♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

November 22, 2010

ပုံရိပ်ဟောင်းများ (သို့) ကေ၏ ရက်စက်ခြင်း

Filed under: tag game, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 1:17 pm

ဟိုးတစ်ခါတုန်းက ဘလောဂ်ရွာကြီးဟာ ခဏတာ ခြောက်ကပ်နေစဉ်ကပေါ့..။
ကေသွယ်ဆိုသူ ဘလောဂါမမ တစ်ဦးဟာ ပျင်းပျင်းနှင့် ဂိမ်းကလေးတစ်ခုကို ကစားလိုက်ပါသတဲ့…။
သူကတော့ ပျင်းလို့ ကစားလိုက်ပေမယ့်…
ဟိုစကားပုံတစ်ခုထဲကလို…
မင်းအတွက် အပ်တစ်ထောက်စာပေမယ့် ဆပ်ပြာပူပေါင်းတွက်ကတော့ ဘ၀တစ်သက်စာပါကွယ်.. ဆိုသလို…. ခံစားလိုက်ရပါတယ်…။

ဇတ်လမ်းကလေးက ဒီလိုပါရှင်….

မလေးကို..ပုံရိပ်ဟောင်း များ ဆိုပြီး တဂ်ထားတယ်။ ကြာပီ။ အဒေါ်နေမကောင်းဘူး ထင်လို့.. လာထပ်မပြောတာ..။ အဆင်ပြေရင် ရေးပေးပါ။ စပ်စု ချင်လို့..း)))

ကေ…မလေးကို အောရီဂျင်နယ်ပိုစ်လင့် ပေးပါဦး

ဒီမှာပါ.. ပုံတွေကို..မြင်သာအောင်ပြနော်..း)) တခါ မလေးဘလော့ဂ်မှာ တွေ့ဖူးတယ်.. ကွန်ဗို့ဘေးက..ထင်းရှူးပင်တွေနားမှာ..ရပ်နေတဲ့..သူငယ်ချင်းကောင်လေး ၂ ယောက်ရဲ့ပုံ..။ မှတ်မိတယ်။ ကျမ တို့ နှစ်တွေရဲ့ ၀တ်စားဆင်ယင်ပုံပါပဲ..။ မလေးကတောင် ငယ်မယ်ထင်တယ်။ မိန်းထဲက..မဟုတ်ရင်လည်း..ဟုတ်တဲ့ ကျောင်းက ပုံပေါ့နော်..

ဟိဟိ… သူက ဒါလိုချင်တာကိုးးး ၂ယောက်မဟုတ်ဘူးကေရဲ့ လေးယောက်။ တင်ပေးမယ်နော်.. ပြန်ရှာမယ်.. အဲ့ကောင်တွေရဲ့ဖေ့ဘွတ်တွေ ပြန်လှန်လိုက်ဦးမယ်

အဲ.. ဒီလို လူလည်မကျနဲ့လေ.. အဲဒီကောင်တွေ ဆီ ပြန်ရှာရမှာ မဟုတ်ဘူး.. ကိုယ့်ပုံ တွေ ကိုယ်ပြန်ရှာ..း)

မလေးကျောင်းတုန်းက ဓာတ်ပုံလည်းရိုက်ဖူး ကျောင်းလည်းတက်ဘူး ၂လပဲတက်ပြီးဒီရောက်လာတာ.. ဟိုတုန်းက ပုံတွေက ခေတ်ဟောင်းကြီးတွေနော်..း))  မလေးတို့ ခု ပြောထားတာလေးတွေပါ တင်ခွင့်ပေးမလား

မလေးရေ.. လိုအပ်ရင်..တင်ပါ..နိုး.ပလုံ ပလုံ..း)

အဲသလို အပြန်အလှန် စာရေးဆက်သွယ်ကြပြီး သကာလ၊ မလေးလည်း သူ့တက်ဂ်ပိုစ်ကို အပေါ်ကနေအောက်..အောက်ကနေအပေါ် ရှစ်ကြိမ်ခန့် ဖတ်ပစ်လိုက်ပါတယ်။
ကေဟာ မတရားပါ.. မခင်ဦးမေကိုကျတော့ ( ဟန်းဖုန်း က ပုံတွေထက် ပို ၀ါးပစေ.. ) တဲ့။
မလေးကိုကျတော့ အကြောင်းသိသူမို့… ပုံတွေကို..မြင်သာအောင်ပြနော်.. တဲ့။ ဟင့်။

နောက်တစ်ခုက သူ့ကို နှစ်ယောက်ပြောထားတာတွေပါ တင်ရမလားမေးစဉ်က သူက လိုအပ်ရင်တင်လည်းပြောတယ်.. နောက်က နိုးပလုံပလုံ ကလည်းပါသေးတယ်။ ဒီကလည်း အလွန်ကို အကင်းပါးသူ မဟုတ်ပါလားဆိုတော့ နောက်က သူ့ရဲ့ နိုးပလုံပလုံဆိုတာ ဘာကြီးပါလိမ့်လို့ စဉ်းစာသော်လည်း သဘောကို မပေါက်လို့၊ ကိုယ့်ဟာကိုယ်တင်ချင်စိတ်ကလည်းရှိတော့ တင်လိုက်တာပါပဲ။

မလေးဟာ ကျောင်းမတက်ခဲ့ပါ။ ကျောင်းရှေ့မှာ အိမ်ကချပေးလိုက်တာနဲ့ ကျောင်းထဲကို ၀င်ပါတယ်၊ အတန်းထဲထိလည်းသွားပါတယ်၊ ပြီးရင် အနောက်နားခပ်ကျကျမှာထိုင်ပြီး အလုပ်ကြီးကိုင်ကြီး စလုပ်ပါတယ်။ စာအုပ်ထုပ်ပြီး ကိုယ့်ဟာကိုယ်ပဲ သိမ်းထားမည်ဖြစ်သော ကဗျာတွေ၊ စာတွေ ထိုင်ရေးခဲ့ပါတယ်။ ပြီးရင် အတန်းလစ်ပါတယ်။ ဟိုးးးးး အဝေးကြီးကို လစ်ပါတယ် (အတန်းနဲ့ကပ်လျက်ဘေးက ရေမြောင်းဘောင်ပေါ်မှာပါ)။ ရေမြောင်းဘောင်ပေါ်မှာ သူငယ်ချင်းအချို့နဲ့ ငုတ်တုပ်ထိုင်ပြီး စွယ်တော်ရွက်တွေပေါ်မှာ ကဗျာစပ်ပါတယ်။

တက္ကသိုလ်ကို လွမ်းလားဆိုတော့ ဒီကိုရောက်ခါစက လွမ်းခဲ့ပါတယ်။ တော်တော်ကလေးကို လွမ်းခဲ့ပါတယ်။ ဒီမှာ အလုပ်တစ်ဖက်ကျောင်းတစ်ဖက်နဲ့ ရုန်းကန်နေရချိန်တွေမှာ တက္ကသိုလ်ကျောင်းမှာ ကျန်ခဲ့တဲ့ ရာခိုင်နှုန်းတော်တော်များသော သူငယ်ချင်းတွေဟာ၊ အခမဲ့ပညာရေးကို လွယ်လွယ်ကူကူ ဆည်းပူးသင်ယူခွင့်ရနေတာကို လွမ်းပါတယ်။ မြန်မာပြည်က တက္ကသိုလ်ကျောင်းသားတော်တော်များများဟာ ကျောင်းနဲ့အိမ်၊ ကျောင်းနဲ့အဆောင် ဒီလောက်ပဲ ပူပင်ကြရတာများပါတယ်။ အဲဒါကို အားကျလွမ်းဆွတ်ပါတယ်။ လွမ်းစရာတစ်ယောက်ကျန်ခဲ့တာကို လွမ်းပါတယ်။ ကျန်တာတွေကိုတော့ သိပ်မလွမ်းခဲ့ပါဘူး။ အတန်းထဲက သူငယ်ချင်းတွေကလည်း အစောကြီး အဝေးကြီးထွက်သွားတဲ့ လူတစ်ယောက်ကို သတိရလိမ့်မယ် မထင်ပါဘူး။ လွမ်းစရာကျန်ခဲ့သူကလည်း နောက်ကျတော့ နောက်တစ်ယောက်နဲ့ တွဲတယ်ဆိုတဲ့ စာကလေးတွေ သူငယ်ချင်းမတွေဆီက ရောက်လာတာပါပဲ…။ အဲ့ချိန်မှာတော့ ကိုယ်ကတော့ ဒီမှာ စနိုးတွေခင်းတဲ့ အထီးကျန်သော၊ ကိုယ်တိုင်ရွေးချယ်ခဲ့သော၊ အေးစက်စက်လမ်းမကြီးတွေပေါ်မှာ သူ့စာလေးတွေကို မျှော်ခဲ့ရင်းပေါ့။ အဲ့ဒီတုန်းက ခုလို ဂျီတောခ်တွေ၊ ဂျီမေးလ်တွေ၊ အမ်အက်စ်အန်တွေ၊ ဗွီဇက်အိုတွေ မရှိခဲ့ပါဘူး။ မြန်မာပြည်ကို တစ်မိနစ်ဖုန်းခေါ်ရင် သုံးဒေါ်လာကျော်ကျော်ပေးရပါတယ်။ မျက်လုံးပြာတွေ၊ ရွှေရောင်ဆံပင်တွေကို ဘယ်လိုမှ ခံစားလို့ မရဘဲ၊ ပုဆိုးဝတ်ပြီး လွယ်အိတ်စလွယ်သိုင်းလွယ်သော မြန်မာပြည်က ယောင်္ကျားလေးတစ်ဦးကို ရင်ခုန်ခဲ့ပါသဖြင့်၊ (ခုထိလည်း မြန်မာယောင်္ကျားလေးများ ပုဆိုးဝတ်ခြင်းကို အလွန်မြတ်နိုးပါတယ်။ ခေတ်ကုန်လုနီးဖြစ်ပြီလားဟုလည်း နှစ်မျောမိပါတယ်) ရှိသမျှကုန်ခမန်းလုနီးနီး သူ့ဆီဖုန်းတွေဆက်နေချိန်မှာ…… သူ့ကို ပြောခဲ့ဖူးတဲ့…

ချစ်သူကို ကျွန်မ ဘယ်သောအခါကမှ ကြိုးရှည်ရှည်နှင့်  လှန်မထားခဲ့ ပါ။ နှစ်ပေါင်းများစွာစောင့်  နေခဲ့ ရန်လဲ တစ်ခါမှ မတောင်းဆိုခဲ့ပါ။ ကျွန်မထက် ချစ်ရမည့်သူ တွေ့ ရင်လဲ သဘောထားကြီးစွာ ကျွန်မ နောက်ဆုတ်ပေးမည်ကို ချစ်သူကို အသိပေးထားပြီးလဲ ဖြစ်ပါသည်။

အဲ့သလို ကြီးကြီးကျယ်ကျယ်ပြောခဲ့ဖူးတာကလေးကို အတည်ယူပြီး… သူကတော့… အသစ်တစ်ယောက်နဲ့ အဓိပတိလမ်းမပေါ်မှာ.. ခြေရာသစ်တွေကို တူးဆွလို့ပေါ့….။ (အိမ့်ချမ်းမြေ့တို့ကတော့… မလွမ်းဘူးသာဆိုတယ်.. ရယ်စရာရေးမလို့ လွမ်းတဲ့အသံက ဘယ်ကထွက်လာတယ် မသိပါ)

အဲသလို မလွမ်းတတ်သူကြီးဟာ လှော်ကားကန်ကျောင်းပျော်ပွဲစားတွေမှာဆိုလည်း၊  သူများတွေ ဂိမ်းကစားချိန်မှာ၊ လူတွေရုတ်ရုတ်နှင့် မနေတတ်၍၊ ကိုယ်နှင့်တူသော သူငယ်ချင်းတစ်ယောက်ကိုခေါ်ပြီး၊ လူတွေနှင့် ဝေးရာ ရေစပ်က ဗေဒါပင်တွေထဲ တိုးဝင်ပြီး လိပ်ပြာတစ်ကောက်တစ်လေ ဒါမှမဟုတ်.. ဖားတစ်ကောင်တစ်လေကို ဖမ်းရန် ကြံစည်နေတတ်ခဲ့သော လူဖြစ်တဲ့အတွက်.. ခုဆိုလည်း ကျောင်းကို ဘာကို လွမ်းရမှန်းတောင် မသိသော်ငြားလည်း ကေ့ကို ခင်မင်တွယ်တာလို့ အရဲစွန့်ပြီး ပုံများကို ရင်တုန်စွာ တင်လိုက်ရပါကြောင်းးးးး။

chalkch.jpg

အဲ့တုန်းကတော့ မျက်နှာလေးက သေးသေးကလေးနဲ့ ငေးငေးငိုင်ငိုင်ကလေး ကြည့်ပြီး ကိုယ့်ကိုကိုယ်တောင် သနားမိသလိုလို ဘာလိုလို။ ဒီပုံကတော့ မ၀ါးလို့ မဖြစ်ပါ။ ကင်မရာနှင့်တည့်တည့်ကြီးဖြစ်နေ၍ ကေ ခွင့်လွှတ်နိုင်ပါစေ…။ သည်ပုံရိုက်စဉ်က ခုနှစ်ပါပြောရမယ်ဆိုရင်တော့ Sembilanpuluh Lima…. အဲ့ဒါပဲ။ တတ်သူများ ဘာသာမပြန်ရ။ တင်းကြပ်စွာတားမြစ်သည် :D..

boys3.jpg


ဒါကတော့ ကေ လိုချင်တဲ့ပုံ… သူတို့က ယောင်္ကျားလေးတွေဆိုတော့ ပိုရှက်တတ်လို့..တဲ့။ မနည်းတောင်းပန်တင်ထားရတယ်။

mom.jpg

မေမေ့ပုံပါ အဆစ်ထည့်ပေးလိုက်ပါတယ်…။


မှတ်မိသေးပါရဲ့လား .. တဲ့

မလေး သိပ်ကြိုက်တဲ့ သီချင်းပါ…။

နီနီဝင်းရွှေရဲ့ အသံအက်အက်လေးကို ကြိုက်တယ်..။

အဲသလို အက်ရှရှအသံရှိတဲ့၊ ကီးကို အောက်နှိမ့်ဆိုနိုင်တဲ့ မိန်းမတွေကို အရမ်းသဘောကျမိတယ်။

နောက်.. သီချင်းကလေးအစက ဂစ်တာသံကလေးကို အရမ်းနှစ်သက်မိပါတယ်။


မေဆွိရဲ့ စစ်ကိုင်းလမ်း


ဂျပ်ဆင်ထိပ်က လရိပ်ပြာ
ဒါကတော့ ဂန္တ၀င် သီချင်းမို့ ပြောစရာ မလိုတော့ပါဘူး။ နားထောင်မိတိုင်း လူက မလှုပ်တော့ဘဲ ငိုင်ကျသွားစေတဲ့ သီချင်းပါ။


အင်းလျားအဆောင်သူလေး
ဒါလေးလည်း ကောင်းတယ်။ ဟိုခေတ်က အခုခေတ်လောက် တူရိယာတွေ မစုံသေးပေမယ့် သွက်လက်တဲ့ ဂစ်တာသံတွေကို ကြားနိုင်ပါတယ်။
ရစ်သမ်တွေကော လိဒ်တွေကပါ မြိုင်ဆိုင်လွန်းပါတယ်။ Intro first-part မှာ Low E, A,D ကြိုးတွေကို အသားပေးသုံးပြီး… intro 2nd part မှာ high E နဲ့ B, G ကြိုးတွေကို သုံးသွားတာ လေးက နှစ်သက်ဖွယ်ပါ။ သီချင်းတစ်ပုဒ်လုံးမှာလည်း အောက်သုံးကြိုးကို ခတ်သွားတာလေးတွေက နားထဲမှာ စွဲနေတယ်။


အဆောင်သူရဲ
ဒါလေးလည်း ကြိုက်တယ်.. သီချင်းကလေးက ပုံကလေးပြောပြနေသလိုပဲ။
သနားစရာကောင်းတဲ့ အဖြစ်ကလေးကို ခပ်မြန်မြန်beat လေးနဲ့ အလွမ်းဇာတ်လမ်းလေး တစ်ပုဒ်ကို နားထောင်ရသလိုပါပဲ။


မာလာဆောင် မီးမလာဘူး.. တဲ့

အဲ့.. မှားလို့။ မာလာဆောင်.. ကိုကို မလာဘူးဆိုလား ဘာလား..
မေမေတို့တော့ သိပ်ကြိုက်တယ် အဲ့သီချင်းကို၊

မလေးတော့ သိပ်မကြိုက်ဘူး။
အနောက်တိုင်း တေးသွားကို ယူထားလို့လည်း ပါပါတယ်။

မလေးတော့ သီချင်းလေးတွေပါ တင်ပေးလိုက်ပါပြီနော်..။
လွမ်းချင်သူတွေ လွမ်းနိုင်သလောက်ကြီးကို… လွမ်းနိုင်ကြပါစေ….လို့။

ကိုယ်တော့ မလွမ်းဘူး။ အဟုတ်…။း)))

ပျော်ရွှင်ကြပါစေရှင်….။

PrintPrint Friendly

22 Comments »

  1. ပုံတွေကြည့်ပီး မျက်လုံးပိုဝါးသွားတယ်မမ.. ဟီးဟီး။။။
    အလွမ်းပြေရေးထားတဲ့မလွမ်းတတ်တဲ့သူတစ်ယောက်အကြောင်းဖတ်သွားတယ်။

    Comment by ကူးကူး — November 22, 2010 @ 5:39 pm

  2. Sembilanpuluh Lim.. တော့..ဘာသာမပြန်တော့ပါဘူး..
    ဒါပေမဲ့.. ပုဆိုးဝတ် သူငယ်ချင်း များ လွယ်ထားသော..ကျော်သူ လွယ်အိတ် အရ..၈၈ အကြို ဟု ယူဆ ပါကြောင်း..။း))

    ကျေးဇူးပဲ..မလေး ရေ….
    ဒါပေမဲ့..စပ်စု ရတာ..အာသာ မပြေဘူး.. စွယ်တော်ရွက် တရွက်ပဲ ရလိုက်တယ်။ ဓါတ်ပုံ ကိုတော့.. စီအိုင်အေ ကို ပို့ပြီး.. ပုံဖော်ကြည့်ရမယ် ထင်တယ်။ ဟား ဟား

    Comment by K — November 22, 2010 @ 5:40 pm

  3. အဲ့ပုံရိုက်ထားတဲ့ ခုနှစ်ကို မှန်းသော ကေ.. ဒီတစ်ခါတော့ မှားပါသည်။ သည်ကောင်တွေ ဖက်ရှင်အတော်တုန်းတာ ဖြစ်မယ် ဒါဆို။ ကျော်သူလွယ်အိတ်က မလေးတို့ အလယ်တန်းလောက် ကတည်းက ပေါ်နေပြီ ကေရဲ့.. အဲ့ထဲကနေ တက္ကသိုလ်ထိ ၀တ်ကြတာ မဟုတ်ဖူးလား။ အဲ့ပုံရိုက်စဉ်က အရေးခင်းပြီးခဲ့တာ ဆယ်စုနှစ်တစ်ခုပြည့်ရန် နှစ်အနည်းငယ်သာ လိုတော့တာ ကလား။ သြော်… ဒါနဲ့ အသက်တွေပေါ်တော့မယ်။ မပြောတော့ဘူး။ :D
    တစ်ကယ်က မလေး အသက် ၅၀ကျော်ပါပြီကွယ်… ;)

    Comment by မလေး — November 22, 2010 @ 5:50 pm

  4. u forget one person. I can disclose ur age…wanna know anyone?

    Comment by WC22 — November 22, 2010 @ 7:06 pm

  5. 1995ပြည့်နှစ်ပတ်ဝန်းကျင် ကလို့ ထင်ပါတယ်ကွယ်။ အဲဒီလွယ်အိတ်မျိုး အစ်ကိုဝမ်းကွဲဆီမှာ တွေ့မိဖူးပါတယ်။

    Comment by mm — November 22, 2010 @ 7:52 pm

  6. wc22…. ပြောပေါ့… အန်တီ့အသက်ကို ဘယ်သူကမှ စိတ်ဝင်စားတာ မဟုတ်ပါဘူးကွယ်..
    mm .. အန်တီ ကော့မန့်တွေ ပြန်တော့ဘူးနော်.. :D

    Comment by မလေး — November 22, 2010 @ 8:03 pm

  7. ပြောဘို့ကောင်းပါတယ်၊
    အင်တာနက်၊ ဂိမ်းတွေ၊ အမ်ပီ၃ ၄လည်းမရှိဘူး၊
    အပေါင်းအဖေါ်တာ ရှိတာမို့
    ကျောင်းသူကျောင်းသားချင်းရင်းနီးမှုပိုပါတယ်၊

    Comment by sosegado — November 22, 2010 @ 9:15 pm

  8. မလေး မေမေ ကတော့ ချောတယ်..
    ကျန်တာတော့ ဘာမှလည်း မမြင်ရဘူး.. :P

    Comment by သိင်္ဂါကျော် — November 22, 2010 @ 9:16 pm

  9. မလေးက ချစ်စရာကောင်းပြီး မလေးမေမေက ချောတယ်… ကျောင်းတက်ခဲ့ချိန်ကလွမ်းစရာကောင်းပေမဲ့ အရေးအခင်းပြီး နောက်ပိုင်းကာလတွေမှာ တက်ခဲ့ရတဲ့ ကိုယ်တို့အတွက် သိပ်တော့ပျော်စရာမကောင်းခဲ့ပါဘူး

    Comment by Naw Phaw — November 23, 2010 @ 12:08 am

  10. မလေးရေ့…….

    ဆင်ဘီလန်ပူလူးရ် လီးမားကို ဘာသာပြန်ထည့်လိုက်ရမလား……။ (လူကြမ်းများပြောသော ခြိမ်းခြောက်သည့် လေသံနှင့်ဖတ်ပါလေ…..ဟိဟိ)
    သီချင်းတွေထဲမှာတော့ ဂျက်ဆင်၊ အင်းလျားနဲ့ သီချင်းသုံးပုဒ်တော့ ဂစ်တာခေါက်ရင် ဆိုဖြစ်၏။
    ဓာတ်ပုံတွေကို ပြူးပြဲကြည့်ရင်းခေါင်းပိုမူးသွားချင်ဒယ်….။ ကပ်စေးနဲချက်များနော်……..ဟွမ်းးးးးးးး :)

    ခင်မင်ခြင်းအားဖြင့်………

    Comment by ဏီလင်းညို — November 23, 2010 @ 6:11 am

  11. ဟားဟား..အစ်တာ ပေါ်သွားပြီကွ..
    သေချာ အောင်လုပ်တာပါ..မလေးရာ..
    ကြည့်လိုက်တာနဲ့.. ကျောင်းထဲ ချက်ခြင်းပြန်ရောက်သွားသလို ဖြစ်ရအောင်.. ခေတ်မကွာလှသော..၀တ်စားဆင်ယင်မူများ ပါ..
    ပလေကပ်..ရှပ်ဖြူ..း)

    အဓိပတိလမ်းခြေရာ..ရှိတယ်လေ..
    ဘလော့မှာ အကုန်တင်ပေးထားတာပဲ..
    http://kthwe.blogspot.com/2009/10/1.html
    http://kthwe.blogspot.com/2009/11/blog-post_06.html

    Comment by K — November 23, 2010 @ 6:43 am

  12. မလေး ရေးထားလေး သဘောကျလို့ နှစ်ခေါက်တိတိ ဖတ်သွားတယ်။ :)
    ဇွန်က မြန်မာပြည်မှာ တက္ကသိုလ် မတက်ခဲ့ရတော့ လွမ်းစရာဆို ဆယ်နှစ်ကျော်ကြာဆည်းပူးခဲ့တဲ့ အထက်တန်းကျောင်းနဲ့ သူငယ်ချင်းတွေကိုပဲ လွမ်းနေမိခဲ့တာ။
    မလေးရဲ့ပုံရိပ်ဟောင်းကို ကြည့်ချင်ပါတယ်ဆိုမှ ၀ါးနေတယ်ကွာ…ဟွန်း…:(
    မလေး မေမေက ဘယ်တစ်ယောက်လဲဟင်?
    သီချင်းတွေအတွက် ကျေးဇူးပါ မလေးရေ။ တက္ကသိုလ်နဲ့ဝေးပေမယ့် သီချင်းတွေနဲ့က အမြဲနီးစပ်မှုရှိပါတယ်။ :D

    Comment by ဇွန်မိုးစက် — November 23, 2010 @ 7:53 am

  13. 1990- Sembilanpuluh

    Comment by Anonymous — November 23, 2010 @ 8:30 am

  14. ၀ါးတားတားတွေ ကိုသဘောကျသော ၀ါးတားတား အစ်မကို လာကြည့်သွားပါတယ်ဗျာ အောက်ဆုံးကပုံက မောင်နှမလားထင်ရတယ်း) ကြီးကြီးက နုလို့ဖြစ်မယ် ။ ရှက်တတ်တယ်ဆိုတဲ့ အစ်ကိုကြီးပုံက ဘယ်အစွန်ဆုံးမဟုတ်ရင် ညာဘက် ဒုတိယမြောက်ပဲဖြစ်ရမယ် မူးလိုက်တာ မီးကမငြိမ်၇တဲ့အထဲ စခရင်ကြီးကို ပြူးကြည့်နေရတာ :)

    ပုံရိပ်ဟောင်းတွေ ပြန်ကြည့်မိတိုင်း ရိုးသားမှုတွေကို ပြန်မြင်ယောင်မိမယ်လို့ထင်ပါတယ် ကျနော်တော့ အဲ့လိုမကြာမကြာဖြစ်လို့ ။

    Comment by မောင်မျိုး — November 23, 2010 @ 9:40 am

  15. မဖော်နဲ့ဆိုတာကို ရအောင်ဖော်သွားသူက ရှိသေး ဟိဟိ မှန်လဲမှန်ဘူးနော့ မလေးရယ်း)
    မလေးတင်ထားတဲ့ ပုံတွေက ဓာတ်ပုံနဲ့ မတူတော့ဘဲ ပန်းချီနဲ့သာ တူတော့တယ် လုပ်လဲလုပ်တတ်ပါ့နော် ..
    သူငယ်ချင်းတွေနဲ့ ကျောင်းတက်ခဲ့စဉ်အကြောင်းလေးဖတ်ရတော့ လွန်ခဲ့တဲ့ နှစ်တွေကို ပြန်လည်တူးဆွမိသွားတယ်..
    ဘာဘဲပြောပြော ပုံရိပ်ဟောင်းဆိုတာကတော့ တသသနဲ့ လွမ်းစရာတွေပါဘဲနော်…
    ((မြန်မာပြည်က ယောင်္ကျားလေးတစ်ဦးကို ရင်ခုန်ခဲ့ပါသဖြင့်၊ ရှိသမျှကုန်ခမန်းလုနီးနီး သူ့ဆီဖုန်းတွေဆက်နေချိန်မှာ…)) ဆိုတဲ့နေရာလေးကတော့ စိတ်မကောင်းစရာပါမလေးရယ်..
    နီးရာကို ပိုပြီးတွယ်တာတတ်တဲ့ သူတို့တွေရဲ့ သဘောတရားတစ်ခုဘဲ ထင်ပါရဲ့

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — November 23, 2010 @ 11:09 am

  16. မဖော်နှင့်ဆိုသည်ကို နည်းနည်းကလေးဖြစ်ဖြစ် ကလိသွားသော အနောနမစ် ဆိုသူဟာ ဘယ်သူကြီးတုန်း။ သြော်.. အနောနမစ်ဆိုကာမှ ဘယ်သူလည်း မေးမိရသေးတယ်နော်။
    အောက်ဆုံးကပုံက မေမေနဲ့ သူ့သူငယ်ချင်းပါ။ မေမေက Evening Purse လေး ကိုင်ထားသူဖြစ်ပါတယ်။ မလေးက မေမေနှင့် မတူဘူး။ အဖေတူ သမီးပါ။ ဒါပေမယ့် မေမေ့လို အပြစ်ကင်းစင်သော အပြုံးကလေး ပြုံးတတ်သူပါ .. ဟိ။ မောင်မျိုးရေ.. မင့် အစ်မ မရိုးသားတော့ဘူး ပြောချင်သလားဟင်…….။ လာဖတ်သူများအားလုံး မျက်စိမှုန်သွားခဲ့သည်ရှိသော်.. မျက်မှန်ဆရာဝန်နှင့် ပြကြပါလို့… အထူးသဖြင့် ကိုဏီ…
    မည်သို့ပင်ဖြစ်စေ.. ဒီပိုစ်လေးရေးရတာ ပျော်တယ်။ ဒါကြောင့် တက်ဂ်သော ကေ့ ကို ကျေးဇူးအထူးတင်ပါတယ်။

    Comment by မလေး — November 23, 2010 @ 5:08 pm

  17. အဓိပတိလမ်းပေါ်က ခြေရာတွေ လာကောက်ကြည့်သွားပါတယ်
    ပုံတွေကြည့်လိုက်ရတော့ အဒေါ်တွေ အမတွေ ဦးလေးတွေပြောပြတဲ့ အင်းယားဘေးက ပုံပြင်လေးတွေ သွားသတိရမိတယ်:)

    Comment by မေပယ်လ် — November 26, 2010 @ 11:17 am

  18. ပုံရိပ်ဟောင်းကို
    အတွေးအမြင် အသစ်လေးတွေနဲ့ ရောရင်း
    အဆောင်နေခဲ့ရတဲ့ဘဝလေးကို လွမ်းဆွတ်မိရဲ့ ဗျာ ..

    Comment by အုပ်ကြီး — November 27, 2010 @ 9:20 am

  19. စာတွေဖတ်ရင်း သီချင်းလေးတွေပါ နားထောင်ရင်းဒေါင်းသွားတယ် ခဏဘဲတက်လိုက်ရတဲ့ကျောင်းကို ခဏတာပြန်လွမ်းမိသွားတယ်…

    Comment by သစ်သစ် — November 30, 2010 @ 7:49 am

  20. ဘူလဲဆိုတာတိတွားဘီ :D

    Comment by Anonymous — December 3, 2010 @ 7:30 pm

  21. သိသွားတယ်ဆိုရင်တော့ ဓာတ်ပုံထဲက တစ်ယောက်ယောက်ပဲ ဖြစ်မှာပဲ.. ဒီကော့မန့်ဖတ်ပြီး အလိုလိုနေရင်း ထိတ်လန့်နေမိတော့ တာပါပဲကွယ်.. :P

    Comment by မလေး — December 5, 2010 @ 6:53 pm

  22. မလေး….တချိန်တုံးက ပြည်လမ်းမှာ၇ှိတဲ့တက္ကသိုလ်ကို မမတိုနဲ့ေ၇ာက်ဖူးတယ်..မလေး၇ဲ့ ဓါတ်ပုံတွေထဲကလို အ၇မ်းသာယာတယ်..ပျော်ဖို့ အ၇မ်းကောင်းတယ်…ဒါတွေကိုကြည့် ပြီး ကျွန်တော် “ငါလည်း တနေ့ မှာ ဒီတက္ကသိုလ်ကြီးမှာပေါ့………“ ဒါပေမဲ့လည်း သံလျှင်တံတားကိုဖြတ်ပြီး ဒီနွေပူပူမှာ သုံးနှစ်သုံးမိုးပေါ့ သြော်ဒါပေမဲ့လည်း ပြီးခဲ့ပါပြီ…..ပြန်လည်သတိ၇ပါတယ် တချိန်က ကျောင်းတော်ကြီးနဲ့ သူငယ်ချင်းများ,သူလေးကိုပေါ့……

    Comment by ခ၇မ်း — September 29, 2011 @ 8:08 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------