5:52 am

  20. အရမ်းကောင်းပါတယ်ဗျာ။ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ကျွှန်တော်ဒီ အထဲက စာသားတချို.ကိုလေ ကျေးလက် ဒေသမှာ ကျွှန်တော်.ဘ၀အကြောင်းကလေး ကို ပညာသင်နေသောကလေးတွေကို ပြောတဲ. အခါမှာယူသုံးလို.ရမလားခင်ဗျာ၊ကျေးဇူးပြုပြီးပြန်ကြားပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

    Comment by kyaw myo hlaing — December 11, 2012 @ 6:39 am

  21. ဘာပဲဖြစ်လိုနေနေ ကိုယ်.ဘက်ကတော.ရအောင်ယူရမှာပဲ။ ဘ၀ကိုတော. ကောင်းတဲ.ဘက်ကကြည်.ပြီး ကြိုးစားရမှာပါပဲ။ တစ်ဖက်ကပဲကြည်.ကြည်. နှစ်ဖက်ကပဲကြည်.ကြည်. လူငယ်တွေကြိုးစားစေချင်တဲ.ဆန္ဒအရ ကောင်းချီးပေးပါတယ်၊ စိတ်ဓါတ်ကလေးတွေကို အခုလိုမြင်.တင်ပေးတဲ.အတွက်ကောင်းပါတယ်။

    Comment by kyaw myo hlaing — December 11, 2012 @ 6:47 am

  22. စာလာဖတ်သူ — Doctor of the Year ရသွားတဲ့ ဆရာဝန်မဟာ အသက် ၃၀ကျော်ပဲ ရှိပါသေးတယ်။ ဟိုခေတ်က မဟုတ်တာသေချာပါတယ်။ ကျမ ပတ်ဝန်းကျင်က အောင်မြင်နေတဲ့ မြန်မာဘွဲ့နဲ့ လူတွေဟာ အသက် ၄၀ အောက်တွေပါ။ ၅၀ နဲ့ ၆၀ကြားတွေ ပြပါဆိုလည်း ဒီမြို့မှာတင် ၂ ယောက်ရှိနေတယ်။ ဒါတောင် ကိုယ်မသိတဲ့လူတွေရှိဦးမယ်။
    သူတို့လို လူတွေရှိနေတယ်.. ပညာရေးမကောင်းတာတောင် ကြိုးစားလို့ရတယ်လို့ အားပေးနေတာပါ … ဒီလို success stories တွေ ကိုပြောပြပြီး အားပေးနေတာပါ။
    Please don’t be defensive. Just try to make lime juice out of lemon. ပညာရေး ကောင်းလွန်းလှပါတယ်၊ ဘာမှ ပြင်စရာကို မလိုပါဘူးလို့ ကျမ ရေးထား မထား သေချာဖတ်ပြီးမှာ ကော့မန့်ရေးကြပါ။ Thanks for reading my post but please do so with open mind. အဆိုးထဲက အကောင်းဖြစ်အောင်ကြိုးစားဖို့ ရေးထားတာပါ။ အဆိုးထဲက အကောင်းဆိုတဲ့ ဝါကျကိုတော့ ထပ်ခါထပ်ခါ မရှင်းရပါရစေနဲ့တော့။

    Kyaw Myo Hlaing - ယူသုံးလို့ ရပါတယ်ရှင်။

    Comment by မလေး — December 11, 2012 @ 9:17 am

  23. အလကားပေးတဲ့ ပညာရေးဆိုတာ မြန်မာပြည် တစ်ပြည်တည်း မဟုတ်ပါဘူး ဆရာရယ်၊ နိုင်ငံတိုင်းလိုလို သူ့နိုင်ငံသား၊ တရားဝင် နေထိုင်ခွင့်ပြုထားသူတွေကို အဲဒီ ပညာရေး အလကား ပေးပါတယ် ဂျာ (စိတ်မဆိုးပါနဲ့ ) …း))))

    Comment by Aung Khin Myint — December 11, 2012 @ 10:15 am

  24. ဟုတ်တယ် မလေး.. မြန်မာပြည်က ပညာရေးက သုံးစားမရလောက်အောင် ညံ့မနေဘူး.. တစ်ခုပဲ.. စနစ်မကျတော့ ခေါင်းထဲကို အကုန်စုပြုံထိုးထည့်ပြီး ထည့်ပေးလိုက်တာနဲ့ တူနေတယ်.. လက်တွေ့လည်း အားနည်းတော့ ပြန်ပြီး apply လုပ်ဖို့လည်း မလွယ်ဘူး..ဒါပေမယ့် အဲဒီထဲက ကိုယ်က ရသလောက် ယူနိုင်ဖို့ ကြိုးစားဖို့ပဲ လိုတာပါ.. တကယ်တော့ ဒီမှာ တခြားနိုင်ငံကလူတွေနဲ့ယှဉ်ရင် မြန်မာတွေက သိလွယ် တတ်လွယ်တဲ့အပြင် ပိုတော်ပါတယ်.. အဲတော့ နောက် လူငယ်တွေအဖို့ကတော့ မြန်မာပြည်က ပညာရေးညံ့လို့ ဘာဖြစ်တယ် ညာဖြစ်တယ် ထိုင်ပြောနေမယ့်အစား ကိုယ့်ဘက်က အကောင်းဆုံးလေ့လာသင်ယူဖို့ လိုတယ်လို့ ထင်မိတာပါပဲ..

    Comment by Julia Saw — December 11, 2012 @ 10:16 am

  25. တစ်ခုလောက်တော့ ဝင်ပြောပါရစေ .. ၂၀၀၃/၄ လောက်အထိ အဆောင်
    ပေးခဲ့တဲ့ကျောင်း/ကျုရှင်လုံးဝမရှိဘဲ ကြိုက်တဲ့အချိန်ဆရာ/ဆရာမတွေကို
    စာမေးလို့ရတဲ့ကျောင်း/အရမ်းကို အဆင့်မီကောင်းမွန်တဲ့စာကြည့်တိုက်နဲ့
    သက်ဝင်လှုပ်ရှားနေတဲ့ကျောင်း/ဘွဲ့ကြိုတန်းတွေမှာ အခြေခံအုတ်မြစ်ချ
    ပေးနိုင်ခဲ့တဲ့ သင်ရိုးညွန်းတမ်းတွေရှိတဲ့ကျောင်း/ကျောင်းသား/သူတွေစာမေးပွဲမှာခိုးချလို့မရအောင် လိပ်ပြာရှက်စေတဲ့ကျောင်း/အမှန်အကန်
    လက်တွေ့စာတွေ့ကြိုးစားရတဲ့ကျောင်း/နိုင်ငရပ်ခြားဘွဲ့လွန်သင်တန်းတွေမှာ
    မျက်နှာမငယ်စေရတဲ့ကျောင်း မြန်မာနိုင်ငံမှာ တစ်ကယ်ရှိခဲ့ပါတယ်..
    ရေဆင်းက သစ်တောတက္တသိုလ်/စိုက်ပျိုးရေးတက္တသိုလ်နဲ့တိမွေး/ကု တက္တသိုလ်တို့ပဲ ဖြစ်ပါတယ် .. အဲဒီနောက်ပိုင်းမှာတော့ အနည်းငယ်
    ပြောင်းလဲမှု ရှိတယ်လို့သိရပါတယ် .. ဥပမာ အဆောင် မပေးတော့တာမျိုးပါ…

    Comment by Min Aung Hein — December 11, 2012 @ 10:17 am

  26. မပေးပါဘူး ကိုအောင်ခင်မြင့် နိုင်ငံခြားမှာ ဘွဲ့တစ်ခုရဘို့ ဒေါ်လာသောင်းချီကုန်ပါတယ်။ High School ထိပဲ အလကားပေးတာ။ (အစိုးရက သနားလို့ ဝင်ငွေနည်းသူတွေကို ပေးတဲ့ အလကား course တွေ မပါဘူး) ဟိုနေ့က လင့်ခ်တွေ ထားထားခဲ့တယ်လေ။ ယူအက်စ်မှာ ဆရာဝန်ဖြစ်ဖို့ ငွေဘယ်လောက်ကုန်တယ်ဆိုတာ သေချာ ဒေတာတွေနဲ့ရှိတယ် .. နိုင်ငံသားတွေပါ။ ကိုအောင်ခင်မြင့်တို့ တိုင်းပြည်တော့ မသိဘူး၊ ယူအက်စ် - ကနေဒါမှာ တက္ကသိုလည်ပညာရေးဟာ နိုင်ငံသားပဲဖြစ်ဖြစ် အလကား မပေးပါဘူး။ နိုင်ငံခြားသားဆို ပိုဈေးကြီးပါတယ်။ မလေး စိတ်မဆိုးဘူး။ နိုင်ငံတိုင်းမှာ ပညာရေး (အထူးသဖြင့် တက္ကသိုလ်) ပညာရေးဟာ အလကား ဆိုလို့ အံ့သြသွားလို့ပါ။

    http://www.ubc.ca/
    http://www.sfu.ca/

    နှိပ်ကြည့်လိုက်ပါ။ course ပေါ်မှာ မူတည်ပြီး ၂၀၀ တန်ကနေ ၃၈၀၀ တန် course ထိရှိပါတယ်။ နိုင်ငံသားတွေအတွက်ပါပဲ။

    Comment by မလေး အိမ့်ချမ်းမြေ့ — December 11, 2012 @ 10:18 am

  27. Sis, I really agree with your post. Recently I’m working at UAE as an Engineer. As you know, UAE is all kind of nationalities come & work here because of local people are not working at all. In our Engineering Department, we’ve Myanmar, Phillipine, India, Sri Lanka, Nepal, Egypy,Jordan,Russia, Romania & USA. Total we’ve almost 60 people in the department. But mainly technical skill strong person in Asian are only Myanmar & Phillipine. We knows everything by technical terms. I don’t want to compare ourselves with European. But I really proud for our Myanmar Engineers when we compare with other Asian. Eg: Some Indian engineer they don’t know how to read RESISTOR, they don’t know what is DIODE. They are hard worker than us but they didn’t learn well like us. Even Egypt, Jordan people cannot know Technical things more than us.
    And I still agree for Universities. I studied in GTC, Thanlyin. It is not RIT nor YIT. Just a small college but enough workshop & proper equipment we can use. Of course, the person if they don’t want proper study, they’ll never find where is lab items are keep. Food are not provide but ferry bus are cheap price.
    For the person who work oversea, they are keep complaining about TAX but I do believe that they’ll never show their true salary to embassy (except if they cannot trick at all)

    Regards,

    Tom

    Comment by tom — December 11, 2012 @ 12:05 pm

  28. 200 တန်းလေးတက်ချင်ထှာ… ဟိဟိ…… အဲလောက်ဆိုမဆိုးဘူးနော်…..

    Comment by ကိုကိုး အိမ် — December 11, 2012 @ 6:02 pm

  29. စကောလာ ၅ နှစ်တို့ အတိုးနှုန်းသက် သာတဲ့ ဘဏ်ချေးငွေတို့နဲကျောင်းတက်လို့ ရတာ မရှိဘူးလာဗျာ … မြန်မာပြည်မှာလည်း ကျောင်းလခပဲ မပေးရတာ ကျန်တာအားလုံး ကျောင်းသား သို့မဟုတ် သူ့မိသားစုက ပေးရတာပါ … အီးယူ မှာတော့ စကောလာ ၅ နှစ် (တက္ကသိုလ်တက်မှ ၅ နှစ်လို့ စမှတ်ယူပါတယ်၊ တက္ကသိုလ် မဟုတ်တဲ့ သာမန် အထက်တန်းကျောင်းတွေ တက်နေရင် စတောင် မမှတ်ပဲ ပေးပါတယ်။ အဲဒီ စကောလာဟာ ကိုယ်ပိုင် အခန်းဌားပြီး ကိုယ့်စားစရိတ်နဲ့ကိုယ် လုံလောက်ပါတယ် … မြန်မာပြည်မှာ စကော်လာ ရှိခဲ့ရင် အဲဒါဟာ တက္ကဆီ တစ်ခါတောင် ဌားစီးလို့ရသလား မလေးရယ် …း))))

    Comment by အောင်ခင်မြင့် — December 11, 2012 @ 6:03 pm

  30. ညန်မာပီမှာလည်း ကျောင်းလခပေးရပါတယ် အကိုကြီးရယ်…… ပထမနှစ်ကနေ စတုတ္ထနှစ်ထိ တစ်နှစ်စာကျောင်းအပ်ရင် ၃သောင်းခွဲကုန်တယ်ဗျ… ကျောင်းးပြီးတော့ ဘွဲ့လွန်ဒီပလိုမာတန်းကူးတာ ကျောင်းလခ နှစ်သောင်းနဲ့ခြောက်ရာ သွင်းရပါတယ်….. မဟာတန်းမှာလည်း သွင်းလိုက်ရတဲ့လခတွေ…. ဒါတောင် MBA မဟုတ်သေးဘူး….. အင့်…. ဟင့်….

    Comment by ကိုကိုး အိမ် — December 11, 2012 @ 6:03 pm

  31. ကျောင်းတက်နေရင်း စားဖို့သောက်ဖို့ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ နိုင်ငံတော်က ဘယ်လို စီစဉ်ပေးလဲ ဗျ … ပြည်တွင်းနဲ့ ၁၆ နှစ်လောက် အဆက်ပျက်နေလို့ပါ …

    Comment by Aung Khin Myint — December 11, 2012 @ 6:03 pm

  32. တစ်နှစ်ကို လေးလနှစ်ဖြတ် ရှစ်လကျောင်းတက်ရတယ်….. ပထမနှစ်မှာတော့ အဆက်အသွယ်မရှိလို့ အိမ်ကပေးတဲ့ တစ်လငါးသောင်းပဲသုံးရတယ်… ဒုတိယနှစ်ကစပြီး ကျူရှင်လုံးဝမယူတော့ဘဲ သင်တန်းတွေတက်တယ်…. အပြင်မှာ ကိုးတန်းဆယ်တန်းဂိုက်လုပ်တယ်…. တတိယနှစ်မှာ ကွန်ပျူတာတစ်လုံးဝယ်ပြီး အိမ်တွေမှာ လိုက်သင်ပေးတယ်….. စတုတ္ထနှစ်ရောက်တော့ အသိသူငယ်ချင်းတစ်ယောက်စာသင်နေတဲ့ ဝိုင်းမှာ မြန်မာစာသင်ပေးတယ်……. ကျောင်းချိန်ကနေ့တစ်ဝက်ဆိုတော့ ကျန်တဲ့တစ်ဝက်မှာ ကြိုက်တဲ့အလုပ်လုပ်လို့ရတယ်…… အလုပ်ချိန်တင်းကျပ်ထားတာမရှိတော့ ညပိုင်းမှာပါ ဘီယာဆိုင်တွေမှာ အလုပ်ဝင်လုပ်ရင်အဆင်ပြေပါတယ်….. ကိုယ့်ကျောင်းစရိတ်နဲ့သင်တန်းစရိတ်ကာမိရုံလောက်ပေါ့……. နိုင်ငံတော်က စီစဉ်ပေးတာရယ်တော့မရှိဘူး….. အဖေအမေကစီစဉ်ပေးတာကောင်းရင်တော့ အဲတုန်းက သိန်း ၃ဝ တန်ဖုန်းတွေကိုင်ပြီး ဒိုတွေနဲ့ကျောင်းတက်ရတာပေါ့……

    Comment by ကိုကိုး အိမ် — December 11, 2012 @ 6:04 pm

  33. သယံဇာတ ပေါများကြွယ်ဝတဲ့ နိုင်ငံတစ်ခုရဲ့ ပညာရေးဟာ အဲဒီလောက်ပဲလား ဗျာ …း)))))

    Comment by Aung Khin Myint — December 11, 2012 @ 6:04 pm

  34. အဲဒီသယံဇာတတွေက ကိုယ့်မိဘတွေရဲ့ သယံဇာတမဟုတ်ဘူးလေ…….
    ပညာရေးက တက္ကသိုလ်မှာ သင်တဲ့ဆရာမတွေက သင်တာမကောင်းတာမဟုတ်ဘူးဗျ…. ကျောင်းသားတွေက ကျောင်းချိန်မှာ ကဲန်တင်းရောက်နေပြီးတော့ စာမရ၊ စာမေးပွဲမဖြေနိုင်၊ ခိုးချကြနဲ့ တကယ့်လက်တွေနယ်ပယ်ကိုရောက်ပြီဆိုမှ Apply မလုပ်နိုင်ကြတဲ့အခါ ကျောင်းပညာရေးဘာဖြစ်တယ်ဆိုပြီး ပုံချကြတာပါ….. တခြားမေဂျာမှာတော့မသိဘူး.. ကျနော်တို့ ဥပဒေဌာနမှာတော့ ဆရာမတွေ တကယ်သင်ကြတယ်…. လက်တွေ့အသုံးချလို့ရတာ စာအုပ်ထဲက သီအိုရီတွေမဟုတ်ဘဲ သူတို့ပြောပြတဲ့ Knowledge တွေဖြစ်နေတော့ အတန်းမတက်ဘဲ စာကလေးရွတ်သလိုရွတ်ပြီး One Subject, One Night လုပ်ကြတော့ တကယ့်နယ်ပယ်မှာ နလပိန်းတုန်းတွေဖြစ်ကုန်တာ…. တကယ်က ပညာရေးလည်းကောင်းတယ်… တကယ်ကောင်းတဲ့ဆရာတွေလည်း ပေါပါတယ်… ကျောင်းသားတွေကိုပြင်ရမှာဗျ…

    Comment by ကိုကိုး အိမ် — December 11, 2012 @ 6:04 pm

  35. သင်ခဲ့ ကျောင်းအတူတက်ခဲ့တဲ့ အထဲ ကဲန်တင်းမသွားပဲ အခန်းထဲမှာ ဆရာ ဆရာမ ပြောတာကိုး မှန်မှန်ကန်ကန် လိုက်လုပ်တဲ့ ကျောင်းသားတွေထဲ ၇ာခိုင်နှုန်း ဘယ်လောက် လောက် အဲဒီပညာနဲ့ သူတို့ဘ၀ ခိုင်မာ သွားကြသလဲဗျ … တကယ်သိချင်လို့ပါ …

    Comment by Aung Khin Myint — December 11, 2012 @ 6:04 pm

  36. ရေးပါ အဲသလို ဘာဖြစ်သင့်တယ်ဆိုတာ ရေးသင့်ပါတယ်.. ရွဲ့သလို စောင်းသလို ရိသလို ထေ့သလို ရေးရင် ကျန်သူတွေ နားမလည်တဲ့အတွက်။ အခုလို ဖြစ်သင့်တာတွေကို ရေးသင့်ပါတယ်။
    သံယံဇာတ ပေါကြွယ်ဝတယ်ဆိုတာကလည်း အခြားတိုင်းပြည်တွေလည်း ပေါကြွယ်ဝတာပါပဲ။ မြန်မာတစ်ပြည်တည်း မဟုတ်ဘူး။ ဘာမဆို အလကားလိုချင်နေတယ်ဆိုရင်တော့ မဟုတ်သေးဘူးလေ ။
    ဒီတိုင်းဆို ပညာရေးကို ဒီနိုင်ငံက လူတွေလိုပဲ ထိုက်သင့်တဲ့အတိုင်း ပေးနေတဲ့ လမ်းတွေ မြင်နေရတာ သဘောကျတယ်
    Good for you guys!!
    ကိုအောင်ခင်မြင့်ရယ်.. ရာခိုင်နှုန်းသိချင်ရင် ကိုယ့်ဘာသာ research လုပ်ကြည့်ပါ။ ကျမပို့စ်ကို လာလာထောက်မနေပါနဲ့ရှင်၊ ကျမက ကြိုးစားချင်သူကို အားပေးနေခြင်းပါး))

    Comment by မလေးအိမ့်ချမ်းမြေ့ — December 11, 2012 @ 6:05 pm

  37. မလေး မှားနေပြီ … ကျနော်က စနောက်နေတာ မလေးကို ကျနော်က ရွှဲ့စောင်း ပြောရအောင် ကျနော်တို့က ရန်သူတွေ မဟုတ်ဘူးလေ ဗျာ ..

    Comment by Aung Khin Myint — December 11, 2012 @ 6:05 pm

  38. Ko Aung Khin Myint
    ကျနော်တို့ 2005 Intake ကိုတော့ သိသလောက်ပြောလို့ရပါတယ်….
    ပထမနှစ်ကျောင်းသား - ၅၇ဝ
    ဒုတိယနှစ်ကျောင်းသား - ၄၂ဝ
    တတိယနှစ်ကျောင်းသား - ၃၅ဝ
    စတုတ္ထနှစ်ကျောင်းသား - ၂၇ဝ
    တကယ်ဘွဲ့ယူတဲ့အချိန် မောင်မယ် ပေါင်း (၂၁ဝ)
    သင်ထားတဲ့ဥပဒေပညာနဲ့လက်တွေ့အလုပ်ဝင်နေတာ အယောက် (၃ဝ) လောက်ရှိပါတယ်.. အစိုးရအရာရှိဖြစ်သွားတာ (၁ဝ)ယောက်လောက်ရှိပါတယ်… တက္ကသိုလ်ဆရာဖြစ်သွားတာ (၅)ယောက်ပါ.. အလုပ်ဝင်နေတဲ့သူတွေတကယ်တတ်မတတ်တော့ မသိပါဘူးဗျ.. ….. ဒါ စာတမ်းတစ်ခုစာပဲ….. ကဲပေးတော့… Supervisor ကြေး…..

    Comment by ကိုကိုး အိမ် — December 11, 2012 @ 6:06 pm

  39. ရသေ၇းသူ စာေ၇းဆရာ ဆရာမ တစ်ဦးဟာ ဘယ်တော့မှ ဖြစ်နိုင်၇င် ဘယ်တော့မှ အငြင်းပွားဖွယ် နိုင်ငံရေးအဆင့် အစ်ရူးကို ဦးဆောင် မဆွေးနွေးသင့်ဘူး (ဒါ စေတနာနဲ့ ပြောတာပါ …) … စာရေးဆရာမ ဂျူးဟာ “ကံကြမ္မာကို မယုံကြည်ကြသူများ” စာအုပ်ကို ရေးခဲ့ပါတယ် … အဲဒီ ၀တ္ထုစာအုပ်ဟာ ခပ်ရှင်းရှင်း ပြောရရင် စာဖတ်သူကို အဆင့်အတန်း ခွဲခဲ့တဲ့ စာအုပ်၊ စာပေ အမျိုးအစားပါ … အဲဒီ စာအုပ်ဟာ ဆေးပညာ မှတ်တမ်း များနေလို့ ဥပမာ အခြေခံပညာ အထက်တန်းအဆင့် မအောင်ခဲ့တဲ့ ပရိတ်သတ် ဖတ်ရင်း နာလည်ဖို့ ခက်ပါတယ် …. ကျနော် ဆိုလိုတာက အဆိုးထဲက အကောင်းရှာတယ်ဆိုတာ အင်မတန် အငြင်းပွားဖွယ်ပါ … ငြင်းတယ်ဆိုတာ ခင်လို့ လာ ငြင်းလာတာပါ …း) …. ပြည်တွင်း ပညာရေးစနစ်နဲ့ ပက်သက်ပြီး ပြည်တွင်းက ပညာရှင်တွေကိုယ်တိုင် စိတ်ပျက်နေတာပါ ဗျာ …

    Comment by Aung Khin Myint — December 11, 2012 @ 6:06 pm

  40. In Denmark, education is free of charge for every body. Every student get scholarship about 1000 US after tax. That is Denmark´s constitution.

    Comment by Joe Joe Lin — December 11, 2012 @ 6:06 pm

  41. တော်ပြီ…. စရိတ်ပဲကုန်ခံပြီး ဒိန်းမတ်မှာကျောင်းလာတက်တော့မယ်….. @Joe Joe Lin ရေ…….

    Comment by ကိုကိုး အိမ် — December 11, 2012 @ 6:07 pm

  42. Ko Aung….. ကျနော်ကတော့ ဆရာမဂျူးရဲ့ ကံကြမ္မာကို မယုံကြည်ကြသူများကို အရမ်းကြိုက်တာဗျ…… ဆရာဝန်သူငယ်ချင်းတွေကို ဇာတ်ရုပ်ချပြီး သူ့နေရာနဲ့သူတည်သွားတာ… အရမ်းကောင်းလို့…..

    Comment by ကိုကိုး အိမ် — December 11, 2012 @ 6:07 pm

  43. Health insurance is also free of charge for every body in Denmark. This is also Denmark´s constitution.

    Comment by Joe Joe Lin — December 11, 2012 @ 6:07 pm

  44. ငယ်ငယ်လေးတည်းက Free ဆိုရင် သိပ်စိတ်ဝင်စားတာ….. Free ကြိုက်လွန်းလို့ Marketing သမားတွေရဲ့ ခဏခဏခေါင်းရိတ်ခံရတာလည်း မမှတ်ဘူး…..

    Comment by ကိုကိုး အိမ် — December 11, 2012 @ 6:08 pm

  45. ရသရေးတဲ့လိုင်းကိုပဲ ရေးမယ်လို့ မလေး မဆုံးဖြတ်ရသေးပါဘူး။ အငြင်းပွားဖွယ် ဆောင်းပါးတွေ မလေး ရေးနေတာကြာပါပြီ .. ဒါ ပထမဆုံးဆောင်းပါးမှ မဟုတ်တာ။ ရန်သူလည်း မဖြစ်ပါဘူး… ဘယ်တော့မှ… မလေးလည်း ကျန်သူကို အချိန်ကုန်ခံ ဘယ်တော့မှ ပြန်မငြင်းနေဘူး။

    ဂျူးက ဂျူးပဲလေ.. အိမ့်ချမ်းမြေ့က အိမ့်ချမ်းမြေ့ပဲ၊ ရသထဲမှာလည်း အငြင်းပွားဘွယ်တွေက အများကြီးရယ်… မမြင်ကြလို့ပါ။ ကိုအောင်ခင်မြင့်က မလေးကို စေတနာနဲ့ပြောတာ ကျေးဇူးပါ။ ဒါပေမယ့် ဘာရေး - ဘာမရေးနဲ့ဆိုတာ မလေးကို ဘယ်သူမှ ပြောလို့ မရဘူး.. .
    ပညာရှင်တွေ စိတ်ပျက်နေရုံနဲ့ မဖြစ်ဘူး။ အခုက စိတ်ပျက်နေရုံကနေ မတက်ကြသေးဘူးလေ။ ဒါကြောင့် လက်တွေ့တိုးတက်အောင် မလုပ်နိုင်သေးသ၍ စာကြိုးစားသင်ကြားလူတွေ စိတ်ဓာတ်မကျအောင် ခုလို အားပေးတဲ့ (အငြင်းပွားဖွယ် စာတွေကို) ဆက်ရေးနေဦးမှာ ဖြစ်ပါတယ်။

    အဆိုးထဲက အကောင်းမရှာကြနဲ့၊ ဆက်လက်ပြီး Negative အမြင်တွေနဲ့ ကိုယ်သင်ကြားနေတဲ့ ပညာကို ဆက်လက်တံတွေးထွေးကြ၊ အရွဲ့တိုက်ကြ၊ မကောင်းပြောနေကြ.. လို့ မလေး ဘယ်တော့မှ ပြောလိမ့်မယ် မဟုတ်ဘူး။ အဲသလို ရေးစေချင်နေကြတာလား…။ မြန်မာပြည်ပညာရေး ဆိုးဝါးညံ့ဖျင်းလှပါတယ်လို့။ အိုကေ.. ရေးပါပြီတဲ့… then what??? ဆိုးတယ် ညံ့တယ် .. then what??? အဲလိုပြောနေပြီး လက်တွေ့ဘာမှလည်း တိုးတက်အောင် လုပ်မပေးဘဲ ဟိုကလူတွေ စိတ်ဓာတ်ပိုကျအောင်၊ စိတ်ပိုလေအောင် လုပ်နေတဲ့လုပ်ရပ်တွေ မလေး မလုပ်ဘူး။

    နောက်တစ်ခုက ကိုကိုးပြောတဲ့အတိုင်းပဲ.. သူတို့ရဲ့ မားကတ်တင်းနည်းတွေဖြစ်တယ်။ အလကား ပေးနေတယ်.. အခွန်ကင်းလွတ်ခွင့်ပေးနေတယ်.. ဆိုတာ ဆိုးရွားလှတဲ့ ရာသီဥတုရှိတဲ့ တိုင်းပြည်ကို immigrant တွေ များများလာမှဖြစ်မယ်။ အဲလို များများလာအောင် အဲလို ငါးမျှားတံတွေနဲ့ မျှားနေတာဖြစ်တယ်။ အဲသလိုတိုင်းတွေရဲ့ စီးပွားရေးတွေ ဆက်လက်လည်ပတ်ဖို့ ဈေးပေါပေါနဲ့လာမယ့်၊ သူတို့သြဇာခံမယ့် immigrant တွေကို သူတို့လိုအပ်နေတယ်။ (သူတို့စကားတောင် ကောင်းကောင်းမတတ်တာ - ရောက်ခါစဆို လူရည်မလည် ကျွတ်နေကြတာ ဘယ်လိုသူတို့ကို အာခံမလဲ၊ အိန်ဂျယ်တွေလုပ်နေတာ - အိမ်မှာပဲကျယ်တဲ့ အိန်ဂျယ်ကိုပြောတာပါ :D) It’s their marketing strategy. ကိုအောင်ခင်မြင့်ပြောသလိုပဲ… ကျမ ပြောလိုတာကိုလည်း တော်ရုံအတွေ့အကြုံ.. နဲ့ နားလည်ကြပါ့မလားလို့လည်း တွေးမိပါတယ်။

    Comment by မလေးအိမ့်ချမ်းမြေ့ — December 11, 2012 @ 6:08 pm

  46. Nothing is free in this world. You get something free and you don’t even know what they are sucking out of you for the things that you get for “supposedly free”: Your culture, your right to speak your mother-tongue, your existence. အထူးသဖြင့် သင့်ရဲ့လုပ်အားတွေ… သူတို့လိုချင်တာ အဲ့ဒါ.. You’d even have to give up your own children to their culture in the end. But that’s fine if that’s what you want & what you’re proud of.
    Nothing is free in this world. You ALWAYS pay back somehow.

    Comment by မလေးအိမ့်ချမ်းမြေ့ — December 11, 2012 @ 6:10 pm

  47. ကျနော့်ဗျာ. ကျောင်းမပြီးခင်ဒီစာလေးဖတ်ခဲ့ လိုက်ရကောင်းသား. ဘာလို့စောစောမမွေးတာလဲ.း)

    Comment by Zaw Myo Nyunt — December 11, 2012 @ 6:10 pm

  48. ကိုပျူနိုင်ငံက မြန်မာပြည် ပညာရေးညံ့ဖျင်းတယ်ပြောတယ်။ တစ်ချိန်ထဲမှာပဲ မလေးကို ဘာရေးသင့်တယ် မရေးသင့်ဘူးပြောတာဟာ.. ပိတ်ပင်ထားတဲ့ ပညာရေးရဲ့ ပုံစံအတိုင်းဖြစ်မနေဘူးလား။ ပြောရမှာပေါ့. ခုလိုတွေရေးနေရမယ်… ဆွေးနွေးနေရမယ်… အပြန်အလှန်တွေ ဆွေးနွေးနေရမယ်… ဆန့်ကျင်ဘက် အမြင်တွေကို ရေးရဲပြောရဲရမယ်၊ မြင်ရဲ ဆွေးနွေးရဲရမယ်။ မြန်မာပြည် ပညာရေးမှာလို တစ်ဘက်တည်းက ပြောနေသင်နေတဲ့ ပညာရေးမျိုး မဟုတ်ဘဲ.. ၃၆၀ ဒီဂရီ ပညာရေးဖြစ်ရမယ်လေ..။ ဒီလိုဆောင်းပါးမျိုးရေးလို့ မလေးလို ရသ သမားဟာ ရသတွေ ပျောက်ပျက်မသွားဘူး။ မလေးအတွက်က အသက်ရှင်နေသ၍ ရသဟာ ရှိနေမှာပဲ..
    အခုဆောင်းပါးဟာလည်း မလေး အတွက် ရသ တစ်မျိုးပဲ…
    ဒီလိုလူအများကြီး သဘောမတူ/မတူရဲ တဲ့ စာမျိုးကို ရေးလို့ မလေး ရသစာစုတွေကို မဖတ်ဘူးဆိုလည်း … ကျေနပ်တယ်။ မဖတ်ကြနဲ့။ မလေးကတော့ စေတနာစီးသမျှ ကြိုက်ကြိုက် မကြိုက်ကြိုက် ရေးနေမှာပါပဲ။

    Comment by မလေးအိမ့်ချမ်းမြေ့ — December 11, 2012 @ 6:10 pm

  49. မလေး ရှယ်လိုက်မယ်နော် .. ကျေးဇူးပါ

    Comment by Kyawthetlatt Maung — December 11, 2012 @ 6:58 pm

  50. • သင်ယူတဲ့သူတွေကသာ ပြင်ရမှာပါ။ အဲဒီမကောင်းတဲ့ ပညာရေးနဲ့ဘဲ နိုင်ငံခြားထွက် နိုင်ငံသားဖြစ်နေတဲ့သူတွေ ဘယ်လောက်တောင် များနေပြီလဲ။ ဒီလိုဘဲ သင်တာတွေက ကောင်းပါတယ်။ ခက်တာက မြို့ကျောင်းတွေမှာ ဂုဏ်ပြိုင်လိုစိတ်၊ တချို့ဆရာ/မ တွေရဲ့ ကိုယ်ကျိုးပိုကြည့်တာလေး တခုပါပဲ။ နောက် အဲဒီကောင်းတဲ့ ပညာရေး လူတိုင်းနီးပါးရောက်နိုင်အောင် လုပ်နေရရမှာပါ။ လုပ်လည်းလုပ်နေကြပါတယ် ပရဟိတအဖွဲ့တွေလည်း များလာပါပြီ။ ကျောင်းပြီးရင် သွားရမယ့်လမ်းကြောင်းလေးတွေ ဖော်ပေးဖို့တော့ လိုတယ်။

    Comment by Thet Naing Tun — December 11, 2012 @ 6:59 pm

  51. ပြီးပြည့်စုံတဲ့ ပညာရေးစနစ်ရယ်လို့ ဘယ်တိုင်းပြည်မှာမှ မရှိသေးပါဘူး။ ဒီဘက်မှာဆို ဆရာ-ဆရာမတွေ တစ်ချိန်လုံး ဆန္ဒပြနေတယ်။ ရီပေါ့ကဒ် ထုတ်မပေးဘူး၊ အထက်တန်းအောင်အမှတ်စာရင်းထုတ်မပေးလို့ အထက်တန်းကျောင်းသားတွေ အရမ်းဒုက္ခရောက်တယ်။ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေလေ…. မြန်မာပြည်က ဆရာ-ဆရာမတွေ ဒီမိုကရေစီရလို့ကတော့ အဲသလို လိုက်မလုပ်ပါစေနဲ့လို့ ဆုတောင်းကြပါ။
    သူတို့မှာလည်း သူတို့ ဒုက္ခနဲ့သူတို့။ ကိုယ်တွေမှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပါ..။ ဘယ်ဟာမှ ရာနှုန်းပြည့် ပြည့်စုံ မကောင်းမွန်ပါဘူး။ မြန်မာပြည်ပညာရေးကိုပြည့်စုံကောင်းမွန်တယ်လို့ မလေး မပြောဘူး။ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ဖို့ပြောနေတာ… မောပြီ။

    Comment by မလေး — December 11, 2012 @ 7:29 pm

  52. မလေး ဘာတွေစိတ်ပျက်နေတာလဲ့ပညာရေးနိမ့်ကျမူ့ဒဏ်ကအားလုံးခံစားခဲ့ရတာလေ့

    Comment by ThTun Tun Tele — December 11, 2012 @ 8:37 pm

  53. မလေး စာတွေ ဆက်ေ၇းပါ။ အသေးစိပ်မဆွေးနွေးနိုင်သေးပေမယ့် မလေးအတွေးနဲ့ထပ်တူပါ။ ခုလောလောဆယ် ဒီစာကိုဖတ်နေသူ ကျွန်ုပ်သည် စကစကာကြီးများလို စကားလုံးကြီးကြီးတွေနဲ့ မဆွးနွေးနိုင်သေးပေမယ့် မလေး၇ဲ့ ဆောင်းပါးနဲ့ စာတွေကို ဖတ်ခြင်းအားဖြင့် စေတနာအ၇င်းအမှန်နဲ့ လေ့လာနိုင်သလောက်လေ့လာထားပြီးေ၇းထားတယ်ဆိုတာ အမြင်သာကြီးပါ။ အလုပ်လုပ်၇င်း ၇သလောက်အချိန်လေးမှာ ဖတ်ပြီး စိတ်ထဲမှာ ခံစား၇တာကိုေ၇းလိုက်တာမို့ အမှားပါ၇င် ခွင့်လွှတ်ပါ မလေး။

    Comment by Wai Mar Zaw — December 11, 2012 @ 8:37 pm

  54. မလေး၇ဲ့ စေတနာ မြင်သာပါတယ်

    Comment by mon — December 11, 2012 @ 10:30 pm

  55. လူနည်းစု အတွက်တော့ မှန်တာပေါ့….

    Comment by Ana — December 12, 2012 @ 1:27 am

  56. ရွှေစင်ဦး ဘလော့မှာ တင်ထားတဲ့ မစန္ဒာရဲ့ မစပ်သောငရုတ်ကို ဖတ်ကြည့်ပါလား။

    Comment by reader — December 12, 2012 @ 2:07 am

  57. ကျွန်တော်သိသလောက်တော့ ၀င်ဆွေးနွေးဦးမယ်…း)
    GTC မှာတုန်းက ခုံနံပါတ် ၁၃၂ ပါ.. အတန်းသား ၁၃၄ယောက်ရှိတဲ့အထဲမှာ ကျွန်တော့် ခုံနံပါတ်က ၁၃၂ဆိုတော့ ကျွန်တော့် ပညာအရည်အချင်းက အားလုံးသိကြတဲ့အတိုင်းဘဲ စာတော်ထဲအထဲမပြောနဲ့ အလယ်အလတ်ထဲတောင် မပါခဲ့ပါဘူး။
    ကျွန်တော်က စာကို အသဲအသန် မဖြစ်မနေကြိုးစားကျက်မှတ်တတ်သူလဲ မဟုတ်ပါဘူး။ မလေးပြောသလို Canteen ထိုင်၊ ကျောင်းပြင်ထွက် အချိန်ဖြုန်း၊ ကြုံတဲ့ သူငယ်ချင်း Roll Call ထူးခိုင်းတာမျိုးရှိသလို၊ စာသင်ခန်းထဲမှာ စာသေချာလုပ်ခဲ့တဲ့နေ့တွေလဲရှိပါတယ်။ ဆိုပါတော့ ၅၀% စာလုပ်ခဲ့တယ်။ အဲဒီ ၅၀% က အာရှနိုင်ငံခြားသား (India, Nepal, Sri Lanka) တွေနဲ့ ယှဉ်ရင် အပုံကြီးသာတယ်ဗျ။ သူတို.လဲ မတတ်တဲ့သူ မရှိဘူး မပြောပါဘူး၊ သူတို.နိုင်ငံတွေရဲ့ နည်းပညာက ကျွန်တော်တို.ထက် သာပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်မှာတော့ သူတို.တတ်တဲ့ ပညာက ရေပိုက်ပြင်၊ မီးပြင်ကုလား တတ်တဲ့ ပညာသာသာဘဲရှိပါတယ်။
    ကျွန်တော်တို.အလုပ်က မြန်မာ Engineer အစ်ကိုတွေလဲ RIT က သိပ်မပါပါဘူး၊ များသောအားဖြင့် မှော်ဘီ၊ မကွေး၊ GTI, THS ကျောင်းဆင်းတွေပါ။ ဒါပေမယ့် သူတို.အကုန်သိတယ်ဗျ။ ကျွန်တော်တော့ တခုခုဆို သူတို.ဘဲ အပူကပ်ရတာ။ မြန်မာတွေရဲ့ အားနည်းချက်က English စကား သေချာမပြောရဲတာလို.ထင်တယ်။ ဘာသာစကားတော့ အားနည်းကြတယ်။ ဒါပေမယ့် Internet, chatting တွေရဲ့ ကျေးဇူးကြောင့်လားတော့ မသိဘူး ကျွန်တော်တို. ရွှေမြန်မာတွေ ကွန်ပျူတာလဲ တော်ကြတယ်ဗျ။
    ကျောင်းစရိတ်တော့ မပြောတတ်ဘူး… ဒါပေမယ့် တခြားနိုင်ငံတွေလောက်မဆိုးဘူးထင်တာဘဲ။ နိုင်ငံခြား စကောလားရှစ်ကို ယှဉ်နေကြတဲ့သူတွေကို မေးချင်သား၊ ဘယ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ယှဉ်နေကြတာလဲလို.။ဥရောပနိုင်ငံ စကောလားရှစ်နဲ့ယှဉ်နေကြတာလား။ တတိယနိုင်ငံအချင်းချင်း အရင်ယှဉ်ကြည့်ပါလား။ ကျွန်တော်တို.နိုင်ငံ အခြေအနေက သိပ်ဆိုးတဲ့ အဆင့်ထဲ ပါမယ်မထင်ဘူး။

    Comment by tom — December 12, 2012 @ 8:41 am

  58. ကျနော် ကတော့ မလေးရဲ့ဒီ post ကိုတော်တော် သဘောကျတယ်ဗျာ့ အထူးသဖြင့် entertainment media တွေ အထူးသဖြင့်ရုပ်ရှင်လောကပေါ့
    ပညာရေးနဲ့ပတ်သက်ပြီး တင်ပြ ပုံတွေ ကို တော်တော်လေးစိတ်ပျက်နေတာကြာပါပြီ ရေးဖို့လည်းအကြိမ်ကြိမ်ကြိုးစားဖူးပါတယ် ကျနော်ကပြင်နေတုန်းရှိသေးတယ် မလေးက ရေးပြီးသွားပြီ.ကျေးဇူးပါ မလေး။ မြန်မာ ရုပ်ရှင်တွေထဲက တက္က သိုလ်ဆိုကျောင်းသားတွေရဲ့ ဘဝဟာ တကယ့်ကို ပေါ့ပျက်ပျက် နိုင်လွန်းပါတယ်။ဟေးလားဝါးလားလုပ်တဲ့ နေရပ်တခုလိုပါ။တဖက်ကကြည့်မယ်ဆိုရင် သူတို့တွေ ရိုက်ခွင့်မရတာတို့၊ စက်တင်ေ ကာင်းကောင်း(ရုပ်ရှင် studio)မရှိတာလည်းပါမှာပေါ့။မြန်မာရုပ်ရှင်လောကလည်း ပြောင်းလည်းဖို့ အချိန်တန်ပါပြီ။မြန်မာကားတွေကြည့်တိုင်း နားလည်မူပေးပြီးကြည့်နေရတဲ့ဘဝက လွတ်ချင်နေ ပြီ။မြန်ကားတွေကြည့်တိုင်း တက္ကသိုလ်ကျောင်းသားတွေ class တက်တာမတွေ့ရပါဘူး။class လစ်ပြီးထွက်လာတယ် ဆိုတာကြီးဘဲတွေ့နေရတယ်။ပြီးတော့ မင်းသားတွေကဘွဲ့ရကျောင်းပြီး အလုပ် လက်မဲ့ မိဘပိုက်ဆံဖြုန်းတီးနေသူများပါတယ်၊မင်းသမ္မီးတွေကလည်းနယ်ကလာပြီး အဆောင် မှာနေတယ်ဆိုပြီးတိုက်ခန်းတွေ၊အိမ်ကြီးအိမ်ကောင်းတွေမှာဘဲရိုက်ပြနေကြတာ စိတ်ပျက်စရာ ပါ။ “မလေး” ပြောသလိုဘဲ ပညာသင်ကြားရာ နေရာတစ်ခုဆိုတာထက်… ရည်းစားထား ကြင်ယာရှာစရာ နေရာကြီးဖြစ်နေပါတယ်။”လက်သည်းပျက်မှာစိုးလို့ အာလူးတောင် မနွှင်ဖူးဘူးဆိုတဲ့ ကျောင်းသူ များ၊လက်အလှပျက်မှာစိုးလို့ ကိုယ့်ခြံထဲက ပန်းကိုတောင် မစိုက်တတ်ဘူးဆိုတာ ကိုတကယ့်ကို ဂုဏ်ယူနေကြတာပါ”မိဘ.ဖွားအေ၊ကြီးဒေါ်နေရာက သရုပ်ဆောင်တွေကလည်း မြေးတွေ၊တူမတွေ ကိုခြေမွှေး၊လက်မွှေး မီးမလောင်ထားတဲ သူတွေကြီးဘဲဗျာ့။
    ပညာရေးအကြောင်းဝင်ပြောမလိုပါ ဆို…..ဘယ်ကဘယ်လို သိုင်းလောက ..အဲဟုတ်ပေါင်…ရုပ်ရှင်လောကရောက် သွားရပြန်လည်းသိပါဘူး…..sorry ဗျာ ..ပညာရေးကတော့ ကိုယ်တိုင် တောင် ဘယ်ဝင်ခွင့်စာမေးပွဲမှအောင်ခဲ့တာ မဟုတ်တော့ လိုက်မမှီတဲ့ တောင်ပေါ်သားတယောက်အနေနဲ့ “မလေး” ရဲ့စာတွေကို ဖတ်ပြီး နောက်တနေ့အတွက် အားပြန်ဖြည့်သွားပါတယ်။အဲဒါပေမဲ့ မလေး ရဲ့ ဒီ post ဟာလည်း ထင်သာမြင်သာရှိစေ တဲ့ ရသ ကိုအပြည့်ပေး နိုင်ပါတယ်။အချိန်ရ ရင် မြန်မာရုပ်ရှင်လောက အကြောင်း မလေး ရဲ့အမြင် တစေ့တစောင်းလေး ရေးပါဦး လို့..

    Comment by မောင်ဇိုဖေ — December 12, 2012 @ 10:43 am

  59. မလေး ရေးထားတဲ့ ဒီပို့စ်က လက်ရှိ မြန်မာပြည် ပညာရေးစနစ်အောက်မှာ ကြိုးစားပမ်းစား သင်ယူနေတဲ့ လူငယ်တွေကို အားပေးတဲ့အနေနဲ့ ရေးထားရင် ဒီပို့စ်မှာ ကိုယ့်အမြင် ကိုယ့်အယူအဆကို ငြင်းခုန် ကော်မန့်ရေးမိတာကို တကယ်ပဲ စိတ်မကောင်းပါဘူး … အဲလို မဟုတ်ပဲ နိုင်ငံတစ်ခုရဲ့ ပညာရေးစနစ်ဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကနေ ထွက်ပေါ်လာတဲ့ တည်ဆောက်မှုဆိုရင်တော့ ကျနော် ရေးခဲ့တဲ့ ကော်မန့်တွေအတွက် ကျနော် တာဝန်ယူပါတယ် … ငြင်းရတဲ့ အဓိက အကြောင်းအရင်းက ကျနော်တို့ ပြည်ပရောက်တွေ နေထိုင်တဲ့ နိုင်ငံချင်း ပညာရေး စနစ်ချင်း မတူလို့ ပါ … လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၅ ၇က်နေ့က ကျနော့်စတေးတပ်မှာ ဥရောပ အီးယူ အဖွဲ့ဝင် မြောက်ပိုင်း နိုင်ငံတွေရဲ့ ပညာရေး စနစ်အကြောင်း ကျနော် သိသလောက် ရေးထားဖူးပါတယ် … ဒါကြောင့်လည်း အခု မလေးရဲ့ ပို့စ်မှာ ၀င် ဆွေးနွေး ၀င် ငြင်းသလို ဖြစ်သွားတာပါ … (ဒီပို့စ်အတွက် ဒီကော်မန့် နောက်ဆုံးပါပဲ … … ) http://www.facebook.com/aungkhinmyint/posts/4196560316294

    မြန်မာနိုင်ငံက စာရေးဆရာတွေ (အထူးသဖြင့် ဘာသာပြန် စာရေးဆရာများ) ဟာ ယနေ့လက်ရှိ မြန်
    မာနိုင်ငံ ပညာရေး အဆင့်မှီ ပြောင်းလဲနိုင်ရေးအတွက် နိုင်ငံတကာက ပညာရေးစနစ်တွေ အကြောင်း ရေးကြ၊ ဘာသာပြန်ကြတာ ကောင်းပါတယ်၊ အဲလို ပညာရေးစနစ်တွေ ထွန်းကားနေတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ အချက်အလက်တွေကို ထည့်သွင်း ဖော်ပြဖို့ လိုတယ်လို့ ကျနော်အနေနဲ့ ထင်ပါတယ် ….
    (ဥပမာ လူမှုဖူလုံရေး အားကောင်းသော ဥရောပမြောက

    ပိုင်း တိုင်းပြည်များ …)
    (၁)လူတစ်ယောက် စတင် မွေးဖွားလာကတည်းက လစဉ်အားဖြင့် စားဝတ်နေရေး လုံလောက်သည့် အတိုင်းအတာအထိ နိုင်ငံတော်မှ ထောက်ပံ့ခြင်း သို့မဟုတ် အုပ်ထိန်းသူ မိဘထံတွင် ထိုကလေးငယ်အတွက် အခွန်နှုန်းထား လျော့ချပေးခြင်း ….
    (၂)ကျောင်းသားမှန်သမျှ ပညာသင် ထောက်ပံ့ကြေး ရရှိခြင်း (ထောက်ပံ့ငွေဟာ နေဖို့၊စားဖို့၊ စာအုပ်ဝယ်ဖို့တို့အပြင် ခရီးသွားဖို့ တစ်လသုံးကဒ်ပြား လုပ်ရင်တောင် ကျောင်းသားအတွက် ဈေးနှုန်းက သက်သာပါတယ် ..၊ ပညာသင်ထောက်ပံ့ကြေးဟာ ပုံစံအမျိုးမျိုး၊ နှစ်ကာလ သတ်မှတ်အချို့တော့ ရှိပါတယ် …)
    (၃)အဆင့်မြင့်တက္ကသိုလ်များတွင် နှစ်ရှည် ပညာဆက်လက် စည်းပူးရာတွင် အစိုးရအစီအစဉ်များအရ မရှိနိုင်တော့ပါက ဘဏ်များဆီမှ အင်မတန် သက်သာသော အတိုးနှုန်းထားများဖြင့် ချေးယူပြီး အလုပ်ရမှ ပြန်လည် ပေးဆပ်နိုင်ပါတယ် ….
    (၄)တက္ကသိုလ် ကော်လိပ်အလိုက် သတ်မှတ်ထားတဲ့ ၀င်ခွင့် အမှတ်များ … အရည်အချင်းမှီဖို့ ပြဋ္ဌာန်းထားတဲ့ဘောင်များဟာ အင်မတန် မြင့်မားပါတယ် (လွယ်ကူတယ်လို့ မထင်ပါနဲ့ …) …
    (၅)အသက်မွေးဝမ်းကြောင်း ပညာရပ်များအတွက် လက်တွေ့ စာသင်ခန်းနဲ့ လုပ်တွေ့လုပ်ငန်းခွင် တွဲထားပါတယ်၊ စာသင်ခန်းထဲမှာပဲ ထိုင်ပြီး စာသင်နေရုံနဲ့ မပြီးသေးပါ၊ ကျောင်း ၆ လ အလုပ် ၆ လစီ သွားရပါတယ်၊ တချို့ကျောင်းများဆိုရင် ကျောင်းက ကျောင်းသားကို လက်ခံဖို့ နေရာရှိပါသော်လည်း အဲဒီကျောင်းရှိရာ ဒေသမှာ စီးပွားရေး ကျဆင်းမှုကြောင့် စက်ရုံအလုပ်ရုံများ ဒေ၀ါလီခံနေရသောကြောင့် လက်တွေ့ လုပ်ငန်းခွင် မရှိလို့ ကျောင်းတက်ခွင့် မရတဲ့ ကျောင်းသား သို့မဟုတ် ကျောင်းတက်ဖို့ လက်တွေ့လုပ်ငန်းခွင် ရှာနေရသော ကျောင်းသားများ ရှိပါတယ် …
    (၆)လုပ်ငန်းရှင်များဖက်ကလည်း ကျောင်းသားများ လူငယ်များအား (အသက် ၃၀ အောက်) ပေးရသော လစာငွေပမာဏနှင့် လုပ်သက်ရင့်ဝန်ထမ်းများ၊ လူကြီးများအား ပေးရသော လစာနှုန်းထားများ မတူပါ၊ ထိုကြောင့် လူကြီးများထက် လစာအားဖြင့် နည်းသော လူငယ်ကျောင်းသားများအတွက် အလုပ်အကိုင်များ အခွင့်အလမ်းအားဖြင့် အသာစီးရသလို ဖန်တီးပေးထားပါတယ် ….
    (၇)ကျောင်းတက်နေရင်း ကျောင်းတစ်ဖက်ဖြင့် အချိန်ပိုင်း အလုပ်များ လုပ်နိုင်ရန်၊ အထက် ဖော်ပြပါ လူငယ်ကျောင်းသား လစာ (အသက် ၃၀ အောက်) ဖြင့် ခေါ်ယူသော အလုပ်များ ရှိပါတယ်၊ ထိုအချိန်ပိုင်း အလုပ်ဝင်ငွေ + နိုင်ငံတော် ပညာသင် ထောက်ပံ့ကြေး = အိမ်နဲ့ ကား အသစ်စက်စက်တောင် လပေးစနစ်နဲ့ ၀ယ်မယ်ဆိုရင် ၀ယ်လို့ရပါပြီ ….
    (၈)ကျောင်းတက်နေရင်း အချိန်ပိုင်း အလုပ် လုပ်ပါက … အလုပ်သမားအဖြင့် မှတ်ယူခြင်း ခံရသဖြင့် အလုပ်သမား သမဂ္ဂအဖွဲ့သို့ ၀င်ရောက်နိုင်ပြီး အလုပ်လစာ အာမခံနစ်အောက်တွင် အာမခံချက်ရှိစွာ ရပ်တည်ခွင့် ရလာပါတယ် … (အချိန်ပိုင်း အလုပ်သမားသည် အလုပ် လုပ်ချိန် စုစုပေါင်း နာရီ ၁၃၀၀ ခန့် ဆက်တိုက် အလုပ် လုပ်ခဲ့ပါက အလုပ်ပြုတ်ချိန်တွင် အလုပ်လစာ အာမခံဌာနမှ အလုပ်လစာ ၉၀ ရာခိုင်နှုန်းနီးအား အလုပ်ပြုတ်သည့်နေ့မှ ၂- နှစ်လောက် ကြာသည့်အထိ အလုပ်သစ် မရမချင်း သို့မဟုတ် အလုပ်အသစ် ရှာဖွေဆဲ အထိ လစဉ် ပေးပါတယ် ….

    …. အထက်က အချက်အလက်များက ကျနော် သိသလောက် ရေးပြတာပါ … အနောက်နိုင်ငံများ အထူးသဖြင့် ဥရောပမြောက်ပိုင်း နိုင်ငံများ၏ ပညာရေးစနစ်အကြောင်း ရေးကြပါက သူတို့ တိုင်းပြည်များ၏ လူမှုဖူလုံရေးစနစ်၊ ထောက်ပံ့ငွေများ၊ အခွန်စနစ်များ အကြောင်းပါ ထည့်ရေးကြရင် ပိုကောင်းမယ်လို့ အကြံပြုချင်ပါတယ် ခင်ဗျာ ….

    Comment by Aung Khin Myint — December 12, 2012 @ 11:12 am

  60. ဒီလောက်ဆင်းရဲတဲ့ တိုင်းပြည်ထဲကနေ ပေးနိုင်သလောက်ပေးနေတဲ့ ပညာကို ရနိုင်သလောက်ယူပြီး ကိုယ့်ဘဝကိုယ်ပဲ အတတ်နိုင်ဆုံး တည်ဆောက်ကြပါ၊ မြန်မပြည် ပညာရေးသည် လိုအပ်ချက်တွေ ရှိသည်ဖြစ်သော်လည်း (လိုအပ်ချက် စုံလုံးကင်းသော ပညာရေးစနစ်ဆိုသည်မှ မရှိသေးပါ) သင်ကြားသိနေရသလောက် သုံးစားမရအောင် မနိမ့်ကျပါ၊ ရသလောက်ယူပြီး ကိုယ့်ကိုကိုယ်မြှင့်တင်ပါ…။

    Comment by Phyo Su Mon — December 12, 2012 @ 11:12 am

  61. ကို Aung Khin Myint - စိတ်မကောင်းဖြစ်စရာမရှိပါဘူး..။ အကုန်လုံးက စေတနာတွေနဲ့ ဝိုင်းပြောနေကြတာပါပဲ။ I do appreciate your comments.

    အနောက်နိုင်ငံတွေ အခြေအနေကို မရောက်နိုင်သေးချိန်မှာ ရသလောက်လေးကို အကောင်းဆုံးဖြစ်ရန် ကြိုးစားကြဖို့ပါ…
    အဲဒီအနောက်နိုင်ငံက ထောက်ပံ့ထားတဲ့ ကျောင်းပညာရေးကို အလုပ်ရတဲ့ အခါ အခွန်ငွေ ၄၀% အထိ အစိုးရက ပြန်ယူတယ်ဆိုတာတွေကို မလေး တစ်နေ့တော့ ရေးပါဦးမယ်။ Actually အလုပ်ပြုတ်ရင် ၂နှစ်ကြာသည်ထိ ပေးထားတာ အလကားမဟုတ်ဘူးလေ.. လခထဲက Employment Insurance အတွက် လစဉ်နှုတ်ထားခြင်းဖြစ်တယ်။ ကိုယ့်ဘက်ကလည်း စိုက်ထားတဲ့အတွက် အဲဒီငွေ တဝက်ဟာ ကိုယ့်ငွေ။ အစိုးရက ၂နှစ်အတွင်း ကျန် တဝက် သို့မဟုတ် သုံးပုံတစ်ပုံကို စိုက်ထားတယ်။ ဒီကြားထဲ အလကားထိုင်နေလို့မရဘူး။ အလုပ်လိုက်ရှာရတယ်။ အလုပ်ရနိုင်အောင် သင်တန်းတွေ တက်ရတယ်။ မလေး Canadian Immigrant Services မှာ (settlement counselor) အနေနဲ့ ခဏတာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ပြောရပြီး(

    Nothing is free like I said. They (the governments) somehow take it back from you. And they should because that’s how the countries are built.
    အခွန်ငွေမရှိဘဲ.. ငွေတွေမလည်ပတ်ဘဲ ဘယ်လိုရပ်တည်ကြမလဲ။

    မြန်မာပြည်မှာ အစိုးရဆီကတော့ လိုချင်တယ်။ ပြန်တော့ မပေးချင်ကြဘူး၊ အခွန်မပေးချင်ဘူး၊ ဒေါ်လာ တစ်လ ၂၀၀၀-၃၀၀၀ ဝင်သူတွေ ၅၀ လောက်ကို ကပ်နေတယ်၊ အကြောင်းမျိုးမျိုးပြလို့၊ ဒီငွေတွေနဲ့ အမှိုက်သိမ်းကားတွေဝယ်ရမယ်၊ သစ်ပင်ခုတ်စက်၊ လှေကား၊ လမ်းပြင်စက်၊ စတာတွေ ဝယ်ရမယ်လေ။ တင့်ကားတွေချည်းပဲ စက်သေနတ်တွေချည်းပဲ ဝယ်လို့ မဖြစ်ပြန်ဘူး။ ၂ဘက်လုံးက လုပ်ရမယ့်ကိစ္စ။ ၂ဘက်လုံးက ကပ်နေကြရင်တော့ သူများတွေ လကမ္ဘာပေါ်သွားနေနေကြချိန်တောင် ကိုယ်တွေမှာ developing world ကနေ ကျွတ်ဦးမယ် မထင်ဘူး။

    ဘယ်လိုပဲဖြစ်ဖြစ်.. အမြင်တူသည်ဖြစ်စေ- မတူသည်ဖြစ်စေ ကွန့်မင့်ရေးသွားသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်..

    Comment by မလေး အိမ့်ချမ်းမြေ့ — December 12, 2012 @ 11:13 am

  62. မောသွားပြီတော်တို့ ရေ။

    Comment by ထိပ်ထား — December 12, 2012 @ 11:14 am

  63. စနစ်ကိုချည်းပဲ ပြောင်းပါ လုပ်နေလို့ မရဘူး။ လူတွေရဲ့ စိတ်ဓာတ်ကိုလည်း ပြောင်းရတော့မယ်။ စနစ်ဆိုတာ လူ့စိတ်ဓာတ်တွေက ထွက်လာတာမို့ we need to change our attitude as well!!
    လူတစ်ယောက်ကို အလုပ်ခန့်ဖို့ အင်တာဗြူးပြီဆိုရင် ဘွဲ့လက်မှတ်တွေကိုင်ပြီး တန်းစီဝင်လာသူတွေကို စာရွက်ပေါ်က ဘွဲ့တွေ ထက်… သူ့ရဲ့စိတ်ဓာတ်ကို ဖမ်းကြည့်လိုက်တာပဲ။ စကား၂ခွန်းလောက်ပြောလိုက်ရင်၊ မေးခွန်း ၃ခွန်းလောက်မေးလိုက်တာနဲ့ အခြေခံစိတ်ဓာတ်ဘယ်လိုရှိတယ် တန်းပေါ်ပါတယ်။ ဘယ်လောက်ပညာတွေ တတ်နေတတ်နေ စိတ်ဓာတ်မကောင်းရင် မလိုချင်ဘူး။ လုပ်ငန်းမတတ်ရင် သင်ပေးလို့ရတယ်၊ train လုပ်ပေးလို့ရတယ်။ စိတ်ဓာတ်မကောင်းရင် attitude မကောင်းရင် အဲဒီအလုပ်သမား ဘာမှလုပ်လို့မရဘူး။ ဒါကြောင့် စိတ်ဓာတ်ကောင်းလေးတွေဟာ စနစ်ပိုကောင်းဖို့ တွန်းအားတွေပါပဲ။

    Comment by မလေး — December 12, 2012 @ 11:35 am

  64. မြန်မာပြည်ပညာရေးမကောင်းဘူးဆိုတာ က အချိန်ကုန် လူတွေ ငွေတွေကုန်ပြီး အကျိုးမရှိဖြစ်နေတာကို ပြောတာပါ ဥပမာ ၁၉၇၀ လောက်အထိ မြန်မာပြည်က တက္ကသိုလ်ဘွဲ့ ရတယောက်ဟာ သူ အဆင့် နဲ့ သူ နိုင်ငံကို အကျိုးပြုနိုင်တဲ့ ပညာအရည်အချင်းတွေ အတန်းပညာရေးက ရလာတယ် အခုက ပညာတတ်ဖို့ ထက် စာမေးပွဲအောင်ဖို့ ဘဲ အဓိက ဖြစ်လာတော့ ပညာရေးကို လုပ်ငန်းခွင်ထဲ အသုံးချနိုင်တဲ့ အခြေအနေမရှိတော့ဘူး. ဆိုလိုတာ က အင်္ဂလိပ်စာနဲ့ မဟာဘွဲ့ ရလာတဲ့ သူတယောက်ကို အင်္ဂလိပ်စာကျွမ်းမှာဘဲလို့ တထစ်ချယူဆလို့ မရတဲ့ အခြေအနေရှီသလို မြန်မာနဲ့ ကျောင်းပြီးတဲ့ သူတွေကလည်း မြန်မာစာဘွဲ့ ရတယောက်နဲ့ ထိုက်တန်တဲ့ အရည်အချင်းမပါလာတော့ဘူး အဲဒိတော့ လက်တွေ့ လုပ်ငန်းခွင်တွေမှာ သုံးချရဖို့ အတွက် ပြန်သင်ယူကြရပြန်ရော အခုရန်ကုန်ကဘွဲ့ ရတယောက်ဟာ ကျောင်းပြီးရင်တောင် အနည်းဆုံးသုံးနှစ်လောက်အထိအပြင်မှာမွမ်းမံ လေ့လာသင်ယူနိုင်ကာမှ ကိုယိ့ ပညာနဲ့ ကိုယ်အသက်မွေးပြီးအလုပ်လုပ်နိုင်တဲ့ အဆင့်ရောက်ပါတယ် …

    Comment by Htar Htar Myint — December 12, 2012 @ 6:08 pm

  65. Education နဲ့ trade ရောနေကြတယ်လို့ မလေးတော့ ထင်တယ်။ education ဆိုတာ ဘဝမှာ ဘယ်လို ပြောတတ်ဆိုတတ်တွေးတတ်ဖို့ပါ။ trade ကတော့ ဘွဲ့ရတာနဲ့သူနဲ့သက်ဆိုင်တဲ့ အလုပ်ထဲကိုတန်းဝင်သွားတာမျိုး။ ပရိုလိုင်းနဲ့trade လိုင်းတွေက ကျောင်းပြီးတာနဲ့ အလုပ်တစ်ခုရဖို့ အာမခံချက် relatively ပေးပေမယ့် education ကတော့ အမြဲတမ်းမပေးပါဘူး။ Education နဲ့ trade မရောဖို့ အရေးကြီးပါတယ်။

    ကျောင်းပြီးတာနဲ့ ဘွဲ့လက်မှတ်လေးကိုင်ပြီး အလုပ်တစ်ခုရဖို့အတွက်ပဲတွေးရင်တော့ မြန်မာပြည်က ပညာရေးဟာ အလုပ်ရအောင် လုပ်မပေးနိုင်ဘူးလို့ ပြောလို့ရတယ်။ တစ်ကယ်သေချာတွေးကြည့်ရင်လည်း ဒါမမှန်ဘူး။ အလုပ်ရအောင် လုပ်မပေးနိုင်တာမဟုတ်ဘူး။ တိုင်းပြည်မှာ အလုပ်ပေးစရာ business တွေကို မရှိသေးတာ မဖွံ့ဖြိုးသေးတာ။ အလုပ်ခန့်ပေးမယ့် ကုမဏီကြီးတွေ၊ လုပ်ငန်းကြီးတွေ မရှိတာ၊ ပညာရေးက သုံးစားမရအောင်ညံ့ဖျင်းလို့ အလုပ်မရတာမဟုတ်ဘူး။ ကိုယ်တိုင်တွေကလည်း ဒီလိုလုပ်ငန်းကြီးတွေကို မတည်ဆောက်နိုင်ဘူး ဘာဖြစ်လို့လည်းဆိုတော့ စီးပွားရေးကို လူထုလက်ထဲ ပြည့်ပြည့်ဝဝ ထည့်မပေးလို့ပဲ။ ခရိုနီတွေကပဲ လက်ဝါးကြီးအုပ်ထားလို့ပဲ။ စီးပွားရေးပိတ်ဆို့ထားခံရမှုဒဏ်တွေကို ခံနေရလို့ပဲ။ တိုင်းပြည်ငြိမ်သက်လို့ စီးပွားရေးလုပ်ဖို့ ဟန်ပြင်တာနဲ့ မငြိမ်မသက်တွေ ထထဖြစ်ရတာတွေ။ ဒါကြောင့် အလုပ်ခန့်နိုင်မယ့်လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် ရှိမနေတာပဲ။ ဒီတော့ သင်ရသမျှ ငွေကုန်လူပမ်းလိုဖြစ်နေတယ်။ ဒါပေမယ့် ဘယ်အရာမှ အလကားဖြစ်မသွားပါဘူး။ သင်ထားသမျှ အလဟသဖြစ်သွားတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ဆိုက်ကားတစ်စင်းဟာ ရိုးရိုးသာမန်လူထက် ပညာတတ်တစ်ယောက်ရဲ့ လက်ထဲမှာ ပိုပြောင်ရောင်တတ်ပါတယ် (ပညာဆိုရာမှ အတန်းပညာတစ်ခုတည်းလည်း မဟုတ်ပါဘူး)

    ဒီဘက်တိုင်းပြည်တွေမှာလည်း လေးနှစ်ဘွဲ့ရပြီးတာနဲ့ အလုပ်တန်းမရသူတွေ အများကြီးပါ။ လေးနှစ် ဘွဲ့ရပြီးမှ လိုချင်တဲ့အလုပ်မရလို့ polytechnic လိုနေရာမျိုးမှာ course တွေ ထပ်ယူရတဲ့ ဘွဲ့ရတွေ အများကြီးရှိပါတယ်။ ဒါကြောင့်အချို့က အလုပ်နဲ့ကျောင်းနဲ့ တစ်ခါတည်းတွဲတဲ့ ပရိုဂရမ်တွေထဲကို ဝင်ရပါတယ်။ ကျောင်း၁နှစ်တက်လိုက်၊ အလုပ်၁နှစ်လုပ်လိုက်၊ အလုပ်က ခရက်ဒစ်တွေယူ ဖြည့်၊ ကျောင်းပြန်တက် အဲသလိုပါ။

    နောက်တစ်ခုကတော့ statistics အရ.. လူတစ်ယောက်ဟာ ဘဝမှာ ပျမ်းမျှ career လေးခါ ပြောင်းတယ်။ ဘွဲ့ရပြီး မပြီးသွားပါဘူး။ အမြဲတမ်း မွမ်းမံနေရပါတယ်။ ဒါကြောင့်လည်း Lifelong Learning / Continuing Education လို့ ဆိုကြပါတယ်။
    ကော့မန့်တွက် ကျေးဇူးပါ…

    Comment by မလေးအိမ့်ချမ်းမြေ့ — December 12, 2012 @ 6:09 pm

  66. သင်ထားတာအလကားမရှိဘူးဆိုတာထက်အခုကျောင်းတွေက စာသင်ကိုမသင်တော့တာအဝေးသင်ဆိုရင် မတက်ကြဘူး ဆရာဆီမှာ ခြောက်ပုဒ်ကျူရှင်တက်ပြီးဘဲ အောင်နေကြတော့တာ အတန်းလဲသွားတက်စရာမလိုတော့ဘူး ဟိုတုန်းကဘုန်းကြီးကျောင်းပညာရေးခေတ်က လူတွေကမှ တကယ်တတ်ပါသေးတယ်

    Comment by Htar Htar Myint — December 12, 2012 @ 6:09 pm

  67. “မြန်မာပြည်ပညာရေးဟာ သုံးစားမရအောင်ဖြစ်နေပြီ” ဆိုတဲ့ ကိုယ့်အသားကို ကိုယ်ပြန်မွှန်းထားလို့ ဖြစ်နေတဲ့ဒဏ်ရာဟာ ဘယ်လောက်ထိနက်နေပြီလဲ ဆိုတာကို သိလိုက်ရတယ်။

    မလေး အိမ့်ချမ်းမြေ့ - ပြောသလိုပါပဲ စင်ကာပူမှာလည်း အဲလို ကိုယ့်အသား ကိုယ်မွှန်းနေတဲ့ သူတွေ အတော်များပါတယ်။ မြန်မာပြည်ပညာရေးသာ သုံးစားမရရရင် အခုလက်ရှိ စင်ကာပူလိုနေရာမှာ ရောက်နေတဲ့ သိန်းဂဏန်းလောက် လူတွေ အလုပ်အကိုင်တွေ ဘယ်လိုရနေလဲ ဆိုတာ ပြန်မေးရမလိုဖြစ်နေပါပြီ။ ကျောင်းပြီးလို့ရတဲ့ ဘွဲ့တခုနဲ့တော့ ခူးပြီး ခပ်ပြီးသား အလုပ်တခု မရနိုင်ပါဘူး။ ကိုယ့်ဘာသာ ကိုယ်လျှောက်ချင်တဲ့ professional လိုင်းကို အနစ်နာခံ အချိန်ကုန်ခံ လေ့လာမွန်းမံမှုတော့ မရှိမဖြစ်လိုပါတယ်။

    ကျနော်အခုထိ နိုင်ငံခြားက ဘာဘွဲ့ ဒီပလိုမာတစ်ခုမှ မရဖူး မယူဖူးသေးတဲ့သူပါ။ ကျနော့်မှာ မြန်မာပြည်က ရတဲ့ bachelor ဘွဲ့တခုပဲရှိပါတယ်။ ကျနော့် Professional လိုင်းမှာ ကျနော် အတွက် အလုပ်တခု မရှားသလို ခု စင်ကာပူလိုနေရာမှာ လစာလည်း အတော်အသင့်ကောင်းသလောက် ရနေတယ်။ ဒါမြန်မာပြည်က သူငယ်တန်းကတည်းက သင်ပေးလိုက်တဲ့ အေဘီစီဒီ ကျေးဇူးနဲ့ တက္ကသိုလ်တွေက သင်ပေးခဲ့တဲ့ ကျေးဇူးကြောင့်ပါ။ မြန်မာပြည် ပညာရေးသာ အသုံးမကျစုတ်ပြတ်နေရင် ကျနော်လို လူမျိုး ဘယ်သူက လစာတွေ အများကြီး ပေးပြီး အလုပ်ခန့်မှာလဲ။

    မြန်မာပြည်က ပေးလိုက်တဲ့ ဘွဲ့နဲ့ လစာတွေ ၀င်ငွေတွေရနေပြီး မြန်မာပြည် ပညာရေး မကောင်းဘူး ၊ စုတ်ပြတ်နေတာပဲ သူတွေကို ကျနော် ကတော့ ကျေးဇူးရှင်မျက်နှာက်ု တံထွေးနဲ့ ထွေးနေတဲ့ သူတွေလို့ပဲမြင်တယ်

    Comment by Saw Lin Yaung — December 12, 2012 @ 7:40 pm

  68. မြန်မာနိုင်ငံပညာရေးအကြောင်းပြောနေကြတာ လွန်ခဲ့သော (၅)နှစ်ကတည်းက Blog Post တွေမှာ တစ်ယောက်တစ်ပေါက် ပြောနေကြတာ ဖတ်ခဲ့ဖူးပါတယ်။

    အဲ့ဒီလိုပြောနေကြမယ့်အစား အဲ့ဒီကတည်းကနေ ပညာရေးမြှင့်တင်ချင်တဲ့သူတွေ စုပေါင်းပြီး တစ်ခုခုကိုသာ အကောင်အထည်ဖော်ခဲ့ရင် ယနေ့ဆိုရင် (၅)နှစ်ဆိုတဲ့အတိုင်းအတာ ခရီးတစ်ခုကို ရောက်နေလောက်ပြီဆိုပြီး ဒီနေ့မနက် လိုင်းကားစီးဖို့စောင့်နေရင်းတွေးမိပါတယ်။

    ငါးနှစ်သက်တမ်းရှိတဲ့ အပင်လေးတစ်ပင်ဖြစ်နေလောက်ပြီပေါ့။
    မြန်မာနိုင်ငံပညာရေးကို မြှင့်တင်ချင်တဲ့ စိတ်ဓါတ်တက်ကြွတဲ့ အဲ့ဒီလူတွေက

    မူကြိုအရွယ် (အသက် (၄)နှစ်အရွယ်)ကလေးတွေကို ခေါ်ယူပြီး အဲ့ဒီအချိန်ကတည်းကနေ စတင်သင်ကြားခဲ့မယ်ဆိုရင်…. အခုဆို အဲ့ဒီ ပြုစုပျိုးထောင်ခဲ့တဲ့သူတွေက အသက် (၉)နှစ်ရှိပြီး ၄ တန်းအရွယ် ဖြစ်နေလောက်ပြီလို့ တွေးမိပါတယ်။

    အသိုင်းအဝိုင်းလည်း ချဲ့နိုင်မယ်ဆို ချဲ့နိုင်သလောက် ကြီးမားတဲ့ အသိုင်းအဝိုင်းတစ်ခုဖြစ်နေလောက်ပြီလို့လည်း တွေးမိပါရဲ့။

    အဲ့ဒီကလေးတွေကို နောက် (၅)နှစ်လောက်သာ ဆက်လက်ပြုစုပျိုးထောင်ပေးလိုက်မယ်ဆိုခဲ့ရင်…….
    _______________________________________________________
    Post နဲ့ Comment တွေကို သေသေချာချာမဖတ်ဖြစ်တာကြောင့် ကျနော်ပြောတဲ့ အတွေး ပါပြီးသွားပြီဆိုခဲ့ရင် ကျနော့် Comment ကို ဖျက်ပစ်လိုက်ပါခင်ဗျာ။

    Comment by Ko Myint Myat — December 12, 2012 @ 7:41 pm

  69. ပြင်ရင်လည်း မူလတန်းကပဲ စပြင်ရမှာပါပဲ။ စာသင်ခုံချထားပုံက စ ပြောင်းရမယ်။ ကျောက်သင်ပုန်းနဲ့ ဆရာကို မျက်နှာမူနေကြတာထက်.. တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး ဝိုင်းထိုင်တဲ့ပုံစံမျိုး၊ အရှင်းဆုံးပြောရရင် တောကဘုန်းကြီးကျောင်း စားပွဲဝိုင်းပုံစံမျိုး၊ တစ်ယောက်မျက်နှာတစ်ယောက်မြင်ရမယ်၊ နောက်က ကလေးတွေလည်း အထီးမကျန်တော့ဘူး၊ နောက်ပြီး စာတော်တဲ့ကျောင်းသား ရှေ့ရောက်နေတာ ထက် စာမတော်တဲ့ကျောင်းသားတွေက ရှေ့မှာ ရှိနေသင့်တယ်။ စာသင်ခုံတွေကို တန်းပြီး ကျောင်သင်ပုန်းကို မျက်နှာမူနေတာထက်၊ လေးယောက် တစ်ဝိုင်း၊ ငါးယောက်တစ်ဝိုင်း ဖြစ်သင့်တယ်။ မူလတန်းမှာကတည်းက အဆင့် ၁၊ ၂၊ ၃ မခွဲသင့်သေးဘူး။

    အဲဒီအရွယ်ကတည်းက တစ်ဦးကိုတစ်ဦးလေးစားတတ်အောင် သင်ပေးရမယ်၊ လူကြီးမိဘဆရာသမားကိုချည်းပဲ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ်လေးစားရမယ်၊ သူများကိုလည်း လေးစားရမယ်။ အချင်းချင်း အထင်မကြီးတဲ့စိတ်ကိုလည်း လျော့ရမယ်။ mutual respect ဆိုတာကို အဲဒီနုနယ်စဉ်ကလေးဘဝထဲက ခေါင်းထဲ ထည့်ရမှာပါ။
    စာတွေ့ထက် လက်တွေ့က မျက်လုံးထဲ စွဲမယ်။ ဥပမာ.. ရေငွေ့ပြန်တာကို သင်မယ်ဆိုပါတော့… စာတွေ့သင်တာထက်စာရင် ရေသန့်ဗူးထဲ မြေဆွေးလေးထည့်ထားပြီး ပြူတင်းပေါက်ဘောင်မှာ တင်ထား၊ ပြီးတော့ ကလေးတွေကို ပြ၊ အဲသလို.. စာရေးတတ်တဲ့ အတန်းအရွယ်ဆိုရင် .. ဘာမြင်သလဲကို ဝါကျလေး ၂ကြောင်းလောက်ပဲ ဖြစ်ဖြစ် ရေးခိုင်း။ ရှိပါတယ် အဲသလိုသင်ပေးတဲ့ ဆရာတွေ၊ ဒါပေမယ့် ရှားတယ်။ ပတ်ဝန်းကျင် လက်ခံမှုနည်းတယ် မဟုတ်လား။

    လူကြီးမိဘကအစ၊ “ခရုဆို မကိုင်နဲ့ နူတတ်တယ်” “ကတ်ကြေးဆော့ရင် အဖေနဲ့အမေရန်ဖြစ်လိမ့်မယ်” “မိန်းကလေးသစ်ပင်တက်ရင် မိုးခေါင်လိမ့်မယ်” စတဲ့ မမှန်တာတွေကို ပြောတာတွေလည်း မလုပ်သင့်တော့ပါဘူး။

    တစ်ကယ်တော့ ဒီလိုတွေ ပြောနေတာလည်း အားနေလို့ အလကားပြောနေကြတာမဟုတ်ပါဘူး။ အကုန်လုံးက အလုပ်တွေ၊ မိသားစုတွေနဲ့ နိုင်ငံအပြင်မှာ အချိန်ပိုဖို့က တော်တော်ခဲယဉ်းပါတယ်။ အနည်းဆုံးတော့ အဝေးကလူတွေ စေတနာနဲ့ ပြောနေကြတာ။ တစ်ကယ်ဆို အဝေးကြီးကလူတွေပါ။ အချိန်တွေ ခွန်အားတွေတောင် ကုန်သေးတယ်။ ဒီလူတွေဟာ ဘလောဂ်တွေပေါ်မှာ အနည်းဆုံး တိုင်းပြည်ဖြစ်နေတာတွေကို စိတ်ဝင်တစားပြောကြသေးတယ်.. ဥပေက္ခာပြု လှည့်မကြည့်တော့တဲ့ လူတွေထက်စာရင် ခုလို အချိန်ကုန်ခံ ဘလောဂ်တွေပေါ်မှာ ပြောနေကြတာတဲ့ လူတွေကို မလေးတော့ လေးစားတယ်။ That’s called brainstorming.

    Comment by မလေး — December 12, 2012 @ 8:31 pm

  70. Brainstorming လုပ်တာကို အားပေးပါတယ်။ ကျနော်ကိုယ်တိုင်လည်း လုပ်ဖြစ်ပါတယ်။ (ကိုယ်တွေးတာတွေက Brainstorming ဟုတ်လား မဟုတ်လားတော့မသိဘူး ခပ်တည်တည်နဲ့ လုပ်ဖြစ်တယ် ပြောလိုက်ပြီ :))

    ကျနော် မိန်းမယူဖို့အရေးကို ဟိုတွေး၊ ဒီတွေး တွေးခဲ့တာ နှစ်ပေါင်းကြာပါတယ်။ ဘယ်လိုမိန်းကလေးကိုမှယူမယ်။ ဘာလိုဖြစ်ရမယ်ဆိုပြီး စာရွက်နဲ့ကို အတိအကျရေးခဲ့ဖူးပါတယ်။ (တကယ်ရေးခဲ့ဖူးတာပါ)

    အခုတော့….. :)

    Comment by Ko Myint Myat — December 12, 2012 @ 9:50 pm

  71. Thank you for write this letter..

    Comment by Myint Thain Kyaw — December 13, 2012 @ 8:08 am

  72. ကိုယ့်အားကိုယ်ကိုးတတ်တဲ့ပညာရေး၊ ကိုယ်စိတ်ဝင်စားရာကို လေ့လာခွင့်ရမယ့် ပညာရေး၊ အဖိုးအခ သိပ်အများကြီးမပေးရတဲ့ပညာရေး၊ အခြေခံကောင်းတွေ ပေးလိုက်တဲ့ပညာရေး၊ လူမှုပတ်ဝန်ကျင်းမှာ နေနည်းထိုင်နည်းပါသင်ပေးလိုက်တဲ့ပညာရေး၊ ကမ္ဘာနဲ့ ယှဉ် မနှိမ့်ကျတဲ့ပညာရေး၊ တိုင်းပြည်ကို အကျိုးပြုစေမယ့် ပညာရေး။ အဲလို အချက်တွေနဲ့ ပြည့်စုံလာမယ် ပညာရေးမျိုးကိုမျှော်လင့်နေပါတယ်။
    19 hours ago · Like · 1..

    Comment by Pe Ti — December 13, 2012 @ 6:06 pm

  73. ဒီစာလေး ဖတ်ရတော့ လွန်ခဲ့တဲ့ ၅နှစ် စလုံးရောက်စက လူတယောက် ပြောခဲ့ဖူးတဲ့ စကား သွားသတိရတယ်
    စလုံးမှာ အလုပ်လာရှာတာပါဆိုတော့ ဘာနဲ့ရှာသလဲတဲ့

    စလုံးမှာ အလုပ်ရလွယ်တဲ့ account တို့ engineer တို့နဲ့ အလုပ်လာရှာတာမဟုတ်ဖူး ဆိုတော့ အိမ်ဖော်လား nurse လားတဲ့
    မဟုတ်ပါဖူး ကျွန်မ ရိုးရိုးဘွဲ့ရပါဆိုတော့ နင့်လို မြန်မာပြည်က ရိုးရိုးဘွဲ့ရထားသူတွေကတော့ ဒီမှာ အလုပ်ရှာရခက်လိမ့်မယ် ဒါပေမယ့် ကြိုးစားကြည့်ပေါ့တဲ့
    သူက NUS မှာ Master တန်းကို Scholarship နဲ့ တက်နေသူပါ
    ဒါပေမယ့် အချိန်တန်တော့ ကျွန်မ စလုံးမှာ အလုပ်ရပါတယ်
    မိဘတွေကို ပြန်ကြည့်နိုင်တဲ့အပြင် မိသားစုနေဖို့ အိမ်ပါ ၀ယ်ပေးနိုင်ခဲ့ပါတယ်

    … ဆိုတော့ မြန်မာပြည်က သာမန် ရိုးရိုးဘွဲ့ရတယောက်ဟာ ထိုက်သင့်တဲ့ ပညာအရည်အချင်းမရှိခဲ့ရင် နိုင်ငံရပ်ခြားမှာ အဲ့လောက် ကြာကြာ မရပ်တည်နိုင်ပါဖူး စလုံးမှာ လုပ်ရတဲ့ အနေအထားကို အဲ့မှာ လုပ်ဖူးသူဆိုရင်သိပါတယ် တော်ရုံ စိတ်ကြံ့ခိုင်မှုမျိုးနဲ့ တော်ရုံပညာအရည်အချင်းလောက်နဲ့ အဲ့မှာ မရပ်တည်နိုင်ပါဖူး
    ဒါကြောင့် မြန်မာပြည်ရဲ့ ပညာရေးဟာ အဆင့်မနိမ့်ပါဖူးလို့ ပြောချင်ပါတယ်

    မဟုတ်တဲ့ လမ်းမှားကနေ ဘွဲ့တခု ရအောင် အလွယ်ယူလာသူတွေအတွက်တော့ မြန်မာပြည်ရဲ့ ပညာရေးလောကဟာ သူများနိုင်ငံတွေလို အဆင့်မမီဖူးလို့ ပြောကြပါလိမ့်မယ်

    Comment by Ma May Myat Moe — December 13, 2012 @ 6:07 pm

  74. မြန်မာပြည်က ဘာဘွဲ့ကိုယူခဲ့ပြီး စလုံးမှာ ဘာအလုပ်ကိုရခဲ့တာလဲ သိချင်မိတယ်။

    Comment by Ko Myint Myat — December 13, 2012 @ 6:07 pm

  75. ကိုပီတိပြောတာ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် ဒီအရွယ်ရောက်တဲ့အထိ ကိုယ့်အားကိုယ်ကိုးဖို့ သင်ပေးနေရဦးမယ်ဆိုရင်တော့ ……….

    Comment by မလေး အိမ့်ချမ်းမြေ့ — December 13, 2012 @ 6:08 pm

  76. ကိုပီတိပြောတဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ပညာရေးဆိုတာကို ကျနော်ကတော့ သဘောပေါက်တယ်။

    Comment by Ko Myint Myat — December 13, 2012 @ 6:08 pm

  77. မလေးရေ အခုလက်ရှိ ပညာရေးစနစ်ကထွက်တဲ့လူငယ်တွေ ကိုယ့်အားကိုယ်မကိုးတတ်လို့ ပြည်တွင်းက အလုပ်ရှင်တွေ ညည်းနေကြတာ အမြဲကြားနေလို့ပါ။ ကိုယ်အားကိုယ်ကိုးပြီး စဉ်းစား၊ ဆုံးဖြတ်တာတွေဟာ ကိုယ်အားကိုယ်ကိုးပြီး သင်ယူ လေ့လာ ကျက်မှတ် တွက်ချက် ဖြေဆို ရတဲ့ ပညာရေးစနစ်ရှိမှသာ လုပ်ဆောင်နိုင်မှာမို့လို့ပါ။

    Comment by Pe Ti — December 13, 2012 @ 6:08 pm

  78. မလေး ပြောနေတဲ့ အကြောင်းအရာတူပေမယ့်၊ ပြောနေတဲ့ အချိန်က နည်းနည်းကွာနေတော့ ကျွန်တော်ပြောနေတာ မလေးတစ်မျိုးဖြစ်မယ်ထင်ပါတယ်။ မလေးပြောနေတဲ့လူတွေက ၂၀၀၀ ရှေ့နှစ်ပိုင်းမှာ ဘွဲ့ရခဲ့တဲ့လူတွေဆိုတော့ ဟုတ်ပါတယ်၊ ပညာရေးလည်းကောင်းတယ်၊ လူတွေကလည်း အခြေခံကောင်းခဲ့တော့ နိုင်ငံတကာနဲ့ယှဉ်နိုင်တယ်။ နောက်ပိုင်းမှာ အစိုးရက ပညာရေးသင်ကြားမှုကိုဖျက်လိုက်တော့ ပညာနေရေးကကောင်းပေမယ့် သင်ကြားမှု သင်ယူမှုတွေက ပျက်စီးသွားတယ်။ အဲဒီမှာ ကွန်ပျူတာတက္ကသိုလ်ကျောင်းထွက် တွေက မသိကိန်တစ်လုံးပါ သုံးချက်တွက်နည်း၊ ရာခိုင်နှုန်းတွက်တဲ့နည်းတွေကို တောင် မသိတဲ့အဆင့်ဖြစ်သွားတယ်။ ကျွန်တော်က ရန်ကုန်တက္ကသိုလ်က သာမန်ဘွဲရတစ်ယောက်ပါ၊ ကျွန်တော်တက်ခဲ့တဲ့ မေဂျာက သချာင်္ မသင်ရတော့တဲ့ မေဂျာ၊ ဒါပေမယ့် ဒီရောက်တော့ ကျောင်းပြန်တက်တော့ သချာင်္ပါတဲ့ သင်တန်းဖြစ်နေတာ၊ ဆယ်တန်းက သချာင်္အခြေခံနဲ့ပဲ ဒီက စာတွေကို လိုက်နိုင်ခဲ့တယ်။ ဆိုလိုတာ ပညာရေးက သင်ရိုးညွန်းတန်းက အဆင့်မြင့်ပါတယ်၊ သင်ပုံသင်နည်းနဲ့၊ သင်ယူမှုတွေ ပျက်စီးသွားတော့ အခြေခံတွေပါ မတတ်တော့တာကို ပြောနေတာ….

    Comment by Pe Ti — December 13, 2012 @ 6:08 pm

  79. စားလို့မကောင်းတဲ့ ထမင်းဖြစ်နေတာကို စံချိန်မှီ ဆန်ဖြစ်ပါတယ်လို့ပြောနေသလို…. :)

    Comment by Ko Myint Myat — December 13, 2012 @ 6:09 pm

  80. Ko Myint Myat - ကျမ ပိုစ်ကို သေချာဖတ်ထားပုံ မပေါ်လို့ ကိုမြင့်မြတ်နဲ့ ဘာမှ ဆက်မဆွေးနွေးလိုတော့ပါဘူး။ Turn lemon into lemonade ဆိုတဲ့ idiom ကို လည်း ရှင်းမပြတော့ပါဘူး။ Thanks for you time.

    Comment by မလေး အိမ့်ချမ်းမြေ့ — December 13, 2012 @ 6:10 pm

  81. မလေးအိမ့်ချမ်းမြေ့ပြောတာ စဉ်းစားစရာအများကြီးပါပါတယ်။

    Comment by Aung K Moe — December 13, 2012 @ 6:10 pm

  82. စဉ်းစားစရာပါ

    ယေဘုယျပြောရရင် ဆရာ တပည့် အုပ်ထိမ်းသူ ကိုယ်တာဝန်ကိုယ်ကျေပြီး

    သီလ နဲ့ ဆောက်တည်တဲ့ ပညာရေးများ ဖြစ်ဖို့ လိုမလားလ်ု့

    Comment by Zaw Mlnnaing — December 13, 2012 @ 6:11 pm

  83. မနေ့ညက အိပ်မယ်ဆိုပြီး အိပ်ရာထဲရောက်တော့ ဘယ်လိုမှ အိပ်လို့မရဘူး။ တော်တော်ပြင်းထန်တဲ့ခံစားမှုကို ခံစားရတယ်။ အာရုံတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဘယ်လိုမှ မထိန်းနိုင်ခဲ့ဘူး။ အဲ့ဒီလိုဖြစ်တဲ့အချိန် ဘယ်အချိန်မှာဖြစ်သလဲသိရအောင်ရယ် ဘယ်လောက်ကြာကြာဖြစ်မလဲဆိုတာပါသိဖို့အတွက် နာရီကိုကြည့်လိုက်တော့ ၁၀း၄၅

    စိတ်ထဲ ဂရောက်ဂယက်ဖြစ်နေရတဲ့အထဲ….

    ပုရွတ်ဆိတ်တက်သလိုလို…. ခြင်ကိုက်သလိုလို…. ဘာအကောင်က အနှောင့်အယှက်ပေးမှန်း ရေရေရာရာ မသိတဲ့ ခံစားမှုကိုလည်း ရုပ်ခန္ဓာကြီးက ခံစားရတယ်။ နောက်နေ့မနက် ရုံးရောက်ရင်တော့ “အသုံးမကျတဲ့ပညာရေး” Post ထဲ ဝင်ရေးမဟဲ့ဆိုပြီး

    ဟိုဟိုဒီဒီ စဉ်းစားတာ အချိန်တော်တော်ကြာတယ်။ ကဲ ဘယ်လောက်တောင် ကြာနေပြီလဲကြည့်လိုက်တော့…. ၁၁း၂၀
    မျက်လုံးကိုပြန်မှိတ် အမျှင်မပြတ်သေးတဲ့ အတွေးတွေကို ဆက်စဉ်းစားရင်း ဘယ်အချိန်အိပ်ပျော်သွားသလဲမသိတော့ပဲ အိပ်ပျော်သွားတာ မနက် ၆း၂၀ အထိပဲ

    နိုးနိုးခြင်းလည်း ညကအတွေးက အမျှင်မပြတ်လေတော့… ဟိုလုပ်ဒီလုပ်ရင်း အတွေးတပိုင်းတစက တစ်ချက်တစ်ချက်မှာ ဝင်ဝင်လာတယ်။

    ဝင်ရေးမယ်နဲ့ မရေးတော့ပါဘူး လွန်စွဲလာတာ ရုံးရောက်တဲ့အထိပဲ။

    ရေးမဟဲ့ဆိုပြီး စာစီပြီးတော့ မရေးတော့ပါဘူးဆိုပြီး ပြန်ဖျက်တယ်။

    ကဲ… နောက်နောင် ပြဿနာမတက်ရအောင် Block မဟဲ့ဆိုပြီး Profile ကို ရောက်တော့ ဒီ ဇီးကွက်ကိုတွေ့တယ်။

    ဒီဇီးကွက်ကိုတွေ့တော့ မရှေးမနှောင်းမှာတွေးထားတွေက အဟောသိကံဖြစ်သွားပြီး အခုလို ရေးခြင်းအမှုကို ပြုလုပ်လိုက်ရပါလေတော့သတည်း :)

    Comment by Ko Myint Myat — December 13, 2012 @ 9:27 pm

  84. ပြဿနာမဖြစ်ပါဘူး။ ကိုမြင့်မြတ် နဲ့ ကျမ နဲ့ အိပ်မက်ဒေါ့ကွန်းမှာကတည်းက အမြင်မတူခဲ့တာ ဘယ်နှစ်နှစ်ရှိပြီလဲ။ လူတိုင်းအမြင်တူနေရင်လည်း မဖြစ်သေးဘူး။ အမြင်ကိုတူမနေသင့်တာ။ ကျမလည်း ဆက်မဆွေးနွေးတာ အိမ်အလုပ်၊ ရုံးအလုပ်တွေနဲ့ မောပြီ။ အစကတည်းက ဒီပိုစ်ကို ရာခိုင်နှုန်းတော်တော်များများကလည်း repel လုပ်မယ်ဆိုတာ သိပြီးသားပါပဲ။ နိုင်ငံခြားထွက်ချင်ပြီး ဘာလုပ်ရမှန်းမသိ၊ ပညာရေးကိုလည်း စိတ်ဝင်စားပြီး လမ်းစပျောက်နေတယ်လို့ ခံစားရတဲ့ လူငယ်တွေကို အားပေးတဲ့စာပါပဲ။ ရာခိုင်နှုန်းနည်းပေမယ့် success stories လေးတွေရှိနေကြောင်းသိစေချင်တယ်။ ဘာလို့လည်းဆိုတော့ ကောင်းတာဆို လူတွေက အပြောနည်းတယ်လို့ ကျမမြင်လို့ပါ။
    အမြင်မတူတိုင်းသာ block ရရင် ပြီးတော့မှာ မဟုတ်ဘူး။ မိမိကိုယ်တိုင်ရဲ့ အမြင်ကတောင် မိမိကျင်လည်တဲ့ ပတ်ဝန်းကျင်၊ အသက်ရွှယ်၊ အချိန်နဲ့ ပြောင်းနေကြသေးတာပဲ။ အမြင်ဟာလည်း နေရာဒေသအလိုက် မတူဘူး။ တူလည်း မတူသင့်ဘူး။

    ပြောခဲ့သလိုပဲ..အွန်လိုင်းပေါ်က စာရေး၊ စာဖတ်သူတွေနဲ့ Venn Diagram ထဲက collection of sets လေးများလိုပဲ။ သူတို့ရဲ့ တွေးအခေါ်တွေခံယူချက်တွေနဲ့ ကျမရဲ့ တွေးခေါ်ခံယူချက်တွေဟာ collection of sets လေးတွေလိုပဲ တူတဲ့နေရာရှိသလို.. မတူတဲ့နေရာ၊ ကွဲသွားတဲ့ နေရာတွေ၊ Symmetric difference တွှေ၊ union ဖြစ်တဲ့အခါတွေ ရှိကြမှာပါပဲ။ အချို့ကိစ္စတွေမှာ သဘောတူကြတာရှိသလို၊ အချို့ကိစ္စတွေမှာ သဘောမတူတာတွေရှိတယ်။ ဒါပေမယ့် အတွေးအခေါ်မတူတိုင်း ရန်သူတွေဖြစ်မသွားဘူး၊ ခင်မင်ရင်းစွဲ မပျက်ဘူးဆိုတာပါပဲ။

    ကျမအနေနဲ့က ရိသဲ့သဲ့လုပ်သူ နဲ့ မယဉ်ကျေးမသိမ်မွေ့သူတွေ (ကျမရဲ့ own definition အရ) အဲလိုလူတွေကလွဲလို့ ဘယ်သူ့ကိုမှ block မလုပ်ပါဘူး။

    Comment by မလေး အိမ့်ချမ်းမြေ့ — December 13, 2012 @ 9:27 pm

  85. ကျွန်တော်လဲ မနေနိုင်လို. ဘာရယ်မဟုတ် ဒီပို.စ်က ကွန်မန့်တွေကို နေ့တိုင်းလာလာဖတ်ဖြစ်တယ်
    ၂၀၀၀ခုနှစ်အရှေ.ပိုင်းက ဘွဲ.ရတွေအတွက်တော့ မလေးပြောတာ မှန်ပါလိမ့်မယ်ပြောတဲ့ အစ်ကိုကို ပြောချင်သား၊ ကျွန်တော် ၁၀တန်းကို ၂၀၀၁ မှ အောင်ခဲ့တာပါ။ ဘွဲ.ကိုလဲ ၂၀၀၅မှရခဲ့တာပါ။
    ကျောင်းကပေးတဲ့ပညာက ကောင်းပါတယ်။ သင်ပြတဲ့ ဆရာ ဆရာမတွေ အဆင့်မမှီဘူး ဆိုချင်ရင်လဲ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် ကျောင်းသားတစ်ယောက်အတွက်တော့ ဆရာ၊ ဆရာမတွေက သူတို.ထက်ပိုတော်တာတော့ သေချာတယ်လေ။ ဆရာ၊ ဆရာမကို လေးစားပြီး ကျူရှင်မှာ ဖြစ်ဖြစ် ကျောင်းမှာဖြစ်ဖြစ် သေသေချာချာစာလိုက်မေးရင်တော့ ငါ့ကျူရှင်မတတ်တဲ့ကျောင်းသားဆိုပြီး၊ စာမရှင်းပြတဲ့ ဆရာ၊ ဆရာမ GTC မှာ မရှိခဲ့ဘူးထင်ပါတယ်။ ရှိခဲ့ရင်လဲ Electrical Major မပါပါဘူးဗျာ။း)

    ခုလက်ရှိ ဒီနိုင်ငံမှာလဲ အလုပ်လုပ်ရင်း ရာထူးလေးဘာလေးတတ်မလားလို. Diploma လေးတစ်ခုထပ်ယူဖို.ကြိုးစားနေပါတယ်။ သင်ပုံသင်နည်းက တခြားစီပါဘဲ။ ဒီက ဆရာတွေက စာသင်ခြင်းကို စီးပွားရေးတစ်ခုလိုလုပ်တာပါ။ စာသင်ရင်းနဲ့ စာအုပ်တွေထပ်ရောင်းတယ်၊ သူတို.နဲ့ connect လုပ်ထားတဲ့ company က course တွေကို upselling ထပ်လုပ်တယ်။ စာသင်တာကို တတ်ရတဲ့ စရိတ်က သတ်သတ်၊ စာမေးပွဲကြေးက သတ်သတ်၊ စာအုပ်ကြေးက သတ်သတ် ပေးရတယ်ဗျ။ ဒါတောင် Diploma ချက်ချင်းရမှာ မဟုတ်သေးဘူး၊ ဒီစာမေးပွဲအောင်မှ Diploma တန်းကို တတ်ခွင့်ရှိမှာပါ။ စာမေးရင်လဲ internet ထဲက ရှာလိုက်လေ၊ Google ထဲမှာ ရှာလိုက်ပါဆိုပြီးဘဲပြောတယ်။ တကယ့် Self Study ပါ။

    မြန်မာပြည်က ဆရာ၊ ဆရာမတွေ Diploma သင်တန်းမှာတောင် အာပေါက်အောင် သင်ပေးပါတယ်။ လိုချင်တာရှိရင် ဖုန်းနဲ့ခေါ်ချိန်း စရာမလိုပါဘူး။ ချက်ချင်း စာသင်နေစဉ်မှာ ထမေးလို.ရပါတယ်။ စာသင်ပြီးရင်လဲ ကြုံရာ တွေ.ရာနေရာမှာ စာမေးလို.ရပါတယ်။ နောက်ဆုံး Bus ကားပေါ် ဆရာမနဲ့တွေ.ရင်တောင် ဆွဲခြင်းေးလ ကူဆွဲပေးရင်း ဆုံးမစကား၊ စာစကားလေးတွေ နားထောင်ခွင့်ရပါတယ်။
    ကျောင်းပြီး အလုပ်ရမရကတောဗျာ၊ ကျောင်းမှာ Roll 1 ရရုံနဲ့ လုပ်ငန်းခွင်မှာ မန်နေဂျာတန်းမဖြစ်နိုင်ဘူးလေ။ ကိုယ်ရည်ကိုယ်သွေး၊ နဲ့ လိမ်မာပါးနပ်မှုဆိုတာကလဲ လိုအပ်သေးတာဘဲ။ တချို.ဆို အတန်းပညာမတတ်ဘဲ စီးပွားဖြစ်နေတဲ့သူတွေ အများသားလား။

    Comment by tom — December 14, 2012 @ 4:43 am

  86. http://www.shwezinu.com/2012/12/blog-post_60.html

    Comment by Ana — December 14, 2012 @ 7:58 am

  87. ပညာဆိုတာ ကျောင်းပြီး အလုပ်ရဖို့ဆိုတာထက် အများကြီးနက်နဲပါတယ်…

    Comment by Kyaw Myint Oo — December 15, 2012 @ 1:36 am

  88. လာဖတ်ပြီးပေမဲ့ ဖုန်းနဲ့မို့ကော်မန့်မရေးဖြစ်တာပါ… ကျမကတော့ မလေးရေးတာကိုအပြည့်အဝထောက်ခံပါတယ်…(အသုံးကျအောင် အသုံးချတတ်ဖို့ မိမိအပေါ်မှာပဲ မူတည်နေပါသည်။)တကယ်ပါဘဲ… ကိုယ်ယူတဲ့အပေါ်မှာဘဲမူတည်ပါတယ်…

    Comment by rose of sharon — December 20, 2012 @ 4:37 am

  89. I generally agree with what the blogger said. Let us assume that you have a journey of 100 miles to travel. There is another colleague of yours who has to travel the same journey. Unfortunately, you are given only an old bicycle to ride, while your colleague is given a brand new car. Of course, your colleague will finish his journey relatively easily within 2-3 hours. For you, you may have to spend 1-2 days to finish your journey if you ride your bicycle with perseverance. Obviously, you will have to spend much more time and energy than the other person given your unfavorable circumstances. However, if you complain the unfairness of the situation (that you got an old bicycle while the other guy got a car), your bad luck, or your parents who cannot buy you a car, etc. and do not try to ride your bicycle, you will never reach your destination.
    Myanmar education is like an old bicycle. It may be bad and inefficient. But, it still works. If you are lucky and have access to international education, it is good. Just go and grasp it. But, if can access only to Myanmar education, please just accept your fate, fully embrace whatever you can get, and try to make use of it in the best possible way. This is just my two-cents for those who are in various universities in Myanmar. [Note: the author of this comment got his bachelor degree from Myanmar and his graduate degree from Singapore.]

    Comment by Ko Aung — December 22, 2012 @ 1:33 pm

  90. အများအားဖြင့် ထင်ကြသည်မှာ ကျောင်းကထွက်လျှင် ပညာသင်ကြားခြင်း ပြီးဆုံးပြီဟု အယူရှိကြသည်။

    ထိုထက် မှားယွင်းသော အယူသည် မရှိချေ။ မည်သူမဆို ကျောင်းတွင် နေရခြင်းသည် ပညာရှာနေနည်း နိဿရည်းကို လေ့လာခြင်းသာ ဖြစ်သည်။ တကယ့် ပညာကို ကျောင်းထွက်မှ ရှာရမည်။

    လူ၏ ဘ၀သည် ပညာသင်ကြားလျက်ရှိသော ကျောင်းကြီးပင် ဖြစ်လေသည်။ လူသည် တစ်သက်လုံး ပညာသင်ကြားလျက် ရှိသည်။ သေမှသာလျှင် လူ့လောက ကျောင်းကြီးမှ ထွက်ရတော့သည်။ ထို့ကြောင့် ငါတော့ ဘယ်အတန်း အောင်ပြီ၊ ပညာသင်တာလည်း ပြီးပြီ၊ နောက်ဆက်ပြီး ပညာရှာရန် မလိုဟူသော စကားသည်၊ ပညာစိုးစိမျှ မရှိသော လူပေါ်ကြော့ စကားသာလျှင် ဖြစ်ပေ၏။

    တကယ့်ကျောင်းသား အသက် အပိုင်းအခြားသည်၊ သိတတ်သည့်အရွယ်မှ သေသည်အထိ ဖြစ်၏။

    ဦးသန့်

    Comment by Kyaw Myint Oo — December 24, 2012 @ 9:32 pm

  91. ဒီပို့စ်လေးက တွေးစရာတွေ အများကြီးပါပဲ မလေးရေ.
    အခုလိုမျိုး တွေးဝံ့ရေးဝံ့ ဆွေးနွေးဝံ့တဲ့အတွက် ချီးကျူးပါတယ်.
    ကျွန်တော့်အနေနဲ့ကတော့ မလေးပို့စ်လေးထဲက အကြောင်းအရာတွေနဲ့ အမြင်တူတာတွေလည်း ပါသလို ဖြည့်စွက်ဆွေးနွေးချင်တာလေးတွေလည်း ရှိလာပါတယ်.
    အဆင်ပြေတဲ့အချိန်တစ်ခုကျမှ ပို့စ်လေးတစ်ခုရေးပြီး ပြည့်ပြည့်စုံစုံ ဆွေးနွေးပါဦးမယ်.

    ဘာပဲပြောပြော အခုလိုမျိုး ရဲရင့်ဆန်းသစ်တဲ့ အကျိုးပြုဆောင်းပါးလေးတွေ ဆက်လက်ရေးသားနိုင်ပါစေဗျာ.

    အားပေးခင်မင်လျက်

    ရန်အောင်

    Comment by Yan — January 8, 2013 @ 10:40 am

  92. I agree with some of your claims, but others are still debatable. I would like to break them down one by one as follows:

    1. Costs of education
    Education in Myanmar has never been free of charge to college students. Most students who are attending universities and colleges are supported by their parents or relatives. Even though tuition fees are not expensive, comparing to tuition fees here in the U.S., many hidden fees are not accountable towards college expenses such as transportation, books and supplies, personal expenses, housing, and utilities that are provided by their parents. There are many parents who cannot afford to pay those expenses and ask their children to take distant education instead of attending universities and colleges. There are many students who want to pursue their higher level education but have to concede that their dreams to attend and learn higher level education are in fact an imagination due to sky-high costs. We should not exclude those who are poor and fragile if we want to speak for a community or entire nation as a whole.

    2. Flexibility
    You have stated that college students in Myanmar work and attend classes at the same time as the way students do to support themselves in western countries. Well, there are many factors involved in it. My first question here is “Do colleges and universities offer flexible schedules for those who want to work part-time and attend classes as a part-time student in Myanmar?” The answer here is “no.” Since you have lived and attended a University in Canada, you probably know how schools make schedules around students’ lifestyle. Class schedules are set up in four different ways: Monday through Friday classes holding one hour a day (usually for Science and Math classes), Monday-Wednesday-Friday classes holding one hour each on three days, Tuesday-Thursday classes holding an hour and an half on two days, and once-a-week classes holding three hours a week. Students can pick and choose their preference from plenty of time slots available on the schedule. Classes are also offered in different time frame: early in the morning, in the evening, during the nights, and some Saturday classes. I have never seen such kind of schedule in Myanmar colleges and universities system. The second question here is “Does our Myanmar government create enough jobs for those who are willing to work?” We all know that our country is on its way to a new road with an open door policy, inviting foreigners to invest in Myanmar. Meaning is that business is yet to blossom. In order to find work in abnormal hours, entrepreneurs should operate their businesses 24/7, so that students can find work based on availability of their own time while attending school. Our country is getting in there but has not achieved that level yet. Even in the western countries, students who work part-time need support from the government which provides financial aids, student grants, and student loans. My third question here is “Can our government provide such kind of financial support to each and every student who is in need for his education?” In this case, I assume that more than 50% of the students are needed help.

    3. Teaching methods
    I agree with your idea that without self-help learning, one can never improve his life. In order to do so, teachers, instructors, and professors know how to teach their students very well. Home-works are one good reason to force students learn themselves outside of the classrooms. Field studies, internships, seminars, research, and term papers are other reinforcements for students to learn for themselves in school and outside of the classrooms. Interaction with teachers and peers, providing adequate materials, allowing students to engage in those materials are other important factors in successful learning for a student. The education system in Myanmar has lack of all of those I have aforementioned above. Attendance also plays a major role in student’s success. In western countries, average student teacher ratio is 17 to 1 or 20 to 1 depending on whether students are taking major courses or elective courses. Teachers in western countries use many ways to check their student attendance by collecting home-works, giving quizzes to the students, and roll calling a roster of the classroom. Many classrooms in Myanmar never use such kind of methods to check and see student’s attendance. Roll calling is not even possible for the instructors to perform due to class sizes. Those are the things we should fix to improve our education system in Myanmar.

    I agree with you that there are some professionals achieving their American dreams with the education they attained in Myanmar. Some are medical doctors, dentists, teachers who are teaching in high schools, instructors and professors who are teaching in colleges and universities, nurses, engineers, accountants, and some other professionals who are employed in various professions. When we look at them, we have to look at not only an individual who achieved an American dream but also entire educated group of people who graduated from Myanmar. Are those successful professionals made-up of 1% of Myanmar educated people coming to the U.S. or 99% of the group? Many educated people migrated from Myanmar to the U.S. are not able to obtain employment commensurate with their educational backgrounds. Seeing doctors pumping blood in hospital instead of treating patients, engineers working in an assembly line instead of designing a road, accountants pushing a wheelchair at the Airports instead of calculating numbers in the offices, and teachers guarding a building instead of teaching students in a classroom is always heart breaking moment for me. Every time I have a chance to compare those educated in the Philippines and India with those educated in Myanmar, the question I end up at the end is “what went wrong with our education system.”
    I do not bad-mouth to my teachers who taught me in all these years nor do I forget their gratitude for guiding me to become who I am today. For that reason, in no doubt, they have my eternal gratitude. We all have different opinions and different mind-sets as we experience different paths in our lives. It is good to have my say to your post, and I would like to thank you for touching such a sensitive issue with your knowledge.
    In the end, we all have to remember a proverb “It takes a village to raise a child.” With enthusiasm in learning of a student himself, educators, parents, community, social organizations, and government should find a way to support the student to achieve successful and meaningful learning in his student life.

    Comment by Yin Myo Kaung — February 21, 2013 @ 9:58 pm

  93. Ko Yin Myo Kaung - I thank you for taking the time to comment.
    Regards,

    Comment by မလေး — February 22, 2013 @ 5:04 pm

  94. မလေးရေ…ကျနော့်အတွေ့အကြုံလေးကိုဆွေးနွေးပါရစေ…ကိုယ့်ကိုကိုယ် ကိုယ်ရည်သွေးတယ်လို့မထင်စေချင်ဘူး..ကျနော်တို့နိုင်ငံရဲပညာရေးကို အသုံးမကျဘူးလို အခုလက်ရှိသင်ယူနေတဲ့ ကလေးတွေ ရော နောင်လာမဲ့ ကလေးတွေ ရဲ့စိတ်ထဲမှာပါ အဲဒီအတွေးအခေါ်ကြီး ကိုဖျောက်ဖျက်ချင်တဲ့ဆန္ဒတစ်ခုတည်းအတွက်ပါ…..ကျနော်ကြီးပြင်းခဲ့တဲ့နေရာလေးကတကယ့်ကိုတောကျတယ်လို့ပြောလို့ရတဲ့ နယ်လေးတနယ်ကပါ….ကျနော်သင်ယူလာခဲ့ကျောင်းမှာလည်း ဆရာ ဆရာမ အစုံအလင်မရှိ ကျူရှင်ဆို ကြားတောင် မကြားဖူးခဲ့ပါ..လျှပ်စစ်မီးမရှိလို့ (ကျနော်တို့ကျောင်းတက်နေစဉ်အချိန်တုန်းက) ဖယောင်းတိုင်မီးလေးနဲ့ ဆယ်တန်းအထိ စာဖတ်ခဲ့ရပါတယ်…အဲလိုအဖက်ဖက်ကမပြည့်မစုံကြားထဲကနေ လိုချင်တဲ့စိတ်တစ်ခုနဲ့ကြိုးစားခဲ့ပါတယ်….နောက်တစ်ခုက..ကျနော်ဒီရောက်တော့ကျောင်းထပ်တက်ဖြစ်ပါတယ်….ကျောင်းလာတက်တဲ့သူတွေထဲမှာ ဒီနိုင်ငံက ဘွဲ့ရတဲ့သူတွေက အနိမ့်ဆုံး…အဲ…လူများစုက အမ်ဘီအေ ပြီးထားပြီးတဲ့သူတွေ…ဒါပေမဲ့စာမေးပွဲပြီးလို့ Grade တွေထွက်လာရင် ကျနော်ဟာသူတို့ထက်ဘယ်ဘာသာမှ နောက်မကျခဲ့ပါဘူး…Course တစ်ခုဆိုကျနော် အမှတ်အများဆုံးရခဲ့ပါတယ်…ကျနော်တို့နိုင်ငံရဲ့ ပညာရေးကို နိမ့်ကျတယ်လို့ပြောရင် ကျနော်ဘယ်လိုလုပ်ပြီး ဒီကလူတွေနဲ့ ယှဉ်ပြီးကျောင်းတက်နိုင်မှာလဲ….. ကျနော်တို့နိုင်ငံရဲ့ ပညာရေးစနစ်သာအသုံးမကျဘူးလို့ပြောရင်..ကျနော်အခုအချိန် ဒီလိုနိုင်ငံမှာ တိုင်းတပါးသားတွေနဲ့ ရင်ဘောင်တန်းပြီးအလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး…
    နောက်တစ်ခုဆွေးနွေးချင်တာက…ကျောင်းလခကိစ္စပါ..ဒီနိုင်ငံမှာ ကျောင်းလခက အနည်းဆုံးနာမည်ကြီးတဲ့ တက္ကသိုလ်ဆိုရင် တစ်ဘာသာကို ယူအက်တစ်ထောင်ဝန်းကျင်လောက်မှာ ရှိပါတယ်..အဲ..နှစ်ကုန်လို့ အခွန်ကိစ္စရှင်းရင်တော့ ပြန်ရတဲ့တယ်ထားအုံးအကုန်ပြန်မရပါဘူး…ပြန်ရတယ်ဆိုတာလည်း အစိုးရက ကျနော်တို့လစာထဲကနေ လစဉ် နစ်နေအောင် အခွန်ဖြတ်ထားပြီးသားလေ….ဘယ်အရာမှ အလကားမရပါဘူး…ဒါပေမဲ့ကျနော်တို့နိုင်ငံရဲ့ပညာရေး ကအလကားနီးပါးရတဲ့ပညာရေးပါ..အဲဒါကို ရအောင်ယူတတ်ဖို့အဓိကပါ… ကျနော်ပြောချင်တာက လောကကြီးမှာ တကယ့်ဖြစ်ချင်တယ်ဆိုရင် ကြိုးစားချင်တဲ့စိတ် ဇွဲ လုံလ သာ အဓိကပါ…ပြီးတော့ ကျနော်တို့နိုင်ငံကပညာရေးကလည်းကောင်းတယ်လို့မဆိုလိုပါဘူး..ဒါပေမဲ့ မနိမ့်ကျဘူးဆိုတာကိုတော့ကျနော် သေချာပြောရဲ့ပါတယ်….ကျနော့်ဆရာတစ်ယောက်ပြောဖူးပါတယ်..ဘဝမှာလိုချင်တဲ့စိတ်သာအဓိကပါတဲ့..တကယ့်လိုချင်လာပြီဆိုရင် ရအောင်လုပ်တာဘဲ…အဲ..ရအောင်မလုပ်နိုင်သေးတာ တကယ့်လိုချင်တဲ့ စိတ်မရှိသေးလို့တဲ့…..အခုလိုဝင်ရောက်ဆွေးနွေးခွင့်ရအောင် ဒီပို့လေးကို တင်ပေးတဲ့ မလေးကို အထူကျေးဇူးတင်ပါတယ်… Bravo Ma Layy!!!

    Comment by ရန်မင်းအောင် — March 2, 2013 @ 2:09 pm

  95. May I simply just say what a relief to find a person that actually
    knows what they are talking about on the net. You definitely know how to bring an issue to
    light and make it important. More people need to check this out
    and understand this side of the story. I was surprised you’re not more popular since you most certainly have
    the gift.

    Also visit my homepage seo rankings (Ginger)

    Comment by Ginger — January 5, 2014 @ 9:57 am

RSS feed for comments on this post.

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

ယောက် စာဖတ်နေပါတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

web site hit counter