♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

May 3, 2012

ပန်းခက် (မတ်တပ်ရပ်နေသူများ)

Filed under: အတွေးအမြင်, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 10:51 pm

conformity1.jpg

“နင်တို့ငါ့ကို လာပြီးတောင်းပန်၊ နောက်တစ်ခါ မဆူညံတော့ပါဘူးလို့ တောင်းပန်ပြီးရင် ထိုင်နိုင်တယ်၊ မဟုတ်ရင်တော့ ဆရာမကြီးလာတဲ့အထိစောင့်”
အတွေးတွေနယ်ချဲ့နေစဉ် မိမိမုန်းအသံက အရှေ့မှ ထွက်လာပြန်၏။

(ဆက်ဖတ်ရန်…)

April 21, 2012

ဝေဖို့… ကြွေ..

Filed under: my notes, အတွေးအမြင်, Vancouver, Canada, စာစု, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 2:58 am

ဒီနေ့ကတော့ သိပ်လှတဲ့နေ့ကလေးပဲ။ နွေဦးမှာပွင့်တဲ့ ချယ်ရီတွေဟာ နွေရာသီအတွက် အရွက်ဝေဖို့ အပွင့်တွေကို စပြီးချွေချနေကြပြီ။ ပင်စည်အောက်ကမြေပြင်ဟာ ချယ်ရီပွင့်ကြွေတွေကြောင့် ပန်းနုရောင်သန်းနေလေတယ်။ ချယ်ရီပင်တန်းလမ်းကလေးဟာဖြင့် ပန်းရောင်လမ်းကလေးဖြစ်လို့နေတယ်။

“ချယ်ရီတွေလည်း ငုံလာခါစ.. ရှိသေးတယ်…. ကံကိုတော့လေ မယုံဝံ့လို့….”

“ကျွိ…..”

ချယ်ရီတွေကို ငေးရင်း နှုတ်ကနေ အလိုလိုထွက်လာတဲ့ သီချင်း၊ နောက် အော်ဆိုရမယ့်နေရာရောက်တော့မှာမို့ အသက်ကိုရှိုက်သွင်းပြီး မုဒ်အပြည့်နဲ့ဆိုမယ်မကြံရသေးခင်မှာ ဘရိတ်ကို အမြန်အုပ်လိုက်ရတယ်။ လမ်းလေးရဲ့ညာဘက်ကို ချိုးအကွေ့၊ ကုန်းပေါ်တက်ရတဲ့ လမ်းကျဉ်းလေးပေါ်မှာ ကားတစ်စင်းနဲ့ မျက်နှာချင်းဆိုင် သွားဆိုင်မိတာ၊ နှုတ်ဖျားက ဆရာထီးတောင် ပြူတင်းပေါက်ကနေ ကသုတ်ကရက်ခုန်ဆင်းလို့ ချယ်ရီပွင့်ကြွေပန်းရောင်လမ်းကလေးပေါ်ကို ထွက်ပြေးလို့ သွားတော့တယ်။

(ဆက်ဖတ်ရန်…)

September 26, 2011

ဘယ်သူ့မှာတာဝန်ရှိလဲ

Filed under: my notes, အတွေးအမြင်, စာစု — အိမ့်ချမ်းမြေ့ @ 5:58 pm

စာဖတ်သူညီအကိုမောင်နှမများ ဒီပုံပြင်လေးကို ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ မကြားဖူးတဲ့ လူတွေအတွက် ရည်မှန်း ဝေမျှလိုက်ပါတယ်။ ကျမ ရဲ့ all time favourite ပုံပြင်လေးပါ။

တစ်ခါက မြို့လေးနှစ်မြို့ရှိတယ်။ အဲဒီမြို့နှစ်မြို့အလယ်မှာ သွယ်ဝိုက်စီးဆင်းနေတဲ့ မြစ်တစ်စင်းရှိတယ်။ အဲဒီမြို့နှစ်မြို့နဲ့ မနီးမဝေးမှာ ထောင် တစ်ခု ရှိတယ်။ ဒါပေမယ့် အဲဒီထောင်ဟာ ထောင်သားတွေတွက် ကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတွေ ကိုပြင်ဆင်ပေးတယ်၊ သက်တောင့်သက်သာရှိတဲ့ အိပ်ရာတွေရှိတယ်၊ စည်းစနစ်လည်းကျတယ်။

အဲဒီ မြစ်ရဲ့ တစ်ဘက်ခြမ်းက မြို့မှာတော “က”နဲ့ “ခ” အတူတူ နေကြတယ်။ “က”ဟာ အရမ်း အလုပ်ကြိုးစားတယ်။ မနက်အစောကြီး မိုးမလင်းခင်ထဲက အိမ်ကထွက်သွားလိုက်တာ ညတော်တော်မိုးချုပ်မှ အိမ်ကို ပြန်လာလေ့ရှိတယ်။ အိမ်ပြန်ရောက်ရင်လဲ အိမ်မှာ အလုပ်ဆက်လုပ်လေ့ ရှိတယ်။ “ခ” နဲ့ စကားစမြည်ပြောဖို့ သိပ်အချိန်မပေးတတ်ဘူး။

မိုးလင်းလို့ “က” အိမ်က ထွက်သွားတာနဲ့ “ခ”က ဇက်စီးပြီး မြစ်ကိုဖြတ်လို့ တစ်ဘက်ကမ်းက သူချစ်တဲ့ “၏”ထံ သွားလေ့ရှိတယ်။ “ခ”နဲ့ “၏” ဟာ တစ်နေ့လုံး အတူတူနေတယ်။ ညနေစောင်းလို့ “က” အိမ်ရောက်ခါနီးမှ “ခ” က အိမ်ကိုအမြန်ပြေးပြီး ထမင်းဟင်းချက်တယ်။ “က”နဲ့ “ခ”ဟာ ညစာကိုလည်း ဘယ်တော့မှ အတူစားလေ့မရှိဘူး။

(ဆက်ဖတ်ရန်…)

March 8, 2011

မိန်းမ၀ါဒီ

Filed under: my notes, အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 5:24 am

မိန်းမတွေဟာ.. ယောင်္ကျားတွေဖန်တီးထားတဲ့ ဘောင်တွေစည်းမျှဉ်းတွေ၊ ဘာသာရေးအယူဝါဒတွေ နဲ့ ကျင့်စဉ်တွေ.. အားလုံးထဲမှာ မွန်းပိတ်အကျဉ်းကျနေကြတယ်။ အဲသလို အကျဉ်းကျနေတဲ့ မိန်းမတွေရဲ့ အပေါ်မှာ feminism ဆိုတဲ့စကားလုံးဟာ အလင်းတန်းတစ်ခုသဖွယ် အမြဲတမ်း လင်းနေဖို့ လိုတယ်… (Robert Fulford)

(ဆက်ဖတ်ရန်…)

February 14, 2011

ရာဇဝင်ထဲက အနမ်း

Filed under: my notes, အတွေးအမြင်, ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 5:07 pm

ချစ်သူများနေနဲ့ ပတ်သက်ပြီး ဖတ်မိတဲ့ အနမ်းအကြောင်း ဝေမျှတာပါ..

ဟိုးတုန်းကဆိုရင်.. လူတွေက နှုတ်ခမ်းချင်းနမ်းတဲ့အနမ်း ကို ရှုံ့ချတတ်ကြတယ်တဲ့။ အထူးသဖြင့် ကဗျာဆရာတွေဟာ ဒီလိုနမ်းကြတာတွေကို ဝေဖန်ပြစ်တင် လှောင်ပြောင်တတ်ကြတယ်တဲ့။ ဘာသာရေးခေါင်းဆောင်တွေကလည်း ကိုယ်ကျင့်တရားနဲ့ပတ်သက်လို့ကော၊ ကျန်းမာရေး ရှုထောင့်ကနေကော.. တားမြစ်ကြတယ်တဲ့။

(ဆက်ဖတ်ရန်…)

January 12, 2011

ပင်ဂွင်းတွေကြားက ဒေါင်းတစ်ကောင် ၂

Filed under: my notes, အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 4:56 pm

ပင်ဂွင်းတွေကြားက ဒေါင်းတစ်ကောင်

အဲသလိုမျိုး မောင်ဒေါင်းညိုဟာ အထက်လူကြီးပင်ဂွင်းတွေရဲ့ ပြောဆိုမှုကို ခံနေရချိန်မှာ.. သူ့လိုပဲ မောင်တင်ဆိုတဲ့ သိန်းငှက်တစ်ကောင်ဟာလည်း နေ့စဉ်နဲ့အမျှ စိတ်ရှုပ်ထွေးနေရတယ်။

မောင်တင်ဟာ ပင်ဂွင်းငှက်တွေရဲ့ နှုတ်ကတေးသွားတွေနဲ့ မတူတဲ့၊ အသံကြောင် အသံကြားနဲ့ အော်တတ်လို့ ပင်ဂွင်းတွေဟာ သူ့ကို အထူးဘီစနက်ကျောင်းကြီးဆီကို ပို့ပြီး၊ ပင်ဂွင်းများကဲ့သို့ အော်တတ်အောင် ရက်ရှည်သင်တန်း တက်ခိုင်းထားလိုက်ကြတယ်။ ဒီလောက်သင်တန်းတွေ ပေးထားတာတောင်မှ ပင်ဂွင်းစည်းဝေးပွဲတွေမှာ သူ့နှုတ်သီးအကြီးကြီးကိုထော်ပြီး အသံကြောင်ကြီးနဲ့ တစ်ချက်တစ်ချက် ထ ဖောက်တတ်သေးတယ်။

အဲဒီသိန်းငှက်လိုပဲ စွန်ရဲမလေး မမြ ဆိုတာကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ မမြကိုလည်း ပင်ဂွင်းတွေက အဖြူနဲ့အနက်ဆုကို ပေးဝတ်ထားတယ်။ စွန်ရဲမလေး မမြ ဟာ စွန်ရဲတို့ သဘာဝအရ လျှင်မြန်တယ်၊ ဖျတ်လတ်သွက်လက်တယ်၊ သတ္တိဗျတ္တိရှိတယ်၊ လုပ်ရဲကိုင်ရဲတယ်။ မမြဟာ သူ့ကိုယ်သူ ပင်ဂွင်းတစ်ကောင်လို ပြုမှုနေထိုင်တတ်အောင် ကြိုးစားနေတာတောင်မှ တစ်ချက်တစ်ချက် စွန်ရဲသဘာဝတွေဖြစ်တဲ့ ချွန်မြနေတဲ့ လက်သည်းခြေသည်းတွေ၊ စူးရှတဲ့ မျက်လုံးတွေ နဲ့ ခပ်စွာစွာ အပြုအမူတွေ ထွက်ထွက်လာတတ်လို့ စီနီယာပင်ဂွင်းကြီးတွေဟာ စိတ်မသက်မသာ ဖြစ်ရတယ်။

အဲဒီမှာ ကိုပုဆိုတဲ့ ငှက်ကျားလေးတစ်ကောင်လည်း ရှိသေးတယ်။ ကိုပု မှာ ဆန်းသစ်တဲ့ အတွေးအခေါ်တွေရှိတယ်၊ မျှော်မှန်း တွေးဆတတ်တယ်၊ ဟိုခုံဒီပျံ မြန်ဆန်သွက်လက်တယ်။ သူ့မှာရှိတဲ့ တီထွင်ဆန်းသစ်မှု အိုင်ဒီယာအသစ်တွေကို ၀မ်းသာအားရနဲ့ စီနီယာပင်ဂွင်းကြီးတွေဆီကို ယူသွားတတ်တယ်။ အဲဒီမှာ သူတို့အချင်းချင်းကလွဲပြီး သူတို့အခန်းတွေထဲကို မဖိတ်ခေါ်ဘဲနဲ့ ဂျူနီယာငှက်တွေ ၀င်ဝင်လာတာကို မကြိုက်တဲ့ စီနီယာပင်ဂွင်းကြီးတွေဟာ၊ အလိုက်မသိဘဲ အတောင်ပံတဖျတ်ဖျတ်နဲ့ ၀င်ဝင်လာတတ်တဲ့ ငှက်ကျားကိုပု ကြောင့် မျက်နှာကြီးတွေ သုန်မှုန်နေတော့တာပေါ့။

ဒီလိုပဲ… လှပတဲ့ ငန်းမကလေး ဖြူဖြူမှာလည်း အကြံစည်သစ်တွေ၊ အစီအစဉ်ကောင်းတွေ ပုံလို့။ ဒါပေမယ့် သူပြောတာကို ဘယ်သူမှ မကြားကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီငန်းမလေးဖြူဖြူဟာ စကားပြောရင် သိမ်သိမ်မွေ့မွေ့နဲ့ တိုးတိုးကလေးပြောတော့ စီနီယာကြီးတွေဟာ သူပြောတာကို ဘယ်လိုလုပ်ကြားကြတော့မလည်း။ အစည်းဝေးတွေထဲမှာလည်း ဖြူဖြူဘာတွေတီးတိုးပြောနေမှန်းမသိတော့ ဘယ်သူကမှလည်း စိတ်ဝင်တစားနားမထောင်တော့ဘူး။ ပြောလို့ကြားကြရင်လည်း ဖြူဖြူ့ အကြံစည်သစ်တွေဟာ အိပ်မက်တစ်ခုလိုပဲ ဘယ်လိုမှ အကောင်ထည်ပေါ်လာမှ မဟုတ်ဘူး ဆိုပြီး၊ ပယ်ချခံရတာချည်းပဲ။ အဲဒီအခါမှ တန်ဘိုးရှိတဲ့ ဖြူဖြူရဲ့ အစီအစဉ်ကောင်းတွေဟာ သဲထဲရေသွန် ဖြစ်ရတာများတယ်။

စီနီယာပင်ဂွင်းကြီးတွေဟာ နယ်မြေသစ်တွေမှာ ငှက်အသစ်တွေကို အရှာထွက်တုန်းက၊ သူတို့သဘောကျတဲ့ ငှက်တွေကို တွေ့တုန်းက၊ သူတို့ဌာနေကို လိုက်ခဲ့ပြီး အလုပ်လုပ်ဖို့ ဖိတ်ခေါ်တုန်းကတော့…

“မင်းတို့ရဲ့ ဆန်းသစ်တဲ့ အတွေးခေါ်တွေကို သဘောကျတယ်”
“လိုက်ခဲ့ကြ”
“အတွေးခေါ် လုပ်ကွက်တွေကို ဖန်တီးခွင့်ပေးမယ်”
“ရာထူးချီးမြှင့်မယ်..”

အဲသလိုတွေ ပြောခဲ့တော့၊ ခန့်အပ်ခြင်းခံရတဲ့ ငှက်တွေကလည်း ၀မ်းသာအားရ လိုက်လိုက်သွားကြတယ်။

ဒါပေမယ့်…

(ဆက်ဖတ်ရန်…)

January 10, 2011

ပင်ဂွင်းတွေကြားက ဒေါင်းတစ်ကောင်

Filed under: my notes, အတွေးအမြင်, ဆောင်းပါး, စာစု, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 5:19 pm

ခုတလော ကိုယ်ရင်ထဲကထွက်သော.. စာလေးတွေ ရေးလို့ မရတဲ့အတူတူ..
ကျမ ဖတ်ဖူးသော..
စိတ်ဝင်စားဖွယ်ကောင်းသော…
ဒီစာစုကလေးကို ….
မြန်မာမှုအနည်းငယ်ပြုပြီး..

ဒီစာအုပ်ကို မဖတ်ဖြစ်သေးသော..
ပြည်တွင်း/ပြည်ပ လုပ်ငန်းခွင်တွေထဲကို ၀င်လာစ လူငယ်တွေများ ဖြစ်သော …
career men/women-to-be များတွက်..
ရည်စူးလို့ ဝေမျှလိုက်ရပါတယ်ရှင်။
(တစ်ကယ်တော့ ဒီထဲက အဖြစ်တွေဟာ… လုပ်ငန်းခွင်တွေမှာသာ မက၊ နေ့စဉ်ကြုံတွေ့နေရတဲ့..  လူမှု/စီးပွား စတဲ့.. မည်သည့်အဖွဲ့အစည်းတွေမှာပါ မဆို ဖြစ်လေ့ရှိတဲ့ အဖြစ်တွေမို့ ဝေမျှလိုက်ရခြင်းပါ)

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

ဟိုးတစ်ခါတုန်းက နယ်မြေတစ်ခုမှ ငှက်မျိုးစုံနေကြတယ်..
ဒါပေမယ့် အဲဒီနယ်မြေကို… ပင်ဂွင်းငှက်တွေ စိုးမိုးနေကြတယ်..
အဲဒီ ပင်ဂွင်းတွေဟာအမြော်အမြင်နဲ့ပြည့်စုံချင်မှလည်း ပြည့်စုံမယ်..
ညက်ညောမှုရှိချင်မှလည်း ရှိမယ်..
အခြားငှက်တွေကလည်း သူတို့ကို နှစ်သက်ချင်မှလည်း နှစ်သက်ကြမယ်

ဒါပေမယ့်…..
သူတို့ဟာ အဲဒီနယ်မြေရဲ့ အကြီးအကဲတွေ ဖြစ်ကြတယ်…။

အဲဒီနယ်မြေထဲကို ၀င်ရောက်လာကြတဲ့ အခြားသော ငှက်မျိုးစုံဟာ..
သူ့တာဝန်နဲ့သက်ဆိုင်တဲ့ ၀တ်ရုံတွေကို ကိုယ်စီ ၀တ်ဆင်ကြရပေမယ့်…
ပင်ဂွင်းတွေလို အကြီးအကဲဖြစ်ချင်တယ်ဆိုရင် ပင်ကွင်းဝတ်စုံကို ၀တ်ဆင်ကြရမှာဖြစ်တယ်..။
ပင်ဂွင်းတွေဟာ အခြားငှက်တွေကို ထရိန်နင်တွေ ပေးတဲ့အခါမှာလည်း ဘယ်လိုပြုမှုနေထိုင်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ.. လုပ်လေ့လုပ်ထရှိတဲ့ ထုံးတမ်းစဉ်လာတွေကိုလည်း သေသေချာချာ သင်ကြားပြသေပေးလေ့ရှိတယ်။

“ငါတို့ဒီနယ်မြေမှာ ဒီလိုမျိုးလုပ်ထုံးလုပ်နည်းတွေရှိတယ်..”
“ငါတို့လိုဖြစ်ချင်ရင် ငါတို့လို နေထိုင်ပြုမှု ပြောဆိုရမယ်..” ဆိုပြီး အခြားငှက်တွေကို စနစ်ကျကျထရိန်နင် အပြင်ဘက်တွေမှာလည်း မသိမသာ ပုံသွင်းပြောဆိုကြတယ်။

အချို့ငှက်တွေဟာ ပင်ဂွင်းတွေလို အကြီးအကဲဖြစ်ချင်တော့ (သိပ်လေ့ကျင့်စရာမလိုဘဲ) ပင်ဂွင်းတွေလို ခြုံလွှာတွေခြုံပြီး သူတို့လို ပင်ဂွင်းသံထွက်အောင် လွယ်လွယ်လေးနဲ့ လုပ်တတ်ကြတယ်။ ပင်ဂွင်းတွေရဲ့ နေရာရာထူးကိုလည်း တက်လာတတ်ကြတယ်။ ဒါပေမယ့် တစ်ကယ့်အချက်အချာ “ကီး” နေရာတွေကိုတော့ ၀င်မလာနိုင်ကြဘူး။

အခြားငှက်တွေအနေနဲ့လည်း ဒီထိပ်တန်းက ခေါင်းဆောင် ပင်ဂွင်းငှက်တွေဟာ….

စည်းစနစ်ရှိတယ်၊ တာဝန်သိတယ်၊ သစ္စာရှိတယ်၊ လူတွေအများကြီးနဲ့လည်း ဆက်ဆံတတ်တယ်..လို့ ယူဆခံရကြတယ်။ သူတို့ဟာ ဒီနယ်မြေရဲ့ အရေးအရာကိစ္စတွေကို မိသားစုအရေးတွေ၊ ကိုယ်ရဲ့စိတ်ခံစားချက်တွေထက် ဦးစားပေးလေ့ရှိတယ် လို့လည်း ယူဆခံရတယ်။ အခြားလက်အောက်ခံငှက်တွေတော့ ကိုယ့်တာဝန်ကို ကိုယ်မသိတဲ့သူ၊ ကိုယ့်လုပ်ရပ်ကိုကိုယ် တာဝန်မယူကြတဲ့ငှက်တွေ လို့ အထင်ခံရတတ်တယ်။

ဒီအကြောင်းတွေကိုတော့ ဘယ်သူမှ ကျယ်ကျယ်လောင်လောင် မပြောကြပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ အကြီးအကဲပင်ဂွင်းတွေဟာ… သူတို့ကို အခြားငှက်တွေက..
တရားမျှတသူတွေ.. ရာထူးမြှင့်ပေးတဲ့အခါတွေမှာလည်း.. တကယ်ကြိုးစားသူတွေ.. တကယ်ကို တော်တဲ့သူတွေကို ရာထူးတိုးမြှင့်ပေးကြသူတွေ….လို့ မြင်စေချင်ကြတယ်။

ရာထူးမြင့်တဲ့ ပင်ဂွင်းအကြီးအကဲတွေဟာ ခုမှ သူတို့နယ်မြေထဲကို ၀င်လာတဲ့ငှက်အချို့ကို သူတို့အတောင်အောက်ကို ဆွဲသွင်းလေ့ရှိကြတယ်။ သူတို့ ဂေါက်ရိုက်တဲ့ အခါတွေမှာ.. လမ်းလျှောက်ထွက်တဲ့အခါတွေမှာ အတွေ့အကြုံနုနယ်တဲ့ ငှက်တွေကို ခေါ်သွားလေ့ရှိကြတယ်။ ကြီးမားခမ်းနားတဲ့ ထမင်းစားခန်းကြီးတွေထဲမှာ သူတို့နဲ့အတူ ထိုင်စေပြီး လက်ရှိဖြစ်နေတဲ့ အားကစားသတင်းတွေဖြစ်တဲ့ ကြက်တောင်၊ ဂေါက်သီး၊ ဘောလုံးအကြောင်းတွေကို မြိန်ရေရှက်ရည်ပြောလေ့ရှိတယ်။

ဒီနယ်မြေထဲမှာ ပင်ဂွင်းတွေဟာ အရေးကြီးဆုံးငှက်တွေဖြစ်တယ်လို့ အခြားငှက်အားလုံးက သိကြတယ်။ ပင်ဂွင်းတွေဟာလည်း သူတို့အချင်းချင်းဆက်ဆံရတာ ပိုပြီး သက်တောင့်သက်တာ ရှိကြတယ်။

အခြားငှက်တွေဟာလည်း ဒီပင်ဂွင်းတွေ သက်တောင့်သက်သာရှိဖို့ နေသာဖို့ ဘယ်လိုပြုမှုနေထိုင်ရမယ်ဆိုတာကိုလည်း သိကြတယ်…။

ဒီလိုနဲ့ ဒီနယ်မြေကြီးဟာ… အဆင်ပြေပြေရှိနေတုန်း ပင်ဂွင်းအကြီးအကဲတွေဟာ သူတို့အင်ပါယာထဲကို ငှက်တွေထပ်ဖြည့်ဖို့ အခြားနယ်မြေတွေဆီကို ငှက်ရှာထွက်ကြတယ်။

အဲဒီနယ်မြေမှာ အရောင်အသွေးစုံလှတဲ့ ငှက်တွေရှိတယ်။ အဲဒီရောင်စုံငှက်တွေရဲ့ ပင်ကိုယ်စွမ်းရည်တွေကို တွေ့လိုက်တဲ့ အခါမှာ ပင်ဂွင်းတွေက အရမ်းသဘောကျသွားတယ်။

“ဒီငှက်တွေဟာ ငါတို့လို ပင်ဂွင်းတွေ တော့ မဟုတ်ဖူး”
“ဒါပေမယ့် တို့လိုဖြစ်အောင် လုပ်လို့ ရနိုင်ပါတယ်”
“သင်ပေးရမှာပေါ့”
“သူတို့ရဲ့ ထူးခြားတဲ့ စွမ်းဆောင်မှုတွေကြောင့် တို့တွေရဲ့ နယ်မြေကြီးဟာ ပိုမိုအောင်မြင်လာနိုင်တယ်”
“တို့တွေရဲ့ နယ်မြေဟာ အရမ်းအေးတယ်၊ တစ်နှစ်လုံးလည်း ရေခဲတွေကို ဖုံးလို့၊ ရာသီဥတု၊ ဓလေ့ထုံးတမ်းတွေက မတူ၊ ဒီငှက်တွေ နေနိုင်ပါ့မလား”
“ငါတို့တောင် ဒါတွေကို အောင်မြင်ကျော်လွှားလာတာပဲ။ ဥာဏ်ရည်ရှိတဲ့ ဒီငှက်တွေလည်း ကျော်လွှားအောင်မြင်မှာပါ”

အဲသလို.. အချင်းချင်း ပြောကြတယ်။

ဒီလိုနဲ့ ဒီပင်ဂွင်းနယ်မြေထဲကို ရောက်ရှိလာတဲ့ ငှက်တွေထဲမှာ ငှက်တစ်ကောင်လည်း ပါခဲ့ပါတော့တယ်။

တစ်ကယ်တော့…

အဲဒီငှက်ဟာ ပင်ဂွင်းတစ်ကောင်တော့ မဟုတ်ဘူး။ သူဟာ ပင်ဂွင်းတွေလို အဖြူနဲ့အနက် မဟုတ်တဲ့၊ အရောင်အသွေးစုံပြီး အလွန်ဆူညံတဲ့ ဒေါင်းတစ်ကောင်ပဲ ဖြစ်ပါတယ်။

သူ့နာမယ်ကတော့ မောင်ဒေါင်းညို… တဲ့။

(ဆက်ဖတ်ရန်…)

August 21, 2010

မြန်မာ့စတိုင်ဂျာနယ် အတွဲ ၁၊ အမှတ်စဉ် ၃

မလေးရှားမှာ ထုတ်ဝေသော မြန်မာဂျာနယ်တစ်ခုဖြစ်တဲ့ မြန်မာ့စတိုင်ဟာ ခုဆိုရင် အမှတ်စဉ် ၃ အထိရောက်လာပြီဖြစ်ပါတယ်။
စာပေမြတ်နိုးတဲ့ စိတ်နဲ့ ဒီဂျာနယ်ဖြစ်မြောက်ရေးတွက် အခက်ခဲတွေ အမျိုးမျိုးကြားက ကြိုးပမ်းလာကြတာ.. လိုအပ်တာလေးတွေကို ပိုမိုကောင်းမွန်အောင်…
နောက်ပြီး…. မြန်မာ့စတိုင်ဆိုတဲ့ အမည်နဲ့လည်းလိုက်အောင် နောင်လာမယ့် လ တွေမှ စပြီး…. ထိန်းသိမ်းသွားမယ်လို့ စီစဉ်သူများက ဆိုပါတယ်လို့… စကားပါးလိုက်ပါတယ်ရှင်..။

April 8, 2009

ပုလင်းတစ်လုံးနှင့် ဘီယာနှစ်ဗူး

Filed under: အတွေးအမြင် — အိမ့်ချမ်းမြေ့ @ 11:04 pm

စာသင်ခန်းတစ်ခုရဲ့ရှေ့မှာ ပရော်ဖက်ဆာတစ်ယောက်က ဖန်ပုလင်းအလွတ်ကြီးတစ်လုံးနဲ့ရပ်နေတယ်။ ပြီးတော့ အဲဒီဖန်ပုလင်းကြီးထဲကို စားပွဲပေါ်က ဂေါက်သီးလုံးတွေတစ်လုံးပြီးတစ်လုံးနဲ့ ပြည့်အောင်ဖြည့်လိုက်တယ်။ ပြီးတော့ ကျောင်းသားတွေကို ဖန်ပုလင်းက ပြည့်သွားပြီလားလို့မေးတယ်။ ကျောင်းသားတွေက ပြည့်သွားပြီလို့ ဖြေကြတယ်။

ပရော်ဖက်ဆာက ကျောက်စရစ်ခဲဗူးလေးတစ်ဗူးကို ကောက်ယူလိုက်ပြီး ခုနကဂေါက်သီးတွေနဲ့ပြည့်နေတဲ့ ဖန်ပုလင်းထဲကို ကျောက်စရစ်ခဲလေးတွေ လောင်းချလိုက်တယ်။ ကျောက်စရစ်ခဲတွေက လွတ်နေတဲ့ နေရာတွေမှာ နေရာယူသွားကြတယ်။ ပရော်ဖက်ဆာက ကျောင်းသားတွေကို ဖန်ပုလင်းကပြည့်သွားပြီလားလို့ ထပ်မေးတယ်။ ကျောင်းသားတွေကလည်း ပြည့်သွားပြီလို့ ထပ်ဖြေကြတယ်။

ပရော်ဖက်ဆာက သူ့ခုံပေါ်ကသဲဗူးလေးကို ကောက်ယူလိုက်ပြီး ဂေါက်သီးတွေရယ်၊ ကျောက်စရစ်ခဲတွေရယ်နဲ့ပြည့်နေတဲ့ ပုလင်းထဲကို သဲတွေလောင်းထည့်လိုက်ပြန်တယ်။ သဲတွေက နေရာလွတ်တွေရှိသမျှမှာ တိုးဝင်သွားကြတယ်။ ပရော်ဖက်ဆာက ကျောင်းသားတွေကို ဖန်ပုလင်းက ပြည့်သွားပြီလားလို့ ထပ်မေးတယ်။ ကျောင်းသားတွေကလည်း ပြည့်သွားပြီလို့ ထပ်ဖြေကြတယ်။

(ဆက်ဖတ်ရန်…)

January 23, 2009

နှုတ်နှင့်လက်

Filed under: အတွေးအမြင် — အိမ့်ချမ်းမြေ့ @ 1:01 pm

Hegelianism (all reality is capable of being expressed in rational categories)
Yield to fundamental attribution error
Psychological projection
Omissions
Common fallacy
Reluctant warriors
Innate characteristics
Self-deception
Yield to prejudices

« အရင်စာမျက်နှာသို့

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------