March 24, 2009

မဲ့

Filed under: တစ်မျက်နှာဝတ္ထု, ၀တ္ထု — အိမ့်ချမ်းမြေ့ @ 4:10 pm

အနီရဲရဲ လတစ်စင်းအောက်မှာ လောကတစ်ခုလုံးက ရဲရဲတောက်နေသည်။ ချောင်းရေသည် အနီရောင်လွှမ်းခြုံခြင်းခံနေရသည်။ ချောင်းစပ်ရှိ သစ်ပင်၊ ခြုံစပ်စပ်များ၊ ကျောက်တုံးများလဲ ရဲရဲတောက်နေသည်။ ချောင်းစပ်ရှိ အနီရောင်သဲသောင်ပြင်ပေါ်မှာ ဖိနပ်မပါသော အမျိုးသမီးတစ်ဦးက သစ်ရွက်တွေမှ အစိမ်းရောင်နှင်းစက် တရဟော ကျနေကြသည်ကို ငေးကြည့်နေသည်။ ခြုံပုတ်အောက်က နှင်းရည်ငတ်ပြတ်နေဟန်ရှိသော ညငှက်တစ်ကောင်က နှုတ်သီးကို အကျယ်ကြီးဟပြီး နှင်းစက်များကို မြိန်ရှက်စွာ သောက်သုံးနေသည်။ ပြီးတော့ အစိမ်းရောင်နှင်းရည်များကို လည်ဇလုပ်နှင့် သယ်ဆောင်ပြီး အသိုက်မြုံမှာ အစာကိုစောင့်နေသော ငှက်ကလေးငယ်များထံသို့ ပျံသန်းသွားသည်။

ဖိနပ်မပါသော အမျိုးသမီးက လည်ပင်းမှာပတ်ထားသော ရောင်စုံပုဝါကို ဖြုတ်လိုက်ပြီး လမင်းထံသို့ လက်ကမ်းလိုက်သည်။ သူမ၏ ဆံနွယ်တွေ ညလေထဲမှာ ကစင့်ကလျား လွင့်မျောနေကြသည်။ မိုးကောင်းကင်လမင်းထံမှ အနီရောင် အလင်းတန်းများက ရောင်စုံသက်တန့်များအဖြစ် ပြောင်းသွားပြီး သူမထံသို့ ရောင်စုံအလင်းများက လှပစွာ ခုန်ဆင်းလာကြသည်။ ထိုရောင်စုံအလင်းများထဲတွင် ချစ်ရည်လူးနေကြသည့် ငါးကလေးနှစ်ကောင်၊ အနီရဲရဲ ဒေါင်းရုပ်ပါသောခေါင်းစည်းတစ်ခုနှင့်၊ ရုပ်တုတစ်ခု။

(ဆက်ဖတ်ရန်…)

March 11, 2009

ဗင်ကူးဗားမြို့မှ အိုလံပစ်ရွာ

Filed under: Winter Olympic 2010, Vancouver, Canada, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 9:44 pm

 vancouver2010_logo.jpg

ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ကို ကျမလက်ရှိနေနေသောမြို့မှာ ကျင်းပဖို့ တစ်နှစ်တောင် မလိုတော့ပါဘူး။ ကနေဒါဝန်ကြီးချုပ် စတီဗင်ဟာပါက အရင်လ ဖေဖော်ဝါရီ ၁၂ရက်နေ့တုန်းက အိုလံပစ်အားကစားပွဲတော်ဖွင့်ရန် တစ်နှစ်တိတိပဲ လိုတော့တဲ့ အထိမ်းအမှတ်နဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်။ အခြားမြို့နယ်တွေတော့ မသိဘူး၊ ကျမ နေတဲ့ မြို့နယ်ကတော့ ဂရုတောင် စိုက်ပုံမရှိပါဘူး။ တရုပ်ပြည်မှာဆိုရင် အိုလံပစ်ပွဲတော်မတိုင်ခင် တစ်နှစ်ပတ်လုံး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပ ကြတယ်ပြောကြတယ်။ ဒီမြို့ကလူတွေကတော့ မတုန်မလှုပ် အေးအေးဆေးဆေးပါပဲ။ အိုလံပစ်ပွဲတော်ကစားပွဲမှာ လာကစားမယ့် အားကစားသမားပေါင်း ၂၈၀၀ တည်းဖို့ နေရာလိုပါနေပါတယ်။ ဒီတော့ အဲဒီအားကစားသမားပေါင်း ၂၈၀၀ တည်းခိုဖို့ အိုလံပစ်ရွာဆိုတဲ့ အဆောက်အဦးတစ်ခုကို နာမည်ကြီးစတင်လီပန်းခြံနားမှာ ဆောက်ဖို့ စဉ်းစားကြတယ်။ လိုအပ်တဲ့ ဘတ်ဂျက်ငွေဒေါ်လာသန်း၇၅၀ကို နယူးယောက်မြို့အခြေစိုက် Fortress Investment Group က ချေးငွေထုတ်ပေးမယ်၊ Millennium Development Corp. က နိုဝင်ဘာ ၂၀၀၉ မှာ အိုလံပစ်ရွာကို အပြီးဆောက်မယ်၊ ပွဲတော်ပြီးရင် မြို့နေလူတွေကို ပြန်ရောင်းမယ် စတဲ့ အကုန်လုံးအဆင်ပြေမယ့် အကြံနဲ့ ဒီရွာကြီးကို စပြီးဆောက်ကြပါတော့တယ်။

millenniumwater.jpg

ဒီရွာထဲမှာ ကျောင်းတွေ၊ ဈေးတွေ၊ ကစားကွင်းတွေ၊ ကလေးထိန်းတဲ့နေရာတွေအပြင်၊ အဆောက်အဦးမှာသုံးတဲ့ ပစ္စည်းတွေက ပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ ပစ္စည်းတွေ (environmental friendly parts) တွေလို့ဆိုကြပါတယ်။ ဒီလိုမျိုး ဗင်ကူးဗားမြို့ရဲ့ အကောင်းဆုံးနေရာတွေထဲမှာပါတဲ့ အခုလိုအဆင့်မြင့်ကွန်ဒိုတွေကိုလဲ upper-middle အလွှာတွေလောက်ပဲ ၀ယ်နိုင်လိမ့်မယ်လို့ ကျမ ထင်ပါတယ်။

(ဆက်ဖတ်ရန်…)

March 9, 2009

စံပယ်

Filed under: ကိုယ့်လူ, ကဗျာ — အိမ့်ချမ်းမြေ့ @ 11:06 pm

jasmine2.png

ဂုဏ်တင့်ပါရဲ့ …
ထုံဝင့်ကာ ပင်မြင့်ထက်ရယ်က
တော်ဝင်ရာ ဂေါ်သဇင် လွှာ မဟုတ်ပေမယ့်
ချစ်တဲ့သူပေးလာဆက်တော့လေ …

လန်းနေရင်ထွေးကာယုလို့ 
မလန်းစေနွမ်းနေဦးတော့

အချစ်ရေ …
စိတ်မှာနွေးလို့ ရယ်
မွှေးကြူမြဲကွယ်။

(သူငယ်ချင်းတစ်ဦးက ကာရန်ရှာပေးပါသည်)

March 6, 2009

မြန်မာ့အယ်ဒီတာများ

Filed under: စာအုပ်ခံစားချက်, အင်တာဗြူး — အိမ့်ချမ်းမြေ့ @ 12:56 am

interview2.jpgမြန်မာပြည်ကအပြန် အရင်တစ်ခါတွေတုန်းကလိုပဲ ကောင်းနိုးရာရာ စာအုပ်လေးတွေ ၀ယ်ဖြစ်ခဲ့တယ်။ အချို့စာအုပ်တွေက ဖတ်ဖူးပြီးသားပေမယ့်လဲ စာအုပ်စင်မှာ ထားချင်တာနဲ့ ၀ယ်ဖြစ်ခဲ့ပါတယ်။ ကျမ ရန်ကုန်ကိုရောက်နေချိန်မှာ အင်းဝစာအုပ်တိုက်ကလဲ အမျိုးသမီးစာရေးဆရာမများရဲ့ စာအုပ်ရောင်းပွဲ ကျင်းပနေတာနဲ့ ကြုံတော့ အင်းဝ စာအုပ်ဆိုင်ထဲ ၀င်သွားလိုက်တာနဲ့ လူတွေက ကြိတ်ကြိတ်တိုး၊ စာအုပ်တွေကလဲ အမျိုးမျိုးပါပဲ။

ကျမရဲ့ အပြန်ခရီးဆောင်အိတ်ထဲမှာ ဒန်အိုးတွေရယ်၊ ပန်းပုတွေရယ်၊ စာအုပ်တွေရယ်နဲ့ ပြည့်သိပ်နေတော့၊ စာအုပ်တွေကိုတော့ မပိမပြားမခေါက်သွားအောင် အ၀တ်နဲ့ပတ်ပြီး သယ်လာခဲ့တယ်။ ကနေဒါပြန်အရောက် ရာသီဥတုအေးအေးချမ်းချမ်းနဲ့ အိမ်ရှေ့ခန်းမီးပုံဘေးမှာ ၀ယ်လာတဲ့ စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် ဖတ်ကြည့်တဲ့အခါမှာ၊ ကိုယ်ကြိုက်မယ်ထင်ထားတဲ့၊ ကိုယ်အရမ်းမျှော်လင့်ထားတဲ့ စာအုပ်တွေက ထင်သလိုမဟုတ်ဘဲ၊ ကိုယ်လုံးဝ မမျှော်လင့်ထားတဲ့ စာအုပ်လေးတွေက စိတ်ကို လာပြီး ထိတွေ့ပါတယ်။

အပေါ်မှာ ပြထားတဲ့ ကောင်းကျော် (စီးပွားရေးတက္ကသိုလ်) ရဲ့ အယ်ဒီတာများနှင့် တွေ့ဆုံခြင်း ဆိုတဲ့ စာအုပ်လေးကတော့ Ocean Superstore က ၀ယ်လာတာပါ။ ကျပ်ငါးရာလားပဲပေးရပါတယ်။ ငါးဆယ်ဆင့်ပေါ့နော်..။ အဲဒီငါးဆယ်ဆင့်ပဲပေးရတဲ့ စာအုပ်ပါးပါးလေးဟာ ဗဟုသုတတွေအများကြီး ကျမကို ပေးလိုက်လို့ စာဖတ်သူများနဲ့ အနည်းငယ်မျှဝေလိုပါတယ်။ (ဆိုလိုတာ.. အချို့အရာတွေကို ငွေကြေးနဲ့ တန်ဘိုးဖြတ်လို့မရဘူးလို့ ဆိုလိုချင်တာပါ)။

ပထမဦးဆုံး အယ်ဒီတာ ခင်မောင်တိုး (မိုးမိတ်)နဲ့ တွေ့ဆုံခန်းမှာ ဆရာ့ကို စာရေးချင်စိတ်ဖြစ်လာအောင် စေ့ဆော်ခဲ့တာတွေကတော့ မြ၀တီမဂ္ဂဇင်း၊ စာရေးဆရာကြည်မြ နဲ့ တောင်ငူ အလွတ်သင်ဆရာဘ၀ အတွေ့အကြုံတွေက စေ့ဆော်ခဲ့တာလို့ ဆိုပါတယ်။ ဆရာ အသက် ၁၂နှစ်အရွယ်တုန်းက ဖတ်ခဲ့ရတဲ့ မြ၀တီမဂ္ဂဇင်း အတွဲ(၁)၊ အမှတ် (၁)ဟာ ၂ကျပ်ပေးရတယ်လို့ ဆိုပါတယ်။ နောက် ဆရာ့ရဲ့ စာရေးဆရာ ဘ၀အတွေ့အကြုံတွေကို ဆက်ဖတ်ရပါတယ်။ နောက်ဆုံးမှာ ဆရာ့ကို မေးခွန်းတစ်ခု အင်တာဗြူးသူက မေးပါတယ်။ မဂ္ဂဇင်းတွေ ပန်းဝင်ကောင်းအောင် ဘယ်လိုအမှာစကားပြောချင်ပါသလဲတဲ့…။
ဆရာက ဖြေပါတယ်…။

“စာပေစိတ်နဲ့ စာပေလုပ်ငန်းမလုပ်ပါနဲ့။
စာပေစိတ်မရှိဘဲနဲ့ စာပေစီးပွားရေးလုပ်ပါ။
အောင်မြင်ပါလိမ့်မယ်။ ဒါ…… အမှန်ပဲဗျာ။”

(ဆက်ဖတ်ရန်…)

March 4, 2009

ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် မရောင်းရတဲ့ကားအချို့

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 7:07 am

မရောင်းရလို့ စက်ရုံတစ်ဝိုက်က စမ်းသပ်တဲ့ ကွင်းထဲမှာ ဒီအတိုင်းပုံထားရတဲ့ Nissan ကားတွေ .. လုပ်သား ၁၂၀၀ လျော့ပစ်မယ်လို့လဲ သိရပါတယ်။

nissan.jpg

ဒါကတော့ တိုကျိုဆိပ်ကမ်းမှာ တင်ပို့ရန် အပုံလိုက်စောင့်နေတဲ့  ဟွန်ဒါကားတွေ နဲ့ .. ဗြိတိန်နိုင်ငံက ဂျဲဂွာကားတွေလဲ မရောင်းရလို့ စက်ရုံလုပ်သား ၄၅၀လောက် အလုပ်ပြုတ်မယ်ပြောနေကြပါတယ်။ အောက်မှာဆက်ကြည့်ကြပါရှင်။

(ဆက်ဖတ်ရန်…)

March 3, 2009

Canadian Scholarship Information for International Students

Filed under: ကနေဒါကျောင်းအချို့, ကြော်ငြာ — အိမ့်ချမ်းမြေ့ @ 8:50 pm

(ဒီလင်ခ့်)ကို ကျမဆိုဒ်ဘေးမှာ တင်ထားတာတော့ ကြာပါပြီ။ ဒါပေမယ့် စာဖတ်သူများ ပိုမြင်သာအောင် ဒီမှာ တင်ထားပေးတာပါ။

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips