♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

November 22, 2012

ခြောက်နာရီ

Filed under: my notes, ဆောင်းပါး — တစ်ပြည်သူ @ 2:05 am

အိုဘားမားရဲ့ ခြောက်နာရီကြာတဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပမှ စိတ်ဝင်စားသူ မြန်မာတွေရဲ့ အတွေးအမြင်အမျိုးမျိုးကို ကြားသိမြင်တွေ့ရပြီး ဖြစ်ပါလိမ့်မယ်။

အခုစာကတော့ အိုဘားမားရဲ့  မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံခြားသားအချို့တွေရဲ့ ရယ်စရာအပြောတွေနဲ့ ကော့မန့်တွေကို လက်လှမ်းမှီသလောက် ဝေမျှတဲ့ စာပဲဖြစ်ပါတယ်ရှင်။

မြန်မာပြည်ကို အိုဘားမားလာတာကို သိကြပြီးတဲ့အတိုင်း အချို့တွေကထောက်ခံသလို အချို့ကတော့ မထောက်ခံပါဘူး။ ဘယ်သူတွေ ဘယ်လိုပဲတွေးမြင်ဝေဖန်သုံးသပ်ပါစေ၊ အချို့စကားလုံးတွေဟာ ကိုယ်တွေကို ဝမ်းနည်းစေမယ်၊ ဒေါသဖြစ်စေမယ် ဆိုပေမယ့်လည်း ဒါတွေကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သိထားဖို့လိုတယ်။ သိထားပြီးလည်း ဖြစ်ပေမယ့် ထပ်မံဝေမျှလိုလို့ပါ - အထူးသဖြင့် ဆောင်းပါးတွေအောက်က ကော့မန့်တွေကို ဝေမျှလိုတာပါ။ ဒါပေမယ့် ဇာတ်ရည်လည်အောင် နည်းနည်းရေးရတော့ အစပိုင်းမှာ သိပ်တော့ ရယ်ရမှာ မဟုတ်သေးပါဘူး…။

အချို့ဆာင်းပါးရှင်တွေကတော့ မြန်မာပြည်ကို အိုဘားမားလာတာ သိပ်စောတယ်လို့ မြင်တယ်။ ဆောင်းပါးရှင် Michele Kelemen ဟာဆိုရင် မြန်မာပြည်ကို ထုံးစံအတိုင်း Rogue state နဲ့ အလားတူတဲ့ (pariah state) နဲ့တောင် ရည်ညွှန်းထားတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကိုတောင် ထိပါးလာနိုင်အောင် ဆိုးဝါးလှတဲ့ တိုင်းပြည်ပေါ့လေ.. ဒါကို ဗီယက်နမ်လူမျိုးတစ်ဦးကတောင် မခံနိုင်လို့ Michele Kelemen ကို မြန်မာပြည်အကြောင်း ထဲထဲဝင်ဝင်သိပြီးပြီလား၊ မသိဘဲနဲ့  ဒီလိုမရေးပါနဲ သူဟာဆိုရင် မြန်မာပြည်မှာ နေခဲ့ဖူးသူမို့  မြန်မာပြည်မြန်မာပြည်အကြောင်း သိသင့်သိထိုက်သလောက် သိတယ်။ အိုဘားမား မြန်မာပြည်ကို သွားသင့်တာကြာပြီလို့  ဆိုပါတယ်။

ဆောင်းပါးရှင် တော်တော်များများဟာ မြန်မာစစ်အစိုးရရဲ့ လိုအပ်ခဲ့တာတွေကိုပဲ မီးမောင်းထိုးပြနေခဲ့တယ်။ အဲဒီမှာ ကော့မန့်ရေးသူတစ်ဦးဖြစ်တဲ့ T. Gravem ဆိုသူက အိုဘားမားကို “Benefit of doubt” ပေးသင့်တယ်လို့  ဆိုတယ် - တစ်စုံတစ်ဦး၊ တစ်စုံတစ်ရာ၊ အခြေအနေတစ်ခုကို မယုံကြည်ဘူးဆိုရင်တောင်မှ မယုံကြည်တာကို ခဏဖယ်ထားပြီး၊ အကောင်းဘက်က လှည့်တွေးပြီးတော့ လမ်းဆက်လျှောက်ကြဖို့ သင့်တယ်လို့ ဆိုလိုတာပါ။ အဲဒီမှာ S. Jackson ဆိုသူက အမေရိကန်နိုင်ငံခြားရေးပေါ်လစီမှာ အိုဘားမားကို “benefit of doubt” မပေးသင့်ဘူးလို့ ဆိုတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လစ်ဗျား၊ အီဂျစ်၊ အစ္စရေး၊ ဆီးရီးယားနိုင်ငံတွေကို အိုဘားမားတစ်ယောက်က ငြိမ်းချမ်းရေးသံလွင်ရွက်တွေ ဘယ်လောက်ကမ်းကမ်း ဟိုတွေကခေါင်းမာဆဲလို့ ဆိုပါတယ်။ မြန်မာပြည်သည်လည်းပဲ အဲသလိုတိုင်းပြည်တွေလိုပဲ ခွေးမြီးကောက် ကျည်တောက်စွပ် တိုင်းပြည်ပဲ ဖြစ်မှာပဲလို့ ဆိုပါတယ်။ (စိတ်မကောင်းသော်လည်း သူသုံးသည်တိုင်းရေးခြင်းပါ)

Center for Strategic International Studies မှ Michael Gree ကတော့ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကို “piece of the pivot” လို့ ယူဆပြီးသွားတာထက်၊ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးလုပ်နေတာတွေကို အသိပြုဖို့နဲ့ ဆက်လက်လုပ်ဆောင်ရန်အားပေးဖို့၊ ဘာတွေဆက်လုပ်သင့်တယ်ဆိုတာကို သတိပြုကူညီဖို့ သွားတာမျိုးဆိုရင် အိုဘားမားတွက် အောင်မြင်တဲ့ ခရီးတစ်ခုဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ အမေရိကားဟာ စက်တင်ဘာ ၁၁ နောက်ပိုင်းဖြစ်သမျှ ပြဿနာတွေ (post-conflict reconstruction) ကို ဖြေရှင်းနေရတာနဲ့ ငွေကုန်လူပမ်းဖြစ်နေတဲ့အချိန်မှာ တရိပ်ရိပ်တိုးတက်လာနေတဲ့ အရှေ့ကမ္ဘာကို မေ့နေတယ်လို့ ဆိုကြပါတယ်။ အမေရိကားဟာ ထုံးစံအတိုင်း အရှေ့မြောက်အာရှကိုပဲ အာရုံစိုက်နေလို့ အရှေ့တောင်အာရှကို မေ့နေတယ်၊ အခြားတိုင်းပြည်တွေက အရှေ့အာရှတောင်ပိုင်းကို စိတ်ဝင်စားခြေကုတ်ရယူရန် စတင်လုပ်နေချိန်မှာ အမေရိကန်ဟာနောက်ကျန်နေခဲ့ပြီ။ ၂၁ရာစုမှာ အရေးကြီးတဲ့ကိစ္စတွေဟာ အရှေ့အာရှဒေသမှာဖြစ်မယ်၊ အဲဒီဒေသကဆုံးဖြတ်ပေးမှာဖြစ်တယ်၊ ဒါကြောင့် ဆုံလည်ခုတ်တဲ့ ယန္တရား (pivot) အနေနဲ့ မြန်မာနိုင်ငံကို သဘောထားချင်လို့ သွားတာထက်စာရင်၊ ပြုပြင်ပြောင်းလဲရေးတွေကို အသိမှတ်ပြုတဲ့အနေနဲ့သွားဖို့သင့်တယ်၊ အဲသလိုသွားတယ်ဆိုရင် သမ္မတအိုဘားမား မြန်မာပြည်ကို လာတာကို စောတယ်လို့ထင်နေသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက ဒီမိုကရေစီတွက်ကြိုးစားနေတဲ့ သမ္မတကြီးဦးသိန်းစိန်ကိုပါ အားပေးရာရောက်မယ်လို့ ဆိုပါတယ်။

အဲသလို အိုဘားမားခရီးစဉ်ကို အားပေးသူတွေရှိသလို၊ Washington မှ Human Rights Director ဖြစ်သူ Tom Malinowski ဆိုသူကတော့ အိုဘားမား မြန်မာပြည်ကို မသွားသင့်သေးကြောင်း၊ မြန်မာအစိုးရဟာ အမေရိကန်အစိုးရလုပ်ခိုင်းထားတာတွေကို အကုန်မလုပ်သေးကြောင်း၊ ဒါ့အပြင် မြန်မာပြည်မှာ ဘာသာမတူလို့၊ လူမျိုးမတူလို့ မုန်းတီးမှုတွေရှိကြောင်း၊ အဲသလိုမုန်းတီးမှုတွေဟာ တတိုင်းတပြည်လုံးကို ဗိုင်းရပ်စ်တွေလို ပျံ့နှံ့နေကြောင်း၊ အဲသလို ဘာသာလူမျိုးမတူလို့ မုန်းတီးမှုဟာ ရခိုင်ဒေသက မွတ်စလင်ရိုဟင်ဂျာတွေကို အထူးသဖြင့် ဦးတည်ရိုက်ခတ်နေကြောင်း စွပ်စွဲပြောဆိုပါတယ်။

အိုဘားမားဟာ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့တာကို အချို့က မိန့်ခွန်းပြောတာနဲ့မတူဘူးလို့ ဆိုပါတယ်။ ဆုံးမသြဝါဒပေးသွားတာနဲ့တူတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အဲဒီနေ့က မပွင့်တပွင့်နဲ့ အသံတောင်မထွက်လို့ သူမဘာပြောသွားမှန်း ကောင်းကောင်း မကြားရဘူးလို့လည်း ဆိုပါသေးတယ်။ ဆောင်းပါးတွေမှာ ပြောထားတာကတော့ စုံနေတာပါပဲ။ ဆောင်းပါးတွေအောက်က ကော့မန့်တွေမှာ ပိုလို့တောင် စုံပါသေးတယ်။ ဖတ်ပြီးတော့ ကျမ ပြုံးရယ်မိလို့ အချို့ကိုယူပြီး ဆက်လက်ဝေမျှလိုက်ပါတယ်။ (ကျမကတော့ ရယ်စရာမြင်မိတာပါပဲ)…

“အိုဘားမား မြန်မာပြည်သွားတာ လုံးဝမစောဘူး၊ မြန်မြန်သွားစေချင်တယ်၊ မြန်မာပြည်က သဘာဝဓာတ်ငွေ့တွေကို တရုတ်မယူခင် အမေရိကန်တွေ ရအောင်ယူစေချင်တယ်”

“အိုဘားမားသွားတာ ငါတို့အမေရိကန်တွေကောင်းဖို့သွားတာ၊ ငါတို့သြဇာသက်ရောက်မယ့် တိုင်းပြည်တစ်ခုတိုးလာတာ မကောင်းဘူးလား၊ ဒီလိုနည်းနဲ့ တရုတ်ကို ဖိရမယ်”

“မင်းက အိုဘားမားကို တရုတ်လူမဟုတ်ဘူးလို့ သေချာပြောနိုင်လို့လား၊ အမေရိကန်သမ္မတနေရာနေနေပေမယ့် တရုတ်ကြီးလူ ဖြစ်ချင်ဖြစ်နေမှာ၊ သေချာပါတယ်.. အိုဘားမားဟာ တရုတ်ရဲ့လူ”

“အရင်တုန်းကဆိုရင် ငါတို့ကျင့်သုံးတဲ့ ဒီမိုကရေစီကို တကမ္ဘာလုံး မသုံး-သုံးအောင် ဗုံးကြဲပြီးကို ဖြန့်ရတာ..။ အခု ငါတို့အမေရိကန်တွေ နပ်လာပြီ။ လက်ဆွဲနှုတ်ဆက်ပြီး ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုတာကို ပါးစပ်လေးထဲ ခွံ့ပေးလိုက်ရုံပဲ”

“လူ့အခွင့်အရေးဆိုတာ တစ်ကယ်တော့ drone assassination ပါ”

“ဟယ်…. ဒီမှာ ဟိုတစ်လောက ဟာရီကိန်းစန္ဒီဝင်တိုက်သွားလို့ မီးမလာတာ အတော်ပဲ…။ မြန်မာပြည်က ဓာတ်ငွေ့တွေ ယူလာခဲ့ပါ သမ္မတကြီး”

“ဒီမှာ ဆင်းရဲသားတွေ အလုပ်လက်မဲ့တွေ ဒီလောက်များနေတာ၊ လုပ်စရာတွေကလည်း တပုံကြီး၊ ဒါကိုထားပြီး ဘာမဟုတ်တဲ့ တိုင်းပြည်ကို သွားလည်နေသေးတယ်”

“သမ္မတအိုဘားမား လုပ်ရပ်မှန်တယ်၊ ထောက်ခံတယ်။ မြန်မာပြည်ကို တရုတ်က စားမသွားခင် .. ငါတို့အရင်ဝါးမယ်”

“မြန်မာပြည်က မွတ်စလင်တွေကို ဘယ်သူဂရုစိုက်စရာလိုလဲ၊ ကိုယ့်တိုင်းပြည်က မွတ်စလင်တွေကိုသာ နိုင်အောင် အရင်ထိန်းစေချင်ပါတယ် သမ္မတအိုဘားမားခင်ဗျား”

“မင်းတို့ဟာ အတ္တသမားတွေပါလား၊ အိုဘားမားလို ကိုယ့်တိုင်းပြည်သာမက သူများတိုင်းပြည်တွေကိုပါ စေတနာထားတတ်အောင် အရင်ကြိုးစားပါဦး”

“ဘာ…. မြန်မာနိုင်ငံကို ငွေတွေထောက်ပံ့ဦးမယ်… ဟုတ်လား၊ ငါတို့ကတော့ အခွန်တွေ ပေးလိုက်ရတာ…။ မင်းတို့ကတော့ ဝေသန္တရာလုပ်နေကြတယ်၊ ကိုယ့်တိုင်းပြည်ကို ဝအောင် အရင်ကျွေးပါဦး”

“မြန်မာပြည်က သိပ်ဝေးတယ်၊ ကျူးဘားကိုပဲ ဆက်လက် ပစ်မှတ်ထားစေလိုပါတယ် သမ္မတကြီး”

“သမ္မတရာထူးပေးထားတာ.. အမေရိကန်တွေတွက် အလုပ်လုပ်ဖို့နော်….။ သူများတိုင်းပြည်တွက်မဟုတ်ဘူး သမ္မတကြီးရဲ့”

“သွားစမ်းပါကွာ.. အမေရိကန်သမ္မတဘယ်နှစ်ယောက်များ ကိုယ့်တိုင်းပြည်တွက် အလုပ်လုပ်ဖူးလို့လဲ၊ Wall Street အတွက်ပဲ လုပ်တာ”

“တော်ကြစမ်း.. မင်းတို့ အိုဘားမားကို ဘုရားသခင်လို့ ထင်နေကြသလား”

“အိုဘားမားကို ဘုရားသခင်လို့ မထင်ပါဘူးခင်ဗျာ…… သူ့ကို လူမည်းဟန်ဆောင်ထားတဲ့ တရုတ် လို့ပဲ ထင်ပါတယ်”

“မင်းတို့ကို သိပ်အားရတယ်၊ လောကမှာ ကိုယ်သာလျှင် အရေးအကြီးဆုံးလို့ ထင်နေတဲ့ အမေရိကန်တွေပဲ၊ မင်းတို့ရဲ့စိတ်ဓာတ်ကို ငါသိပ်ဂုဏ်ယူတယ်၊ ကြင်နာသနားစာနာခြင်းဆိုတာ အမေရိကန်နယ်နမိတ်ထဲမှာပဲ ထားချင်တဲ့လူတွေ..”

“အမေရိကန် စစ်တပ်ကြီး ကမ္ဘာမှာ အင်အားအကြီးဆုံးစစ်တပ်အနေနဲ့ ဆက်လက်ရပ်တည်ဖို့…. မြန်မာနိုင်ငံက ထွက်သမျှ အရင်အမြစ်တွေ အကုန်စုပ်ယူကြ!!”

…………..
Comment တွေကတော့ စုံနေတာပါပဲ… ကျမလည်း ဖတ်ပြီး မျက်နှာက တည်လို့ကို မရတော့ပါဘူး။ ကျမတော့ ဒီလောက်ပဲ ဝေမျှပါတော့မယ်…

သမ္မတအိုဘားမား မြန်မာပြည်ကို လာတာကို ကျမအနေနဲ့တော့ ကြိုဆိုပါတယ်။ sincerely လည်းကျေးဇူးတင်ရခြင်းအကြောင်း ဖဘမှာလည်း ရေးပြီးပါပြီ။

သူကလည်း အလွန်နပ်ပါတယ်။ မြန်မာနိုင်ငံသမ္မတကြီးနဲ့တွေ့ရင် မြန်မာ လို့သုံးသွားတယ်၊ ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ဘားမား လို့ သုံးသွားတယ်။ မြန်မာ-ဘားမား ထိုင်ငြင်းမနေဘူး၊ လိုသလို သုံးသွားတယ်။ ရွှေတိဂုံကိုဖူးသွားတယ်။ ကျောင်းသားတွေကျေနပ်အောင် ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောသွားပေးတယ်။ “မင်္ဂလာပါမြန်မာ” ဆိုတာမှာ ကြွေ ကုန်တယ်တယ်။ “ကျေးဇူးတင်ပါတယ်” မှာ အားလုံး ပါးစပ်ပိတ်မရတော့ဘူး။ ခြောက်နာရီအတွင်းမှာ လုပ်သွားတာလေးတွေပါ….။ အဲဒါပါပဲ……. ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတတစ်ဦးရဲ့ နပ်လိုက်ပုံများဆိုတာ….

သေချာတာတော့ အိမ့်ချမ်းမြေ့.. မင်း မနပ်သေးဘူးလို့ပဲ ကိုယ့်ကိုကိုယ်ဝေဖန်မိလိုက်ပါတော့တယ်ရှင်…း))

မြန်မာနိုင်ငံအေးချမ်းသာယာဖို့ ကျမ အမြဲတမ်းမျှော်လင့်လျှက်….
ချစ်ခင်စွာဖြင့်..။

P Please consider the environment before printing this page

20 Comments »

  1. ကွန်မန့်တွေ ရယ်ရတယ်။ လူမည်းဟန်ဆောင်ထားတဲ့ တရုတ် ဆိုတာမှာ ပါးစပ်ပိတ်မရတော့ဘူး :D
    ဝေမျှပေးတာ ကျေးဇူးတင်တယ် … မလေး။

    Comment by မေဓာဝီ — November 22, 2012 @ 3:11 am

  2. I came and read your post, Ma Lay and smile also … :) (like you)
    Sorry, I used to write comment by phone and no MM font to write currently.

    Comment by Than Lae — November 22, 2012 @ 3:28 am

  3. ပိုစ့်လေးအတွက် ကျေးဇူးပါမမ။ ရယ်နေရတယ်။

    Comment by လရိပ်အိမ် — November 22, 2012 @ 3:58 am

  4. Malay,I like this article .;) nanda.

    Comment by nanda — November 22, 2012 @ 4:35 am

  5. သူတို့သမ္မတအပေါ်အမြင်ကိုသိရတော့ ကိုယ့်အနေနှင့်ကျောတောင်စိမ့်တယ် ။ ဒီကလူတွေကတော့ ဝမ်းသာအဲလဲကြိုဆိုလို့ … အင်း
    နိုင်ငံရေးဆိုတာ သိပ်ကိုသိမ်မွေ့နက်နဲတာပဲလားဗျ …. @_@

    Comment by မိုးဇက် — November 22, 2012 @ 11:29 am

  6. အွန်လိုင်းမှာရော.. အပြင်မှာပါ သဲသဲလှုပ်ဖြစ်နေကြတဲ့ လူတွေကိုအံ့သြမိလို့ ကျွန်မမပြုံးနိုင်ခဲ့ဘူး။
    ဘုရားကြွလာသလားအောက်မေ့ရပါတယ်…အမေရိက ကို ကောင်းကင်ဘုံလို့ထင်နေကြသူတွေကိုး…

    Comment by စန္ဒကူးမေ — November 22, 2012 @ 5:55 pm

  7. ကျနော်တော့ သူတို့ကော့မန့်တွေဖတ်ပြီး နိုင်ငံကြီးသားတွေဆိုတိုင်းလည်း အထင်ကြီးစရာမဟုတ်ပါလား သိသွားတော့တယ် ပေါတောတောတွေကော အံ့ပါ့ ခလေးကလား :P

    Comment by မောင်မျိုး — November 22, 2012 @ 7:58 pm

  8. တမင် ခပ်ကြမ်းကြမ်းမက်စေခ်ျတွေကို ချန်ထားခဲ့တာ.. အကုန်မတင်သင့်လို့ရယ်…။ ကိုယ့်တိုင်းပြည်ကို ဒေါ်စုကို ဦးသိန်းစိန်ကို ပြောထားတာတွေကို အကုန်သိရရင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး..
    မြန်မာပြည်ကို စာနာထောက်ပံ့လိုတဲ့ တဲ့လူတွေလည်း အများကြီးရှိပါတယ်။
    အဲဒီပေါတောတော ကော့မန့်တွေထဲမှာ ကိုယ်တွေသိထားသင့်တဲ့အကြောင်းတွေလည်း အများကြီးပါနေတယ်မောင်လေးရေ…..း)

    Comment by မလေး — November 22, 2012 @ 9:00 pm

  9. မျှဝေပေးတာ ကျေးဇူးပါမ…..

    Comment by မိုးနတ်ကြယ်စင် — November 23, 2012 @ 4:01 am

  10. ဟုတ်တယ်နော် မလေးထောက်ပြသွားမှ… အိုဘာမားတို့ ဘယ်လောက်ထိ နပ်သလဲ တွေးကြည့်မိတယ်… သူက ဘယ်သူ့ ကို ဘယ်လို ပြောရမယ်ဆိုတာကစ သေချာပြင်ဆင်လာတာပါဘဲ။ ဦးသိန်းစိန်၊ ဒေါ်စု ပြည်သူတွေရဲ့ စိတ်နှလုံး အားလုံးကို သိမ်းကြုံးယူသွားတာဘဲ။ ခြောက်နာရီလောက်ဘဲ ရတဲ့အချိန်ကို ခြောက်နှစ်စာလောက် လာနေသွားသလောက်ကို လုပ်သွားတာဘဲ။ ဒါကြောင့်လဲ အမေရိကန်လို နိုင်ငံမှာ သမ္မတ ဖြစ်လာတာပေါ့…

    Comment by ညီရဲ — November 23, 2012 @ 5:05 am

  11. ဟုတ်တယ်နော် …. အနည်းဆုံးတော့ သူတို့ အပြမင်အတွေး ထင်မြင်ချက်လေးတွေ သိရတာပေါ့
    ကျေးဇူး မလေးရေ …

    Comment by ဒ — November 23, 2012 @ 9:25 pm

  12. အဲဒါပါပဲ……. ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတတစ်ဦးရဲ့ နပ်လိုက်ပုံများဆိုတာ…

    Comment by Bee Veil — November 24, 2012 @ 1:32 am

  13. မြန်မာပြည်ဟာ…အသားစိုပြိး အရည်ရွှမ်းတဲ့ ကြံချောင်းကြိးတစ်ချောင်းနဲ့သိပ်တူပါတယ်..ဒီတော့…ဟိုလူက စုပ်ချင် ဒီလူက ကြိတ်ချင် (တော်ပါသေးတယ်…သွားကြားထိုးတံလုပ်မသွားလို့)

    Comment by Thu Rain — November 24, 2012 @ 1:32 am

  14. ပြုံး မိ ပါတယ် :)
    thank you

    Comment by Nyomee Win Maung — November 24, 2012 @ 1:33 am

  15. “သေချာတာတော့ အိမ့်ချမ်းမြေ့.. မင်း မနပ်သေးဘူးလို့ပဲ ကိုယ့်ကိုကိုယ်ဝေဖန်မိလိုက်ပါတော့တယ်ရှင်…” မလေးရေ..မနပ်တာ အပြုတ်လိုလို့ပေါ့နော်..အပြုတ်လိုတော့ အပျိုလုပ်တာပေါ့..အဟိ.. :D ချစ်လို့စတာနော်မလေး..

    Comment by Su Myat Htar — November 24, 2012 @ 1:33 am

  16. မပြောတော့ပါဘူး…ပြောပြန်ရင်လဲအောင်မင်းလွန်ရာကျမှာစီုးလို့ .ကောင်းသလိုသာစီမံကြပါတော့….သဗ္ဗေဿတာ..ကမ္မသကါ.

    Comment by Aung Min Hatte Lion — November 24, 2012 @ 1:33 am

  17. ကော်မန့်တော်တော်များများကတော့ မြန်မာပြည်က သဘာဝဓာတ်ငွေကို ထိုင် သွားရည်ယိုနေကြတာ များသလိုဘဲ ဟိဟိ.. ပြီးတော့လည်း အမေရိကန်တွေက တရုတ်ကို အတော်မုန်းပုံလည်းရတယ်..း))
    နိုင်ငံခြားသားတော်တော်များများက မြန်မာနိုင်ငံဆိုရင် တော်တော်ဆိုးဝါးတဲ့ နိုင်ငံလို့ သတ်မှတ်ထားကြတယ်။ အဲဒါဟာ တစ်ချို့သော ပြည်ပ မီဒီယာတွေရဲ့ လက်ချက်တွေ အများကြီးပါပါတယ်၊ ဘာဘဲပြောပြော အဲဒီနေ့တစ်နေ့ကတော့ အတော်ပျော်ပါတယ်။ မလေးပြောခဲ့သလို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံလေးကို ကမ္ဘာ့အင်အားကြီးနိုင်ငံရဲ့ နံပါတ်၁ လူကြီးမင်း ကြွလာတာဟာ ဂုဏ်ယူစရာ ဖြစ်ခဲ့ရပါတယ်။

    Comment by အစိမ်းရောင် လွင်ပြင် — November 24, 2012 @ 1:34 am

  18. မလေးရဲ့  စာတွေကိုအမြဲဖတ်ဖြစ်ပြီး comment တော့မရေးမိဘူး လေးစားလို့ ပါ
    အခု သိပ်သိချင်နေတဲ့ သူတို့ တွေရော ဘာပြောကြမလဲဆိုတာ လိုက်ရှာစရာမလိုတဲ့အပြင် အဆင့်သင့်လေး ဖတ်လိုက်ရတယ်
    စာတွေ အများကြီးရိုက်ပြီး တင်ပေးတဲ့ မလေး ကို ကျေးဇူးအများကြီးတင်ပါတယ်
    သိချင်လွန်းတာလေးတွေ သိရလို့ ပါ
    အမြဲ သမာသမတ်ကျကျနဲ့  မျှမျှတတတွေးတတ်တဲ့ မလေးကို လေးစားမိပါတယ်—-။

    Comment by Theint War Naing — November 24, 2012 @ 1:34 am

  19. ဝေမျှပေးတာကျေးဇူးပါ မလေးရေ။ တကူးတကရှာဖွေ ဖတ်စရာမလိုတော့ပဲ စိတ်နှလုံးရွှင်ပြုံးစေတယ်း)
    လက်တော့ပ်ပျက်နေလို့ ပြန်ကောင်းတော့လည်း ပို့စ်တင်မရဖြစ်နေလေတော့
    အခုလိုစာကောင်းပေကောင်းတွေ လိုက်ဖတ်ဘို့ ပျက်ကွက်နေတယ် မလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — November 30, 2012 @ 8:05 am

  20. သမ္မတ အိုဘားမား က သူ့ အတွက် တစ်ခုခု ရလို့ လာတာလို့ ရပ်ကွက်ထဲမှာလည်း ပြောကြတယ်..။

    Comment byွှThwin — May 4, 2013 @ 12:44 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------