♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

September 24, 2012

AMKနှင့် “သက်တံဆယ်စင်း” (AMK Creation)

မလေးရဲ့ “အမွေအနှစ်” ဆိုတဲ့ ဆောင်းပါးနဲ့  “ခရေရှင်”ဆိုတဲ့ ၀တ္ထုအသစ်လေးပါတဲ့ ကိုရန်အောင် (ခ) ကိုရေခဲငှက် စီစဉ်သော “သက်တံဆယ်စင်း” ဖြစ်ပေါ်လာရပုံအဆင့်အဆင့်ကို ဆရာညိုရင့်က အခုလို ရေးသားထားပါတယ်ရှင်…။

—–

ကျွန်တော်စာရေးတဲ့အခါ ကလောင်နာမည် “ညိုရင့်”နဲ့ ရေးပါတယ်။ AMK Creationရဲ့ အလုပ်တွေမှာ၊ စာပေနယ်ပယ်မှာ ကျွန်တော့်ဆရာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကို “ မော်ကြီး” လို့ပဲ ရင်းရင်းနှီးနှီး ခေါ်ကြပါတယ်။ ကျွန်တော် စိတ်ကူးပေါက်ရင် စာရေးဖြစ်ပါတယ်။ ကဗျာရေးဖြစ်ပါတယ်။ အချိန်တိုင်းမှာ သေသပ်လှပတဲ့ စာအုပ်လေးတွေ ဖန်တီးဖို့ပဲ ကျွန်တော့်ရဲ့ အတွေးထဲမှာ စီကာစဉ်ကာ ရှိနေတတ်ပါတယ်။

စာပေနယ်ပယ်မှာ နာမည်ဘာမှမရသေးတဲ့ စာပေ၀ါသနာရှင် လူငယ်တစ်ယောက်၊ စာမူကြမ်းလေးတွေ ကိုင်ပြီး ထုတ်ဝေသူဆီ တစ်တိုက်ဝင်တစ်တိုက်ထွက် စာအုပ်ထုတ်ပေးဖို့ လိုက်ရှာ၊ မျှော်လင့်ချက်တွေက ဖျော့တော့တော့လေးတောင် တုန့်ပြန်မရရှိခဲ့။ စိတ်ကူးတွေ ပြိုလဲခဲ့။ အိပ်မက်တွေ ပျောက်ဆုံးခဲ့…။

နောက်တစ်ခါ စာအုပ်ထုတ်ဖို့ စုထားတဲ့ ငွေလေးနဲ့ မရဲတရဲ ပုံအပ်ခဲ့တယ်။ မျှော်လင့်ချက်တွေ တနင့်တပိုးနဲ့ စိတ်ကူးအိပ်မက်တွေ ညစဉ်ရက်ဆက် မက်ခဲ့တယ်။ အိပ်မက်တွေက ဆပ်ပြာပူဖောင်းလို ဖောက်ခနဲ ပျောက်သွား။ ခံစားချက်တွေက အတိုင်းအဆမရှိ။

အငှားခံစားခဲ့ဘူးတဲ့ ဒီခံစားချက်လေးတွေက စာမူကြမ်းလေးသာ လက်ထဲကိုင်လို့၊ စာအုပ်တစ်အုပ် ဘယ်လို ဖန်တီးရမယ်မှန်း မသိတဲ့ စာပေ၀ါသနာရှင်များအတွက် အရိုးသားဆုံးနဲ့ အတောက်ပဆုံး ဖန်တီးပေးဆပ်ချင်မိတဲ့ စိတ်တွေက ရင်နဲ့အမျှ အုံကြွ။ အဲ့ဒီ စိတ်အခံက AMK Creation ကို အခက်အခဲတွေကြားက ဇွဲနဘဲနဲ့ ဖူးပွင့်စေခဲ့တယ်။ AMK Creation ရဲ့ စိတ်၊ ကိုယ်နဲ့နှစ်ပြီး လှပ၊ သေသပ်၊ တန်းဘိုးသင့်တဲ့ အနုပညာတွေ ဖန်တီးထုဆစ်ဖြစ်ခဲ့တယ်။
“ သက်တံဆယ်စင်း”…တဲ့။

စိတ်၊ ကိုယ်၊ အချိန်နာရီများ၊ ဖန်တီးမှုများစွာနဲ့ မွေးဖွားခွင့်ရခဲ့ပြန်ပါပြီ။ အဲ့ဒီ အခွင့်အရေးကို ယုံကြည်စိတ်ချစွာ ပေးခဲ့တဲ့ ဘလော့ဂါကိုရန်အောင်ကိုလည်း AMK Creationက မှတ်မှတ်ရရ ရင်မှ ကျေးဇူးမှတ်တမ်း တင်မိပြန်ပါပြီ။ ပြည်ပက ထုတ်ဝေသူနဲ့ AMK Creation အကြား အစစ လိုအပ်သမျှ ပါဝင် ဖြည့်ဆည်းပေးခဲ့တဲ့ အိမ်သူ မြသွေးနီကိုလည်း ကျေးဇူးစကား မမေ့မလျော့ ပြောသင့်တယ် ထင်ပါရဲ့ဗျာ..။

သေသပ်လှပတဲ့ လက်ရာများနဲ့ ထုံမွှမ်းထားတဲ့ စာအုပ်လေးတစ်အုပ်များ ဖတ်နေခွင့်ရရင်၊ အဲ့ဒီအချိန် ကျန်တာဘာကိုမှ ကျွန်တော် မမျှော်လင့်မိတော့ပါဘူး။

***

1.jpg

2.jpg

 

3.jpg

 

4.jpg

စာမူကြမ်းများ စာစစီ

 

5.jpg

 အတွင်းသရုပ်ဖော်ပုံများ ပန်းချီဆရာမှ ဖန်တီးစဉ်

 

6.jpg

မျက်နှာဖုံးဒီဇိုင်းထိုင်ပြီ

 

7.jpg

အတွင်းစာမျက်နှာများLayout

 

8.jpg

အဖုံးတွေအဆင်သင့်ဖြစ်ပြီ

 

11.jpg

စာရေးဆရာဆောင်းဝင်းလတ်မှ “သက်တံဆယ်စင်း” ကို ဖတ်ရှုနေစဉ်

 

12.jpg

စာရေးဆရာရဲသျှမ်းမှ “သက်တံဆယ်စင်း” သို့ စိတ်ဝင်တစား

 

13.jpg

ကြော်ငြာအတွက် ဗီနိုင်းပိုစတာများ

 

15.jpg

ကြေးမုံသတင်းစာကြော်ငြာ

16.jpg

ထုတ်ဝေသူ ဘလော့ဂါကိုရန်အောင်အတွက် “ သက်တံဆယ်စင်း”
AMK Creationမှ ဖန်တီးစီစဉ်ပေးသည်။

ညိုရင့်
AMK Creation
မူရင်းလင့်ခ်က အောက်မှာပါရှင်…။
(( http://www.amkcreation.com/?p=101&cpage=1#comment-59 ))

P Please consider the environment before printing this page

16 Comments »

  1. သက်တန့် ဆယ်စင်းတဲ့… နာမည်လေးက လှလိုက်တာ… ဒီထက် ရည်ရွယ်ချက်လေးက ပိုလှနေမလားဘဲ… စီစဉ်သူရဲ့ အမှာစကားကို ဖတ်အပြီးမှာ စာအုပ်လေးကို အရမ်းဖတ်ချင်သွားမိတယ်… ဘယ်မှာ ဘယ်လို ရှာပြီး ဖတ်လို့ ရနိုင်မလဲ အစ်မ…

    Comment by ညီရဲ — September 24, 2012 @ 5:50 pm

  2. အစ်မလည်း မသိဘူး.. :p အစ်မကိုယ်တိုင်လည်း အရမ်းဖတ်ချင်နေတယ်။
    ခုဟာက ဘယ်သူတွေပါလို့ပါမှန်းတောင် မသိဘူး၊ စာအုပ်ထွက်လာမှ စာရေးသူတွေ ဘယ်သူပါလည်း သိကြတာရယ်..
    ညီရဲ က ဘယ်ကလဲ။ စင်္ကာပူကဆိုရင် အဲဒီကိုပါဖြန့်မယ်ကြားတယ်..
    ရန်ကုန်မှာတော့ အင်းဝစာအုပ်တိုက်၊ အမေ့အိမ်စာအုပ်တိုက်မှာ သေချာပေါက်ရပါတယ်။

    Comment by မလေး — September 24, 2012 @ 6:38 pm

  3. အဲဒီ အကြံကောင်းတယ် မလေး။ စာအုပ်လေးတစ်အုပ် သပ်သပ်ရပ်ရပ် ဖြစ်လာဖို့ ဆိုတာ မလွယ်လှဘူး။

    Comment by ပုံရိပ် — September 24, 2012 @ 7:29 pm

  4. မလေးရေ..
    အခုလို ပြန်လည်မျှဝေပေးတဲ့အတွက်..
    ကိုမော်ကြီးရော.. အစ်မကပါ ကျေးဇူးတင်မိပါတယ်ရှင်…။

    Comment by မြသွေးနီ — September 24, 2012 @ 8:15 pm

  5. မလေးရေ… အဲဒီ့ အမွေအနှစ် ဆောင်းပါးလေးကို ကျွန်တော့်သူငယ်ချင်းတွေနဲ့ ဆရာမတွေက အရမ်းကြိုက်နေကြကြောင်း….း)))

    Comment by Yan Aung — September 24, 2012 @ 10:16 pm

  6. ဘလော့ဂါတွေ စုပေါင်းထားတဲ့ စာအုပ်လေးထွက်လာတာ ပျော်စရာ…
    ကိုရန်အောင့်ဆီက စာအုပ်လက်ဆောင် စောင့်လိုက်အုံးမယ် မလေးရေ… ဟီဟိ
    (ဒီ မှတ်ချက် ကိုရန်အောင် မြင်ဖြစ်အောင် မြင်ပါစေတော်… ဟု တဖွဖွ ဆုတောင်းသွား…)

    Comment by သက်ဝေ — September 25, 2012 @ 1:53 am

  7. မလေးလဲပါတယ်လေ။

    Comment by လရိပ်အိမ် — September 25, 2012 @ 2:41 am

  8. အနော်လည်း စိတ်ဝင်စားတယ် ..

    Comment by Than Lae — September 25, 2012 @ 4:48 am

  9. အမှန်အကန် အားပေးနေပါသည်။

    Comment by ထိပ်ထား — September 26, 2012 @ 12:20 am

  10. Nice Idea! Book looks so cool. :)
    Congratulation Ma!

    Comment by tom — September 26, 2012 @ 7:59 am

  11. အဖုံးဒီဇိုင်းလေးက မိုက်တယ်..စီနီယာဘလော့ဂါတွေရဲ့ စာတွေကို စာအုပ်လေးကိုင်ပြီး ဖတ်ချင်လိုက်တာ..ကွန်ဂရက် မလေး…

    Comment by စန်းထွန်း — September 26, 2012 @ 5:17 pm

  12. စာသားလေးတွေနဲ့ လိုက်ဖက်ညီပြီး နာမည်လေးလှတဲ့
    ‘သက်တန်ဆယ်စင်း’ ကအစပြုလို့ စာဖတ်သူတို့အတွက် နောင်ထုတ်ဝေလာမည့်
    သုတ ရသစာပေများကို အမြဲအားပေးလျှက်ပါ။ ပြန်လည်မျှဝေပေးသူ မလေးနဲ့ ဘလော့ဂါတို့ရဲ့
    စာမူတွေကို ပုံနှိပ်အဖြစ် တစ်ဖြစ်လဲထုတ်ဝေလိုက်တဲ့ ဝါရင့်ဘလော့ဂါများကို ကျေးဇူးတင် ဂုဏ်ယူမိတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — September 26, 2012 @ 10:57 pm

  13. ဝမ်းသာဂုဏ်ယူမိပါကြောင်း

    Comment by rose of sharon — September 26, 2012 @ 11:09 pm

  14. အောင်မြင်မှာပါ အမရေ

    Comment by Zwe Lwin — September 27, 2012 @ 7:41 pm

  15. မင်္ဂလာပါ မအိမ့်ချမ်းမြေ့…

    ဒီနေ့တော့ မမြသွေးနီပေးထားတဲ့ လင့်ခ်တွေ အတိုင်း သက်တံဆယ်စင်းရဲ့စာတွေကို လိုက်ဖတ်ရင်း မအိမ့်ချမ်းမြေ့ဆီ ရောက်ခဲ့တာပါဗျာ။ ကျွန်တော့်ဆိုက်က စာကို ပြန်လည်မျှဝေပေးတဲ့ အတွက် ကျေးဇူးစကား ပြောပါရစေ။ စာတွေအများကြီးကို ကျန်းမာပျော်ရွှင်စွာဖြင့် ရေးနိုင်ပါစေဗျာ။

    ခင်မင်လေးစားလျှက်

    ညိုရင့် (မော်ကြီး)
    AMK Creation

    Comment by ညိုရင့်(မော်ကြီး) - AMK Creation — September 28, 2012 @ 9:43 pm

  16. မလေးရေ….

    ဒီစာအုပ်လေးကိုဖတ်ရတာ…. တစ်ပုဒ်နဲ့တစ်ပုဒ်အကူးမှာ မတူညီတဲ့ခံစားချက်တွေ… ဘ၀သရုပ်ဖော်တွေ၊ စိတ်ကူးပုံရိပ်တွေ၊ အတွေးတွေ၊ ခံစားချက်တွေကို ဖတ်ရတာ အကြောင်းအ၇ာအလိုက် လူကပါပါသွားတယ်….. တကယ်ကောင်းတာဗျာ…… ဘလော့ဂါတွေရဲ့ တစ်ယောက်ချင်းစီ ရေးဟန်၊ ရေးပုံလေးတွေကို တစ်စုတစ်စည်းတည်း ဖတ်ရတာ တကယ်တန်ဖိုးရှိပါတယ်….

    ခင်မင်စွာဖြင့်
    ကိုကိုးအိမ်(မန္တလေး)

    Comment by ကိုကိုးအိမ်(မန္တလေး) — October 1, 2012 @ 2:05 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------