♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

May 25, 2012

မေ ရေစီး (သစ်ပင်များနှင့် ငါးတစ်ကောင်အကြောင်း)

Filed under: သတင်း (News), my notes, Vancouver, Canada — အိမ့်ချမ်းမြေ့ @ 5:14 pm

မေလတွင်း ကျမ စိတ်ဝင်စားသော အဖြစ်အပျက်လေးများ..

ဗင်ကူးဗားမြို့မှ Arran Stephens ဆိုတဲ့ အောင်မြင်သော လုပ်ငန်းရှင်တစ်တစ်ဦးဟာ သူ့ရဲ့ခြံထဲက သစ်ပင် ၂၅ပင်ကို ပါမစ်မရှိဘဲ ခုတ်လိုက်တဲ့အတွက် တစ်ပင်ကို ဒေါ်လာ ၁၁၀၀ နှုန်းအပြင်၊ ပါမစ်ဒဏ်ကြေးက ၄၀၉၁ဒေါ်လာနဲ့၊ စုစုပေါင်း ကနေဒီယန်ဒေါ်လာ ၃၁,၅၉၁ ဒဏ်ငွေရိုက်ခံထိပါတယ်။

Arran Stephens ဟာ organic cereal ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းရှင်ဖြစ်ပါတယ်။ organic cereal ဟာ ဓာတုပစ္စည်းများမပါ၊ သဘာဝပစ္စည်းများဖြစ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်း စတာတွေနဲ့လုပ်ထားပြီး နွားနို့နဲ့စားရတဲ့ နံနက်စာပါ။ Arran Stephens နဲ့ သူရဲ့အမျိုးသမီးတို့ရဲ့ခြံတည်ရှိရာနေရာကတော့ ဗင်ကူးဗားအနောက်ဘက်ပိုင်းမှာဖြစ်ပါတယ်။ သူတို့လက်ရှိနေထိုင်ရာ အိမ်ကို ၂၀၁၀ တုန်းက ၅.၁မီလျံဒေါ်လာပေးဝယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျဲရီကိုကမ်းခြေမှာတည်ရှိသော အိမ်ဟာ အခုပေါက်ဈေး ၆.၈မီလျံဖြစ်သွားပြီလို့ ဆိုပါတယ်။ တစ်နှစ်အတွင်းကို ၁.၇ မီလျံတက်သွားတယ်လို့ ဆိုပါတယ်။

အဲသလို သဘာဝနဲ့ကျန်းမာရေးကိုရှေးရှုပြီး သဘာဝပစ္စည်းကိုသုံးလို့ စီးပွားရှာသူ လုပ်ငန်းရှင်ကြီးဟာ သူ့ခြံထဲက သစ်ပင်တွေကိုတော့ ထင်သလိုခုတ်ပစ်ရလား ဆိုတဲ့ သဘောနဲ့ မြို့တော်စည်ပင်က မကျေလည်ပြီး ဒဏ်ချပါတော့တယ်။ Stephens က သူမှားပါတယ်လို့ ၀န်ခံပါတယ်တဲ့။ အဲသလိုဝန်ခံလိုက်တဲ့အတွက် မြို့တော်စည်ပင်က ကျန်တဲ့စွဲချက်တွေကို ဖယ်ရှားလိုက်ပြီး ၃၁,၅၉၁ ဒဏ်ငွေနဲ့ ကျေနပ်လိုက်ပါတယ်။ သစ်ပင်တွေကို ခုတ်ရတဲ့အကြောင်းကတော့ သစ်ပင်တွေကအခြေအနေမကောင်းတော့လို့ရယ်၊ အဲဒီသစ်ပင်တွေနေရာမှာ ပန်းခြံကြီးနဲ့ သစ်သီးခြံစိုက်ပျိုးမှာဖြစ်လို့ ခုတ်မိတာလို့ ဆိုပါတယ်။ ခုတ်ရင်းခုတ်ရင်းနဲ့ အရှိန်တက်ပြီး ၂၅ပင် ပါသွားတာပါလို့လည်း စည်ပင်သာယာကို တောင်းတောင်းပန်ပန်ဆိုပါတယ်။

စည်းမျဉ်း ဥပဒေအရ စည်ပင်သာယာအနေနဲ့ မည်သူမဆို မိမိပိုင်ခြံပဲဖြစ်ဖြစ် သစ်ပင်တစ်ပင်ခုတ်ရင် နောက်အစားထိုးသစ်ပင်ကို ပြန်စိုက်ဖို့ ကြီးကြပ်ရမှာ ဖြစ်တယ်၊ ဒါကြောင့် သူတို့ဟာ အခုလို တရားစွဲရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြို့တော်စည်ပင်အနေနဲ့ကလည်း မိမိခြံဝင်းအတွင်းထဲက သစ်ပင်တွေကို အခုလိုပါမစ်မပါဘဲ ခုတ်ထွင်ရှင်းလင်းတဲ့ အမှုတွေနဲ့ရင်ဆိုင်ရဖူးပေမယ့် ဒီလောက်သစ်ပင်တွေအများကြီးကို ပါမစ်မပါဘဲခုတ်တဲ့ ခြံရှင်တွေနဲ့ မကြုံဖူးကြောင်းလည်း ပြောပါတယ်။

%%%

ရုပ်မြင်သံကြားအဝေးထိန်းခလုပ် တီထွင်သူ Eugene Polley ဟာ အသက် ၉၆နှစ်မှာ သူရဲ့မွေးရပ်ဇာတိဖြစ်တဲ့ ချီကာကိုဆေးရုံကြီးမှာ ကိုးဆယ့်ခြောက်ပါးသောရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူ့ရဲ့နေအိမ်မှာ နောက်ဆုံးပေါ် ရုပ်မြင်သံကြားနဲ့ အဝေးထိန်းခလုပ်တို့ ရှိပေမယ့်လည်း သူတီထွင်ခဲ့တဲ့ အဝေးထိန်းခလုပ်လေးဟာလည်း ကျကျနနနေရာယူထားဆဲလို့ ဆိုပါတယ်။

Polley ဟာ အင်ဂျင်နီယာအလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုတဲ့ ၄၇နှစ်မှာ ကိုယ်ပိုင် တီထွင်မှု/လုပ်ငန်းစဉ်တစ်ခုကိုမူပိုင်ခွင့်မှတ်ပုံတင် (Patent) ပေါင်း ၁၈ ခုကို ရရှိခဲ့သူဖြစ်ပါတယ်။

flash.jpg

၁၉၅၅ ခုနှစ်လောက်က အဝေးထိန်းခလုပ် ကြော်ငြာဖြစ်ပါတယ်

%%%

နောက်ဆုံးအနေနဲ့ကတော့ ဒီမြို့ရဲ့ ပန်းခြံတစ်ခုထဲက ရေကန်ထဲကို သကောင့်သားတစ်ယောက်က snakehead ဆိုတဲ့ငါးတစ်ကောင်ကို လာပစ်သွားတဲ့ ကိစ္စပဲဖြစ်ပါတယ်။ snakehead ဆိုတာ အသားစားငါးဖြစ်ပါတယ်။ ဒီငါးတွေက အာရှနဲ့အာဖရိကမှ ငါးတွေဖြစ်ပါတယ်။ နောက်ပိုင်း ဒီငါးကိုမှ စားကောင်းသောက်ဖွယ်အနေနဲ့ ထင်မှတ်သူ အာရှတိုင်းသားများနဲ့ အလှမွေးလိုသူတွေကြောင့် snakehead တွေဟာ ကနေဒါ၊ ဗြိတိန်၊ ယူအက် နိုင်ငံများကို ရောက်ရှိလာတာဖြစ်ပါတယ် လို့ ဆိုကြပါတယ်။ ဒီငါးတွေဟာ ကန်ထဲက အခြားငါးတွေကိုသာမက၊ ဘဲပေါက်စ၊ လိပ်ပေါက်စ အကုန်ကိုစားတဲ့ငါးတွေဖြစ်ပါတယ်။

snakehead.jpeg

မြေပြင်ပေါ်မှာလည်း ၄-၅ ရက်အသက်ရှင်နိုင်ပြီး ဒီဘက်ကန်ကနေ ဟိုဘက်ကန်၊ ဒီဘက်ချောင်းကနေ ဟိုဘက်ချောင်းကန်ကို မြေကြီးပေါ်ကနေ တွားသွားနိုင်တဲ့ငါးတွေလည်း ဖြစ်ပါတယ်။

ငါးပိုင်ရှင်သကောင့်သားကတော့ ဘယ်တိုင်းပြည်ကရှာဖွေဝယ်ယူလာမှန်းမသိတဲ့ ဒီငါးကို မနိုင်တော့လို့၊ တစ်နည်းအားဖြင့် သူ့ငါးကန်ထဲက snakehead က အခြားငါးတွေကို စားပစ်ကုန်တာနဲ့ ဘာလုပ်ရမှန်းမသိတော့လို့ အများပြည်သူ့ပန်းခြံထဲက ရေကန်မှာ လာပစ်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကို ခွေးတစ်ကောင်နဲ့ လမ်းလျှောက်ထွက်လာတဲ့ လူတစ်ယောက်က တွေ့တာပါ။ အဲဒီခွေးနဲ့လမ်းလျှောက်သူက ဓာတ်ပုံရိုက်ပြီး ဖဘတို့ ယူကျူ့တို့ပေါ်မှာ ဖွလိုက်တာနဲ့ အခု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်လျှောက်ရေး ဝန်ကြီးဌာန ကပါ ပါလာပါတော့တယ်။

ဒီငါးကိုဖမ်းဖို့ ၀န်ကြီးဌာနက လူတွေနဲ့ စည်ပင်သာယာက လူတွေ ပိုက်ကွန်တွေနဲ့ ကန်ထဲဆင်းကြပါတယ်။ snakehead ငါးကိုဖမ်းဖို့ နေနေသာသာ ငါးရဲ့အရိပ်အယောင်တောင် မတွေ့ပါဘူးလို့ ဆိုပါတယ်။ ဒီကြားထဲ ဒီငါးဟာ “ငါးမ” ဖြစ်ခဲ့ရင် ကလေးတွေ မမွေးပါစေနဲ့လို့ ဆုတောင်းနေရပါတယ်လို့လည်း ဆိုပါတယ်။ snakehead ရှာသူတွေဟာ ကန်ထဲမှာ snakehead ငါးကိုမတွေ့ဘဲ ရွှံဗွက်တွေရယ် ပလစ်စတစ်အိတ်အချို့နဲ့ သောက်တုန်းကသောက်ပြီး စည်းကမ်းမရှိပစ်သွားတဲ့ ကော်ဖီခွက်တစ်ခွက်ပဲ ရှာဖွေတွေ့ရှိပါတယ်လို့ ဆိုပါတယ်။ ဒီငါးကို ပိုက်ကွန်နဲ့ချောင်ပိတ်ကြတုန်းက snakeheadငါးက ဘယ်နေမှန်း မသိပေမယ့် အခြားရောင်စုံငါးတွေ၊ ငါးခူ၊ လိပ်တွေ နဲ့ ဘဲတွေကတော့ တော်တော်လေးကို စိတ်ညစ်နေတာကို တွေ့ရပါတယ်။

lake.jpeg

သက်ဆိုင်ရာတွေက ထိုငါးကို ရှာမတွေ့ပေမယ့် ကန်ကိုပတ်လမ်းလျှောက်ရင်း ငါးကိုတွေ့သူတွေက ဓာတ်ပုံတွေရိုက်ပြီး ဖဘမှာ ဖွကြပြန်ပါတယ်။ “မင်းတို့မတွေ့ပေမယ့် ကန်ထဲမှာ ငါးရှိနေသေးတယ်” ဆိုကာ စိတ်တွေဆိုးနေကြပါတယ်။ ငါးသေးငါးမွှား၊ လိပ်ကလေးများ၊ ဘဲငယ်လေးများကိုစားတဲ့ ဒီ သားရဲတိရစ္ဆာန် ငါးကို တိုင်းပြည်တွင်း တင်သွင်းခွင့်မပြုဖို့ ဥပဒေတစ်ရပ်ထုတ်သင့်ပြီလို့ ပွက်ပွက်ညံလို့ အခု ဖယ်ဒရယ်အစိုးရအထိ ငါးကိစ္စက ရောက်သွားပါတော့တယ်ရှင်………။

snakeheadငါးအကြောင်း ပိုသိလိုပါက ဒီကို သွားပါ။

ဧပြီရေစီး

P Please consider the environment before printing this page

15 Comments »

  1. ကိုယ်တွေနိုင်ငံလောက် နီးနီး သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ဂရုစိုက်ကြသားနော် .. :D

    Comment by မိုးခါး — May 25, 2012 @ 7:33 pm

  2. စိတ်ဝင်စားစရာ ပို့စ်လေးပါ…

    သဘာဝပတ်ဝတန်းကျင် ထိန်းသိမ်းဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်။

    ဖြစ်လာမှ ထအော်နေကြတာထက်စာရင် မဖြစ်ခင် ကြိုတင် တားဆီးနိုင်ရင်
    အကောင်းဆုံးပါပဲ။

    မြန်မာနိုင်ငံမှာတော့ ပညာပေး လုပ်ငန်းတွေနဲ့ စည်းရုံးရမယ်ထင်ပါတယ်။

    နှင်း ( နှင်းနဲ့မာယာ)

    Comment by နှင်းနဲ့မာယာ — May 26, 2012 @ 3:08 am

  3. ကိုယ်ပိုင်ခြံဖြစ်ဖြစ် သစ်ပင်တွေကို ခုတ်ချင်တိုင်းခုတ်မရဘူးဆိုတဲ့ ဥပဒေကတိုင်းပြည်မှာ
    သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းပြီးသားဖြစ်တာပေါ့နော်။
    snakehead ကြည့်ရတာ ကြောက်စရာကြီး အသားစားဆိုတော့ လူတွေအတွက်လည်း အန္တရာယ်ရှိမယ် ထင်တယ် မလေးရေ။
    ထူးထူးခြားခြားဗဟုသုတတွေအတွက် ကျေးဇူးပါ။
ိစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — May 26, 2012 @ 6:14 am

  4. သစ်ပင်ခုတ်တာ ဒဏ်တပ်တဲ့ အကြောင်း ဖတ်ရတော့ ရန်ကုန်မှာ လမ်းတိုးချဲ့ ဖို့  အကြောင်းပြချက်နဲ့  စည်ပင်က ရေတမာပင်တွေ ခုတ်တာ သွားသတိရတယ်..
    မြွေငါးကြောင့် လူတွေ အလုပ်များပုံကို မြင်ရတော့ ကိုယ့်နိုင်ငံနဲ့  အပုံကြီးကွာတာ သတိထားမိတယ်…

    Comment by စန်းထွန်း — May 26, 2012 @ 12:04 pm

  5. အရာရာတိုင်း အစိုးရကိုချည်းပဲ လက်ညှိုးထိုး ပြောနေလို့တော့ မဖြစ်ပါဘူး။
    ကိုယ်လိုအပ်တာ.. သူလိုအပ်တာ ညှိကြရင်း ဒီမိုကရေစီလမ်းပေါ်ကို လျှောက်လှမ်းကြရမှာပါပဲ..
    ကြားထဲမှာ နောက်ပြန်သွားဖို့ လမ်းကြောင်းဖန်တီးနေသူတွေရဲ့ ထောင်ချောက်ထဲ မကျကြစေဖို့ပဲ လိုပါတယ်။
    နှစ်တွေလည်း ကြာလှပါပြီ။

    တစ်ကယ်ဆို …..
    ဒီမိုကရေစီ ပြည့်ပြည့်၀၀ရတဲ့ တရားဥပဒေပြည့်ပြည့်၀၀စိုးမိုးတဲ့ တိုင်းပြည်ဆိုတာ မရှိသေးပါဘူး။
    ဒီမိုကရေစီ ဆိုပြီး ပြောနေတဲ့ တိုင်းပြည်တွေလည်း အခုထိ တရားဥပဒေပြည့်ပြည့်၀၀စိုးမိုးဖို့ လုပ်ဆောင်နေကြရဆဲပါ။

    မြန်မာပြည်အေးချမ်းလို့ သာယာဝပြောပါစေ…. …
    အန္တရာယ်အသွယ်သွယ် ထောင်ချောက်အဖုံဖုံကို ကျော်လွှားနိုင်ကြပါစေ…

    Comment by မလေး — May 26, 2012 @ 2:24 pm

  6. လမ်းတိုးချဲ့ဖို့ ရေတမာပင်တွေ ခုတ်တယ်ဆိုရင်လည်း လမ်းချဲ့ပြီးတဲ့နောက် ဘေးဝဲယာမှာ ခုတ်ခဲ့တဲ့ အတိုင်းတာထက်မနည်း ပြန်စိုက်ကြလိမ့်မယ်လို့ …
    မျှော်လင့်ရတာပါပဲလေ……..

    Comment by မလေး — May 26, 2012 @ 10:19 pm

  7. Snakehead fish= Mud fish = ငါးရံ့ (၄င်းငါးသည် သူ့ ထက်ငယ်သော ငါးများ အခြားအကောင်ပလောင်လေးများကိုစားပါသည်။) ဒီ ကနေဒီယမ်တွေဘာမှမသိဘူး. စွတ်ကြောက်နေတာ. ငါးရံ့ ဆန်ပြုတ်ဆိုတာ အကောင်းဆုံး။

    Comment by ထိပ်ထား — May 27, 2012 @ 6:58 pm

  8. အိမ့်ရေ… နန်းသပြေ ငါးရံ့ ခြောက်လေကွာ..ဆီလေးစိမ်ပြီးထမင်းပူပူလေးနဲ့ စား။ ကောင်းမှကောင်း။

    Comment by ထိပ်ထား — May 27, 2012 @ 7:01 pm

  9. ကြောက်တယ်ဆိုတာ သဘာဝရဲ့ equilabrum ကို ထိန်းသိမ်းထားချင်လို့နဲ့ တူပါတယ်။ ဒါကြောင့်လည်း ၀န်ကြီးဌာနကပါ ပါလာတာဖြစ်မယ်။
    Central Park ရဲ့ ကန်ထဲမှာ (ဒီနိုင်ငံမှာ တော်ရုံလူမစားတဲ့) အစွယ်ငေါငေါနဲ့ snakehead တွေကြီးစိုးတာကို မလိုလားကြတာတော့ အမှန်ပါပဲ။
    လိပ်ကလေးတွေနဲ့ အခြားရောင်စုံငါးလေးတွေကို မြင်ချင်သေးတယ်း))

    Comment by မလေး — May 27, 2012 @ 9:59 pm

  10. သြော်… ဘိုင်သဝေး
    Snakehead fish= Mud fish ဆိုတာ
    ငါးကျည်း မဟုတ်ဘူးလားး))

    Comment by မလေး — May 28, 2012 @ 3:04 pm

  11. ငါးကျည်းလား ငါးခူလားတော့ မသိဘူးဆရာမ ..ဒီငါးကို အနောက်နိုင်ငံသားတွေကို အင်ထရိုလုပ်ပေးလိုက်တဲ့ သူတွေကို ပြောထားတာဦးနှောက်မရှိတဲ့ငါးကန်ပိုင်ရှင်တွေ၊ ပညာမဲ့အာရှကလူတွေနဲ့ ဥာဏ်မရှိတဲ့လယ်သမားတွေတဲ့ :-(
    The Northern Snakehead (C. argus), which can stand cooler temperatures, now infests some parts of the United States, including the Potomic and the Mississippi Basin, introduced by brain dead aquarium owners, under-educated Asians and careless fish farmers.

    Comment by ပရိသတ်တစ်ယောက် — May 28, 2012 @ 4:31 pm

  12. အိမ့် ရေ.. ဓါတ်ပုံထဲကငါးသည် ငါးရံ့။ (ငါးခူ နဲ့ ငါးကျည်း က cat fish အမျိုး) ။ငါးပြေမ ၊ ငါးဖျံလုံးသေး (မြစ်ဝကျွန်းပေါ် ဖက်တွင်တွေ့ ရသည်) ကိုလည်း mud fish လို့ ခေါ်သည်။ သိတာ ဒါအကုန်ဘဲညီမရေ….။း)

    Comment by ထိပ်ထား — May 29, 2012 @ 5:03 pm

  13. ပရိတ်သတ်တစ်ဦး…း(( သူတို့အဲလိုတော့ မပြောသင့်ဘူး။
    မမထိပ်ထား……… ညီမလေးတော့ ငါးခူကို မုတ်ဆိတ်မွှေးပဲ သတိထားမိတယ်။ :D ငါးရံ့လည်း တူတူပဲ။

    Comment by မလေး — May 29, 2012 @ 9:03 pm

  14. မလေး… ဇွန် အချိန်လေးရတုန်း စာကြွေးတွေ လာရှင်းသွားတယ်။

    မတ်တပ်ရပ်နေသူများအကြောင်းဖတ်ပြီး ငယ်ငယ်က ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ အကြောင်းလေးတွေ ပြန်အမှတ်ရသွားတယ်။

    ၃တန်းတုန်းက မုန့်စားဆင်းချိန်မှာ အေတန်းရှေ့က ဖြတ်ပြေးလို့ဆိုပြီး… အေတန်းအတန်းပိုင်က ဇွန်နဲ့သူငယ်ချင်းကို ကြိမ်လုံးနဲ့တင်ပါးကို အားပါးတရ ရိုက်လိုက်တာ အရှိုးရာကြီးထင်ပြီး နှစ်ပတ်၊ သုံးပတ်လောက် နာသွားတယ်။ မုန့်စားဆင်းချိန်မှာ ကလေးပီပီ ပြေးတာ အဲသလောက်ပဲ အပြစ်ကြီးသလား.. မလေးရယ်။

    ၈တန်းတုန်းက သမိုင်းဘာသာရပ်မှာ အားလုံးမှန်ရဲ့သားနဲ့ ဇွန့်ကို အမှတ်ပြည့် မပေးဘဲ ကွက်လပ်တစ်ခုမှားတဲ့ သူငယ်ချင်းကို အမှတ်ပြည့် ပေးထားတာတွေ့လို့ သွားမေးတော့ ဇွန့်လက်ရေးမလှလို့ တမင် မပေးတာတဲ့။ သူက မှားပေမယ့် လက်ရေးလှလို့တဲ့လေ။ ဘယ်လောက်ခံရခက်လဲနော်။ သူငယ်ချင်းကို မနာလိုဖြစ်တာတော့ မဟုတ်ဘူး၊ ကိုယ်ရသင့်ရထိုက်တဲ့ အမှတ်မရလို့၊ အားလုံးလည်း မှန်နေရဲ့သားနဲ့။ ဇွန်လည်း အဲဒိကစပြီး စိတ်နာနာနဲ့ လက်ရေးလှဝယ်ပြီး လက်ရေးပြန်ကျင့်လိုက်တယ်။ :D

    Comment by ဇွန်မိုးစက် — May 30, 2012 @ 12:52 am

  15. Interesting! Oh, snakehead is really like a snake. I think it should be the Nga- yant
    myo-nwe.

    Comment by pyaykaungaung — June 7, 2012 @ 9:05 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------