♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

May 4, 2016

မိခင်ဧရာဝတီအတွက် ရေးတဲ့စာ

‘မငိုပါနဲ့ ဧရာဝတီ’ ဒုတိယပိုင်းလို့ ဆိုလို့ရပါတယ်။
Sunday Special -April 24th 2016

mirrordaily.JPG

i.jpg

(ဆက်ဖတ်ရန်…)

August 29, 2013

ကမ္ဘာ့အကောင်းဆုံး နဲ့ အဆိုးဆုံးမြို့များ

Filed under: သတင်း (News), Vancouver, Canada — အိမ့်ချမ်းမြေ့ @ 5:50 pm

နှစ်စဉ် ကမ္ဘာပေါ်က မြို့ပေါင်း ၁၅၀ကို ယူပြီး အဆင့်လိုက်သတ်မှတ်ကြည့်တာကို The Economist က ဖော်ပြထားတာပါ။

cairo.jpg

(civil unrest) ဖြစ်နေလို့ … အာဖရိကတိုင်းပြည်များနဲ့ အရှေ့အလယ်ပိုင်းတိုင်းပြည်များက မြိုကြီးများလိုပဲ အောက်ဆုံးမှာ ရှိနေရတဲ့ ကိုင်ရိုမြို့ကြီး –ပြဿနာကို ဖြေရှင်းနိုင်မှု ဥာဏ်ရည်နဲ့ဆိုင်မယ်ထင်တယ်။ အကုန်လုံးနဲ့ ရန်လိုက်ဖြစ်ဖို့ကလွယ်ပါတယ်။ မတိုးတက်တဲ့ တိုင်းပြည်တွေဟာ စစ်ဖြစ်နေတာနဲ့ ရန်ဖြစ်နေတာနဲ့ ဆဲဆိုနေတာနဲ့ပဲ အချိန်ကုန်နေတတ်တယ်။

new-guinea.jpg

Port Moresby, Papa New Guinea
အပေါ်ပုံမှာ စီးပွားရေးလဲကျ၊ နိုင်ငံရေးလည်း မလှတဲ့  Papa New Guinea ကတော့ Harare နဲ့ Lagos ထက်ကို နိမ့်တယ်လို့ ဆိုပါတယ်။
သဘာဝ ပတ်ဝန်းကျင်ကိုလည်း မထိန်းသိမ်းနိုင်တဲ့ အပြင်.. မိမိပိုင်တဲ့ ယဉ်ကျေးမှုတောင် ပျက်သုန်းလာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကွန်ကရစ်တိုက်တွေထိုးထိုးထောင်ထောင်ဖြစ်တိုင်း မကောင်းတဲ့အပြင်၊ မိမိယဉ်ကျေးမှုထက် အခြားသူများရဲ့ ယဉ်ကျေးမှုကို အထင်ကြီးလိုက်တုပခြင်းဟာလည်း မကောင်းပါဘူး။

(ဆက်ဖတ်ရန်…)

October 26, 2012

အောက်တိုဘာ ရေစီး

Filed under: သတင်း (News), my notes, Vancouver, Canada — မလေး @ 5:43 pm

ကျမ….. လစဉ်လိုလို ကျမ လက်ရှိနေတဲ့မြို့က အဖြစ်လေးတွေ၊ ကြုံရာဆုံရာ သတင်းလေးတွေထဲက ကိုယ်စိတ်ဝင်စားတဲ့အဖြစ်တွေကို ဝေမျှခဲ့ပေမယ့် နွေရာသီတစ်ရာသီလုံးတော့ လျှောက်လည်နေတာနဲ့ မရေးဖြစ်ခဲ့ပါဘူး။

အခု…
မေ ရေ စီး မှာ ရပ်နေခဲ့တဲ့ ရေစီးကလေးကို ဆက်လိုက်ပါတယ်ရှင်..။

ပထမဆုံးပြောချင်တာကတော့ မျက်နှာစာအုပ် (ခေါ်) ဖဘ (ခေါ်) Facebook ဟာဆိုရင် သုံးစွဲသူတွေကို ဗိုက်ပူ ခါးတုတ် စေရုံသာမက၊ လူကြမ်းတွေဖြစ်လာစေတယ်လို့ ဗြိတိသျှကိုလံဘီယာ ယူနီဗာစီတီ (ကနေဒါ) နဲ့ ပစ်ဘတ် ယူနီဗာစီတီ (ယူအက်စ်) တို့မှ ပရော်ဖက်ဆာများက သုတေသနပြုပြီးနောက် အတည်ပြုပြောဆိုလိုက်ကြပါတယ်။

ဖဘဟာ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း၊ မိမိစိတ်ကို ထိန်းကွပ် နိုင်ခြင်းတို့ကိုလည်း တဖြည်းဖြည်းနဲ့ နည်းလာစေတယ်လို့ ဆိုပါတယ်။ ဖဘဟာ အရက်လိုပဲ စွဲစေတယ်၊ ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံ ဒါမှမဟုတ် စတေးတပ်စ်မက်စေခ်ျတစ်ခုကို တစ်ယောက်ယောက်က လိုက်ခ် (Like) လုပ်လိုက်တာနဲ့ အဆိပ်တစ်အောင်စလောက်က သွေးတွေထဲကို ပျံ့သွားပါတော့တယ်.. တဲ့။ like တစ်ခါနှိပ်ခံရတိုင်း အီးဂိုး (ego) တစ်အောင်စ၊ အဆိပ်တစ်အောင်စ ပျံ့ပျံ့ဝင်သွားတာ like များများရလာလေ အီးဂိုးတွေကလည်း ကြီးကြီးလာလေပဲလို့ ဆိုပါတယ်။ အီးဂိုးကြီးရုံ၊ အရက်သေစာလို ဖဘအဆိပ်တွေ ကိုယ်ထဲမှာ ပျံ့နှံရုံပဲလားဆိုတော့လည်း မဟုတ်သေးပါဘူးတဲ့…။

(ဆက်ဖတ်ရန်…)

August 16, 2012

နေချင့်စဖွယ်

Filed under: သတင်း (News), my notes, Vancouver, Canada, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 11:10 pm

♫ ♥●••·˙ ကျွန်မအတွက်ကတော့ …..
လွမ်းစရာကောင်းတဲ့ မြို့ကြီးပါ…. ˙·••●♥♫

(ဆက်ဖတ်ရန်…)

July 31, 2012

သန်း ၇၀၀၊ မီးရယ်က မလာ

Filed under: သတင်း (News), ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 1:13 pm

 india.jpg

အိန္ဒိယနိုင်ငံမှာ မီးပျက်လို့ လူပေါင်း သန်း ရ၀၀ အမှောင်ထဲမှာ နေနေရတာ ၂ရက်ရှိပါပြီ။ ကမ္ဘာပေါ်မှာအကြီးဆုံး modern blackout လို့ ဆိုကြပါတယ်။ ဒီလိုမျိုး မီးပျက်တာ ၂ရက်ရှိပြီမို့ အထိကရုန်းတွေတောင်ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ မီးမလာတဲ့အတွက် ရထားတွေမသွားနိုင်၊ ဆေးရုံတွေမှာ ဒုက္ခတွေရောက်တဲ့အပြင် မိုင်းအလုပ်သမားတွေ မြေကြီးအောက်ထဲမှာ ပိတ်မိနေကြတယ်လို့ သိရပါတယ်။
တရုတ်ပြည်နယ်စပ်က Assam မြို့မှစပြီး ဟီမားလီးယားပြည်နယ်ထိ တောက်လျှောက်၊ အနောက်မြောက်ဘက်က သဲကန္တာရနယ်မြေတွေအထိ မီးမရဘူးလို့ ဆိုတယ်။ အိန္ဒိယရဲ့ လူဦးရေ ၁.၂ ဘီလီယံရှိတဲ့အထဲက တစ်ဝက်လောက်က အဲဒီဒေသတွေမှာ နေတာဖြစ်ပါတယ်။

(ဆက်ဖတ်ရန်…)

June 28, 2012

ကော်လိုရာဒိုမီး

Filed under: သတင်း (News), my notes, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 5:52 pm

ကော်လိုရာဒိုပြည်နယ်မှာ ဇွန်လ ၂၆ ရက်နေ့ကစပြီး တောမီးတွေလောင်ပြီး လူတွေဒုက္ခရောက်နေတာပါ။
လောလောဆယ် လူ သုံးသောင်းကျော် ရှောင်တိမ်းထွက်ပြေးနေရပါတယ်။
အိမ်ခြေ ၃၀၀ ကျော် ဆုံးရှုံးနေပါတယ်။
မြန်မာတွေလည်း ပါလိမ့်မယ်ထင်တယ်..။
ပုံတွေကို အင်တာနက်က ယူပါတယ်။
အားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေ…း((

(ဆက်ဖတ်ရန်…)

May 25, 2012

မေ ရေစီး (သစ်ပင်များနှင့် ငါးတစ်ကောင်အကြောင်း)

Filed under: သတင်း (News), my notes, Vancouver, Canada — အိမ့်ချမ်းမြေ့ @ 5:14 pm

မေလတွင်း ကျမ စိတ်ဝင်စားသော အဖြစ်အပျက်လေးများ..

(ဆက်ဖတ်ရန်…)

April 5, 2012

ဧပြီရေစီး

Filed under: သတင်း (News), my notes, Vancouver, Canada, စာစု — အိမ့်ချမ်းမြေ့ @ 4:02 pm
သတင်းအတိုအထွာလေးတွေဝေမျှချင်လို့ပါ..။
ဟိုတစ်လောက ကနေဒါနဲ့ယူအက်စ်ရေပိုင်နက်ကြားမှာ လူသူမရှိတဲ့ သဘောင်္ကြီးတစ်စင်း မျောနေတယ်။ လူတွေက Ghost ship ဆိုပြီး စိတ်ဝင်တစားနဲ့ ဖြစ်ကြတယ်။

ship2.jpg

(ဆက်ဖတ်ရန်…)

August 10, 2011

ကြယ်မိုး

Filed under: နက္ခတ်တ္တဗေဒ (Astronomy), သတင်း (News), my notes, စာစု — အိမ့်ချမ်းမြေ့ @ 12:47 pm

ဟိုတစ်လောက ကြယ်တွေကြွေသွားတယ်။ အမှန်ကတော့ ကြယ်တွေကြွေသွားတယ်လို့ လူတွေက သာမန်ပြောကြတာဖြစ်ပေမယ့် တစ်ကယ်တမ်းကတော့ ကမ္ဘာပတ်လမ်းကြောင်းရယ်.. ကြယ်တံခွန်တွေ ဖြတ်ပျံသွားပြီး ရေခဲမှုန်တွေကို ခါချခဲ့တဲ့ လမ်းကြောင်းရယ်.. သွားဆုံတဲ့အခါ၊ ကမ္ဘာ့လေထုကို ဖြတ်လာတဲ့ ရေခဲမှုန်တွေ လောင်ကျွမ်းပျက်စီးသွားကြတာဖြစ်ပါတယ်။ ဒါကို ကြယ်တွေကြွေတယ်လို့ အလွယ်တကူ ပြောနေကြတာပါ။ တစ်ကယ်ကတော့ ကြယ်တွေကြွေတာ မဟုတ်သလို.. ကြယ်တွေကို တစ်စုံတစ်ယောက်က ပစ်ဖောက်လိုက်တာ (shooting stars) လည်း မဟုတ်ပါဘူး။ အခုလို အားလုံးက ကြယ်ကြွေတယ်ဆိုတဲ့ ဝေါဟာရကို သုံးနေကြပေမယ့်….
မလေးကတော့ ကြယ်မိုးလို့ နာမယ်ပေးချင်ပါတယ်။

တစ်ကယ်ဆို ကြယ်ကလည်း မိုးမရွာတတ်ပါဘူးလို့ ဆိုချင်သူတွေကလည်း ဆိုကြမှာပေါ့…။

မည်သို့ပင်ဖြစ်စေ… ကမ္ဘာပေါ်က သာမန်မျက်လုံးတွေဟာ စိတ်ဝင်စားမယ်ဆိုရင် တစ်နှစ်မှာ ရှစ်လလောက် ကြယ်မိုးရွာတာကို မြင်ရတတ်ပါတယ်။

(ဆက်ဖတ်ရန်…)

June 18, 2011

စိတ်.. အဆာဖြေမှု

Filed under: သတင်း (News), my notes, Vancouver, Canada, စာစု, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 1:48 am

ပျားတွေ၊ ပန်းတွေ၊ ပင့်ကူတွေ အကြောင်းရေးနေရင်း တန်းလန်းနဲ့ လူတွေအကြောင်း ခဏလေး ရေးခွင့်ပြုပါ။

ဇွန်လ ၁၅ရက်နေ့က ဗင်ကူးဗားမြို့မှာ ရုန်းရင်ဆန်ခတ်ပြုမှုတစ်ခု ဖြစ်သွားပါတယ်။ ဖြစ်ရခြင်းအကြောင်းကတော့ ရေခဲပြင်ဟော့ကီ ဗိုလ်လုပွဲမှာ ယူအက်စ်က ဘော့စတွန်အသင်းကို ရှုံးသွားလို့ပဲ ဖြစ်ပါတယ်။ ဒီဟော့ကီက ကနေဒါနိုင်ငံရဲ့ အမျိုးသားအားကစားတော့ မဟုတ်ပါဘူး။ ကနေဒါနိုင်ငံရဲ့ အမျိုးသားအားကစားက Lacrosse ပါ။ ဒါပေမယ့် ဟော့ကီက ပိုနာမယ်ကြီးပါတယ်၊ ပိုလည်း ကြမ်းတမ်းတယ်။ ဟော့ကီ ကစားသမားတွေဟာ ပိုက်ဆံတွေ ဒေါ်လာသန်းချီရသလို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်များလည်းဖြစ်ပါတယ်။ သူတို့အတွက် အမှတ်တယ ကျောက်တိုင်တွေဘာတွေစိုက်လို့ အချို့တွေက မကြိုက်ကြပါဘူး။ အာဖဂန်တို့ အရှေ့အလယ်ပိုင်းတို့မှာ ဒုက္ခခံအသက်သွားပေးတဲ့ ကနေဒီယန်စစ်သားလေးတွေကို ဂုဏ်ပြုရမယ့်အစား ငွေကြေးနဲ့ကစားတဲ့ ရေပေါ်ဆီ ကနေဒီယန်အားကစားသမားတွေကို ဂုဏ်ပြုတာဟာ မဖြစ်သင့်ဘူးဆိုပြီး ခဏခဏ အသံတွေထွက်ပါတယ်။

ဒီဟော့ကီဟာ ယူအက်စ်နဲ့ကနေဒါ နိုင်ငံချင်းပြိုင်တဲ့ ပွဲတော့မဟုတ်ပါဘူး။ ကနေဒါနဲ့အမေရိကန်၂နိုင်ငံက အသင်းတွေ ဖလားရဖို့ အသင်းချင်းယှဉ်ပြိုင်တဲ့ ပွဲပါ။ ဗိုလ်လုပွဲမှာ ကနေဒီယန်အသင်း၂သင်း ထိပ်တိုက်တွေ့နိုင်သလို၊ အမေရိကန်အသင်း၂သင်းလည်း ဖြစ်နိုင်ပါတယ်။ အသင်းထဲက အားကစားသမားတွေဟာလည်း ကနေဒီယန်တွေ၊ အမေရိကန်တွေ၊ ဥရောပသားတွေ အကုန်ရောနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ရက်ကတော့ ဗင်ကူးဗား Canucks အသင်းနဲ့ ဘော့စတွန် Bruins အသင်းတို့ ယှဉ်ပြိုင်တာပဲ ဖြစ်ပါတယ်။ ဘော့စတွန်အသင်းမှာ ကနေဒီယန် ၂ယောက်ပါသလို၊ ကနေဒီယန်အသင်းမှာလည်း အမေရိကန်အားကစားသမားတွေရှိပါတယ်။ ဒါပေမယ့် ဘော့စတွန်အသင်းက သာနေတယ်။ (အမေရိကန်တွေဟာ တော်တဲ့ ကနေဒီယန် အားကစားသမားတွေကို ငွေနဲ့အမြဲဝယ်ပါတယ်… အားကစားသမားတင် မဟုတ်ပါဘူး၊ သူနာပြုတွေ အဆိုတော်တွေ၊ entertainment သမားတွေနဲ့ အခြားသော ပရိုတွေကိုလည်း ၀ယ်ပါတယ် –ကနေဒါအရှေ့ဖျားက ကနေဒါပိုင်တဲ့အခြမ်းက သိပ်လှတဲ့ ကမ္ဘာကျော် နိုင်ရာဂရာ (နိုင်ဂရာလို့ မြန်မာတွေခေါ်တယ်ထင်ပါတယ်) ရေတံခွန်ကြီးကို အမေရိကန်တွေ အခုထိ မ၀ယ်သေးဘူးဆိုတဲ့ ဆိုရိုးစကားက ကနေဒီယန်တွေကြားမှာ ရေပန်းစားပါတယ်) အဲဒီတော့ သာမန်အားကစားသမားတွေသာ ကျန်ခဲ့သော… Canucks တွေ နိုင်မယ်ဆိုရင်လည်း Luck နဲ့ပဲ နိုင်မယ့်သဘောရှိနေခဲ့တယ်။ ဒီကစားပွဲဟာ ဘောလုံးနဲ့တော့ မတူပါဘူး။ ပွဲစဉ်အနိုင်အရှုံးပေါ်မှာ အမှတ်ပေးတာပါ။ ပွဲစဉ် ရပွဲမှာ အစပိုင်းတွေမှာ Canucks က ဦးဆောင်နေခဲ့ပေမယ့် ဘော့စတွန်က ဂိုးသွင်းရင် ဂိုးရည်တွက်တွေ အများကြီးပိုများတယ်။

အဲဒီနေ့က ဖြစ်ချင်တော့ လပြည့်နေ့ကလည်းဖြစ်နေတယ်။ (လပြည့်နေ့ဆိုရင် တခုခုဖြစ်တတ်တယ်ဆိုပြီး ဒီကအချို့တွေက အယုံအကြည်ရှိတတ်တယ်) တစ်မြို့လုံးကလည်း နေ့လည် ၂နာရီလောက်ကတည်းက တိတ်ဆိတ်နေပြီ။ ရုံးတွေ တော်တော်များများကလည်း ပွဲကြည့်ဖို့ အလုပ်စောစော ဆင်းပေးကြတယ်။ ညနေ ငါးနာရီပွဲစမှာမို့ နေ့လည် ၃နာရီလောက်ကတည်းက လမ်းတွေဟာ အကုန်တိတ်ဆိတ်ကုန်ပြီ။

အဲဒီနေ့မှာ ဗင်ကူးဗားအသင်း နိုင်နိုင်ရှုံးရှုံး မြို့ထဲမှာ ဆန္ဒပြကြမှာပဲလို့ သတင်းတွေ က ထွက်နေတယ်။

(ဆက်ဖတ်ရန်…)

November 3, 2010

သက်တန့်ငါးလေးတွေ ပျော်တဲ့နေ့

Filed under: သတင်း (News), my notes, Vancouver, Canada — အိမ့်ချမ်းမြေ့ @ 8:59 pm

((( ငါးကန် )))

fishlake.jpg

rainbow-trout-fig3.gif

ဗင်ကူးဗားမြို့ရဲ့မြောက်ဘက် ၂၅၀ ကီလိုမီတာ အကွာအဝေးမှာ ရှိတဲ့ ကန်ကြီးတစ်ကန်။ အဲဒီကန်ကြီးထဲမှာ ဆော်လမွန်ငါးနွယ်ဖြစ်တဲ့ (The rainbow trout (Oncorhynchus mykiss) သက်တန့်ရောင်ငါးသလောက်များလို့ တိုက်ရိုက်ဘာသာပြန်ရမယ် ထင်ပါတယ်) ငါးတွေ သားပေါက်တဲ့ ကန်ကြီးတစ်ကန်။ တစ်နှစ်ကို သားပေါက်နှုန်း ရှစ်သောင်းခွဲရှိတဲ့ ကန်ကြီးအနီးက တောင်ကြောမှာ ရွှေနဲ့သတ္တုတွေ ထွက်တယ်။ အဲဒီတောင်ကြောကြီးထဲက ရွှေတွေနဲ့ ကြေးဝါတွေကို တူးထုတ်ရန် မိုင်းတည်ဆောက်ဖို့ Taseko Mine Ltd. က ကနေဒါဖယ်ဒရယ်အစိုးရကို ဒေါ်လာသန်း၈၀၀ တန် အဆိုပြုလွှာ တင်တယ်။

(ဆက်ဖတ်ရန်…)

October 23, 2010

မြန်မာ့စတိုင်ဂျာနယ် အတွဲ ၁၊ အမှတ်စဉ် ၅

Open publication - Free publishing - More news

PrintPrint Friendly

September 20, 2010

မြန်မာ့စတိုင်ဂျာနယ် အတွဲ ၁၊ အမှတ်စဉ် ၎

Filed under: သတင်း (News), ဂျာနယ် (Journals), ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 10:39 pm

Open publication - Free publishing - More malay

PrintPrint Friendly

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------