ရန်ကုန်မိုးက အစိုးမရအောင်ရွာနေတယ်..
ကောင်းကင်မှာသက်တန့်တစ်စင်းက တောက်ပနေတယ်..
ခွေးလေးတွေနဲ့ ကလေးလေးတွေ လမ်းဘေးမှာ ဆော့ကစားနေတယ်..
အကြော်နံ့လေးတွေက ညနေဆိုမွှေးနေချိန်မှာ..
လိုင်းကားတွေကတော့ အရင်လိုမွန်းကျပ်နေဆဲပဲ..
အင်တာနက် ကွန်နက်ရှင်တွေက ဒေါင်းနေတယ်..
မုန်တိုင်းထွက်သွားဖို့ ဆုတောင်းနေတယ်..
ဘလော့ဂ်တွေဆီရောက်ဖို့ မသွားတတ်သူတစ်ယောက် လမ်းပျောက်နေတယ်..
ဘလော့ဂါတွေနဲ့ သူတို့ရဲ့ စာတွေကိုလွမ်းတယ်..
ခံစားချက်တွေများပြီး ကိုယ့်ဂျီမေလ်းကိုတောင် ၀င်ဖို့ စာလုံးတွေမေ့ပျောက်နေတယ်..
ဖန်သားပြင်ပေါ်က စာရေးဖော်တွေနဲ့ စာဖတ်ဖော်တွေကိုလွမ်းတယ်..
အမြဲလာလည်တဲ့ မတန်ခူးနဲ့ အမြဲစိမ်းဖြိုးကိုပြောပေးပါ..
သူတို့ကော့မန့်တွေ ဖတ်လို့ မရတော့ကြောင်း
အိပ်ပြန်ရောက်ရင်တော့ ဂျီမေးလ်ထဲဝင်ဖို့ စာလုံးတွေကို ပြန်မှတ်မိကောင်းပါရဲ့..
မမှတ်မိတော့ရင် ဘလော့ဂ်လေး ဆုံးရဦးတော့မယ်ထင်တယ်..
ရောက်ရောက်ချင်း မျက်စိအသားမကျခင်မှာ အရာအားလုံးက တပြေးညီစွာ ညှိုးနွမ်းနေတယ်..
သုံးရက်လောက်နေမှ ကွာဟမှုတွေကို စိတ်မချမ်းသာစွာမြင်လာတယ်..
ဖီးလ်က မုန့်ဟင်းခါးကို နေ့နေ့ညည မြိန်ရှက်စွာစားနေတယ်…
အွန်လိုင်းပေါ်က စာတိုပေစတွေဟာ ကျယ်ပြန့်တဲ့ ဒီလောကထဲမှာ မှေးမှိန်နေဆဲပဲ..
ဘာတွေပဲဖြစ်ဖြစ်…
ဘယ်လိုပဲဖြစ်ဖြစ်..
ကိုယ့်ပြည်ကိုယ့်ရွာမို့ ရင်ခုန်သံတွေဟာ လတ်ဆတ်စွာချိုမြိန်နေဆဲပါ..
လူတွေကိုလဲ ရှောင်ရသေးသည်။ ဒါတောင် ကနေဒါ၊ အခြားသော လူများသော တိုင်းပြည်တွေနဲ့ ယှဉ်လျှင် တိတ်ဆိတ်ခြောက်ကပ်သောနိုင်ငံ။ တမင်လဲ လူနည်းသောကြားရက်ကို ခွင့်တင်ပြီး ဈေးဝယ်ထွက်လာတာတောင် လူက မွန်းကျပ်လာသည်။ လူတွေကို ရှောင်ရင်း စီးထားသည့် ဒေါက်ဖိနပ်ကို ချွတ်ပြီး နီးရာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ချင်စိတ်ဖြစ်နေသည်။ ရှင်းရှင်းပြောရလျှင် ၀တ်ထားသော ကုတ်တွေ၊ ပိုက်ဆံအိတ်တွေ၊ ဒေါက်ဖိနပ်တွေကို အကုန်ချွတ်ပစ်ပြီး ရေကန်တစ်ခုခုထဲ ဒိုင်ပင်ထိုးချချင်စိတ်ဖြစ်နေသည်။ လူတွေဟာအပေါ်ယံ ပစ္စည်းတွေ အောက်မှာ လေးပင်မောပန်းလှပါလားဟု တွေးလိုက်မိသည်။
(ဆက်ဖတ်ရန်…)
သီတင်းကျွတ်လရဲ့ လှပဝေဆာတဲ့ ဆီမီးတွေနဲ့ အတူ သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ(၂) အမှတ်(၃) ထွက်လာပါပြီ။
ကျွန်မရဲ့ ခွင် ဆိုတဲ့ ဖြစ်ရပ်မှန် ၀တ္ထုလေးတစ်ပုဒ်နဲ့..
နီနာ (ခေါ်) ရွေ့လျားနေတဲ့ပြတိုက် ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကိုလဲ သံလွင်မှ ဖော်ပြပေးထားပါတယ်ရှင်။
ကျွန်မ စိတ်ထဲမှာ ဒီနေ့ တော်တော်လေး ကသိကအောင့်ဖြစ်သွားပါတယ်။ အဖြစ်ကတော့ ဧည့်ကြိုရုံးဝန်ထမ်းနဲ့ သယ်ယူပို့ဆောင်ရေးငှာနက၀န်ထမ်းနှစ်ယောက်ကြားမှာ ဖြစ်သွားတဲ့ ကိစ္စလေးပါ။ ဧည့်ကြိုရုံးဝန်ထမ်းမိန်းကလေးက အသက်သုံးဆယ်လောက်၊ သယ်ယူပို့ဆောင်ရေးငှာနက ကောင်လေးက ရှိလှမှ တဆယ့်ရှစ်နှစ်၊ sexual harassment လို့ အမည်တပ်ပြီး အလုပ်ထုတ်ခံလိုက်ရတာက မိန်းကလေးပါ။ မိန်းကလေးက ကောင်လေးကို နောက်ကနေပြီး ဂျင်းပင်အောက်ကပေါ်နေတဲ့ အောက်ခံဘောင်းဘီကို သွားသွားဆွဲပြီး စတဲ့ ကိစ္စပါပဲ။ ဒီခေတ် ယောင်္ကျားလေးတွေကလဲ တမင် အောက်ခံဘောင်းဘီကို ပေါ်အောင် ၀တ်တတ်ကြတယ်ထင်ပါတယ်။ မိန်းကလေးကလဲ သူ့မောင်အရွယ်လေးဆိုတော့ စ တယ်နဲ့တူပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မလုပ်သင့်တဲ့ ကိစ္စတစ်ခုပါပဲ။ ကောင်လေးက ကျွန်မနဲ့ ခင်ပါတယ်။ မထင်မရှားတီးဝိုင်းလေးတစ်ခုက လိဒ်သမားလေး တစ်ဦးပါ၊ တော်တော်လဲ အေးပါတယ်။ သူ့ကို ဟိုမိန်းကလေး အဲလို စရင် သူ စိတ်အနှောက်အယှက်ဖြစ်တယ်လို့ ကျွန်မ ကိုပြောနေတာတော့ကြာပါပြီ။
မိန်းကလေးကလဲ ပြင်သစ်မလေးဆိုတော့ ပြင်သစ်မလေးတွေရဲ့ ပုံစံအတိုင်း လွတ်လပ်ပေါ့ပါး၊ စလိုက်နောက်လိုက် နေတတ်ပါတယ်။ မြန်မာမျက်စိမှာတော့ တော်တော်လေးတော့ မျက်စိနောက်စရာပေါ့နော်။ ဒါပေမယ့်လဲ အချို့ယဉ်ကျေးမှုတွေမှာ ဒါဟာ ခေတ်ရှေ့ပြေးတယ် outgoing ဖြစ်တယ်ဆိုပြီး ဂုဏ်ယူတတ်ကြတာတွေလဲရှိပါတယ်။
နောက်ဆုံးတော့ ဘာဖြစ်ကြတယ်မသိဘူး၊ မိန်းကလေး အလုပ်ဖြုတ်ခံထိလိုက်ပါတယ်။ ရုံးတွေမှာ မလိုအပ်ပဲ စတာတွေ၊ နောက်တာတွေက သိပ်လွန်လာရင် အလုပ်တွေကို ထိခိုက်နိုင်တယ်။
(ဆက်ဖတ်ရန်…)
ကျွန်မ ဖန်သားပြင်ပေါ်မှာ စာရေးခဲ့ခြင်းဟာ ဒီလောကကို အတုလို့ ထင်မိခဲ့လို့ပါ။ ဒီဖန်သားပြင်ကြီးရဲ့ နောက်မှာထိုင်နေကြတဲ့ သူတွေအားလုံးမှာ မိမိကိုယ်ပိုင် ဘ၀ကိုယ်စီရှိကြပါလိမ့်မယ်။ လူတွေဘာလို့ ဒီဖန်သားပြင်ပေါ်မှာ စာတွေရေးကြတာပါလဲ။ ဗဟုသုတမျှဝေချင်လို့၊ စိတ်အစာပြေချင်လို့၊ ကလောင်သွေးချင်လို့၊ ပျော်ချင်လို့၊ ရင်ဖွင့်ချင်လို့ ဖြစ်ပါလိမ့်မည်။
ကျွန်မ အတွက်တော့ ရင်ဖွင့်ရာ နေရာလေးတစ်ခု အနေနဲ့ စခဲ့တာပါ။ မည်သူမျှလဲ ကျွန်မစာတွေကို အလေးထားဖတ်လိမ့်မယ်လို့ မထင်ခဲ့မိပေမယ့် ကိုယ်ရေးတဲ့စာတိုင်းဟာ ခံစားချက်ကို အရင်းခံခဲ့တဲ့ နှလုံးအိမ်က ယိုစီးလာတဲ့ သွေးတွေမို့ မည်သူတန်ဖိုး ထားထား၊ မထားထား ပန်းကလပ်ပေါ်တင်လို့ သိပ်တန်ဖိုးထားတာ စာရေးသူအချင်းချင်း သိပါလိမ့်မည်။
ဒီနေ့ အလုပ်မသွားခင် အိမ်ခန်းထဲမှာ နှုတ်ခမ်းနီဆိုးနေစဉ် အိမ်ရှေ့ခန်းကနေ အဲလက်စ်က သီချင်းတစ်ပုဒ် ခပ်တိုးတိုးညည်းလိုက်ပါတယ်။
ဘာကိုမှ နားမလည်ခင် အချစ်ဟာ ပျားရည်လို ချိုမြိန်တယ်…
ပန်းတွေ ပွင့်နေသလို.. အနမ်းတွေသင်းချို ရင်ခုန်စဖွယ်..
အဲဒီစာသားကြားမိတော့ တစ်ယောက်ထဲ တိတ်တိတ်လေး ပြုံးမိတယ်…
(ဆက်ဖတ်ရန်…)

ဒီလိုနဲ့ အသက်တွေအိုမင်းရင့်ရော်သွားချိန်ထိ…
ဒီဆူးမဲ့ စာမျက်နှာလေးကို..
သူ…
လူမသိ.. သူမသိ..
တစ်ခါတစ်ရံ တိတ်တခိုးဖွင့်ဖတ်ရင်း…
နေ့ရက်တို့ ကုန်ဆုံးလာနေပြီ။
(ဆက်ဖတ်ရန်…)
ဒီနေ့.. မိုးတွေရွာနေတယ်…

အ၀ါကြိုက်တတ်သူ.. အတွက်..
အ၀ါရောင် နှင်းဆီတွေ အများကြီးပဲပေါ့….

(ဆက်ဖတ်ရန်…)
ဒီနေ့ …
တိုကပ်ကပ်ေ၇ွှရောင်ဆံပင်တွေနဲ့၊ ပုလဲနားကပ်မဟုတ်တဲ့
အပျိုနားကပ်လို နားမှာတုန်တုန်ယင်လို့.. ဆံညိုယဉ်ချထားတဲ့
အမေရိကားရဲ့ အပြင်ကို တစ်ခေါက်သာ ရောက်ပါတယ်ဆိုတဲ့..
အလာစကာက “ပေလင်” တစ်ယောက်..
စင်မြင့်ပေါ် တစ်ခေါက် ရောက်တဲ့နေ့..။
ဒီနေ့…
ကနေဒါဝန်ကြီးရဲ့ မိန့်ခွန်းရေးသူက
သြဇီဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းတွေကို
“ဟာပါ”အတွက်ပါဆိုပြီး.. အကိုးအကားမဲ့စွာ
မဟားတရားနဲ့ ခိုးထားမိလို့…
မီးရောင်စိမ်းအောက်က တိတ်ဆိတ်စွာ ထွက်ခွာသွားရတဲ့နေ့..။
(ဆက်ဖတ်ရန်…)