♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 25, 2014

My Publication List

ရေးဖူးသမျှ…. မှတ်မိသမျှ….

(က) ထုတ်ဝေ စာအုပ်ခေါင်းစဉ်၊ ထုတ်ဝေသူ၊ ထုတ်ဝေသည့် ခုနှစ်နှင့် စာပေအမျိုးအစား

၁) လမင်းရှိုက်သံ၊ ဗိုလ်မှူးကြီးကျော်ကျော်ဦး (မြဝတီပုံနှိပ်တိုက်)၊ ၂၀၀၉၊ ရသဝတ္ထုတိုများ (တစ်ကိုယ်တော်
၂) သက်တံဆယ်စင်း၊ နေမျိုးစာပဒေသာ (AMK Creation) ၂၀၁၂၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၃) မိုင်တိုင်နှစ်ဆယ်၊ နေမျိုးစာပဒေသာ AMK Creation) ၂၀၁၃၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၎) ကြယ်စင်ဆယ့်တစ်၊ ဦးမျိုးဆင့်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၅) မိတောရဲ့ ရှတတနေ့စွဲများ၊ (AMK Creation) ၂၀၁၃၊ သရော်စာ (တစ်ကိုယ်တော်)
၆) အဖြူရောင်နှလုံးသားများဆုံမှတ်၊ မိုးစာပေ၊ ၂၀၁၃၊ ဝတ္ထုတိုများ (ကလောင်စုံ)
၇) စကားဝါပန်းတို့ရဲ့ ဒိုင်ယာရီ၊ ဦးနေဇာမောင်မောင်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၈) ကကြိုးနှစ်ဆယ့်တစ်၊ ဒေါ်သင်းသင်းမွန် (AMK Creation) ၂၀၁၄ မေလ၊ အွန်လိုင်းရသစာစုများ (ကလောင်စုံ)
၉) ဆယ့်နှစ်ကြိုးတပ် နှစ်ဆယ့်လေးသံစဉ် ၊ မိုးစာပေ၊ ၂၀၁၄ ဇွန်လ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၀) ကောင်းကင်ပေါ်ကျတဲ့ မိုးစက်များ ၊ မိုးစာပေ၊ ၂၀၁၅ မေလ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၁) လယ်တောထဲက မိန်းကလေး မိုးစာပေ ၂၀၁၆ နိုဝင်ဘာ၊ ဘာသာပြန်ရသစာစုများ စုစည်းမှုစာအုပ် (တစ်ကိုယ်တော်)

(ဆက်ဖတ်ရန်…)

February 1, 2014

နှလုံးသားဂိမ်းများ၏အဆုံးဝယ်

Filed under: Gamer မဂ္ဂဇင်း, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:38 pm

 

feb2014novel.jpg

 

အအေးဆိုင်ကလေးရှေ့ မြေကွက်လေးပေါ်ရှိ သစ်ရွက်ကြွေလေးများက မြေပြင်ပေါ်တွင် ခပ်တိုးတိုးလျှပ်တိုက်၍ ပြေးလွှားသွားကြလေသည်။ အအေးခွက်ကလေးများကဖြင့် ငြိမ်သက်တိတ်ဆိတ်လို့။ အဝေးကို လှမ်းမျှော်ငေးရင်း မျက်နှာငယ်နေသော ‘ငပေါက်’ ကို ‘မြိုင်’ စိုက်ကြည့်နေမိသည်။

“ဘာဖြစ်နေတာလဲ ငပေါက်၊ ဘယ်တစ်ယောက်နဲ့ အဆင်မပြေပြန်ဘူးလဲ”
ငပေါက် ဘာမှ ပြန်မဖြေ။

“ဖားအံက ငယ် နဲ့လား”
ငပေါက် ခေါင်းခါသည်။

“တောင်ကြီးက မမမိုး”
ပေါက် နှုတ်ခမ်းကို မထီတရီဖြင့် ရွဲ့ပြသည်။

“မုံရွာက ချိုလေး လား”
ငပေါက် သက်ပြင်းချသည်။

“မိန်းမတွေနဲ့ ငါ.. အဆင်မပြေဘူးဆိုတာ ဘယ်တုန်းကရှိဖူးလို့လဲ မြိုင်.. ရာ”

“နင့်မလဲ ဘယ်လိုများ လှည့်ပတ်အချိန်ပေးနိုင်လဲ မသိဘူး”

ထိုအချိန်တွင် ငပေါက်ရှေ့မှ ဖုန်းကလေးက တုန်ခါလာလေသည်။

“Excuse me နော်” ဟု ဆိုကာ ဖုန်းကလေးကို လှမ်းကိုင်လိုက်သည်။ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေပေမယ့် ယခုလိုအခါများတွင်တော့ ယဉ်ကျေးသိမ်မွေ့တတ်သေးသော ငပေါက်။

“ဟလို…. ချစ်၊ ပြော၊ အင်း… ကိုယ် သူငယ်ချင်းတစ်ယောက်နဲ့ အအေးဆိုင်မှာ၊ ခဏနေ ပြန်ခေါ်လိုက်မယ်နော်၊ အင်းအင်း… မစ်ယူ၊ မွမွ၊ ဂရုစိုက်နော်၊ ဟေ့…. နေဦး၊ လဗ်ယူ.. အဟက်”
ငပေါက် .. ဖုန်းချလိုက်ပြီး စားပွဲပေါ်တင်ရုံရှိသေး၊ ဖုန်းကလေးက ထပ်မြည်လာပြန်သည်။

“အိပ်စ်ကျူ့မီ အဂန်း”

(ဆက်ဖတ်ရန်…)

September 13, 2013

မိတောနှင့် အမှတ်တရ သောင်္ကြာ၁၃

Filed under: Gamer မဂ္ဂဇင်း, မိတော, AMK Creation — အိမ့်ချမ်းမြေ့ @ 6:00 pm

၁၃ ဂဏန်းကျတဲ့ သောင်္ကြာရက်ဆိုရင် လူတွေက မကောင်းတဲ့ရက်အနေနဲ့ သတ်မှတ်ကြတယ်။ အထူးသဖြင့် ဒီဘက်နိုင်ငံတွေမှာ လူအချို့ဟာ ၁၃ ဂဏန်းကိုလည်း မနှစ်သက်ဘူး၊စီးပွားရေးသမားတွေက စီးပွားရေးတစ်ခုခုစလုပ်မယ်ဆိုရင်လည်း သောင်္ကြာနေ့ကို မရွေးဘူးလို့ ဆိုကြတယ်။

သောင်္ကြာ ၁၃နဲ့ ပတ်သက်လို့ အမျိုးမျိုးအမြင်တွေရှိတယ်။ အချို့ကလည်း ၁၂ ဂဏန်းဟာ ပြီးပြည့်စုံခြင်းကို ပြတယ်။
တစ်နှစ်မှာ ၁၂ လရှိတယ်၊ နက္ခတ် ၁၂ခု၊ နာရီတွေဟာ ၁၂ မှာဆုံးတယ်၊ ပြီးတော့ ၁ ကနေ ပြန်စတယ်၊ သခင်ခရစ်တော်မှာ တမန်တော် ၁၂ ပါးရှိတယ်၊ အစ္စရေးလူမျိုး ၁၂ မျိုး စသဖြင့် ၁၂ ဂဏန်းဟာ ပြီးပြည့်စုံမှုကို ပြတဲ့အတွက်၊ ၁၃ ဟာ စည်းမျဉ်းတစ်ခုကနေ သွေဖယ်နေလို့ လို့ ဆိုကြတယ်။

အချို့ကလည်း Thomas W. Lawson ရဲ့ နာမယ်ကြီး ဝတ္ထုဖြစ်တဲ့ Friday, the Thirteenth ကြောင့် လူတွေက တစ်စခန်းထတာလို့ ဆိုသလို၊ သောင်္ကြာနေ့မှာ သခင်ခရစ်တော်ကို ကားစင်တင်ခဲ့တဲ့ နေ့မို့လို့လည်း ထိတ်လန့်ကြရာမှ အစပြုပြီး စွဲလာတာလို့ ဆိုကြတယ်။

ဒီကြားထဲမှာ မှ Dan Brown ရဲ့ The Da Vinci Code ဝတ္ထုကလည်း သောင်္ကြာနေ့၁၃ ရက်ကို ပိုမိုထိတ်လန့်စေအောင် ပြုတယ်လို့ ဆိုတယ်။

အဲသလို အမျိုးမျိုးကြားထဲမှာ စောစောအိမ်ပြန်ချင်လို့ မနက်အစောကြီးထပြီး ရုံးကို လာခဲ့တယ်။ အိမ်ကမထွက်ခင် ကောင်းကင်ကိုမော့ကြည့်လိုက်တော့ မောင်ရင်ဆိုင်းထမ်းရယ်၊ ဖျောက်ဆိပ်ကြယ်စုရယ်၊ မာကျူရီဂြိုလ်ရယ်က လင်းလက်တောက်ပနေလိုက်တာ ဆိုတာ… မိတောမှာ တခဏတာ ငေးမောတွေဝေမိသွားတယ်၊ သဘာဝအလှမှာ နစ်မျောသွားမိတယ်။

တစ်ကယ်ဆို မိတော အိပ်ရေးပျက်တာ ၂ည ရှိပြီ။ နွေကုန်ဆောင်းဦးကာလမှာတောင် နေခြစ်ခြစ်တောက်ပူနေတဲ့ ဘုရားစူးကနေဒါမှာ ညစဉ် လူးလိမ့်နေရတယ်။ ၂ရက်လုံးပေါင်းမှ ၆ နာရီပဲ အိပ်ရသေးတာမို့ မိတော စိတ်ကတိုချင်သလိုလိုဖြစ်နေတယ်။ ရုံးရောက်တော့ မနက် ခြောက်နာရီကနေ ရှစ်နာရီထိ အလုပ်လုပ်ရင်း၊ ရေးလက်စ စာလေးကို ခေါင်းထဲစီချရင်း စိတ်လက်ကြည်သာနေပေမယ့်၊ ရှစ်နာရီထိုးတာနဲ့ စိတ်တိုစရာက တန်းစီလာတော့တယ်။ အဲဒီအထဲမှာမှ အောက်မှာ ကော်ဖီဆင်းယူတုန်း သက်သာချောင်ချိရေးဆိုင်က စာဖိုမှူးတစ်ယောက်က မြန်မာပြည်အကြောင်းတွေ လာမေးနေပြန်တယ်။

‘မင်းတို့ တိုင်းပြည်က သွားလည်ရင် လုံခြုံမှု ရှိပါတယ်နော်၊ ငါသွားလည်ချင်လို့၊ ဒါပေမယ့် စဉ်းစားနေရတယ်၊ ခိုးမှု လုမှုတွေ၊ ရိုက်မှုတွေများ ရှိသလားလို့’
‘ဒါကတော့ မင်းဘယ်နေရာသွားလဲ ပေါ် မူတည်ပါတယ်၊ တော်ရုံကတော့ ဘယ်သူမှ မလုပါဘူး’ လို့ မိတော ဖြေလိုက်တယ်။ ကြိုးစားပြီး ကောင်းကောင်းဖြေပေမယ့် စာဖိုမှူးမေးတာကို မကြိုက်တဲ့ လေသံ ထွက်နေတယ်။

(ဆက်ဖတ်ရန်…)

July 14, 2013

မိတောနှင့် ဂိမ်းများ

Filed under: Gamer မဂ္ဂဇင်း, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:35 pm

ဟိုတစ်လောက တီတင့်ဆီက အခွင့်မရသေးလို့ တစ်ဝက်တစ်ပျက်ပဲ တင်ထားခဲ့ရတာ…
စာအုပ်ထဲမှာလည်း မပါသော… gamer magazine အတွက်သာဖြစ်သော စာမူလေးပါ…။
.. တီတင့်က.. တင်လို့ရတယ်မလေးရဲ့… ဆိုလို့ ဖတ်ချင်သည်ဆိုသူများတွက်ပါရှင်…။

ညနေခင်း နေရောင်ခြည်က ဖွဖွညင်သာ ဖြာကျနေသည်။ အိပ်တန်းပျံဌက်တို့က မြစ်ပြင်တလျှောက် လေဟုန်စီးနေကြသည်။ ရုံးမှအိမ်အပြန်လမ်းတိုင်းမှာ ခံစားရသော မိတော၏ ခံစားချက်တို့သည် တစ်နေ့နှင့် တစ်နေ့ မတူ။ အချို့ရက်များတွင် လန်းဆန်းတက်ကြွနေတတ် သလောက်၊ အချို့ရက်များတွင်မတော့ ရုံးမှာ အဆင်မပြေမှုလေးတွေ ကြုံလာရသဖြင့် မိတော မျက်နှာကြီးက သုန်မှုန်နေတတ်သည်။

(ဆက်ဖတ်ရန်…)

July 3, 2013

မိတောနှင့် ဂိမ်းများ

Filed under: Gamer မဂ္ဂဇင်း — အိမ့်ချမ်းမြေ့ @ 12:50 pm

ဇူလိုင် ၂၀၁၃ Gamer မဂ္ဂဇင်းမှ “မိတောနှင့် ဂိမ်းများ” ဆိုတဲ့ ၀တ္ထုတိုလေးပါရှင်….

ဘလော့ဂါ မသက်ဝေရဲ့ ‘ကျမကစားဖြစ်သောဂိမ်း (သို့) HAYDAY
ဘလော့ဂါ မလေး(အိမ့်ချမ်းမြေ့)ရဲ့ ‘မိတောနှင့်ဂိမ်းများ’
ဘလော့ဂါ နှင်းနဲ့မာယာရဲ့ ‘ကစားမလားနားမလား’ ဆောင်းပါးတွေပါတယ်…

သရုပ်ဖော်ပုံလေးကို ချစ်လို့ ….

(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------