မင်္ဂလာနှစ်သစ်ပါ..
အားလုံးပဲ မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေရှင်…
အခုမှ ဗင်ကူးဗား ကနေဒါက နှစ်ကူးအပြီး တစ်နာရီနဲ့သုံးဆယ့်ခုနှစ်မိနစ်ပဲ ရှိပါသေးတယ်။
(အပေါ်က နာရီမှားနေတယ်.. မပြင်တတ်လို့)
ပျော်ရွှင်ကြပါစေ..

အားလုံးပဲ မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေရှင်…
အခုမှ ဗင်ကူးဗား ကနေဒါက နှစ်ကူးအပြီး တစ်နာရီနဲ့သုံးဆယ့်ခုနှစ်မိနစ်ပဲ ရှိပါသေးတယ်။
(အပေါ်က နာရီမှားနေတယ်.. မပြင်တတ်လို့)
ပျော်ရွှင်ကြပါစေ..
အားလုံးအားလုံး ပျော်ရွှင်သော နှစ်သစ်ဖြစ်ကြပါစေရှင်။
ဒီစာကိုတင်နေချိန်မှာတော့ Gregorian Calendar အရ၊ ဒီဇင်ဘာလ ၃၁ရက်၊ မွန်းလွဲ တစ်နာရီပဲရှိပါသေးတယ်ရှင်။ နှစ်သစ်ရောက်ဖို့ တစ်ဆယ့်တစ်နာရီတောင် လိုပါသေးတယ်။ တစ်ကမ္ဘာလုံးနီးပါး အိပ်မောကျတော့မှ ကျမတို့ အနောက်ဘက်ကမ်းကလူတွေ ဟက်ပီနယူးယား အော်ရတာ တစ်မျိုးကြီးတော့ တစ်မျိုးကြီးပါပဲ။ ဒါပေမယ့်လဲ ကိုယ့်ထက် နောက်ကျသူတွေကတော့ ဟာဝိုင်ရီကျွန်းသားတွေနဲ့ အလာစကာက ကျွန်းတန်းပေါ်က လူတွေရှိသေးလို့ တော်သေးတယ်နော်။
လူမျိုးစုတွေတိုင်းမှာ နေရာဒေသ၊ လ၀င်လထွက်၊ နေ၀င်နေထွက်ကိုလိုက်လို့ နှစ်သစ်ဆိုတာ ဒေသတစ်ခုနဲ့တစ်ခု မတူကြပေမယ့်၊ Gregorian Calendar က သင်္ချာနည်းအရ ရက်တွေ၊လတွေ၊နှစ်တွေ ပိုတိကျအဆင်ပြေတယ်နဲ့တူပါတယ်။ နိုင်ငံတွေ တော်တော်များမျာက ယူသုံးလာကြတယ်။ ပြင်သစ်က ၁၅၈၂ခုနှစ်မှာ စသုံးတယ်။ ဆွီဒင်က ၁၇၅၃၊ စကော့တလန်၊ ဗြိတိန်နဲ့ ဗြိတိသျှ အင်ပါယာတွေကတော့ ၁၇၅၂တဲ့ ၀ီကီ မှာဖတ်ရတယ်။ ရုရှားကတော့ ၁၉၁၈မှ စသုံးတယ်လို့ သိရတယ်။
အရှေ့အာရှမှာ ပထမဆုံး စသုံးတဲ့ တိုင်းပြည်ကတော့ ဂျပန်ပါတဲ့။ ဇန်န၀ါရီ ၁ရက်၊ ၁၈၇၃ မှာ စတင်အသုံးပြုပါတယ်။ တရုပ်ပြည်ကတော့ ၁၉၁၂ မှာ စသုံးပေမယ့် period of warlordism မှာ သုံးချင်တဲ့ ပြက္ခဒိန်ကို သုံးချင်တဲ့လူတွေက သုံးချင်သလို သုံးကြတယ်ဆိုပဲ။ ပျော်စရာကြီးနေမှာပဲနော်။ ချိန်းထားရင်တော့ အကုန်လွဲကြတော့မှာပဲ။ ဘယ်နေ့ဘယ်ချိန် ချိန်းရင်၊ ဘယ်ပြက္ခဒိန်နဲ့ပြောနေတာတုန်းဆိုပြီး မနည်းပြန်ချိန်းရမယ်ထင်တယ်။ ၁၉၂၈ရောက်တော့မှ Gregorian Calendar ကို ပြန်သုံးဖို့ စီစဉ်ကြတယ်တဲ့။ ကိုရီးယားကတော့ ဂျပန်နိုင်ငံရဲ့ သြဇာကြောင့် ၁၈၉၆မှာ စတင်သုံးစွဲတယ်လို့ ဆိုပါတယ်။ အဲသလို အင်္ဂလိပ် ကိုလိုနီလက်အောက်ခံတိုင်းပြည်တွေ Gregorian Calendar ကို စတင်သုံးစွဲတဲ့ နှစ်တွေထဲမှာ မြန်မာပြည်ကို မှတ်တမ်းတင်ထားတာ ကျမ မတွေ့ဘူး။
လူအများဆုံး အတူတကွ ကျင်းပတဲ့ နှစ်ကူးပွဲမို့ အားလုံးကို နှုတ်ဆက်ချင်လို့ ရုံးမှာ အလုပ်လုပ်ရင်း ဒီပုံလေးကို paint မှာ ဆွဲပြီး အမှတ်တယ တင်ပေးလိုက်ပါတယ်..
(ဟုတ်ကဲ့ .. ရုံးတက်နေရပါတယ် :( သို့ပေမယ့် ထုံးစံအတိုင်း ဒီလိုရက်တွေ မျက်နှာလာပြပြီး ခဏနေ ပျောက်ကုန်ကြတော့တာပါပဲ။ )
အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ကြပါစေရှင်။
ဒီနှစ်ဆောင်းကတော့ အရင်နှစ်တွေကနဲ့မတူ၊ တမူကို ကဲလို့ အေးလွန်းလှပါတယ်။ ကျွန်မရဲ့မေပယ်လ်ပင်မှာ ရေခဲချောင်းတွေ တွဲကျနေတာလှလို့ ကုတ်အကျီ င်္မ၀တ်ဘဲ ခဏပဲလေဆိုပြီး တီရှပ်နဲ့ ဓာတ်ပုံထွက်ရိုက်တာ တစ်ကိုယ်လုံးနတ်ပူးသလို တုန်တက်လို့လာပါတော့တယ်။ အေးလွန်းလို့ ဒီကလူတွေတောင် ညည်းညူနေကြရပါပြီ။
မြန်မာပြည် အပြင်မှာရောက်နေကြသူတွေ အားလုံးကို နှုတ်ခွန်းဆက်လိုက်ပါတယ်…။
အခုချိန်မှာတော့ ရန်ကုန်မြို့ ရဲ့ ကောင်းကင်မှာ လမင်းကြီးက ထိန်ထိန်သာလို့..
ကလေးတွေ၊ လူကြီးလူငယ်တွေအားလုံးလဲ ရုတ်ရုတ်သဲသဲနဲ့ လမ်းတွေရဲ့ ထိပ်တွေမှာ စတုဒီသာတွေအတွက် စည်းကမ်းတကျ တန်းစီနေကြတယ်။ လမ်းတိုင်းမှာ မီးတွေထိန်ထိန်လင်းပြီး မုန့်ဟင်းခါး၊ ဆန်ပြုတ် စတာတွေကို ခုံတန်းရှည်တွေချပြီး အလှုပေးနေကြတာ ခရစ်စမတ်အတိုင်းပါပဲ။ ငယ်ငယ်က ကစားခဲ့ဖူးတဲ့ မီးဗုံးလေးတွေ၊ စက္ကူနဲ့လုပ်ထားတဲ့ ခမောက်ကလေးတွေ၊ ကောက်ညှင်းပေါင်း ရောင်းတဲ့ မြေကြီးပေါ်က ဆိုင်လေးတွေကလဲ စည်ကားနေတယ်။ ဖုန်တွေတထောင်းထောင်း ထနေလိုက်တာ လမင်းကြီးဆီကို ဖုန်လိပ်တွေ တက်သွားသလိုကို ခံစားနေရတယ်..။
တန်ဆောင်တိုင်ပွဲနဲ့ တစ်ဆယ့်ခွန်နှစ်နှစ်နီးပါး ဝေးခဲ့တဲ့ ကျမ အတွက်တော့ ကြုံတောင့်ကြုံခဲပါဘဲရှင်။
လူတွေ ဒီလိုအပြင်မှာပျော်နေနိုင်ဖို့ အပြင်လောကနဲ့အဆက်သွယ်ပြတ်ပြီး စတေးခံပေးနေတဲ့ လူတွေတွက်လဲ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဗုဒ?ဘာသာဝင်များ၊ ဘာသာဝင်မဟုတ်သူများ၊ တန်ဆောင်တိုင်နှင့် သက်ဆိုင်သူများ၊ မသက်ဆိုင်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။
ကျွန်မ မွေးနေ့မှာ ကျွန်မကို သတိတရရှိပေးကြတဲ့ ဘာညာ၊ဒီမို၊မောင်မျိုး နဲ့ အခြားသော ဘလော့ဂါမောင်နှမများ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်..
နွေးထွေးမှုကိုခံစားရလို့ မျက်ရည်တောင်လည်ပါတယ်..
မွေးနေ့မှာ လာနှုတ်ဆက်သူများကို ကျွန်မနှစ်သက်တဲ့ စားသောက်စရာအချို့နဲ့ ဧည့်ခံလိုက်ပါတယ်..
ဒီပိုစ်ပြီးရင်တော့ ကျွန်မ ဘလော့ဂ်ရေးခြင်း၊ ဖတ်ခြင်းများကို ရပ်ဆိုင်းထားပါတယ်..
ဆီဗုံးလဲ မပြန်နိုင်တော့လို့ ဖြုတ်ထားပါတယ်..
တစ်ချိန်ချိန်တော့ ပြန်လာခဲ့ပါမယ်..
အားလုံးကိုခင်မင်လေးစားချစ်ခင်လျှက်…