♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

April 5, 2012

ဧပြီရေစီး

Filed under: သတင်း (News), my notes, Vancouver, Canada, စာစု — အိမ့်ချမ်းမြေ့ @ 4:02 pm
သတင်းအတိုအထွာလေးတွေဝေမျှချင်လို့ပါ..။
ဟိုတစ်လောက ကနေဒါနဲ့ယူအက်စ်ရေပိုင်နက်ကြားမှာ လူသူမရှိတဲ့ သဘောင်္ကြီးတစ်စင်း မျောနေတယ်။ လူတွေက Ghost ship ဆိုပြီး စိတ်ဝင်တစားနဲ့ ဖြစ်ကြတယ်။

ship2.jpg

နောက်တော့ သက်ဆိုင်ရာတွေက ရေဒါတွေနဲ့စစ်ပြီး စုံစမ်းလိုက်တော့၊ မတ်လ ၂၀၁၁ တုန်းက ဂျပန်ပြည်မှာဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် ပစိဖိတ်သမုဒ္ဒရာထဲကို အပျက်အစီး အစအနတွေ မျောလာတဲ့အထဲက ပေ ၁၅၀မှ ၂၀၀ရှည်တဲ့ ငါးဖမ်းလှေကြီးဖြစ်နေပါတယ်။
ပင်လယ်ထဲမှာ တစ်နှစ်ကြာကြာမျောနေတဲ့ သဘောင်္ဟာ နစ်မြုပ်သွားတာမျိုး၊ ပေါက်ကွဲသွားတာမျိုး၊ အနည်းဆုံးတော့ မှောက်ခုံဖြစ်နေတာမျိုး ဖြစ်နိုင်ပေမယ့် ဒီသဘောင်္ကတော့ သံချေးတက်ရုံကလွဲလို့ ပက်လက်လေးပဲ မျောနေတာကို အရမ်းကို ရင်သပ်ရှုမောဖြစ်နေကြတယ်။ ဒီသဘောင်္ကို စစတွေ့တုန်းကတော့ ဒီမြို့ကအချို့လူ (ရေပြင်မှာကျွှမ်းကျင်သူ) တို့က သွားပြီးဆယ်ယူချင်ကြပေမယ့် ဥပဒေပိုင်းဆိုင်ရာ ညိုစွမ်းမှုတွေအပြင်၊ ကျွမ်းကျင်လုပ်သားတွေလိုအပ်မှု၊ ငွေရေးကြေးရေးချင့်ချိန်နေမှုတွေကြောင့် အချိန်ဆွဲနေခဲ့ကြတယ်။

ဒီလိုနဲ့ သဘောင်္ကြီးမျောနေတာ အခုဆိုရင် ကနေဒါ-ယူအက်စ် ရေပိုင်နက်ကြားက ကော်ရစ်ဒါနားကို ရောက်လာပါပြီ.. တဲ့။ ဂျပန်ဆူနာမီကြောင့် အပျက်အစီး အစအနတန်ချိန်သန်းချီပြီး မြောက်ဝင်ရိုးစွန်းဘက်ထိ မျောနေလိမ့်မယ်လို့လည်း ဟာဝိုင်ရီဘက်က ပညာရှင်အချို့က ခန့်မှန်းတယ်လို့ ဆိုပါတယ်။ လက်ရှိတော့ ဒီသဘောင်္ကြီးကို ကမ်းကိုဆွဲလာရမလား၊ ပင်လယ်ထဲမှာ မြှုပ်ပစ်ရမလား မသိသေးဘူး ဖြစ်နေကြတယ်။ Hokkaido မှ ပိုင်ရှင်ကတော့ ပြန်မလိုချင်တော့ဘူးလို့ ဆိုပါတယ်တဲ့။ ကနေဒါ နဲ့ ယူအက်စ်မှ သက်ဆိုင်ရာတွေကလည်း ပိုင်ရှင်တောင် ပြန်မလိုချင်တဲ့ဟာကို သူတို့က ဘာလုပ်ရမှာလည်းဆိုပြီးလည်း ပြောနေကြပါတယ်။ လောလောဆယ်တော့ ရေသွားရေလာတွေကို အနှောက်ယှက်မဖြစ်ဘူးလို့ ဆိုပါတယ်။

အပေါ်ကပုံကတော့ ပိုလှလို့ တင်ထားတာပါ.. တစ်ကယ့်အစစ်မှန် သဘောင်္ပုံက အောက်ကပုံပါ..။

ship.jpg

နောက်တစ်ခုကတော့….

ကျမတို့မြို့က အသက် ၂၃နှစ်အရွယ် Jenna Talackova ဆိုသူဟာ Miss Canada ၀င်ရွေးပါတယ်။ ဒါပေမယ့် မွေးတုန်းက ယောင်္ကျားဖြစ်ခဲ့လို့ ပါဝင်ယှဉ်ပြိုင်ခွင့်ကနေ ပိတ်ပင်ခံခဲ့ရတယ်။ အလှဘုရင်မယှဉ်ပြိုင်မှုရဲ့ ပေါ်လစီအရ ယှဉ်ပြိုင်သူတွေဟာ မွေးကတည်းက မိန်းမဖြစ်ရမယ်ဆိုတာ ပါတယ်လို့ ဆိုပါတယ်။ ပိတ်လိုက်တယ်လို့ သတင်းတွေထွက်တုန်းက တစ်နိုင်ငံလုံး အသံစုံသွားတာပါပဲ။ Jenna Talackova ဟာ အသက် ၁၉နှစ်မှာ ခွဲစိတ်ပြီးပြောင်းလိုက်တဲ့အတွက်၊ မွေးစာရင်း၊ ယဉ်မောင်းလိုင်စင်၊ နိုင်ငံကူးလက်မှတ်စတာတွေအားလုံးမှာ တရားဝင်မိန်းမဖြစ်နေတာမို့ ပိတ်ပင်မခံသင့်ကြောင်း၊ ဒါဟာ ခွဲခြားမှုဖြစ်ကြောင်း၊ ကျန်တဲ့စင်ပေါ်က အမျိုးသမီးတွေဟာလည်း ဆံပင်ဆိုးထားတာကအစ၊ နှုတ်ခမ်းနီလိမ်းထားတာကအဆုံး အစစ်မဟုတ်ကြောင်း ပြောကြသလို ……

 transgender2.jpg

ယောင်္ကျားဆိုကတည်းက ခြေထောက်က အနည်းငယ်ပိုရှည်နေပြီဖြစ်လို့ အားသာသွားပြီဖြစ်ကြောင်း၊ တစ်ကယ်ကတော့ ဒီလိုပွဲတွေဟာ ယောင်္ကျားတွေအတွက် မိန်းမတွေက စင်ပေါ်တက်ပြရတဲ့ ပွဲမို့၊ ယောင်္ကျားကနေ မိန်းမပြောင်းထားသူတစ်ယောက်ကို တစ်ကယ်လက်မခံနိုင်တာက ပွဲကြည့်ယောင်္ကျားတွေသာဖြစ်လို့၊ ယောင်္ကျားတွေက ပိုပြီးကန့်ကွက်နေကြတာဖြစ်ကြောင်း၊ အခုနေ အားကစားတွေမှာ မိန်းမပွဲတွေမှာ အခုလို လိင်ပြောင်းထားတဲ့ ယောင်္ကျားတွေကို ၀င်ပြိုင်ခိုင်းရင်လည်း မိန်းမတွေ ရှုံးဖို့ပိုများမှာဖြစ်ကြောင်း…..
အဲဒီချိန်မှာ Jenna Talackova ဟာ ယူအက်စ်မှာ ထိပ်ထိပ်ကြဲ နာမယ်ကြီး ဥပဒေ အကျိုးဆောင် Gloria Allred နဲ့ သွားတွေ့ပါတယ်။ အလှဘုရင်မပြိုင်ပွဲတွေရဲ့ ပိုင်ရှင်ဖြစ်တဲ့ Donald Trump က ကနေဒါရဲ့ဥပဒေနဲ့ညီမျှတယ်ဆိုရင် ၀င်ပြိုင်ခွင့်ရှိတယ်လို့ မယုတ်မလွန်ပြောတာကို ဥပဒေအကျိုးဆောင်က သိပ်မကျေနပ်ပါဘူး။ မွေးရာပါ မိန်းမဖြစ်ရမယ်ဆိုတဲ့ ပေါ်လစီကိုပြောင်းဖို့ ပြတ်ပြတ်သားသားလုပ်သင့်တယ်၊ ဟိုလိုလိုဒီလိုလို… “ဒါ့အပြင်၊ မဟုတ်ရင်၊ အကယ်၍၊ ဆိုတော့..” စတဲ့ စကားလုံးတွေ မကြားချင်ဘူးလို့ ပြောပါတယ်..တဲ့။
ခုလောလောဆယ်တော့ Jenna Talackova ၀င်ပြိုင်မှာလား မပြိုင်ရဘူးလားက မတင်မကျကြီးဖြစ်နေပါတယ်။ ဒီကတဆင့် တိုရန်တိုမှာသွားပြိုင်ပြီး အဲဒီကနိုင်ရင် Miss Universe ကိုဝင်ပြိုင်မှာဖြစ်ပါတယ်…။

 

နောက်တစ်ခုကတော့…

ကနေဒါဖယ်ဒရယ်အစိုးရက ဖေဖော်ဝါရီ ၂ရ၊ ၂၀၀၈ မတိုင်ခင်တင်ထားတဲ့၊ SKILL WORKER တွေ အနေနဲ့ကနေဒါထဲဝင်ရန် လျှောက်လွှာ သုံးသောင်းကို ဆက်ပြီးမကြည့်တော့ပါဘူး လို့ ဆိုပါတယ်။ အရင်တုန်းက ကျွမ်းကျင်မှုများ (skill) တွေက update မဖြစ်တော့ဘူးမို့ လောလောဆယ် ခေတ်နဲ့လျော်ညီတဲ့ ကျွမ်းကျင်မှုများရှိတဲ့ လူတွေကို လိုချင်တဲ့ သဘောနဲ့လုပ်တာလို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂ရ၊ ၂၀၀၈ မတိုင်ခင်မှာ တင်ထားတဲ့ လျှောက်လွှာရှင်တွေအားလုံးရဲ့ လျှောက်လွှာခ စုစုပေါင်း ဒေါ်လာသန်း၁၃၀ကို ပြန်အမ်းမှာဖြစ်ပါတယ်။ အချို့လျှောက်လွှာရှင်တွေဟာ ကနေဒါထဲကို ကျွမ်းကျင်ပညာရှင်နဲ့ဝင်ဖို့စောင့်နေတာ ဆယ်စုနှစ်တစ်ခုကျော်နေပြီလို့လည်း သိရပါတယ်။ ဥပမာ ၂၀၀၁ တုန်းက လျှောက်ထားတဲ့ အသက် ၄၂နှစ်အရွယ် ကျွမ်းကျင်လုပ်သားတစ်ယောက်ဟာ အခုချိန် ကနေဒါထဲဝင်ခွင့်ရပြီဆိုရင်၊ အဲဒီအချိန်တုန်းက လိုအပ်တဲ့လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုတွေဟာ ခုခေတ်ခုချိန်မှာ လိုအပ်မှုမရှိတော့တာဖြစ်နိုင်တဲ့အပြင်၊ အသက်ကလည်း ၅၃အရွယ်ရောက်သွားပြီမို့ အလုပ်လုပ်နိုင်ရန် နှစ်ကာလနည်းသွားပြီလို့လည်း ဆိုကြပါတယ်။ အဲသလို ပယ်ခံထိတဲ့အထဲမှာ မြန်မာပြည်အပါအ၀င် တိုင်းပြည်အားလုံးက လူတွေပါသွားပါတယ်။

နောက်ဆုံးတစ်ခုကတော့ ……..

Slice Channel မှာပြတဲ့ ‘Real Housewives of Vancouver’ ဆိုတဲ့ reality TV show ကို မနေ့က မိနစ်၂၀ခန့်ကြည့်လိုက်ပါတယ်။ ရှိုးထဲက မိန်းမတွေဟာ အိုက်တင်လုပ်နေတာမဟုတ်ဘူးလို့ ဆိုပါတယ်။ တစ်ကယ့် reality show လို့ ဆိုကြတယ်။ တစ်ကယ်ပြောနေဆိုနေ၊ စကားများနေကြတာလို့ ဆိုတယ်။ အဲဒီထဲက Jody Claman က အသက် ၄၈နှစ်ရှိပြီး (West Vancouver) လူဂုဏ်တန်ရပ်ကွက်မှာ အကျီင်္ဆိုင်ရှိတယ်။ Mary Zilba ကတော့ အသက် ၄၈နှစ်ရှိပြီး အရင်က ပေါ့အဆိုတော်နဲ့အလှမယ်ဖြစ်တယ်၊ Reiko Mackenzie ကတော့ အသက် ၃၇နှစ်အရွယ် ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး ဂျူဒိုကရာတေးနဲ့ ဈေးကြီးဆန်းကျယ်လှတဲ့ ကားတွေကို ခရေဇီးဖြစ်တယ်၊ Ronnie Negus ကတော့ အသက် ၄၃ဖြစ်ပြီး ကယ်လီဖိုးနီးယားမှာ ၀ိုင်ခြံတွေပိုင်ပြီး သူမရဲ့ ကစားစရာစုထားတဲ့ အလှပြပစ္စည်းတွေထဲက အချို့ကတော့ ရွက်လှေကြီးတစ်စင်းနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းပဲ ဖြစ်ပါသတဲ့။

housewives.jpgအဲဒီရှိုးကို မိနစ် ၂၀ထက် ဘယ်လိုမှ ပိုမကြည့်နိုင်တော့လို့ အခြားထူးဆန်းသောအချစ်ရုပ်ရှင်တစ်ကားကို ဆက်ကြည့်မိပါတယ်။ အကယ်၍ သက်ဆိုင်ရာတိုင်းပြည်တွေမှာ ပြခဲ့ရင်၊ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ရဲ့ ရှုခင်းတွေလောက်ပဲ ကြည့်ကြပါလို့။ အဲဒီရှိုးထဲက မိန်းမတွေဟာ လူဂုဏ်တန်အထက်လွှာကဖြစ်တာကို ပြောချင်တာပါ။ သူတို့မျက်နှာတွေက botox တွေထိုးထားလို့ မျက်နှာကြီးတွေ တင်းနေပြီး ပြုံးမရ၊ ရယ်မရ၊ ငိုမရ ဖြစ်နေတာကို မြင်ရပါမယ်။ သဘာဝအလှ (အသက်ကြီးရင့်မှုရဲ့အလှ)ကို အတင်းဖုံးကွယ်ထားလို့ ပိုတောင်ရုပ်ဆိုးနေသလိုဖြစ်နေတာကိုမြင်ပြီး ဗင်ကူးဗားကလူတွေရဲ့ မျက်နှာတွေက မပြုံးမရယ်နိုင်တင်းတင်းကြီးတွေနဲ့ အကုန်ဒီလိုဖြစ်နေတယ်လို့ထင်မှာ ကြံကြံဖန်ဖန် စိုးမိတော့တာပါပဲ..။ ဒီ့အပြင် ရှိုးအမည်နဲ့ကလည်း မကိုက်သလို ခံစားနေရလို့ပါ။ မကြည့်နိုင်ဘူးဆိုတာ အဲသလို ရန်ဖြစ်လိုက်၊ နောက်ကျောဓားထိုးလိုက်တွေကိုကြည့်ပြီး မလေးတို့မြို့ကလူတွေကတော့ လူထူးဆန်းတွေထင်နေမှာစိုးလို့… အကယ်၍ ဒီရှိုးကို ကြည့်ခဲ့ကြသည်ရှိသော်……
အပြင်က မိန်းမတွေဟာ အဲဒီရှိုးထဲက မိန်းမတွေလို မဟုတ်ပါဘူးလို့ …။

မလေးတို့မြို့ကလူတွေက အလွန်ချစ်စရာကောင်းပြီး သဘာဝဆန်ဆန် လှပါတယ်………လို့ နေရင်းထိုင်ရင်းကြေငြာဝင်လိုက်ရပါတော့တယ်ရှင်…။

မေရေစီး

P Please consider the environment before printing this page

8 Comments »

  1. http://www.vancouversun.com/news/Japanese+ghost+ship+fire+expected+sink/6418934/story.html
    Japanese Ghost Ship on fire, expected to sink တဲ့ Sis..

    Comment by pN — April 5, 2012 @ 6:49 pm

  2. ဂျပန်က မျောလာတဲ့ သင်္ဘောသတင်းကို ဟိုတလောက မြန်မာအသံလွှင့်ဌာန တခုမှာ ကြားလိုက်မိပါတယ်။ Ms. Jenna က Miss Canada, Miss Universe ပြိုင်မယ်ဆိုရင် biological woman ဖြစ်ရမယ်လို့ ပြောကြတာ မျှတတယ် ထင်တာပါပဲ။ ဘာဖြစ်လို့လဲဆိုရင် Transsexual female တွေဟာ အမျိုးသမီးတွေရဲ့ လစဉ်ကိစ္စတွေမရှိတာ၊ ကိုယ်ဝန်ဆောင်နိုင်စွမ်း မရှိတာတွေကြောင့် စင်စစ်တော့ သူတို့ဟာ အပေါ်ယံလောက်သာ မိန်းမဖြစ်ပြီး အနှစ်သာရ အားဖြင့် မိန်းမမဟုတ်ဘူးလို့ ပြောလို့ရမယ်ထင်ပါတယ်။ တကယ်တော့ သက်ဆိုင်ရာက သူတို့အတွက် ID လုပ်ပေးတော့လည်း Gender: Female လို့မဖော်ပြဘဲ Transsexual Female စသည်ဖြင့် ခွဲခြား ဖော်ပြပေးသင့်တယ် ထင်တာပဲ။ သူတို့ကို အထင်သေးချင်တဲ့စိတ် တစက်မှမရှိပါဘူး။ ဒါပေမဲ့ သူတို့ဟာ inborn females’ physiology ပါမလာဘဲ မိန်းမ အတင်းဖြစ်ချင်နေကြတယ်လို့ ထင်မိတယ်။

    Comment by ပြည်ကောင်းအောင် — April 5, 2012 @ 8:17 pm

  3. မလေးတော့ အဲဒီသဘောင်္ကို သနားနေတယ် ပန်းနွယ်ရယ်..း(

    Comment by မလေး — April 5, 2012 @ 10:24 pm

  4. ဟိုတနေ့ကပဲ အဲဒီရှိုးကိုကြည့်မိပြီး ဗင်ကူးဗားမြို့က လူတွေက ဒီလိုကြီးလား? လို့ ခေါင်းကုတ်နေခဲ့သေးတယ်…၊းP
    အလကား ပြောတာပါဗျာ၊ မကြည့်ဖူးသေး ပါဘူး၊း)

    Reality show တိုင်းလိုလိုက ဒီလိုပါပဲ၊ အပြင်လောကနဲ့ ဆက်စပ်ရင် ဘယ်လိုမှ real မဖြစ်ပါဘူး..၊ လူစိတ်ဝင်စားဖို့ တခုခု ပိုလုပ်မှ ဖြစ်မှာကိုး..၊
    ဓါတ်ပုံထဲမှာတော့ ဒီ housewives တွေက desperate ဖြစ်ပုံတော့ မရဘူး..။း)

    Comment by ညီလင်းသစ် — April 6, 2012 @ 2:27 pm

  5. နောက်ဆုံးပို့ စ်ကိုဖတ်ပြီးညီမလေးကိုချီးကျူးတယ်။(မိနစ် ၂၀ ကြည့်နိုင်လို့ )။ အရမ်းရန်ဖြစ် စကားများ ဘာတွေမှန်းမသိဘူး။
    ဂျီးဒေါ် ထိပ်ထားတော့ နဖူးကအကြောင်းတွေကို ဧရာဝတီမြစ်ရဲ့ကမ်းနဘေး မြေနုလွင်ပြင်ကဲ့သို့ ၄င်း၊ မျက်လုံးနားက အကြောင်းတွေကို ဧရာဝတီမြစ်ရဲ့ ဧရာဝတီတိုင်းက မြစ်လက်တက်များဖြာထွက် သကဲ့သို့ ၄င်း…….။

    Comment by ထိပ်ထား — April 9, 2012 @ 10:46 am

  6. ဂျပန်က မျောလာတဲ့ သင်္ဘောကြီးကို ဖောက်ခွဲပြစ်လိုက်မဲ့အစား မြန်မာပြည်ကို လက်ဆောင်ပေးလိုက်ရင်ကောင်း မှာနော် မြန်မာပြည်က သဌေးတယောက်ယောက်က အကုန်အကျခံပြီး သွားယူလို့မရဘူးလား မလေးရယ် စုံစမ်းပေးပါလား မြန်မာကမ်းရိုးတမ်းမှာ ငါးဖမ်းလို့ရတာပေါ့။သမြောစရာကြီး။ပိသာချိန်နဲ့ရောင်စားရင်တောင်ေ တ်ာတော်ရမှာနော့။

    Comment by maung zo Phay — April 15, 2012 @ 7:04 am

  7. Vancouver အကြောင်း လေ့လာသွားတယ် မလေးရေ

    Comment by စန်းထွန်း — April 15, 2012 @ 10:36 am

  8. အဲလိုလေး မျောချင်ရာမျောနေတဲ့ သင်္ဘောကို မြင်ရတုန်းက စိတ်ထဲမကောင်းသလို ဖြစ်မိသေးတယ်။ Jenna Talackova လေးကိုတော့ ပါဝင်ယှဉ်ပြိုင်ခွင့်ပေးသင့်တယ် ထင်တာပါပဲ။ ဒီလိုခွဲခြားချင်တဲ့ စိတ်ရှိရင် အစကတည်းက မွေးစာရင်းတွေ ယဉ်မောင်းလိုင်စင်တွေမှာ Female လို့ ဖော်ပြပေးမထားသင့်ပါဘူး။ ခုကျမှတော့ အခွင့်အရေးတန်းတူ ပေးသင့်တယ် ထင်တာပါပဲ။ သူတို့လို ခွဲစိတ်ပြုပြင်ထားတဲ့သူတွေမှာလည်း ဒီလိုအလှမျိုးရဖို့ ရင်းရတာ နည်းမှာမဟုတ်ဘူးဆိုတာ တွေးရင်းသနားမိပါတယ်…

    Comment by ရွှေပြည်သူ — May 8, 2012 @ 9:07 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------