June 27, 2008

ညနေခင်း

Filed under: ♥●••.. မောင်….••●♥, ၀တ္ထု — မလေး @ 12:29 am

 
greentree.pngcoffeetable2.png

ညနေခင်းနေရောင်အောက်မှာ ငှက်ပြာတို့ တေးသီနေသည်။ လမ်းမပေါ်က လွင့်ထွက်လာသော ကားမီးခိုးငွေ့ကို ရှုရှိုက်ရင်း၊ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ချိုဆိမ့်တစ်ခွက်ကို သောက်နေသော သူငယ်ချင်းကို ကျေးဇူးတင်စကားဆိုမိသည်။

“ရပါတယ်ဟာ နင်ကလဲ၊ အချင်းချင်းတွေပဲ၊ အေးအေးဆေးဆေးမှ ပြန်ပေး၊ ငါ့မှာလဲ ဘောဒ်အပိုရှိနေတာပဲ၊ နင်လိုချင်ရင် ကင်းဗတ်လဲ ငါလာပို့ပေးမယ်”

ရင်ဘတ်အိတ်ထဲက လက်သုတ်ပုဝါ အပြာကို ဆွဲထုတ်ပြီး အဆီပြန်နေသော မျက်နှာကို လက်သုတ်ပုဝါနှင့် သုတ်ရင်း သူက ဆိုသည်။

“ကင်းဗတ်တွေတော့ ရှိပါတယ်၊ အခုဟာက ငါက အကျီ င်္်စတွေပေါ်မှာ ဒီဇိုင်းဖော်ကြည့်ချင်တာ”

ကော်ဖီနှင့် မုန့်အချို့တင်ထားသော ခနော်ခနဲ့ စားပွဲညိုပေါ်သို့၊ ကြွေကျလာသော သက်ရွက်ကို အသာဖယ်လိုက်ရင်း ပြောလိုက်သည်။

ညနေစောင်းမို့ ဆိုင်က လူကျနေသည်။ စကားပြောသံ၊ ရယ်မောသံ၊ သီချင်းသံတွေနဲ့ အတူ ပတ်ဝန်းကျင်က အသက်ဝင်လှုပ်ရှားနေသည်။ ပုဏရိတ်ပင်တို့ခြားထားသော လက်ဖက်ရည်ဆိုင် အပြင်ဘက်က လမ်းပေါ်မှာ ရုံးမှ ပြန်လာသောလူများ၊ ညနေခင်းလမ်းလျောက်ထွက်သူများ၊ စက်ဘီးစီးနေသော ကလေးများနှင့်လဲ စည်ကားနေသည်။

“ဒီမှာလေ ငါ လက်ဆောင်ရလာတဲ့ ၀ါချောရဲ့ အ၀တ်တွေပေါ်မှာ ပန်းချီဆွဲနည်းစာအုပ်”

သူငယ်ချင်းရဲ့ မျက်လုံးတွေက ၀င်းလက်သွားသည်။

(ဆက်ဖတ်ရန်…)

June 22, 2008

ရနံ့မပျယ်သေးတဲ့ ပန်းနွယ်ခရေ..

Filed under: ၀တ္ထု — မလေး @ 9:55 pm

 

forpostwell.png

ပန်းရနံ့တွေကိုသယ်ဆောင်လာတဲ့ ညလေပြေက ပြူတင်းပေါက်ကတိတ်တဆိတ်ဝင်ရောက်လာတယ်။ အိမ်ရှေ့လမ်းတစ်ဘက် ရေကန်ကြီးဆီက လှိုင်းကြက်ခွပ်လေးတွေ လရောင်အောက်မှာ တဖျတ်ဖျတ်နဲ့လက်နေကြတယ်။ ကန်ဘောင်တစ်လျှောက်အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေကြောင့် လရောင်ကတော့ ခပ်ရေးရေးလေးပဲ။
ညနေစောင်းတွေမှာ ဒီကန်ရိုးတစ်လျှောက်လူစည်ကားနေကျ။ ညနက်လာရင်တော့ အဲဒီကန်ရိုးဟာ ဟိုတုန်းက သူနဲ့သူ့ သူငယ်ချင်းတို့ စုရာအရပ်ကလေးတစ်ခုပေါ့။

khayaye.png


(ဆက်ဖတ်ရန်…)

June 16, 2008

တိမ်တိုက်ပြာ

Filed under: ကဗျာ — မလေး @ 2:11 am

 
bluecloud2-copy.png

 

ပိန်းပိတ်အောင်မှောင်တဲ့ အနက်ရောင်ကောင်းကင်ကြီးကို

အသည်းတအေးအေး ရင်တဖိုဖိုနဲ့ ကိုယ်… ငုံ့ကြည့်လိုက်တယ်…..။

ကောင်းကင်မှောင်ကြီးထဲမှာ မရဲတရဲလင်းတဲ့ကြယ်အိမ်တွေကို

နဂါးငွေ့မျှင်တန်းတွေကရုံ သိမ်သိမ်မွေ့မွေ့လေး ခြုံလို့ထားကြတယ်…။ (ဆက်ဖတ်ရန်…)

June 14, 2008

မျက်ဝန်းညိုမ

မတ်လထုတ် ချိုးလင်းပြာ အမျိုးသမီးစာစောင်မှ ကျွန်မရဲ့ ၀တ္ထုတိုလေးကို ပြန်လည်ဖော်ပြထားတာပါရှင်..။


(ဆက်ဖတ်ရန်…)

June 8, 2008

နွေမိုက်

Filed under: ♥●••.. မောင်….••●♥, ကဗျာ — မလေး @ 8:30 am


moon2.png

♥●••.. မောင်….••●♥
သစ်ရွက်ခြောက်ကြွေသံတွေကြားမှာ
ငွေလရယ်က ခပ်တိုးတိုးသာ…
မေ့ပါးမှာ ဆံနွယ်ပွတ်တိုက်
တိမ်းခိုက်လေပြေ ပန်းငိုက်ကာကြွေ
မေ….
လွမ်းလှိုက်လို့နေပါတယ်လေ…

(ဆက်ဖတ်ရန်…)

June 6, 2008

ပုံသေနည်းတစ်ခု

Filed under: ဓာတ်ပုံ — မလေး @ 4:56 pm

ကျွန်မဘလော့ဂ်လေးလဲ ခပ်မျှင်းမျှင်းလေးနဲ့ အသက်ဆက်နေတာ ကြာပါပြီ….
လူတွေသေကြေငတ်ပြတ်နေချိန်မှာ သိင်္ဂါရ ရသမြောက်တဲ့ အတွေးတွေလဲ ကြက်ပျောက်ငှက်ပျောက် ပျောက်နေတာလဲကြာပါပြီ…
ဘလော့ဂ်ပေါ်မှာလဲ ဘာမှတက်ရေးချင်စိတ်မရှိတော့ပါဘူး…
ဒီအတိုင်းဆက်ထားရင် ကျွန်မဘလော့ဂ် အသက်ဆက်တော့မယ်မထင်…

မစို့မပို့ဆန်လေးဆီလေး သူတို့တစ်လုပ်စာစားလိုက်ရတာ ကျွန်မတွက်ကတော့ ကုသိုလ်ရတယ်လို့ လုံးဝမခံစားရပါဘူး… လူတွေဒီလောက်ဒုက္ခရောက်နေလို့ တတ်နိုင်သမျှတော့ လှုနေတယ်ဆိုပြီး မိမိကိုယ်ကို ဖြေသိမ့်တဲ့ အတွေးမျိုးလောက်နဲ့တင် ကျွန်မတို့ ဘာမှလုပ်လို့မရပါဘူး။ တစ်ခါတစ်ရံမှာ အသက်ဆက်ရှင်နေရတာဟာ အဓိပါယ်မဲ့နေသလိုလဲ ခံစားမိပါတယ်…။

ဘလော့ဂ်ကို ဒီအတိုင်းပစ်ထားတော့လဲ လာလည်နေကြသောသူတွေကို အားနာမိတာတစ်ကြောင်း၊ ဘလော့ဂ်လဲ အသက်ထွက်တော့မှာတစ်ကြောင်းကြောင့် ဘလော့ဂ်ကို အသက်ဆက်တဲ့အနေနဲ့ မနေ့တစ်နေ့က ရိုက်လာတဲ့ ဓာတ်ပုံအချို့ကိုဝေငှလိုက်ပါတယ်ရှင်။

(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips