♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

May 28, 2013

လမ်းပြနေသော လူကန်းတို့အကြောင်း

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 10:15 pm

သင်တို့ဟာ…
“ကလေးတွေ ငါ့အနားလာပါစေ…
မဆီးတားကြနှင့်” လို့ ခရစ်တော်က ပြောတဲ့အတွက်…
မည်သူကိုမျှ မဆီးတားရဘူးရယ်လို့…
တွင်တွင် တရားတွေဟောသော်လည်း
ကိုယ့်ကျောင်းဝင်းထဲ ဝင်လိုသူကို
အခါခါ နှင်ထုတ်ကြလေသည် တကား…။

လူဝ၊ လူပိန်၊ အရုပ်ဆိုး၊ အရုပ်လှ၊ အရှည်ကြီး၊ ပုကွ..
အားလုံးကို ချစ်ရပါမည်
အားလုံးကို မျှတစွာဆက်ဆံရပါမည်..
ဟု….
ကလေးများအား တနင်္ဂနွေဘုရားကျောင်းတွင်
တွင်တွင် ဆိုခိုင်းခဲ့သော်လည်း
သင်တို့ကိုယ်တိုင်က အသားရောင်ခွဲခြားတတ်ကြပါတကား…။

(ဆက်ဖတ်ရန်…)

April 17, 2013

ဖွဖွငြင်သာ နမ်းချင်ပါသော..

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 12:43 am

ဟော…
ရှင်.. ပြန်လာတော့မယ်…။

(ဆက်ဖတ်ရန်…)

April 12, 2013

မနက်ဖြန် မိုးလင်းတဲ့အခါ

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 2:25 pm

မနက်ဖြန် မိုးလင်းတဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံးဟာ ဖွေးဖွေးဖြူနေလိမ့်မယ်…
အဲဒီအခါကျရင် မင်းစောင့်နေတဲ့ နေရာလေးကို
လာခဲ့မယ်…..။

တောတွေကိုဖြတ်ပြီး…
တောင်တွေကိုကျော်လို့…
မင်းရှိရာအရပ်ကို လာခဲ့မယ်…
မင်းနဲ့အဝေးကြီးမှာ
မနေနိုင်တော့လို့ကွယ်..။

(ဆက်ဖတ်ရန်…)

April 1, 2013

နွေဦးကိုကြိုတဲ့ ကျမရဲ့ကဗျာ

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 2:27 am

 usoe3.jpgpictureframe.jpgsummerswing.jpg

ဒေစီပန်းရိုင်းတွေ လှိုင်လှိုင်ပွင့်တဲ့
ဟောဟိုက ကွင်းပြင်စိမ်းကြီးထဲ
ငယ်စဉ်ကလေးဘဝတုန်းကလို
ကိုယ်…
ပြေးလွှားကြည့်ခဲ့တယ်…။

အဆုံးအစမဲ့ ကွင်းပြင်ကြီးထဲက
လက်သည်းမဲ့ ပန်းပွင့်တွေဟာ
ပုလဲလုံးတွေ ကြဲပျံ့နေသလို
ရင်ခုန်စရာကောင်းလွန်းလှတယ်…။

crocus.jpg

(ဆက်ဖတ်ရန်…)

February 17, 2013

ခိုင်ထူး၊ ရာပြည့်နဲ့ ကျမရဲ့ ခရေ…

Filed under: သီချင်း (Songs), ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 11:58 pm

ခရေနဲ့…. ရာပြည့်..  (သို့) ပျံသူငှက်ခါးကို လွမ်းနေရတဲ့ ခရေ…

ခရေနဲ့ ခိုင်ထူး… (သို့မဟုတ်) လွမ်းရေးခက်တဲ့ ခရေ

(ဆက်ဖတ်ရန်…)

February 9, 2013

♫ ♥●••·˙မောင်˙·••●♥♫

Filed under: သီချင်း (Songs), ကဗျာ (Poems) — မလေး @ 11:06 pm

February 4, 2013

မရောက်ဖူးပါ

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 11:35 pm

Summit parkview, Sedona, My Garden,
လျှပ်စစ်တွေလွှတ်ထားတဲ့ ခြံစည်းရိုးတွေနောက်က အိမ်အချို့..
အဲလိုနေရာတွေလောက်ရောက်ပြီး
လေယာဉ်ပေါ် ပျံတက်သွားရုံနဲ့
မြန်မာပြည်ကို
မရောက်ဖူးသေးပါဘူး…..။

(ဆက်ဖတ်ရန်…)

စွယ်တော်

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 2:38 am

sweltaw.jpg

အစိမ်းရောင် တောက်တောက်တွေကြားမှာ
ငုံ့လျှိုးမှုန်တေနေတဲ့
အဲဒီ စွယ်တော်ရွက်တွေဟာ
အစိမ်းနုလေပြေကြားမှာ
တိတ်တခိုးလည်း ရယ်သွမ်းသွေးတတ်သေးတယ်…။

ပင်စည်ကို ကုပ်တွယ်လို့
မထီတရီမော့ကြည့်ရင်း
လှိုက်လှိုက်လှဲလှဲပြုံး
မုန်းစရာကောင်းလောက်အောင်လည်း
တီတာတတ်သေးတယ်….။

(ဆက်ဖတ်ရန်…)

January 20, 2013

အိပ်စက်ခြင်း

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 5:53 am

မြစ်ပြင်ဘက်မှ လွန့်လူးပျံ့လွင့်လာသော ရွှံဗွက်နံ့သင်းသော လေပြေအေးတို့သည် လည်းကောင်း၊
သစ်ပင်ရိပ်ကြောင့် နေရောင်မဖြာ အရိပ်ထပ်ထပ်တို့သည် လည်းကောင်း၊
တဒီးဒီးမြည်ဟီး စီးဆင်းသော ဧရာဝတီမြစ်ရေပြင်၏ ရယ်မောသံတို့သည် လည်းကောင်း၊

(ဆက်ဖတ်ရန်…)

January 18, 2013

တစ်ခါထပ်ဆုံတဲ့ ခရေ

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 11:03 am

 tree3.jpg

အရင်အတိုင်းပဲလား ခရေ…..
တွေ့ရတော့မှာမို့
ရင်မှာ တသိမ့်သိမ့်နဲ့ လှိုင်းကလေးလိမ့်သလို…
ကိုယ်.. ရင်ခုန်ခဲ့ရပါတယ်… ခရေ….။

အဖူးတွေဝေလို့
ပွင့်ဖြူလေးတွေကော ကြွေနေမှာလား ခရေ…
လေတိုက်တိုင်း တရှဲရှဲမြည်သံပေးရင်း
ကိုယ်လာရာလမ်းကို
ခမ်းခမ်းနားနားကြီး ကြိုနေမှာလား.. ခရေ…။

လွမ်းနေခဲ့တာပါ ခရေ…..
မင်းပင်စည်မှာ မှီတွယ်လို့
လွမ်းခဲ့ရတာတွေကို အတိုးချ
ငိုပါရစေလား… ခရေ…..။

တွေ့ရတော့မယ်လား ခရေ…။
လမ်းချိုးကလေးကွေ့လိုက်တာနဲ့
ရင်တွေ ကြိတ်လို့
တိတ်တိတ်လေး ခုန်တယ်ကွယ်..
နှုတ်ခမ်းကအပြုံးလေး
ဘယ်တော့မှ…
မဆုံးသွားစေချင်ဘူး ခရေ…။

(ဆက်ဖတ်ရန်…)

October 3, 2012

ဖြေဆေး

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 5:55 pm

အိပ်ချင်နေတဲ့
မျက်လုံးတောက်တောက်လေးတွေနဲ့
ရှည်လျားကော့ညွတ်နေတဲ့
သူ့မျက်တောင်တွေကို ကျမ ချစ်တယ်…။

မွှေးညှင်းလေးတွေ နဲ့
နူးညံ့တဲ့ပါးပြင်ရယ်..
မွှေးပျံ့တဲ့ ဆံနွယ်ကလေးတွေကိုလည်း ကျမ ချစ်တယ်..။

နာကျင်မောပန်းနေတဲ့ ရင်ခွင်ကို
အမောပြေစေတဲ့ …
သူ့မျက်နှာလေးကို ကျမ ချစ်တယ်။

သွေးစိမ်းရှင်ရှင်ကျခဲ့တဲ့ နှလုံးသားကို
ဖြေဆေးပေးတဲ့
သူ့ဆံနွယ်နုနုလေးတွေကို ကျမ ချစ်တယ်။

(ဆက်ဖတ်ရန်…)

September 10, 2012

မြေသင်းနံ့

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 1:14 am

summerrain2.JPG

♫ ♥●••·˙ နွေနှောင်းဆောင်းဦးမိုးက… မြေသင်းနံ့တွေကို… ကြည်နူးဖွယ်ရာ.. တူးဆွတယ်.. ˙·••●♥♫

(ဆက်ဖတ်ရန်…)

August 13, 2012

ယု ယ ရိုး သား စွာ ♥ . . .

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 6:05 pm
သူ့ကို…..
အတ္တတွေကို မြေမြုပ်တဲ့ အထိမ်းအမှတ်နဲ့..

(ဆက်ဖတ်ရန်…)

August 2, 2012

ရိုးရိုးလေး…

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 2:13 pm

 ကော်ဖီတစ်ခွက်
တရှိုက်မက်မက်
သောက်ချင်တယ်…။

♫ ♥●••·˙……˙·••●♥♫

 

(ဆက်ဖတ်ရန်…)

June 2, 2012

ပျော်… ရစ်… ပါ…. လေ..

Filed under: ♥●••.. မောင်….••●♥, ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 3:09 pm

 leaf.jpg

တစ်နေ့ဝေခဲ့တော့လည်း…
တစ်နေ့ကြွေရမှာပေါ့ …..ကွယ်။

˙·••●♥♫♫ ♥●••·˙

(ဆက်ဖတ်ရန်…)

April 3, 2012

အင်ကြင်းတစ်ခိုင်

Filed under: my notes, ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 12:24 am
 cannonball.jpgကြာခဲ့ပါပြီ… ရေးခဲ့တာ…။ ၂၀၀ရ တုန်းကပါ။
စိတ်ထဲမှာ ဒီစာလေး ရောက်နေတာလည်း ကြာပြီ။
ဒီနေ့တော့ ပြန်လည်ဝေမျှမယ်လို့ ရည်ရွယ်ပြီး တင်လိုက်ပါတယ်..။

ရေးတုန်းကတော့ ဟာသ မရေးတတ်ရေးတတ်နဲ့ ရေးလိုက်တာပါ..
ဝေမျှလိုတာကတော့ ကွန့်မင့်က ကဗျာတွေပါပဲ…။
သူတို့ရဲ့ လက်တမ်းကဗျာ ကလောင်စွမ်းကို ကျမ ကိုယ်တိုင်နှစ်သက်မြတ်နိုးလွန်း၍ ပြန်လည်ဝေမျှလိုက်ပါတယ်ရှင်..။
စာစုအဆုံးမှာ တွေ့ရပါလိမ့်မယ်။ အဲဒီတုန်းက ဘလောဂ်ရေးကာစ..ငယ်ကြသေးတဲ့ အရွယ်တွေပေါ့.. (အခုလည်း အချို့ကတော့ ငယ်ပါသေးတယ် :))

(ဆက်ဖတ်ရန်…)

February 5, 2012

နှင်းလ

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 2:00 am

snow-moon.jpg
ကောင်းကင်ကို လည်ပြန်မော့ကြည့်တော့
ညဉ့်အမှောင်ထဲ
ခေါက်တုံ့ခေါက်ပြန်နဲ့
တောက်နေတဲ့ တိမ်တွေ။

ဆောင်းနှင်းစက်တို့ကလည်း
လမင်းကို ခ ယ
တသသ နဲ့
ခပ်ဖွဖွ နမ်းတယ်။

“ငါ မပြုံးတတ်တော့တာ ကြာပြီ” လို့
နှင်းလမင်း က
မြေပြင်ကို ငုံ့ကြည့်ရင်း
ခပ်တင်းတင်းဆိုတယ်။

ရေခဲရိုက်သစ်ရွက်တွေကြား
ငှက်ခါးတစ်ကောင်က နားတယ်။

ခြေရာမဲ့ နှင်းပြင်ကြီး
အထီးကျန် ကြိုးတန်းနဲ့
လမ်းပျောက်နေတဲ့ တောက်တဲ့
ဘ၀ကို ငဲ့ကွက်
လှည့်ကွက်လို ကုတ်တွယ်ထားတယ်။

လမင်းကို မော့ကြည့်တော့
မပြုံးတတ်တော့ပါဘူး ဆိုတဲ့ နှင်းလမင်း က
ဖွဖွလေး ပြုံးနေတယ်
အနားက ကြယ်ကလေးကိုပါ။

အေးခဲနေတဲ့ မြေပြင်ဟာ
ရေခဲရိုက်သစ်ရွက်တစ်ရွက်
ဝန်တိုမှု အပိုင်းအစ
သံဆူးကြိုးပေါ်က စီးမျောတဲ့ လရောင်
လွင်တီးခေါင် အလွမ်းတွေကို
နူးညံ့မှုကင်းစွာနဲ့ပဲ
လက်ဖ၀ါးထဲ ထည့်ချွေလိုက်တယ်။

လှလွန်းတဲ့ နှင်းလ ကို
စိတ်နာနာနဲ့ မော့ကြည့်တော့
မပြုံးတတ်တော့ပါဘူး ဆိုသူ နှင်းလမင်းကြီးကတော့

အနားက ကြယ်ကလေးကို
ကပ်ကပ်ပြီးတော့ …
တဖျတ်ဖျတ်ရယ်ပေါ့ကွယ်…။

အခုလာမယ့် ၂ရက်မှာ ပြည့်မယ့် လ “snow moon” ကို အမှတ်တယ ကဗျာဖွဲ့ကြည့်ပါတယ်ရှင် …
ဓာတ်ပုံကိုတော့ နက္ခတ်ဆိုက်ဒ်တစ်ခုက ရပါတယ်။

P Please consider the environment before printing this page

December 16, 2011

ကွန်ထရာဒစ်ရှင်းများ

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 12:41 am

 candleholder2.jpg

ခွေးဟောင်သံ၊ နှင်းကျသံ
နာရီနှိုးစက်မြည်သံ၊
ရေကျသံ၊ ဆပ်ပြာတုံးပြုတ်ကျသံ၊
ဆံပင်အခြောက်ခံစက်မြည်သံ၊
ဆံပင်မီးပူတိုက်စက်က ရေနွေးငွေ့လွင့်ပျံ့သံ။

ကော်ဖီစက်ပိတ်သံ၊ ရေနွေးငှဲ့သံ၊ ဇွန်းသံ၊
ဒေါက်ဖိနပ်သံ၊ တံခါးအဖွင့်အပိတ်သံ။
ရေခဲပြင်ပေါ်က ဒေါက်ဖိနပ်သံ၊ ကားတံခါးဖွင့်သံ၊
စက်နှိုးသံ၊ သော့တွဲနဲ့ ဒူး ထိသံ။

(ဆက်ဖတ်ရန်…)

July 13, 2011

ချစ်သော ဖခင်…သို့

Filed under: ကဗျာ (Poems) — မလေး @ 8:22 pm

ထူးထူးခြားခြား
သတိရမိတယ် ဖေဖေ…

ဖေဖေမှာခဲ့တယ်..

လူတွေကို ကြင်နာစိတ်ရှိရမယ်…တဲ့..
လူတွေကကော… ပြန်ကြင်နာကြမှာလား..ဖေဖေ။

လူတွေကို နားလည်တတ်ရမယ်..တဲ့..
သူတို့ကကော ပြန်လို့ နားလည်တတ်ကြမှာလား ဖေဖေ။

လူတွေကို သနားတတ်ရမယ်….တဲ့
သူတို့ကကော ပြန်သနားတတ်ကြမှာလား..ဖေဖေ။

လူတွေကို ကူညီတတ်ရမယ်.. တဲ့
သူတို့ကကော ပြန်ကူညီကြမှာလား ဖေဖေ။

လူတွေကို ခွင့်လွှတ်ပေးရမယ်…တဲ့
သူတို့ကကော ခွင့်လွှတ်ကြမှာလား ဖေဖေ။

လူတွေက ပြောသေးတယ်…
မွေးတုန်းကလည်း တစ်ယောက်ထဲ…
သေသွားတော့လည်း တစ်ယောက်ထဲ…တဲ့
သမီးဖြည့်ချင်သေးတာ..
နေနေတုန်းလည်း တစ်ယောက်တည်း ပါပဲ ဖေဖေရယ်…။

တစ်ယောက်တည်းပါပဲ..
သမီးနှလုံးသားကို ဘာသာတူးဆွလို့တောင်
နက်နေတုန်း.. အဆုံးမရောက် တောက်လျှောက်ကြီးပါလား ဖေဖေ။

တစ်ခါတစ်ရံ..
လူအုပ်ကြီးဘေးမှာ
တစ်ယောက်တည်း အထီးကျန်ရပ်ရင်း
ဖေဖေသွားနှင့်တဲ့လမ်း
မျှော်ရည်မှန်းလို့..
လွမ်းတယ် ဖေဖေ……..

သမီး..
သိပ်လွမ်းတယ်..။

ပျော်ရွှင်သော မွေးနေ့ကို ကောင်းကင်ဘုံမှာ ဆင်နွှဲနေပါ ဖေဖေ။

♫ ♥●••·˙~~သက်ဆိုင်တာလေးတွေ~~ ˙·••●♥♫

ကစ္စပနဒီအလွမ်း

April 26, 2011

နှစ်လိုစွာ…

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 7:12 pm

 table5.jpgဘ၀မှာ တစ်ခါလောက်..
တစ်စုံတစ်ရာကို နှစ်နှစ်လိုလို ချစ်ဖူးချင်တယ်…။

အတားအဆီးတွေ..
စည်းမျဉ်းဘောင်တွေ…
ပုံစံခွက်တွေ..
တစ်ညီတစ်ညွတ်ထဲ ခေါင်းငြိမ့်မှုတွေ နဲ့ နာခံမှုတွေ..
နောက်ပြီး…
ဆုံးမ သြ၀ါဒတွေ..

အဲဒါတွေ..အဲဒါတွေရဲ့ ဟိုးအဝေးက
တစ်စုံတစ်ရာကို..
နှစ်နှစ်လိုလို
ကိုယ်..
ချစ်ချင်တယ်..။

(ဆက်ဖတ်ရန်…)

« အရင်စာမျက်နှာသို့အဟောင်းလေးတွေဖတ်ချင်ရင်.. »

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------