♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

July 17, 2011

အမျိုးသမီး ၂၀၁၁ ကမ္ဘာ့ဖလား

Filed under: အားကစား (Sports) — အိမ့်ချမ်းမြေ့ @ 8:04 pm

၂၀၁၁ အမျိုးသမီး ကမ္ဘာ့ဖလားကို ဂျာမဏီနိုင်ငံ Frankfurt မှာ ကျင်းပခဲ့တာ.. နောက်ဆုံးဗိုလ်လုပွဲကို ဂျပန်နဲ့ အမေရိကန်နိုင်ငံ အသင်းတွေက တက်လာခဲ့တယ်။
ကနေဒါကတော့ ဟိုးအုပ်စုပတ်လည်ထဲက ကမ္ဘာ့နံပါတ် ၂ရ ရှိတဲ့ နိုင်ဂျီးရီးယားကို ၁-၀ နဲ့ရှုံး၊ ကမ္ဘာ့ နံပါတ်၂ အဆင့်ရှိတဲ့ ဂျာမဏီကို ၂-၁ နဲ့ရှုံး၊ ကမ္ဘာ့ နံပါတ် ရ ရှိတဲ့ ပြင်သစ်ကို ၄-၀ နဲ့ ရှုံးပြီး ထွက်ခဲ့ရရှာပါတယ်။ ကနေဒါရဲ့ ဘောလုံးအဆင့်ဟာ ကမ္ဘာမှာ နံပါတ် ၆ ဆိုတာ ယုံရခက် ဖြစ်ခဲ့ရပါတယ် (အချို့source တွေက နံပါတ် ၉ လို့လည်း ဆိုပါတယ်) (သူတို့ဟာ ရေခဲပြင်တွေပေါ်မှာသာ အားကစားတော်ပြီး ရေခဲမရှိရင် လမ်းမလျှောက်တတ်သော ပင်ဂွင်းတွေလိုပဲလို့ ပြောချင်မိပါသည်)

ဗိုလ်လုပွဲ ပွဲစဉ်တစ်လျှောက်လုံးမှာ အမေရိကန်အသင်းက ဂျပန်ကို ဖိထားခဲ့တယ်။ လူခန္ဒာကိုယ်ချင်းကလည်း သိပ်တောင် မမျှဘူးလို့ မြင်မိပါတယ်။ အမေရိကန်တွေဟာ ကိုယ်လုံးကိုယ်ထည်ကြီးတွေက ဂျပန်အမျိုးသမီးတွထက် ပိုကြီးနေတယ်လို့လည်း ထင်မိပါတယ်။ မိနစ် ၁၂၀ အထိ ၂-၂ နဲ့ သရေဖြစ်နေခဲ့တယ်။ နောက်ဆုံး ပင်နယ်တီမှာ ဂျပန်က ၃-၂ နဲ့ အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။

ဂျပန်ရဲ့ အောင်ပွဲသရဖူဟာ ဥရောပနဲ့မြောက်အမေရိကတိုက်တွေရဲ့ အပြင်ဘက်က တိုင်းနိုင်ငံတွေထဲမှာ ပထမဆုံး ရတဲ့ သရဖူပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ကန်တဲ့ပွဲပေမယ့် ဒီပွဲစဉ်ဟာ တော်တော်လေး ကြည့်လို့ကောင်းတဲ့ ပွဲပဲ ဖြစ်ပါတယ်။

groups.PNG

goalkeepers.PNG

အပေါ်ပုံ: အမေရိကန်အမျိုးသမီး goalkeepers တွေဖြစ်ပါတယ်။ ဘယ်မှညာ -  Jill Loyden, Nicole Barnhart and Hope Solo

(ဆက်ဖတ်ရန်…)

August 21, 2010

မြန်မာ့စတိုင်ဂျာနယ် အတွဲ ၁၊ အမှတ်စဉ် ၃

မလေးရှားမှာ ထုတ်ဝေသော မြန်မာဂျာနယ်တစ်ခုဖြစ်တဲ့ မြန်မာ့စတိုင်ဟာ ခုဆိုရင် အမှတ်စဉ် ၃ အထိရောက်လာပြီဖြစ်ပါတယ်။
စာပေမြတ်နိုးတဲ့ စိတ်နဲ့ ဒီဂျာနယ်ဖြစ်မြောက်ရေးတွက် အခက်ခဲတွေ အမျိုးမျိုးကြားက ကြိုးပမ်းလာကြတာ.. လိုအပ်တာလေးတွေကို ပိုမိုကောင်းမွန်အောင်…
နောက်ပြီး…. မြန်မာ့စတိုင်ဆိုတဲ့ အမည်နဲ့လည်းလိုက်အောင် နောင်လာမယ့် လ တွေမှ စပြီး…. ထိန်းသိမ်းသွားမယ်လို့ စီစဉ်သူများက ဆိုပါတယ်လို့… စကားပါးလိုက်ပါတယ်ရှင်..။

July 8, 2010

ရှုံးနိမ့်ခြင်း၏ အနုပညာ

Filed under: my notes, အားကစား (Sports) — အိမ့်ချမ်းမြေ့ @ 1:49 am

Underdog များကို အားပေးခဲ့တော့လည်း underdog များမို့လို့ မနိုင်ခဲ့ပါဘူး။ အခု underdog မဟုတ်တဲ့ ဂျာမဏီကို အားပေးပြန်တော့လည်း အိမ့်ချမ်းမြေ့ တစ်ယောက် ရေဘ၀ဲလေးကိုတောင် ရှုံးပါတော့တယ်။

ပွဲစတာနဲ့ကို စပိန်ကို ကြောက်နေပုံရတဲ့ ဂျာမဏီ ကိုကြည့်ပြီး အားမလိုအားမရဖြစ်ပါတယ်။ ပွဲစပြီး လေးမိနစ်လောက်မှာလည်း ကွင်းလယ်ကို လူတစ်ယောက်က ပြေးဝင်လာပါသေးတယ်။ လုံခြုံရေးတွေက သူ့ကို ဆွဲခေါ်သွားပြီး မ ထုတ်သွားရပါတယ်။

fan.jpg

အဲဒီလူက ကျမ ငယ်ငယ်တုန်းက စိတ်ကူးခဲ့သလို ကမ္ဘာ့ဖလားကျင်းပတဲ့ ဘောလုံးကွင်းမြက်ခင်းပြင်ကို ထိကြည့်ချင်တယ်နဲ့ တူပါတယ်။ ခုနှစ်နှစ်သမီးအရွယ်တုန်းက တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲတစ်ခုမှာ၊ အောင်ဆန်းကွင်းထဲက မြက်ခင်းတွေကို ကြည့်ပြီး “ကမ္ဘာ့ဖလားကျင်းပတဲ့ ကွင်းတွေထဲက မြက်ခင်းပြင်တွေကတော့ ကတ္တီပါခင်းကြီးလိုချောအိနူးညံ့နေလိုက်တာ.. သမီးတို့ အောင်ဆန်းကွင်းက မြက်တွေက အဲသလို စိမ်းစိမ်းစိုစို ဘာလို့ မဖြစ်တာလည်းဟင်” လို့ ဖေဖေ့ကို မေးခဲ့တုန်းက ဖေဖေက ပြုံးပဲနေခဲ့တယ်။ ပြောရင်းနှင့် အောင်ဆန်းကွင်းဘက် ရောက်သွားလို့ ကမ္ဘာ့ဖလားဘက် ပြန်လှည့်ပါမယ်….။

ဂျာမဏီနဲ့စပိန်ပွဲရဲ့ ပထမ၄၅ မိနစ်ပိုင်းမှာ ကန်တဲ့သူတွေအတွက်ကတော့ အကြိတ်အနယ်ဖြစ်ပေမယ့် ကြည့်ရသူအတွက်ကတော့ (ကျမအတွက်) ပျင်းခြောက်ခြောက်နဲ့ စိတ်ဝင်စားစရာ မကောင်းလှပါဘူး။ ဂျာမန်တွေကတော့ သိသိသာသာပဲ စပိန်တွေကို ကြောက်နေပုံရတယ်။ ပထမပိုင်းမှာ ဘောလုံးဟာ စပိန်တွေရဲ့ ခြေထဲမှာပဲ ရှိနေခဲ့တယ်။ ပထမပိုင်း ပွဲပြီးခါနီး ၄၃ မိနစ်ကျော်ကျော်လောက်မှာ ဂျာမန်ကစားသမား Mesut Özil ပယ်နယ်တီ စည်းထဲမှာ စပိန်တွေတွန်းလို့ လဲကျသွားပေမယ့် ဒိုင်လူကြီးက ပယ်နယ်တီကို မပေးလိုက်ပါဘူး။ ပေးလိုက်ရင် ပွဲက တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်တယ် (ဂျာမဏီအားပေးသူမို့ ဂျာမဏီဘက်မှာ ပြောခြင်းပါ :D) ပွဲတစ်ပွဲလုံးမှာလည်း Mesut Özil တစ်ယောက်လောက်ပဲ အားသွန်ခွန်စိုက် ကြိုးစားနေရတဲ့ ပုံပေါက်နေပါတော့တယ်။ ကျန်သူတွေဟာ သူ့လောက် မပြေးနိုင်တော့သလို ဖြစ်နေပါတော့တယ်။ ဂိုးတိုင်နားရောက်ရင် သူ တစ်ယောက်ပဲရှိပြီး ကျန်တဲ့ ဂျာမန်တွေ တစ်ယောက်မှ ပါမလာတော့ဘူး။

(ဆက်ဖတ်ရန်…)

July 3, 2010

အနက်ရောင်ကြယ်ပွင့်များရဲ့ အရှုံး

Filed under: my notes, အားကစား (Sports) — အိမ့်ချမ်းမြေ့ @ 11:16 am

တစ်ကယ်ဆို…အနက်ရောင်ကြယ်ပွင့်များနှင့်အတူ ငိုခြင်းချခြင်းလို့သာ ခေါင်းစဉ်တပ်လိုက်ချင်ပါတော့တယ်…။

သောင်္ကြာနေ့က ဂါနာနဲ့ ဥရုဂွေးတို့ ၁-၁နဲ့ သရေကျနေတုန်း…… ဥရုဂွေးရဲ့ Luis Suarez ဟာ ပွဲမပြီးခင် မိနစ်ပိုင်းလေးအလိုမှာ ဂါနာကန်သွင်းလိုက်တဲ့ ဘောလုံးကို ဂိုးတိုင်ရှေ့တည့်တည့်ကနေ လက်နဲ့ ပုတ်ထုတ်လိုက်တယ်။ ပြီးတော့ မသိမသာ ခေါင်းနဲ့ပုတ်ထုတ်သလို ဟန်ဆောင်လိုက်သေးတယ်။

uruguay2.jpg

Luis Suarez အနီကပ်ရပြီးထွက်သွားရတယ်။ ဒိုင်လူကြီးက ဂါနာကို ပယ်နယ်တီအခွင့်အရေး ပေးပေမယ့် ဂိုးတိုင်ကိုထိပြီး ဂါနာတွေ ဂိုးမ၀င်ခဲ့ပါဘူး။ဒိုင်လူကြီးမှာ ဂိုး ပေးနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလည်း။ ဂါနာတွေရဲ့ ကန်ချက်ဟာ ဘယ်လောက်ပြင်းသလည်း လူတိုင်းမြင်ပါတယ်။ ညစ်တီးညစ်ပတ်နဲ့ ဥရုဂွေးဟာ  ကိုးရီးယားကိုလည်း ရှုံးခါနီးကို ဖြစ်ခဲ့ပါသေးတယ်။ အခုလည်း Luis Suarez က လက်နဲ့ကာပြီး စည်းမျဉ်းချိုးဖောက်ပေမယ့်လည်း အင်္ဂါနေ့မှာကစားမယ့် ဟော်လန်နဲ့ပွဲမှာပဲ ကစားခွင့် ပိတ်ခံရတယ်။ တစ်ကယ်လို့ ဖိုင်နယ်ထိတက်မယ်ဆို ဇူလိုင်၁၁ကစားပွဲမှာ ပါဝင်ကစားခွင့်ရှိဦးမယ်လို့ ဆိုနေကြပါတယ်။

ကံဆိုးတဲ့ ဂါနာတွေကတော့ penalty shoot-out မှာ ဥရုဂွေးကို ရှုံးနိမ့်ခဲ့တော့တာပါပဲ။ ကစားကွင်းမြက်ခင်းပြင်တွေပေါ်မှာ ချုံးပွဲချငိုတဲ့ ဂါနာတွေအတွက် အလွန်ကို ရင်နာပါတယ်။ အာရှပြီးရင် အာဖရိကကို အားပေးပါတယ်။ တစ်ခါလာလည်း ဥရောပနှင့် တောင်အမေရိကချည်းပဲဆိုတော့… underdogs တွေကို အားပေးနေသူ အိမ့်ချမ်းမြေ့လည်း အခုထိ တစ်ပွဲမှကို မနိုင်သေးပါဘူး။

တစ်ကယ်ကတော့ ဂါနာတွေ အနိုင်ရတာပါ။ သမိုင်းကအဆုံးအဖြတ်ပေးပါလိမ့်မယ်။ (သမိုင်းနှင့်ကို ကိုင်ပေါက်ပါပြီ :P)

uruguay.jpg

*************

ဒီနေ့တော့ ဂျာမဏီက အာဂျင်တီးနားကို ၄-၀ နဲ့ကို အနိုင်ရသွားပါတယ်။ အစကတည်းကလည်း ထင်ပါတယ်။ ဂျာမဏီတွေက အပြေးကလည်းသန်သလား မမေးနှင့် ဆိုတော့ အာဂျင်တီးနားအနေနှင့်နိုင်ရန် မလွယ်ပါဘူး။ စိတ်တန်ခိုးရှိသော ရေဘ၀ဲလေးထက်ကို အိမ့်ချမ်းမြေ့ မှန်ပါတယ်(ဒီတစ်ခါပါပဲ :D)။ အင်္ဂလန်မှာမွေးတဲ့ ဂျာမဏီငါးပြတိုက်ထဲက ရေဘ၀ဲလေးက ဂျာမနီ အနေနဲ့ အာဂျင်တီနားအား ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အချိန်ပိုနှင့် ပင်နယ်တီ ကန်သွင်းမှု အဆင့်ရောက်မှ အနိုင်ရမည် လို့ ဆိုခဲ့ပေမယ့် ပွဲစပြီး သုံးမိနစ်အတွင်းကို ဂျာမဏီက တစ်ဂိုးကန်သွင်းခဲ့ပါတယ်…။ Miroslav Klose ကချည်းကို ၂ဂိုးသွင်းပါတယ်။ အပြောကြီးခဲ့သော မာရာဒိုနာတော့ ဘယ်လိုနေမည် မသိပါ။

June 29, 2010

1966 ကံကြမ္မာတစ်ပတ်လည်ခြင်း

Filed under: my notes, အားကစား (Sports) — အိမ့်ချမ်းမြေ့ @ 12:28 am

ဒီနှစ်ကမ္ဘာ့ဖလားပွဲစဉ်တွေထဲမှာတော့ ခုချိန်တွင်းမှာ ကြည့်လို့အကောင်းဆုံးပွဲက တနင်္ဂနွေနေ့ကပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်နဲ့ဂျာမန်ပွဲ ပါပဲ။ ဂျာမန်အသင်းဘက်က Miroslav Klose နဲ့ Lukas Podoloski တို့က ပထမ မိနစ်၂၀နဲ့ ၃၂မိနစ်တွေမှာ ဂိုးသွင်းထားပြီး ဦးဆောင်နေခဲ့တယ်။ နောက်တော့ အင်္ဂလန်အသင်းရဲ့ Frank Lampard ကန်လိုက်တဲ့ဘောလုံးဟာ ဂိုးတိုင်ကိုထိပြီး စည်းကျော်ပြီး ကျသွားတယ်။ ဂိုးသွားတယ်.. ပြီးတော့ ပြန်ကန်ထွက်လာတာတယ်။ ဂိုးစည်းကိုကျော်ပြီး ဂိုးသွားတာကို ဒိုင်လူကြီးက ဂိုးမပေးလိုက်ဘူး။ ဗွီဒီယိုတွေ ခဏကလေး ပြန်ကြည့်လိုက်လို့ ဘယ်လောက်ကြာသွားမလည်း။

2010.jpg

၁၉၆၆ခုနှစ်က ကံကြမ္မာက တစ်ပတ်ပြန်လည်တာပဲထင်ပါတယ်။ အဲဒီတုန်းကတော့ အင်္ဂလန်သွင်းလိုက်တဲ့ ဂိုးဟာ ဂိုးတိုင်ကိုထိပြီး တည့်တည့်ကြီး ၉၀ဒီဂရီစိုက်ဆင်း၊ ဂိုးလိုင်းကိုထိထွက်သွားတယ်။ ဂိုးလိုင်းကို ကျော်မှ ဂိုးတယ်ဆိုတဲ့ စည်းကမ်းရှိရဲ့နဲ့ ဂိုးလိုင်းနဲ့ ၆စင်တီမီတာဝေးတဲ့ ဂိုးကို ရလိုက်တဲ့ အင်္ဂလန်ဟာ ဂျာမန်ကိုအနိုင်ရ ဗိုလ်စွဲခဲ့တယ်။

1966.jpg

အခု ၂၀၁၀မှာ တစ်ကယ်ဂိုးတာကျတော့ ဂိုး မရခဲ့ပါဘူး။

ဒီပွဲမှာ ဂိုးပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဂျာမန်အသင်းကို အင်္ဂလန်အသင်းက နိုင်ဖို့မလွယ်ပေမယ့် ဂိုးရရဲ့သားနဲ့ မရလိုက်တော့ အင်္ဂလိပ်တွေ စိတ်ဓာတ်တော့ ကျသွားခဲ့မှာပဲ။

FIFA က goal-line technology တွေကိုလည်း ခေါင်းမာစွာ ငြင်းပယ်ထားဆဲပဲတဲ့။ ဘောလုံးထဲမှာ chip လေးထည့်ထားပြီး ဂိုးစည်းကိုကျော်တာနဲ့ ဒိုင်တွေကိုအချက်ပေးမယ့် technology ကိုကော Hawk-Eye ကိုပါ မလိုချင်တဲ့အပြင်.. ဒိုင်နှစ်ယောက်အပို ထပ်ထည့်ချင်တယ်ဆိုပြီး ငြင်းနေကြတဲ့သူတွေကလည်း ရှိပါသေးတယ်။ အချို့နိုင်ငံတွေရဲ့ ဘောလုံးကွင်းတွေမှာ ဗွီဒီယိုတွေ တပ်ချင်တိုင်းလည်းတပ်နိုင်လောက်တဲ့ infrastructure မရှိဘူးဆိုပြီးလည်း ပြောကြပြန်ပါသေးတယ်။  အခုတော့ အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ အကုန်ထွက်သွားရပါပြီ။ သူတို့ထွက်သွားလို့ ၀မ်းမနည်းတာတော့ အမှန်ပါပဲ။ :P ဒီနှစ်ကတော့ ဒီပုံတိုင်းဆို ဂျာမန်အသင်း ဗိုလ်စွဲမယ်လို့ ထင်မိတာပါပဲ။

June 14, 2010

ကမ္ဘာ့ဖလား၏ နှဲသံများ

Filed under: အားကစား (Sports) — အိမ့်ချမ်းမြေ့ @ 12:36 pm

ပွဲစဉ်တွေ မစခင်တုန်းက ကျန်းမာရေးပညာရှင်တွေက ပွဲကွင်းထဲမှာ ကျယ်လောင်စွာ မှုတ်ကြမှာမို့ နားတွေကန်းနိုင်ကြောင်း ကြိုတင်အသိပေးထားကြပါသေးတယ်။ ပထမတော့ ရှားရှားပါးပါး တောင်အာဖရိကရဲ့ ကျွဲတို့ ဂျီတို့  အခြားသောအကောင်တွေရဲ့ ဦးချိုတွေကို မှုတ်နေတာလို့ ထင်လို့ သည်းညည်းခံနေခဲ့ပါတယ်။ စိတ်ကူးမိတာ သူတို့မိဘဘိုးဘွားတွေရဲ့အမွေဖြစ်သော၊ သူတို့မိဘဘိုးဘွားတွေ တောထဲမှာ အမဲလိုက်ရလာသော ဦးချိုတွေကို တမြတ်တနိုးလက်ဆင့်ကမ်းသယ်လာပြီး ခုလို အထင်ကရပွဲမှာ မှုတ်ကြတာထင်လို့ တော်တော်လေးကို သည်းညည်းခံခဲ့ပါတယ်။ အခုတော့ rand 20 ($2.50) လောက်သာတန်သော vuvuzelas လို့ခေါ်တဲ့ ၃ပေနဲ့၃လက်မတောင်ရှည်သော… ပလတ်စတတ်နှဲတွေကို ကျယ်လောင်စွာမှုတ်နေကြလို့ ကွင်းထဲကလူတွေတော့ ဘယ်လိုနေမယ်မသိ.. တီဗွီနဲ့ကြည့်တဲ့သူတွေတောင် ဘောလုံးပွဲကြည့်ရတာ တော်တော်ကလေး ကသိကအောင့် ဖြစ်ရပါတယ်။ ပျားတွေအကောင်ပေါင်း ဘီလျှံချီပြီးပျံဝဲနေသလားထင်ရတာပါပဲ။

ဒီလိုနှဲသံတွေဖုံးမနေဘဲ လူတွေရဲ့ အော်ဟစ်အားပေးသံတွေ.. ဂိုးမ၀င်ဘဲ လွဲသွားလို့ စိတ်ပျက်အားလျော့သံတွေ.. စတဲ့ အသံတွေနဲ့ ပွဲစဉ်တွေက ပိုမိုစိတ်လှုပ်ရှားစရာကောင်းမှာဖြစ်ပေမယ့် တောင်အာဖရိကရဲ့ပွဲဆိုတော့ သူတို့ရိုးရာဖြစ်တဲ့ အဲဒီနှဲတွေကို မှုတ်မှာပဲလို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဘယ်မှာပဲ ကျင်းပကျင်းပ ဒီလိုကမ္ဘာ့ဖလားဆိုတာ qualify ဖြစ်တဲ့ အသင်း ၃၂သင်းရဲ့နောက်က တိုင်းပြည်တွေသာမက qualify မဖြစ်တဲ့အသင်းတွေရဲ့နောက်ကတိုင်းပြည်တွေ၊ ကမ္ဘာ့ဖလားအနားတောင်မကပ်နိုင်ကြတဲ့ တိုင်းပြည်တွေကပါအကုန်ပါဝင်ဆင်နွှဲနေကြတော့ နောက်ပိုင်းပွဲတွေမှာ နှဲတွေ မမှုတ်ကြဖို့ ဆိုင်ရာတွေက တစ်ခုခုစီစဉ်သင့်တယ်…

တစ်ယောက်ကဆိုပြောထားတယ်… အင်္ဂလန်အသင်းကိုအားပေးတဲ့ အင်္ဂလိပ်တွေရဲ့ အားပေးတဲ့ slogan ကဗျာတွေ သီချင်းတွေဟာ စကားလုံးတွေပြောင်မြောက်လွန်းတဲ့အတွက်.. အခြားလူမျိုးတွေကို စော်ကားသလိုတောင် တစ်ခါတစ်ရံဖြစ်တတ်သော်လည်း အဲလိုသီချင်းဆိုသံတွေ.. ကဗျာရွတ်သံတွေကိုကတောင် နှဲမှုတ်သံကြီးတွေထက် ပိုသာယာဦးမယ်လို့ ဆိုပါတယ်။ ပြင်သစ်အသင်းကပ္ပတိန်ဖြစ်တဲ့ Patrice Evra က သူတို့အသင်း Uruguay နဲ့ သရေကျတာ မနက်မိုးလင်းကနေမိုးချုပ် မြည်သံစုံထွက်နေတဲ့ အဲဒီနှဲမှုတ်သံတွေရဲ့ နှိပ်စက်မှုကြောင့် ညညအိပ်မရတဲ့ ဒဏ်တွေကြောင့်လို့ ဆိုပါတယ်။ ကမ္ဘာ့ဖလားရဲ့ ကြီးကြပ်သူ chief ဖြစ်တဲ့ Danny Jordaan ကတော့ နိုင်ငံတော်သီချင်းတွေဆိုနေချိန်နဲ့ ကြော်ငြာနေချိန်တွေမှာ နှဲမှုတ်သံတွေကို ရပ်ဆိုင်းထားဖို့ ပြောထားသော်လည်း အခြားအချိန်တွေမှာတော့ ဘာမှမပြောထားဘူးလို့ သိရပါတယ်။ ဒီနှဲမှုတ်သံတွေကို တားမြစ်ဖို့ လိုအပ်မှုရှိ..မရှိဆိုတာကိုတော့ စဉ်းစားနေကြဆဲပဲလို့ ဆိုပါတယ်။

နောက်ဆုံးပွဲတွေမှာ နှဲတွေမှုတ်ခွင့် ပိတ်ထားလို့ရပါစေလို့ ဆုတောင်းရမလိုဖြစ်နေပါပြီ။ ဒါမှမဟုတ်လည်း နှဲမှုတ်သံတွေနဲ့ ယဉ်ပါးသွားပြီး အကျင့်တွေပါပြီး ကမ္ဘာ့ဖလားပွဲလည်းပြီးရော.. အိမ့်ချမ်းမြေ့တစ်ယောက်တော့ နှဲသံလေးမကြားရရင် အိပ်မပျော် ဖြစ်မလားတော့ မသိတော့ပါဘူးရှင်။

 

bild_20zaf_20fans_20mit_20vuvuzelaspropertygaleriebild__gross.jpg

June 9, 2010

FIFA 2010-notes

Filed under: my notes, အားကစား (Sports) — အိမ့်ချမ်းမြေ့ @ 3:56 pm

သောင်္ကြာနေ့မှာ စတော့မယ့် ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် တောင်အာဖရိကနိုင်ငံရဲ့ ရိုးရာနတ်ဆရာတွေဟာ ပွဲစဉ်တွေကျင်းပမယ့် Johannesburg မြို့ရဲ့ လူပေါင်းကိုးသောင်းငါးထောင်ခန့်ဆန့်တဲ့ Soccer City အားကစားရုံကြီးရှေ့မှာ နွားတစ်ကောင်ကိုသတ်ပြီး ယစ်ပူဇော်ခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ဒီလိုလုပ်တာဟာ လေထုကိုသန့်စင်တာ (အပ..ပျောက်အောင်) ဖြစ်တယ်လို့ ဆိုပါတယ်။  နောက်တစ်ခုက ဒီဘောလုံးပွဲကာလအတွင်း ဘာသာစကားတွေအများကြီးပြောကြဆိုကြမှဖြစ်တဲ့အတွက် ပတ်ဝန်းကျင်မှာရှိတဲ့ ၀ိညာဉ်တွေကြောက်လန့်မှု မရှိစေအောင်လို့လည်း ဆိုပါတယ်။ ဒီလိုယဇ်ပူဇော်တဲ့ပွဲမှာ အားကစားရုံနားမှာ အမွှေးတိုင်တွေနဲ့ အခြားသောဆေးဝါးတိုင်တွေထွန်းညှိပြီးနောက် နွားတစ်ကောင်ကိုသတ်လိုက်တာဖြစ်ပါတယ်တဲ့။ နွားဟာ ခွန်အားသတ္တိကို ကိုယ်စားပြုပြီး၊ ဘာသာစကားမျိုးစုံလူတွေပြောကြတာကို ၀ိညာဉ်တို့ နာနာဘာဝတို့ ကြောက်လန့်သွားခြင်းမှ ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်ကြတယ်လို့ သိရပါတယ်။

(ဆက်ဖတ်ရန်…)

February 16, 2010

ကနေဒါတွက် ဒုတိယရွှေတံဆိပ်

Filed under: အားကစား (Sports), Winter Olympic 2010, Vancouver, Canada — အိမ့်ချမ်းမြေ့ @ 4:48 pm

 gold.jpg

ဒီမြို့မှာကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ပွဲကို သိပ်စိတ်မ၀င်စားခဲ့ပေမယ့် တမြို့လုံးမှာ ပျော်ပွဲရွှင်ပွဲတွေ၊ စတေ့ရှိုးတွေနဲ့ ပျော်နေကြသလို၊ ဆန္ဒပြသူတွေကလည်း မိုးရွာထဲမှာ တဲထိုးပြီးကို အကြီးအကျယ်ဆန္ဒပြနေကြချိန်မှာ၊ တီဗွီဖွင့်လိုက်တိုင်း ကနေဒါရွှေတံဆိပ်ရတဲ့ ကစားပွဲတွေကိုမှ တိုက်တိုက်ဆိုင်ဆိုင်ဖွင့်ကြည့်မိချိန်နဲ့ တိုးနေတာနဲ့ တော်တော်လေးကိုစိတ်ဝင်စားလာမိနေတယ်။ အခုလေးတင် တီဗွီဖွင့်လိုက်တာ၊ မြောက်ဗင်ကူးဗားမှာ နေထိုင်တဲ့ အသက်၃၁နှစ်အရွယ် Maelle Ricker ဟာ ကနေဒါအတွက် ဒုတိယရွှေတံဆိပ်ကို အမျိုးသမီး snowboard cross game မှာ ခူးဆွတ်ပေးခဲ့ပါတယ်။

2nd-gold.jpeg

ပထမ ရွှေတံဆိပ်ကိုတော့ အမျိုးသား moguls game မှာ အသက် ၂၂နှစ်အရွယ် Alex Bilodeau က ခူးဆွတ်ပေးသွားခဲ့ပါတယ်။

1st-gold.jpg

လောလောဆယ်တော့ ဆုတံဆိပ် အရည်အတွက်အများဆုံးနဲ့ ဂျာမဏ်ီကဦးဆောင်နေပြီး ယူအက်စ်က ဒုတိယနေရာ၊ ပြင်သစ်က တတိယနဲ့ ကနေဒါက စတုတ္ထနေရာမှာ ရှိနေပါတယ်။ (ဆုအရည်အတွက်က အချိန်နှင့်အမျှတော့ ပြောင်းနေပါတယ်)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------