♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

July 31, 2012

သန်း ၇၀၀၊ မီးရယ်က မလာ

Filed under: သတင်း (News), ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 1:13 pm

 india.jpg

အိန္ဒိယနိုင်ငံမှာ မီးပျက်လို့ လူပေါင်း သန်း ရ၀၀ အမှောင်ထဲမှာ နေနေရတာ ၂ရက်ရှိပါပြီ။ ကမ္ဘာပေါ်မှာအကြီးဆုံး modern blackout လို့ ဆိုကြပါတယ်။ ဒီလိုမျိုး မီးပျက်တာ ၂ရက်ရှိပြီမို့ အထိကရုန်းတွေတောင်ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ မီးမလာတဲ့အတွက် ရထားတွေမသွားနိုင်၊ ဆေးရုံတွေမှာ ဒုက္ခတွေရောက်တဲ့အပြင် မိုင်းအလုပ်သမားတွေ မြေကြီးအောက်ထဲမှာ ပိတ်မိနေကြတယ်လို့ သိရပါတယ်။
တရုတ်ပြည်နယ်စပ်က Assam မြို့မှစပြီး ဟီမားလီးယားပြည်နယ်ထိ တောက်လျှောက်၊ အနောက်မြောက်ဘက်က သဲကန္တာရနယ်မြေတွေအထိ မီးမရဘူးလို့ ဆိုတယ်။ အိန္ဒိယရဲ့ လူဦးရေ ၁.၂ ဘီလီယံရှိတဲ့အထဲက တစ်ဝက်လောက်က အဲဒီဒေသတွေမှာ နေတာဖြစ်ပါတယ်။

ဒီအဖြစ်ဟာ ပါဝါကို လုံလောက်အောင် မပေးနိုင်တဲ့ အစိုးရအတွက် အရှက်ရစရာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ အိန္ဒိယနိုင်ငံဟာ စီးပွားရေးဘက်မှာ ကမ္ဘာနဲ့ရင်ဘောင်တန်းဖို့ အလံလွှင့်ထွက်နေချိန်မှာ ဒါမျိုးဖြစ်တာဟာ ဂုဏ်သိက္ခာထိခိုက်တယ်လို့လည်း ဆိုကြပါတယ်။

HSBC ဘဏ်တိုက်မှ အလုပ်သင်တစ်ဦးဖြစ်တဲ့ အသက်၁၉နှစ်အရွယ် လူငယ်လေးကတော့ ပါဝါဆိုတာ တစ်ကယ့်အခြေခံကျတဲ့အရာတစ်ခု၊ ဒါကိုတောင်မှ လုံလောက်အောင် မပေးနိုင်တာ ရှက်စရာကောင်းတယ်လို့ မြေအောက်မီးရထားတွဲတွေ မသွားနိုင်လို့ လန်ချားနဲ့ အိမ်မပြန်ခင်မှာ အဲသလို ပြောသွားတယ်လို့ ဆိုပါတယ်။

စွမ်းအင်ဝန်ကြီးကတော့ လျှပ်စစ်ကို ကိုယ့်ဝေပုံကျထက် ပိုယူတဲ့ အချို့ပြည်နယ်တွေကို အပြစ်တင်လိုက်ပါတယ်။ အချို့ အစိုးရထိပ်ပိုင်းတွေကတော့ လျှပ်စစ်လိုင်းတွေ ဟောင်းဆွေးနေတာကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။

လောလောဆယ်တော့ မိုင်းအလုပ်သမား ၂၀၀ မြေအောက်မှာ ပိတ်မိနေပါတယ်။ အဲဒီအထဲက မီတာ ရ၀၀အောက် ပိတ်မိနေတဲ့ အလုပ်သမားတွေကတော့ အပေါ်ကို ရောက်လာပြီလို့ ဆိုပါတယ်။

တနင်္လာနေ့မှာတုန်းကတော့ အရှေ့ရဲ့တတိယမြောက် စီးပွားရေးအခိုင်မာဆုံး အိန္ဒိယနိုင်ငံဟာ ဘူတန်နိုင်ငံမှ လျှပ်စစ်ကို ၀ယ်ယူရတဲ့အခြေ ဖြစ်သွားပါတယ်။

မိုးရာသီမှာ မိုးကမရွာ၊ သီးနှံတွေ ရေရဖို့ ရေတွင်းတွေကနေ စက်တွေနဲ့ရေစုပ်ထုတ်၊ အဲသလိုလုပ်ရပ်တွေကလည်း လျှပ်စစ်ပြတ်သွားရတဲ့ အကြောင်းတွေထဲက တစ်ခုဖြစ်ပါတယ်တဲ့။
လူအချို့ကတော့ နိုင်ငံခြားတွေကနေ ကနေဒါတို့၊ ယူအက်စ်တို့လို နိုင်ငံကြီးတွေကနေ စက်ရုံတွေ အရမ်းလာဆောက်၊ call center တွေ လာဖွင့်ပြီး ပါဝါတွေကို သူတို့ တိုင်းပြည်တွေမှာကျတော့ ချွေတာပြီး အရှေ့တိုင်းပြည်တွေမှာ လာလုပ်စားနေလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အချို့ကလည်း မီးမလာတာ အဆန်းမဟုတ်၊ မီးမရတဲ့ပြည်နယ်တွေထဲက လူအချို့ဟာဆိုရင် မီးဆိုတာ ဘာလဲ ဆိုတာတောင် မသိတဲ့အတွက် ဆန်းကျယ်လှတဲ့ အဖြစ်မဟုတ်ပါဘူး လို့လည်း ဆိုကြပါတယ်။ အချို့ကလည်း အိန္ဒိယရဲ့ လူဦးရေဟာ ကနေဒါရဲ့ ၁ရ ဆ ရှိလို့ ကြောက်စရာကောင်းကြောင်း၊ စွမ်းအင်တွေပိုလိုကြောင်း၊ မကြာခင် လူဦးရေတိုးပွားလွန်းလို့ explode ဖြစ်မှာတောင် စိုးရိမ်ရကြောင်း ပြောကြပါတယ်။

ဘယ်သူတွေက ပါဝါကိုလိုတာထက်ပိုသုံးဖြုန်းနေတယ်ဆိုတာကိုလည်း စုံစမ်းပြီး ဖြတ်တောက်ဖို့သင့်တယ်လို့ ဆိုသလို၊ အိန္ဒိယ သမိုင်းပညာရှင်ဖြစ်တဲ့ Ramachandra Guha, ကတော့ အိန္ဒိယပြည်အနေနဲ့ အခြားတိုင်းပြည်တွေ အထင်ကြီးအောင် နိုင်ငံတကာစံချိန်မှီပုံစံလုပ်ပြနေမယ့်အစား ကိုယ့်ပြည်တွင်းက ပြဿနာကို ကိုယ်ရှင်းသင့်ကြောင်း ပြောပါတယ်။ Mrinal Jhangiani ဆိုသူကတော့ အိန္ဒိယပြည်ထဲမှာဖြစ်နေတဲ့ အစိုးရပဲဖြစ်ဖြစ် ပုဂ္ဂလိကပိုင်းပဲဖြစ်ဖြစ် ချစားမှုမျိုးစုံတွေကို လူတွေက မိမိနဲ့ မသက်ဆိုင်ဘူးလို့ ထင်တတ်ကြတယ်လို့ ဆိုပါတယ်။ လက်ညှိုးထိုးပြီး အစိုးရကိုပဲဖြစ်ဖြစ်၊ အခြားသူတွေကိုပဲ ဖြစ်ဖြစ် အပြစ်ပုံချတတ်ကြပေမယ့် ဒီလိုတွေဖြစ်နေတာဟာ တစ်ကယ်တော့ လူတိုင်းလူတိုင်းမှာ (မိမိမှာ) တာဝန်ရှိနေတယ်လို့ ဘယ်သူကမှ မမြင်ဘူးလို့ ဆိုပါတယ်။ (The majority of Indians feel corruption is not their personal problem to address - they blame everyone else except themselves.) ကော့မန့်တွေထဲက တစ်ခုကတော့ မီးတစ်ခါမှ မရဖူးတဲ့လူတွေကတော့ ပျော်နေလိမ့်မယ် လို့ ဆိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အိန္ဒိယရဲ့ အီလိ တွေကပဲ ရေ၊မီး ဖောဖောသီသီသုံးရတော့ တစ်ခါလောက် ဆင်းရဲသားတွေကို ကိုယ်ချင်းစာတတ်အောင် ဖြစ်ရတာလို့ ဆိုပါတယ်။

အချို့တွေကတော့ မီးမရှိတာက ဒီလောက်မဆိုးသေးဘူးလို့ဆိုပါတယ်။ မီးမရှိတာထက် ဆိုးတဲ့.. စာရိတ္တပိုင်း၊ မိန်းမတွေကို နှိမ်တဲ့အပိုင်း၊ မိန်းကလေးတွေမွေးလာရင် သတ်ပစ်တဲ့အပိုင်းတွေ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ထိန်းသိမ်းစောက်ရှောက်တတ်မှုတွေ စတဲ့ ပြဿနာတွေကို မီးပြဿနာထက် ရှေ့တန်းတင်သင့်တယ်လို့ ဆိုပါတယ်။

လျှပ်စစ်ထုတ်ဝေဖြန့်ဖြူးခြင်းအများစုကတော့ နိုင်ငံတော်ပိုင်ဖြစ်ပေမယ့် လေးပုံတစ်ပုံကတော့ ပုဂ္ဂလိကပိုင်ဖြစ်တယ်။ Delhi, Mumbai နဲ့ Kolkata မြို့တွေမှာတော့ ပုဂ္ဂလိကပိုင် စွမ်းအင်ထုတ်ဝေဖြန့်ချီတဲ့ စက်ရုံတွေရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ လျှပ်စစ်ကို ကျောက်မီးသွေး၊ ရေအားနဲ့ နူကလီးယားစွမ်းအင်တွေမှ ရပါတယ်။

စက်မှုလုပ်ငန်းကြီးတွေကတော့ ကိုယ်ပိုင် လျှပ်စက်ထုတ်စက်ရုံတွေရှိတယ်လို့ ဆိုပါတယ်။ အချို့မေဂျာစက်မှုလုပ်ငန်းကြီးတွေမှာတော့ အဲသလို ကိုယ်ပိုင်လျှပ်စစ်စက်ရုံတွေရှိပြီး၊ အချို့ဒေသတွေမှာ မီးတောင် မလာတာဟာ အိန္ဒိယမှာ စီးပွားလာရောက်မြှုပ်နှံချင်သူတွေကို အခက်ဖြစ်စေတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ မီး၂ရက်မလာတဲ့အတွက် အိန္ဒိယပြည်ကြီးရဲ့ စီးပွားရေး တော်တော်ထိခိုက်သွားပြီလို့ ဆိုကြပါတယ်။

ဒါကြောင့် အိန္ဒိယအစိုးရဟာ သူတို့ မီးလုံလုံလောက်လောက် မပေးနိုင်တာ၊ လမ်းတွေ ကချော်ကချက်နဲ့ အသံမြည် ယိုင်ရွဲ့နေတာ၊ မီးရထားလမ်းတွေ မကောင်းတာတွေကို သိတဲ့အတွက် စီးပွားရေးမြှုပ်နှံလာချင်သူတွေအတွက် ဒီလို infrastructure တွေကို လာမယ့်ငါးနှစ်အတွင်း အကောင်းဆုံးပြုပြင်နိုင်ဖို့ ဒေါ်လာ ၁ တီလျှံ သုံးမယ်လို့ ဆိုပါတယ်။


http://www.thestar.com/news/world/article/1234524–600-million-without-power-as-another-blackout-hits-india

http://www.nytimes.com/2012/08/01/world/asia/power-outages-hit-600-million-in-india.html?_r=1&pagewanted=all


သတင်းအစုံအလင်ကို အပေါ်ကလင့်ခ်တွေမှာ ဖတ်စေလိုပါတယ်၊
၁၅မိနစ်အတွင်း အမြန်ရေးရတာမို့ သတင်းအနေနဲ့ဖတ်ချင်ရင် အပေါ်ကလင့်တွေကို သွားစေလိုပါတယ်ရှင်။
သတင်းထက်.. စာတစ်ပုဒ်တွက် .. အစပျိုးထားတာပါ…

P Please consider the environment before printing this page

10 Comments »

  1. ဖတ်သွားသည်။ အရင်က ရနေကျ လျှပ်စစ်မီးက အခုမှချက်ချင်းလက်ငင်း ဗြုန်းစားကြီး မရတော့တာကိုတော့ သဘောမပေါက်သေး..။ စာတပုဒ်ရေးနေတာလည်း သုံးပုံ တပုံလောက်တောင် မပြီးသေး..

    Comment by ပြည်ကောင်းအောင် — July 31, 2012 @ 5:06 pm

  2. အချို့ကလည်း SOLAR FLARE တွေ ရိုက်ခတ်မှုကြောင့်လို့ ဆိုကြတယ် အကို..

    Comment by မလေး — July 31, 2012 @ 5:17 pm

  3. မီးမလာတာကိုစိတ်ထဲမှာသိပ်မခံစားရဘူး။ မိုင်းထဲပိတ်မိနေတဲ့သူတွေကိုဘဲစိတ်ပူမိတယ်။

    Comment by ထိပ်ထား — July 31, 2012 @ 5:37 pm

  4. ရှုပ်ရှက်ကို ခတ်နေတာပဲနော့် ဟိုလူုကြီးပြောသလို ဖယောင်းတိုင်သာ ထွန်းကြတော့လို့သာ ပြောလိုက်ချင်တော့တယ် :P

    Comment by မောင်မျိုး — July 31, 2012 @ 7:35 pm

  5. မမထိပ်ထား…… စနေနေ့ သွားမှာလား..

    Comment by မလေး — July 31, 2012 @ 8:58 pm

  6. တော်သေးတယ် မြန်မာနိုင်ငံမှာ မြေအောက်ရထားတွေ မရှိသေးတာ ကံကောင်းတယ်ပြောရမယ်:))
    မဟုတ်ရင် အိန္ဒိယလို မီးပျက်နေ၇င်ဒုက္ခနော်မမ..:P

    Comment by angelhlaing — August 1, 2012 @ 4:23 am

  7. မီးရယ်က မလာ… ဆိုလို့….။ ဟ…ဟ… ဒီ စကားလုံးလေးပေါ့…. ရန်ကုန်က အဖွားတစ်ဦး ညနေ ညနေဆို ပြောတတ်တာ…။
    အင်းးးးးးးး နယ်မှာတော့ မီး…လာခြင်း မလာခြင်းကို သိပ်မခံစားမိခဲ့ပေမယ့် ရန်ကုန်မှာ ခဏနေမိတာနဲ့ မီးမလာရင် စိတ်ညစ်ရရော….။ တစ်ချိန်ကပေါ့…။
    မီးရယ်က မလာ….။ အိမ်ပြန်ချင်လိုက်တာလေ………။

    Comment by johnmoeeain — August 1, 2012 @ 5:18 am

  8. ၁၅မိနစ်နဲ့ ပို့စ်တစ်ပုဒ်ကို တင်သွားနိုင်တာ ချီးကျူးပါတယ် မလေးရေ။ တီတင့်တော့ အနည်းဆုံး ၃နာရီလောက်ကြာတယ် :P
    မြေအောက်ပိတ်မိနေတဲ့သူတွေ အမြန်ဆုံးဘေးရှင်းကြပါစေလို့ ဆုတောင်းမိပါရဲ့။
    မောင်မျိုးရဲ့ကွန်မန့်ကို သဘောကျတယ် ဟိဟိ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — August 2, 2012 @ 4:07 am

  9. အင်း… ဘာမှ မပြောလိုတော့ပါဘူးလေ… သို့ပေမယ့် … အားကြီး တူတာပဲ.. အားကြီး တူတာပဲ…

    Comment by AH — August 2, 2012 @ 7:23 am

  10. မီးနှစ်ရက်ပျက်တာ အိန္ဒိယမှာ တော်တော်ပွက်လောရိုက်သွားတယ်..လျှပ်စစ်မီးက အခြေခံကိုး..မြန်မာပြည်မှာတော့ မီးမလာတာ ကြာပေါ့..အဲခုတော့ မီးမှန်နေတယ် ကြားတယ်..

    Comment by စန်းထွန်း — August 11, 2012 @ 2:37 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------