♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 10, 2011

ကြယ်မိုး

Filed under: နက္ခတ်တ္တဗေဒ (Astronomy), သတင်း (News), my notes, စာစု — အိမ့်ချမ်းမြေ့ @ 12:47 pm

ဟိုတစ်လောက ကြယ်တွေကြွေသွားတယ်။ အမှန်ကတော့ ကြယ်တွေကြွေသွားတယ်လို့ လူတွေက သာမန်ပြောကြတာဖြစ်ပေမယ့် တစ်ကယ်တမ်းကတော့ ကမ္ဘာပတ်လမ်းကြောင်းရယ်.. ကြယ်တံခွန်တွေ ဖြတ်ပျံသွားပြီး ရေခဲမှုန်တွေကို ခါချခဲ့တဲ့ လမ်းကြောင်းရယ်.. သွားဆုံတဲ့အခါ၊ ကမ္ဘာ့လေထုကို ဖြတ်လာတဲ့ ရေခဲမှုန်တွေ လောင်ကျွမ်းပျက်စီးသွားကြတာဖြစ်ပါတယ်။ ဒါကို ကြယ်တွေကြွေတယ်လို့ အလွယ်တကူ ပြောနေကြတာပါ။ တစ်ကယ်ကတော့ ကြယ်တွေကြွေတာ မဟုတ်သလို.. ကြယ်တွေကို တစ်စုံတစ်ယောက်က ပစ်ဖောက်လိုက်တာ (shooting stars) လည်း မဟုတ်ပါဘူး။ အခုလို အားလုံးက ကြယ်ကြွေတယ်ဆိုတဲ့ ဝေါဟာရကို သုံးနေကြပေမယ့်….
မလေးကတော့ ကြယ်မိုးလို့ နာမယ်ပေးချင်ပါတယ်။

တစ်ကယ်ဆို ကြယ်ကလည်း မိုးမရွာတတ်ပါဘူးလို့ ဆိုချင်သူတွေကလည်း ဆိုကြမှာပေါ့…။

မည်သို့ပင်ဖြစ်စေ… ကမ္ဘာပေါ်က သာမန်မျက်လုံးတွေဟာ စိတ်ဝင်စားမယ်ဆိုရင် တစ်နှစ်မှာ ရှစ်လလောက် ကြယ်မိုးရွာတာကို မြင်ရတတ်ပါတယ်။

ဥပမာ အားဖြင့် 3200 Phaethon ဆိုတဲ့ ဥက္ကာပျံ (သိပ္ပံပညာရှင်တွေဟာ 3200 Phaethon ကို ဥက္ကာပျံလား လောင်ကျွမ်းပျက်စီးလို့ ကုန်ဆုံးသွားတဲ့ ကြယ်တံခွန်တစ်ခုရဲ့ အကြွင်းအကျန်လားဆိုပြီးတော့ ယခုအထိ ငြင်းခုံနေကြဆဲပဲဖြစ်ပါတယ်။ သူတို့သေချာစွာသိတာကတော့ 3200 Phaethon အလွန်မဲမှောင်တဲ့ အရာတစ်ခုဖြစ်ပြီး diameter ၃.၂မိုင်ရှိပါတယ် ) အဲဒီ 3200 Phaethon နဲ့  ကမ္ဘာ ဟာ ပတ်လမ်းကြောင်းထဲမှာ ကိုယ်စီပတ်ရင်း၊ ဒီဇင်ဘာလတွေမှာ အနီးဆုံး ဆုံဖြစ်ကြတယ်။ အဲဒီအခါမှာ သူခြွေချတဲ့ ရေခဲမှုန်တွေက ကမ္ဘာ့လေထုကို ဖြတ်သန်းချိန်တွေမှာ ကြယ်တွေအစုလိုက်အပြုံလိုက်ကြွေတာကို (ကြယ်မိုးရွာတာကို) မြင်ကြရတော့တာပါပဲ။ အဲသလို 3200 Phaethon 0bject ကြောင့် ကြယ်မိုးရွာတာကို Geminids လို့ ခေါ်ပါတယ်။

asteroid_3200_phaethon_orbit_sm.gif

leonid-meteor-shower-2010.jpg

ကြယ်တံခွန်တွေ ဥက္ကာပျံတွေကတော့ ကမ္ဘာပတ်လမ်းကြောင်းနားမှာ အမြဲဖြတ်သန်းနေကြတာပါပဲ။ အချို့ကြယ်တံခွန်တွေကလည်း အားလုံးသိတဲ့အတိုင်း နှစ်ပေါင်း ၂၀၀၀ကျော်မှ တစ်ခေါက် ပြန်လာကြတယ်။

ကြယ်တံခွန်တွေ ဂြိုလ်မွှားလေးတွေပေါ်မှာ မူတည်ပြီး ကြယ်မိုးတွေရဲ့ အမည်နာမတွေကလည်း အမျိုးမျိုးရှိတတ်ပါတယ်။
ဇန်န၀ါရီလဆန်းမှာ ရွာတဲ့ကြယ်မိုးကို quadrantids, သြဂုတ်မှာ ရွာတဲ့ကြယ်မိုးကို perseids, စသဖြင့် ကြယ်မိုးနာမယ်လေးတွေ ပေးတတ်ကြတယ်။

ကြယ်မိုးရွာတာကို မလေးလို… ခြံထဲမှာ သင်ဖြူးဖျာတစ်ချပ်နဲ့ ရေနွေးကြမ်းတစ်ပန်းကန်နဲ့ ထိုင်ငေးရန် စိတ်ဝင်စားသူတွေအတွက် အာကာသကစားကွင်းထဲက ဖြစ်ရပ်စာရင်းကလေးကို ပြုစုပေးလိုက်ပါတယ်ရှင်။ စာရင်းကတော့ UTC - Coordinated Universal Time  စံတော်ချိန်တွေ ဖြစ်ပါတယ်။ မြန်မာပြည်အပါအ၀င် အာရှတိုင်းပြည်တွေ ကတော့ ရေးထားတဲ့ ရက်မတိုင်ခင်တစ်ရက်နဲ့ တိုင်ပြီးတစ်ရက် အဲသလို သုံးညလောက်သေချာအောင် ဆက်ကြည့်လိုလျှင် ဆက်ကြည့်နိုင်ကြပါတယ်။

သြဂုတ်လ ၁၂ ရက်နှင့် ၁၃ရက် —>> Perseids ကြယ်မိုး - တစ်နာရီမှာ ကြယ်အလုံးပေါင်း ၆၀ ကြွေပါမယ်။ တစ်မိနစ်ကို တစ်လုံးနှုန်း။ များသောအားဖြင့် သြဂုတ် ၁၃ နဲ့ ၁၄ရက်တွေမှာ အများဆုံးကြွေတတ်ပေမယ့် ဇူလိုင် ၂၃ရက်မှ သြဂုတ် ၂၂ ရက်ထိ ညကောင်းကင်ကို မော့ကြည့်ရင် ကြွေနေတာနဲ့ ဆုံတတ်ပါတယ်။ ဒီနှစ်ကတော့ လပြည့်ရက်နဲ့ သွားဆုံမှာမို့ သိပ်မမြင်ရနိုင်ပေမယ့် တစ်မိနစ်ကို တစ်လုံးနှုန်းကြွေမယ်ဆိုတော့ သိပ်တော့ မဆိုးလောက်ပါဘူး။ မြို့ပြမီးရောင်နဲ့ ဝေးတဲ့နေရာ ဒါမှမဟုတ်.. လူတွေအိပ်ချိန် သန်းခေါင်ကျော်ရင် ရှုစားလို့ ရပါပြီ။

သြဂုတ်လ ၁၃ရက်  —>> လပြည့်ည။ လပြည့်ချိန်တိတိကျကျသိလိုပါက ည ရနာရီထိုးရန် သုံးမိနစ်တိတိမှာ ဖြစ်ပါတယ်။ လူနီအင်းဒီးယန်းတွေက ဒီလပြည့်ညကို Sturgeon Moon လို့ ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ အဲသလိုညမျိုးမှာ ရေကန်ကြီးတွေကနေ sturgeon ငါးကြီးတွေကို လွယ်လွယ်ကူကူ ဖမ်းလို့ရတဲ့ ညမျိုးတွေဖြစ်လို့ပါပဲတဲ့။ အဲဒီညမှာ သာတဲ့လကို ပြောင်းဖူးစိမ်းလ ဒါမှမဟုတ် ဂျုံလ လို့လည်း ခေါ်ကြသတဲ့။ ဘာကြောင့် ပြောင်းဖူးစိမ်းလလို့ခေါ်သလဲ သူတို့က ဆက်ပြီးရှင်းပြမထားပါ။

သြဂုတ် ၁၁ရက် —>> နက်ပကျွန်းဂြိုလ် (သို့မဟုတ်) အပြာရောင်ဂြိုလ်ကြီးက ကမ္ဘာနဲ့ အနီးဆုံး ရောက်နေမှာဖြစ်ပြီး နေရောင်နဲ့ အထိန်လင်းဆုံး တောက်ပနေမယ့် နေ့ဖြစ်ပါတယ်။ သာမန်မျက်စိနဲ့ကတော့ အပြာစက်ကလေးပဲ မြင်ရမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၉ရက် —>> လမိုက်ည။ လမင်းကြီးဟာနေနဲ့ကမ္ဘာကြားတည့်တည့်မှာရောက်နေမှာဖြစ်တဲ့အတွက် သူ့ကို လုံးဝ မမြင်ရနိုင်တော့ပါဘူး။ လမိုက်ချိန် အတိအကျကတော့ ၃း၀၄ UTC (universal time) ဖြစ်ပါတယ်။

စက်တင်ဘာ ၁၂ရက်  —>>  လပြည့်ည။ လပည့်ချိန်တိတိကျကတော့ ၀၉း၂၇ utc ဖြစ်ပါတယ်။ လူနီအင်းဒီးယန်းတွေကတော့ ဒီလပြည့်ကို ပြောင်းဖူးလပြည့်ည လို့ ခေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ ပြောင်းဖူးတွေကို ဒီချိန်မှာ နှုတ်ကြလို့ပဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၃ရက်  —>>  နေရောင်ခြည်က ကမ္ဘာ့အီကွေတာ တည့်တည့်ကို တိုက်ရိုက်ကျမှာဖြစ်လို့ နေ့နဲ့ည အချိန်တူတူဖြစ်မယ့်နေ့ပါ။

စက်တင်ဘာ၂၅ရက် —>> ယူရေးနပ်စ် ဂြိုလ်ဟာ ကမ္ဘာနဲ့အနီးဆုံးကို ရောက်လာမယ့် နေ့ကလေးပါပဲ။ သေးငယ်တဲ့ စိမ်းပြာရောင်အစက်လေးအနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။

စက်တင်ဘာ ၂ရ  —>>  လမိုက်ည။ ၁၁း၀၉ utc မှာဖြစ်ပါမယ်။

အောက်တိုဘာ ၁၂ —>>  လပြည့်ည။ ၂း၀၉ utc မှာ လပြည့်ပါမယ်။

အောက်တိုဘာ ၂၁-၂၂ရက် —>> Orionids ကြယ်မိုး။ တစ်နာရီမှာ ကြယ်အလုံး၂၀ခန့် ကြွေပါမယ်။ ဒီကြယ်မိုးကို အောက်တိုဘာ ၁ရ ရက်နေ့မှ ၂၅ ရက်နေ့ထိ မြင်နေရနိုင်ပါတယ်။  အောက်တိုဘာ ၂၀မှ ၂၄ရက်နေ့ ဝေလီဝေလင်းတွေမှာ အများဆုံး ပိုတွေ့ရတတ်ပါတယ်။ ကြယ်မိုးကို အမြင်နိုင်ဆုံးနေရာကတော့ အာက်တိုဘာ ၂၀မှ ၂၄ရက်နေ့ သန်းခေါင်ကျော် အရှေ့ဘက်ကောင်းကင်ယံဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ —>> လမိုက်ည။ လမိုက်ချိန် ၁၉း၅၆ UTC

အောက်တိုဘာ ၂၉ —>> ဂျူပီတာကို ကောင်းမွန်စွာ မြင်ရမယ့် နေ့ဖြစ်ပါတယ်။ ကမ္ဘာကို အနီးဆုံးကပ်လာမှာဖြစ်ပြီး ဂျူပီတာနဲ့သူရဲ့လများကို ဓာတ်ပုံရိုက်လို့ အကောင်းဆုံးနေ့ဖြစ်ပါတယ်။ တယ်လီစကုပ်အလတ်စားရှိလျှင် ဂျူပီတာရဲ့ ပတ်လမ်းပေါ်က ရေခဲတိမ်လွှာများကိုပါ မြင်နိုင်လောက်အောင် နီးနီးကပ်ကပ် ရှိနေမှာဖြစ်ပါတယ်။ မှန်ဘီလူးကောင်းကောင်းတစ်လက်ရှိရင်လည်း ဂျူပီတာကိုသာမက သူ့ရဲ့အကြီးဆုံး လ လေးလုံးကိုတောင် တောက်ပတဲ့အစက်များအနေနဲ့ ဂျူပီတာရဲ့ တစ်ဘက်တစ်ချက်ဆီမှာ မြင်ရမှာဖြစ်ပါတယ်။

နိုဝင်ဘာ ဂ ရက်နေ့ —>> 2005 YU55 ဆိုတဲ့ ဥက္ကာပျံ ဟာ ကမ္ဘာနားကို ဖြတ်ပျံမယ့် ရက်ဖြစ်ပါတယ်။ အကျယ်အ၀န်း ပေ ၁၃၀၀ ရှိတဲ့ ဥက္ကာပျံကြီးဟာ လထက်တောင် ကမ္ဘာကိုပိုမိုနီးကပ်စွာ ဖြတ်ပျံမှာ ဖြစ်ပါတယ်။ ဒီလောက်ကြီးတဲ့ ဥက္ကာပျံမျိုးဟာ ကမ္ဘာနားမှာ ကပ်ပျံတာဟာ အနှစ်၃၀လောက်မှ တစ်ခါ ဖြစ်တတ်လို့ ပညာရှင်တွေကော အပျော်တမ်းသမားတွေကပါ စောင့်ကြည့်ဖို့ ခုထဲက ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၀ရက် —>> လပြည့်ည - လပြည့်ချိန် ၂၀း၁၆ UTC. ဒီလပြည့်ရက်ကို လူနီအင်းဒီးယန်းတွေက ဘီဗာလပြည့်လို့ခေါ်ကြပါတယ် (ဗီဗာဟိန်း မဟုတ်ပါ)။ ဘာဖြစ်လို့ ဒီလိုခေါ်လည်းဆိုတော့ ဒီရာသီမှာ ချောင်းတွေ အိုင်တွေ ရေခဲတော့ ဘီဗာ (beaver) အကောင်တွေကို လွယ်ကူစွာ ထောင်ဖမ်းနိုင်ကြလို့ပါပဲ။ ဒီလပြည့်ကိုလည်း နှင်းခဲလ လို့လည်း ခေါ်ကြပါတယ်တဲ့။

နိုဝင်ဘာ ၁ရ - ၁ဂ —>> Lenoids ကြယ်မိုးရွာတဲ့ နေ့ဖြစ်ပါတယ်။ ဒီကြယ်မိုးဟာ တစ်နာရီမှာ ကြယ်ပေါင်း ၄၀ထိ ကြွေမှာဖြစ်ပါတယ်။ ဒီ lenoids ကြယ်မိုးဟာ အနှစ်၃၃ နှစ်မှာ အများဆုံးကြွေတတ်တယ်။ အဲသလို ကြွေရင် တစ်နာရီမှာ ကြယ်ပေါင်း ရာကျော် ကြွေတတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာ အဲသလိုအစုလိုက်အပြုံလိုက် ကြွေဖူးပါတယ်။ နိုဝင်ဘာ ၁၃ ရက်ထဲက ကြယ်ကြွေတာကို မြင်ရမှာဖြစ်ပြီး နိုဝင်ဘာ ၂၀အထိ မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ၁၇ နဲ့ ၁၈ ရက်တွေမှာ ကြယ်တွေများဆုံးကြွေတာ မြင်နိုင်ကြရမှာဖြစ်တယ်။ ခုံးမျက်စသုံးရက်လက ဒီကြယ်မိုးရွာတာကို အတားဆီးဖြစ်စေနိုင်ပေမယ့် ညသန်းခေါင်လွန်ရင်တော့ ပိုမြင်ရမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၅ —>>  လမိုက်ည - လမိုက်ချိန် ၆း၁၀ UTC.

နိုဝင်ဘာ ၂၅ —>> တစ်ဝက်တစ်ပျက် နေကြတ်မယ့် ရက်ဖြစ်ပါတယ်။ အန္တာတိတ်၊ တောင်အာဖရိကနဲ့ Tasmania ကနေ နေကြတ်မှာကို မြင်ရမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၀ —>> လပြည့်ည

ဒီဇင်ဘာ ၁၀ —>> လကြတ်မည့် ည လည်းဖြစ်ပါတယ်။ ဥရောပ၊ အာဖရိကအရှေ့ပိုင်း၊ အာရှတိုက်တစ်ခုလုံး၊ သြဇီ၊ ပစိတ်ဖိတ်သမုဒ္ဒရာနဲ့ မြောက်အမေရိကတိုက်တို့မှ ကောင်းမွန်စွာ မြင်ရမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၃-၁၄ —>> Geminids ကြယ်မိုးရွာမယ့် နေ့ဖြစ်ပါတယ်။ ကြယ်မိုးရွာသမျှထဲမှာ ဒီ geminids ကြယ်မိုးဟာ အကောင်းဆုံးလို့ ဆိုလေ့ရှိကြပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့မှ စပြီး ၁၉ရက်နေ့မှာ ဆုံးတဲ့ ဒီကြယ်မိုးဟာ ဒီဇင်ဘာ ၁၃-၁၄မှာ အများဆုံးကြွေမှာဖြစ်ပါတယ်။ ထုံးစံအတိုင်း လရောင်က ကြယ်ကြွေတာကို ကွယ်ထားကောင်းကွယ်ထားနိုင်ပေမယ့် သန်းခေါင်ကျော်လို့ အရှေ့ဘက်ကောင်းကင်ကို ကြည့်မယ်ဆိုရင် ဒီကြယ်မိုးတွေကို မြင်ရနိုင်ပါတယ်။

ကြယ်တွေကြွေတာကို အများဆုံးဖြင်ချင်ရင်တော့… ကောင်းကင်ပေါ်မှာ လပျောက်သွားချိန်နဲ့ နေမထွက်ခင် နံနက်အစောကြီးက အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ဒုတိယအကောင်းဆုံးအချိန်ကတော့  လူတွေအိပ်လို့ မီးတွေပိတ်တဲ့ သန်းခေါင်ကျော် အချိန်ပဲ ဖြစ်ပါတယ်ရှင်။

lunar.jpg

ဖြစ်ခဲ့ပြီးတဲ့ အာကာသကစားကွင်းရဲ့ ဖြစ်ရပ်တွေနဲ့ အခြားအသေးစိတ်တွေကိုတော့ မရေးပြတော့ပါဘူးနော်။
စိတ်ဝင်စားသူများ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။

Pictures taken from http://www.nasa.gov/

P Please consider the environment before printing this page

32 Comments »

  1. ဒါဆိုရင်တော့ အခုလာမဲ့ ဩဂုတ် ၁၂-၁၃ ရက်တွေရဲ့ ညသန်းခေါင်ကျော်မှာ အပြင်ထွက်ပြီး ကြည့်ဦးမှ ပါလေ။ မလေး နက္ခတ္တ ဗေဒ ( I mean Astronomy, not Astrology ) ကို သင်ထားဖူးသလား မသိဟု တွေးမိပါသည်။ ကျနော်က ဗေဒင် အလို့ငှာ ဖြစ်သော နက္ခတ္တဗေဒ ( I mean Astrology, not Astronomy ) ကို ဇာတာဖွဲ့တတ်ချင်လို့ လေ့လာဖူးရာ ထူးဆန်းစွာ တွေ့ရှိရသည်မှာ ဟိန္ဒူနက္ခတ္တ ပညာရှင်တွေက လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ အထက် ( အဲသည်ထက် ကျော်လျှင် သာကျော်မည် ) လောက်က telescope မပါ၊ ကွန်ပြူတာမပါ၊ နာနိုနာရီ မပါဘဲနှင့် ဂြိုဟ်တို့၏ သွားနှုန်း၊ လတ္တီကျု၊ လောင်ဂျီ ကျု ဒီဂရီများ ကို တွက်ချက်ရန် သင်္ချာတွက်နည်းများကို ထားရစ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ယခု NASA တို့ဘာတို့နှင့် အဖြေချင်း ထပ်တူနီးပါး တူညီစွာ တွက်ချက်နိုင်ကြခြင်း ဖြစ်ပါသည်။ လွဲလည်း အလွန်ဆုံး ၁- ၂ ဒီဂရီ လောက်မျှသာ ပါပဲ။

    ဤနေရာတွင် ဗေဒင်နှင့်စိမ်းသူများ ရိပ်မိအောင် ပြောပြရပါလျှင် ဇာတာ ( Horoscope) ဆိုသည်မှာ The exact position of the planets and stars at a given moment of a person’s birth, or inauguration of an event, used by astrologers. ဖြစ်ပါသည်။ ( ဇာတာတွင် တည်နေပုံ အနေအထား ( ဒီဂရီ၊ မိနစ်၊ စက္ကန့်အထိ ) ထည့်သွင်း ဖော်ပြပေးရသော ဂြိုဟ်ကြီး ၉ လုံးမှာ တနင်္ဂနွေဂြိုဟ် ( နေ= ကြယ် )၊ တနင်္လာဂြိုလ် (လ)၊ အင်္ဂါဂြိုဟ် ( Mars )၊ ဗုဒ္ဓဟူးဂြိုဟ် ( mercury )၊ ကြာသပတေးဂြိုဟ် ( Jupiter )၊ သောကြာဂြိုဟ် ( Venus )၊ စနေဂြိုဟ်( Saturn )၊ ရာဟုဂြိုဟ် ( earth ဟု ယူဆသူရှိ )၊ ကိတ်ဂြိုဟ် ( the shadow of Rahu = Earth ) တို့ ဖြစ်ပါသည်။ ( ဟဲ..ဟဲ.. ပညာအနည်းငယ် ထုတ်ပြလိုက်ရလျှင် ဒီကနေ့တော့ တနင်္ဂနွေဂြိုဟ်( နေ/ Sun ) သည် သိဟ်ရာသီ ( Zodiac Leo ) အလယ် ၁၅- ၂၀ ဒီဂရီ လောက်မှာ ရှိနေမည်ဟု မတွက်ဘဲနှင့် ခန့်မှန်း မိပါသည်း))

    Comment by ပြည်ကောင်းအောင် — August 10, 2011 @ 2:14 pm

  2.ွှအဲ… ဒီတစ်ခါတော့ငြိမ်နေလိုက်ဦးမယ်။ (တစ်ကယ်တော့ဘာမှမသိလို့ ပါ.)

    Comment by Htate Htar — August 10, 2011 @ 5:10 pm

  3. စာရင်းလေးအတွက် ကျေးဇူးပါ မလေးရေ..

    ဒီဇင်ဘာ၁၀ရက်နေ့မှာ ဆက်ဆက်ကြည့်လိုက်မယ်။း)

    Comment by ရတနာ — August 10, 2011 @ 5:54 pm

  4. ကြယ်မိုးအကြောင်းလေးဖတ်သွားတယ်မလေး… စိတ်ဝင်စားစရာကောင်းတယ်..
    အဲဒီနေ့က စောင့်ကြည့်မလို့… အိပ်ပျော်သွားတာနဲ့..းP

    Comment by စန္ဒကူး — August 10, 2011 @ 6:53 pm

  5. ကြယ်မိုးရွာတယ်ဆိုတာ ကြားဖူးပေမဲ့ တစ်ခါမှ မမြင်ဖူးဘူး
    ငယ်ငယ်ကတော့ ကြယ် တစ်လုံးစ ၂လုံးစကြွေတာလောက်သာ မြင်ဖူးတာ
    ဒါနဲ့ ည၇နာရီဆိုတာ ဘယ်စံတော်ချိန်တုန်းမလေး
    သေချာစောင့်ကြည့်ချင်လို့လေ..
    အရင်က စိတ်မ၀င်စားမိပေမဲ့ မလေးရေးလိုက်တော့ ကြည့်ချင်စိတ်တွေ တဖွားဖွားပေါ်လာရတယ်
    စောင့်ကြည့်ဦးမယ်

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — August 10, 2011 @ 7:05 pm

  6. ဒီဇင်ဘာမှာ ကြယ်ကြွေတာကို စိတ်မကောင်းဖြစ်မိဆုံးပါ . . . ကိုယ်ချစ်တဲ့ ဒီဇင်ဘာမှာ ဘယ်သူ ကြွေလွင့်တာကိုမှ မမြင်ရက်ဘူး . . . .

    Comment by ဗညား — August 10, 2011 @ 7:57 pm

  7. ကြည့်ချင်လိုက်တာ.. သတိထားလိုက်ဦးမှပဲ.. ခုတလော မိုးတွေရွာပြီး တိမ်တွေ ဖုံးနေတာဆိုတော့.. ခက်တာပဲ…

    Comment by သိင်္ဂါကျော် — August 10, 2011 @ 8:41 pm

  8. ချော… နှင့်အားလုံး — မလေး UTC ကို အလွယ်ဆုံး conversion site ကို ရှာပေးနေတယ်နော်..

    Comment by မလေး — August 10, 2011 @ 9:37 pm

  9. ဗဟုသုတတွေ အများကြိးရလို့ ကျေးဇူးပါမမ… ကြယ်တွေတာ တစ်ခါနှစ်ခါလောက်ပဲ မြင်ဖူးပေမယ့် အဲလောက်ဆန်းကျယ်တဲ့ သဘောတရားတွေ ပါဝင်နေမှန်းမသိဘူးမမ :)

    Comment by angelhlaing — August 10, 2011 @ 10:55 pm

  10. ချော..မလေး မြန်မာစံတော်ချိန်နဲ့ပဲ ပြောမယ်နော်.. မြန်မာစံတော်ချိန်က UTC စံတော်ချိန်ထက် ၆နာရီခွဲပိုရှေ့ရောက်တယ်။ ဥပမာ လက ၁၉၀၀UTC မှာ ပြည့်မယ်ဆိုရင် မြန်မာစံတော်ချိန် သန်းခေါင်ကျော်နံနက်၁နာရီခွဲမှာ လပြည့်မယ့် သဘော။ (UTC + 6.5 hrs = Myanmar Time) အဲဒါနဲ့ချိန်ပြီး ကြယ်ကြွေတာကိုကြည့်လို့ ရနိုင်ပါတယ်။
    Vancouver ကတော့ UTC ထက် ရနာရီနောက်ကျတယ် (ကိုယ့်ဟာကိုယ် မှတ်ထားတာပါ) :D (vancouver time = UTC - 7 hrs)

    Comment by မလေး — August 11, 2011 @ 12:12 am

  11. စာရင်းနဲ့ကို သေချာပြုစုပေးလို့ ကျေးဇူးပါ မလေးရေ..၊ ဒီနေ့ ညနေပဲ အားကောင်းတဲ့ မှန်ပြောင်းတစ်ခု သွားဝယ်မယ်..၊
    တယ်လီစကုပ်ကတော့ လောလောဆယ် မတတ်နိုင်သေးဘူး…။း)

    Comment by ညီလင်းသစ် — August 11, 2011 @ 12:16 am

  12. ကြယ်မိုးကိုအရမ်းစိတ်ဝင်စားတယ်…။ ဖြစ်နိုင်ရင် မလေးကို ဓါတ်ပုံလေးတင်ပေးစေချင်ပါတယ်…။ ဒီမှာက မိုးတိမ်တွေနဲ့ ဘယ်လိုမှကြည့်လို့အဆင်ပြေမယ်မထင်ဘူး…။ မိုက်တယ် ခြံထဲမှာသင်ပြူဖြာလေးနဲ့ လက်ဖက်ရည်ခွက်လေးနဲ့ ကြယ်တွေကိုမော့ကြည့်ရတာ ဘယ်လောက်အရသာရှိလိုက်မလဲ တွေးကြည့်ပြီးတောင် ရင်ခုန်လာပြီ…။

    ခင်တဲ့
    မိုးငွေ့

    Comment by မိုးငွေ့ — August 11, 2011 @ 12:26 am

  13. မလေးတောင် မှန်ပြောင်းလိုချင်သွားတယ် ကိုညီလင်းသစ်။
    မလေးမှာ အဲလောက်ကောင်းတဲ့ ကင်မရာမရှိဘူး မိုးငွေ့ရယ် — သူများဆိုက်တွေက ရှာတင်ပေးမယ် အဲ့နေ့ကျရင်း))

    Comment by မလေး — August 11, 2011 @ 12:49 am

  14. ကြယ်ကြွေတာနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်… မအိမ့်ချမ်းမြေ့ရေ

    ယုံကြည်မှုအရဆိုရင်တော့ တစ်ချို့က ကြယ်ကြွေတာကို မြင်ရရင် လာဘ်ကောင်းတယ်တဲ့။ တစ်ချို့ကြတော့
    ကြယ်ကြွေတာကိုမြင်ရင် ကံညံ့တယ်တဲ့။ သိပ္ပံနည်းအရ ဘယ်ဟာကို အမှန်ယူဆရမှာပါလိမ့်….

    Comment by ချယ်ရီမြေ — August 11, 2011 @ 1:41 am

  15. အရမ်းကို စိတ်ဝင်စားဖို့ကောင်းတာပဲ ။ ဒီညထွက်ကြည့်ရင် နက်ပကျွန်းဂြိုဟ်ကို မြင်ရမှာပဲ။ ထွက်ကြည့်လိုက်ဦးမယ်။

    ခင်တဲ့

    Comment by မေသိမ့်သိမ့်ကျော် — August 11, 2011 @ 7:17 am

  16. အားပါး …တကယ့်အသေးစိတ်ပါပဲလား .. အရင်တုန်းက သိပ်မသိဘူးရယ်..စိတ်ဝင်စားသွားပြီ တကယ်။သိခွင့်ရလို့ ကျေးဇူးပါနော် မလေး။ ဒါပေမဲ့ ကျွန်တော်တို့ ဆီကနေ ကြည့်ရဖို့ တော့ ဖြစ်နိုင်ပါ့မလားပဲ .. အားကျတယ် မလေးရဲ့ညလေးကို …

    Comment by Than Lae — August 11, 2011 @ 7:45 am

  17. Thank for useful knowledge sharing Ma Lay.

    Comment by mg moe khin — August 11, 2011 @ 3:36 pm

  18. မြန်မာပြည်မှာတုန်းက ကျမအလုပ်လုပ်တဲ့နေရာကသစ်တောထဲမှာပါ။ တရက်တော့ သူငယ်ချင်းအမေရိကန်မလေးက သူ star shooting လာကြည့်ချင်တယ် ဆိုလို့ တောထဲသွားပြီး တယ်လီနဲ့ ရော မှန်ဘီလူးနဲ့ ရော မျက်လုံးနဲ့ ရော ကြည့်ကြပါတယ်။ အဲဒီညကသိပ်ပျော်စရာကောင်းခဲ့ပါတယ်။ သတိထားပြီး စောင့်ကြည့်လိုက်ပါအုန်းမယ်။
    ထပ်လာပြီး စာဖတ်ပါအုန်းမယ်။ ကျမစီလာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။

    Comment by အိုင်အိုရာ — August 11, 2011 @ 4:35 pm

  19. ဆောရီးပါ။ ကျမ site URL စာကျကျန်ခဲ့လို့ ပါ။ ပြင်ပြီးပြန်တင်လိုက်ပါတယ်။

    Comment by အိုင်အိုရာ — August 11, 2011 @ 4:39 pm

  20. မလေး စာရင်းပြုစုပေးထားတာ အသာလေး ဖတ်သွားရင်း မလေးကို ကျေးဇူးတင်နေပါတယ်…
    ကြယ်တွေ ကြွေတာ နောက်ထပ် ကြုံအုံးမယ်… ဆိုတဲ့ ထူးအိမ်သင် သီချင်းလေး ညည်းရင်း…

    Comment by သက်ဝေ — August 12, 2011 @ 1:14 am

  21. :) မမြင်တာကြာပြီ ကြယ်တွေပြောပါတယ် ။

    Comment by မောင်မျိုး — August 12, 2011 @ 7:30 am

  22. နောက်တခါ ရေခဲတုံး လိုချင်ရင် ကောင်ကင်းက ကြွေကျလာတာပဲ လိုက်ကောက်တော့မယ်ဗျာ …. :P

    Comment by ကိုအောင်(ပျူနိုင်ငံ) — August 12, 2011 @ 8:06 am

  23. နက္ခတ်တွေ၊ တာရာတွေတောင် မော့မကြည့်ဖြစ်တာကြာပါပေါ့လား အစ်မရေ…ကြယ်တွေကြွေတာ မြင်ဖူးပေမယ့် ကိုယ်နဲ့မဆိုင်သလိုနေခဲ့ဖူးပါရဲ့…ဒါပေမယ့် ဒီလောက် ကြွေနေမှတော့ဖြင့် ကြည့်ဖြစ်အောင်ကို ကြည့်လိုက်ပါဦးမယ်လေ…ခေါင်းပေါ်ကျလာရင်လည်း လဘ်ကောင်းတယ်လို့ ယူဆရမှာပေါ့ ဟုတ်ဘူးလား…

    Comment by ဟန်ကြည် — August 12, 2011 @ 1:47 pm

  24. ကြယ်မိုးကြွေတာ ကို ဒီနေ့ ညကျမှထွက်ကြည့်ဦးမယ်။
    အချက်အလက်ဝေေ၀ဖြာဖြာ နဲ့ သုတေသန လုပ်တင်ပြပုံလေး က ကောင်းလိုက်တာ။ အားကျတယ်။
    ဗဟုသုတတွေလဲ အများကြီးရတယ်။ ကျေးဇူးများစွာပါ မလေး။

    Comment by မောင်မောင် — August 12, 2011 @ 4:44 pm

  25. ဒီနေ့ ည အိမ့်လို သင်ဖြူးဖျာလေးခင်း ရေနွေးအိုးလေးနဲ့  ကြယ်မိုးကို ခံစားကြည့်ဦးမယ်…

    Comment by တန်ခူး — August 12, 2011 @ 7:16 pm

  26. ချယ်ရီမြေ… ကြယ်တွေကြွေတာမြင်တိုင်း လာလ်ကောင်းတယ်ထင်သူတွေ နဲ့ လာဘ်မကောင်းဘူးထင်သူတွေ ကမ္ဘာတည်သ၍ အမြဲတမ်းရှိနေမှာဖြစ် သလို..
    ကြယ်တွေကလည်း အမြဲတမ်းဆက်ပြီး ကြွေနေဦးမှာပါပဲ အရှင်ဘုရား။

    ဒီညတော့ ကြယ်တွေအကြွေကောက် ထွက်ကြစို့ရဲ့..
    ရေခဲတုံးလိုချင်တဲ့ ကိုအောင်-ပျူနိုင်ငံနဲ့ ခေါင်းပေါ်ကြယ်ကြွေခံချင်သော ဒေါက်တာကိုဟန်ကြည်တို့များ တစ်ခုခုဖြစ်ခဲ့ရင် မလေး မသိပါ.. :D

    Comment by မလေး — August 12, 2011 @ 7:37 pm

  27. ၁၂ နဲ့ ၁၃မှာတွေ့ရမယ့် ကြယ်မိုးဟာ Swift-Tuttle လို့ခေါ်တဲ့ ကြယ်တံခွန်ကြောင့် ဖြစ်တယ်လို့ မစ်ရှီဂန် တက်ဂ်နော်လော်ဂျီယူနီဗာစတီက ရူပဗေဒကထိကဖြစ်တဲ့ Robert Nemiroff က ပြောပါတယ်။ အဲဒီကြယ်တံခွန်ဟာ နေနားကို အနှစ် ၁၃၀ မှာ တစ်ကြိမ်ပြန်လာတတ်တယ် ဆိုပါတယ်။ ကြယ်တံခွန်ကနေ ကြွေကျနေတဲ့ အမှုန်အမွှားတွေကြားထဲကို ကမ္ဘာဖြတ်ချိန်နဲ့ ကြုံပြီး ကမ္ဘာ့လေထုကိုမှုန်မွှားဖြတ်လို့ မီးလောင်တဲ့အခါမှာ အချို့အမှုန်တွေက တော်တော်ကြီးပြီး shooting starts တွေတောင်မဟုတ်တော့ဘဲ fireballs တွေလိုတောင် ခေါ်လို့ရလောင်အောင် ကြီးတယ်ဆိုပါတယ်။

    ဒါပေမယ့် ဒီနှစ်က လသာညနဲ့သွားးတိုးနေလို့ ကောင်းကင်က လင်းနေတော့ တော်တော်လေးတော့ စိတ်ရှည်ရမယ်လို့ ဆိုပါတယ်။ peak ကတော့ သြဂုတ်လ ၁၃ရက် ည ၁၁နာရီ(အနောက်စံတော်ချိန်) လောက် ဖြစ်တယ်လို့ ဆိုပါတယ်။ ကြယ်ကြွေတာကိုကြည့်ချင်ရင် မြို့ပြ အဆောက်အဦးတွေ သစ်ပင်တွေနဲ့ ဝေးရာကိုသွားခိုင်းပါတယ်။ ဒီကြယ်မိုးဟာ ဒီတစ်ခါ များမယ်ထင်တယ်။ လရောင်ကို တတ်နိုင်သမျှ ကွယ်ထားပြီး အမှောင်ဆုံးတစ်နေရာကို ကွက်ပြီး ကြည့်ခိုင်းတယ်။ အချို့ လက်ကိုင်ဖုန်းတွေဟာ ကောင်းကင်ကို ချိန်ထားလိုက်ရုံနဲ့ constellations တွေကိုတောင် ပြတယ်ဆိုပါတယ်။

    Perseids ကြယ်မိုးနဲ့ နိုဝင်ဘာမှာကြွေတဲ့ Lenoids ကြယ်မိုး ဟာ ကြယ်မိုးတွေထဲမှာ နာမယ်အကြီးဆုံး ၂ခုဖြစ်ပါတယ်။ တစ်မိနစ်ကို အနည်းဆုံး တစ်လုံးနှုန်း မြင်ရမှာ ဖြစ်ပါတယ်။ လူများများနဲ့ စုကြည့်ရင် ဟိုတစ်လုံးဒီမှာတစ်လုံးနဲ့ လက်တောင်မလည်ဖူးတဲ့ ကြယ်ကြွေညတွေနဲ့ ဆုံဖူးပါတယ်။ ဒီရက်တွေဟာ ကနေဒါနိုင်ငံရဲ့ နွေညတွေဖြစ်ပြီး ရာသီဥတုဟာ အလွန်သာယာလှပပါတယ်။ ည ၁၀နာရီမှ နေ၀င်ပြီး အခုလို ကြယ်မိုးဟာဆိုရင် Alberta ရပ်ဝန်းတွေက Nothern lights တွေကိုလည်း ပိုပြီးတော့ လှုပ်ရှားစေပါတယ်ရှင်။

    Comment by မလေး — August 12, 2011 @ 10:04 pm

  28. http://www.spaceweatherradio.com/

    ဒါကတော့ Texas ပြည်နယ် လေတပ်စခန်းက အာကာသကင်းလှည့်ရေဒါက လွှင့်နေတဲ့ အာကာသရဲ့ life အသံတွေဖြစ်ပါတယ်။ ကြယ်တစ်လုံးကြွေတိုင်း ဖောက်ဖောက်နဲ့ အသံလေးတွေကို ကြားရမှာဖြစ်ပါတယ်။

    Comment by မလေး — August 12, 2011 @ 11:57 pm

  29. ခုမှဖတ်ရတယ် မလေး။ အားကျပါဘိတောင်း… စလုံးလို တိုက်တွေပြွတ်ညပ်နေတဲ့နိုင်ငံမှာ ဒီလိုကြယ်ကြွေကြည့်ဖို့အခွင့်အရေး သိပ်မလွယ်ဘူး မရေ။း(

    ဒါနဲ့ မြောက်ပိုင်းအလင်းရောင်ကိုတော့ သိပ်ကြည့်ချင်တာပဲ…ကြယ်ကြွေထက်ကို ပိုစိတ်ဝင်စားတယ် သိလားးးး

    မရောက်တာကြာ၍ ချွဲပြောသွားသူ
    ဇွန်

    Comment by ဇွန်မိုးစက် — August 14, 2011 @ 8:13 am

  30. နိုဝင်ဘာ ၈ ရက်နေ့ ကိုတော့ သေသေချာချာမှတ်ထားလိုက်တယ် မလေးရေ…။ ခက်ထှာက ဘန်ကောက် ဘယ်နားကနေ ကြည့်ရပါ့မလဲ….. ဆိုတာပဲ။ ညကြီးသန်းခေါင် လမ်းပေါ်တစ်ယောက်ထည်း ငုတ်တုတ်ထိုင်နေပြန်ရင်လည်း ဟိုဒင်း ထင်ပြီး လာပင့်ကြဦးမယ်။ ဟီးဟီး။။။။။။။။ ထိုင်းလေ….. ထိုင်း…… ။ စဉ်းစားရ ကြပ်ပါဘိ။

    Comment by ကိုကိုလတ် — August 15, 2011 @ 1:50 am

  31. သုတ တိုးပွားရပါတယ် ။ လူတွေ မှတ်တမ်းမတင်နိုင်ခဲ့တဲ့ ကြယ်ကြွေမှုတွေကလည်း သမိုင်းဖြစ်ရပ်တွေအကြား ငုတ်လျှိုးနေတတ်ကြပါတယ် …

    Comment by ငြိမ်းစိုးဦး — October 5, 2011 @ 9:48 pm

  32. may i share on fb…..thanks a lot

    Comment by september rain — October 17, 2012 @ 4:48 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------