♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 26, 2012

အောက်တိုဘာ ရေစီး

Filed under: သတင်း (News), my notes, Vancouver, Canada — မလေး @ 5:43 pm

ကျမ….. လစဉ်လိုလို ကျမ လက်ရှိနေတဲ့မြို့က အဖြစ်လေးတွေ၊ ကြုံရာဆုံရာ သတင်းလေးတွေထဲက ကိုယ်စိတ်ဝင်စားတဲ့အဖြစ်တွေကို ဝေမျှခဲ့ပေမယ့် နွေရာသီတစ်ရာသီလုံးတော့ လျှောက်လည်နေတာနဲ့ မရေးဖြစ်ခဲ့ပါဘူး။

အခု…
မေ ရေ စီး မှာ ရပ်နေခဲ့တဲ့ ရေစီးကလေးကို ဆက်လိုက်ပါတယ်ရှင်..။

ပထမဆုံးပြောချင်တာကတော့ မျက်နှာစာအုပ် (ခေါ်) ဖဘ (ခေါ်) Facebook ဟာဆိုရင် သုံးစွဲသူတွေကို ဗိုက်ပူ ခါးတုတ် စေရုံသာမက၊ လူကြမ်းတွေဖြစ်လာစေတယ်လို့ ဗြိတိသျှကိုလံဘီယာ ယူနီဗာစီတီ (ကနေဒါ) နဲ့ ပစ်ဘတ် ယူနီဗာစီတီ (ယူအက်စ်) တို့မှ ပရော်ဖက်ဆာများက သုတေသနပြုပြီးနောက် အတည်ပြုပြောဆိုလိုက်ကြပါတယ်။

ဖဘဟာ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း၊ မိမိစိတ်ကို ထိန်းကွပ် နိုင်ခြင်းတို့ကိုလည်း တဖြည်းဖြည်းနဲ့ နည်းလာစေတယ်လို့ ဆိုပါတယ်။ ဖဘဟာ အရက်လိုပဲ စွဲစေတယ်၊ ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံ ဒါမှမဟုတ် စတေးတပ်စ်မက်စေခ်ျတစ်ခုကို တစ်ယောက်ယောက်က လိုက်ခ် (Like) လုပ်လိုက်တာနဲ့ အဆိပ်တစ်အောင်စလောက်က သွေးတွေထဲကို ပျံ့သွားပါတော့တယ်.. တဲ့။ like တစ်ခါနှိပ်ခံရတိုင်း အီးဂိုး (ego) တစ်အောင်စ၊ အဆိပ်တစ်အောင်စ ပျံ့ပျံ့ဝင်သွားတာ like များများရလာလေ အီးဂိုးတွေကလည်း ကြီးကြီးလာလေပဲလို့ ဆိုပါတယ်။ အီးဂိုးကြီးရုံ၊ အရက်သေစာလို ဖဘအဆိပ်တွေ ကိုယ်ထဲမှာ ပျံ့နှံရုံပဲလားဆိုတော့လည်း မဟုတ်သေးပါဘူးတဲ့…။

တစ်ခါက လူတစ်ယောက်က သူ့ညီမ၀မ်းကွဲရဲ့ ဖဘစတေးတပ်စ်မက်စေခ်ျအောက်မှာ ကော့မန့်သွားရေးလိုက်မိတယ်။ အဲဒီကနေစပြီး သူ့ညီမ၀မ်းကွဲနဲ့ သူနဲ့ ဖဘသူငယ်ချင်းတွေအဖြစ်ကနေ ရပ်စဲသွားတော့တယ်။

ဖြစ်ပုံကတော့ …..

ညီမဖြစ်သူက “ဒီနေ့ ငါးမန်းတောင်ဟင်းချို သောက်တယ်” လို့ ဖဘစတေးတပ်စ်မက်စေခ်ျ တစ်ခုတင်လိုက်တယ်။

ငါးမန်းတောင်ဟင်းချိုသောက်ခြင်းဟာ အာရှသားတွေအတွက်က ဆန်းချင်မှဆန်းမှာပေမယ့် အချို့လူမျိုးတွေတွက်ကတော့ မစားသင့် မစားအပ်တဲ့ အရာ။ ဒီဟင်းချိုသောက်ခြင်းဟာ ဂုဏ်ယူစရာအဖြစ်တစ်ခု မဟုတ်။ အဲဒီတော့ သူက ကွန့်မင့်သွားရေးလိုက်မိတယ်။
“ငါးမန်းတွေကို သနားပါ၊ ငါးမန်းတောင်ဆွပ်ပြုတ်လေးတစ်ခွက်အတွက်နဲ့ ငါးမန်းတွေကို သတ်နေရင် မျိုးပြုန်းကုန်ပါလိမ့်မယ်”
အဲဒီကစလိုက်တာ ဘေးလူတွေပါဝင်လာ၊ ကွန့်မင့်တိုက်ပွဲတွေဖြစ်၊ တဖြည်းဖြည်းပြင်းထန်လာပြီး နောက်ဆုံး မောင်နှမ၂ယောက် ဖဘမှာ စကားမပြောကြတော့ဘူးတဲ့။
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး…
ငါးမန်းတောင်ဟင်းချိုသောက်ကြောင်း စတေးတပ်စ်မက်စေ့ခ်ျလေး တစ်ခုကစလိုက်တာ.. အပြင်မှာလည်း စကားမပြောကြတော့ပါဘူးတဲ့။

တကယ်လို့ ဒီကိစ္စဟာ အပြင်မှာဖြစ်တယ်၊ အကိုနဲ့ညီမ စကားစမြည်ပြောရင်း ငါးမန်းတောင်ဟင်းချိုအကြောင်း အချီအချဖြစ်ခဲ့ကြမယ်… ဆိုရင်တောင် … ခုလိုဖြစ်မှာမဟုတ်လောက်ဖူးလို့ ဆိုကြပါတယ်။

နောက်တစ်ခုကလည်း သူငယ်ချင်း၂ယောက်ဟာ ဖဘသူငယ်ချင်းတွေအဖြစ်မှ ရပ်စဲသွားကြတယ်တဲ့။ အတွေးအခေါ်မတူညီမှုတွေကို မြင်နေရတဲ့အတွက် တစ်ယောက်က မခံနိုင်တော့လို့ နောက်တစ်ယောက်ကို ဖဘ ကနေ စာပို့တယ်ဆိုပါတယ်။
“ဖဘကနေ မင်းကို ဘလော့မှဖြစ်တော့မယ်။ မင်း မက်စေခ်ျတွေကို မကြည့်ရဘဲလည်း မနေနိုင်ဘူး၊ ကြည့်ပြီးရင်လည်း ကိုယ့်စိတ်ခံစားချက်ကိုမနိုင်တဲ့အတွက် ဖဘသူငယ်ချင်းအဖြစ်မှ ထာဝရရပ်စဲပါတယ်။ ဒါပေမယ့် အပြင်မှာတော့ သူငယ်ချင်းအဖြစ် ဆက်လက်နေကြမယ်” လို့ စာပို့လိုက်တဲ့အပြင်…. “ညနေကျရင် အရင်လိုပဲ ဘီယာဆိုင်ထိုင်ကြရအောင်လို့ ထိုင်နေကြဆိုင်မှာ စောင့်နေပါ” လို့ ဆိုပါတယ်။ “ဒါပေမယ့် အွန်လိုင်းပေါ်မှာတော့ ဘယ်တော့မှ မတွေ့ချင်တော့ဘူး” လို့ ဆိုတယ်။

ဖဘပေါ်မှာ အပေါ်ကပြောသလို… အသိမိတ်ဆွေတွေ၊ ဆွေမျိုးတွေဟာ ဆက်ဆံရေးတွေကြဲတောက်ပြတ်စဲသွားတာမျိုးတွေကနေ၊ တစ်ခါမှ အပြင်မှာ မသိဘူး၊ မမြင်ဘူး၊ အကျွမ်းမဝင်ဘူးပါပဲနဲ့ အွန်လိုင်းပေါ်မှာ တစ်ဦးနဲ့တစ်ဦး အုပ်စုဖွဲ့အနိုင်ကျင့်လာတာ၊ အသရေဖျက်လာတာတွေအထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။ Savage Garden အဖွဲ့ရဲ့ သီချင်းဖြစ်တဲ့ I knew I loved you before I met you မဟုတ်တော့ဘဲ I knew I hated/didn’t even want to communicate with you before I even met you.. လို့တောင် ပြောင်းဆိုကြရတော့မလား မသိ။

အွန်လိုင်းပေါ်မှာဆိုရင် လူတွေဟာ De-humanized လုပ်ခံကြရတယ်လို့ဆိုတယ်။ (မြန်မာလို မပြန်တတ်ပါ - လူကိုလူကို မြင်စရာမလိုတော့ လို့ ပြန်ရမလားမသိ) လူတွေဟာအပြင်မှာတွေ့ရင် တစ်ဦးနဲ့တစ်ဦး ဒီလောက်ကြီး ပွင့်ပွင့်လင်းလင်းကြီး ရိုင်းရဲချင်မှ ရိုင်းရဲမယ်။ အွန်လိုင်းပေါ်မှာကျတော့ De-humanized ဖြစ်ကုန်တော့ အနောနမတ်နဲ့ပဲဖြစ်ဖြစ် မိမိနာမည်အရင်းနဲ့ပဲဖြစ်ဖြစ်၊ လူကြီးသူမ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာဘာညာ မသိတော့ဘဲနဲ့၊ ဖွတဲ့သတင်းတွေကြားမှာနစ်မြုပ်၊ ထိုလူတစ်ယောက်အကြောင်း သေသေချာချာမသိပါဘဲ၊ တစ်ယောက်ဝိုင်းရင် အကုန်လိုက်ဝိုင်းပြီး၊ ရိုင်းပြတဲ့ အသုံးအနှုန်းတွေကို ရဲတင်းစွာသုံးလာကြတယ်လို့ ဆိုပါတယ်။ အပြင်မှာ မျက်နှာချင်းဆိုင် ထိုသူတွေကိုတွေ့ရင် ဖဘပေါ်မှာ ဆက်ဆံသလို ဆက်ဆံချင်မှဆက်ဆံမယ်/ဆက်ဆံရဲမယ် လို့ ဆိုကြပါတယ်။ အဲသလို ရိုင်းပြတဲ့ပြောဆိုမှုတွေကလည်း ဖဘမှာကျင်လည်သူတွေကပဲ အားပေးအားမြှောက်ပြုတယ်လို့ ဆိုတယ်။ အားပေးရုံတင်မက “များများရိုင်းလေ များများပေါ်ပြူလာဖြစ်လေ”၊ “ချောချောလှလှ မိန်းမငယ်လေးတွေ ပိုရိုင်းလေ ပိုထင်ရှားကြော်ကြားလေ” အသက်ကြီးလာတော့မှ ကိုယ်ရူးမိုက်တုန်းလုပ်သမျှတွေဟာ ပြင်မရဖျက်မရဖြစ်၊ အဲဒီတော့မှ ရူးသလိုလိုလုပ်နေရတော့တဲ့ အဖြစ်တို့လည်း ဖြစ်တတ်တယ်လို့ဆိုပါတယ်။

ဘဝရဲ့မကျေနပ်မှုကို အွန်လိုင်းပေါ်မှာ ဖဘတွေပေါ်မှာ စိတ်လွတ်လက်လွတ် ဖောက်ခွဲ၊ ဆဲကောင်းကောင်းနဲ့ ဟိုလူ့ဆဲ ဒီလူ့ဆဲရင်းကနေ (ကျမတောင် “ဆဲ” လို့ ရဲရဲရင့်ရင့်ကြီး သုံးတတ်လာတယ် အရင်ကဆို ဆလိမ်နောက်ပစ် လို့သုံးခဲ့ပါတယ်) လက်က အာလူးကြော်ကို နှိုက်စားနေမိလို့၊ ချော့ကလက်ကွတ်ကီးကို ပါးစပ်ထဲထည့်နေမိလို့၊ ဘာတွေစားလို့ စားနေမှန်းမသိတော့တဲ့အတွက်လည်း ခါးတုတ်ဗိုက်ပူဘ၀၊ ကိုယ့်စိတ်ကိုမထိန်းနိုင်တဲ့ ဘဝ၊ ရောက်မှန်းမသိ ရောက်လို့လာကြတော့တယ်လို့လည်း ဆိုကြပါတယ်။

(ကိုယ့်ကိုကိုယ်ပဲ သတိထားရတော့မှာပါပဲ)

နောက်တစ်ခုကတော့…

lamb4.jpg

ကျမနေတဲ့ ပြည်နယ်ထဲက Richmond ဆိုတဲ့မြို့မှာ လူတစ်ယောက်ဟာ အာမခံ မထားတဲ့ ကားတစ်စင်းကို တက်မောင်းနေလို့ ရဲကဖမ်းတဲ့ ကိစ္စပါ။ ကားက ရိုးရိုးကားမဟုတ်ပါဘူး။ ဒေါ်လာ လေးသိန်းခွဲတန်တဲ့ ၂၀၁၂ မော်ဒယ် Lamborghini ကားပဲဖြစ်ပါတယ်။ အာမခံ မထားတဲ့ ကားကိုမောင်းနှင်တဲ့အတွက် ၅၆၉ ဒေါ်လာ ရဲကဒဏ်ရိုက်တာကို ထိုသူက လုံးဝ မကျေနပ်ပါဘူးတဲ့။ တိုက်ခန်းတစ်လုံးနီးပါးတန်တဲ့ ကားကြီးကိုတော့ မောင်းနှင်နေပြီး ဒဏ်ကြေးခ ၅၆၉ ဒေါ်လာ ပေးစရာမရှိတဲ့အတွက် ကားကို ရဲစခန်းမှာ လောလောဆယ်ထားပြီး ဒဏ်ကြေးငွေပေးရန် မြို့ပတ်လို့ လိုက်ရှာနေတယ်လို့ သိရပါတယ်ရှင်။
နောက်တစ်ခုကတော့ …

bunnies.jpeg

အဲဒီမြို့မှာပဲ Auto Mall ထဲမှာ ယုန်တွေပွားနေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ယုန်တွေဟာ ပွားလွန်းရုံမက Auto Mall ရဲ့ အလှပန်းပင်တွေသာမက စိမ်းစိုအောင်ပိုးမွှေးသလိုမွှေးလို့ စိုက်ပျိုးထားတဲ့ မြက်ခင်းပြင်တွေကို စားသောက်မြူးတူး ရုံမက…

Auto Mall တစ်ဘက်က တောထဲကို ကားလမ်းမကြီးကိုဖြတ်လို့ ၀င်လိုက်ထွက်လိုက်လုပ်နေလို့ သေပျောက်မှုများ တဲ့ ကိစ္စပါပဲ။ အဲဒီကိစ္စမှာ တိရိစ္ဆာန်စောက်ရှောက်တဲ့အဖွဲ့တွေအပြင်၊ တိရစ္ဆာန်ချစ်သူများအဖွဲ့ မှ အစ… ပြည်နယ်အစိုးရကပါ ဝင်ပါနေရပါတယ်။

Auto Mall ကြီးကြပ်သူတွေက အစိုးရကို ယုန်တွေကို ရွှေ့ပေးဖို့ပြောတယ်။ ယုန်တွေကို ဆက်လက်မပွားဖို့ သင်းသတ်ဖို့ ကုန်ကျငွေကို သူတို့စိုက်ပါ့မယ်၊ အစိုးရက တာဝန်ယူ ရွှေ့ပေးပါလို့ တောင်းဆိုနေပါတယ်။ ဒီကြားထဲမှာ တိရိစ္ဆာန်စောက်ရှောက်တဲ့အဖွဲ့တွေ၊ တိရစ္ဆာန်ချစ်သူများအဖွဲ့ထဲက လူတွေကတော့ ယုန်တွေကို ယုန်လိုဆက်ဆံပါ၊ တိရိစ္ဆာန်တွေကို ကြင်နာသနားဖို့ အသံတွေညံနေပါတယ်။

ယုန်တွေကို ငြင်ငြင်သာသာ သတ်ပစ်ဖို့နည်း၊ အိမ်မွေးတိရစ္ဆာန်အဖြစ်နဲ့ လူတွေကို ပေးနည်း၊ ကနေဒါရှိအခြားမြို့များနဲ့ ယူအက်စ်မှာရှိတဲ့ ယုန်ပြတိုက်တွေသို့ လက်ဆောင်ပေးနည်း စတဲ့ နည်းလမ်းမျိုးစုံကိုလည်း စဉ်းစားနေကြပါတယ်။
University of Victoria (Western Canada) ဝင်းထဲမှာလည်း ယုန်တွေသောင်းကျန်းခဲ့ဖူးတယ်။ “မြေပြင်တိရစ္ဆာန်များအခွင့်အရေး” ဆိုတဲ့အဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦးဟာ အဲဒီယုန်တွေအတွက် ရန်ပုံငွေရှာခဲ့တာ ဒေါ်လာ ရှစ်သိန်းရခဲ့တယ်။ အဲဒီငွေနဲ့ ယုန်တွေကို လှောင်အိမ်နဲ့ဖမ်း၊ သင်းသတ်ပြီးနောက် ယုန်ပြတိုက်ကြီးတစ်ခု ဖွင့်ခဲ့တဲ့ သာဓကရှိခဲ့တယ်၊ ဒါကြောင့် အခုဒီယုန်တွေကိုလည်း ယုန်ပြတိုက်ကိုပို့ချင်တယ်လို့ ဆိုကြတယ်။

အဲဒီမှာ ပြည်နယ်အစိုးရက ဘာပြန်ပြောလဲ ဆိုတော့…. Auto Mall ကြီးကြပ်သူတွေအနေနဲ့ ယုန်အကောင် ၅၀၀ လောက်ရဲ့ ရေရှည်စားဝတ်နေရေး အတွက်ပါ ငွေကြေးထောက်ပံ့နိုင်မယ်ဆိုရင်တော့ ကနေဒါရှိအခြားမြို့များက ယုန်ပြတိုက်တွေကို ရွေ့ပေးပို့ တာဝန်ယူမယ်လို့ ပြည်နယ်အစိုးရက ပြန်ပြောလိုက်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ ကနေဒါနိုင်ငံ Alberta ပြည်နယ်ရဲ့ ဆီတွင်း (oil sand) တွေ ကိစ္စပါပဲ..

oilsand.jpg

ကနေဒါဆီတွင်းတွေက ထွက်တဲ့ဆီတွေကို ထုံးစံအတိုင်း ယူအက်စ်နဲ့ တရုတ်က အရမ်းလိုချင်ကြပါတယ်။ အဲဒီတော့ Alberta ပြည်နယ်ကနေ ပိုက်လိုင်းတွေသွယ်မယ်၊ ပိုက်လိုင်းတစ်ခုက ယူအက်စ်ရဲ့မွန်တားနားပြည်နယ်ထိ သွားမယ် (မဆုံးဖြတ်ရသေး)၊ နောက်တစ်ခုကတော့ ကျမနေတဲ့ ဘီစီပြည်နယ်ထိလာမယ်၊ အဲဒီကနေမှ သဘောင်္နဲ့ တရုတ်က လာယူမယ်။ ယခုမှစပြီး ၂၀၃၅အထိ ရလာမယ့် အမြတ်အစွန်းက ကနေဒါဒေါ်လာ ၃၆၄ဘီလျှံဒေါ်လာ (ယူအက်စ်နဲ့ကနေဒါငွေ လက်ရှိငွေဈေးအတူတူ)။ ခွဲဝေယူကြမယ်ဆိုရင်.. အမြတ်ငွေရဲ့ ၇၀% ကို Alberta ပြည်နယ်က ရမယ်၊ အွန်တေရီယိုက ၁၅% နဲ့ ဘီစီက ၁၅%.

ဒါပေမယ့် တစ်ကယ်လည်းချတွက်လိုက်ရော… ဆီထွက်တဲ့ Alberta ပြည်နယ်ရဲ့ အမြတ်ငွေက ၅၀% ကျသွားပြီး၊ ယူအက်စ်ရမယ့်အမြတ်က အွန်တေရီယိုထက်များနေတယ်။ ဒီ့အပြင် ဘီစီပြည်နယ်ကမ်းရိုးတန်းဟာ ပိုက်လိုင်းတွေနဲ့ အလှပျက်ရုံမက၊ ငှက်တွေ၊ ငါးတွေ၊ ဖားတွေလည်း ဒုက္ခရောက်မယ်။ တစ်ခုခုဖြစ်လာခဲ့သည်ရှိသော်…. ဥပမာ.. ပိုက်ပေါက်မယ်၊ ဆီယိုမယ်၊ ဆီငွေ့တွေထွက်မယ်ဆိုရင် ရေထု၊ မြေထုတွေသာမက ဘီစီပြည်နယ်က လူတွေပဲ ခါးစည်းခံရမယ်။ ဒါကြောင့် ဘီစီပြည်နယ်ဝန်ကြီးချုပ်က ပိုက်လိုင်းတွေ ဘီစီကိုဖြတ်သွယ်မှာကို သိပ်မကျေနပ်ပါဘူး။ ပြည်နယ်ဝန်ကြီးချုပ်က မကျေနပ်တာတင်မဟုတ်ဘူး၊ ကနေဒါနိုင်ငံတစ်နိုင်ငံလုံးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောက်လျှောက်လိုသူတွေက မကျေနပ်ဘူး၊ ဘီစီကမ်းရိုးတမ်းဟာ ဘီစီပြည်နယ်သူ၊ ပြည်နယ်သားတွေသာ ပိုင်တာမဟုတ်၊ ဆိုင်တာမဟုတ်၊ တစ်နိုင်ငံလုံးပိုင်တယ် ဆိုင်တယ် ဆိုပြီး ဆိုကြပါတယ်။

လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Romney နိုင်ရင်တော့ ပိုက်လိုင်းကို မရ-ရအောင် ဖောက်နိုင်မယ်လို့ ဆိုပါတယ်။ ယူအက်စ်က ဖြစ်နိုင်ရင် အရှေ့အလယ်ပိုင်းကနေ ဆီ ယူစရာမလိုဘဲ နီးနီးနားနား ကနေဒါကနေပဲ ဆီလိုချင်တယ်။ အိုဘားမား သမ္မတဆက်ဖြစ်မယ် ဆိုရင်တော့ ဒီကိစ္စဖြစ်မယ်မထင်ဘူး လို့ ဆိုကြတယ်။ အိုဘာမားက သဘာဝထိန်းသိမ်းတဲ့သူဖြစ်တဲ့ (green) အတွက်ကြောင့်ပဲလို့ ဆိုကြတယ်။ “green” တို့ “go green” ဆိုတဲ့ စကားတွေကို ခေတ်လူငယ်တွေကို ရှင်းစရာမလိုဘူးလို့ထင်ပါတယ်။ သဘာဝကို မြတ်နိုးတန်ဘိုးထားသူတွေလို့ အတိုကောက်ပဲဆိုပါရစေ (လျှပ်စစ်မီး လျော့သုံးသူ၊ ရေဖြုန်းတီးမှုမလုပ်သူ၊ recycle ပစ္စည်းလုပ်လို့ရတဲ့ အရာတွေကိုပဲ သုံးသူ၊ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ မသုံးသူ၊ သဘာဝပတ်ဝန်းကျင်ကို သစ္စာစောင့်သိရိုသေသူ) အဲသလိုသဘောပါ။

ဒါပေမယ့် ယူအက်စ်က ကနေဒါက ဆီ ဒါမှမဟုတ် အရှေ့အလယ်ပိုင်းဒေသက ဆီကို ယူသုံးတဲ့ ကိစ္စမှာ ဘယ်ဟာကပိုပြီး green ဖြစ်နိုင်လည်းဆိုတာတော့ ဘယ်သူမှ ဆက်မပြောကြသလို… ကျမလည်း ဆက်မတွေးနိုင်တော့ပါဘူး။

oilsand2.jpg

ဒီလကတော့ ဒီလောက်ပါပဲရှင်။

ဧပြီရေစီး

မေ ရေစီး

P Please consider the environment before printing this page

15 Comments »

  1. ဟုတ်တော့ ဟုတ်သား ကိုယ့်အကြောင်း ကိုယ်ဖော် မသူတော်ဖြစ်မိနေပြီ ဘဖ သုံးမှပဲ ။

    သတင်းတွေအတွက်ကျေးဇူးး မလေး

    Comment by MgMyo — October 26, 2012 @ 7:30 pm

  2. ဇွန် လာဖတ်သွားတယ်နော်…မလေး။း)

    Comment by ဇွန်မိုးစက် — October 26, 2012 @ 10:33 pm

  3. good post about facebook.. I really wish this article is being circulated among facebook users from Myanmar.

    Comment by Anonymous — October 26, 2012 @ 11:32 pm

  4. Anonymous — ဒါဆို အနောနမတ်မှာ ဖဘ အကောင့်ရှိရင် ရှဲပေးပါ…
    ဇွန်…… မလေး သတိရတယ်…
    မောင်မျိုး…… မင့်အစ်မလည်း ဖဘ သုံးပြီးကတည်းက အရင်လိုမဟုတ်တော့ဘူး… အဟွန်း

    Comment by မလေး — October 26, 2012 @ 11:56 pm

  5. မလေးရေ့…

    ဖေ့ဘကတော့ ပြောလည်း ပြောပြောပဲ ထင်ကြပါရဲ့လေ။ အများစုသုံးလို့ သုံးနေကြသူလည်း ရှိပါတယ်…။ (ဥပမာ ကျွန်တော့်လိုပေါ့…:P)
    ပြောရမယ်ဆို ကျွန်တော်ကတော့ ဖေ့ဘကို ဘလော့ဂ်ရေးရတာလောက် မစွဲလမ်းတာ အမှန်ပဲ။ ရင်ထဲကလာတဲ့စကားတွေ၊ အသိအမှတ်ပြုမှုတွေက ဘဘော့ဂ်မှာစာတင်ရတာနဲ့ ဖေ့ဘမှာ ကျင်လည်ရတာရဲ့ ကွာခြားချက်လို့ ကျွန်တော်တော့မြင်တယ်။ ကိုယ့်ဘလော့ဂ်က ကိုယ်ကြိုးစားပမ်းစားရေးထားတဲ့ စာလေးတစ်ပုဒ်အောက်မှာ ရင်းနှီးတဲ့၊ မရင်းနှီးတဲ့ တစ်စုံတစ်ယောက်က ကွန်မန့်လေးတစ်ကြောင်းလောက် လာရေးပေးသွားရင်ကိုပဲ ရင်ထဲမှ ၀မ်းပန်းတသာဖြစ်နေတတ်တာ အခုအချိန်အထိပါပဲ။ ကျွန်တော်ကတော့ အခြေအနေသိပ်မကောင်းလို့၊ (ကွန်နက်ရှင်၊ ကျန်းမာရေး စတာတွေကြောင့်) စာသိပ်မတင်ဖြစ်တော့ပေမယ့် ဖေ့ဘသုံးရင်း ဘလော့ဂ်ကို ပစ်ထားကြသလိုဖြစ်နေတဲ့ ဘလော့ဂ်ဂါ မောင်နှမတွေကို အရင်တုန်းကလိုပဲ စာတွေ မှန်မှန်ရေးနေစေချင်မိပါတယ်။
    ကျွန်တော်ဘလော့ဂ်ရေးခါစတုန်းကလို… ရသလေးတွေရေးကြတာ သိပ်မမြင်ရတော့သလိုပါပဲဗျာ။
    အရင်တုန်းကလို သူလည်းရေး၊ ကိုယ်လည်းရေး.. သူ့စာလေးတွေသွားဖတ်၊ ကိုယ့်စာလေးတွေသူလာဖတ်နဲ့ ပို့စ်တွေစည်ကားခဲ့တဲ့ ပျော်စရာကောင်းခဲ့တဲ့အချိန်လေးတွေကို ဒီကော်မန့်လေးရေးနေရင်း သတိတရရှိသွားပါတယ်။

    ခင်မင်ခြင်းအားဖြင့်…..
    ဏီလင်းညို

    Comment by ~ဏီလင်းညို~ — October 27, 2012 @ 4:00 am

  6. အ ခုမှသတိရတယ်။ ဖဘ မကြည့်ဖြစ်တာ တစ်လလောက်ရှိပြီ. သွားဦးမှ..

    Comment by ထိပ်ထား — October 27, 2012 @ 9:47 am

  7. သတိထားစရာ fb ….:)

    Comment by အိန်ဂျယ်လှိုင် — October 27, 2012 @ 11:43 am

  8. Facebook ရေစီးကတော့ အမှန်ပဲ မလေးရေ…
    အချိန်ကုန် စိတ်ထွေပြား အာရုံနောက်တဲ့အခါ နောက်… လုံးဝ မသုံးပဲကျတော့လည်း မနေနိုင်…
    တော်တော်တော့ သတိထားရတယ်…
    အခုမလေးပိုစ့်ကိုလည်း Facebook ကနေ တဆင့် လာဖတ်တာ… (((ဟမ်)))

    Comment by သက်ဝေ — October 27, 2012 @ 11:43 pm

  9. super like ma lay yay :)… btw, there s a tsunami warning at sandspit bc naw.

    Comment by Pel Nwan — October 28, 2012 @ 12:40 am

  10. ဖေ့ဘွတ်အကြောင်းကို လူတစ်ယောက်နဲ့ ပြောဆိုဆွေးနွေးနေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မလေးရဲ့ ဖေ့ဘွတ်နဲ့ပတ်သက်တဲ့စာလေးကို ဖတ်ရတယ်။ အခုရေးနေတာလည်း ဖေ့ဘွတ်သုံးရင်းနဲ့ပါပဲ။ :)

    Comment by Vicitta Ashinvicittalanka — October 28, 2012 @ 12:41 am

  11. ဆက်သွယ်ရေးတွေ ကောင်းသလောက် ဆက်ဆံရေးတွေ ပျက်တတ်တဲ့ သာလာယံဇရပ်ကြီး ဟု အကျွှနုပ်ခေါ်သည်။း)
    (အသံမပြုဖြစ်တာ ကြာလို့ နှုတ်ဆက်သွားပါတယ် မလေး) သီတင်းကျွတ်အထူး

    Comment by Kay — October 28, 2012 @ 12:55 am

  12. ဖေ့ဘွတ်ကို မရောက်တာတောင် ကြာပြီ..ဝင်မိရင် ထွက်ရခက်လို့ ..မလေးရဲ့  ရေစီး စီးရီးတွေကြောင့် ကနေဒါအကြောင်း ပိုသိရတယ်..နောက်စီးရီးတွေလဘ်း မျှော်နေကြောင်းဗျား..

    Comment by စန်းထွန်း — October 28, 2012 @ 9:23 pm

  13. ကျွန်တော်နေတဲ့ နိုင်ငံမှာတော့ ကြောင်လေးတွေ လမ်းပေါ်မှာ အများကြီးဘဲ
    ကျွန်တော်တို. ဟိုတယ်က Executive Housekeeper ကတော့ အဲဒါကို ၁နေ့ ထမင်း၂နပ်ကျွေးတာနဲ့ဖြေရှင်းတယ်..
ောကင်တွေအတွက် ဟိုတယ်က မနက်စာနဲ့ ညနေစာ ချက်ပေးပြီးကျွေးကြတယ်..
    သူတို.ဘာသာ အစာဝတော့ ဘယ်သူ.ကိုမှ မနှောင့်ယှက်တော့ဘူး

    Comment by tom — October 29, 2012 @ 11:44 am

  14. မလေးရေ..
    မရောက်ဖြစ်တာ ကြာလို့၊ သတိလည်းရလို့ လာလည်ပါတယ်.. မလေးရဲ့ ရေစီး စီးရီးစ်တွေကို ကြိုက်တယ် :)

    Comment by ပန်းချီ — November 29, 2012 @ 7:42 pm

  15. facebook ကတော့ တကယ့် ရန်ပွဲတွေ ရှိတဲ့ နေရာပါပဲ မလေးရေ ဟိဟိ

    Comment by meme — July 15, 2013 @ 2:01 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------