မိုးရှေ့ လေအေးက တိုက်ခတ်လာတော့ ခရေရွက်တွေ ကြွေကျလာသည်။ မြနှင်းနှင့် နိုင်မင်း၏ ဆံပင်တွေထဲမှာ မိုးငွေ့တွေ၊ ခရေပင်မြစ်ပေါ်မှာ ထိုင်နေရင်း နိုင်မင်း၏ ပြောလာမည့် စကားတွေကို မြနှင်း နားစွင့်နေမိသည်။
“နင်ငါ့ကို တစ်ကယ်ကို စဉ်းစားမပေးနိုင်တော့ဘူးလား မြနှင်း”
“ငါ.. ငါ.. ဆန်းသစ်ကို အဖြေပေးလိုက်ပြီ နိုင်မင်းရယ်…”
မြနှင်းအသံက တိုးတိတ်စွာထွက်ပေါ်လာသည်။
“ဘာ.. ဘာ.. မြနှင်း”
နိုင်မင်း၏ အသံကတော့ ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်သွားသည်။ ခရေပင်ပေါ်က စာကလေးအချို့ပင် လန့်ပြီး ထပျံသွားကြသည်။
“ငါ.. ဆန်းသစ်ကို အဖြေပေးလိုက်ပြီလို့ ပြောတာပါ။”
မြနှင်းကို ငုံ့ကြည့်နေသော နိုင်မင်း၏ မျက်ဝန်းတွေက တဖြည်းဖြည်း ရီဝေလာနေသည်။
“ရက်စက်လိုက်တာ မြနှင်းရယ်…. ၊ အဟင်း.. အင်းပေါ့လေ နင်တို့က ကျောင်းပြီးဖို့ နှစ်နှစ်လောက်ပဲ လိုတော့တဲ့အချိန်မှာ၊ ငါက ဆိုက်ကားသမား ဆယ်တန်း နှစ်ခါကျ၊”
(ဆက်ဖတ်ရန်…)
ငှက်တွေအိပ်တန်းတက်ချိန် ညနေခင်းတစ်ခုတွင် မြနှင်း အိမ်ရှေ့ပြူတင်းပေါက်နားက ခုံတစ်လုံးမှာထိုင်၊ စာအုပ်တစ်အုပ်ကို ဖတ်ရင်း စိုးပိုင်၏
အနီးဆုံးလူ ကို နားထောင်နေမိသည်။
“မြနှင်း ရေ…. မြနှင်း”
အိမ်ရှေ့မှ ခေါ်သံကြောင့် အိမ်ပေါက်ဝသို့ မြနှင်းထွက်လာခဲ့သည်။
“ဟင်.. အောင်ဝင်း .. လာ လာ…”
အတန်းထဲက အောင်ဝင်း နောက်မှာ ရပ်နေသော သူကို မြနှင်း မြင်လိုက်တော့ ပိုလို့အံ့သြသွားမိသည်။
ဟင်.. ဆန်းသစ်
မြနှင်း တို့ အိမ်ကလေးက အဆောင်အယောင်ကင်းမဲ့စွာ သန့်ရှင်း သပ်ရပ်နေသည်။ အိမ်ရှေ့ခန်းက ကြိမ်ကုလားထိုင်လေးတွေမှာ ဆန်းသစ်နှင့် အောင်ဝင်း ၀င်ထိုင်လိုက်သည်။
“ငါ.. နင့်ဆီက ဟိုတစ်ပတ်က ငှားထားတဲ့ စာအုပ်လာပြန်ပေးတာ၊ သြော်.. ဒါနဲ့ ဒါ.. ငါ့သူငယ်ချင်း ဆန်းသစ်၊ နင်တို့နဲ့ ငါးလမ်းကျော်လောက်မှာနေတာ။ ကယ်မစ်ထရီက။”
“ဟုတ်ကဲ့၊ တွေ့ရတာ ၀မ်းသာပါတယ်၊ ခဏထိုင်ကြဦးနော်”
“ဘာမှမလုပ်နဲ့၊ ငါတို့ လက်ဘက်ရည်ဆိုင်သွားမလို့။”
“ခဏပါ.. ဘာမှထွေထွေထူးထူးလဲ မရှိပါဘူးဟာ…. ငါ့အိမ်မှာလဲ။ ခဏလေးနော် ကိုဆန်းသစ်။”
မြနှင်း ပြောပြောဆိုဆို ကန့်လန့်ကာကို ဖယ်ပြီး မီးဖိုထဲသို့ ထွက်လာခဲ့သည်။ အိမ်ရှေ့မှာ စိုးပိုင်က အလိုက်မသိစွာ သီချင်းကို ဆက်ဆိုနေသည်။
“သူဟာ တစ်ကယ်လို့ မင်းဘ၀မှာ အကောင်းဆုံး လူသားဖြစ်ခဲ့ရင်.. တားဆီးပိုင်ခွင့် ရုတ်သိမ်းလိုက်တော့မယ် အချစ်လေး……”
မြနှင်း တစ်ယောက်ထဲ မီးဖိုထဲမှာ ကယောင်ချောက်ခြားဖြစ်နေသည်။ (ဆက်ဖတ်ရန်…)
“အောက်အီးအီး.. အွတ်”
ခပ်ဝေးဝေးက ကြက်တွန်သံကို အိပ်ချင်မူးတူးနှင့် မြနှင်း နားစွင့်ရင်း တစ်ပတ်နွမ်းစောင်ကလေးကို ပုခုံးအထိ ဆွဲပြီး ခြုံလိုက်သည်။ ညက ညနက်သည်ထိ စာဖတ်ထား၍ မြနှင်းခေါင်းက တစစ်စစ်ကိုက်နေသည်။ အိမ်နောက်ဖေးမှာ အမေ့၏ တစ်နေ့တာ ပြင်ဆင်နေသည့် အသံများကို ကြားနေရသည်။
“မြနှင်း ထတော့လေ…”
“ဟဲ့ မြနှင်း.. ထတော့”
“အင်းပါ အမေရဲ့၊ ထပါပြီ”
အိပ်ချင်မူးတူးနှင့် အောက်နောက်ဖေးရေတိုင်ကီဘက်သို့ ထွက်လာခဲ့သည်။ ရေတိုင်ကီအပြတ်ထဲက ရေမျက်နှာပြင်ပေါ်မှာ အမှိုက်စလေးတွေနှင့် ပိုးလောက်လန်းလေးတွေကိုမြင်နေရသည်။ နှုတ်ခမ်းပဲ့နေသော ရေဖလားနှင့် ရေမျက်နှာပြင်ကို အမှိုက်သရိုက်ကင်းသွားအောင် ပွတ်ပြီး ရေခတ်လိုက်သည်။ ပြီးတော့ ထမီစကိုသိမ်း၊ ဆောင့်ဆောင့်ထိုင်ရင်း ဖွာလန်ကြဲနေပြီဖြစ်သော သွားပွတ်တံပေါ်ကို သွားတိုက်ဆေးတင်ပြီး သွားကို နာနာဖိတိုက်လိုက်သည်။ ပလုတ်ကျင်းအပြီး ရေအေးအေးနှင့် မျက်နှာကို သစ်လိုက်တော့ တစစ်စစ်ကိုက်နေသော ခေါင်းက အနည်းငယ်သက်သာသွားသယောင်ရှိသည်။
ပြီးတော့ အမေအစောကြီး ငါးဒိုင်က သွားယူထားပြီးသော ငါးတောင်းကို ခေါင်းပေါ်ရွက်ပြီး အိမ်နှင့်ကပ်နေသော ရပ်ကွက်ဈေးထဲသို့ မြနှင်း ထွက်လာခဲ့သည်။
(ဆက်ဖတ်ရန်…)
အရွက်မဲ့သစ်ပင်တွေ တန်းစီနေတဲ့ မြူဖုံးသောလမ်းလေးတွေကို ဓာတ်ပုံမရိုက်ဖြစ်သေးလို့ ကြည့်ချင်နေသော သူများတွက် ကျွန်မသူငယ်ချင်းပို့ပေးသော ကောင်းနိုးရာရာပုံလေးတွေ ဝေမျှလိုက်ပါတယ်ရှင်။
မြူတွေကြားထဲက မြို့လေးက မြူကန့်လန့်ကာနောက်မှာ မခို့တယို့နဲ့..
မြူလုံးဝအုပ်သွားတဲ့ မြို့ရဲ့ အချို့အပိုင်းတွေကို ဂွမ်းကပ်စောင်အောက်က ညမီးတွေလင်းနေသလို ဟိုတစ်ကွက် သည်တစ်ကွက် တွေ့ရပါလိမ့်မယ်..

အောက်ကပုံကတော့ ကမ်းမမြင်လမ်းမမြင်.. အဆုံးအစမဲ့တဲ့ တံတားကို ဖြတ်ရသလိုပါပဲ..
(ဆက်ဖတ်ရန်…)

သံလွင်အိပ်မက် အတွဲသုံး၊ အမှတ်တစ် ထွက်ပါပြီရှင်…
ဒီတစ်ခါ ဆောင်းပါးတွေက တော်တော်စုံစုံလင်လင်နဲ့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
နောက်ပြီး ၀တ္ထုတွေမှာ ပန်းချီလှလှလေးတွေနဲ့ သိပ်လှတာပဲ။ . ဘယ်သူဆွဲလဲတော့မသိ၊ တော်တော်လေး လှတယ်။
ကျွန်မ၀တ္ထုက ပန်းချီအရ ကျွန်မက ဂျင်းပင်နဲ့.. အဟွန်း။ ပန်းချီလေး တော်တော်လှတယ်။
ကျွန်မ ဒီတစ်ခါတော့ သူငယ်ချင်းတစ်ယောက် ဆိုတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပဲ ရေးထားပါတယ်ရှင်။ ပေါ့ပေါ့ပါးပါး ရသတိုလေးပါ၊ အားပေးကြပါဦးရှင်။
ဆောင်းပါးတော့ နောက်အစ်ရှုးမှပဲ ရေးပါတော့မယ်။

Hegelianism (all reality is capable of being expressed in rational categories)
Yield to fundamental attribution error
Psychological projection
Omissions
Common fallacy
Reluctant warriors
Innate characteristics
Self-deception
Yield to prejudices
ရွှေဝါရောင်ကောင်းကင် …
ပတ္တမြားပြင် အနားသပ်ခင်းနဲ့
အတ္တကင်းတဲ့ ကောင်းကင်အောက်
တိမ်ဖြူတွေ အဆုပ်လိုက်ကောက်
တိမ်မျှင်ပေါက်တမ်း ကစားချင်တယ်…။
မြူခဲတွေကိုဖမ်းဆုပ်
အိုးပုတ်လုပ်တမ်းကစားရင်း
တိမ်ကမ္ဖလာခင်းပေါ် ခြေစမ်း
နွမ်းလျတဲ့ စိတ်တွေဖျောက်
အပျင်းပြေ လမ်းလျှောက်ချင်တယ်..။
ဒီလိုနဲ့ ..
ဒီဆောင်းမြူကို တိတ်တခိုး
ကြိတ်ပိုးလို့ မရိုး
ကိုယ်မြတ်နိုး နေမိပြီထင်တယ်..။
ခုတစ်လော ကျွန်မလက်ရှိနေနေတဲ့ မြို့လေးမှာ မြူတွေသိပ်သည်းစွာကျနေတာကို သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံပို့ပေးလာတာနဲ့ ကဗျာတစ်ပုဒ် စပ်ဖြစ်လိုက်တာပါရှင်။ သိပ်မြင့်တဲ့ အဆောက်အဦးရဲ့ ထိပ်တွေကလွဲလို့ တစ်မြို့လုံး မြူအုပ်နေတာပါ။ မြို့ကို ဟိုးမြူတွေရဲ့ အောက်မှာတွေ့ရပါလိမ့်မယ်။ အပြာရောင်လေးနဲ့ ၀ိုင်းပြထားပါတယ်ရှင်။ ဒီပုံကိုကြည့်တိုင်း ကျွန်မ ဘယ်လောက်သေးလဲ ကိုယ့်ကိုကိုယ် တွေးမိလိုက်ပါတယ်။
(ဆက်ဖတ်ရန်…)
ဒီနေ့မနက်ခင်းက ကြည်လင်အေးမြ၊ စွတ်စိုနေတယ်။ နေရောင်ခြည်က မြူနှင်း ကန့်လန့်ကာကို ထိုးဖောက်ပြီး လမ်းတွေပေါ်ကို ကျလာနေတယ်။ သူမနေတဲ့ မြို့လေးနဲ့ သူမအလုပ်ရှိတဲ့ မြို့လေးကြားမှာ မြစ်တစ်ခုရှိတယ်။ အဲဒီမြစ်ကိုဖြတ်ဖို့ တံတား သုံးခုရှိတဲ့ အထဲက၊ သူမအလုပ်သွားရင် သုံးနေကြ တံတားက တနင်္ဂနွေနေ့က မီးလောင်သွားတယ်။ တံတားက နေရင်းထိုင်ရင်း မီးလောင်တာ အဲဒီတံတားအောက်မှာ ခိုနေလေ့ရှိတဲ့ အိမ်ခြေမဲ့များက မီးအလှုံကောင်းပြီး အပေါ်ကို မီးကူးတာလို့ ဆိုကြပေမယ့် သူမ မယုံ။ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးဆဲကြဆဲလို့လဲ ပြောဆိုနေကြတယ်။ သူမကတော့ အိမ်ခြေမဲ့များကြောင့်လို့ မထင်။ ရှို့မီးလို့ထင်နေတယ်။ ထိုတံတားက ၁၉၃၀ ခုနှစ်က ဆောက်ထားပြီး တော်တော်လေးလဲ အိုမင်းနေပြီ။ အဲဒီတံတားကို သုံးတဲ့နေ့ဆိုရင် သူမရင်တမမနဲ့ပေါ့။
(ဆက်ဖတ်ရန်…)
နံနက်ခင်းနေခြည်က ခပ်ဝေးဝေးတောင်တန်းပြာတွေပေါ်မှာ နွေးထွေးစွာ ဝေ့၀ဲကျနေသည်။ ပြူတင်းအပြင်မှ မိုးထိမြင့်မားသော ထင်းရှုးပင်များကို ငေးမောရင်း ပဲပြုတ်ထမင်းကြော်ကို တစ်ဇွန်းခပ်လိုက်၊ ရေနွေးကြမ်းကို တစ်ငုံငုံလိုက်ဖြင့် နံနက်စာကို ငုံးဥတစ်ယောက် စိမ်ပြေနပြေစားနေသည်။
တီ..တီ..တီ…
စားပွဲပေါ်မှ ငုံးဥ ၏ တစ်ပတ်နွမ်းလက်ကိုင်ဖုန်းလေးက ထမြည်သဖြင့် လက်တွင်ပေနေသော ဆီကို လက်သုတ်ပုဝါနှင့် ကပျာကသီ သုတ်လိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။
“ငုံးဥ ရှိလားဟေ့”
(ဆက်ဖတ်ရန်…)
“တီတီ.. တီတီ..”
“Phone call for you Madam”
“ကျေးဇူးတင်ပါတယ်ညီမ”
“ဟလို… ဟုတ်ပါတယ်ရှင်.. ”
“ရှင်.. ဟုတ်ကဲ့၊ အစ်မ reception မှာထားခဲ့တဲ့ လူကြုံပစ္စည်းရပါတယ်။ စိတ်ချပါ၊ ယူသွားပေးပါ့မယ်ရှင်။”
“ရှင်.. reception မှာထားခဲ့တဲ့ ပစ္စည်း ရ၊ မရ ကျွန်မ အစ်မကို ဖုန်းဆက်ပြီး အကြောင်းမပြန်လို့ အစ်မ ခုလို ကျွန်မဆီ ဖုန်းဆက်မေးရတာ ဟုတ်လား”
(အဲတော့… ဒီပစ္စည်းကို ဒီဟိုတယ်ကလူတွေက မပေးပဲ ယူထားမယ်များထင်နေလို့လားမသိ။ လူကြုံပစ္စည်း reception မှ တဆင့်ရတိုင်း ဖုန်းပြန်ဆက်ပြီး ရကြောင်းပြောရမယ်ဆိုရင်.. အင်း ဟိုတယ်က တစ်မိနစ်ကို ဒေါ်လာနဲ့ တောင်းတော့ လူကြုံအယောက်သုံးဆယ်လောက်ကို ပစ္စည်းရကြောင်းသာ အကြောင်းပြန်ရမယ်ဆိုရင်.. ဘုရားဘုရား.. ငါတော့ …)
(ဆက်ဖတ်ရန်…)