

ညနေခင်းနေရောင်အောက်မှာ ငှက်ပြာတို့ တေးသီနေသည်။ လမ်းမပေါ်က လွင့်ထွက်လာသော ကားမီးခိုးငွေ့ကို ရှုရှိုက်ရင်း၊ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ချိုဆိမ့်တစ်ခွက်ကို သောက်နေသော သူငယ်ချင်းကို ကျေးဇူးတင်စကားဆိုမိသည်။
“ရပါတယ်ဟာ နင်ကလဲ၊ အချင်းချင်းတွေပဲ၊ အေးအေးဆေးဆေးမှ ပြန်ပေး၊ ငါ့မှာလဲ ဘောဒ်အပိုရှိနေတာပဲ၊ နင်လိုချင်ရင် ကင်းဗတ်လဲ ငါလာပို့ပေးမယ်”
ရင်ဘတ်အိတ်ထဲက လက်သုတ်ပုဝါ အပြာကို ဆွဲထုတ်ပြီး အဆီပြန်နေသော မျက်နှာကို လက်သုတ်ပုဝါနှင့် သုတ်ရင်း သူက ဆိုသည်။
“ကင်းဗတ်တွေတော့ ရှိပါတယ်၊ အခုဟာက ငါက အကျီ င်္်စတွေပေါ်မှာ ဒီဇိုင်းဖော်ကြည့်ချင်တာ”
ကော်ဖီနှင့် မုန့်အချို့တင်ထားသော ခနော်ခနဲ့ စားပွဲညိုပေါ်သို့၊ ကြွေကျလာသော သက်ရွက်ကို အသာဖယ်လိုက်ရင်း ပြောလိုက်သည်။
ညနေစောင်းမို့ ဆိုင်က လူကျနေသည်။ စကားပြောသံ၊ ရယ်မောသံ၊ သီချင်းသံတွေနဲ့ အတူ ပတ်ဝန်းကျင်က အသက်ဝင်လှုပ်ရှားနေသည်။ ပုဏရိတ်ပင်တို့ခြားထားသော လက်ဖက်ရည်ဆိုင် အပြင်ဘက်က လမ်းပေါ်မှာ ရုံးမှ ပြန်လာသောလူများ၊ ညနေခင်းလမ်းလျောက်ထွက်သူများ၊ စက်ဘီးစီးနေသော ကလေးများနှင့်လဲ စည်ကားနေသည်။
“ဒီမှာလေ ငါ လက်ဆောင်ရလာတဲ့ ၀ါချောရဲ့ အ၀တ်တွေပေါ်မှာ ပန်းချီဆွဲနည်းစာအုပ်”
သူငယ်ချင်းရဲ့ မျက်လုံးတွေက ၀င်းလက်သွားသည်။
(ဆက်ဖတ်ရန်…)

♥●••.. မောင်….••●♥
သစ်ရွက်ခြောက်ကြွေသံတွေကြားမှာ
ငွေလရယ်က ခပ်တိုးတိုးသာ…
မေ့ပါးမှာ ဆံနွယ်ပွတ်တိုက်
တိမ်းခိုက်လေပြေ ပန်းငိုက်ကာကြွေ
မေ….
လွမ်းလှိုက်လို့နေပါတယ်လေ……
(ဆက်ဖတ်ရန်…)
♥●••..မောင်…••●♥
ခံစားချက်တွေကို စာစုလှလှလေးတွေအနေနဲ့
ရေးဖွဲ့စေတဲ့ ကျွန်မလက်တွေ….
ကိုယ်အသက်လောက် မြတ်နိုးရသူတစ်ယောက်နဲ့ကျတော့
မလောက်ငှနိုင်အောင်ပဲ မောင်ရယ်…
စာလုံးတွေလဲပျောက်ဆုံးလို့ … နှုန်းချိနေပါပြီမောင်…။
(ဆက်ဖတ်ရန်…)
ထိုနေ့ညက နှင်းစက်တို့ ထင်းရှုးပင်တွေထဲ တဖောက်ဖောက်ကျနေသံကို ကြားနေရသည်။ ကြည့်လိုက်တိုင်းဖွေးဖွေးလှုပ်ဖြူနေသော နှင်းစက်တွေအောက်မှာ ရောင်စုံမီးတွေက ဖျိုးဖျိုးဖျတ်ဖျတ်။ တောင်ကုန်းအောက်ခြေမှာ အိပ်မောကျသော အိမ်ပုလေးတစ်လုံးဆီက ခေါင်းတိုင်မှ မီးခိုးကတလူလူတက်လာနေသည်။ ဆောင်းလေက အလိုက်မသိစွာ ခါးသက်ကြမ်းရှနေလေရော့သလား။ သူမအိပ်မောကျနေလေရော့သလား။ သူမဘေးမှာ တစ်စုံတစ်ဦးများရှိနေလေမလား။ ခြံထဲသို့ဝင်သည့် လမ်းတစ်လျောက်မှာ နှင်းပုံက အိအိစို့စို့။ အိမ်ရှေ့ခန်းပြူတင်းကဖြတ်လို့ မီးရောင်က ပြူတင်းအပြင်ဘက်က အကိုင်းကျဲကျဲ မေပယ်ပင်ပေါ်ကို ဖြာကျနေသည်။ သူမအခန်းထဲမှာလဲ မီးရောင်ကဖျာလဲ့လဲ့။
ခြံထဲမှာ သူမစိုက်ထားသည့် အပင်တွေ နှင်းဒဏ်အောက်မှာ အလဲလဲအပြိုပြို။ နွေရာသီတုန်းက သူမ၏ နွယ်ပန်းမွှေးပင်အတွက် ကိုယ်တိုင်စဉ်ထိုးပေးခဲ့သည့် ပန်းစင်ကတော့ ဆွေးမြေ့နေပြီ။ ပန်းစင်အောက်က နှင်းပုံထဲမှာ လက်လက်တောက်တောက် အရာတစ်ခုကို တွေ့လိုက်သည်။ အော်… သူမထိုးနေကျ ဆံထိုးလေး။ သူမပန်းစိုက်တုန်းက ကျခဲ့ဟန်တူသည်။ ဒူးထောက်ထိုင်ရင်း ဆံထိုးလေးကို ခပ်ဖွဖွတို့ကြည့်မိသည်။ ရင်မှာ တစစ်စစ်နာကျင်လာတော့ နှင်းရိပ်အောက်က ငိုက်မြည်းနေသောသစ်ပင်အိုထံမှ ညငှက်တစ်ကောင် နာကျည်းစွာ အော်ဟစ်ပြန်ထွက်သွားသည်။
(ဆက်ဖတ်ရန်…)
လွမ်းတယ်မောင်……။
မောင် ထွက်ခွာသွားတဲ့လမ်းလေး
ခပ်ငေးငေးကြည့်ရင်း
အလွမ်းတွေနဲ့ အတိပါပဲ.. မောင်။
(ဆက်ဖတ်ရန်…)
မောင်….
စိတ်မစွဲလမ်းပဲ၊ လှပတဲ့ညတစ်ညမှာ
မောင့်ကိုအိပ်မက်တယ်မောင်…
ကြာခဲ့ပြီပဲ…
မတွေ့ ရတဲ့နှစ်တွေ၊ နှစ်မျောတသ
လွမ်းရတယ်မောင်….
နှုတ်ဆက်စကားတောင်၊ ပြောခွင့်မရခဲ့
တမ်းတတဲ့ခရေလဲ၊ မြေမှာကြွေလို့ 
ကောက်သူမဲ့ပြီလားမောင်…
မောင်ပေးတဲ့ခရေ…အနှစ်နှစ်ဆယ်ကျော်ကြာမယ်ဆိုလဲ
ကဗျာစာအုပ်ကြားရှိနေဦးမှာပါမောင်…
မောင်ဘယ်မြို့ ကိုပြောင်းသွားလဲ
ကျွန်မသိလိုက်ပြီမောင်..
အရက်တွေလဲသောက်တုန်းပဲဆို
ဘယ်လိုအငြိုးနဲ့  ကိုယ့်ကိုကိုယ်နှိပ်စက်
မရက်စက်ပါနဲ့  မောင်…
မောင့်ကိုသတိရလွမ်းတဲ့အကြောင်း
မောင်ကလွဲလို့ www တခုလုံးသာသိ
မောင်ဘယ်တော့မှ သိလိမ့်မယ်မဟုတ်ဘူးမောင်…….
ကြေကွဲရပါတယ်မောင်ရယ်….
♥ အိမ့်ချမ်းမြေ့ ♥
♥●••.. မောင်….••●♥
မောင့်ကို ချစ်ရတာလေ၊
ကျိုက်က္ကလို့ စေတီနားက
ကြွေကျလာတဲ့ ဆိတ်ဖလူးပန်း ဖြူဖြူလေးတွေကို
မွှေးကြူရသလိုပါပဲ…. မောင်။
ရင်ထဲလန်းဆန်း၊ ပန်းသမျှပြေ
ဝေတဲ့အလွမ်း၊ ခမ်းခြောက်သွားတယ်…မောင်။
♥●••.. မောင်….••●♥
မောင့်ကို ချစ်ရတာလေ၊
ဖရေဇာလှိုင်းပေါ်က လေဟုန်စီးငှက်လေးတွေလို
အသက်ရှုရကြပ်၊ မတ်တပ်ရပ်ငေး
တွေးရင်းရင်ခုန်…. မကြုံတဲ့မောင့်ပုံရိပ်ကိုငေး
အတွေးလေးနဲ့လေ..
အသက်ရှုဖို့တောင် မေ့သွားတယ်…မောင်။
♥●••.. မောင်….••●♥
မောင့်ကို ချစ်ရတာလေ၊
လေပြင်းတဲ့ သစ်ပင်အောက်၊ တစ်ယောက်ထဲရပ်တွေး
လက်ဖျားတွေအေးစက်၊ ကျွန်မ အနေရခက်တယ်ရှင်
ခင်တွယ်လာတဲ့ နှလုံးသားတွေ
လေပြင်းထဲ နွဲ့နွဲ့လေးရပ်နေကြလို့
သဲ့သဲ့လေးနဲ့ ယဲ့ယဲ့လေးပဲ ကျန်တော့တယ်…မောင်။
♥●••.. မောင်….••●♥
မောင့်ကို ချစ်ရတာလေ……..။