May 30, 2008

သက်ငြိမ်ဓာတ်ပုံများ

Filed under: ဓာတ်ပုံ — မလေး @ 9:26 pm

ကျွန်မ ခုတစ်လော ပိုစ်မတင်နိုင်သေးလို့အရင်က လုပ်ထားတာလေး အချောသတ်ပြီးတင်ထားပါတယ်..
အချို့ ကော့မန့်တွေ spam ထဲရောက်နေတာ ဘလော့ဂ်ကို ပစ်ထားသလိုဖြစ်ပြီး ခုမှတွေ့လို့တင်ထားပေးပါတယ်..
လာလည်သူများအားလုံး မင်္ဂလာပါရှင်..

May 25, 2008

အလွမ်းကန့်လန့်ကာတပ် ပြူတင်းတစ်ပေါက်

Filed under: ၀တ္ထု — မလေး @ 12:30 am

window1.png

ပင်လယ်ကိုဖြတ်တိုက်လာတဲ့ သက်တန့်ရောင်လေပြေက ဆံနွယ်တွေထဲ ခပ်သာသာရယ်မောရင်း တိုးတိုက်သွားသည်။ ကမ်းစပ်က သဲမှုန်တွေထဲမှာ စိန်ပွင့်တွေက တောက်လက်နေသည်။ မျက်စိတဆုံး ကမ်းစပ်တစ်လျောက်က သဲမှုန်တွေထဲမှာ စိန်ပွင့်တွေ… စိန်ပွင့်မှုန်တွေ…။ ကျောက်စိမ်းသားအုန်းလက်တွေက နွဲ့နွဲ့ယိမ်းရင်း ပင်လယ်ကို ဦးခိုက်နေကြသည်။ အနက်ရောင်ကောင်းကင်က ကတ္တီပါပါးပါးသဖွယ် ဖြန့်ကျက်နေသည်။ ကတ္တီပါနက်ပေါ်က စိန်ပွင့်တွေကတော့ ပင်လယ်ကို ငုံ့ကြည့်နေကြသည်။ သူမ ခြေဖမိုးပေါ်မှာ စိန်ပွင့်သဲမှုန်တွေကို သူမ ငုံ့ကြည့်နေသည်။ မိုးကုပ်စက်ဝိုင်းအဆုံးမှာ သက်တန့်တံတားတစ်ခု။
အို…. တံတားပေါ်မှာ အရိပ်တစ်ခုပါလား။ ထိုအရိပ်ကသူမကို လှမ်းကြည့်နေသည်။ သူမ ဖြည်းငြင်းစွာ မတ်တပ်ရပ်လိုက်သည်။
(ဆက်ဖတ်ရန်…)

May 24, 2008

သဘာဝဘေးအန္တရာယ်နှင့် စိတ်ကျန်းမာရေး

Filed under: ဆောင်းပါး — မလေး @ 12:55 am

လပွတ္တာလို နေရာမှာ စိတ်ဂရောက်ဂယက် ဖြစ်တာကို ဆွေးနွေးပေးမဲ့ ဆရာဝန်ရှိနိုင်မယ် မထင်ပေမယ့် စားစရာမရှိလို့ ဒါတွေကို မစဉ်းစားနိုင်သေးပေမယ့် မြန်မာလူမျိုးတွေရဲ့ ရေရှည်အကျိုးစီးပွားကို မျှော်ကိုးပါတယ်ရှင်..
(ဆက်ဖတ်ရန်…)

May 19, 2008

တစ်ကယ်.. ဘာမှန်းကိုမသိပါဘူးရှင်..

Filed under: စာစု — မလေး @ 10:36 pm

ဒီရက်တွေ စိတ်တွေညစ်လွန်းလို့ ဘာမှလုပ်ချင်စိတ်မရှိပါ…

မနေ့ကတော့ ပင်လယ်ဝမှာ သွားထိုင်နေလိုက်တယ်… နဲနဲများစိတ်ချမ်းသာမလားလို့…

ကမ်းစပ်ကလှိုင်းတွေ….ပင်လယ်ရေတွေတွေ့တော့လဲ ကမ်းမမြင်လမ်းမမြင် မျောပါနေကြမဲ့သူတွေကို သတိရမိပြန်တယ်…
(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips