♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 12, 2012

♫ ♥●••·˙မင်းရင်ထဲ ငါအမြဲရှိပါရစေ˙·••●♥♫

Filed under: ဆုမွန်ကောင်း, သီချင်း (Songs) — အိမ့်ချမ်းမြေ့ @ 4:59 pm

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

♫ ♥●••·˙˙·••●♥♫
သက်ဆိုင်သူ…

(ဆက်ဖတ်ရန်…)

June 11, 2012

Imagine

Filed under: ဆုမွန်ကောင်း — အိမ့်ချမ်းမြေ့ @ 1:57 am


peace.gif


P Please consider the environment before printing this page

April 9, 2012

ပန်းလေးများ၏ နှစ်ဦးဆုမွန်

Filed under: my notes, ဆုမွန်ကောင်း, ဓာတ်ပုံ (Pictures), ခွန်းဆက် — အိမ့်ချမ်းမြေ့ @ 1:27 am
ဒီအချိန်ဆို မြန်မာပြည်မှာ အ၀ါရောင်ပန်းတွေ လှိုင်လှိုင်ပွင့်ဖို့ အားယူနေကြလောက်ပြီ..
အချို့ဒေသတွေမှာဆို ဟိုမှာတစ်စု၊ သည်မှာတစ်ခဲ ပွင့်လို့နေကြပြီ…။
ငုဝါနဲ့ ပိတောက်တို့ လန်းရာမြေနဲ့ အဝေးကြီးက…
မလေးဆီမှာတော့ အ၀ါရောင် daffodil ပန်းလေးတွေက လှိုင်လှိုင်ပွင့်နေကြတယ်။
ဟိုတစ်နေ့က မလေးနေတဲ့မြို့ကနေ တစ်နာရီခွဲလောက်မောင်းရတဲ့ ယူအက်စ်ဘက်က မြို့လေးတစ်မြို့ကို မိသားစုနဲ့ ရောက်ခဲ့တယ်..။
အဲဒီမြို့လေးက ကျူးလစ်ပန်း ပွဲတော်လုပ်လေ့ရှိတဲ့မြို့လေးပါ။

7.jpg

(ဆက်ဖတ်ရန်…)

January 14, 2012

အဦးဆုံးနှင်း

ဒီနေ့ကတော့ အရာရာသာယာလှပလို့နေပါတယ်…
နံနက်ခင်းကတည်းက တောင်တန်းတွေက ပိုပြီး ပြာလွင်နေသလိုလို…
မြစ်ရေပြင်ကလည်း ပိုပြီးတောက်နေသလိုလို….
အရာရာဟာ မျှော်လင့်ချက်တွေနဲ့ ပြည့်ဝနေသလိုလို…

(ဆက်ဖတ်ရန်…)

July 26, 2011

အဖြူရောင် အတောင်ပံတစ်စုံ

Filed under: my notes, ဆုမွန်ကောင်း — အိမ့်ချမ်းမြေ့ @ 12:07 am

 angelfootstepswater.jpg

မိဘတွေဟာ.. သူတို့ကလေးတွေရဲ့ မွေးနေ့ပွဲတစ်ခုကို ဒေါ်လာ ၂၀၀မှ ၅၀၀ကျော်အထိ အကုန်ကျခံပြီး ကျင်းပလေ့ ရှိကြပါတယ်။ မွေးနေ့ပွဲတွေ၊ ခရစ်စမတ်ပွဲတွေ ရောက်တော့မယ်ဆိုရင် ကလေးတွေဟာ သူတို့လိုချင်တာတွေကို လက်ဆောင်စာရင်းပြုစုထားလေ့ ရှိကြပါတယ်။ မိဘတွေ ဆွေမျိုး သူငယ်ချင်းတွေဟာလည်း စာရင်းအရ လိုချင်တာကို မရလိုက်ဘူးဆိုတာ မရှိရလေအောင်..  ရှာဖွေရယူပေးတတ်ကြတော့ ကလေးတော်တော်များများဟာ ဥစ္စာပစ္စည်းရဲ့ တန်ဘိုးကို သိလည်း မသိတော့သလို၊ အလေးလည်း မထားတတ်ကြတော့ပါဘူး။

မွေးနေ့ပွဲတွေ အပြီးမှာ တစ်ခါလောက်ပဲ ကစားပြီး ချောင်ထိုးထားခံရတဲ့ ကစားစရာတွေဟာလည်း ရေတွက် မနိုင်တော့ပါဘူး။ နောက်ဆုံး တစ်ခါလောက်ပဲ ကစားလိုက်ရတဲ့ ကစားစရာနဲ့ တစ်ခါလောက်ပဲ ၀တ်လိုက်ရတဲ့ အ၀တ်အစားတွေ နဲ့ မသုံးလိုက်ရသေးတဲ့ ဦးထုတ်၊ လည်စည်း၊ ကလစ်၊ ဘောပင်၊ ဖိနပ်၊ ကွန်ပြူတာဂိမ်း စတဲ့ အတောမသတ်နိုင်သော အသုံးအဆောင်တွေဟာ အဟောင်းဆိုင်တို့ charity တို့ကို ရောက်သွားတတ်ကြပါတယ်။

အသက်ကိုးနှစ်အရွယ် ရေချယ်ဘက်ဝစ်သ် ဆိုတဲ့ ကလေးမလေးကတော့ သူ့မွေးနေ့ပွဲရောက်ရင် ဘာဥစ္စာပစ္စည်းကိုမှ မလိုချင်ပါဘူးတဲ့။ သူ့ကို လက်ဆောင်တွေ ပေးမယ့်အစား တစ်ယောက်နည်းနည်းစီ ငွေ မတည်ပေးဖို့ ပြောပါတယ်။ ဒေါ်လာ ၅၀၀ လောက်ရရင် သောက်ရေ မရလို့ သက်ဆိုးမရှည်ရှာတဲ့ (အထူးသဖြင့် အာဖရိကနဲ့ အာရှ တိုင်းပြည်များက) ကလေးတွေအတွက် ရေသန့်ရရှိဖို့ ကူညီတဲ့အဖွဲ့အစည်းမှာ သွားရောက်ပေးလှူဖို့ ရည်မှန်းထားပါတယ်…တဲ့။ သူမဟာ ဇွန်လ ၁၂ရက်နေ့ ၂၀၁၁ မှာ ကိုးနှစ်ပြည့်ခဲ့တယ်။

ရေချယ်ဟာ.. သူ့မွေးနေ့မှာ စုစုပေါင်း ဒေါ်လာ ၂၂၀ ရလိုက်တယ်။ နောက်ထပ် ဒေါ်လာ ၃၀၀ လောက် ထပ်လိုနေသေးတယ်။ သူဟာ လိုနေတဲ့ ဒေါ်လာ၃၀၀ ရဖို့ သံပုရာရည်ရောင်းရမလား၊ ချော့ကလက် လိုက်ရောင်းရမလား စဉ်းစားနေခဲ့တယ်။

ဒီလိုနဲ့ … မွေးနေ့က ပြီးတာ သုံးရက် ရှိခဲ့ပါပြီ။ သုံးရက်မြောက်တဲ့ နေ့မှာ သူ့မိသားစုနဲ့ တစ်နေရာကို ကားနဲ့ ထွက်ခဲ့တယ်။ Seattle လမ်းမကြီးရဲ့ အင်တာစတိတ် ၉၀ မှာ အဲဒီနေ့က ကား ၁၄ စင်း တိုက်သွားတယ်။ အဲဒီ ကား ၁၄ စင်း chain-accident ထဲမှာ ရေချယ်လေးတို့ရဲ့ ကားလည်း ပါသွားခဲ့တယ်။

(ဆက်ဖတ်ရန်…)

January 22, 2011

နေ့တစ်နေ့

Filed under: ဆုမွန်ကောင်း, စာစု — အိမ့်ချမ်းမြေ့ @ 4:29 am

Open publication - Free publishing - More yangon

မွေးနေ့မှာ အမှတ်တယ နှုတ်ဆက်လာသူ စာရေးဖော်.. စာဖတ်ဘက် မိတ်ဆွေ သူငယ်ချင်းများအားလုံး ရဲ့ နွေးထွေးမှုကို အမှတ်တယ သိမ်းထားချင်လို့ပါရှင်။
မှီသလောက် ထည့်ထားခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

ဒီကနေ့ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။
တိုက်ဆိုင်စွာ ဦးသန့်ရော ကျမ ဖေဖေပါ အောက်မြန်မာပြည် ပန်းတနော်မြို့မှာ မွေးဖွားခဲ့ကြသူများ ဖြစ်ပါတယ်။
ဦးသန့်နဲ့ တစ်ရက်ထဲ မွေးဖွားလာလို့ (ဘာရယ်တော့မသိ) ကိုယ့်ကိုကိုယ် ဂုဏ်ယူမိပါကြောင်း :P

အားလုံးကျန်းမာ ချမ်းသာကြပါစေရှင်။

April 19, 2010

မြန်မာ့သင်္ကြန် အကျည်းမတန်စေလို

Filed under: ဆုမွန်ကောင်း, ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 3:15 pm

သင်္ကြန်ဆိုတာနဲ့ မြန်မာပြည်မှာကတည်းက အကျွမ်းဝင်ခဲ့ခြင်း သိပ်မရှိခဲ့တဲ့ ကျမ၊ တိုင်းပြည်အပြင်ကို ရောက်တော့ ပိုပြီးဝေးခဲ့ရပါတယ်၊ သင်္ကြန်ဆိုတာ ကျမအတွက် အနှစ်၂၀နီးပါး ဖန်သားပြင်တွေပေါ်မှာပဲ အသက်ဝင်လှုပ်ရှားနေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။

ကျမသိတဲ့ သင်္ကြန်ဟာ သင်္ကြန်မိုးရုပ်ရှင်ထဲကလို ပုဆိုးလေးနဲ့ယောင်္ကျားလေးတွေက ယဉ်ကျေးသိမ်မွေ့စွာ ၀တ်စားဆင်ယင်ထားတဲ့ မိန်းကလေးတွေကို ပိတောက်ခက်ကလေးနဲ့ ရေပက်ဖျန်းခဲ့တာမျိုး၊ စင်ပေါ်မှာ မြန်မာ့ရိုးရာအကတွေနဲ့ ပုရိတ်သတ်ကို ကပြဖျော်ဖြေတာမျိုး၊ အလှပြကားတွေ စည်စည်ကားကားနဲ့ ကြက်သရေရှိနေတာမျိုး၊ လူတွေကို စတုဒီသာတွေနဲ့ ဧည့်ခံပြီး နှစ်သစ်ကို ကြိုဆိုကြတာမျိုး၊ ဗုဒ္ဓဘာသာဝင်တွေဆိုလည်း ဥပုသ်သီတင်းဆောက်တည်တာမျိုး၊ ခရစ်ယာန်ဘာသာဝင်တွေဆိုလည်း လူငယ်နွေရာသီစခန်းတွေမှာ စိုက်ခင်းဖော်ကြတာမျိုး၊ တောနယ်ပတ်ဝန်းကျင်အနီးအနားက စာသင်ကျောင်းတွေကို ဆေးသုတ်ပေးတာမျိုး၊ အခြားဘာသာဝင်တွေလည်းပဲ ရုံးအားရက်မှာ ရသမျှအခွင့်ယူပြီး ဆိုင်ရာ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတာမျိုး၊ ကျမသိတဲ့ သင်္ကြန်ဟာ အဲသလိုမျိုးယဉ်ကျေးသိမ်မွေ့တဲ့ သင်္ကြန်ပါ။

ခေတ်ဆိုတာ ပြောင်းလည်းသလို၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေပြောင်းတယ်၊ အဲသလိုပဲ ၀တ်စားဆင်ယင်မှုပုံစံ (ဖက်ရှင်)ဟာလည်း ခေတ်နဲ့အညီ ပြောင်းပါတယ်၊ ပြောင်းသင့်ပါတယ်။ ပုဆိုးတွေ၊ ထမီတွေနဲ့ သင်္ကြန်ရေကစားကြတာထက် ခေတ်နဲ့လျော်ညီစွာ အချိန်အခါနဲ့ လျော်ညီစွာ ၀တ်စားဆင်ယင်သင့်ပါတယ်။ ဒါပေမယ့် သင်္ကြန်တစ်ခါရောက်တိုင်း ကြားရတဲ့ သတင်းတွေနဲ့ မြင်ရတဲ့ ပုံရိပ်တွေကြောင့် သင်္ကြန်ဟာ လိုက်လို့မမှီအောင် ပိုပိုဝေးလာပါတယ်။ ပိုမိုကြမ်းတမ်းလာတယ်။ သမီးမိန်းကလေးမွေးထားရင် အိမ်အပြင်တောင် လွှတ်ရန်မသင့်တော့တဲ့ သင်္ကြန်လို ဖြစ်လာပြီလားလို့ ကျမ တွေးမိလာပါတယ်။

ဒီကြားထဲမှာမှ လူကြီးလူငယ်မရွေး ပျော်ရွှင်ကြတဲ့ နှစ်သစ်ကူးပွဲမှာ ဗုံးပေါက်လို့ သေကြေဒဏ်ရာရတယ်ဆိုတာမျိုးလည်း အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ မယုံနိုင်လောက်အောင်ဖြစ်ပါတယ်။

ကျမ ဒီမှာနေတာ နှစ်ပေါင်း၂၀နီးပါးရှိပါတော့မယ်။ ဒီတိုင်းပြည်မှာ ပွဲမျိုးစုံရှိပါတယ်။ စည်းနဲ့ကမ်းနဲ့ဆင်နွှဲတဲ့ ပွဲတွေပါ။ နည်းနည်း wild ဖြစ်တယ်လို့ ယူဆလို့ရတဲ့ နွေရာသီမီးပန်းလွှတ်ပွဲတွေ၊ သောင်ပြင်ပေါ်က folk festival ပွဲတွေမှာတောင် မူးရူးအော်ဟစ်နေတာ၊ မိန်းကလေးတွေကို အိနြေ္ဒပျက်အောင်လုပ်တာတွေ၊ မိန်းကလေးတွေဟာလည်း ထိန်းမနိုင်သိမ်းမရဖြစ်တာတွေ အလွန့်အလွန်ကိုနည်းပါတယ်။ (အဲသလိုထိန်းမနိုင်သိမ်းမရတွေဆိုရင်လည်း တာဝန်ကျရဲတွေက လက်ပိုက်ကြည့်မနေပါဘူး။ အထက်တန်းကျောင်းတွေမှာတောင် ကြိုးတစ်ချောင်းအကျီ င်္နဲ့ကျောင်းတက်လာရင် အိမ်ပြန်အ၀တ်အစားလဲရတဲ့ အနောက်နိုင်ငံတစ်နိုင်ငံပါ) မြန်မာပြည်သင်္ကြန်လို wild ဖြစ်တဲ့ ပွဲမျိုးမမြင်ဖူးပါဘူး။ မြန်မာသင်္ကြန်ဟာ အရက်သေစာတွေအပြင်၊ overly seductive and sexual courtship တွေကို အလေးပေးတဲ့ပွဲဖြစ်လာသလိုမျိုး ခံစားရပါတယ်။

sexy-girls-at-yangon-thingyan-2009_2.jpg

(ဆက်ဖတ်ရန်…)

June 12, 2009

မိုးသည်းနေ့တစ်နေ့

Filed under: ဆုမွန်ကောင်း, စာစု — အိမ့်ချမ်းမြေ့ @ 1:17 am

ကျောင်းဘေးက နံရံတွေနားမှာ ကပ်ပေါက်နေတဲ့ စွယ်တော်ရွက်တွေက လေပြင်းပြင်း မိုးပြင်းပြင်းအောက်မှာ ယိမ်းထိုးနေကြသည်။ ကျောင်းနံရံနှင့်ကပ်နေသော ရေမြောင်းထဲမှာ မိုးရေတွေက တရဟော စီးဆင်းနေသည်။ ခပ်ဝေးဝေးက ရေပြင်ပေါ်မှာ သစ်ရွက်တွေ၊ သစ်ကိုင်းတွေ နှင့် မိုးပေါက်တွေ ကျဆင်းနေသည်။ မိုးလွတ်သည့်နေရာမှာ နံရံနှင့်ကျောကပ်နေအောင်ထိုင်ပြီး မိုးစက်တွေကို ခေါင်းမော့ကြည့်နေမိသည်။ မိုးကောင်းကင်ပေါ်မှာ အရှိန်ပြင်းပြင်းသက်ဆင်းလာနေသော မိုးစက်ပွင့်များကို အကြာကြီး မမှိတ်မသုန်ကြည့်နေပါက၊ မိမိကိုယ်ခနာက ဟိုင်းဝေးလမ်းမကြီးပေါ်မှာ အရှိန်ပြင်းစွာ အလျားလိုက်ရှပ်တိုက်ပြေးပြီးပျံသန်းနေသလို ခံစားလာရတတ်သည်။ မျက်နှာပေါ်မှာ ဆံပင်တွေကြားထဲမှာ လက်မောင်းတွေပေါ်မှာ မိုးစက်ပေါက်များတွေ၏ အေးမြသောအတွေ့အထိကို ခံစားနေရသည်။ မိုးလွတ်သော ရေမြောင်းဘောင်သည်ဘက်မှာ ပုဆိုးတိုတိုဝတ်ထားသော သဲကြိုးဖိနပ်တစ်စုံက ငြင်သာစွာလာရပ်သည်။ ပွင့်လင်းလွတ်လပ်စွာ ရယ်မောတတ်လေသော သူငယ်ချင်းယောင်္ကျားလေးတစ်ဦး။

“တစ်ယောက်ထဲ ဘာထိုင်လုပ်နေတာလဲ”

“ဘာမှမလုပ်ပါဘူး”

“ညနေ ငါတို့နဲ့ လှည်းတန်းဘက် ခဏလိုက်ခဲ့မလား”

“ဘာအတွက်လဲ”

“လိုက်ခဲ့စမ်းပါဟာ နင်ကလဲ”

“အင်းအင်း”

ပုဆိုးတိုတိုဝတ်ထားသော မန္တလေးသဲကြိုးဖိနပ်က ထွက်ခွာသွားသည်။

ညနေစောင်းထိ ရန်ကုန်မိုးက သဲသဲမဲမဲ။ ကျောင်းဂိတ်မှာ လူတွေ၊ ထီးတွေ၊ ရွံ့ဗွက်တွေ၊ လေပြင်းပြင်းနဲ့သစ်ရွက်ကြွေတွေ။ ဘတ်စ်ကားတွေက အရမ်းကြပ်နေသည်။ ဆိုက်လာသော ဘတ်စ်ကားတစ်စင်းပေါ်သို့ မည်သို့မည်ပုံရောက်သွားသလဲ မမှတ်မိတော့။ ရှေ့ခုံမှာ ကိုပွင့်လင်းနှင့် နောက်ထပ်သူငယ်ချင်းယောင်္ကျားလေးတစ်ဦး။ နှစ်ယောက်လုံးက အဖြူရောင်လည်ကတုံးကိုယ်စီနှင့်။ ကိုယ်ကတော့ နောက်ခုံမှာ။ သူငယ်ချင်းယောင်္ကျားလေးတွေနှင့် ရင်းရင်းနှီးနှီး ရယ်မောရိုက်ပုတ်ကာ၊ စနောက်ပြီး မနေတတ်သည့်အတွက်၊ စကားလဲမပြောဘဲ ဘတ်စ်ကားမှန်မှတဆင့် စီးကျနေသော မိုးရေတွဲများကို ငေးကြည့်နေမိသည်။ လှည်းတန်းကို ဘာအတွက်လိုက်လာရမှန်းလဲ မမေးမိ။ ဘေးနားမှာ ကပ်ထိုင်နေသော ဆံပင်ရှည်ရှည်ကျောင်းသူတစ်ဦး၏ ဆံပင်ထဲကို အမှတ်တမဲ့ကြည့်လိုက်မိသည်။ သူမ၏ဆံပင်ထဲမှာ သန်းဥများကို မြင်နေရသည်။ ယောင်ယမ်းခေါင်းငုံ့ပြီး သူမအပေါ်မှာ ဂရုဏာသက်မိသည့်တစ်ချိန်ထဲ ကိုယ်ကို ပြူတင်းပေါက်ဘက်ကို ကပ်လိုက်မိသည်။ ပြီးတော့ ဘာသာလုပ်ရပ်ကို မကျေမနပ်ခံစားနေရသည်။

ရှေ့ခုံတန်းမှာ ထိုင်နေသော အဖြူရောင်လည်ကတုံးနှစ်ယောက်ထဲက မျက်ခုံးမွှေးကောင်းကောင်း၊ မျက်ဖန်နက်နက်ကိုယ်တော်က ကိုယ့်ကို တစ်ချိန်လုံး လှည့်ကြည့်နေသည်။ “ဟဲ့.. နင်ငါ့ကို ဘာလို့ တစ်ချိန်လုံးလှည့်ကြည့်နေတာလဲ” ဟု မမေးမိ။ စိတ်ထဲမှာလဲ ဘာမှမရှိ။ မိုးစက်များကိုသာ ထုံပေပေ စိုက်ကြည့်နေသည်။ နောက်ဆုံးမနေနိုင်တော့သည့်သူက စကားကို ဘောက်ဆတ်ဆတ်ပြောလာသည်။

“ဟဲ့…. **** ”

“ဟင်”

မိုးစက်များကို ငေးနေရာမှ သူ့မျက်နှာကို လှမ်းကြည့်လိုက်သည်။

“ဒီနေ့ငါ့မွေးနေ့၊ အဲဒါနင်သိလား”

(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------