♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 28, 2012

ကော်လိုရာဒိုမီး

Filed under: သတင်း (News), my notes, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 5:52 pm

ကော်လိုရာဒိုပြည်နယ်မှာ ဇွန်လ ၂၆ ရက်နေ့ကစပြီး တောမီးတွေလောင်ပြီး လူတွေဒုက္ခရောက်နေတာပါ။
လောလောဆယ် လူ သုံးသောင်းကျော် ရှောင်တိမ်းထွက်ပြေးနေရပါတယ်။
အိမ်ခြေ ၃၀၀ ကျော် ဆုံးရှုံးနေပါတယ်။
မြန်မာတွေလည်း ပါလိမ့်မယ်ထင်တယ်..။
ပုံတွေကို အင်တာနက်က ယူပါတယ်။
အားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေ…း((

(ဆက်ဖတ်ရန်…)

June 25, 2012

အွန်လိုင်းပေါ်က စာများ

Filed under: my notes, စာစု — အိမ့်ချမ်းမြေ့ @ 9:49 pm

မလေး တို့လို ပရိုဖက်ရှင်နယ်တွေလည်း မဟုတ်၊ အွန်လိုင်းပေါ်မှာ စာရေးသူတွေရဲ့စာတွေဟာ ထောက်မယ်ဆိုရင် ထောက်စရာတွေအများကြီး၊ လိုအပ်မှုတွေအများကြီး ရှိပါတယ်။ အွန်လိုင်းစာရေးသူတွေရဲ့စာတွေကို မိမိရဲ့အချိန်တွေဖဲ့ပေးပြီးတော့ ဘာဖြစ်လို့ ဖတ်ကြတာလဲ ဆိုတာလေးကို အချိန်ရရင် ဖြေပေးကြပါရှင်။ ဒီမေးခွန်းကို မေးသူဖြစ်တဲ့အတွက် မလေး ကိုယ်တိုင် ဖြေပါ့မယ်။ ရင်ထဲရှိသည်အတိုင်း ဖြေပေးစေလိုပါတယ်ရှင်။

ဖဘမှာ ဖြေပေးထားသူတွေရဲ့ ကော့မန့်များပါ တင်ပေးလိုက်ပါတယ်ရှင်။

(ဆက်ဖတ်ရန်…)

May 30, 2012

ဇွန် လေးရက် - လကြတ်ခြင်း

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes — အိမ့်ချမ်းမြေ့ @ 10:08 am

အခုလာမယ့် ဇွန်လ ၄ ရက်နေ့ တနင်္လာနေ့မှာ လကြတ်ပါမယ်။
လငပုပ်ဖမ်းခြင်း တစ်ခုလုံးကို သြဇီမှ ကောင်းစွာမြင်ရပါမယ်။
အနောက် ကနေဒါနှင့် အနောက် ယူအက်စ်ကတော့ လကြတ်နေရင်းမှာ လကြီးက မိုးကုပ်စက်ဝိုင်းတွင်း ၀င်သွားတာကို မြင်ရမှာဖြစ်ပါတယ်။
အရှေ့အာရှမှလည်း မြင်ရမှာဖြစ်ပါတယ်။

venus.jpg

အပေါ်ကပုံကတော့  ၀င်လုဆဲနေလုံးကြီးပေါ်မှာ ဗီးနပ်စ်ဂြိုလ်ကြီးကို အစက်ကလေးအနေနဲ့ပဲ တွေ့ရခြင်းပါ။(transit of Venus across the Sun)

(ဆက်ဖတ်ရန်…)

May 25, 2012

မေ ရေစီး (သစ်ပင်များနှင့် ငါးတစ်ကောင်အကြောင်း)

Filed under: သတင်း (News), my notes, Vancouver, Canada — အိမ့်ချမ်းမြေ့ @ 5:14 pm

မေလတွင်း ကျမ စိတ်ဝင်စားသော အဖြစ်အပျက်လေးများ..

(ဆက်ဖတ်ရန်…)

April 21, 2012

ဝေဖို့… ကြွေ..

Filed under: my notes, အတွေးအမြင်, Vancouver, Canada, စာစု, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 2:58 am

ဒီနေ့ကတော့ သိပ်လှတဲ့နေ့ကလေးပဲ။ နွေဦးမှာပွင့်တဲ့ ချယ်ရီတွေဟာ နွေရာသီအတွက် အရွက်ဝေဖို့ အပွင့်တွေကို စပြီးချွေချနေကြပြီ။ ပင်စည်အောက်ကမြေပြင်ဟာ ချယ်ရီပွင့်ကြွေတွေကြောင့် ပန်းနုရောင်သန်းနေလေတယ်။ ချယ်ရီပင်တန်းလမ်းကလေးဟာဖြင့် ပန်းရောင်လမ်းကလေးဖြစ်လို့နေတယ်။

“ချယ်ရီတွေလည်း ငုံလာခါစ.. ရှိသေးတယ်…. ကံကိုတော့လေ မယုံဝံ့လို့….”

“ကျွိ…..”

ချယ်ရီတွေကို ငေးရင်း နှုတ်ကနေ အလိုလိုထွက်လာတဲ့ သီချင်း၊ နောက် အော်ဆိုရမယ့်နေရာရောက်တော့မှာမို့ အသက်ကိုရှိုက်သွင်းပြီး မုဒ်အပြည့်နဲ့ဆိုမယ်မကြံရသေးခင်မှာ ဘရိတ်ကို အမြန်အုပ်လိုက်ရတယ်။ လမ်းလေးရဲ့ညာဘက်ကို ချိုးအကွေ့၊ ကုန်းပေါ်တက်ရတဲ့ လမ်းကျဉ်းလေးပေါ်မှာ ကားတစ်စင်းနဲ့ မျက်နှာချင်းဆိုင် သွားဆိုင်မိတာ၊ နှုတ်ဖျားက ဆရာထီးတောင် ပြူတင်းပေါက်ကနေ ကသုတ်ကရက်ခုန်ဆင်းလို့ ချယ်ရီပွင့်ကြွေပန်းရောင်လမ်းကလေးပေါ်ကို ထွက်ပြေးလို့ သွားတော့တယ်။

(ဆက်ဖတ်ရန်…)

April 9, 2012

ပန်းလေးများ၏ နှစ်ဦးဆုမွန်

Filed under: my notes, ဆုမွန်ကောင်း, ဓာတ်ပုံ (Pictures), ခွန်းဆက် — အိမ့်ချမ်းမြေ့ @ 1:27 am
ဒီအချိန်ဆို မြန်မာပြည်မှာ အ၀ါရောင်ပန်းတွေ လှိုင်လှိုင်ပွင့်ဖို့ အားယူနေကြလောက်ပြီ..
အချို့ဒေသတွေမှာဆို ဟိုမှာတစ်စု၊ သည်မှာတစ်ခဲ ပွင့်လို့နေကြပြီ…။
ငုဝါနဲ့ ပိတောက်တို့ လန်းရာမြေနဲ့ အဝေးကြီးက…
မလေးဆီမှာတော့ အ၀ါရောင် daffodil ပန်းလေးတွေက လှိုင်လှိုင်ပွင့်နေကြတယ်။
ဟိုတစ်နေ့က မလေးနေတဲ့မြို့ကနေ တစ်နာရီခွဲလောက်မောင်းရတဲ့ ယူအက်စ်ဘက်က မြို့လေးတစ်မြို့ကို မိသားစုနဲ့ ရောက်ခဲ့တယ်..။
အဲဒီမြို့လေးက ကျူးလစ်ပန်း ပွဲတော်လုပ်လေ့ရှိတဲ့မြို့လေးပါ။

7.jpg

(ဆက်ဖတ်ရန်…)

April 5, 2012

ဧပြီရေစီး

Filed under: သတင်း (News), my notes, Vancouver, Canada, စာစု — အိမ့်ချမ်းမြေ့ @ 4:02 pm
သတင်းအတိုအထွာလေးတွေဝေမျှချင်လို့ပါ..။
ဟိုတစ်လောက ကနေဒါနဲ့ယူအက်စ်ရေပိုင်နက်ကြားမှာ လူသူမရှိတဲ့ သဘောင်္ကြီးတစ်စင်း မျောနေတယ်။ လူတွေက Ghost ship ဆိုပြီး စိတ်ဝင်တစားနဲ့ ဖြစ်ကြတယ်။

ship2.jpg

(ဆက်ဖတ်ရန်…)

April 3, 2012

အင်ကြင်းတစ်ခိုင်

Filed under: my notes, ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 12:24 am
 cannonball.jpgကြာခဲ့ပါပြီ… ရေးခဲ့တာ…။ ၂၀၀ရ တုန်းကပါ။
စိတ်ထဲမှာ ဒီစာလေး ရောက်နေတာလည်း ကြာပြီ။
ဒီနေ့တော့ ပြန်လည်ဝေမျှမယ်လို့ ရည်ရွယ်ပြီး တင်လိုက်ပါတယ်..။

ရေးတုန်းကတော့ ဟာသ မရေးတတ်ရေးတတ်နဲ့ ရေးလိုက်တာပါ..
ဝေမျှလိုတာကတော့ ကွန့်မင့်က ကဗျာတွေပါပဲ…။
သူတို့ရဲ့ လက်တမ်းကဗျာ ကလောင်စွမ်းကို ကျမ ကိုယ်တိုင်နှစ်သက်မြတ်နိုးလွန်း၍ ပြန်လည်ဝေမျှလိုက်ပါတယ်ရှင်..။
စာစုအဆုံးမှာ တွေ့ရပါလိမ့်မယ်။ အဲဒီတုန်းက ဘလောဂ်ရေးကာစ..ငယ်ကြသေးတဲ့ အရွယ်တွေပေါ့.. (အခုလည်း အချို့ကတော့ ငယ်ပါသေးတယ် :))

(ဆက်ဖတ်ရန်…)

March 29, 2012

ညခင်းလေး

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 11:31 pm
တစ်ကယ်ကတော့ …
အချစ်နတ်ဘုရားလို့ လူတွေကဆိုတဲ့
ဗီးနပ်စ်ရဲ့ ကိုယ်ပေါ်မှာ…
အရှိန်ပြင်းပြင်းပေါက်ကွဲနေတဲ့
မီးတောင်တွေကတော့
နေရာအနှံ့ပဲပေါ့ကွယ် ……..

(ဆက်ဖတ်ရန်…)

March 15, 2012

နင်တယ်

Filed under: my notes — အိမ့်ချမ်းမြေ့ @ 7:00 am

ကိုယ့်ဟာကိုယ် သိမ်းထားချင်လို့ပါပဲ။

January 11, 2012

ကျေးဇူးတင်ရှိခြင်း

Filed under: my notes, ခွန်းဆက် — အိမ့်ချမ်းမြေ့ @ 10:25 pm

မလေးရေးသမျှတွေကို ကောင်းသည်ဆိုးသည် အချိန်ပေးပြီး လာရောက်ဖတ်သူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်လို့ပါ…

(ဆက်ဖတ်ရန်…)

November 30, 2011

လငပုတ်ဖမ်းခြင်း (ဒီဇင်ဘာ ၁၀ရက်)

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 11:53 pm

လာမယ့် ဒီဇင်ဘာ ၁၀ရက် စနေနေ့၊ ၂၀၁၁ မှာ လငပုတ်ဖမ်းပါမယ်။ မြန်မာပြည်ကနေ ည ဂနာရီခွဲမှာစပြီး ကောင်းကောင်းမြင်ရပါမယ်။

လကြတ်ခြင်း/လငပုတ်ဖမ်းခြင်း ဆိုတာ အားလုံးသိတဲ့အတိုင်း ကမ္ဘာဟာ နေနဲ့လကြားထဲရောက်သွားချိန်မှာ ကမ္ဘာရဲ့အရိပ်က လပေါ်ကျလို့ ကမ္ဘာ့အရိပ်လေး လပေါ်ထင်တဲ့ အချိန်လေးပါပဲ။
ဒီ ၂၀၁၁ မှာ လ ၂ခါကြတ်ပါတယ်။ ပထမတစ်ခါက ဇွန်လ ၁၅ရက် မှာဖြစ်ပြီး လကြတ်ချိန်မိနစ် ၁၀၀ တောင် ကြာခဲ့ပါတယ်။

လမင်းကြီးဟာ သိကြတဲ့အတိုင်း ကိုယ်ပိုင်အလင်းမရှိတဲ့ အေးစက်စက်ကျောက်ဆိုင်ခဲကြီးပါ။ အဲဒီကျောက်ဆိုင်ခဲကြီးဟာ ကမ္ဘာကို ပတ်နေတာ ၂၉ရက်ခွဲကြာရင် တစ်ပတ်ပြည့်ပါတယ်။
ကလေးဘ၀ထဲက အဖေ့ရင်ခွင်ထဲကနေပြီး ကောင်းကင်က လုံးလုံးဝိုင်းဝိုင်း ဖိုးလမင်းကြီးဟာ ဘယ်ကရောက်လာလည်းလို့ မလေးလို တွေးမိသူတွေအများကြီး ရှိမှာပါ။ လူကြီးဘ၀ရောက်လာတော့ ကိုယ်ထက်သိတဲ့ လူကြီးတွေထံက လမင်းကြီး ဘယ်လိုဖြစ်လာလည်းဆိုတဲ့ သီအိုရီတွေကို တွေ့လာရပါတယ်။ အောက်မှာ ဝေမျှပါမယ်နော်..။

(ဆက်ဖတ်ရန်…)

November 13, 2011

leonids ကြယ်ကြွေရက် (နိုဝင်ဘာ ၁ရ -၁ဂ)

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes — အိမ့်ချမ်းမြေ့ @ 1:36 am


See Explanation.  Clicking on the picture will download   the highest resolution version available.

လာမယ့် နိုဝင်ဘာ ၁ရ - ၁ဂ ရက်တွေမှာ Lenoids ကြယ်မိုးရွာတဲ့ နေ့ (ကြယ်တွေကြွေမယ့်နေ့) ဖြစ်ပါတယ်။

တစ်နာရီမှာ ကြယ်ပေါင်း ၄၀ထိ ကြွေမှာဖြစ်ပါတယ်။

ဒီကြယ်ကြွေခြင်းဟာ Temple Tuttle ဆိုတဲ့ ကြယ်တံခွန်ကြောင့်ဖြစ်ပါတယ်။

အဲဒီကြယ်တံခွန်ဟာ နေနားကို ၃၃နှစ်မှာ တစ်ကြိမ်ကပ်လာတတ်တယ်။

ပြီးတော့ သူ.. အမှုန်အမွှားတွေချန်ခဲ့တဲ့ လမ်းကြောင်းထဲကို ကမ္ဘာက တစ်နှစ်တစ်ခါ ဖြတ်သွားတတ်တယ်။

အထူးသဖြင့် နိုဝင်လာလလောက်မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ.. ကြယ်တွေအစုလိုက်အပြုံလိုက်ကြွေတာကို မြင်ရတော့တာပါပဲ။

1998 Leonid Fireball
Credit & Copyright: Lorenzo Lovato

(ဆက်ဖတ်ရန်…)

October 16, 2011

ကြယ်တွေရဲ့အကြောင်း

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 1:40 am

ကြယ်တွေကို ကျမ ချစ်တယ်။

ကောင်းကင်ပြင်ကြီးကို မော့ကြည့်လို့ ကြယ်တွေ ဂြိုလ်တွေကို ငေးရတာဟာ အတ္တကင်းတဲ့ စိတ်အေးချမ်းမှု တစ်ခုပါ။ ဒီခံစားချက်ကို မျိုးစေ့ပျိုးပေးခဲ့တာကတော့ ကျမ မိဘတွေပါ။ ညနေစောင်းတွေ ညစာစားအပြီး အိပ်နောက်ဘက်က မန်ကျည်းပင်အောက်က ရေနွေးကြမ်းဝိုင်းက စခဲ့တာလို့ ဆိုလို့ရပါတယ်။ ကောင်းကင်ပေါ်က စိန်ပွင့်တွေဟာ မိသားစု စကားဝိုင်းထဲမှာ အမြဲပါခဲ့တယ်။

မြန်မာပြည်မှာတုန်းက ကြယ်တွေ အစုလိုက်အပြုံလိုက်ကြွေတာကို မကြုံခဲ့ဖူးပါဘူး။ သတင်းတွေမှာ ဖတ်ရတဲ့ နာဆာသတင်းတွေဟာလည်း ကိုယ်နဲ့ အလွန်ပဲ အလှမ်းကွာခဲ့ပါတယ်။ မကြာခဏဆိုသလို အာကသထဲမှာ ဂလက်ဆီအသစ်တွေ ရှာတွေ့ပြန်ပြီ၊ နေစင်္ကြာဝလာထဲမှာ ဂြိုလ်သစ်ထပ်တွေ့ပြန်ပြီ၊ black hole တွေ ဘယ်လိုဘယ်ပုံတွေ့ပြန်တယ်၊ ဘယ်ဂြိုလ်မှာ လ တွေထပ်တွေ့ပြန်ပြီဆိုတဲ့ သတင်းတွေက ခဏတာ စိတ်လှုပ်ရှားစရာဖြစ်စေပေမယ့် ရှာတွေ့တဲ့ သူတို့ဘ၀နဲ့ သတင်းပေးခံရသူ ကိုယ်တို့ဘ၀ဟာ ဘာမှ မဆိုင်သလို ခံစားရပါတယ်။

ကြယ်ဆိုတာလည်း တစ်ခါတစ်လေမှ ကြွေတယ်လို့ ထင်ခဲ့မိတယ်။ တစ်ကယ်တမ်းတော့ ကြယ်တွေဟာ အမြဲကိုကြွေနေတာပါ။ ကြယ်တံခွန်တွေဟာ တစ်စင်းမဟုတ်ရင်တစ်စင်း ကမ္ဘာနားမှာ အမြဲဖြတ်ပြန်တတ်ကြတာပါ၊ နှစ်တစ်နှစ်မှာ ကြယ်တွေ ပြုံလိုက် အနည်းဆုံး သုံးခါ ကြွေတတ်ပါတယ်။

ဒီကိုရောက်တော့လည်း ရောက်ရောက်ချင်းတစ်နှစ်မှာသာလျှင် မြက်ခင်းပြင်ပေါ် ပက်လက်လှန်ပြီး ကြယ်တွေအစုလိုက်ကြွေတာကို ငေးဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ဘ၀ရည်မှန်းချက်တွေနောက် လိုက်ရင်း… ဘ၀စာမျက်နှာတွေကို ခပ်မြန်မြန်လှန်နေရတာနဲ့ ကောင်းကင်ကြီးကို နာရီပေါင်းများစွာ မော့ငေးလို့ စိတ်ကူး မယဉ်ဖြစ်ခဲ့တော့ပါဘူး။

(ဆက်ဖတ်ရန်…)

October 1, 2011

မငိုပါနဲ့ အိမ့်ချမ်းမြေ့

Filed under: my notes — မလေး @ 11:46 pm

ဆရာဦးထွန်းလွင် (မိုး/ဇလ)က စာပေဟောပြောပွဲတွေမှာ “မငိုပါနဲ့ ဧရာဝတီ” ကိုခေါ်ဆောင်သွားခဲ့တယ်။ ကျမရဲ့ ကော့မန့်ထဲကဟာတွေပါ ထပ်ထည့်ထားတာတွေ့တယ်။ (ကျမရဲ့ ကော့မန့်တွေကို စာသားတွေအဖြစ်ထပ်ထည့်ထားတာပါ)။

ဆရာဦးထွန်းလွင်ဟာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာနဲ့ ဖွင့်ထားပါတယ်။ ဆရာမောင်စိန်ဝင်းရဲ့ အမည်ကို ကဗျာလေးအောက်မှာ ရေးထားတယ်။

ဟောပြောပွဲ အခွေကို ကြည့်ရသူတစ်ဦးကလည်း ပြောပါတယ်…။
“ဆရာဦးထွန်းလွင် ကိုယ်တိုင် အစ်မရေးထားတဲ့စကားလုံးတွေကို ပရိုဂျက်တာထိုးပြတယ်၊ စာသားတွေကိုပါ ပရိုဂျက်တာနဲ့ပြပါတယ်။ စကားလုံးတွေကို မျက်လုံးထဲမြင်နေရတော့ ပိုပြီးသိသာတယ် ပါးစပ်က အလွတ်ပြောရင်တောင် မှတ်မိမှာမဟုတ်ဘူး…” လို့ ဆိုပါတယ်။

ဆရာဦးထွန်းလွင်ရဲ့ ဟောပြောချက်တွေအနေနဲ့လည်း ကိုယ့်ရင်တွင်းဖြစ် စာသားတွေကို အခြားဆိုက်ဒ်တွေမှာ ဆက်လက်ဝေမျှထားတာ တွေ့ရပါတယ်။

ဒါပေမယ့် ..
အိမ့်ချမ်းမြေ့ ဆိုတဲ့ အမည်ကို လုံးဝ မတွေ့ရပါဘူး။

(ဆက်ဖတ်ရန်…)

September 26, 2011

ဘယ်သူ့မှာတာဝန်ရှိလဲ

Filed under: my notes, အတွေးအမြင်, စာစု — အိမ့်ချမ်းမြေ့ @ 5:58 pm

စာဖတ်သူညီအကိုမောင်နှမများ ဒီပုံပြင်လေးကို ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ မကြားဖူးတဲ့ လူတွေအတွက် ရည်မှန်း ဝေမျှလိုက်ပါတယ်။ ကျမ ရဲ့ all time favourite ပုံပြင်လေးပါ။

တစ်ခါက မြို့လေးနှစ်မြို့ရှိတယ်။ အဲဒီမြို့နှစ်မြို့အလယ်မှာ သွယ်ဝိုက်စီးဆင်းနေတဲ့ မြစ်တစ်စင်းရှိတယ်။ အဲဒီမြို့နှစ်မြို့နဲ့ မနီးမဝေးမှာ ထောင် တစ်ခု ရှိတယ်။ ဒါပေမယ့် အဲဒီထောင်ဟာ ထောင်သားတွေတွက် ကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတွေ ကိုပြင်ဆင်ပေးတယ်၊ သက်တောင့်သက်သာရှိတဲ့ အိပ်ရာတွေရှိတယ်၊ စည်းစနစ်လည်းကျတယ်။

အဲဒီ မြစ်ရဲ့ တစ်ဘက်ခြမ်းက မြို့မှာတော “က”နဲ့ “ခ” အတူတူ နေကြတယ်။ “က”ဟာ အရမ်း အလုပ်ကြိုးစားတယ်။ မနက်အစောကြီး မိုးမလင်းခင်ထဲက အိမ်ကထွက်သွားလိုက်တာ ညတော်တော်မိုးချုပ်မှ အိမ်ကို ပြန်လာလေ့ရှိတယ်။ အိမ်ပြန်ရောက်ရင်လဲ အိမ်မှာ အလုပ်ဆက်လုပ်လေ့ ရှိတယ်။ “ခ” နဲ့ စကားစမြည်ပြောဖို့ သိပ်အချိန်မပေးတတ်ဘူး။

မိုးလင်းလို့ “က” အိမ်က ထွက်သွားတာနဲ့ “ခ”က ဇက်စီးပြီး မြစ်ကိုဖြတ်လို့ တစ်ဘက်ကမ်းက သူချစ်တဲ့ “၏”ထံ သွားလေ့ရှိတယ်။ “ခ”နဲ့ “၏” ဟာ တစ်နေ့လုံး အတူတူနေတယ်။ ညနေစောင်းလို့ “က” အိမ်ရောက်ခါနီးမှ “ခ” က အိမ်ကိုအမြန်ပြေးပြီး ထမင်းဟင်းချက်တယ်။ “က”နဲ့ “ခ”ဟာ ညစာကိုလည်း ဘယ်တော့မှ အတူစားလေ့မရှိဘူး။

(ဆက်ဖတ်ရန်…)

September 22, 2011

ခေတ်သစ်တိဘက်

Filed under: my notes — အိမ့်ချမ်းမြေ့ @ 11:03 pm


မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါသည်။
မြန်မာပြည် တိဘက်လို ဖြစ်သွားရမယ့် ဘ၀မှ အစဉ်ကင်းဝေးပါစေ…
ပြည့်အင်အားသည် တစ်ကယ်ကို ပြည်တွင်းမှာသာ ရှိပါသည်။
ပြည်ပကို အားကိုးစရာမလိုပါ။
အင်အားကြီး အစဉ်လာကြီးတဲ့ အင်္ဂလိပ်ကျွန်ဘ၀မှ နှစ်၁၀၀ကျော်နေခဲ့ပြီးတာတောင်မှ လွတ်မြောက်အောင် လုပ်နိုင်ခဲ့သေးတဲ့ မြန်မာတွေပါ။

(ဆက်ဖတ်ရန်…)

September 5, 2011

ပန်းချီမောင်မောင်သိုက် တစ်လပြည့်

Filed under: my notes, ပန်းချီ (Paintings) — အိမ့်ချမ်းမြေ့ @ 8:33 am

အခုဆိုရင် ဆရာဆုံးတာ တစ်လပြည့်ခဲ့ပါပြီ။
ဆရာ့ကို သရုပ်ဖော် ပန်းချီလောကရဲ့ နေတစ်စင်းလို့ တင်စားခဲ့ကြတယ်။
သရုပ်ဖော် ပန်းချီဆရာတွေ ရှားပါးတဲ့ ခေတ်မှာ ဆရာ့ကို ဆုံးရှုံးရတာဟာ အစားထိုးဖို့ မလွယ်ဘူးလို့ ဆိုကြပါတယ်။
ဆရာ့လက်ရာတွေကို ငယ်စဉ်ကလေးဘ၀ကတည်းက ၀တ္ထုမျက်နှာဖုံးတွေ နဲ့ မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ စစ်ပြန် စတဲ့ မဂ္ဂဇင်းတွေ မှာ ရင်းနှီးခဲ့ပါတယ်။

(ဆက်ဖတ်ရန်…)

August 27, 2011

အမှတ်တရလေးများ (ဘလောဂ်နေ့အတွက်)

Filed under: my notes, tag game — အိမ့်ချမ်းမြေ့ @ 12:59 am

ကျမလည်း ပိတုန်းတွေ ဆဋ္ဌဂံ ကို ၀င်စီးရင်းတန်းလန်း၊ ယန်စီမြစ်ရေခမ်းခြောက်ခြင်း နဲ့ မြစ်ဆုံလွမ်းဘွဲ့ ရောက်၊ တရုတ်ပြည်ကနေ မြန်မာပြည်.. တစ်ခါ ကနေဒါမြောက်ဘက်ရပ်ဝန်းက ဘီဗာတွေ ကမ္ဘာ့အကြီးဆုံး ဆည်ဆောက်တဲ့ အကြောင်းရောက်လိုရောက်နဲ့ ဟော.. အခု ကိုအောင်(ပျူနိုင်ငံ) တက်ဂ်တာနဲ့ ဘလောဂ်နေ့ အမှတ်တယများ ပိုစ်ကို ရောက်နေပြန်ပါပြီ။ ကျမကို ချစ်ခင်သော စာရေးဖော် - စာဖတ်ဘက် မောင်နှမတွေ၊ ကျမအကြောင်းအနည်းငယ်သိသူတွေကတော့ တော်တော်လေး စိတ်ရှည်သည်းခံကြပါတယ် (ပိုစ်ရေးသမျှ တန်းလန်းဖြစ်လွန်းလို့ )။ အခန်းဆက် ရေးပြီး အဆုံးသတ်နိုင်တာ.. ပေါင်းချုပ်စာအုပ်ထုတ်မှာမို့ ကြိုးစားအဆုံးသတ်တဲ့ “ဂုဏ်မက်သူ” တစ်ပုဒ်ပဲ ရှိခဲ့ပါတယ်။

အခုလည်း ဘာရေးရမှန်းမသိတာနဲ့ ကိုအောင်(ပျူနိုင်ငံ)ရဲ့ ပိုစ်ကို တစ်ပိုင်းကို သုံးခါလောက်စီ ပြန်ဖတ်၊ ကော့မန့်တွေပါ သေချာဖတ်၊ အခြားတက်ဂ်လုပ်ခံထားရသူတွေ ဘာရေးထားလည်း ဖတ်ပြီးသည့်နောက်.. ဘလောဂ်ရပ်ဝန်းမှာ ကိုယ် … မှတ်မိသလောက် ဘလောဂ်နေ့အမှတ်တယဖြစ်စေဖို့ ရေးလိုက်ပါတယ်။ (ရက်လတွေနဲ့ ခုနှစ်တွေကတော့ အနည်းငယ်လွဲနိုင်ပါတယ် (သိသူများ ၀င်ရောက်ဖြည့်စွက်နိုင်ပါတယ်ရှင်)။

(ဆက်ဖတ်ရန်…)

August 23, 2011

စီးတဲ့ရေ ဆည်ဖို့ပါလို့

Filed under: my notes, ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 4:13 pm

တစ်နေ့တစ်နေ့ ရေကာတာတွေရဲ့ ကောင်းကျိုး/ဆိုးကျိုးများနဲ့ ပတ်ဝန်းကျင် အပေါ်မှာ သက်ရောက်မှုများကို လေ့လာနေရင်း စိတ်ဝင်စားစရာလေး တစ်ခု တွေ့လာလို့ စာဖတ်သူများနဲ့ ဝေမျှလိုက်ရပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး ရေကာတာ တစ်ခုကို ကနေဒါနိုင်ငံ၊ Alberta ပြည်နယ် မြောက်ဘက်ပိုင်းက Wood Buffalo National Park မှာ အောက်တိုဘာ ၂၀၀၇ မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ ရေကာတာဟာ လူတွေ ဆောက်ထားတဲ့ ရေကာတာ မဟုတ်ပါဘူး။ ဘီဗာ ဆိုတဲ့ အကောင်တွေက ဆောက်ထားတာ ဖြစ်ပါတယ်။ မြောက်အမေရိကန် ဘီဗာ (Castor canadensis) တွေဟာ rodent အနွယ်ဝင်တွေဖြစ်ပါတယ်။ သူတို့ဟာ ကုန်းနေရေနေ သတ္တ၀ါတွေဖြစ်ပြီး၊ ကုန်းပေါ်မှာ နေချိန်ဟာ အစာအဟာရ မှီဝဲတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ မြောက်အမေရိကရဲ့ အေးလွန်းတဲ့ ရာသီဥတုကို ခံနိုင်ရည်ရှိဖို့ သစ်ခေါက်တွေကို အမြောက်အများစားရပြီးတော့ နေအိမ်ဆောက်လုပ်ရန်လည်း သစ်ပင်သစ်ကိုင်းတွေကို အသုံးပြုပါတယ်။ သစ်ပင်တွေဟာ သူတို့ကြောင့် မြောက်မြားစွာ ပျက်စီးလေ့ရှိတယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။

(ဆက်ဖတ်ရန်…)

« အရင်စာမျက်နှာသို့အဟောင်းလေးတွေဖတ်ချင်ရင်.. »

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------