January 22, 2008

ခင်မင်စွာဖြင့်…

Filed under: ခွန်းဆက် — မလေး @ 1:55 pm

ကျွန်မ မွေးနေ့မှာ ကျွန်မကို သတိတရရှိပေးကြတဲ့ ဘာညာ၊ဒီမို၊မောင်မျိုး နဲ့ အခြားသော ဘလော့ဂါမောင်နှမများ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်..

နွေးထွေးမှုကိုခံစားရလို့ မျက်ရည်တောင်လည်ပါတယ်..

မွေးနေ့မှာ လာနှုတ်ဆက်သူများကို ကျွန်မနှစ်သက်တဲ့ စားသောက်စရာအချို့နဲ့ ဧည့်ခံလိုက်ပါတယ်..

ဒီပိုစ်ပြီးရင်တော့ ကျွန်မ ဘလော့ဂ်ရေးခြင်း၊ ဖတ်ခြင်းများကို ရပ်ဆိုင်းထားပါတယ်..

ဆီဗုံးလဲ မပြန်နိုင်တော့လို့ ဖြုတ်ထားပါတယ်..

တစ်ချိန်ချိန်တော့ ပြန်လာခဲ့ပါမယ်..

အားလုံးကိုခင်မင်လေးစားချစ်ခင်လျှက်…

(ဆက်ဖတ်ရန်…)

January 17, 2008

လိပ်ပြာတောင်ပံခတ်သံ

Filed under: အချစ်ဆုံး, စာစု — မလေး @ 4:34 am

ဟေမာနေ၀င်းရဲ့ သီချင်းထဲကလိုပေါ့..
အချစ်များနဲ့ အားလုံးကို ကြိုတင်နှုတ်ဆက်ထားခြင်းပါ..။

မေမေကပြောတယ်…
“သမီးကိုမက်တဲ့ အိပ်မက်တွေ မကောင်းဘူး ဘုရားရှိခိုးဦး”တဲ့…
ညီမလေးကပြောတယ်…
“အိပ်မက်တွေ မကောင်းဘူး.. စိတ်ပူတယ်” တဲ့…
သူကပြောတယ်…
“ညက အိပ်မက်ထဲမှာ မင်းသိပ်လှနေတယ်.. နောက်ပြီး ပန်းလေးတစ်ပွင့်ကိုင်လို့ ကိုယ့်ဆီလျောက်လာနေတယ်.. အသွားအလာဂရုစိုက်နော်……” တဲ့…
ကိုယ်လဲမက်တယ်..
တောနက်ကြီးထဲက ပင့်ကူအိမ်တွေကို လက်နဲ့ထိလိုက်တိုင်း ထိလိုက်တိုင်း ဖြူ နီ ညို ပြာ စိမ်း ၀ါ ရောင်စုံလိပ်ပြာတွေ လွင့်ကနဲ…… လွင့်ကနဲ
ကိုယ် လိပ်ပြာတွေကို လွှတ်နေတာ.. အနှောင်အဖွဲ့ က ဝေးအောင်.. တဲ့

(ဆက်ဖတ်ရန်…)

January 12, 2008

ရွှေမှုန်ခင်းတဲ့ သက်တန့်တစ်စင်း

Filed under: အချစ်ဆုံး, ကဗျာ — မလေး @ 10:29 pm

 

မြက်ခင်းစိမ်းတွေပေါ်မှာ

မိုးရေစက်လေးတွေ ခိုတွယ်နေတယ်။

လေအယိမ်းမှာတော့…

တိမ်းနွဲ့တဲ့ သစ်ရွက်ကြွေတွေကို

ငှက်ပျို ငှက်ကျားလေးတွေက

ခုန်ဆွခုန်ဆွနဲ့ လိုက်ဖမ်းဆုပ်ဖို့ ကြိုးစားကြလို့

ရှဉ့်လေးတွေက မဟားတရားရယ်မောလိုက်ကြတယ်..။

 

(ဆက်ဖတ်ရန်…)

January 6, 2008

စာပန်းချီ ခြေလှမ်းသစ်

Filed under: ကြော်ငြာ — မလေး @ 9:41 pm

မင်္ဂလာပါရှင်.. ကြော်ငြာ ၀င်ပါတယ်။ စာပန်းချီ အွန်လိုင်းမဂ္ဂဇင်းရဲ့ ပထမဆုံး ခြေလှမ်းသစ် ထွက်ပါပြီ။ စာရေးဝါသနာရှင် ညီအစ်ကိုမောင်နှမတွေ ရဲ့ လက်စွမ်းလက်စတွေကို ပန်းချီဒီဇိုင်း လှလှလေးတွေနဲ့အတူ တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီမှာ ဖတ်ရှုနိုင်ကြပါတယ်ရှင်။

coverbmp.jpg

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips