♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 27, 2014

ရိုမန်းဘော့ထ်ဖီဗာ

Filed under: စာအုပ်ခံစားချက် (Book Review) — အိမ့်ချမ်းမြေ့ @ 12:11 am

ကဗျာဆရာအောင်ရင်ငြိမ်း…
ဘလောဂ်စရေးစလောက် ကတည်းက ကြားဖူးခဲ့ပါတယ်…။
ဒါပေမယ့် ကဗျာလိုင်းမဟုတ်တော့ သိပ်တော့ မသိပါဘူး။

နောက်တော့ စာပေလောကမှာ သဲသဲလှုပ်လှုပ်ဖြစ်စေတဲ့…. အောင်ရင်ငြိမ်း ရဲ့ ရိုမန်းဘောထ် စာအုပ်ထွက်လာခဲ့တယ်..။ စာအုပ်ထဲက အချို့အပိုင်းအစလေးတွေလည်း ဖဘပေါ်ကနေ ဟိုနားဒီနားက ဖတ်မိထားတယ်။ အဲဒီစာအုပ်မှာ အမှာစာရေးတဲ့ စာရေးသူတွေထဲမှာ “မလေး” ဆိုသူလည်း ပါတယ်ပေါ့နော်..။ ခက်တာက ဘလောဂ်အသိုင်းအဝိုင်းနဲ့ အခု နောက်ပိုင်း စာပေအသိုင်းဝိုင်းထဲကလူတော်တော်များများက “မလေး” လို့ ကျမကိုလည်း ချစ်စနိုးခေါ်တတ်ကြတယ်။

အဲဒီတော့ ချစ်ခင်ရင်းနှီးသူ စာပေမောင်နှမတွေထဲက အချို့က စိတ်ပူပြီး ပြောလာကြတယ်။ “ကြည့်ကျက်လုပ်ဦးနော်.. တို့တွေသိတဲ့ မလေးကတော့ ဒီမလေး ပဲ” ဆိုတော့… ဒီကလည်း ဘုရားတွေဘာတွေ တ ပြီး …. သူတို့ရဲ့စေတနာကိုလည်း လေးစားစွာနဲ့ “မလေးတော့ မလေးပါပဲ … မလေးအိမ့်ချမ်းမြေ့ပါ” ဆိုတာကို ဖဘမှာ မသိမသာ ကြေငြာရတော့တယ်…။

ဒါပေမယ့် ဒီမလေးက ဘာသာပြန်စာအုပ် မထုတ်ဖူးဘူး။ ဖတ်လိုသမျှ စာအုပ်မှန်သမျှ ရှာဖွေဖတ်ရှု ဝယ်ယူလို့ရတဲ့ လက်လှမ်းမှီရာ နေရာဒေသတစ်ခုမှာ နေထိုင်နေသော်လည်း…. မူရင်းစာရေးဆရာ/ဆရာမတွေရဲ့ ခွင့်ပြုချက် မရဘဲ ဘာသာပြန်ကာ ပုံနှိပ်ထုတ်ဝေလိမ့်မှာ မဟုတ်သူ ဆိုပြီး…. (လူအထင်ကြီးစရာမရှိသော ယုံကြည်ချက်ကြီးတစ်ခုကို လက်ကိုင်ထားပြီး) ရပ်တည်နေသူပါ။

(ဆက်ဖတ်ရန်…)

January 5, 2014

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၅)

Filed under: စာအုပ်ခံစားချက် (Book Review), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:57 am

အဲသလိုနဲ့ ကျမတို့သူငယ်ချင်းတွေ အခြေအနေပေးရင် ပေးသလို မန်ကျည်းပင်ကြီးအောက်မှာ ကရာတေးကျင့်ကြတော့တယ်။ ဖြစ်ချင်တော့ မြောင်းမြကနေ ရန်ကုန်မှာ အလုပ်လာလုပ်တဲ့ ကျမရဲ့အထိန်းကလည်း ကရာတေးတတ်တယ်။ အထိန်းဆိုပေမယ့်လည်း အဲဒီတုန်းက ရှိလှမှ ၁၇နှစ်လောက်ပဲ ရှိဦးမယ်။ ကျမတို့ ညည လူခြေတိတ်တာနဲ့ အိမ်နောက်ဘက် သဲဖြူဖြူတွေပေါ်မှာ ‘ဟီး…ယား’ လုပ်ကြတာ တော်တော်ပျော်ဖို့ ကောင်းတယ်။ လသာနေပြီဆိုရင် မန်ကျည်းကိုင်းတွေနဲ့ မန်ကျည်းရွက်တွေကို ဖြတ်လို့ လရောင်က သဲဖြူဖြူတွေပေါ်ကို ဖျာကျနေတာ လင်းလို့ထိန်လို့။ မန်ကျည်းရွက်အရိပ်တွေကိုတောင် ထင်းနေအောင် မြင်ရတတ်တယ်။

အဲသလို သဲဖြူဖြူတွေပေါ်မှာ ‘ဟီး… ယား’ လုပ်တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ မကြာသေးခင်း ကာလတစ်ခုတုန်းကလည်း လရောင်အောက်က သဲဖြူဖြူတွေပေါ်မှာ သူငယ်ချင်းတွေနဲ့ ကရာတေးကျင့်ခဲ့ဖူ။းပါတယ်။

အဲဒီ သဲဖြူဖြူတွေ ရှိတဲ့နေရာကတော့ အားလုံးနဲ့ဝေးတဲ့ နေရာတစ်ခုမှာ ထီးထီးကြီး ရှိနေတဲ့ “ကိုးကိုးကျွန်း” ဆိုတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာပါပဲ။

ရေကျသွားပြီဆိုရင် သောင်ပြင်ဖြူလွှလွှတွေ မျက်စိတစ်ဆုံးပေါ်နေတတ်တဲ့၊ အုန်းပင်တွေ ပင်လယ်ကဗွီးတွေ အစုလိုက်ပေါက်နေတတ်တဲ့ ရေပတ်လည် ဝန်းရံနေတဲ့ ကျွန်းကလေးတစ်ကျွန်းပါ။

အဲဒီ ကျွန်းကလေးဟာ လူတွေခြေထောက်တောင် ချဖို့မသင့်တဲ့ ကျွန်းကလေးလို့ ထင်တယ်။ သဘာဝအလှတွေ၊ ရှားပါးသစ်ပင်တွေ၊ ရှားပါး ရေသတ္တဝါတွေ၊ လူကြီးတွေတောင် တက်စီးလို့ရတဲ့ လိပ်ကြီးတွေ ကျင်လည်ကျက်စားရာ အိန္ဒိယ သမုဒ္ဒရာထဲက မြန်မာတွေပိုင်တဲ့ ကျွန်းမို့ သဘာဝလေးအတိုင်း သူ့ဟာသူလေး ရှိနေစေချင်မိတာ ကျမရဲ့ ဆန္ဒပါ။

သာယာလှပလွန်းတဲ့ ကိုးကိုးကျွန်းရဲ့ အတိတ်ဟာလည်း မြန်မာပြည်မကြီးလိုပဲ ကံမကောင်း အကြောင်းမလှခဲ့ပါဘူး။

ကိုးကိုးကျွန်းဟာ ကျွန်းကြီး၊ ကျွန်းလေးအပြင် အခြားကျွန်းသေး၂ကျွန်းနဲ့ ဖွဲ့တည်ထားတာပါ။ ကျွန်းကြီးနဲ့ကျွန်းလေးကြားက ရေလက်ကြားကိုတော့ Alexandra Channel လို့ခေါ်ပါတယ်။ ကိုးကိုးကျွန်းစုတွေဆိုပြီး ကြားထဲက ရေလက်ကြားကတော့ အင်္ဂလိပ်အမည်ဖြစ်နေရတာ၊ ကိုးကိုးကျွန်းစုများကို အင်္ဂလိပ်က သိမ်းပိုက်ထားခဲ့လို့ပါပဲ။ ကိုးကိုးကျွန်း ဆိုတာကလည်း အုန်းသီးလို့ခေါ်တဲ့ ကိုးကိုးနတ် (coconut) ကို သူတို့စကားအရခေါ်ရင်း ကိုးကိုးကျွန်း ဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။ ကိုးကိုးကျွန်းဟာ အင်္ဂလိပ်လက်အောက်ကနေ မြန်မာတွေရဲ့ လက်ထဲကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ မြန်မာလက်ထဲကနေ ဂျပန်လက်ထဲကို ကျရောက်ခဲ့ပြန်ပါတယ်။

ပြီးတော့ တစ်ခါ မြန်မာတွေလက်ထဲကို ပြန်ရောက်လာပြန်ပါတယ်။ ဒီကြားထဲမှာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော ဝန်ကြီးချုပ် ဂျဝါဟလာနေရူးက ကိုးကိုးကျွန်းကို ၁၉၅၀ခုနှစ်တွေတုန်းက မြန်မာတွေဆီ လှူလိုက်တာ၊ အရင်တုန်းက အိန္ဒိယပိုင်လို့လည်း ဆိုကြပါတယ်။ နောက်တော့လည်း အားလုံးသိကြတဲ့အတိုင်းပါပဲ ဦးနေဝင်းအစိုးရလက်ထက်မှာ ကိုးကိုးကျွန်းဟာ နိုင်ငံရေးသမားတွေနဲ့ စာရေးဆရာကြီးတွေကို တစ်သက်တစ်ကျွန်းပို့တဲ့ ကျွန်းကလေး ဖြစ်လာရပြန်ပါတယ်။ ဒါတွေအပြင် မြန်မာတွေပိုင်တဲ့ ဒီကျွန်းကလေးကို တရုတ်အစိုးရထံ ဌားရမ်းထားတယ်လို့လည်း သတင်းတွေကထွက်ပြန်ပါတယ်။ ဒါကိုလည်း အမေရိကန်က ရေဒါတွေနဲ့ ဟုတ်-မဟုတ် စောင့်ကြည့်နေကြပြီး မဟုတ်ဘူးလို့ ဆိုပြန်ပါတယ်။ လောလောဆယ် ကျမမှာ ရှိတဲ့ မဖြစ်စလောက် ပရိုဂရမ်လေးနဲ့ လှမ်းကြည့်တော့လည်း ကိုးကိုးကျွန်းလေးဟာ ပင်လယ်ပြာကြီးထဲမှာ တိတ်တဆိတ်ပါပဲ။ အိမ်ခြေလေး အနည်းငယ်နဲ့ ဘာမှကို မရှိရှာပါဘူး။

ကျမရောက်ခဲ့စဉ်အချိန်တုန်းကတော့ ကိုးကိုးကျွန်းပေါ်က နိုင်ငံရေးအကျဉ်းထောင်ကို ဖျက်သိမ်းပြီးခဲ့ပါပြီ။ ကိုးကိုးကျွန်းကို သွားမယ်ဆိုတုန်းက သူငယ်ချင်းအချို့ကတော့ ထောင်သားတွေကို ထားတဲ့ကျွန်းကြီးပေါ်ကို သွားမှာ မကြောက်ဘူးလားလို့ မေးကြပါတယ်။ အရွယ်လေးတွေဟာ သိပ်ငယ်လွန်းတဲ့အတွက် အဲဒီကျွန်းကြီးပေါ်မှာ တစ်သက်တစ်ကျွန်းကျခဲ့ရသူတွေဟာ လူဆိုးသူခိုးတွေ မဟုတ်ဘူးဆိုတာ သူတို့ ဘယ်လိုမှ မသိနိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ ကျမတို့ ကိုးကိုးကျွန်းကိုသွားမယ့် သဘောင်္ပေါ်ကို ရောက်ခဲ့ပါတယ်။ ကိုးကိုးကျွန်းဟာ ရန်ကုန်မြို့အနောက်တောင်ဘက် ရေမိုင်(၂၅၀)အကွာမှာ ရှိပါတယ်။ ဖေဖေဟာ ကျမတို့လိုက်မယ်ဆိုလို့ ရာသီဥတုသာယာတဲ့ နွေရာသီကို ရွေးခဲ့ပါတယ်။ ဒီလိုနဲ့ ကျမတို့ သာယာလှပတဲ့ ညနေခင်းတစ်ခုမှာ ကိုးကိုးကျွန်းကို ထွက်ခဲ့ကြပါတယ်။ ညနေစောင်း ထမင်းစားပြီးချိန်အထိ ပင်လယ်ပြင်ဟာ ချစ်စရာကောင်းဆဲပဲ။ လှိုင်းလေငြိမ်သက်လို့။ ကျမ သတိထားမိတာကတော့ သဘောင်္ပေါ်မှာ လူခြေတိတ်ဆိတ်လွန်းနေတယ်ဆိုတာပါပဲ။ ဟိုနား ဒီနား ယူနီဖောင်းဝတ် အချို့ကလွဲလို့ တိတ်ဆိတ်နေတယ်။ ညစာစားပြီးတဲ့ အချိန်မှာ ကျမက ထမင်းစားပွဲပေါ်က လိမ္မော်သီးလေး နှစ်လုံးကို ဂါဝန်အိတ်လေးထဲမှာ ထည့်ထားလိုက်တယ်။

(ဆက်ဖတ်ရန်…)

January 3, 2014

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၄)

Filed under: စာအုပ်ခံစားချက် (Book Review), အတွေးအမြင်, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 6:02 pm

အခြားတိုင်းပြည်မှာ ရှိတဲ့လူငယ်တော်တော်များများဟာ ပညာရေး၊ အားကစား၊ အနုပညာ၊ ဂီတ၊ တီထွင်ဖန်တီးမှုတွေထဲမှာ ကျင်လည်ပျော်ပါးနေချိန်၊ ကျမတို့တိုင်းပြည်က လူငယ်အများစုမှာတော့ မွန်းကြပ်မှုတွေနဲ့ တစ်စုံတစ်ရာကို အမြဲမကျေမနပ်မှုတွေထဲမှာ ကျင်လည်ခဲ့ကြတယ်။

တိုင်းပြည်ဟာ မငြိမ်းချမ်းခဲ့ဘူး။

ငြိမ်းချမ်းသင့်သလောက် မငြိမ်းခဲ့တဲ့ တိုင်းပြည်ထဲကလူငယ်တွေကို ဦးနှောက်လျှော်ဖွပ်ထားခဲ့တာကတော့ “ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံးတိုင်းပြည်” ဆိုပြီး ဦးနှောက်လျှော်ဖွပ်ထားတယ်။ ကိုယ့်တိုင်းပြည်ကလွဲပြီး ကျန်တဲ့တိုင်းပြည်က လူတွေမှာ ဟိရိသြတ္တပ္ပတရားဆိုတာ မရှိကြဘူး၊ ကြင်နာသနားတတ်ခြင်း မရှိကြဘူး၊ ဘာသာရေးမကိုင်းရှိုင်းကြဘူး၊ အလှူအတန်းမရက်ရောကြဘူး။ ကိုယ်တွေသာလျှင် ကြင်နာသနားတတ်တယ်၊ အလှူရက်ရောတယ်၊ ကြင်နာသနားတတ်တယ်လို့ အဟုတ်ကိုထင်ခဲ့တယ်။ ကိုယ့်တိုင်းပြည်သာလျှင် အယဉ်ကျေးဆုံး၊ အငြိမ်းချမ်းဆုံး တိုင်းပြည်လို့ ထင်ခဲ့တယ်။ တစ်ကယ်တော့ ဦးကျိုးနာခံပြီး တစ်ခွန်းမှ ပြန်မပြောရဲတာ ယဉ်ကျေးတာမဟုတ်ဘူး၊ ရိုင်းပြစရာမလိုဘဲ ကောင်းမွန်စွာ ဆွေးနွေးပြောဆိုငြင်းခုံတတ်ခြင်း၊ လူကြီးတွေ၊ ဘာသာရေးအကြီးအကဲတွေ၊ ဆရာ-ဆရာမတွေနဲ့ အကြောင်းတစ်စုံတစ်ရာကို အော်ဟစ်ဆဲဆိုစရာမလိုဘဲ အဆင့်အတန်းရှိရှိနဲ့ အပြန်အလှန် ဆွေးနွေးပြောဆိုတတ်ခြင်း (dialogue) ဆိုတာကို မသိခဲ့ကြဘူး။ လူငယ်တွေက ပြောချင်ကြတယ်ဆိုရင်တောင် လူကြီးတွေအနေနဲ့က ဒါကို အာခံခြင်းလို့ မြင်တတ်ကြသေးတယ်။

ငြိမ်းချမ်းခွင့်ရှိရဲ့သားနဲ့ မငြိမ်းချမ်းနိုင်တဲ့ တိုင်းပြည်လေးဟာ အင်္ဂလိပ်က ကျွန်ပြုခြင်း၊ ဂျပန်ကျွန်ပြုခြင်း စတာတွေကိုလည်း ခံခဲ့ရတယ်။ ထိုသို့သော သခင်ဆိုသူတွေနဲ့ သူတို့ချမှတ်ထားတဲ့ စနစ်တွေကိုလည်း ဂျင်နရေးရှင်းတွေအလိုက် တော်လှန်ခဲ့ကြရသေးတယ်။

“အသေရိုက်သတ်
အမြီးပြတ်လည်း
ဆတ်ဆတ် ဆတ်ဆတ် တုန်သေးသည်”

ဆရာကြီး သုခမိန်လှိုင်ရေးခဲ့ဖူးတဲ့ ‘တော်လှန်သောအသိ’ ဆိုတဲ့ ရုပ်ရှင်သစ်မဂ္ဂဇင်းက ကဗျာအပိုင်းအစလေး။ လူငယ်တွေရဲ့ အတ္တမဲ့တော်လှန်ရေးကို ပိုမိုစိတ်ကြွစေခဲ့သလား။

(ဆက်ဖတ်ရန်…)

December 31, 2013

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၃)

Filed under: စာအုပ်ခံစားချက် (Book Review), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 8:31 pm

အဲသလို…. အနာဂတ်က မရေရာဘူးဆိုတဲ့ အတွေးတွေကိုထမ်းပိုးလို့ မြသီလာကို အရောက်သွားမှာမဟုတ်ဘူးဆိုတဲ့ စိတ်မျိုးတွေက သူငယ်ချင်းအချို့ရဲ့ စိတ်ထဲမှာလည်း ရှိနေခဲ့ကြတယ်။ အချို့ကလည်း မြသီလာကို သွားတော့သွားမယ်၊ ဒါပေမယ့် တစ်ချိန်ချိန်မှာ မြသီလာနဲ့ အဝေးကြီး.. အဝေးကြီးနေရာတွေကို အရောက်သွားပြီး ဘဝရပ်တည်မှုတွက်၊ ပညာ၊ ငွေ၊ ဥစ္စာတစ်ခုခု ရှာရမယ်ဆိုတဲ့ စိတ်မျိုးတွေကလည်း ရှိနေခဲ့ကြတယ်။

ကိုယ်နေတဲ့ သစ်ပင်ကြီး သိပ်လှမှန်း၊ သိပ်ချစ်စရာကောင်းမှန်းလည်း သိတယ်။ တစ်ချိန်တည်းမှာပဲ အချို့သစ်ကိုင်းတွေဟာ ယိုယွင်းပျက်စီးနေတယ် ဆိုတာကိုလည်း သိကြတယ်။ ကျိုးနေတဲ့ သစ်ကိုင်းတွေကို ကိုယ်တိုင်လည်း မပြုပြင်တတ်ဘူး၊ ပြုပြင်တတ်ခဲ့ရင်တောင် တိတ်အနီတွေက ပတ်ထားခြင်းခံနေရတယ်။ အဲလိုအချိန်မှာ… ပတ်ဝန်းကျင်က အခြားဌက်ကလေးတွေကလည်း အဝေးကြီးကို ပျံပျံသွားတယ်။ အချို့ကလည်း ပြန်မလာတော့ဘူး၊ အချို့ကလည်း ပြန်လာတယ်။ ပြန်လာရင်လည်း အမွှေးအတောင်က ပြောင်ပြောင်လက်လက်နဲ့ဆိုတော့….. ဒီသစ်ပင်ကြီးကို ချစ်နေပါသော်လည်း ဟိုးခပ်ဝေးဝေးကို ပျံသန်းကြည့်ချင်တဲ့ စိတ်တစ်ခုက ဖြစ်နေခဲ့ကြတယ်။ လူဆိုတာကလည်း အဝေးက မြက်ခင်းကမှ ပိုစိမ်းတတ်တဲ့ သဘောက ရှိတာကိုး။

တစ်ကယ်ဆို…. ကိုယ့်တိုင်းပြည်ကနေ အဝေးကြီး အဝေးကြီးကို သွားမယ်ဆိုတဲ့ စိတ်တွေဟာ အခြားတိုင်းပြည်တွေထဲက လူငယ်တွေရဲ့စိတ်ထဲမှာ ကျမတို့လောက် အနည်ကျနေကြပါ့မလား။ ဒီလိုစိတ်မျိုးတွေဟာ ကျမတို့တိုင်းပြည်ကလူငယ်တွေရဲ့ စိတ်ထဲမှာပဲ အောင်းနေကြတာလား။ ဒီလောက်သာယာလှပတဲ့၊ ချစ်စရာကောင်းတဲ့၊ ချစ်လည်းချစ်နေရတဲ့ တိုင်းပြည်ကို ထားပြီး အပြင်ကိုထွက်ချင်နေတဲ့စိတ်မျိုး အခြားတိုင်းပြည်က လူငယ်တွေမှာ မရှိသလောက်နည်းတယ်ဆိုတာ၊ ကိုယ်တိုင်အပြင်ရောက်မှ သိလာခဲ့ရတယ်။ အမေရိကန်လူငယ်တွေ၊ သြဇီလူငယ်တွေ၊ ကနေဒီယန်လူငယ်တွေ ထား၊ ကုန်ကုန်ပြောရရင် စင်္ကာပူ၊ ထိုင်းက လူငယ်တွေတောင် ကျောင်းပြီးရင် နိုင်ငံခြားထွက် အလုပ်လုပ်မယ်၊ ပညာရှာမယ်ဆိုတဲ့ အတွေးတွေ ရှိလိမ့်မှာ မဟုတ်ဘူး။ သူတို့ထွက်တယ်ဆိုရင်လည်း ဝမ်းဝဖို့၊ မိသားစု ပြန်ကြည့်ဖို့၊ ကိုယ့်အတွက် ပညာရှာဖို့ ဆိုတာထက်၊ (များသောအားဖြင့်) ဝါသနာအရ၊ လူသားထုတစ်ခုလုံးရဲ့ အကျိုးစီးပွား အရပဲ ဖြစ်လိမ့်မယ်။ အခုချိန်ထိတောင်မှာ သူတို့ကိုယ်ဆီကိုလာရင် စီးပွားမြုပ်နှံဖို့၊ expatriate တွေအနေနဲ့ပဲ လာကြတာများတယ်။

ဟိုတုန်းကတည်းကလည်း အပြင်ကို ထွက်သွားတဲ့သူတွေကို တိုင်းပြည်သစ္စာဖောက်တွေ၊ အမိမြန်မာပြည်ကို မချစ်တဲ့သူတွေ၊ စိတ်ရဲ့ချမ်းသာမှုကို စွန့်ပစ်ပြီး ရုပ်ဝတ္ထုနောက်ကို လိုက်သူတွေလို့လည်း ပတ်ဝန်းကျင်ထဲကလူတွေကပဲ အချင်းချင်း အဖန်တလဲလဲ ဦးနှောက်လျှောက်ဖွတ်တတ်ကြသေးတယ်။

(ဆက်ဖတ်ရန်…)

December 17, 2013

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၂)

myathilar.jpg ဒီလိုနဲ့ ‘မြသီလာအလွမ်းပြေ’ ရဲ့ ညံ့သက်စွာ နှိပ်စက်ခံရတဲ့ တလူးလူး တလိမ့်လိမ့်ညတွေရဲ့ အဆုံးမှာ၊ book review လည်း မဟုတ်၊ စာအုပ်လေးကို ထပ်မံမိတ်ဆက်ပေးခြင်းလည်း မမြည်တဲ့၊ ကိုယ့်အကြောင်းတွေကို ဆရာမရဲ့ ‘မြသီလာအလွမ်းပြေ’ နဲ့ ချိန်ထိုးခြင်းလို့ ဆိုလို့ရတဲ့စာတွေကို၊ နှလုံးသားကကော ဦးနှောက်ကပါ တရဟော ထထ ရေးနေတော့တာပါပဲ။ တစ်ကယ်ကတော့ စာအုပ်ထဲကစာတွေကို တစ်ပုဒ်ဖတ်ပြီးတိုင်း ဆရာမမေငြိမ်းကို ကိုယ့်ရင်ထဲက စကားတွေ၊ ကိုယ်ဖြစ်ခဲ့တဲ့ အဖြစ်တွေကို တသွင်သွင်ပြောနေမိတဲ့ အဖြစ်မျိုး။

ဆရာမပြောတဲ့ ခင်မောင်တိုး၊ ခင်ဝမ်း၊ ခိုင်ထူး၊ မွန်းအောင်တို့ဆိုတာက အလယ်တန်းကျောင်းသူ ဘဝထဲက စူးစူးရှရှ နားထောင်ခဲ့ဖူးတယ်။ အထူးသဖြင့် ခိုင်ထူးနဲ့ မွန်းအောင်။ မူလတန်းနဲ့အလယ်တန်းကာလ စပ်ကြားလောက်ကစပြီး ကော်နီ၊ ဟေမာနေဝင်း၊ မေဆွိ စတဲ့ နိုင်ငံကျော်တေးသံရှင်တွေရယ်၊ ခင်မောင်တိုး၊ ခင်ဝမ်း၊ ခိုင်ထူး၊ မွန်းအောင်တို့ရဲ့ တေးသံတွေရယ်က ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်ကို လက်ဘက်ရည်ဆိုင်တွေကနေ ဖိတ်စင်ကျလာနေတာ တရဟော။ မိန်းကလေးတေးသံရှင်တွေရဲ့ သီချင်းတွေထဲမှာ ‘ကိုကိုရေ သိပ်ချစ်တယ်.. အစွဲကြီးစွဲမိပြီရှင်’ တို့၊ ‘မခင်ချင်လည်း ရပါတယ်၊ မကြင်ချင်လည်း ရပါတယ်၊ ရင်ထဲက သမီးရဲ့ဦးကို အမြဲတမ်းနားလည်မယ်’ ဆိုတာတွေကိုလည်း မကြားချင်မှ အဆုံး။

ဂျေမောင်မောင်ရဲ့ ‘အချစ်ရေ့ နေလို့မှ ကောင်းရဲ့လား’ နဲ့ စပြီး ရင်းနှီးရတဲ့နေ့က မန်းချောင်းရေမျက်နှာပြင်ပေါ်က ဝါးတံတားလေးပေါ်မှာ။ အဲဒီတုန်းက ကျမ ဂါဝန်ဝတ်ဆဲ အရွယ်။ သနပ်ခါးပါးကွက်ကြားနဲ့ ဂါဝန်ကလေးနဲ့ မိသားစုတည်းခိုနေတဲ့ ရွှေစက်တော်ဘန်ဂလိုတစ်ခုရဲ့ရှေ့က ဝါးတံတားလေးပေါ်မှာထိုင်ပြီး၊ နေဝင်ရီတရောမှာ အေးမြစွာ တသွင်သွင်စီးကျနေတဲ့ တောင်ကျချောင်းရေထဲ ခြေထောက်ချပြီး ချောင်းအထက်ပိုင်းကို ငေးနေခဲ့စဉ်ကပေါ့။ ဂျေမောင်မောင်ရဲ့ ဆွေးဆွေးမြေ့မြေ့အသံဟာ ဟိုးတောင်ပေါ်ကနေ တောင်အောက်ကချောင်းရေထဲ လက်ပံသီးကလေး ဝေ့ကနဲဝိုက်ကနဲ ကြွေကျလာသလို့ တောင်နံရံတွေကို ပဲ့တင်ခတ်လို့ စီးမျောလာတယ်။ ရင်ထဲမှာ ဘာကိုလွမ်းရမှန်းမသိဘူးဖြစ်နေခဲ့တယ်။ အဲဒီအရွယ်ကလည်း ကလေးအရွယ်ကနေလူငယ်အရွယ်ကို ကူးကာစ၊ လွမ်းစရာနတ္တိပေမယ့်၊ လွမ်းတတ်ဆွေးတတ်ချစ်တတ်ဖို့ အရွယ်ကို အစပျိုးလာနေတဲ့ အရွယ်ထင်ပါတယ်။

(ဆက်ဖတ်ရန်…)

December 15, 2013

မုန်းချင်တယ်ကွယ်.. မြသီလာရယ်..

Filed under: စာအုပ်ခံစားချက် (Book Review), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:54 am

ဒီစာဟာ လုံခြုံနွေးထွေးတယ်လို့ ကျမ ခံစားနေရတဲ့ ကိုယ်ပိုင်ဥခွံထဲက ကိုယ်တစ်ပိုင်းထွက်လာတဲ့ စာလို့ ဆိုရပါမယ်။ ဒီလို ကိုယ်တစ်ပိုင်းထွက်လာစေအောင် တွန်းအားပေးတာကတော့ ဆရာမမေငြိမ်းရဲ့ “မြသီလာအလွမ်းပြေ” ပဲ ဖြစ်ပါလိမ့်မယ်။ ဆောင်းရာသီရောက်ပြီဆိုရင် မီးပုံဘေးမှာ စာအုပ်ကောင်းတစ်အုပ်နဲ့ နေတတ်တဲ့ ကျမဟာ မြန်မာဘလောဂါတွေရဲ့ စာတွေကို ပုံနှိပ်စာရေးဆရာတွေရဲ့ စာတွေလိုပဲ တန်ဘိုးထား ဖတ်ခဲ့သူတစ်ဦးပါ။ မြန်မာဘလောဂါတွေဟာ နောက်ပိုင်းမှာတော့ မျက်နှာစာအုပ် (facebook) မှာ အချိန်တွေ အသုံးများပြီး ဘလောဂ်စာတွေကိုတောင် မရေးကြတော့ပါဘူး။ မျက်နှာစာအုပ်ပေါ်မှာ စတေးတပ်စ်လေး တစ်ကြောင်းလိုက်တင်ပြီး အာသာပြေသွားကြတဲ့ သဘောရှိတယ်။

ဘလောဂ်စာမျက်နှာတွေပေါ်မှာ ရေးကြတဲ့ စာတွေဟာ ပုံနှိပ်စာတွေလိုပဲ တန်ဘိုးရှိတဲ့ စာတွေအများကြီး ရှိပါတယ်။ ခံစားမှုတွေကို တားဆီးစီစစ်ခြင်းမခံရလို့လည်း  တစ်ခါတစ်ရံမှာ ပိုလို့တောင် ပြောင်မြောက်ပွင့်လင်းလို့ မြင်သာထင်ရှားနေတတ်ပါသေးတယ်။ ဘလောဂါတွေရဲ့စာတွေကို ရေငတ်သလိုငတ်နေတဲ့ လက်ထဲကို ဆရာမ မေငြိမ်းရဲ့ “မြသီလာအလွမ်းပြေ” ဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။

ဆရာမဟာ ဘလောဂါဖြစ်လာတဲ့ စာရေးဆရာမလို့ ကျမ တင်စားချင်ပါတယ်။ ကျမတို့လို ဘလောဂ်ရေးပြီးမှ ပုံနှိပ်ထဲကို ဝင်သူ မဟုတ်ပါဘူး။ ဒါပေမယ့် “မြသီလာအလွမ်းပြေ” ဟာ ဘလောဂ်စာမျက်နှာတွေပေါ်မှာ အသက်ဝင်လာပြီး စာအုပ်ဖြစ်လာခဲ့တာပါ။ ဆရာမဟာ သူမရဲ့ အမှာစာမှာလည်း ဘလောဂါတွေကို ကျေးဇူးတင်စကား သေသေချာချာပြောထားတာ သိရတော့ သူမရဲ့ ဘလောဂ်ပေါ်မှာ ထားတဲ့ သံယောဇဉ်နဲ့ ဘလောဂါတွေအပေါ် တန်ဘိုးထားမှုကို ကြည်နူးစွာ ခံစားလိုက်ရတယ်။

ဆရာမနဲ့ ကျမ စတင်သိခဲ့တဲ့ နေရာတွေဟာ စာရေးဆရာတွေရဲ့ လေထန်ကုန်းမှာလည်း မဟုတ်ဘူး၊ တံတားဖြူမှတ်တိုင်က ခရမ်းပြာလက်ဘက်ရည်ဆိုင်မှာလည်း မဟုတ်ဘူး၊ အင်းဝလမ်းထိပ်က ခေမရဍ္ဍ် ရှမ်းဆိုင်မှာလည်း မဟုတ်ဘူး၊ စာရေးဆရာတွေထိုင်တတ်တယ်ဆိုတဲ့ တောင်ငူကင်တင်းမှာလည်း မဟုတ်ဘူး၊ ဆရာမ နှစ်ရှည်လများ ကျင်လည်ခဲ့တဲ့ (ကျမနဲ့ ကျမ မိဘတွေ ကျောင်းတွေပိတ်ထားခဲ့စဉ်တုန်း ညနေတွေမှာ သွားသွားစားခဲ့တဲ့ စက်မှုတက္ကသိုလ်ကျောင်းဝင်းကြီးထဲက) နွေးအေး၊ ပေါင်းကူး၊ မော်လမြိုင်ဆိုင်တွေ မှာလည်း မဟုတ်ဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ကျမ ပထမနှစ်ကုန်နဲ့ထွက်လာတဲ့ ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျမရဲ့မြန်မာစာဆရာမ အနေနဲ့တောင် ကျမတို့ မဆုံခဲ့ကြပါဘူး။ အဲဒီတုန်းက မြန်မာစာကို ဆရာမမေငြိမ်းနဲ့ သင်ရ မလိုလိုနဲ့ အခြားမြန်မာစာဆရာမ တစ်ယောက်နဲ့ သင်ခဲ့ရတယ်ဆိုတာလည်း မနေ့တစ်နေ့ကမှ သိခဲ့ရတယ်။

(ဆက်ဖတ်ရန်…)

July 25, 2013

မိတောအကြောင်းတစေ့တစောင်း (မိတော review by မောင်မျိုး)

Filed under: မိတော, AMK Creation, letters from fans, စာအုပ်ခံစားချက် (Book Review) — အိမ့်ချမ်းမြေ့ @ 8:58 am

 mgmyo.JPG

စာအုပ်တွေနဲ့ဝေးနေတော့ စာငတ်နေတာကြာပြီ။ ဆိုလိုတာကအွန်လိုင်းမှာဖတ်လို့ရနိုင်ပေမယ့် စာအုပ်ဆိုတာနဲ့ လက်ထဲကိုင်ဖတ်ချင်တဲ့စိတ်က ရှိနေတာမို့ပါ။ အဲ့တာမှ ပိုအရသာရှိသလားလို့။ မလေးရေးတဲ့ မိတောစာအုပ်လေး ထုတ်ဖြစ်မယ်ဆိုတာတော့ ကြားတော့ကြားတယ်။ ဒါပေမယ့် ဒီလောက်မြန်မြန်နဲ့ သပ်သပ်ရပ်ရပ်ကလေးဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။ အခုစာအုပ်ကလေးကအပြင်အဆင် အကြောင်းအရာအများကြီး လမင်းရှိုက်သံနဲ့ ကွာခြားနေတာခံစားလိုက်ရတယ်။ စာအုပ်မျက်နှာဖုံးလေးကလည်း ချစ်စရာကောင်းတယ်။ ပိုချစ်ဖို့ကောင်းတာက အတွင်းပန်းချီလေးတွေက တော်တော်ကိုလိုက်ဖက်တာ ပန်းချီဆရာကိုနော်ဆိုတဲ့သူ တော်တော် တော်တယ်။ စာအုပ်ဖတ်ရင်း မပြီးသေးတဲ့အခါ စာမျက်နှာတွေ ခေါက်ခေါက်ထားရတဲ့အခါ အဆင်မပြေမှုကို စာအုပ်စီစဉ်သူက ကြိုးကလေးနဲ့လုပ်ထားပေးတဲ့ အိုင်ဒီယာလေးမှာတော့ စာရေးသူနဲ့ စီစဉ်သူကြားက ခင်မင်ဂရုစိုက်မှုကို ပြလိုက်သလိုပါပဲ။

စာအုပ်လက်ဆောင် ၅ အုပ်ကြီးများတောင်ပေးတဲ့ မလေး၊ စာအုပ်တွေသိမ်းထားပေးတဲ့ ‘ကိုဏီ’ နဲ့ အတူတကူးတကဒီအထိအရောက် ပို့ပေးလူ ပင်ပန်းငွေအကုန်ကျပါခံလိုက်ရတဲ့ နာမည်လှလှနဲ့ ‘မသူ’ တို့ကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား ။ စာအုပ်ရီဗြူးရေးမယ် ရေးမယ်နဲ့ စာရေးပျင်းနေတဲ့အကြောက မသေသေးတော့၊ တစ်လုံးမှကို မရေးဖြစ်ဘူးရယ်။ အသိတစ်ယောက်ကပြောတယ် “အိမ့်ချမ်းမြေ့က စာအုပ်တော်တော်များများမှာရေးနေတာ မင်းကသူရေးသမျှစာတိုင်းရီဗြူးရေးနိုင်လို့လား” တဲ့။ အဲ့တာရွဲ့တား)။ အမှန်ကတော့ ခင်မင်မှုကြောင့်ရေးတာ။ ကောင်းပါတယ်ဆိုတဲ့ လန်ထွက်ပျံတက်နတဲ့ အွန်လိုင်းကဒိတ်ဒိတ်ကြဲတွေရဲ့ စာတွေကို ကောင်းပါတယ်ဆိုပြီး အားနာပါးနားရွှီးနေရမှာထပ်စာရင် ခင်မင်စွဲကြောင်း ဝေဖန်ရေး လေကန်ရေးလုပ်ရတာက ပိုအဆင်ပြေသလားလို့ပါ။

(ဆက်ဖတ်ရန်…)

June 11, 2013

ကျွန်တော်နှင့် မိတော (Review by ဏီလင်း ညို)

nyi2.jpg

အွန်လိုင်းပေါ်မှ www.ainchannmyay.com စာမျက်နှာထက်တွင် မလေးအိမ့်ချမ်းမြေ့ရေးခဲ့သော မိတော စာစုများအား အခြေအနေ အမျိုးမျိုးကြောင့် ကျွန်တော်ဖတ်ဖြစ်တာတွေလည်းရှိသလို မဖတ်ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါသည်။ ထိုကဲ့သို့သော အခြေအနေတွင် မလေးက မိတောစာစုအားလုံးကို စုပေါင်း၍သာမက နောက်ထပ်အသစ်ရေးထားသော (အွန်လိုင်းပေါ်မှ စာဖတ်သူမောင်နှမများ မဖတ်ဖူးသေးသော) စာစုလေးများကိုပါ ထပ်ပေါင်းပြီး စာအုပ်လေးတစ်အုပ်အဖြစ် ဖန်တီးမည်ဟု သိရသောအခါ စိတ်ထဲ အတိုင်းမသိ ၀မ်းသာမိခဲ့ရ၏။ မျှော်လင့်စောင့်စားခဲ့မိ၏။

မျှော်လင့်မိရခြင်းမှာ အခြားအကြောင်းကြောင့်တော့ မဟုတ်။ အွန်လိုင်းစာမျက်နှာပေါ်မှ ကျွန်တော် ဖတ်မိသလောက်သော မိတောစာစုလေးများက ချစ်စရာ၊ ကရုဏာသက်စရာကောင်းသည့် သရော်စာဆန်ဆန် ပုံစံမျိုးလေးတွေမို့ စိတ်ထဲ သဘောကျမိခဲ့သောကြောင့်ပင် ဖြစ်၏။ ဒါကလည်း ရံဖန်ရံခါတွင် သရော်စာလေးများအား မတောက်တခေါက် ထ,ထရေးတတ်ချင်သေးသော ကျွန်တော့်ဝါသနာနှင့် ကိုက်ညီနေခဲ့သောကြောင့်လား မပြောတတ်။ စကားမစပ်ပြောရမည်ဆိုလျှင် သရော်စာဆိုသည်မှာ ရေးတတ်ပါမှ တန်ကာကျ၏။ တော်၏။ မရေးတတ်လျှင် သရော်စာမှနေ “ကလော်”စာဖြစ်သွားတတ်သည်ဟု ကျွန်တော်ကြားခဲ့ဖူးသည်။ ပြောရမည်ဆိုလျှင် တစ်ဖက်သားအား စော်ကားရာရောက်သွားတတ်သည့် သဘောမျိုးပင် ဖြစ်လိမ့်မည်။ ထားတော့၊ အခု ကျွန်တော် ရေးချင်တာက သရော်စာဋီကာ မဟုတ်။ အကျယ်တ၀င့် ရှင်းပြရလောက်အောင်လည်း ကျွန်တော်က အများကြီး နှံ့စပ်သိရှိသူ မဟုတ်ခဲ့။ ကျွန်တော်ရေးချင်တာက မိတောစာအုပ်လေး၏အကြောင်းသာ ဖြစ်၏။

(ဆက်ဖတ်ရန်…)

June 4, 2013

ရှတတမိတော - Review by Author Shweainsi

 039.jpg

မိတောနှင့် စတင်သိကျွမ်းရသည်မှာဆန်ပိုးများဖြစ်သည်။ ယခင်က မလေး (အိမ့်ချမ်းမြေ့) မိတော ဇာတ်လမ်းများစွာ ကို ရေးခဲ့သည် ဟုဆိုသည်။ သို့သော် ကျွန်မ မဖတ်ဖူးခဲ့။အင်တာနက်ဘလော့ဂ်စာမျက်နှာကို နောက်ကျမှ ရောက်ရှိလာခြင်းကြောင့် ယခင်ရေးနှင့်ကြပြီးသော ဘလော့ဂ်စာများကို မဖတ်ရှုဖူးခဲ့ပေ။ အချိန်ရှားပါးမှုနှင့် မျက်လုံးပြဿနာကြောင့် စာစုံဖတ်ရှုနိုင်ဖို့၊ ရှာဖွေဖို့ခဲယဉ်းနေခဲ့သည်။ ‘မိတောနှင့်ဆန်ပိုးများ’ ကိုဖတ်ရှုမိချိန်တွင် သဘောတကျနှင့် အစမှ အဆုံးတိုင် ပေါ့ပါးရွှင်သာစွာ ဖတ်ရှုဖြစ်သွားသည်။ ဆန်ပိုးများကို တွေ့ရှိကာရှင်းလင်းဖြစ်ရာမှ ၎င်းဆန်ပိုးလေးများအကြောင်း စပ်စပ်စုစုရှာဖွေလေ့လာသည့် အကြောင်းမျှသာ ဖြစ်သော်လည်း ရေးသားပုံသွက်လက် အရွှင်ဓာတ်ပါကာ ခေတ်ကိုပါ မထိတထိသရော်စာလေးများဖြင့် ရိပ်ဖမ်း သံဖမ်းထည့်ရေးသွားသည်။

မိတောခမျာ သူ့ဆန်ပိုးများအကြောင်း ပြောပြရန် ကိုရင်သာအေးကိုလိုက်ရှာနေချိန်တွင် တွေ့မြင်လိုက်ရသောအဖြစ် သနစ်ကိုရေးပြသွားသည်မှာ တစ်ပိုဒ်ထဲနှင့် မျက်မှောက်ခေတ်ကို သိမ်းကြုံးသရော်သွားနိုင်သည်။

‘အင်တာနက်စာမျက်နှာ များပေါ်တွင် မြန်မာပြည်အရေးများဖတ်ပြီး မျက်နှာတည်တည်ကြီးဖြစ်နေသော ကိုရင်သာအေး ကိုလှမ်းမြင် လိုက်သည်။ သူ့မျက်နှာရိပ် မျက်နှာကဲကိုကြည့်ခြင်းဖြင့် မြန်မာပြည်တစ်နေရာရာမှာ မြစ်ရေလျှံပြန်ပြီလား၊ မီးပျက် ပြန်ပြီလား၊ မီးလောင်ပြန်ပြီလား၊ လက်ကိုင်ဖုန်းတွေ ဈေးတက်ပြန်ပြီလား၊ ဆည်တွေဆောက်ကြပြန်ပြီ လား၊ တောင်တွေ ဖြိုပြန်ပြီလား၊ ဘယ်သူက ဘယ်သူ့ကိုနမ်းပြန်ပြီလဲ…တစ်ခုခုတော့ ဖြစ်နေပြန်ပြီကို ရိပ်မိလိုက်ရပြန်သည်။ ဒါကြောင့် ဘာမှ မပြောဝံ့တော့ဘဲ အိမ်ပေါ်သို့ အသာလေးတက်လာလေသည်။’

မိတောရေးသားပုံမှာ အရွှန်းဖောက်နေခြင်းမဟုတ်သော်လည်း သူမ၏ပြုမူလှုပ်ရှားပုံကလေးများ၊ စကားများ၊ ပတ်ဝန်း ကျင်မှ လူများနှင့် ကူးလူးဆက်နွယ်သော အဖြစ်သနစ်များက ပြုံးစရာ၊ ရယ်မောစရာဖြစ်နေသည်။ တစ်နည်း လူ့စရိုက်၊ လူ့ သဘာဝကို အသော့လေး ဖော်ဆောင်နေသည့်နှယ်။ ‘ဆန်ပိုးများ’ ကို ဖတ်ပြီးပြီးချင်း မိတော၏ပုံရိပ်ကို အသေအချာမြင် ယောင်လာမိသည်။ အလားတူ မိတော စာစုများရှိနေသေးကြောင်း သိရှိရချိန်တွင် တစ်ပုဒ်အကြောင်းအရာတစ်မျိုးစီနှင့် လူနေမှုဝန်းကျင်၏ ကမောက် ကမ၊ ခေတ်၏ ယိုင်နဲ့မှုတို့ကို ဖော်ပြသွားလိမ့်မည်ဟု ခန့်မှန်းသိရှိခဲ့သည်။

မိတောစာစုများ စုစည်းထုတ်ဝေမည်ကြားရသောအခါ ၀မ်းသာမိသည်။ မိမိ မဖတ်ရသေးသော မိတောစာစုများကို တစ်စု တစည်းတည်း ဖတ်ရတော့မည်။ သို့သော် တော်တော်နှင့် မိတောက စာအုပ်အဖြစ်ရောက်ရှိမလာ။ စာရေးသူက ဝေးလံ လှသော ကနေဒါနိုင်ငံတွင် အခြေချနေထိုင်ခြင်းကြောင့် စာအုပ်တစ်အုပ်အဖြစ်ပုံဖော်ရန် လွယ်ကူချောမွေ့မှုရှိမည်တော့ မဟုတ်။ ထိုသို့ဖြင့် မေလလယ်ခန့်တွင် ‘မိတောရဲ့ရှတတနေ့စွဲများ’ အဖြစ်စာအုပ်ထွက်ရှိလာလေသည်။

ဦးစွာ စာအုပ်အပြင်အဆင်ကို နှစ်သက်သဘောကျစွာ သတိပြုမိခဲ့သည်။ နံ့သာရောင်ဖျော့ဖျော့နောက်ခံ တွင် ရှေ့မျက်နှာဖုံး ရှိ ကွန်ပြူတာတစ်လုံးနှင့် အလုပ်ရှုပ်နေသော ဆံရစ်ဝိုင်းလေးနှင့် မိတော သရုပ်ဖော်ပုံက ပြုံးမိစေသည်။ မိတော ဘာတွေများ အလုပ်ရှုပ်၊ ဘယ်လိုအရာတွေ ကြုံတွေ့ပြုံးမိစေဦးမည်လဲ..။

(ဆက်ဖတ်ရန်…)

May 22, 2013

အဆင်ချောပါတဲ့ မိတော

029.jpg

မိတောရဲ့ ရှတတနေ့စွဲများအကြောင်းကို ရေးဖို့ကို ရင်ထဲမှာ အပျော်တွေ ထုံမွှန်းနေလို့ ဘယ်ကစရမယ် မသိ ဖြစ်နေပါတယ်။
အစဦးဆုံးပြောရမယ်ဆိုရင်တော့ သက်တံ၁၀စင်း နောက်မှာ ကြော်ငာထားတဲ့ ၀တ္ထုကနေ စရမယ်ထင်ပါတယ်။

(ဆက်ဖတ်ရန်…)

February 3, 2013

ကြယ်စင်ကောက်ကြောင်း - (ရွှေအိမ်စည်)

kyal.jpg

(အစ)

ငြိမ်သက်အိနြေ္ဒရသော နက်ပြာရောင်နောက်ခံတွင် တလက်လက်တောက်ပနေသော ကြယ်ပွင့်ကလေး များကို နှစ်သက်သဘော ကျစွာကြည့်နေမိသည်။ ကျွန်မ သိသော ကြယ်ပွင့်ကလေးတွေ ဘယ်နှစ်ပွင့်ပါသည် လဲ။ တစ်ပွင့်..နှစ်ပွင့်..သုံး လေး ပွင့်….။ အနည်းငယ်မျှသာ။ သို့သော် ထိုကြယ်ပွင့်ကလေးတွေ လက်နှင့် ခပ်ဖွဖွ ထိသပ်မိသည်။ အီလက်ထရောနစ်ဝေ့မှ စာလုံးလေးများ စာရွက်ဖြူလွလွထက် ရောက်ရှိလာခဲ့ပြီ။ လွယ်ကူ သော၊ ချောမွေ့သော၊ ဖြောင့်ဖြူးသော၊ တံတားခင်းသော လမ်းကားမဟုတ်။ သို့သော်..သူတို့ ရောက်ရှိ လာကြ ပြီ။ စာအုပ်ကလေးကသေသေသပ်သပ်၊ ကြယ်ပွင့်ကိုယ်စီ၏ အရိပ်အငွေ့တစ်မျက်နှာစီ။ ၎င်းတို့အနီးသို့ တဖြေး ဖြေးစီ……………..။

(ဆက်ဖတ်ရန်…)

December 23, 2012

ခရေရှင် - ရသစာအုပ်စင်

ဆရာမ မေငြိမ်းတင်ဆက်သော ရသစာအုပ်စင်မှ…
စန္ဒယားလှထွဏ်ရဲ့ “ချစ်တဲ့သူငယ်လေ”နောက်ခံ သီချင်းကလေးနဲ့
ကျမရဲ့….. ‘ခရေရှင်’ ရယ်ပါ။

September 24, 2012

AMKနှင့် “သက်တံဆယ်စင်း” (AMK Creation)

မလေးရဲ့ “အမွေအနှစ်” ဆိုတဲ့ ဆောင်းပါးနဲ့  “ခရေရှင်”ဆိုတဲ့ ၀တ္ထုအသစ်လေးပါတဲ့ ကိုရန်အောင် (ခ) ကိုရေခဲငှက် စီစဉ်သော “သက်တံဆယ်စင်း” ဖြစ်ပေါ်လာရပုံအဆင့်အဆင့်ကို ဆရာညိုရင့်က အခုလို ရေးသားထားပါတယ်ရှင်…။

—–

ကျွန်တော်စာရေးတဲ့အခါ ကလောင်နာမည် “ညိုရင့်”နဲ့ ရေးပါတယ်။ AMK Creationရဲ့ အလုပ်တွေမှာ၊ စာပေနယ်ပယ်မှာ ကျွန်တော့်ဆရာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကို “ မော်ကြီး” လို့ပဲ ရင်းရင်းနှီးနှီး ခေါ်ကြပါတယ်။ ကျွန်တော် စိတ်ကူးပေါက်ရင် စာရေးဖြစ်ပါတယ်။ ကဗျာရေးဖြစ်ပါတယ်။ အချိန်တိုင်းမှာ သေသပ်လှပတဲ့ စာအုပ်လေးတွေ ဖန်တီးဖို့ပဲ ကျွန်တော့်ရဲ့ အတွေးထဲမှာ စီကာစဉ်ကာ ရှိနေတတ်ပါတယ်။

စာပေနယ်ပယ်မှာ နာမည်ဘာမှမရသေးတဲ့ စာပေ၀ါသနာရှင် လူငယ်တစ်ယောက်၊ စာမူကြမ်းလေးတွေ ကိုင်ပြီး ထုတ်ဝေသူဆီ တစ်တိုက်ဝင်တစ်တိုက်ထွက် စာအုပ်ထုတ်ပေးဖို့ လိုက်ရှာ၊ မျှော်လင့်ချက်တွေက ဖျော့တော့တော့လေးတောင် တုန့်ပြန်မရရှိခဲ့။ စိတ်ကူးတွေ ပြိုလဲခဲ့။ အိပ်မက်တွေ ပျောက်ဆုံးခဲ့…။

(ဆက်ဖတ်ရန်…)

April 8, 2011

ခံစားမိသမျှရယ်…တဲ့

ဇာတ်ကောင်မိန်းကလေးဟာ အလွန်ညစ်ပတ်လို့ သူမရဲ့ အတွင်းခံ ထမီဟာ ဘယ်လိုမျိုး ဂျီးအထပ်ထပ်ဖြစ်နေကြောင်း၊ စားပြီးသား နေကြာစေ့အခွံတွေဟာ ဘယ်လိုပေပွပြီး ပုရွက်ဆိတ်တန်းဟာ ဘယ်လိုတန်းစီနေကြောင်း…

♥●••.. ….••●♥

(ဆက်ဖတ်ရန်…)

February 5, 2011

အရိပ်တစ်ခုနှင့် မိန်းမနှစ်ယောက်အကြောင်း

Filed under: my notes, စာအုပ်ခံစားချက် (Book Review), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:51 am

ခပ်လှမ်းလှမ်းက မီးတွေမှိတ်နေတဲ့ အိမ်ကြီးရဲ့ ထောင့်ခန်းက မီးပွင့်လာတတ်တယ်..

(ဆက်ဖတ်ရန်…)

October 26, 2009

စာတစ်စောင်…

Filed under: letters from fans, စာအုပ်ခံစားချက် (Book Review), စာစု — အိမ့်ချမ်းမြေ့ @ 4:40 pm

ကျမရဲ့ လမင်းရှိုက်သံနှင့်ပတ်သက်ပြီး ဝေဖန်အကြံပေးကြသော အီးမေးလ်များ၊ ကော့မန့်များတစ်ခုချင်းစီကို လေးစားတန်ဖိုးထားပါတယ်လို့ ရှေးဦးစွာပြောလိုပါတယ်ရှင်။ ထိုဝေဖန်အကြံပြုချက်တွေထဲမှ အောက်ကစာလေးကို ပိုင်ရှင်၏ခွင့်ပြုချက်ဖြင့် ဝေမျှလိုပါတယ်ရှင်။ စာအုပ်ကို သေသေချာချာ တစ်ပုဒ်ချင်းစီ review လုပ်ထားပုံကို နှစ်သက်လို့ပါ။

မလေး..ရေ..

စာအုပ်ကလေးကို ကျွန်တော်အကုန်ဖတ်ပြီးသွားပါပြီ…။ စာဖတ်သူတစ်ယောက်အနေနဲ့ပြောရရင် စာအုပ်တစ်အုပ်လုံးက စိတ်ကျေနပ်စရာအပြင်အဆင်နဲ့ အရေးအသားတွေရှိပါတယ်ခင်ဗျာ…။ ကျွန် တော့်အမြင်အတိုင်းပြောတာပါ…။ မြှောက်ပင့်တာမပါပါဘူးခင်ဗျာ…။

“ရုံးကမမများ”…(ခေါင်းစဉ်ပြောင်းသွားတယ်နော်…)၊ နီနာ၊ Okanagan လွင်ပြင်ခရီး၊ သဘာဝဘေး အန္တရာယ်နှင့် ကလေးများ၏စိတ်ခံစားချက်၊ ပင်ဂွင်နဲ့ဆော်လမွန်တို့ အိမ်အပြန်၊ နောက် ကနေဒါမှာ အလုပ်ရရန် ဘယ်လိုအမည်မျိုးမှည့်မလဲ…စတဲ့ ဆောင်းပါးခြောက်ပုဒ်ကတော့ သုတပိုင်းတွေလို့ပဲ မြင်မိပါတယ်…။ မလေး..ကြုံတွေ့၊ သိမြင်နေခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို စေတနာနဲ့ ရေးသား ထားတာ တွေ့နိုင်ပါတယ်…။

ကျန်တာတွေကတော့ ရသပိုင်းပေါ့…။ ပြောရမယ်ဆိုရင် အဆွေးဘက်ကိုနည်းနည်းရောက်ပါတယ်။ (၀တ္ထုတွေက မညားတာတွေကိုး…အဟဲ..။)

(ဆက်ဖတ်ရန်…)

June 26, 2009

နွားသီအိုရီ

Filed under: စာအုပ်ခံစားချက် (Book Review) — အိမ့်ချမ်းမြေ့ @ 12:07 pm

ဒီဝတ္ထုက ဧပြီလထုတ် ငွေတာရီမဂ္ဂဇင်းမှာဖော်ပြထားတာဖြစ်ပြီး တွင်းကြီးသားတင်ဝင်းဦး ရဲ့ ၀တ္ထုတို ဖြစ်ပါတယ်ရှင်……

စာဖတ်သူများနဲ့ ဝေမျှချင်လို့ တင်ထားပေးပါတယ်

ကျမ တော့ စိတ်မကောင်းလို့ အကုန်အစင် မဖတ်ပါဘူး……

အစရယ်၊ ___ အလယ်ကို ______ ဟိုကျော်၊ ဒီကျော် နဲ့ .. ..

အဆုံးသတ် ကို ပင့်သက်ရှိုက်ပြီး ဖတ်ခဲ့ရပါတယ်….

အသည်းငယ်သူတွေလည်း ကျမလို ကြိုးစားပြီးဖတ်ကြပါလို့………………………

(ငွေတာရီ ကိုတော့ မေးလ် ပို့ပြီး ကျမ ဆိုက်မှာ ဝေမျှ ထားကြောင်း အသိပေးထားပြီး ဖြစ်ပါတယ်)

March 6, 2009

မြန်မာ့အယ်ဒီတာများ

Filed under: စာအုပ်ခံစားချက် (Book Review), အင်တာဗြူး (Interviews) — အိမ့်ချမ်းမြေ့ @ 12:56 am

interview2.jpgမြန်မာပြည်ကအပြန် အရင်တစ်ခါတွေတုန်းကလိုပဲ ကောင်းနိုးရာရာ စာအုပ်လေးတွေ ၀ယ်ဖြစ်ခဲ့တယ်။ အချို့စာအုပ်တွေက ဖတ်ဖူးပြီးသားပေမယ့်လဲ စာအုပ်စင်မှာ ထားချင်တာနဲ့ ၀ယ်ဖြစ်ခဲ့ပါတယ်။ ကျမ ရန်ကုန်ကိုရောက်နေချိန်မှာ အင်းဝစာအုပ်တိုက်ကလဲ အမျိုးသမီးစာရေးဆရာမများရဲ့ စာအုပ်ရောင်းပွဲ ကျင်းပနေတာနဲ့ ကြုံတော့ အင်းဝ စာအုပ်ဆိုင်ထဲ ၀င်သွားလိုက်တာနဲ့ လူတွေက ကြိတ်ကြိတ်တိုး၊ စာအုပ်တွေကလဲ အမျိုးမျိုးပါပဲ။

ကျမရဲ့ အပြန်ခရီးဆောင်အိတ်ထဲမှာ ဒန်အိုးတွေရယ်၊ ပန်းပုတွေရယ်၊ စာအုပ်တွေရယ်နဲ့ ပြည့်သိပ်နေတော့၊ စာအုပ်တွေကိုတော့ မပိမပြားမခေါက်သွားအောင် အ၀တ်နဲ့ပတ်ပြီး သယ်လာခဲ့တယ်။ ကနေဒါပြန်အရောက် ရာသီဥတုအေးအေးချမ်းချမ်းနဲ့ အိမ်ရှေ့ခန်းမီးပုံဘေးမှာ ၀ယ်လာတဲ့ စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် ဖတ်ကြည့်တဲ့အခါမှာ၊ ကိုယ်ကြိုက်မယ်ထင်ထားတဲ့၊ ကိုယ်အရမ်းမျှော်လင့်ထားတဲ့ စာအုပ်တွေက ထင်သလိုမဟုတ်ဘဲ၊ ကိုယ်လုံးဝ မမျှော်လင့်ထားတဲ့ စာအုပ်လေးတွေက စိတ်ကို လာပြီး ထိတွေ့ပါတယ်။

အပေါ်မှာ ပြထားတဲ့ ကောင်းကျော် (စီးပွားရေးတက္ကသိုလ်) ရဲ့ အယ်ဒီတာများနှင့် တွေ့ဆုံခြင်း ဆိုတဲ့ စာအုပ်လေးကတော့ Ocean Superstore က ၀ယ်လာတာပါ။ ကျပ်ငါးရာလားပဲပေးရပါတယ်။ ငါးဆယ်ဆင့်ပေါ့နော်..။ အဲဒီငါးဆယ်ဆင့်ပဲပေးရတဲ့ စာအုပ်ပါးပါးလေးဟာ ဗဟုသုတတွေအများကြီး ကျမကို ပေးလိုက်လို့ စာဖတ်သူများနဲ့ အနည်းငယ်မျှဝေလိုပါတယ်။ (ဆိုလိုတာ.. အချို့အရာတွေကို ငွေကြေးနဲ့ တန်ဘိုးဖြတ်လို့မရဘူးလို့ ဆိုလိုချင်တာပါ)။

ပထမဦးဆုံး အယ်ဒီတာ ခင်မောင်တိုး (မိုးမိတ်)နဲ့ တွေ့ဆုံခန်းမှာ ဆရာ့ကို စာရေးချင်စိတ်ဖြစ်လာအောင် စေ့ဆော်ခဲ့တာတွေကတော့ မြ၀တီမဂ္ဂဇင်း၊ စာရေးဆရာကြည်မြ နဲ့ တောင်ငူ အလွတ်သင်ဆရာဘ၀ အတွေ့အကြုံတွေက စေ့ဆော်ခဲ့တာလို့ ဆိုပါတယ်။ ဆရာ အသက် ၁၂နှစ်အရွယ်တုန်းက ဖတ်ခဲ့ရတဲ့ မြ၀တီမဂ္ဂဇင်း အတွဲ(၁)၊ အမှတ် (၁)ဟာ ၂ကျပ်ပေးရတယ်လို့ ဆိုပါတယ်။ နောက် ဆရာ့ရဲ့ စာရေးဆရာ ဘ၀အတွေ့အကြုံတွေကို ဆက်ဖတ်ရပါတယ်။ နောက်ဆုံးမှာ ဆရာ့ကို မေးခွန်းတစ်ခု အင်တာဗြူးသူက မေးပါတယ်။ မဂ္ဂဇင်းတွေ ပန်းဝင်ကောင်းအောင် ဘယ်လိုအမှာစကားပြောချင်ပါသလဲတဲ့…။
ဆရာက ဖြေပါတယ်…။

“စာပေစိတ်နဲ့ စာပေလုပ်ငန်းမလုပ်ပါနဲ့။
စာပေစိတ်မရှိဘဲနဲ့ စာပေစီးပွားရေးလုပ်ပါ။
အောင်မြင်ပါလိမ့်မယ်။ ဒါ…… အမှန်ပဲဗျာ။”

(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------