အချစ်ဆိုတာ လေမှာကြဲပျံ့ သက်တန့်မျက်နှာ၊
မာယာကဝေယောင်ဆောင်လို့ ရေကြည်ကိုနှောက်သူပါတဲ့
မြင့်ဦးဦးမြင့်က ကဗျာတပုဒ်စပ်ဖူးခဲ့လေရဲ့ချစ်သူ…..။
ယောင်္ကျားတွေရဲ့အချစ် ဘ၀အနှစ်မဟုတ်ဘူး
အချစ်ဆိုတာ ခမျာယောင်္ကျားတွေအတွက်တော့
ဘ၀လေးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလို့
ခှိုင်းနှိုင်းတတ်ကြချိန်မှာ..
အချစ်ဆိုတာ မိန်းမတွေတွက်တော့
ဘ၀တစ်ပျက်စာလို
ပုံတိုပတ်စနဲ့လဲ ယုံအောင်ပြောတတ်ကြလေရဲ့ကွယ်…..။
(ဆက်ဖတ်ရန်…)
ကြည်လင်သော ရေကန်ထဲမှာ ဖြူဖွေးလှပသော လည်တံရှည်ငန်းလေးတွေ ကူးခတ်နေကြသည်။ ငိုနေသော ၀စ်လိုး အရွက်စိမ်းတွေ လေအဝှေ့မှာ ခေါင်းလေးငဲ့လို့ သူတို့အချင်းချင်း တီးတိုးစကားဆိုနေကြသည်။ ကမ်းစပ်က ဖားလေးတစ်ကောင် ရေကြည်ကြည်ထဲကို ခုန်ဆင်းသွားတော့ ရေဘဲလေးက လန့်လို့ ပျံပြေးသွားသည်။ တိုင်းလုံးကိုမှီရင်း ရေထဲကို ကြည့်လိုက်မိတော့ ရေကန်ထဲမှာ ရိုမန်ခေတ်က တံတိုင်းတွေက လှုပ်လီလှုပ်လဲ့။ တံတိုင်းတွေထိပ်မှာတော့ ရင်သပ်ရှုမောဖြစ်စေလောက်သော ကောက်ကြောင်းတွေနဲ့ နွဲ့နွဲ့ပြောင်းပြောင်း ၀တ်ရုံတွေကို ခြုံ၊ သပ်ရပ်တဲ့ ဆံထုံးတွေထုံးထားသော ဂရိရဲ့ သမီးပျိုတွေ တံတိုင်းတွေပေါ် မျက်နှာမှောက်လို့ ငိုနေကြသည်။ တစ်ထောင့်ကိုးရာခြောက်ခုနှစ်က ငလျှင်ကြီးထဲမှာ ပျောက်ဆုံးသွားသော မြို့ကြီး၏ အပိုင်းအစများကို ယခုထို သတိရနေလို့များလား။ ကန်ထဲက အသက်ရာချီရှိနေသော လိပ်တို့ကတော့ ပနားမားတူးမြောင်းကြီးရဲ့ အောင်မြင်မှုကို ချီးကျူးနေကြဆဲ။ ရေကန်ဘေးမှာတော့ ယခုမှ ဘုရားကျောင်းထဲက ဘုန်းတော်ကြီး၏ ကောင်းချီးပေးမှုကို ခံယူပြီးကာစ ချစ်သူစုံတွဲလေးတွေ၊ နောက်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ။

လက်မှနာရီကို ကြည့်လိုက်မိသည်။ ချိန်းထားတဲ့အချိန်ထက် နာရီဝက်တိတိ လွန်နေပြီ။
သူမ မလာတော့ဘူးလား။
(ဆက်ဖတ်ရန်…)

ကောင်းကင်က လမင်းရွှန်းရွန်းစိုစို.. အို သာနေလှသကိုး။ ကျွန်တော်မျိုးမ ဒီလိုလှတဲ့ ညတွေမှာ အစိမ်းရောင်ကမ္ဘာ ထဲက သခင့်ကို မော်ဖူးလို့ ပျော်ဖူးခဲ့တယ်နော်..။ လေပြေနုနုလေး ကျွန်တော်မျိုးမ ကိုယ်ပေါ်ကို လျှပ်တိုက်ပြေးသွားတော့ မွှေးညှင်းနုလေးတွေက လှိုင်းကြက်ခွပ်သဖွယ် လှုပ်လီလှုပ်လဲ့ ရယ်မောလိုက်ကြတယ်..။ ညငှက်တစ်ကောင် လန့်ပျံသွားတာကို တားမည့်သူ မရှိတော့ဘူးလားလို့ ကျွန်တော်မျိုးမ အလန့်တကြားနဲ့ ပတ်ဝန်းကျင်ကိုလေ လှည့်ပတ်ကြည့်မိပါတယ်။ ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်လွန်းနေတယ်…။
သခင်ရယ်…
(ဆက်ဖတ်ရန်…)