♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

November 13, 2011

leonids ကြယ်ကြွေရက် (နိုဝင်ဘာ ၁ရ -၁ဂ)

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes — အိမ့်ချမ်းမြေ့ @ 1:36 am


See Explanation.  Clicking on the picture will download   the highest resolution version available.

လာမယ့် နိုဝင်ဘာ ၁ရ - ၁ဂ ရက်တွေမှာ Lenoids ကြယ်မိုးရွာတဲ့ နေ့ (ကြယ်တွေကြွေမယ့်နေ့) ဖြစ်ပါတယ်။

တစ်နာရီမှာ ကြယ်ပေါင်း ၄၀ထိ ကြွေမှာဖြစ်ပါတယ်။

ဒီကြယ်ကြွေခြင်းဟာ Temple Tuttle ဆိုတဲ့ ကြယ်တံခွန်ကြောင့်ဖြစ်ပါတယ်။

အဲဒီကြယ်တံခွန်ဟာ နေနားကို ၃၃နှစ်မှာ တစ်ကြိမ်ကပ်လာတတ်တယ်။

ပြီးတော့ သူ.. အမှုန်အမွှားတွေချန်ခဲ့တဲ့ လမ်းကြောင်းထဲကို ကမ္ဘာက တစ်နှစ်တစ်ခါ ဖြတ်သွားတတ်တယ်။

အထူးသဖြင့် နိုဝင်လာလလောက်မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ.. ကြယ်တွေအစုလိုက်အပြုံလိုက်ကြွေတာကို မြင်ရတော့တာပါပဲ။

1998 Leonid Fireball
Credit & Copyright: Lorenzo Lovato

Temple Tuttle ကြယ်တံခွန်ဟာ ၃၃နှစ်မှာ တစ်ခါ နေနားကပ်လို့ ကမ္ဘာပတ်လမ်းကြောင်းသွားကျချိန်တွေမှာ တစ်နာရီကို ကြယ်တွေ ထောင်နဲ့ချီကြွေတာကို မြင်ရတတ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာအနားကို ၂၀၃၁ ခုနှစ်မှာမှ ထပ်ဖြတ်မှာဖြစ်တဲ့ အတွက် အဲသလို ကြယ်ကြွေမုန်တိုင်းကို မြင်ရဖို့ နှစ်တော်တော် ကြာဦးမယ်လို့ သိရပါတယ်။ မှတ်တမ်းတွေအရ ၁၈၃၃ ခုနှစ်တုန်းကဆိုရင် မြောက်အမေရိကတိုက်ရဲ့ ကောင်းကင်ယံမှာ ဒီleonids ကြယ်တွေ တစ်နာရီကို ကြယ်ပေါင်းတစ်သိန်းခန့် ကြွေသွားခဲ့တယ်လို့ သိရပါတယ်ရှင်။

ကိုယ်တို့ သမိုင်းနဲ့ အကပ်ဆုံးနှစ်ကို ပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာ အဲသလိုအစုလိုက်အပြုံလိုက် ကြွေသွားတယ်လို့ သိရပါတယ်။ ဒီနိုဝင်ဘာထဲမှာတော့ ၁၃ ရက်ထဲက ကြယ်ကြွေတာကို မြင်ရမှာဖြစ်ပြီး နိုဝင်ဘာ ၂၀အထိ မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ၁၇ နဲ့ ၁၈ ရက်တွေမှာ ကြယ်တွေများဆုံးကြွေတာ မြင်နိုင်ကြရမှာဖြစ်တယ်။
ခုံးမျက်စသုံးရက်လက ဒီကြယ်မိုးရွာတာကို အတားဆီးဖြစ်စေနိုင်ပေမယ့် ညသန်းခေါင်လွန်ရင်တော့ constellation leo နားမှာ ပိုမြင်ရမယ်လို့ ဆိုပါတယ်။

constellation leo ဘယ်နားမှာလည်း မသိဘူးဆိုရင် မလေး အောက်မှာ ပုံနဲ့ပြထားပေးပါတယ်။ ခုနှစ်စင်ကြယ်ကိုတော့ လူတိုင်းသိမှာပါ.. ခုနှစ်စင်ကြယ်ရဲ့ ကျောဘက်နားမှာဖြစ်ပါတယ်။ ခုနှစ်စင်ကြယ် (Plough သို့မဟုတ် the Big Dipper သို့မဟုတ် the Saptarishi လို့လည်း ခေါ်ကြပါတယ်) ဟာ ကိုယ်နေတဲ့ တိုင်းပြည်ပေါ်မှာ မူတည်ပြီး ဇောက်ထိုး၊ ပက်လက်၊ မတ်တပ်၊ မှောက်ခုံ အမျိုးမျိုးမြင်ရပါတယ်။ မြန်မာပြည်တုန်းက သန်းခေါင်ရောက်ရင် ခုနှစ်စင်ကြယ်ပြောင် အမြီးကထောင်ပေမယ့် ဒီကိုရောက်ကတည်းက ခုနှစ်ကြယ်ဟာ ပက်လက်ဘ၀ကနေ အမြီးကို မထောင်တော့ပါဘူး။

constellation-leo1.jpg

အောက်ကပုံကတော့ တစ်နေ့က တန်ဆောင်မုန်းလပြည့်နေ့မှာ လပြည့်ချိန်တိတိလောက်မှာ လထီးဆောင်းနေတာကို ရိုက်ထားတာပါ.. သိပ်တော့ မချိန်တတ်လို့ ဒီလောက်ပဲထွက်လာပါတယ်။

novmoon.jpg

ဒီ နိုဝင်ဘာ ၂၀၁၁ မှာ…. နိုဝင်ဘာကောင်းကင်ယံတွေမှာ ဂြိုလ်ငါးလုံး ကို မြင်ရမှာဖြစ်ပါတယ်.. မာကျူရီ၊ ဗီးနပ်စ်၊ မားစ်၊ ဂျူပီတာနဲ့ စေတန်ဂြိုလ်တို့ပါပဲ။

မာကျူရီ၊ ဗီးနပ်စ်၊ ဂျူပီတာဂြိုလ်တွေကို ညနေခင်းကောင်းကင်ယံတွေမှာ တွေ့ရမှာဖြစ်ပြီး ကျန်တာကိုတော့ နံနက်ခင်းကောင်းကင်ယံမှာ တွေ့ရမှာဖြစ်ပါတယ်။

ဒီလမှာ ဂျူပီတာဟာ လဘေးခပ်လှမ်းလှမ်းမှာ ရှိနေတတ်ပါတယ်။ မာကျူရီနဲ့ ဗီးနပ်စ်တို့ကိုတော့ နေ၀င်ကာစ ကောင်းကင်အစပ် မှာ ကပ်ပြီးတွေ့ရမှာဖြစ်ပါတယ်။ ဂျူပီတာက တစ်ညလုံး ကောင်းကင်မှာ လင်းတဲ့ နိုဝင်ဘာဖြစ်ပါတယ်။

နေမထွက်ခင် ၂နာရီအလို ဂျူပီတာ အနောက်ကောင်းကင်ထဲ ပျောက်မသွားခင် စေတန်ဟာ အရှေ့ဘက်ကောင်းကင်မှာ ပေါ်လာမှာဖြစ်ပါတယ်။ မှန်ဘီလူးကောင်းကောင်းနဲ့တောင် စေတန်ရဲ့အရောင်တွေကို မြင်ရမှာဖြစ်ပါတယ်။

အခုလို ကြယ်မိုးတွေရွာတော့မယ့် အချိန်ဆိုရင် အနောက်နိုင်ငံမြို့ပြကလူတွေဟာ အိပ်ရာလိပ်တွေ၊ မှန်ဘီလူး၊ မှန်ပြောင်းကိုယ်စီနဲ့ မြို့ပြနဲ့ဝေးရာကို ခရီးထွက်သွားတတ်ပါတယ်။ ကြယ်တွေကို ငေးမောဖို့ပေါ့…။ မာလစ်ဆာ ဘီတီမော့ ဆိုတဲ့ ကျောင်းသူလေး တစ်ယောက်ပြောတာကို သွားသတိရမိတယ်။ သူမဟာ Manhattan နဲ့ မိုင်၃၀အကွာ မြို့တစ်မြို့မှာ နေထိုင်ပါတယ်တဲ့။ သူမဟာ ကောလိပ်ကျောင်းတက်ဖို့ အဲဒီမြို့က ထွက်ခွာသွားခဲ့တော့မှပဲ ကောင်းကင်မှာ ကြယ်တွေ ဒီလိုလှတယ်ဆိုတာကို သိခဲ့ရပါတယ်တဲ့။ မီးတွေထိန်လင်းနေတဲ့ မြို့ပြတွေထဲမှာ ကြီးပြင်းလာရတဲ့ အမေရိကန် ကလေး တော်တော်များများဟာ Milky Way ကိုတောင် မမြင်ဘူးလိုက်ကြပဲ အသက်တွေကြီးပြင်းခဲ့ကြတယ် လို့လည်း… သူမက ဖြည့်စွက်သွားပါတယ်။

Life is short. Life is good. Enjoy small things in life.

ချစ်ခင်စွာဖြင့်..
မလေး

http://www.meteorwatch.org/
http://darkskydiary.wordpress.com

ကြယ်မိုး
ကြယ်တွေရဲ့အကြောင်း
ဂလက်ဆီတို့ရဲ့ စစ်ပွဲ

P Please consider the environment before printing this page

21 Comments »

  1. Visited. I’ll watch those these days!

    Comment by ပြည်ကောင်းအောင် — November 13, 2011 @ 1:42 am

  2. မလေးက သိပ်တော်တာဘဲ
    ကြယ်တွေအကြောင်း တော်တော်လေးကိုသိတယ်
    တို့ကတော့ ကြယ်တွေကို စိတ်ဝင်စားပေမဲ့ ဒီလောက် အချိန်ပေးပြီး မလေ့လာဖြစ်ဘူး
    စကားမစပ်.. ကြယ်မိုးရွာတာ တစ်ခါမှကို မကြုံဖူးသေးဘူးရယ်..
    ၁၇ ၁၈ရက်တွေမှာ ကောင်းကင်ကြီးကို စောင့်ကြည့်ချင်လိုက်တာ..
    ခက်တာက ကောင်းကင်ကျဉ်းကျဉ်းလေးဘဲမြင်ရတယ်..း(

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — November 13, 2011 @ 2:00 am

  3. Thanks Sis :)

    Comment by mgthant — November 13, 2011 @ 2:46 am

  4. ကျနော်တို့ဆီက နိုဝင်ဘာ ကောင်းကင်က အများအားဖြင့် မြူတွေဆိုင်းနေတတ်လို့ အခွင့်အရေး နည်းပါးလှပါတယ်၊ ၁၇ နဲ့ ၁၈ တရက်ရက်မှာတော့ မြင်ရနိုင်ကောင်းပါရဲ့..၊
    နေ့ရက်၊ အချိန်၊ တည်နေရာ… အတတ်နိုင်ဆုံး ပြည့်စုံအောင် ရှင်းပြပြီး မျှဝေပေးလို့ ကျေးဇူး တင်ပါတယ်ဗျာ..။

    Comment by ညီလင်းသစ် — November 13, 2011 @ 3:29 am

  5. ကြယ်အများကြီးကြွေတာ ကြည့်ချင်တယ်။ ကြိုးစားပြီး ထကြည့်ဦးမယ်။

    Comment by မေသိမ့်သိမ့်ကျော် — November 13, 2011 @ 5:53 am

  6. ကျေးဇူးပါ မလေး…ကြယ်တွေအကြောင်းဖတ်ရတာ စိတ်ဝင်စားစရာပါပဲ…..

    Comment by Anonymous — November 13, 2011 @ 7:46 am

  7. ကြယ်ကြွေတာကို တပြိုင်နက် အများကြီးတွေ့ရရင် ပျော်စရာကြီး နေမှာပဲ။

    Comment by ကိုဇော် — November 13, 2011 @ 7:55 am

  8. ကျွန်တော်တို့ သာမန်အတိုင်း မြင်နိုင်ပါ့မလားမသိဘူးနော်
    ဒီက ဘယ်အချိန်လောက် ဖြစ်မလည်း စာရေးဆရာ ???

    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — November 13, 2011 @ 9:52 am

  9. ကြယ်တွေကြွေတာ လှလိုက်တာ မလေးရာ… တကယ်ချီးကျူးတယ်ဗျာ။ လေ့လာနိုင်တာ။

    ခင်လျက်
    ဂျွန်မိုး

    Comment by ဂျွန်မိုး — November 13, 2011 @ 10:00 am

  10. ကိုဒေါင်းသေချောင်း.. သာမန်မျက်လုံးနဲ့ မြင်ရတာပါ.. စိတ်တော့ ရှည်ရမယ်.. ၁မိနစ်ခွဲကို တစ်လုံးကြွေမှာ.. ပက်လက်ကုလားထိုင်နဲ့ ထိုင်ပြီး constellation leo ဘက်ကိုကြည့်ပါ..လို့။
    ကမ္ဘာက ကြယ်တံခွန်အမှုန်အမွှားတွေကြားထဲ ခုထဲက စဖြတ်နေတော့ ဘယ်ချိန်ရယ်အတိအကျတော့ မဟုတ်ပါဘူး.. ခုထဲက စိတ်ရှည်ရှည်ကြည့်ရင် တစ်လုံးစ နှစ်လုံးစ စမြင်နေရပါပြီ။
    နိုဝင်ဘာ ၁ရ - ၁ဂ မှာတော့ သန်းခေါင်ယံကျော်ကျော်မှာ အများဆုံးမြင်ရမှာဖြစ်ပါတယ်ရှင်။

    Comment by မလေး — November 13, 2011 @ 10:19 pm

  11. လှလိုက်တာမမရာ…စိတ်ဝင်စားဖို့ကောင်းတယ်နော်… မမရေ..မျှဝေပေးလို့ ကျေးဇူးပါလို့…

    Comment by angelhlaing — November 14, 2011 @ 4:24 am

  12. ကြယ်တာရာတွေကို စိတ်ဝင်စားတယ်..ကြည့်ဖြစ်အောင် ကြည့်ဦးမှ..သိုင်းကျူး မလေး

    Comment by စန်းထွန်း — November 14, 2011 @ 7:56 pm

  13. သေချာစောင့်ကြည့်ရမယ်… ကြယ်လေးတစ်လုံးကြွေတာတောင်ဒီလောက်ပျော်တာ.. အများကြီးကြွေကျရင် …ပျော်စရာကောင်းလိုက်မယ်ဖြစ်ခြင်း…

    Comment by စန္ဒကူး — November 15, 2011 @ 1:14 am

  14. ကြယ်တွေအကြောင်း ရေးထားတာ စိတ်ဝင်စားစရာ မလေးရေ..။
    တကယ်ဗဟုသုတရပါတယ်..။
    ကြယ်ချစ်တဲ့ စာရေးဆရာမလေး…ကြယ်တွေနဲ့ ထုံမွှမ်းထားတဲ့ အချစ်ဝတ္တုတစ်ပုဒ်လောက် ရေးပါဦးနော်..။

    Comment by မြသွေးနီ — November 15, 2011 @ 2:34 am

  15. သိထားသင့်တဲ့ ဗဟုသုတ တစ်ခုလို့ ထင်မိတယ်…
    ကျေးဇူးတင်ပါတယ် အစ်မ…
    ခုလို ဖတ်ရှုခွင့်ရလို့ ….
    မနက်ဖြန် ညရောက်ရင်တော့ ကြယ်ကြွေတာ စောင့်ကြည့်ဦးမယ်။

    Comment by ညီရဲ — November 15, 2011 @ 9:47 am

  16. မလေးပြောတဲ့ ကြယ်တွေ ကြည့်ရမယ့် ရက်တွေလည်း မေ့ခဲ့ ကျော်ခဲ့ပြီးပြီဗျာ။ မနေ့ ညက တော့ တိုက်ဆိုင်လှစွာပဲ အိပ်မရလို့  အခန်းကနေ အပြင် ကောင်းကင်ကို (သိပ်မမြင်ရပါ) မော့ကြည့် မိမှ သိပ်လှတဲ့ ကြယ် (တောက်ပလွန်းတဲ့) အရည်အတွက် အနည်းငယ်နဲ့  အတူ ကြယ်ကြွေတာတွေပါ တိုက်တိုက်ဆိုင်ဆိုင် တွေ့ လိုက်၇တယ်။ မလေးပြောတဲ့ ကြွယ်ကြွေရက်ထဲက ဟုတ်ချင်မှ ဟုတ်မှာပါ။ သို့ သော် သိပ်လှလွန်းပါတယ်။

    ကျေးဇူးပါ မလေးရေ။

    Comment by ကိုကိုလတ် — November 15, 2011 @ 11:52 am

  17. (ကို)ကိုကိုလတ်.. ကြယ်ကြွေဖို့က မကျော်သေးပါဘူး.. ၂ရက်လောက်လိုသေးတယ်။ မလေးပြောသလိုပဲ ကမ္ဘာက သေးသေးလေး.. ကြယ်တံခွန်ချန်ထားခဲ့တဲ့ debris လမ်းကြောင်းက ကြီးတော့… ကမ္ဘာက အဲဒီလမ်းကြောင်းထဲ နိုဝင်ဘာ ၁၃ရက်ကနေ ၂၀ရက်ထိ ဖြတ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဟိုတစ်ပွင့်ဒီတစ်ပွင့် ၁၃ရက်ကနေ ၂၀ရက်ထိ မြင်နေရပါမယ်။ နိုဝင်ဘာ ၁ရ-၁ဂ မှာတော့ peak မို့ သာမန် မျက်စိနဲ့ကို တစ်နာရီကို အလုံး ၄၀လောက် ကြွောတာကို မြင်ရမှာပါ..

    Comment by မလေး — November 15, 2011 @ 6:10 pm

  18. ပထမဆုံးအကြိမ် ရောက်ခဲ့ပြီး ရောက်ရောက်ချင်းမှာပဲ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ မလေးရဲ့ ဆိုဒ်ကလေးကို နောင်လဲ အမြဲလာဖြစ်မှာပါ။ ကြယ်ကြွေတဲ့ သတင်းလေး ဖော်ပြပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်ခင်ဗျာ။

    Comment by AH — November 16, 2011 @ 7:19 am

  19. ဗဟုသုတလေးတွေ သယ်သွားပြီ မလေးရေ။ ကျေးဇူးပါနော်။
    အတော်လေ့လားထားတာပဲ တီတင့်က အဲဒီဘက်မှာအားနည်းတယ်း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — November 16, 2011 @ 10:06 pm

  20. ကြယ်တွေ ဒီနေ့  ကြွေမယ်ဆိုယင် လိုက်ကောက်ဖို့ ပြင်ဆင်ထားပါတယ်။
    မျှဝေပေးတဲ့ မလေး ကို ကျေးဇူးများစွာတင်ရှိပါကြောင်း

    ခင်မင်ရပါသော

    Comment by မောင်မောင် — November 17, 2011 @ 4:35 am

  21. ကိုညီ့ ဘလော့ကတဆင့် ဒီလင့်ကလေးရတာနဲ့..ပုံလေးတွေ လာကြည့်သွားခဲ့တယ် မလေး :)

    Comment by ရွှေအိမ်စည် — December 9, 2012 @ 5:12 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------