♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 16, 2012

နေချင့်စဖွယ်

Filed under: သတင်း (News), my notes, Vancouver, Canada, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 11:10 pm

♫ ♥●••·˙ ကျွန်မအတွက်ကတော့ …..
လွမ်းစရာကောင်းတဲ့ မြို့ကြီးပါ…. ˙·••●♥♫

 v.jpg

၂၀၁၂ The Economist မဂ္ဂဇင်း အရ ကနေဒါနိုင်ငံမှ မြို့သုံးမြို့ဟာ ကမ္ဘာ့နေစရာအကောင်းဆုံး မြို့တွေထဲမှာ ပါတယ်လို့ သိရပါတယ်။ မြို့ပေါင်း ၁၄၀ကို လေ့လာပြီး နှစ်စဉ်ထုတ်တဲ့ စာရင်း ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေးစနစ်၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှု၊ ပညာရေး၊ infrastructure တွေအားလုံးကို တိုင်းတာတာလို့ သိရပါတယ်။ အမှတ် ၁၀၀မှာ ဗင်ကူးဗားက ၉၇.၃မှတ်နဲ့ တတိယစွဲပြီး၊ တိုရန်တိုက ၉၇.၂ မှတ်နဲ့ စတုတ္ထနေရာ၊ ကယ်ကာရီမြို့နဲ့ သြဇီနိုင်ငံ Adelaide မြို့က ၉၆.၆မှတ်နဲ့ သရေကျပြီး ပဉ္စမ နေရာ အသီးသီးရတယ်လို့ ဆိုပါတယ်။

သြဇီ Melbourne က ၉၇.၅ မှတ်နဲ့ ပထမရပြီး၊ Vienna က ၉၇.၄ နဲ့ ဒုတိယ ရတယ်လို့ လည်း သိရပါတယ်။ သြဇီ Melbourne ဟာ မနှစ်ကလည်း ကမ္ဘာ့နေစရာအကောင်းဆုံး မြို့နေရာ မှာ ဗိုလ်စွဲထားပါတယ်။ ဒီလိုမြို့ ကမ္ဘာ့နေချင်စဖွယ်အကောင်းဆုံး မြို့တွေဟာ မြို့အရွယ်အစား သိပ်မကြီး၊ သိပ်မသေးလွန်းတဲ့ မြို့တွေ၊ လူဦးရေးသိပ်မထူထပ်ဘဲ ချမ်းသာတဲ့နိုင်ငံတွေက မြို့တွေ ဖြစ်နေတတ်တယ်လို့လည်း ဆိုပါတယ်။ တိုင်းပြည်တွေ၊ မြို့တွေ မငြိမ်မသက်ဖြစ်နေရင် အဲသလိုမြို့တွေမှာ သွားနေထိုင်အခြေချဖို့မဆိုနဲ့ အလည်အပတ်တောင် မသွားချင်ကြဘူးလို့လည်း ဆိုပါတယ်။ အင်္ဂလန်ရဲ့မြို့ကြီးတွေ အဲဒီစာရင်းထဲမှာ မပါတာဟာလည်း မကြာခဏဆန္ဒပြမှုတွေနဲ့ အမေရိကန်နဲ့မွတ်စလင်အရေးမှာ အမေရိကန်ဘက်ကလိုက်လို့ မွတ်စလင်တိုင်းပြည်တွေရဲ့ ရန်သူအနေနဲ့အမြင်ခံထားရလို့ သွားလည်တုန်းဗုံးဒဏ်မိမလား စိုးရိမ်နေရတဲ့အချက်ကလည်း စာရင်းထဲ မပါရတဲ့ အချက်တစ်ချက်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေရှ့်တိုင်းပြည်၊ ဒါကာမြို့ကတော့ ၃၈.ရ မှတ်နဲ့ ကမ္ဘာ့နေချင်ဖွယ် မကောင်းဆုံးမြို့ နေရာရတယ်လို့လည်း ဆိုပါတယ်။

Top 10 most livable cities:
1. Melbourne (သြဇီ)
2. Vienna, (Austria)
3. Vancouver (ကနေဒါ)
4. Toronto(ကနေဒါ)
5. (tie) Calgary (ကနေဒါ) and Adelaide, Australia
7. Sydney, (သြဇီ)
8. Helsinki, Finland
9. Perth, (သြဇီ)
10. Auckland, (နယူးဇီလန်)

ဖြည့်စွက်ချက်… ယူအက်စ်မြို့တွေထဲက ၁၆မြို့က စာရင်းထဲပါတယ်လို့ ဆိုပါတယ်။ မြို့ ၁၄၀မှာ  Honolulu က ယူအက်စ်မြို့တွေထဲမှာ အမြင့်ဆုံးဖြစ်ပြီး Amsterdam နဲ့ သရေကျပြီး နံပါတ် ၂၆ နေရာမှာ ရှိပါတယ်။ Pittsburgh က နံပါတ် ၃၀၊ Washington DC က နံပါတ် ၃၄၊ Atlanta, Miami, နဲ့ Chicago တို့က နံပါတ် ၃၆မှာ အတူတူသရေကျပါတယ်။ Detroit က နံပါတ် ၄၀၊ Boston က နံပါတ် ၄၁၊ Seattle က ၄၂၊ Minneapolis နဲ့ Los Angeles က နံပါတ် ၄၃၊ Cleveland က ၄၅၊ Houston က ၄၆ အသီးသီးရပါတယ်။ San Francisco, New York, နဲ့ Lexington တို့ကတော့ ၅၂၊ ၅၆ နဲ့ ၅၉ အသီးသီးချိတ်ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကတိုက်က မြို့တွေကတော့ ပြည်တွင်းစစ်ဖြစ်နေလို့ အဆင့်တွေ လျောကျတယ်လို့ ဆိုပါတယ်။

ဒီကိစ္စက ဒီမှာပဲ ပြီးလားဆိုတော့ မပြီးပါဘူး။ ဗင်ကူးဗားမြို့(ကနေဒါ) နေလူတွေဟာ ကိုယ့်မြို့ ကမ္ဘာ့ထိပ်တန်းမြို့ထဲက တစ်မြို့ဖြစ်တယ်လို့ သိရတယ်ဆိုတာနဲ့ ကျေနပ်သဘောကျပြီး ငြိမ်လို့ မနေကြပါဘူး။ ကိုယ့်မြို့ကို ကိုယ်တိုင်ဝေဖန်မှုတွေဟာ ပွက်လောကို ရိုက်သွားပါတယ်။ ဒီအချက်တွေဟာ မှန်လို့လား၊ လူတိုင်းကို ဖုန်းဆက်မေးပြီး စူးစမ်းလေ့လာလို့လား၊ ဘယ်သူတွေတွက် သိပ်ကောင်းနေတာလဲ၊ ကမ္ဘာ့ထိပ်သီးတွေနဲ့ ကြေးရတတ်တွေအတွက်တော့ ကောင်းမှာပေါ့၊ လက်လုပ်လက်စား ရရစားစားတွေတွက်ကတော့ ဘာများကောင်းနေလို့လဲ၊ တစ်နှစ်မှာ ရှစ်လလောက်က မိုးကရွာနေလိုက်တာ၊ ဘတ်စ်ကားတွေကကျပ်တယ်၊ ထရန်စစ် စနစ်က ဈေးကြီးတယ်၊ ကိုယ်ပိုင်ကားမရှိဘဲ ဘယ်မှ သွားလို့ မရတဲ့မြို့၊ ဒေါ်လာတစ်သန်းရှိရင်တောင် ရယ်စရာလေး - တစ်ကယ်ကို ဒေါ်လာတစ်သန်းနဲ့ဘာမှလုပ်လို့ မရတဲ့မြို့၊ မြို့ထဲမှာ ပေရ၀၀ပတ်လည်တိုက်ခန်းလေးကို ဒေါ်လာ ခုနှစ်သိန်းခွဲပေးရတဲ့မြို့၊ အိမ်ဈေး၊ စားစရိတ်အလွန်ကြီးတဲ့ မြို့ ဆိုပြီး ကိုယ့်မြို့ကိုကိုယ် ပြစ်ြပစ်နှစ်နှစ်ကြီးကို ဝေဖန်ကြပါတယ်။

အချို့ကလည်း ဗင်ကူးဗား (ကနေဒါ) ကို အရင်တုန်းက ကမ္ဘာပေါ်ကလူတွေက အစ်ဂလူးတွေနဲ့ နေတာလို့ ထင်ခဲ့ကြတယ်၊ အဲသလို ဆက်ထင်ကြတာကောင်းတယ်၊ ဒါမှ ဘယ်သူမှ မလာမှာ၊ လူများရင်ရှုပ်တယ်၊ လူဆိုးသူခိုးတွေ၊ နိုင်ငံရေးစနစ်နဲ့ လူနေမှုစနစ်ကို အလွဲသုံးစားလုပ်တဲ့ လူတွေပေါလာတယ်၊ မြို့က ပိုညစ်ပတ်လာတယ် စသဖြင့်လည်း ဆိုကြပါတယ်။ အချို့ကလည်း ဒီလောက်ဈေးကြီးတဲ့ ဗင်ကူးဗားကို တတိယပေးထားတာ ကုန်ကျစရိတ်တွေထည့်မတွက်ထားပဲ လေ့လာမှုပြုထားတာ၊ ပိုက်ဆံရှိရင်တော့ အလွန်ကောင်းတဲ့မြို့ပေါ့၊ သူတို့ပြောမှလား .. လို့ ဆိုသြသလို၊ ကမ္ဘာပေါ်မှာ အကျင့်ပျက်ချစားတဲ့နိုင်ငံရေးသမားတွေ အများဆုံးစုဝေးရာမြို့ဆိုပြီး နေရင်းထိုင်ရင်း ကြုံးဝါးမှုတွေကိုလည်း တွေ့ရပါတယ်။ ဒါတင်လားဆိုတော့လည်း မဟုတ်ပါဘူး၊ ငှက်ပျောသီးတစ်လုံးကို ၂ဒေါ်လာပေးရတဲ့ တိုရန်တိုဟာ ဘယ်လိုလုပ် ကမ္ဘာ့နေချင်စဖွယ်အကောင်းဆုံးမြို့ဖြစ်ရမှာလည်းဆိုပြီး တိုရန်တိုမြို့ကြီးကိုပါဆွဲသွင်းလာပြီး ဒေါသထွက်နေသူတွေကလည်း ရှိပါသေးတယ်။

v2.jpg

အခုလို ကမ္ဘာပေါ်မှာ ဘယ်မြို့ဟာဖြင့် နေချင်စဖွယ်အကောင်းဆုံးမြို့ဆိုပြီး နှစ်စဉ်လေ့လာပြီး ရလာတဲ့ ရလဒ်တွေဟာ အလုပ်ရှင်တွေအတွက် ဒီဇိုင်းလုပ်ထားခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။ တစ်မြို့တစ်နယ်တစ်နိုင်ငံ ထရန်စဖာ လုပ်တဲ့အခါမှာ hardship allowances တွက်ချက်ဖို့လို့ ဆိုပါတယ်။ စာရင်းထွက်လာတာနဲ့ အခုလို ငြင်းခုန်ဝေဖန်မှုတွေ အမျိုးမျိုးလည်း ထွက်လာလေ့ရှိပေမယ့် မီဒီယာရဲ့စိတ်ဝင်စားမှုအကြီးအကျယ်ရတဲ့ လေ့လာတွေ့ရှိချက်ဖြစ်တဲ့အပြင် အိမ်ဖြူတော် ကတောင် ဘယ်မြို့အကောင်းဆုံးလည်းဆိုတဲ့အချက်ကို စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ ( —- )

အချို့ကလည်း ဒါတွေဟာ လုပ်လေ့ရှိတဲ့ ကိုယ့်လူကိုယ်တင်တဲ့ အပြုအမှုတွေပဲ လို့လည်း ဆိုပါတယ်။ Mercer’s Quality of Living Survey နဲ့ Monocle’s Most Livable Cities Index တွေမှာဆိုရင် ကနေဒါရဲ့မြို့တွေဟာ အခုလို အဆင့်မြင့်မြင့်မားမား မရဘူးလို့ ဆိုပါတယ်။ The Economist’s ရဲ့ ရလဒ်ဟာ anglo-centric (အင်္ဂလိပ်မျိုးနွယ် အသားပေး) ဖြစ်လေ့ရှိပြီး Quality of Living Survey နဲ့ Monocle’s Most Livable Cities Index တွေကတော့ Euro-centric (ဥရောပ တိုင်းပြည်အသားပေး) ဖြစ်တယ် လို့ ဆိုကြပါတယ်။

အချို့ကလည်း ဒီလေ့လာတွေ့ရှိမှုဟာ ဗင်ကူးဗားမြို့နေလူတွေရဲ့ အမြင်တစ်ခုထဲကိုယူပြီး ဆာဗေးလုပ်တာမဟုတ်ဘူး၊ ကမ္ဘာ့ပေတံနဲ့ တိုင်းတာလို့ ဆိုပါတယ်။ လူဦးရေထူထပ်တယ်၊ ဈေးကြီးတယ် ဆိုပေမယ့် အခြားလူဦးရေထူထပ်လွန်းတဲ့ မြို့ကြီးတွေနဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ဘူးလို့ ဆိုပါတယ်။ “ဈေးကြီးတာမှန်တယ်၊ ဒါပေမယ့် တန်တယ်” လို့လည်း ဆိုကြပါတယ်။ ကိုယ့်အမြင်တစ်ခုထဲကို ရှေ့တန်းမတင်သင့်ကြောင်း၊ ကမ္ဘာ့ပေတံနဲ့တိုင်းပြီးမှာ ပြောသင့်ကြောင်း၊ ဘယ်မြို့မှ အလုံးစုံမပြည့်စုံကြောင်း တရားချကြပါတယ်။

ကိုယ့်မြို့ တတိယ ရတာကို မပျော်နိုင် မကျေနပ်နိုင်ဘဲ ဒေါသဖြစ်နေတဲ့ ဗင်ကူးဗားမြို့နေသားများကို ဒီလောက်ဖြစ်နေတာ Bejing တို့ မွန်ဘိုင်းတို့မှာ သွားနေပြီး မသန့်တဲ့လေတွေကို အရင်သွားရှုကြ၊ ဒါမှ ဗင်ကူးဗားလိုမြို့မှာ ဘယ်လောက် လေသန့်သလဲဆိုတာကို မင်းတို့သိမှာ၊ ကိုယ်ရှိနေတာကို ကျေးဇူးမတင်တတ်သူတွေလို့ ဆူကြပြောကြသူတွေရှိသလို…..

…. ဘယ်လိုမြို့မျိုးမှာပဲ နေနေ နှလုံးသားထဲကနေ ကိုယ့်နေရပ်ကို ချစ်ခင်မြတ်နိုးတတ်ပြီး ကိုယ့်မြို့ကိုယ့်ရွာ သန့်ရှင်းလှပအောင် အားလုံးကြိုးစားရင်း ရောင့်ရဲတင်းတိမ်မှုတွေနဲ့ နေကြပါစို့လို့ ရွှေပြည်အေး တရားဟောမှုတွေကိုလည်း စုံပလုံစိနေအောင် ကြားရပါတော့တယ်ရှင်….။

မနှစ်က ဗီဒီယိုလေးပါပဲ..

http://en.wikipedia.org/wiki/World%27s_most_livable_cities
http://www.leaderpost.com/news/Vancouver+third+most+livable+city+world+Economist/7095801/story.html

http://abcnews.go.com/blogs/headlines/2012/08/melbourne-tops-worlds-most-livable-cities-list/

နေချင်စဖွယ် အကောင်းဆုံးမြို့-၂၀၁၁

P Please consider the environment before printing this page

9 Comments »

  1. US က မျက်နှာငယ်ပါ့ဗျာ.. New York, LA တို့တွေက မြို့ကြီးတွေမို့ ရှုပ်ယှက်ခတ်နေလို့ Top 10 ထဲမပါတာ ထားလိုက်ပါတော့။ ကျုပ်တို့ Portland လို တမြို့လုံး သစ်ပင်တွေနဲ့ ဖုံးအုပ်ပြီး စိမ်းစိုနေတဲ့ အေးအေးချမ်းချမ်းမြို့တွေလည်း မပါဘူး..း)

    Comment by ပြည်ကောင်းအောင် — August 17, 2012 @ 12:04 am

  2. (( ဒေါသဖြစ်နေတဲ့ ဗင်ကူးဗားမြို့နေသားများကို ဒီလောက်ဖြစ်နေတာ Bejing တို့ မွန်ဘိုင်းတို့မှာ သွားနေပြီး မသန့်တဲ့လေတွေကို အရင်သွားရှုကြ၊ ဒါမှ ဗင်ကူးဗားလိုမြို့မှာ ဘယ်လောက် လေသန့်သလဲဆိုတာကို မင်းတို့သိမှာ၊ ကိုယ်ရှိနေတာကို ကျေးဇူးမတင်တတ်သူတွေလို့ ဆူကြပြောကြသူတွေရှိသလို…..))

    Comment by Anonymous — August 17, 2012 @ 1:08 am

  3. သားတို့ မဲဆောက် ကော မပါဘူးလား :P

    ဗင်ကူးဗား မှာ နေတဲ့ မလေး တစ်ယောက် လေကောင်းလေသန့်တွေ ရှူရလို့လားမသိ စာတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ကို ရေးနေတော့တာပဲ လေကလေး အမြဲသန့်ပါစေ ။

    Comment by MgMyo — August 17, 2012 @ 1:36 am

  4. သြစီ Melbourne က ၉၇.၅ မှတ်နဲ့ ပထမရတယ် ဆိုလို့ လာမည့်နှစ်တီတင့်ရဲ့ မောင်လေးဆီကို
    ညီအစ်မတစ်တွေအလည်သွားဘို့ကိစ္စ အတည်ပြုလိုက်ပြီ မလေးရေး)
    ဓာတ်ပုံတွေလှလိုက်တာ ကြည့်မဝဘူး။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — August 17, 2012 @ 4:08 am

  5. မလေးရေ့…..

    ဖတ်သွားတယ်မလေး…
    ဘယ်နေရာပဲဖြစ်ဖြစ် မနေတတ်ရင်တော့ ကျေနပ်စရာမဟုတ်ဘူးလို့ ထင်တယ်ဗျနော့်…။
    အဲ့ဒီနေရာမှာ အလွမ်းဝတ္ထုတွေ အများကြီးထိုင်ရေးပစ်ဖို့ကောင်းတာ….း)
    (မြို့ထဲမှာ ပေရ၀၀ပတ်လည်တိုက်ခန်းလေးကို )ဆိုတာ ပေ ၇၀၀ ကိုပြောချင်တာထင်တယ်။
    ဘိုင်ဒဝေး…. မောင်မျိုးကလည်းတမှောင့်ပါလား မလေးရေ့…..:P

    ခင်မင်ခြင်းအားဖြင့်…

    Comment by ~ဏီလင်းညို~ — August 17, 2012 @ 5:44 am

  6. ရွှေပြည်အေးတရားပဲ ဟောရတာ့မယ်ထင်တယ်…
    အဲဒီလိုနေချင်စရာမြို့လေးတွေများစွာထဲမှာမှ
    ကိုယ့်အတွက် နွေးထွေးမှုအရှိမယ့်နေရာ နေလို့အကောင်းဆုံးဖြစ်မယ်ထင်တယ်လေ..

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    Comment by kocherry — August 17, 2012 @ 9:30 am

  7. ဒီလိုကောင်းတဲ့မြို့မှာနေဖို့ ချစ်သူငယ်ချင်းကို အိမ်တလုံးလောက်ဝယ်ပြီးလက်ဆောင်ပေးပါလားဟင်…

    Comment by WC22 — August 17, 2012 @ 7:36 pm

  8. :)

    Comment by သိင်္ဂါကျော် — August 19, 2012 @ 12:48 pm

  9. Good,
    …. ဘယ်လိုမြို့မျိုးမှာပဲ နေနေ နှလုံးသားထဲကနေ ကိုယ့်နေရပ်ကို ချစ်ခင်မြတ်နိုးတတ်ပြီး ကိုယ့်မြို့ကိုယ့်ရွာ သန့်ရှင်းလှပအောင် အားလုံးကြိုးစားရင်း ရောင့်ရဲတင်းတိမ်မှုတွေနဲ့ နေကြပါစို့လို့ ရွှေပြည်အေး တရားဟောမှုတွေကိုလည်း စုံပလုံစိနေအောင် ကြားရပါတော့တယ်ရှင်….။
    stay there as long life

    Comment by The Tiger who lived at The Peacock Dead Zone — August 23, 2012 @ 10:48 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------