မလေးရှားမှာ ထုတ်ဝေသော မြန်မာဂျာနယ်တစ်ခုဖြစ်တဲ့ မြန်မာ့စတိုင်ဟာ ခုဆိုရင် အမှတ်စဉ် ၃ အထိရောက်လာပြီဖြစ်ပါတယ်။
စာပေမြတ်နိုးတဲ့ စိတ်နဲ့ ဒီဂျာနယ်ဖြစ်မြောက်ရေးတွက် အခက်ခဲတွေ အမျိုးမျိုးကြားက ကြိုးပမ်းလာကြတာ.. လိုအပ်တာလေးတွေကို ပိုမိုကောင်းမွန်အောင်…
နောက်ပြီး…. မြန်မာ့စတိုင်ဆိုတဲ့ အမည်နဲ့လည်းလိုက်အောင် နောင်လာမယ့် လ တွေမှ စပြီး…. ထိန်းသိမ်းသွားမယ်လို့ စီစဉ်သူများက ဆိုပါတယ်လို့… စကားပါးလိုက်ပါတယ်ရှင်..။
လူ့ သဘောသဘာဝအရ ရုပ်ရည်သန့်ပြန့်ပြီး အသားဖြူသူတွေ ကို ခင်မင်ရင်းနှီးချင်ကြတယ်။ အသားဖြူဖြူချောချောနဲ့ ရုပ်ရည်ခန့်ညားတဲ့ သူတွေကို စိတ်သဘောထား ပိုကောင်းတယ်လို့လည်း သတ်မှတ်တတ်ကြ တယ်။ အသားအရောင်ပိုဖြူလို့ ပိုသန့်တယ်ရယ်လို့ လူ့ပတ်ဝန်းကျင်က သတ်မှတ်လိုက်လို့ လူမှုရေးနယ်ပယ်မှာ အလိုလိုမြင့်တက်သွားတတ်တဲ့ အဲဒီ့သူတွေဟာ ပညာရေး၊ စီးပွားရေးနယ်ပယ်၊ လုပ်ငန်းခွင်တွေမှာလည်း အောင်မြင်မှု ပိုရတတ်ကြပါတယ်။
“အာဖရိကတိုက်ကြီးက ကြောက်စရာကြီးနော်.. လူမည်း ၉၀%နှုန်းတောင်ရှိတယ်” ဆိုတဲ့ စကားကို ကျွန်မ ကြားရတတ်ပေမယ့် “ဥရောပ တို့ မြောက်အမေရိကတိုက်ကြီးတို့က ကြောက်စရာကြီးနော်.. လူဖြူတွေ နည်းတာမဟုတ်ဘူး” ဆိုတဲ့ စကားကိုတော့ မကြားရတတ်ပါဘူး။ မြန်မာ စကားမှာတောင်မှ “လှပျိုဖြူ” ဆိုတဲ့ စကားသာရှိပြီး “လှပျိုညို” ၊ “လှပျို မည်း” ဆိုတဲ့ အသုံးအနှုန်းမျိုး ဒီခေတ်မှာတောင် မရှိသေးပါဘူး။ လူဖြူတွေ ရဲ့ အားကစားတွေဖြစ်ခဲ့တဲ့ တဲနစ်၊ rugby နဲ့ cricket ဂေါက်သီးတို့ဟာ ဆို ရင်လည်း (ပေါ်ပေါ်ထင်ထင်မဟုတ်ပေမယ့်) အထက်တန်းလွှာ ကစားနည်း တွေအနေနဲ့ သတ်မှတ်တတ်ကြပါသေးတယ်။
အမေရိကန်နိုင်ငံမှာဆိုရင် စည်းစနစ်တကျနဲ့ ဖွဲ့စည်းထားတဲ့ baseball အဖွဲ့တွေထဲမှာ လူမည်းတွေဟာ ပါဝင်ကစားခွင့်မရှိခဲ့ပါဘူး။ အဲ သလိုလူမည်းတွေ ပါဝင်ကစားလို့ မရအောင် baseball color line ဆိုတာ နဲ့ တားမြစ်ထားခဲ့ဖူးတယ်။ လူမည်းတွေဟာ တရားမ၀င် ဖွဲ့စည်းထားတဲ့၊ လူရှေ့မှာ ယှဉ်ပြိုင်ခွင့်မရတဲ့ အသင်းတွေမှာပဲ ကစားခွင့်ရခဲ့တယ်။ လူဖြူ တွေရဲ့baseball အသင်းတွေမှာ အသားအရောင်အနည်းငယ်လတ်တဲ့ လူ နီ အင်းဒီးယန်းတွေ၊ ဟစ်ပဲနစ်တွေနဲ့ ဟာဝိုင်ရီလူမျိုးတွေ ပါဝင်ကစားခွင့် ရခဲ့ပေမယ့် လူမည်းတွေဟာ ခြေချခွင့် မရခဲ့ပါဘူး။ ၁၉၄၇ ခုနှစ်မှာမှ ဂျက် ကီရော်ဘင်ဆင်ဆိုတဲ့ လူမည်းအားကစားသမားဟာ Brooklyn Dodgers မှာ စတင်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
ယခုလို လူတွေကို အသားအရောင်ပေါ်မှာမူတည်ပြီး ခွဲခြားဆက် ဆံတတ်ကြတာ နိုင်ငံတိုင်းမှာ သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ရှိ တတ်ကြပေမယ့် တောင်အာဖရိကရဲ့ အသားအရောင်ခွဲခြားမှုကတော့ အ လွန်ဆိုးဝါးတဲ့ သမိုင်းတစ်ခုအနေနဲ့ တည်ရှိနေခဲ့ပါတယ်။
(ဆက်ဖတ်ရန်…)
မလေးရှားနိုင်ငံမှထုတ်ဝေသော မြန်မာဂျာနယ်ဖြစ်ပါတယ်ရှင်..
ဇွန်လမှ စတင်ထုတ်ဝေပါတယ်..
ဝေမျှခွင့်ပေးသော စီစဉ်သူများကို ကျေးဇူးတင်ပါတယ်ရှင်း))

မလေးရှားနိုင်ငံ၊ ပီနန်မြို့က ထုတ်တဲ့ မြန်မာဂျာနယ်တစ်စောင်ပါရှင်။
လစဉ်ထုတ်ဝေမယ့် ဂျာနယ်ရဲ့ ပထမဆုံးခြေလှမ်းသစ်ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ရဲရင့်ဂျာနယ်လိုမျိုး အခြားသော မြန်မာဂျာနယ် လေး၊ငါးစောင်ခန့်ရှိတယ်လို့လည်း ၀မ်းသာစွာနဲ့ သိရပါတယ်။
ဒီဂျာနယ်ထဲမှာ ပွဲဦးထွက်အနေနဲ့ ကျွန်မ၏ “ကနေဒါသို့” ဆိုတဲ့ ဆောင်းပါးလေးကို မြင်ရတော့ ၀မ်းသာဂုဏ်ယူမိပါတယ်။ “ကနေဒါသို့” ဆိုတဲ့ ဆောင်းပါးနောက်ဆက်တွဲတွေကိုလည်း ဂျာနယ်မှ ဆက်လက်ဖော်ပြသွားမယ်လို့ သိရပါတယ်။
နောက်ပြီး…စာဖတ်သူရဲ့ အရှိုက်ကိုထိလိုက်တဲ့ ကျွန်မအလွန်နှစ်သက်သော..
ရှေးရှေးတုန်းကတော့ နယ်ချဲ့တွေက
ကျွန်ပြုဖို့ ကျွန်တော်တို့ဆီကို လာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်တော်တို့ ကိုယ်တိုင်ခရီးထွက်ရတယ်။
လို့ အစပြုတဲ့ “ကောင်းကင်ကို”ရဲ့ “ကျွန်” ဆိုတဲ့ ကဗျာ… နဲ့
မင်း သတိရဦးမလား..
ကောင်းကင်မှာ နေညို၊ ရွှေအိုရောင်တွေ မြင်ရင်
တို့နှစ်ယောက် ကြည်နှုးခဲ့တာတွေ
တို့နှစ်ယောက်ရဲ့ အချစ်တွေ
လတ်ဆတ်ခဲ့တာ…..။
လို့ နှုးညံ့စွာဖွဲ့ဆိုထားတဲ့ “တင်ထူးရွှေ”ရဲ့ အချစ်ကဗျာ လှလှလေးတစ်ပုဒ်အပြင်….
အခြားအခြားသော ရသ၊ သုတ၊ ဆောင်းပါး၊ ဟာသတွေလဲ ပါဝင်ပါတယ်။ မလေးရှားရောက် ကိုယ့်မြန်မာလူမျိုးများအတွက် သုတ၊ရသများ၊ ကဗျာ၊ ဆောင်းပါးများ မျှဝေလိုပါက စာမူများနဲ့ အကြံပြုချက်များကို editoryeyintjournal@gmail.com သို့မဟုတ် associateeditoryeyintjournal@gmail.com များကို ပေးပို့နိုင်ကြောင်းလည်း သိရပါတယ်လို့… ။