♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

March 29, 2014

ကန်ရာသီဖွား အမျိုးသမီးများ (Virgo - သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂)

Filed under: astrology — အိမ့်ချမ်းမြေ့ @ 12:45 am

 virgo.jpgလက်တွေ့ကျတယ်၊ ရိုးရိုးသားသားနေတယ်၊ ဥာဏ်ရည်မြင့်တယ်၊ ကူညီတတ်၊ နှစ်လိုဘွယ်ကောင်းတယ်၊ အမြင်စူးရှတယ်၊ အားကိုးလို့ရတယ်၊ ဟသဥာဏ်ရွှင်တယ်၊ တာဝန်ကျေတယ်၊ အရာရာကို အကောင်းဆုံးဖြစ်စေချင်တယ်၊ အဲဒါတွေကတော့ ကန်ရာသီဖွား မိန်းကလေးတွေရဲ့ သဘာဝပါ။

ဒါပေမယ့် သူတို့တွေဟာ တာဝန်ကျေလွန်းပြီး အရာရာကို အကောင်းဆုံးဖြစ်စေချင်တာကြောင့် စိတ်လှုပ်ရှား ပြီး စိတ်တိုတတ်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့အနေနဲ့က တစ်စုံတစ်ခုမှာပဲ အာရုံစူးစိုက်ဖို့၊ အာရုံမများဖို့ အကြံပေးကြပါတယ်။
ကန်ရာသီဖွားအမျိုးသမီးများရဲ့ အကောင်းဆုံးပိုင်ဆိုင်မှုတွေဟာ ဘာတွေလဲဆိုရင် မှတ်ဥာဏ်ကောင်းမှု၊ အကင်းပါးပြီး ဥာဏ်ရည်ဥာဏ်သွေးရှိမှု၊ ခွဲခြမ်းစိတ်ဖြာတတ်မှုတွေပဲ ဖြစ်ပါတယ်တဲ့။ ဆုံးဖြတ်ချက်တစ်ခုခု မချရခင်မှာလည်း သေချာတွေးတောပြီးမှ ဆုံးဖြတ်ချက်ချတတ်တယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ အပြင်ပန်းကိုကြည့်မယ်ဆိုရင် စိတ်ဓာတ်မာ (strong-minded) တဲ့ သဘောရှိပေမယ့် တစ်ကယ်ကတော့ emotional ဖြစ်တတ်ကြတယ်လို့ ဆိုပါတယ်။ အရာရာမှာ ခွဲခြမ်းစိတ်ဖြာ အပြစ်အနာ ရှာတတ်တဲ့ သဘောရှိတာတွေလည်း ရှိပေမယ့် သူတို့ဟာ သူများကိုချည်းပဲ ခွဲခြမ်းစိတ်ဖြာ အပြစ်အနာရှာတာမျိုးမဟုတ်ဘဲ၊ မိမိကိုယ်ကိုလည်း လေ့လာသုံးသပ်အမြဲခွဲခြမ်းစိတ်ဖြာလို့ အပြစ်ရှာ တတ်သူများလည်း ဖြစ်တယ်။

(ဆက်ဖတ်ရန်…)

July 11, 2013

ကုမ်ကျားတို့အကြောင်း

Filed under: astrology, my notes — အိမ့်ချမ်းမြေ့ @ 1:47 pm

aquamen.jpg 

ကုမ်ရဲ့သင်္ကေတဟာ ယောင်္ကျားလေးတစ်ယောက်ရေအိုးနဲ့ရေတွေသွန်းလောင်းနေတဲ့ ပုံပါ။ ရေအိုးနဲ့ရေဆိုပေမယ့် တစ်ကယ်က “လေ” လို့ ဆိုပါတယ်။ ‘လေ’ နဲ့သက်ဆိုင်တာလား ‘ရေ’ နဲ့သက်ဆိုင်တာလား ဆိုပြီး ကုမ်ရာသီဖွားတွေကို သင်္ကေတမှာတင် အဓိပ္ပာယ်ဖော်ရခက်နေပြီလို့ဆိုပါတယ်။ “ရေ” ကတော့ ဥာဏ်ပညာ၊ အေးချမ်းငြိမ်သက်ခြင်း နဲ့ လူသားဆန်ခြင်းကို ပြတယ်လို့ ဆိုတယ်။

ဂရိဒဏ္ဍာရီတွေထဲက လူငယ်ယောင်္ကျားလေးရဲ့အမည်ကတော့ Ganymede ပဲ ဖြစ်ပါတယ်။ သူဟာ သိပ်ချောလွန်းလို့ ဘုရားတွေက သူတို့ရဲ့ရေအိုးကိုရွက်ဖို့ ခန့်အပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ကုမ်ရာသီဖွားတွေရဲ့ လှပမှုနဲ့ဆွဲဆောင်မှုရှိခြင်းရဲ့ သင်္ကေတလို့ဆိုပါတယ်။ ကုမ်ရာသီဖွားတွေဟာဖြင့် ရာသီခွင်တွေထဲမှာ အလှဆုံးနဲ့အဆွဲနိုင်ဆုံးသူတွေလို့ ဆိုကြပါတယ်။ (မလေးတော့ မသိဘူး၊ ညီမလေးသန်းလဲ့၊ မောင်မျိုးနဲ့ ကိုဏီတို့ကိုသာ ဟုတ်၊ မဟုတ် ကြည့်ကြပါ)…

ကုမ်ရာသီဖွားတွေဟာ အတွေးအခေါ်တမူထူးခြားပြီးတော့ အများနဲ့အတူ မိုးခါးရေ လိုက်မသောက်တတ်သူများလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ သူငယ်ချင်းတွေအပေါ်မှာ သစ္စာထားတတ်ပြီး လူတိုင်းကို အယုတ်အလတ်၊ အမြတ်မရွေး ခင်တယ်၊ သန့်ရှင်းရေးသမားမှ၊ စီအီးအိုမှ အဲသလို မခွဲတတ်ဘူး။ ရာထူးဂုဏ်ရှိန်ထက် နှလုံးသားနဲ့ ဦးနှောက်ရဲ့တွေးခေါ်နိုင်မှုတွေကို ပိုမက်မောတတ်သူတွေလို့ ဆိုပါတယ်။
သူတို့ဟာထိခိုက်ခံစားလွယ်တဲ့အတွက် ယောင်္ကျားလေးတွေဟာလည်း နှလုံးသားကို ဖွင့်ဟမပြဘူးလို့ဆိုပါတယ်။ သူတို့ကို တစ်ယောက်ယောက်က သဘောကျနေတယ်ဆိုတာ ရိပ်မိတာနဲ့ ထွက်ပြေးတတ်ကြတဲ့ သဘောရှိပါတယ်။ တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာ နှလုံးသားကို ထည့်လိုက်ဖို့ကို အလွန်ဝန်လေးတဲ့ သူများလည်း ဖြစ်ပါတယ်။

(ဆက်ဖတ်ရန်…)

June 13, 2013

ကုမ်မိတို့.. အကြောင်း

Filed under: astrology, စာစု — အိမ့်ချမ်းမြေ့ @ 5:30 pm

 acquarius.jpg

အကွေးရီးယစ် (ကုမ်ရာသီ) အမျိုးသမီးတွေ အကြောင်း ဒါနဲ့ပါဆို ၂ခါရှိပြီထင်ပါတယ်။ အခြားသူတွေနဲ့ ကမ္ဘာကြီးအကြောင်းသာ မက၊ နေ၊ လ၊ နက္ခတ်တွေအကြောင်း လေ့လာပြီး ငြီးငွေ့လာလို့ ကိုယ့်ကိုကိုယ် ပြန်နားလည်အောင် လုပ်နေတယ်လို့ပဲ သဘောထားပေးကြပါ။

ကုမ်ရာသီဖွား မိန်းမတွေကို Uranians လို့လည်း ခေါ်ကြပါတယ်။ အဓိပ္ပာယ်ကိုတော့ မရှာချင်ကြပါနဲ့တော့။ ထိုမိန်းမတွေဟာတဲ့ သဘာဝပင်ကိုယ်က ကြင်နာတတ်တယ်၊ ဆိတ်ငြိမ်တယ် ဆိုပေမယ့် လူအများစုက ဒါဟာ “ဤ” ပါ လို့ သတ်မှတ်ထားတာကို “ကျွဲ” ကြီးပါလို့ ထလုပ်တတ်ကြတဲ့ သဘောရှိတယ်။ အဲသလို သဘာဝက နူးညံ့ညင်သာပြီး စကားပြောတာကလည်း နူးနူးညံ့ညံ့လေး ဆိုပေမယ့် တစ်ချက်တစ်ချက် ထထပြီး “ဤ” ကို “ကျွဲ” လုပ်လို့ လူတွေက သူတို့ကို အံ့သြတာကို တိတ်တိတ်လေး ကြိတ်ပြီး ကြည်နူးတတ်ကြတယ် ဆိုပါလား… (:D)

တစ်ချက်တစ်ချက် ပြောထည့်လိုက်တာဟာလည်း နားထောင်ရသူအသားဆိုင်ထဲကို လျှပ်စစ်ဖြတ်စီးသွားသလိုလည်း ခံစားကြရတတ်တယ် လို့လည်း ဆိုပါတယ်။ (မရည်ရွယ်ပါဘူး)

သိပ်ချစ်နေပြီဆိုရင်တော့ သစ္စာအရမ်းရှိပေမယ့် အီမိုးရှင်း မရှိကြဘူးတဲ့ … (မရှိဘဲ နေပါ့မလား၊ မပြတာ/မပြတတ်တာ/ဘယ်လို အီမိုးရှင်း ကို ပြရမှန်းမသိတာ ဖြစ်ပါမယ်)

(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------