♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 9, 2014

လပြည့်ညရဲ့ အရေးကြီးပုံ’

Filed under: နက္ခတ်တ္တဗေဒ (Astronomy) — အိမ့်ချမ်းမြေ့ @ 9:57 pm

 moon.jpgလွန်ခဲ့တဲ့ ရက်က လကြတ်သွားပါတယ်။ လ ဆိုတာ လပြည့်မှ ကြတ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လ နှစ်ကြိမ် မှ အများဆုံး ငါးကြိမ်အထိ လကြတ်တတ်ပါတယ်။

အောက်တိုဘာ ဂ ရက် ၂၀၁၄ က ကြတ်သွားတဲ့ လကို သွေးလ (blood moon) လို့ ခေါ်ပါတယ်။ လူတွေက ‘သွေးလ’ လို့ ခေါ်ဆိုကြတဲ့ အကြောင်းကတော့ နွေရာသီကုန်ဆုံးတဲ့ အောက်တိုဘာ နိုဝင်ဘာလတွေမှာ လက မိုးကုပ်စက်ဝိုင်းနားမှာ အချိန်တော်တော်များများ ခိုတွဲနေတတ်တဲ့ သဘောရှိပါတယ်။ လရဲ့အလင်းဟာ ကမ္ဘာ့လေထုကို ခပ်စောင်းစောင်းဖြတ်လာရတာကြောင့်ရယ်၊ လေထုထဲမှာ ဖုန်မှုန့်တွေ များလာတဲ့အခါ လကတဆင့်ရောင်ပြန်ဟပ်တဲ့ နေအလင်းရောင်ကို အနီရောင်အနေနဲ့ မြင်ကြတဲ့ အတွက် လမင်းဟာ အနီရောင်သန်းရာကနေ ‘သွေးလ’ လို့ ခေါ်ဆိုလာကြတာ ဖြစ်ပါတယ်။

 

‘သွေးလ မူရင်းအခေါ်အဝေါ်’

(ဆက်ဖတ်ရန်…)

March 30, 2014

ဧပြီလ ၁၅ ရက် - လငပုပ်ဖမ်းခြင်း

Filed under: နက္ခတ်တ္တဗေဒ (Astronomy) — အိမ့်ချမ်းမြေ့ @ 10:56 pm

ဧပြီလ ၁၅ ရက် ၂၀၁၄ မှာ လငပုတ်ဖမ်းပါမယ်။
မြန်မာပြည်က မမြင်ရပေမယ့် အခြားနိုင်ငံများမှ စိတ်ဝင်စားသူ မြန်မာများ ကြည့်နိုင်ရန် မြေပုံလေးပါ ထည့်သွင်းထားပါတယ်။

(ဆက်ဖတ်ရန်…)

March 2, 2013

ကြယ်ပျံတစ်စင်းအကြောင်း

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes — အိမ့်ချမ်းမြေ့ @ 1:42 am

မြန်မာပြည်ရဲ့ လှပတဲ့ ကမ်းရိုးတန်းတွေ၊ သောင်ပြင်တွေ၊ နောက်ပြီး ပုဂံလို ကြိုက်ထီးရိုးလို နေရာတွေမှာ ကမ္ဘာလှည့်ခရီးသည်တွေဟာ ကင်မရာတွေနဲ့ နေဝင်၊ နေထွက်တွေကို ဒုက္ခခံပြီး ကြည့်ကြ ဓာတ်ပုံရိုက်တတ်ကြပါတယ်။ အထူးသဖြင့် အအေးပိုင်းတိုင်းပြည်ကလူတွေနဲ့ နက္ခတ်တာရာတွေကို စိတ်ဝင်စားတဲ့ သူတွေအတွက်က မြန်မာပြည်လို နေရာမျိုးဟာ အလွန်စိတ်ဝင်စားဖွယ်နေရာဖြစ်ပါတယ်။ ကျမ မြန်မာပြည်ကို ရောက်တိုင်းလည်း နေဝင်တာနဲ့ နေထွက်တာကို ဓာတ်ပုံရိုက်ဖြစ်အောင်တော့ ရိုက်တယ်။ အထူးသဖြင့် ကျိုက်ကလို့ ကျိုက်ကလဲ့ဘုရားတွေပေါ်က နေဝင်တာကို ဘာရယ်မဟုတ် နှစ်သက်မိတယ်။

မြန်မာပြည်ရဲ့ကောင်းကင်ပြင်ဟာ အများအားဖြင့် ကြည်လင်နေတာများတယ်။ ညချမ်းတွေမှာ ဘုရားတွေပေါ်မှာ ဆည်းလည်းသံလေးတွေကို နားဆင်ပြီး၊ လေတဖြူးဖြူးကြားက ကောင်းကင်ကို မော့ကြည့်ရတာလောက် သာယာငြိမ်းချမ်းတာ မရှိပါဘူး။ ဒီလိုညကောင်းကင်ယံမျိုးကို မြင်ချင်လွန်းလို့ ဒီဘက်ကလူတွေဟာဆိုရင် နွေရောက်ဖို့ကို လည်ပင်းရှည်မတတ်မျှော်ရပါတယ်။ တောင်ပေါ်ကိုခရီးသွားရမယ်၊ အလင်းရောင် သိပ်များတဲ့ မြို့ပြနဲ့ဝေးရာကို ကားတစ်စင်းနဲ့ ၂နာရီလောက် မောင်းရင်လည်း မောင်းရတတ်ပါတယ်။

နောက်တစ်ခုက ပန်းနုရောင်သန်းတဲ့ နေဝင်ဆည်းဆာ။ အဲဒါကို Venus Belt လို့ခေါ်ပါတယ်။ အဲသလို ညနေနေဝင်ရီတရော ကောင်းကင်က အပြာရင့်နု ခရမ်း ပန်းရောင် ရောယှက်သန်းနေတာမျိုးကို မြန်မာပြည်မှာက ညနေတိုင်းလိုလိုကို မြင်ရတတ်တော့ ဘယ်သူကမှတောင် ဂရုမစိုက်တော့ပါဘူး။ ဒီဘက်မှာတော့ နွေကူး နဲ့ နွေရာသီတွေမှာ မြင်ရတတ်ပါတယ်။ မြန်မာပြည်မှာကတော့ ကောင်းကင်မှာ ကြယ်တံခွန်ဖြတ်သွားနေလား၊ ကြယ်ကြွေနေလား၊ ဥက္ကာပျံနေလား အေးအေးဆေးဆေးကြည့်နိုင်ဖို့ရာ ရာသီဥတုက အခြေအနေပေးရုံ မကပါဘူး၊ light pollution အလွန်နည်းတဲ့အတွက် နက္ခတ်တာရာတွေကို စိတ်ဝင်စားသူတွေအတွက်ကတော့ ရင်ခုန်စရာ ညတွေပါပဲ။

belt.jpg

 

ဒါပေမယ့် အဲဒါတွေကို ဘယ်သူကမှ သိပ်ရင်မခုန်တာကိုလည်း တွေ့ခဲ့ရပါတယ်။ ကိုယ်တစ်ယောက်သာလျှင် ညည ကြယ်တွေကို ချောင်းချင်လို့ ဘုရားပေါ်က လူရှင်းတဲ့နေရာလေးတွေနားကို သွားပေမယ့်လည်း၊ အခြား မမြင်မတွေ့သင့်တာတွေနဲ့ တွေ့လာတာနဲ့ ခဏခဏ ပြန်ပြန်လှည့်လာရပါတယ်။

(ဆက်ဖတ်ရန်…)

October 17, 2012

အောက်တိုဘာကောင်းကင်နှင့် ကြယ်ကြွေမိုး

Filed under: နက္ခတ်တ္တဗေဒ (Astronomy) — အိမ့်ချမ်းမြေ့ @ 10:37 pm

အသံနဲ့ပြောထားတာကို စာနဲ့အနီးစပ်ဆုံးဖြစ်အောင်ပြန်ရေးပေးထားပါတယ်။ လိုအပ်တာရှိရင် မလေးလိုတာပါ…။

full screen mode နဲ့ဆိုရင် ပိုကြည့်လို့ကောင်းပါတယ်။

အောက်တိုဘာရဲ့ညနေခင်းတွေမှာဆိုရင် မားစ်ဂြိုလ်ကို အနောက်တောင်ဘက်အရပ်မှာ မြင်ရမှာဖြစ်ပါတယ်။ အောက်တိုဘာကုန်ခါနီးလေ မိုးကုပ်စက်ဝိုင်းနားကို ကပ်သွားလေဖြစ်မှာဖြစ်တဲ့အတွက် မြင်ရတာပိုခက်လာမှာဖြစ်ပါတယ်။

ညနက်လာရင်တော့ ဂျုပီတာကို မြင်ရမှာဖြစ်ပါတယ်။ တယ်လီစကုပ်အသေးလေး သို့မဟုတ် မှန်ဘီလူးနဲ့ နေစင်္ကြာထဲကအကြီးဆုံးဂြိုလ်ဖြစ်တဲ့ ဂျူပီတာရဲ့အလှကို ရှုစားနိုင်မှာဖြစ်ပါတယ်။
“Great Square” ရှိတဲ့နေရာကတော့ constellation Pegasus ဖြစ်ပါတယ်။ Pegasus ထဲမှာရှိတဲ့ 51-Pegasi ကတော့ နေကဲ့သို့သောကြယ်တစ်လုံးပဲဖြစ်ပါတယ်။

(ဆက်ဖတ်ရန်…)

October 13, 2012

စိန်တွေနဲ့ပြည့်နေတဲ့ ဂြိုလ်ကြီး

Filed under: နက္ခတ်တ္တဗေဒ (Astronomy) — အိမ့်ချမ်းမြေ့ @ 10:00 pm

diamond.jpg

 

တစ်ခါတစ်လေကျတော့လည်း ကိုယ်ငေးကြည့်နေတဲ့ ကြယ်ပွင့်ကြီးလို့ထင်နေတာဟာ စိန်တုံးကြီး(စိန်တွေနဲ့ပြည့်နေတဲ့ ဂြိုလ်ကြီး) ဖြစ်ချင်လည်း ဖြစ်နေတတ်တာ။ ကမ္ဘာနဲ့ အလင်းနှစ် ၄၀ အကွာ၊ Cancer constellation ထဲက ၅၅ Cancri A ဆိုတဲ့၊ ကမ္ဘာရဲ့ ၂ဆလောက်ပိုကြီးတဲ့ ဂြိုလ်ကြီးဟာ စိန်ဂြိုလ်ကြီးဖြစ်တာကို ရှာဖွေတွေ့ရှိလိုက်ပါတယ်။ ထိုဂြိုလ်ကြီးရဲ့ အပေါ်ယံမျက်နှာပြင်ကတော့ အလွန်ပူပြင်းလွန်းတယ်လို့ဆိုပါတယ်။ radius ၃ပုံ၁ပုံဟာဆိုရင် စိန်တွေချည်းပဲဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီစိန်ဂြိုလ်ကြီးကို ညတွေမှာ မျက်လုံးနဲ့တောင် မြင်ရတတ်တယ်ဆိုပါတယ်။ ဘယ်အလုံးလဲဆိုတာ သိတဲ့သူဆိုရင်ပေါ့နော်..။

(ဆက်ဖတ်ရန်…)

May 30, 2012

ဇွန် လေးရက် - လကြတ်ခြင်း

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes — အိမ့်ချမ်းမြေ့ @ 10:08 am

အခုလာမယ့် ဇွန်လ ၄ ရက်နေ့ တနင်္လာနေ့မှာ လကြတ်ပါမယ်။
လငပုပ်ဖမ်းခြင်း တစ်ခုလုံးကို သြဇီမှ ကောင်းစွာမြင်ရပါမယ်။
အနောက် ကနေဒါနှင့် အနောက် ယူအက်စ်ကတော့ လကြတ်နေရင်းမှာ လကြီးက မိုးကုပ်စက်ဝိုင်းတွင်း ၀င်သွားတာကို မြင်ရမှာဖြစ်ပါတယ်။
အရှေ့အာရှမှလည်း မြင်ရမှာဖြစ်ပါတယ်။

venus.jpg

အပေါ်ကပုံကတော့  ၀င်လုဆဲနေလုံးကြီးပေါ်မှာ ဗီးနပ်စ်ဂြိုလ်ကြီးကို အစက်ကလေးအနေနဲ့ပဲ တွေ့ရခြင်းပါ။(transit of Venus across the Sun)

(ဆက်ဖတ်ရန်…)

March 29, 2012

ညခင်းလေး

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 11:31 pm
တစ်ကယ်ကတော့ …
အချစ်နတ်ဘုရားလို့ လူတွေကဆိုတဲ့
ဗီးနပ်စ်ရဲ့ ကိုယ်ပေါ်မှာ…
အရှိန်ပြင်းပြင်းပေါက်ကွဲနေတဲ့
မီးတောင်တွေကတော့
နေရာအနှံ့ပဲပေါ့ကွယ် ……..

(ဆက်ဖတ်ရန်…)

January 20, 2012

ကောင်းကင်ရဲ့ ခြေရာများ (၂၀၁၂)

Filed under: နက္ခတ်တ္တဗေဒ (Astronomy) — အိမ့်ချမ်းမြေ့ @ 11:37 pm

၂၀၁၂ ရဲ့ နက္ခတ်တာရာ ပြက္ခဒိန်ပါ…
နေကြတ်၊ လကြတ်မည့် ရက်တွေနဲ့ ကြယ်တွေကြွေမယ့် ရက်တွေကို စိတ်ဝင်စားသူတွေတွက်…
မြေပုံ၊ဓာတ်ပုံအချို့ရှာဖွေပြီး ဝေမျှပေးထားပါတယ်ရှင်။
ကင်မရာ၊ မှန်ဘီလူး၊ မှန်ပြောင်းတွေ မလိုပါဘူး။ သာမန်မျက်စိနဲ့ မြင်ရမယ့် အရာတွေပါပဲ…
Enjoy this beautiful sky!!

(ဆက်ဖတ်ရန်…)

January 2, 2012

ဇန်န၀ါရီ ၃ - ၄ ကြယ်မိုး

Filed under: နက္ခတ်တ္တဗေဒ (Astronomy) — အိမ့်ချမ်းမြေ့ @ 2:45 am

လာမယ့် ဇန်န၀ါရီ ၃ ရက်နဲ့ ၄ ရက်ညတွေမှာ တစက္ကန့်ကို ၂၅.၅မိုင် အမြန်နှုန်းနဲ့ ကြယ်တွေကြွေပါမယ်။
တစ်နာရီကို ကြယ်အလုံး ၄၀ခန့်ကြွေပါမယ်.. ဒီ Quadrantids ကြယ်မိုးတွေက အမြီးရှည်ပါတယ်။
သူတို့ကြွေသွားရင် ကောင်းကင်မှာ ကြယ်ကြွေတန်းကြီးကျန်ခဲ့တတ်တဲ့ ကြယ်မိုးတွေဖြစ်ပါတယ်။

(ဆက်ဖတ်ရန်…)

November 30, 2011

လငပုတ်ဖမ်းခြင်း (ဒီဇင်ဘာ ၁၀ရက်)

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 11:53 pm

လာမယ့် ဒီဇင်ဘာ ၁၀ရက် စနေနေ့၊ ၂၀၁၁ မှာ လငပုတ်ဖမ်းပါမယ်။ မြန်မာပြည်ကနေ ည ဂနာရီခွဲမှာစပြီး ကောင်းကောင်းမြင်ရပါမယ်။

လကြတ်ခြင်း/လငပုတ်ဖမ်းခြင်း ဆိုတာ အားလုံးသိတဲ့အတိုင်း ကမ္ဘာဟာ နေနဲ့လကြားထဲရောက်သွားချိန်မှာ ကမ္ဘာရဲ့အရိပ်က လပေါ်ကျလို့ ကမ္ဘာ့အရိပ်လေး လပေါ်ထင်တဲ့ အချိန်လေးပါပဲ။
ဒီ ၂၀၁၁ မှာ လ ၂ခါကြတ်ပါတယ်။ ပထမတစ်ခါက ဇွန်လ ၁၅ရက် မှာဖြစ်ပြီး လကြတ်ချိန်မိနစ် ၁၀၀ တောင် ကြာခဲ့ပါတယ်။

လမင်းကြီးဟာ သိကြတဲ့အတိုင်း ကိုယ်ပိုင်အလင်းမရှိတဲ့ အေးစက်စက်ကျောက်ဆိုင်ခဲကြီးပါ။ အဲဒီကျောက်ဆိုင်ခဲကြီးဟာ ကမ္ဘာကို ပတ်နေတာ ၂၉ရက်ခွဲကြာရင် တစ်ပတ်ပြည့်ပါတယ်။
ကလေးဘ၀ထဲက အဖေ့ရင်ခွင်ထဲကနေပြီး ကောင်းကင်က လုံးလုံးဝိုင်းဝိုင်း ဖိုးလမင်းကြီးဟာ ဘယ်ကရောက်လာလည်းလို့ မလေးလို တွေးမိသူတွေအများကြီး ရှိမှာပါ။ လူကြီးဘ၀ရောက်လာတော့ ကိုယ်ထက်သိတဲ့ လူကြီးတွေထံက လမင်းကြီး ဘယ်လိုဖြစ်လာလည်းဆိုတဲ့ သီအိုရီတွေကို တွေ့လာရပါတယ်။ အောက်မှာ ဝေမျှပါမယ်နော်..။

(ဆက်ဖတ်ရန်…)

November 13, 2011

leonids ကြယ်ကြွေရက် (နိုဝင်ဘာ ၁ရ -၁ဂ)

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes — အိမ့်ချမ်းမြေ့ @ 1:36 am


See Explanation.  Clicking on the picture will download   the highest resolution version available.

လာမယ့် နိုဝင်ဘာ ၁ရ - ၁ဂ ရက်တွေမှာ Lenoids ကြယ်မိုးရွာတဲ့ နေ့ (ကြယ်တွေကြွေမယ့်နေ့) ဖြစ်ပါတယ်။

တစ်နာရီမှာ ကြယ်ပေါင်း ၄၀ထိ ကြွေမှာဖြစ်ပါတယ်။

ဒီကြယ်ကြွေခြင်းဟာ Temple Tuttle ဆိုတဲ့ ကြယ်တံခွန်ကြောင့်ဖြစ်ပါတယ်။

အဲဒီကြယ်တံခွန်ဟာ နေနားကို ၃၃နှစ်မှာ တစ်ကြိမ်ကပ်လာတတ်တယ်။

ပြီးတော့ သူ.. အမှုန်အမွှားတွေချန်ခဲ့တဲ့ လမ်းကြောင်းထဲကို ကမ္ဘာက တစ်နှစ်တစ်ခါ ဖြတ်သွားတတ်တယ်။

အထူးသဖြင့် နိုဝင်လာလလောက်မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ.. ကြယ်တွေအစုလိုက်အပြုံလိုက်ကြွေတာကို မြင်ရတော့တာပါပဲ။

1998 Leonid Fireball
Credit & Copyright: Lorenzo Lovato

(ဆက်ဖတ်ရန်…)

October 20, 2011

ဂလက်ဆီတို့ရဲ့ စစ်ပွဲ

Filed under: နက္ခတ်တ္တဗေဒ (Astronomy), စာစု — အိမ့်ချမ်းမြေ့ @ 7:10 pm

 

collide21.PNG

ဒီနှစ်တစ်နွေလုံး ကြယ်တွေ ငေးနေတာ ဆောင်းကူးရောက်တာတောင် အရှိန်က မသေသေးတော့ ဒါကိုပဲ ဆက်ရေးချင်နေပါတယ်။

သိပြီးတဲ့လူတွေ အနေနဲ့ကတော့ ဆန်းမှာ မဟုတ်၊ မသိချင်တဲ့ လူတွေအတွက်ကလည်း စိတ်ဝင်စားစရာ မဟုတ်နိုင်ပေမယ့် ကြယ်တွေကနေ ပြန်မလာချင်သေးဘူးဖြစ်နေပါတယ်။

မလေးမှာ… စိတ်ဝင်တစားနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထူးထူးဆန်းဆန်း သိလာသမျှကို အာဘောင်အာရင်းသန်သန်နဲ့ အရှည်ကြီး သူ့ကို ပြောပြတတ်တယ်၊ တလျှောက်လုံးလည်း သူက စိတ်အရမ်းကိုဝင်စားနေတဲ့ပုံနဲ့ သေသေချာချာ နားထောင်တယ်။ နားထောင်နေရင်း ကော်ဖီကိုလည်း စိမ်ပြေနပြေ သောက်နေသေးတယ်၊ သူ့ကြည့်ရတာ မသိရင် တဆင့်ဝေမျှမှုတွေထဲမှာ လုံးဝ နစ်မြုပ်နေပုံမျိုး။ အစအဆုံးလည်း နားထောင်ပြီးတော့ သူက ……

“အဲဒီတော့… ဘာဖြစ်သတုန်း…” လို့ မေးပါလေရော….

ပြောရသူမှာ.. ရယ်ရမလို/ငိုရမလိုနဲ့ ကော်ဖီတောင် သီးပါတယ်။

သူက ဆက်ပြောပါတယ်…

“အခုနေ.. အဲဒီ နာဆာက သိပံ္ပပညာရှင်တစ်စုရယ်.. အိုရီသမားတစ်စုရယ်နဲ့ လူမရှိ၊ စားစရာမရှိတဲ့.. ကျွန်းတစ်ကျွန်းပေါ် သွားထားလိုက်ချင်တယ်၊ ဒါတွေ ငေးနိုင် ပြောနိုင် ဆွေးနွေးနိုင်ကြဦးမယ်လို့ ကိုယ်မထင်ဘူး…” တဲ့။

“ဒါဆို human knowledge ကို လစ်လျှူရှုထားကြမှာလား… ကဲ… ပြောပါဦး”

(ဆက်ဖတ်ရန်…)

October 16, 2011

ကြယ်တွေရဲ့အကြောင်း

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 1:40 am

ကြယ်တွေကို ကျမ ချစ်တယ်။

ကောင်းကင်ပြင်ကြီးကို မော့ကြည့်လို့ ကြယ်တွေ ဂြိုလ်တွေကို ငေးရတာဟာ အတ္တကင်းတဲ့ စိတ်အေးချမ်းမှု တစ်ခုပါ။ ဒီခံစားချက်ကို မျိုးစေ့ပျိုးပေးခဲ့တာကတော့ ကျမ မိဘတွေပါ။ ညနေစောင်းတွေ ညစာစားအပြီး အိပ်နောက်ဘက်က မန်ကျည်းပင်အောက်က ရေနွေးကြမ်းဝိုင်းက စခဲ့တာလို့ ဆိုလို့ရပါတယ်။ ကောင်းကင်ပေါ်က စိန်ပွင့်တွေဟာ မိသားစု စကားဝိုင်းထဲမှာ အမြဲပါခဲ့တယ်။

မြန်မာပြည်မှာတုန်းက ကြယ်တွေ အစုလိုက်အပြုံလိုက်ကြွေတာကို မကြုံခဲ့ဖူးပါဘူး။ သတင်းတွေမှာ ဖတ်ရတဲ့ နာဆာသတင်းတွေဟာလည်း ကိုယ်နဲ့ အလွန်ပဲ အလှမ်းကွာခဲ့ပါတယ်။ မကြာခဏဆိုသလို အာကသထဲမှာ ဂလက်ဆီအသစ်တွေ ရှာတွေ့ပြန်ပြီ၊ နေစင်္ကြာဝလာထဲမှာ ဂြိုလ်သစ်ထပ်တွေ့ပြန်ပြီ၊ black hole တွေ ဘယ်လိုဘယ်ပုံတွေ့ပြန်တယ်၊ ဘယ်ဂြိုလ်မှာ လ တွေထပ်တွေ့ပြန်ပြီဆိုတဲ့ သတင်းတွေက ခဏတာ စိတ်လှုပ်ရှားစရာဖြစ်စေပေမယ့် ရှာတွေ့တဲ့ သူတို့ဘ၀နဲ့ သတင်းပေးခံရသူ ကိုယ်တို့ဘ၀ဟာ ဘာမှ မဆိုင်သလို ခံစားရပါတယ်။

ကြယ်ဆိုတာလည်း တစ်ခါတစ်လေမှ ကြွေတယ်လို့ ထင်ခဲ့မိတယ်။ တစ်ကယ်တမ်းတော့ ကြယ်တွေဟာ အမြဲကိုကြွေနေတာပါ။ ကြယ်တံခွန်တွေဟာ တစ်စင်းမဟုတ်ရင်တစ်စင်း ကမ္ဘာနားမှာ အမြဲဖြတ်ပြန်တတ်ကြတာပါ၊ နှစ်တစ်နှစ်မှာ ကြယ်တွေ ပြုံလိုက် အနည်းဆုံး သုံးခါ ကြွေတတ်ပါတယ်။

ဒီကိုရောက်တော့လည်း ရောက်ရောက်ချင်းတစ်နှစ်မှာသာလျှင် မြက်ခင်းပြင်ပေါ် ပက်လက်လှန်ပြီး ကြယ်တွေအစုလိုက်ကြွေတာကို ငေးဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ဘ၀ရည်မှန်းချက်တွေနောက် လိုက်ရင်း… ဘ၀စာမျက်နှာတွေကို ခပ်မြန်မြန်လှန်နေရတာနဲ့ ကောင်းကင်ကြီးကို နာရီပေါင်းများစွာ မော့ငေးလို့ စိတ်ကူး မယဉ်ဖြစ်ခဲ့တော့ပါဘူး။

(ဆက်ဖတ်ရန်…)

August 10, 2011

ကြယ်မိုး

Filed under: နက္ခတ်တ္တဗေဒ (Astronomy), သတင်း (News), my notes, စာစု — အိမ့်ချမ်းမြေ့ @ 12:47 pm

ဟိုတစ်လောက ကြယ်တွေကြွေသွားတယ်။ အမှန်ကတော့ ကြယ်တွေကြွေသွားတယ်လို့ လူတွေက သာမန်ပြောကြတာဖြစ်ပေမယ့် တစ်ကယ်တမ်းကတော့ ကမ္ဘာပတ်လမ်းကြောင်းရယ်.. ကြယ်တံခွန်တွေ ဖြတ်ပျံသွားပြီး ရေခဲမှုန်တွေကို ခါချခဲ့တဲ့ လမ်းကြောင်းရယ်.. သွားဆုံတဲ့အခါ၊ ကမ္ဘာ့လေထုကို ဖြတ်လာတဲ့ ရေခဲမှုန်တွေ လောင်ကျွမ်းပျက်စီးသွားကြတာဖြစ်ပါတယ်။ ဒါကို ကြယ်တွေကြွေတယ်လို့ အလွယ်တကူ ပြောနေကြတာပါ။ တစ်ကယ်ကတော့ ကြယ်တွေကြွေတာ မဟုတ်သလို.. ကြယ်တွေကို တစ်စုံတစ်ယောက်က ပစ်ဖောက်လိုက်တာ (shooting stars) လည်း မဟုတ်ပါဘူး။ အခုလို အားလုံးက ကြယ်ကြွေတယ်ဆိုတဲ့ ဝေါဟာရကို သုံးနေကြပေမယ့်….
မလေးကတော့ ကြယ်မိုးလို့ နာမယ်ပေးချင်ပါတယ်။

တစ်ကယ်ဆို ကြယ်ကလည်း မိုးမရွာတတ်ပါဘူးလို့ ဆိုချင်သူတွေကလည်း ဆိုကြမှာပေါ့…။

မည်သို့ပင်ဖြစ်စေ… ကမ္ဘာပေါ်က သာမန်မျက်လုံးတွေဟာ စိတ်ဝင်စားမယ်ဆိုရင် တစ်နှစ်မှာ ရှစ်လလောက် ကြယ်မိုးရွာတာကို မြင်ရတတ်ပါတယ်။

(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------