♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

March 6, 2016

ကိုယ်နှင့်ကိုယ်သာ ယှဉ်ပြိုင်ရာ

Filed under: အတွေးအမြင်, ဆောင်းပါး, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 10:08 am

  me.jpg

ဒီမှာက အစိုးရ ကျောင်းတွေမှာ ကျမတို့ငယ်စဉ်ကလို ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ချီးမြင့်တဲ့ ပညာရည်ချွန်ဆုပေးပွဲတွေ မရှိပါဘူး။
ကြုံလို့ပြောရမယ်ဆိုရင်.. ဆရာကန်တော့ပွဲတွေလည်း မရှိပါဘူး (မရှိရဘူး မဆိုလိုပါဘူး။ သူ့တိုင်းပြည်နဲ့သူ ရှိသင့်ပါတယ်။ မရှိကြောင်းသာ ပြောပြခြင်းပါ.. အဖွားတွေ အဒေါ်ရင်းတွေကိုယ်တိုင် ဆရာမများ၊ ကျောင်းအုပ်များဖြစ်ပါတယ်)
အတန်းတွေထဲမှာလည်း အတော်ဆုံးဆိုတာ မရှိသလို အညံ့ဆုံးဆိုတာလည်း မရှိပါဘူး။ ဘာသာရပ်တစ်ခုချင်းစီမှာ Grade A, B, C စသည်ပဲ ခွဲပါတယ်။ ကိုယ်က သခ်ျာမှာ A ရသော်လည်း Health မှာ C ရချင်ရမယ်။ ကိုယ့်သူငယ်ချင်းဖြစ်သူက သခ်ျာမှာ B ရသော်လည်း သိပ္ပံမှာ A ရချင်ရမယ်။

ရီပို့ကဒ်ပေးရင်လည်း စာအိတ်လေးကိုယ်စီနဲ့ ပေးပါတယ်။ သူငယ်ချင်းတွေကြားထဲ A တွေချည်းပဲရသလား၊ B ဘယ်နှစ်ခုလည်း C ဘယ်နှစ်ခုလည်း အချင်းချင်း တိုးတိုးတိတ်တိတ် ရှဲချင်ရှဲကြပေမယ့်၊ အတန်းထဲမှာကတော့ ဘယ်သူအတော်ဆုံးဆိုတာ မရှိပါဘူး။
ရှိခဲ့ရင်တောင် ဆရာ/ဆရာမတွေမှာ ကလေးတွေ စိတ်ကြီးဝင်အောင် သို့မဟုတ် စိတ်အားငယ်အောင် ပြုမူပြောဆိုခြင်း မရှိ/မရှိရပါဘူး။

အတန်းသားအချင်းချင်း သူတစ်လူငါတစ်မင်း စာပြိုင်တာ မရှိတော့ပါဘူး။ ပြိုင်မယ့်ပြိုင် ကိုယ့်ပေပါနဲ့ကိုယ်ပြိုင် ရတာဖြစ်ပါတယ်။ ကိုယ့်တီထွင်နိုင်တဲ့ ဥာဏ်နဲ့ကိုယ် ပြိုင်ရတာ ဖြစ်ပါတယ်။ ကိုယ်နဲ့ကိုယ်သာ ပြိုင်ခြင်း ဖြစ်သွားပါပြီ။

(ဆက်ဖတ်ရန်…)

September 22, 2015

စတော်ဘယ်ရီပင်အောက် နှင်းဆီသီးစားသုံးသူများ

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:39 pm

st3.jpg 

စာရေးသူလည်း စတော်ဘယ်ရီပင်အောက်က စာရေးဆရာမကိစ္စ စိတ်စွဲနေလို့၊ အိပ်မက်ထဲထိတောင် ထည့်မက်မိတယ်။ နောက်ရက်မှာတော့ စတော်ဘယ်ရီပင်ရိပ်ကိစ္စနဲ့ပတ်သက်ပြီး သတင်းရလာတာက အဲဒီစတော်ဘယ်ရီပင်ရိပ်ဟာ အထင်ကရ ဆရာကြီးတစ်ဦးရဲ့ ဝတ္ထုတစ်ပုဒ်ထဲကလို့ ကြားသိလာရပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာပြည်မှာ စတော်ဘယ်ရီပင်ကြီး မရှိနိုင်ဘူးဆိုတဲ့ အဆိုတွေကိုလည်း ကြားနေရတော့ အဲဒီကိစ္စကို ပိုလို့စိတ်ဝင်စားလာမိပြန်တယ်။
စာရေးသူလည်း စတော်ဘယ်ရီပင်အကြောင်း ဆရာကြီးဘယ်လိုများရေးထားသလဲ သိချင်ဇောနဲ့ သူရေးခဲ့တဲ့ ဂန္တဝင်ဝတ္ထု ကြီးကို ကျည်ဆန်ရထားထက်မြန်တဲ့နှုန်းနဲ့ ဖတ်ပါတော့တယ်။ ဟုတ်ကဲ့ စာရေးသူ စကားခံထားတဲ့အတိုင်း အလုပ်တစ်ဘက်နဲ့မို့ ကျည်ဆန်ရထားထက်မြန်တဲ့နှုန်းနဲ့ တစ်ပုဒ်ထဲတောင် မဟုတ်၊ နှစ်ပုဒ်၊ တစ်ပုဒ်ကို နှစ်ခေါက်စီ ဖတ်ပစ်လိုက်တာ၊ စတော်ဘယ်ရီပင်မပြောနဲ့ စတော်ဘယ်ရီစေ့နဲ့တူတာတောင် မတွေ့ခဲ့ရပါဘူး။

စာရေးသူဖတ်လိုက်တဲ့ ဝတ္ထုတွေကတော့ `မေ ´.. နဲ့ .. `မြိုင်´… ပါ။
‘မေ’ ဝတ္ထုဟာဖြင့် ရန်ကုန် နဲ့ ပဲခူးမြို့များမှာ အခြေခံလို့ စတော်ဘယ်ရီပင်နဲ့ အလှမ်းဝေးနေသေးတယ်လို့မှတ်ပြီး အားလျော့မိတယ်။ ‘မြိုင်’ ကတော့ လားရှိုးတစ်ဝိုက်မှာ ဇာတ်လမ်းအခြေတည်လို့ စတော်ဘယ်ရီနဲ့ နီးစပ်လာသလိုရှိပေမယ့်လည်း ဝတ္ထုထဲက ဇာတ်ကောင်တွေဟာ စတော်ဘယ်ရီသစ်ပင်အောက် ချိန်းတွေ့စရာမလိုအောင် ခေတ်ရှေ့ပြေးလို့ မြန်မာဂန္တဝင်အချစ်ဝတ္ထုတွေ များများစားစားသိပ်မဖတ်ဖူးတဲ့ စာရေးသူမှာ အနည်းငယ်ရှက်သလိုလို ဘာလိုလို ဖြစ်ရပေမယ့်လည်း ဆရာကြီးရဲ့ စာတွေဟာ ဆွဲဆောင်မှုရှိလွန်းလှတာကို စိတ်ထဲကကြိတ်ပြီး ချီးကျူးလိုက်မိမလိုဖြစ်သွားသေးတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်လိုစာရေးသူတစ်ဦးက ဆရာကြီးလို စာရေးသူတစ်ဦးကို ချီးကျူးသင့်မသင့် ယဉ်ကျေးမှုအစဉ်လာတွေကြား တွေ ကနဲ.. တစ်ချက်ဖြစ်သွားလိုက်သေးသည်။

(ဆက်ဖတ်ရန်…)

September 9, 2015

ကျမ မသိသော..စတော်ဘယ်ရီပင်အောက်က စာရေးဆရာမသို့

Filed under: အတွေးအမြင်, စာစု — အိမ့်ချမ်းမြေ့ @ 3:35 pm

စာရေးသူက ငယ်စဉ်ကတည်းက သရက်သီးလောက်ပဲ ကြိုက်တော့ စတော်ဘယ်ရီသီးကို ဂရုမစိုက်မိခဲ့ဘူး။ စတော်ဘယ်ရီချယ်ရီ သီချင်း မူရင်း Summer Wine ကိုတော့ ဖေဖေနဲ့မေမေက ဖွင့်ရင်တော့ ကြုံလို့နားထောင်ဖူးတယ်။ ဒါပေမယ့် စတော်ဘယ်ရီချယ်ရီရောရင် အတော်အတန် ဘာဖြစ်တယ်ဆိုလည်း … အဲဒီသီချင်းကို ခံစားလို့ မရခဲ့ဘူး။

ရန်ကုန်က အချို့သူငယ်ချင်းယောင်္ကျားလေးတွေကိုယ်တိုင်ကလည်း ချယ်ရီသီးဆိုတာတောင် ကောင်းကောင်းမမြင်ဘူးခဲ့တော့ စတော်ဘယ်ရီချယ်ရီဆိုတာ ကာရန်မိအောင် ရောချပြီး စိတ်ကူးယဉ် သီချင်းလုပ်ရေးထားတာ၊ စတော်ဘယ်ရီနဲ့ ချယ်ရီကို ရောပြီး အရည်သောက်လုပ်လို့ မရဘူးတောင် လက်သီးလက်မောင်းတန်း အာဘောင်အာရင်းသန်သန်နဲ့ကို ဆိုခဲ့ကြသေးတာ။

ဒီလိုနဲ့ စတော်ဘယ်ရီတွေ၊ ချယ်ရီတွေ အပြုံလိုက်ပေါက်တဲ့ တိုင်းပြည်ကို ရောက်လာတယ်ဆိုပါတော့။ စာရေးသူအရင်အိမ်ရဲ့ခြံနောက်မှာတင် စတော်ဘယ်ရီပင်တွေ၊ ချယ်ရီပင်တွေ အစုလိုက်အပြုံလိုက်။ မြေသြဇာကလည်း လွှတ်ကောင်းတော့ စတော်ဘယ်ရီပင်တွေဆိုတာ အမြစ်ကလေးကျတာနဲ့ အတန်းလိုက်ကို ပေါက်တော့တာ။ မနိုင်နိုင်အောင်ပဲ။

ဒီလိုနဲ့ တစ်နေ့မှာ အိမ်နောက်က စတော်ဘယ်ရီခင်းထဲမှာ စတော်ဘယ်ရီပင်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲလေးတစ်ခုကို နားစွန်နားဖျားကြားလိုက်တယ်။ စတော်ဘယ်ရီပင်အောက်မှာ စာရေးဆရာမတစ်ယောက်က ထိုင်တယ်ဆိုလား။ စတော်ဘယ်ရီပင်ဆိုတာက ပုပုသေးသေးလေးကို ဘယ်လိုထိုင်မှာလဲ၊ အဲဒီအချစ်ဝတ္ထုရေးတဲ့ စာရေးဆရာမက မဟုတ်တာတွေရေးသလားမသိဆိုတဲ့ အကြောင်းပြောနေတာကို နားစွန်နားဖျား ကြားလိုက်တာပါ။

စာရေးသူကလည်း ပြောရမယ်ဆိုရင် အချစ်ဝတ္ထုကို သိပ်ဖတ်ဖူးခဲ့သူ မဟုတ်ဘူးဆိုတော့ စတော်ဘယ်ရီပင်အောက်က ခုံမှာထိုင်တယ်လို့ ရေးတဲ့ စာရေးဆရာမကို ယခုထိ ဘယ်သူမှန်းမသိသလို၊ ဘယ်ဝတ္ထုမှန်းလည်း မသိဘူး။

(ဆက်ဖတ်ရန်…)

May 18, 2015

~~ဒဏ္ဍာရီတွေထဲက သူရဲကောင်းလင်းယုန်~~

Filed under: my notes, အတွေးအမြင် — အိမ့်ချမ်းမြေ့ @ 12:49 am

 eagle.jpg

(Bald eagles) တွေနဲ့ပတ်သက်ပြီး အကြောင်းလေးတစ်ခုကို ဖတ်ဖူးနေခဲ့တာ ကြာပါပြီ။ ဒီစာကို မြန်မာတွေထဲမှာလည်း ဘာသာပြန်ပြီး ဖြန့်ဝေကြတာလည်း ဖတ်ဖူးခဲ့တယ်။ မြန်မာတွေထဲမှာတော့ သိမ်းငှက်လို့ ဆိုထားကြတယ်။ လက်လှမ်းမှီသလောက် သိမ်းငှက်က hawk ဖြစ်ပြီး၊ လင်းယုန် က eagle ဖြစ်တယ်။ မြန်မာတွေဘာသာပြန်တဲ့ အချို့စာတွေမှာ အဲဒီအကြောင်းကိုရေးရာမှာ သိမ်းငှက် လို့ သုံးထားပြီး အချို့စာတွေမှာ လင်းယုန်လို့ သုံးထားတယ်။ သိမ်းငှက်နဲ့ လင်းယုန်ဟာ ဆိုက်ခြင်းလည်း မတူ၊ ဓလေ့တွေလည်းမတူတော့ မှားမှာစိုးလို့ ‘Bald eagles’ ကို ဒီစာမှာ ‘လင်းယုန်’ လို့ပဲ သုံးခွင့်ပြုပါ။

လင်းယုန်တွေဟာ နှစ်ပေါင်း ရ၀လောက်အသက်ရှင်ကြပေမယ့် အသက် ၄၀လောက်မှာ ဘဝရဲ့အပြောင်းအလဲကို လုပ်ကြတယ်ဆိုတယ်။ နှုတ်သီးကိုချိုး၊ အတောင်တွေကို နှုတ်ပစ်ပြီး အသစ်ပြန်ပေါက်တဲ့အထိ စိတ်ရှည်ရှည်စောင့်ကြတယ်လို့ ပြောကြတယ်။ အဲသလို နှုတ်သီးနဲ့အတောင် ပြန်ပေါက်ဖို့ကို ငါးလလောက်စောင့်ကြရတယ်။ စောင့်ပြီးတဲ့အခါမှာတော့ အသက် ၇၀ထိ ပျော်ရွှင်စွာနေထိုင်ကြလေသတည်းဆိုတဲ့ စာတွေကို အင်္ဂလိပ်လိုကော မြန်မာလိုဘာသာပြန်တွေပါ ဖတ်ရတယ်။

အမေရိကန်တွေ (အနောက်နိုင်ငံသားအများစု) ကလည်း အသက် ၄၀ မှာ ဘဝစတယ်ဆိုပြီးတော့လည်း သူတို့ကိုယ်သူတို့ ဆိုကြတယ်။ အဲဒါကလည်း ဟုတ်သင့်သလောက်ဟုတ်တယ်။ ဘဝက ပညာ၊ ငွေ၊ ကြင်ရာ၊ ဥစ္စာ၊ သားသမီး စသည်က အဲဒီအရွယ်လောက်မှာ အတော်အတန့်စုံလင်လာကြတာကိုး။ အဲဒီတော့ သူတို့ဘဝနဲ့ လင်းယုန်ဘဝကိုလည်း တန်းညှိပြီး ခံစားရတာကလည်း ကျေနပ်စရာတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ကိုယ့်အနေနဲ့ကတော့ ဒီပုံပြင်ကို စဖတ်ရကြားရကတည်းက စိတ်ထဲက မတင်မကျ ခံစားရတယ်။
ဒီလိုနဲ့ လင်းယုန်တွေကို လိုက်ချောင်းလာတတ်ခဲ့တယ်ဆိုပါတော့။

(ဆက်ဖတ်ရန်…)

April 22, 2015

ကွဲအက်ခြင်းရဲ့ အလှတရား

Filed under: my notes, အတွေးအမြင်, စာစု — အိမ့်ချမ်းမြေ့ @ 11:59 pm

 broken-heart.jpgဟိုတစ်နေ့က မီးလင်းဖိုအပေါ်ကတန်းကလေးကို  ကျမ ဖုန်သုတ်နေရင်းနဲ့ တန်းပေါ်မှာ အလှတင်ထားတဲ့ sake အိုးလေးကို လက်နဲ့တိုက်မိပြီး sake အိုးလေး ကျကွဲသွားခဲ့တယ်။ အဲဒီ အိုးလေးက ကျမ ဂျပန်သွားတုန်းက အမှတ်တယ ဝယ်လာခဲ့တာ။ ကျမက အဲဒီ sake အိုးအနက်လေးကို သိပ်ချစ်တာ။ အနက်ရောင်ပေါ်မှာ ရွှေရောင်ပန်းခက်လေးတွေနဲ့ သိပ်အနုပညာဆန်တဲ့ sake အိုးလေးဟာ အရက် မသောက်တတ်တဲ့ ကျမအတွက်တော့ အိမ်ရှေ့က မီးလင်းဖိုအပေါ်က တန်းဖြူဖြူလေးပေါ်မှာ အလှပြပစ္စည်းလေးပေါ့။

အခုတော့….. မထင်မှတ်ဘဲ မီးလင်းဖိုရှေ့က ကျောက်ပြားပေါ်ကို ပြုတ်ကျလို့ ကွဲအက်သွားခဲ့ရပြီ။

~~~~~~~

ဟိုးရှေးရှေးတုန်းက… Ashikaga Yoshimasa ဆိုတဲ့ ရှိုးဂန်းတစ်ဦးက သူနှစ်သက်လွန်းတဲ့ ကြွေပန်းကန်တစ်ချပ်ကို တရုတ်ပြည်ကနေ ဝယ်လာခဲ့တယ်။ သူဝယ်လာတဲ့ ကြွေပန်းကန်လေးဟာ တစ်နေ့မှာ ကျကွဲသွားခဲ့တယ်။ သူဟာ ကွဲအက်သွားတဲ့ ကြွေပန်းကန်ကို မပစ်ရက်လို့ တရုတ်ပြည်အထိပြန်ပို့ပြီး ပညာရှင်တွေကို ပြန်ဆက်ခိုင်းခဲ့တယ်။ တရုတ်ပြည်က ကြွေပညာရှင်တွေက ပန်းကန်ကိုပြန်ဆက်ပြီး ရှိုဂန်းကြီးဆီ ပြန်ပို့လိုက်တယ်။ ပြန်ရောက်လာတဲ့ ကြွေပန်းကန်ကိုကြည့်လိုက်တော့ အကျည်းတန်တဲ့နန်းကြိုးတွေနဲ့ ပြန်ဆက်ထားတာ တွေ့လိုက်ရတယ်။ အဲဒီအတွက် ရှိုးဂန်းကြီးက တော်တော်လေး စိတ်မကျေမနပ်ဖြစ်ခဲ့ရတယ်တဲ့။ အဲဒီအဖြစ်ကိုသိလိုက်ရတဲ့အခါ.. ဂျပန်ပြည်က အိုးခွက်ပညာရှင်တွေဟာ အက်ကွဲသွားတဲ့ ကြွေပန်းကန်တွေကို လှပစွာ ပြန်ဆက်နိုင်တဲ့ အနုပညာ/ အတတ်ပညာတစ်ခုကို ရှာဖွေခဲ့ကြတယ်။
အဲဒီမှာ ဂျပန်လူမျိုးတွေရဲ့ Kintsugi လို့ခေါ်တဲ့ အိုးခွက်အနုပညာတစ်ခုဟာ ပေါ်ပေါက်လာခဲ့ရတယ်…။

(ဆက်ဖတ်ရန်…)

August 31, 2014

‘ငါဟဲ့ စာရေးဆရာ/မ’

Filed under: အတွေးအမြင်, စာစု — အိမ့်ချမ်းမြေ့ @ 11:20 pm

arrogant-frog.gif

သေချာတာကတော့ စာတွေရေးနေကြလို့ ကျမတို့က စာရေးသူများပါ။

အခုနောက်ပိုင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ စာမူတွေပါလာသည့်တိုင် ကိုယ့်ကိုကိုယ်တွေလည်း စာရေးဆရာ/ဆရာမ များလို့ မသတ်မှတ်ပါဘူး။
(ကျမတော့ ကိုယ့်ကိုကိုယ် မသတ်မှတ်ဘူး၊ ဒါ ကိုယ်သတ်မှတ်လို့ရတဲ့ အရာလည်း မဟုတ်ဘူး၊ အသိုင်းဝိုင်းတစ်ခုက သတ်မှတ်လို့ ရတဲ့ အရာလည်း မဟုတ်ဘူး။ စာဖတ်သူတွေက သတ်မှတ်မယ့် အရာလို့ပဲ ကျမ မြင်ပါတယ်)

ကျော်ကြားချင်လို့လည်း စာရေးတာမဟုတ်သလို၊ ဆုတွေရဖို့လည်း စာရေးတာ မဟုတ်ဘူး၊ လူတွေ ချီးမွမ်းတာကို ခံယူ ကျေနပ်ချင်လွန်းလို့လည်း စာတွေရေးတာ မဟုတ်ဘူး။ အထူးသဖြင့် အွန်လိုင်းမှာက ချီးမွမ်းခံရတာ နည်းနည်း၊ တစ်ချက်မှားရင် ပြောခံထိမှာက များများပါ။ လွတ်လပ်ပွင့်လင်းတဲ့ .. အသိုင်းဝိုင်းတစ်ခုပါ။ ဒါကြောင့် သတ္တိရှိဖို့လည်း လိုအပ်သလို၊ ကိုယ့်ဘက်က အမှားနည်းဖို့လည်းလိုတယ်။

(ဆက်ဖတ်ရန်…)

June 25, 2014

My Publication List

ရေးဖူးသမျှ…. မှတ်မိသမျှ….

(က) ထုတ်ဝေ စာအုပ်ခေါင်းစဉ်၊ ထုတ်ဝေသူ၊ ထုတ်ဝေသည့် ခုနှစ်နှင့် စာပေအမျိုးအစား

၁) လမင်းရှိုက်သံ၊ ဗိုလ်မှူးကြီးကျော်ကျော်ဦး (မြဝတီပုံနှိပ်တိုက်)၊ ၂၀၀၉၊ ရသဝတ္ထုတိုများ (တစ်ကိုယ်တော်
၂) သက်တံဆယ်စင်း၊ နေမျိုးစာပဒေသာ (AMK Creation) ၂၀၁၂၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၃) မိုင်တိုင်နှစ်ဆယ်၊ နေမျိုးစာပဒေသာ AMK Creation) ၂၀၁၃၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၎) ကြယ်စင်ဆယ့်တစ်၊ ဦးမျိုးဆင့်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၅) မိတောရဲ့ ရှတတနေ့စွဲများ၊ (AMK Creation) ၂၀၁၃၊ သရော်စာ (တစ်ကိုယ်တော်)
၆) အဖြူရောင်နှလုံးသားများဆုံမှတ်၊ မိုးစာပေ၊ ၂၀၁၃၊ ဝတ္ထုတိုများ (ကလောင်စုံ)
၇) စကားဝါပန်းတို့ရဲ့ ဒိုင်ယာရီ၊ ဦးနေဇာမောင်မောင်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၈) ကကြိုးနှစ်ဆယ့်တစ်၊ ဒေါ်သင်းသင်းမွန် (AMK Creation) ၂၀၁၄ မေလ၊ အွန်လိုင်းရသစာစုများ (ကလောင်စုံ)
၉) ဆယ့်နှစ်ကြိုးတပ် နှစ်ဆယ့်လေးသံစဉ် ၊ မိုးစာပေ၊ ၂၀၁၄ ဇွန်လ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၀) ကောင်းကင်ပေါ်ကျတဲ့ မိုးစက်များ ၊ မိုးစာပေ၊ ၂၀၁၅ မေလ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၁) လယ်တောထဲက မိန်းကလေး မိုးစာပေ ၂၀၁၆ နိုဝင်ဘာ၊ ဘာသာပြန်ရသစာစုများ စုစည်းမှုစာအုပ် (တစ်ကိုယ်တော်)

(ဆက်ဖတ်ရန်…)

June 12, 2014

သတ်ပုံမှားရတဲ့ ဘ၀များအကြောင်း

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 8:27 am

တစ်ကယ်တော့ ကျမ ဒီစာကို တတိတိနဲ့ ရေးနေတာ ဂနှစ်ရှိပါပြီ။ နီးစပ်ရာ ကျောင်းဆရာ၊ ကထိက မှအစ၊ chemist၊ bio-chemist၊ neuroscientist များကိုလည်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြုံရင်ကြုံသလို ပြောဆိုဆွေးနွေး၍ စုဆောင်းမိသမျှ ဗဟုသုတများကို ဖြည်းဖြည်းချင်းရေးနေခဲ့ပါတယ်။ အဲဒီအထဲကမှ တတ်နိုင်သမျှကို ပြန်လည်ထုတ်နုတ်ပြီးတော့ ဝေမျှပါတယ်။

ဟိုတစ်လောက ကျမ ဖဘမှာ စတေးတပ်စ်တစ်ခု တင်လိုက်ပါတယ်။ အဲဒါကတော့ မြန်မာစာ၊ မြန်မာ့အသိုင်း စသည်နဲ့ ဝေးကွာနေသူ၊ အဝေးရောက်မြန်မာအချို့ရဲ့ ကိုယ်နဲ့မျိုးတူမြန်မာများကို စာဖြင့်ဆက်သွယ်ဆွေးနွေး၊ အတွေ့အကြုံဗဟုသုတ ဝေမျှဖလှယ်ချင်၍ မြန်မာစာရိုက်ပြန်လည်သင်ကြားကြတဲ့အခါမှာ တွေ့ကြုံရတဲ့ အဖြစ်လေးတွေထဲက တစ်ခုပါ။

အချို့သော မြန်မာများဟာ မြန်မာပြည်ကထွက်လာတာ နှစ်တွေအများကြီးကြာသွားခဲ့ပါပြီ။ နိုင်ငံခြားပညာရပ်တွေမှာ ကျင်လည်ကျက်စား ပညာသင်ကြားရင်း၊ နိုင်ငံခြားသားတွေထဲမှာပဲ ကျင်လည်ရင်း မြန်မာတွေနဲ့ ဝေးကွာသွားကြသူတွေရှိတယ်။ အဲဒီလူတွေထဲမှာမှ လူတစ်ယောက်ဟာ နိုင်ငံခြားပညာလည်း အတော်အတန်တတ်သည့်အပြင်၊ လက်ရှိလည်း ဌာနဆိုင်ရာ အကြီးအကဲတစ်ဦးလည်းဖြစ်တယ်။ သူ့လက်အောက်မှာ MIT မှ ဘွဲ့ရတွေတောင် ရှိသူ၊ လူကြီးတစ်ဦးပါ။ ဒါကြောင့် သူ့မှာ fellow Myanmars တွေနဲ့ ဝေမျှစရာ အတွေ့အကြုံတွေများစွာ ရှိနေတဲ့အပြင်၊ အတွေ့အကြုံတွေကို ဝေမျှ၊ ချပြ၊ ပြောပြလိုတဲ့ စိတ်စေတနာလည်း ရှိပါတယ်။ အခုနောက်ပိုင်း တက်ကနော်လော်ဂျီတွေ အရမ်းတက်လာတဲ့အတွက်လည်း မြန်မာ့အွန်လိုင်းလောက၊ မြန်မာ့သတင်း စသည်နဲ့ နီးစပ်လာပြီး၊ မြန်မာတွေကို သံယောဇဉ်ရှိစွာနဲ့ မြန်မာလို စာရိုက်ချင်လို့ အပြင်းအထန် ပြန်လည်လေ့ကျင့်ပါတော့တယ်။

ထိုသူလိုပဲ မြန်မာပြည်ကနေ အဝေးရောက်ပြီး မြန်မာတွေနဲ့ နှစ်ရှည်လများဝေးကွာသွားသူ မြန်မာတွေ များစွာ ရှိပါတယ်။ မြန်မာတွေနဲ့ လုံးဝကင်းဝေးသွားသူ၊ မြန်မာစကားမပြောရလွန်းတာကြာတော့ မပြောတတ်တော့သူတွေ ရှိတယ်။ ကျမ လူနှစ်မျိုးနှစ်စားနဲ့ ကြုံဆုံဖူးပါတယ်။ ပထမတစ်မျိုးက လူကိုယ်တိုင်ပြန်မရောက်ရင်တောင်၊ အွန်လိုင်းကမ္ဘာပေါ်မှာ မြန်မာတွေနဲ့ နီးစပ်ချင်ကြသူတွေ၊ နောက်တစ်မျိုးကတော့ မြန်မာတွေနဲ့ မဆက်ဆံချင်သူတွေ၊ ဥပမာ…. “ဦးလေးက ဗမာလားဟင်” မေးမိတဲ့အခါ… “ဟေ့အေး.. ငါ ဗမာလိုလည်း မတတ်ဘူး” လို့ ဗမာလို ပြန်ဖြေတတ်သူ၊ မြန်မာတွေနဲ့ လုံးဝမပတ်သက်ချင်လို့ မြန်မာမဟုတ်သလို ဟန်ဆောင်နေသူ လူတွေပါ။

(ဆက်ဖတ်ရန်…)

March 13, 2014

ကမ္ဘာ့ဆွဲအားရဲ့ မျက်မြင်မရတဲ့ကြိုး

Filed under: my notes, အတွေးအမြင်, Vancouver, Canada, စာစု — အိမ့်ချမ်းမြေ့ @ 1:22 am

 stone4.jpgဆောင်းကုန်တော့မယ်…။

နွေဦးရောက်လို့ အအေးဓာတ်လျော့သွားတာနဲ့ ပင်လယ်ပြင်ဘက်ကို ကျမ ခြေဦးလှည့်ဖြစ်တော့တယ်။

 

ပူနွေးလာနေတဲ့ နွေဦးရာသီ မဆိုထားနဲ့၊ ဆီးနှင်းတွေ တဖွဲဖွဲကျနေတာတောင်မှ ပင်လယ်ပြင်ကို ကျမက မျှော်ငေးတတ်သေးတာ။

ဆီးနှင်းတွေ ပင်လယ်ထဲကို ကျတာ မြင်ဖူးကြပါသလား။ အဆုပ်လိုက်အခဲလိုက် ရေခဲပန်းပွင့်တွေဟာ တဝုန်းဝုန်းရိုက်ခတ်နေတဲ့ ပင်လယ်ရေထဲကို ကျသွားပြီဆိုတာနဲ့ ပင်လယ်ပြင်က သိမ်းပိုက်ပွေ့ဖက်ပစ်လိုက်တာမျိုး။ နောက်…. ဆီးနှင်းပန်းပွင့်တို့က ပင်လယ်ပြင်ရဲ့ ရင်ခွင်ထဲ စုပ်စမြုပ်စ ပျောက်ကွယ်သွားတာမျိုး….။

သိပ်လှတဲ့ ရှုခင်းတွေပဲပေါ့…။

အဲသလို… အေးခဲတဲ့ဆောင်းရာသီတွေမှာတောင် ပင်လယ်ဘက်ရောက်တတ်တဲ့ ကျမ…
နွေဦးရောက်တော့မှာမို့ ကမ်းခြေဘက် ရောက်ခဲ့ရပြန်တာပေါ့။

(ဆက်ဖတ်ရန်…)

March 9, 2014

စွန်းထင်းသွားလေတော့…

Filed under: my notes, အတွေးအမြင် — အိမ့်ချမ်းမြေ့ @ 11:51 pm

window.jpg

ဒီကနေ့က နေက သာနေတယ်…။

အပြင်မှာ လေတွေကတော့ တိုက်နေတယ်..။

 

ပိတ်ခါနီးမို့ လူရှင်းပြီး ငြိမ်သက်လာနေတဲ့ ဆိုင်လေးထဲက ထောင့်ခုံလေးတစ်လုံးပေါ်မှာ….

 

တိတ်တိတ်ကလေးပေါ့…
ကျမ စာဖတ်နေခဲ့တယ်။

 နားက နားကြပ်ထဲကလည်း ဆရာထီးရဲ့ “စဉ်းစားပါဦး” သီချင်းလေးက ထပ်ခါတလဲလဲ…။

 

ကျမဖတ်နေတဲ့ စာအုပ်လေးထဲက စာပိုဒ်လေးတစ်ပိုဒ်က ကျမကို ရှက်သွေးဖြန်းသွားစေခဲ့တယ်။

(ဆက်ဖတ်ရန်…)

January 3, 2014

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၄)

Filed under: စာအုပ်ခံစားချက် (Book Review), အတွေးအမြင်, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 6:02 pm

အခြားတိုင်းပြည်မှာ ရှိတဲ့လူငယ်တော်တော်များများဟာ ပညာရေး၊ အားကစား၊ အနုပညာ၊ ဂီတ၊ တီထွင်ဖန်တီးမှုတွေထဲမှာ ကျင်လည်ပျော်ပါးနေချိန်၊ ကျမတို့တိုင်းပြည်က လူငယ်အများစုမှာတော့ မွန်းကြပ်မှုတွေနဲ့ တစ်စုံတစ်ရာကို အမြဲမကျေမနပ်မှုတွေထဲမှာ ကျင်လည်ခဲ့ကြတယ်။

တိုင်းပြည်ဟာ မငြိမ်းချမ်းခဲ့ဘူး။

ငြိမ်းချမ်းသင့်သလောက် မငြိမ်းခဲ့တဲ့ တိုင်းပြည်ထဲကလူငယ်တွေကို ဦးနှောက်လျှော်ဖွပ်ထားခဲ့တာကတော့ “ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံးတိုင်းပြည်” ဆိုပြီး ဦးနှောက်လျှော်ဖွပ်ထားတယ်။ ကိုယ့်တိုင်းပြည်ကလွဲပြီး ကျန်တဲ့တိုင်းပြည်က လူတွေမှာ ဟိရိသြတ္တပ္ပတရားဆိုတာ မရှိကြဘူး၊ ကြင်နာသနားတတ်ခြင်း မရှိကြဘူး၊ ဘာသာရေးမကိုင်းရှိုင်းကြဘူး၊ အလှူအတန်းမရက်ရောကြဘူး။ ကိုယ်တွေသာလျှင် ကြင်နာသနားတတ်တယ်၊ အလှူရက်ရောတယ်၊ ကြင်နာသနားတတ်တယ်လို့ အဟုတ်ကိုထင်ခဲ့တယ်။ ကိုယ့်တိုင်းပြည်သာလျှင် အယဉ်ကျေးဆုံး၊ အငြိမ်းချမ်းဆုံး တိုင်းပြည်လို့ ထင်ခဲ့တယ်။ တစ်ကယ်တော့ ဦးကျိုးနာခံပြီး တစ်ခွန်းမှ ပြန်မပြောရဲတာ ယဉ်ကျေးတာမဟုတ်ဘူး၊ ရိုင်းပြစရာမလိုဘဲ ကောင်းမွန်စွာ ဆွေးနွေးပြောဆိုငြင်းခုံတတ်ခြင်း၊ လူကြီးတွေ၊ ဘာသာရေးအကြီးအကဲတွေ၊ ဆရာ-ဆရာမတွေနဲ့ အကြောင်းတစ်စုံတစ်ရာကို အော်ဟစ်ဆဲဆိုစရာမလိုဘဲ အဆင့်အတန်းရှိရှိနဲ့ အပြန်အလှန် ဆွေးနွေးပြောဆိုတတ်ခြင်း (dialogue) ဆိုတာကို မသိခဲ့ကြဘူး။ လူငယ်တွေက ပြောချင်ကြတယ်ဆိုရင်တောင် လူကြီးတွေအနေနဲ့က ဒါကို အာခံခြင်းလို့ မြင်တတ်ကြသေးတယ်။

ငြိမ်းချမ်းခွင့်ရှိရဲ့သားနဲ့ မငြိမ်းချမ်းနိုင်တဲ့ တိုင်းပြည်လေးဟာ အင်္ဂလိပ်က ကျွန်ပြုခြင်း၊ ဂျပန်ကျွန်ပြုခြင်း စတာတွေကိုလည်း ခံခဲ့ရတယ်။ ထိုသို့သော သခင်ဆိုသူတွေနဲ့ သူတို့ချမှတ်ထားတဲ့ စနစ်တွေကိုလည်း ဂျင်နရေးရှင်းတွေအလိုက် တော်လှန်ခဲ့ကြရသေးတယ်။

“အသေရိုက်သတ်
အမြီးပြတ်လည်း
ဆတ်ဆတ် ဆတ်ဆတ် တုန်သေးသည်”

ဆရာကြီး သုခမိန်လှိုင်ရေးခဲ့ဖူးတဲ့ ‘တော်လှန်သောအသိ’ ဆိုတဲ့ ရုပ်ရှင်သစ်မဂ္ဂဇင်းက ကဗျာအပိုင်းအစလေး။ လူငယ်တွေရဲ့ အတ္တမဲ့တော်လှန်ရေးကို ပိုမိုစိတ်ကြွစေခဲ့သလား။

(ဆက်ဖတ်ရန်…)

November 5, 2013

စာရေးခြင်း ပညတ်

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:35 pm

စာရေးကြတယ် ဆိုကတည်းက စာပေကို ချစ်မြတ်နိုးလွန်းလို့၊ ဝါသနာပါလွန်းလို့ပါ။ စာရေးရတယ်ဆိုတာ အချိန်ကုန်တယ်၊ ခွန်အားကုန်တယ်၊

စာရေးခြင်းကို မြတ်နိုးသူတွေဟာ ရှိတဲ့ မီဒီယာကို အသုံးပြုပြီး ရေးကြမှာပါပဲ။ ကျောက်ခွက်စာ၊ ကညစ်တံသမားတွေက စက္ကူသမားတွေကို စာရေးသူတွေ မဟုတ်ဘူးလို့ ပြောခဲ့ကြမယ်ဆိုရင်… ဆိုတဲ့ အတွေးမျိုးလည်း တွေးကြည့်ဖို့ ရှိပါတယ်၊

အထူးသဖြင့် မြန်မာပြည်နဲ့ဝေးနေသူတွေဟာ ရှိတဲ့ ကွန်ပြူတာမှတဆင့် ဘလောဂ်တို့ ဝက်ဆိုက်တို့ကနေ စာရေးခြင်းနဲ့ လူတွေကို reach out (အဆက်အသွယ်) လုပ်ကြတယ်။ ဘလောဂ်စာမျက်နှာပေါ်မှာ စတင်ပြီး စာရေးခြင်းနဲ့ အချင်းချင်းကူးလူးဆက်ဆံခဲ့စဉ်တုန်းက ဘလောဂ်ရေးနေသူတွေကို တဖက်သတ် အမြင်မကြည်သူတွေကိုလည်း မြင်ရခဲ့ဘူးတယ်။ ထိုသူတွေဟာ နိုင်ငံတကာက ဘလောဂ်စာဖတ်နေသူတွေပါပဲ။ သူတို့အမြင်ကလည်း ရာနှုန်းပြည့်မမှားပါဘူး။ အချို့ ဘလောဂ်ရေးသူတွေဟာ တင်ပြပုံလိုအပ်တဲ့အခါမှာ လူအမြင်ကတ်ခံရတဲ့ အဖြစ်တွေလည်း ရှိမယ်။ စာရေးသူတွေအနေနဲ့ ကိုယ်ခံစားသလို ရေးချတင်ပြတဲ့အခါမှာ ဖတ်သူတွေအနေနဲ့ကလည်း လွတ်လပ်စွာ တန်ပြန်ခံစားဝေဖန်ကြမှာ သဘာဝ ကျပါတယ်။

အချို့ ဘလောဂ် ဖတ်သူတွေ မေးလေ့ပြောလေ့ရှိတာ တစ်ခုရှိတယ်။

“ဘလောဂါတွေက ဘာမို့လို့လည်း” ဆိုတာပါပဲ။

ဘလောဂါတွေက ဘာမှကို မဟုတ်ပါဘူး။ စာရေးဝါသနာပါသူတွေပါပဲ၊ ဘာမှကို မဟုတ်နေတာပါ။ နိုင်ငံတစ်ကာ အတွေ့အကြုံလေး နည်းနည်ပါးပါးရှိမယ်။ နိုင်ငံခြား ပညာနဲ့ အလုပ်ကိုင်အတွေ့ကြုံနည်းနည်းပါးပါးရှိမယ်။ ဒီလောက်ပဲ။ တစ်ယောက်ထံမှ တစ်ယောက် လေ့လာသင်ယူစရာလေးတွေကို အပြုသဘောနဲ့ ယူမယ်ဆိုရင်လည်း ရပါတယ်။ မဟုတ်ရင်လည်း သူတို့က လူတွေထဲက လူတွေပါပဲ။

(ဆက်ဖတ်ရန်…)

October 11, 2013

မယောင်ရာ ဆီလူးရခြင်းအကြောင်း

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:03 am

ဒီကိစ္စက အချို့အတွက်ကတော့ မယောင်ရာဆီလူး လို့ ဆိုနိုင်ပေမယ့် တစ်ကယ်ကတော့ တိမ်မယောင်နဲ့ နက် လှပါတယ်။ ကိုယ့်အတွက် မယောင်ရာဆီလူး ဖြစ်နိုင်ပေမယ့် အခြားလူတွေအတွက်ကတော့ ရင်ထဲက အနာတွေ ပုပ်ပွလာတဲ့ သဘော ဖြစ်ပါလိမ့်မယ်။ ဥပမာ ပြရမယ်ဆိုရင် လက်ပန်းတောင်းတောင် ကိစ္စမှာ တောင်သူလယ်သမားတွေအတွက် ဘဝအိုးကြီး ရိုက်ခွဲခံရသလို ဖြစ်နေချိန်မှာ ဝမ်ပေါင်တို့အတွက်ကတော့ ရွှေအိုးကြီး ရလိုက်သလိုပါပဲ။ ဝမ်ပေါင်တို့ကလည်း “မင်းတို့မယောင်ရာဆီလူးတွေ” လို့… ဒီလိုပဲ ပြောနိုင်ပါတယ်၊ တစ်ဦးနဲ့တစ်ဦး ခံစားချက်၊ အယူအဆ အမြင်တွေ မတူတဲ့ သဘောပါပဲ။

သာမန်အချိန်တွေမှာ အလှမယ်တွေကို စိတ်လည်း မဝင်စားဘူး၊ ကိုယ်နဲ့လည်း ပတ်သက်တယ်လို့လည်း မခံစားရပေမယ့် ဒီကိစ္စမှာတော့ liberal ဆိုတဲ့ စကားလုံးကြီးတွေ၊ democracy ဆိုတဲ့ စကားလုံးအကြီးကြီးတွေ ကိုင်ပြီး ပညာတတ်၊ လူဂုဏ်ထံများက၊ ကျန်တဲ့ လူအများစုကို ကိုင်ပေါက်လာတဲ့ အခါမှာတော့၊ လူအများစုဘက်က နေပြီး တွေးမိသုံးသပ်မိတာလေးတွေ ချရေးဖြစ်တာပါ။

အပေါ်ယံကြည့်ရင်တော့ အလှမယ် မိုးစက်ဝိုင် ကို တရုတ်လူမျိုးဖြစ်နေလို့ ကျန်တဲ့ မြန်မာ (ဗမာ) တွေက တိုက်ခိုက်နေသလိုဖြစ်နေတယ်။ တစ်ကယ်ကတော့ မိုးစက်ဝိုင်ဟာ တရုတ်ဖြစ်နေလို့ တိုက်ခိုက်တယ်ဆိုတာထက်၊ မြန်မာ(ဗမာ)တွေရဲ့ ရင်ထဲက အနာတွေက အုံကြွလာမှုရဲ့ ပြယုဒ်တစ်ခုပါ။
ပြည်သူတွေရင်ထဲက အနာတွေများစွာထဲက အချို့က ဘာတွေလဲဆိုရင်…
(၁) မြစ်ဆုံဆည် ကိစ္စ
(၂) ကြေးနီတောင် ကိစ္စ
(၃) ဓာတ်ငွေ့ပိုက်လိုင်း ကိစ္စ
စတဲ့ တရုတ်ပြည်ပကြီးရဲ့ မြန်မာနိုင်ငံအပေါ်မှာ ဂုတ်သွေးစုပ်မှု မှုဝါဒကို မခံနိုင်တာဟာ မိုးစက်ဝိုင်အပေါ်မှာ သွားပုံသလို ဖြစ်သွားရတာပါပဲ။

(ဆက်ဖတ်ရန်…)

August 16, 2013

အလှည့်

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 9:21 am

မည်သို့ပင်ဖြစ်စေ၊ သေဆုံးခြင်း၏ အခြားတစ်ဘက်တွင် တစ်စုံတစ်ရာရှိနေသည်ဆိုသည့် အတွေးကပင် စိတ်သက်သာမှုတစ်ခုကို ဖန်တီးပေးနေသည်။

တိုင်းပြည်၊ ခံယူချက်၊ ဘာသာရေး၊ အခြားသော အတွေးအမြင်များအပေါ်တွင်မူတည်ပြီး သေဆုံးခြင်းကို ခံယူပုံများက ကွဲလွဲတတ်ကြသည်။ ကိုယ်နေသည့် တိုင်းပြည်တွင် င်္သချိုင်းများကို ပန်းခြံများဟု ခေါ်ကြသည်။ အမှန်ပင် ပန်းခြံများကဲ့သို့ လှပသန့်ရှင်း သေသပ်လွန်းနေသည်။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ကျောင်းမှ ကိုယ်ကြည်ညိုရသော ကျောင်းထိုင်ဘုန်းကြီး ပြောဘူးသည့် စကားကို သတိရမိသည်။

“ညနေတိုင်း င်္သချိုင်းမှာ လမ်းလျှောက်ထွက်တယ်..။ ဒီနိုင်ငံက င်္သချိုင်းတွေက လှလွန်းလို့ တစ်ခါတစ်လေမှာ သေချင်စိတ်တောင်ပေါက်တယ်”

သေဆုံးပြီးသောသူများ၏ ကိုယ်ခန္ဓာသို့မဟုတ် အရိုးပြာများကို ထားသောနေရာများကိုလည်း အမြဲလှပစွာ ထားလေ့ရှိသည်။ တစ်နယ်တစ်ကျေးမှလာသော ဆွေမျိုးများကလည်း သေဆုံးသူ၏ နေရာကို သွားရောက်ဂါဝရပြုလေ့ရှိသည်။

နံနက်ခင်းအချိန်၊ ညနေစောင်းချိန်များတွင် ဆီမီး၊ ပန်းရနံ့များနှင့် မွှေးထုံနေတတ်သည်။ ကလေးလေးများ စက်ဘီးစီးတတ်သလို၊ ကိုယ်ဝန်သယ်များလည်း လမ်းလျှောက်ထွက်တတ်သည်။ သေဆုံးသူ၏ မွေးနေ့၊ နှစ်လည်ရက်များတွင်၊ ရောင်စုံဘောလုံးများ၊ ပန်းများ၊ ဆီမီးများနှင့် ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများက ထမင်းဟင်းများနှင့် ပျော်ပွဲစား ထွက်သကဲ့သို့၊ သူတို့ချစ်သောသူများ၏ ကိုယ်ခန္ဓာကိုယ်ရှိသည့် နေရာတွင် တစ်နေကုန်အောင် အချိန်ပေးနေတတ်ကြသည်။ သေဆုံးသူ၏ နောက်ဆုံးခရီးကိုလဲ “celebration of life” ဟုခေါ်ဆိုကြသည်။

♫ ♥●••·˙˙·••●♥♫♫

(ဆက်ဖတ်ရန်…)

June 3, 2013

တစ်ယောက်တည်း နေလိုသူတွေရဲ့ အကြောင်း

Filed under: my notes, အတွေးအမြင်, ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 11:09 am

အချို့လူတွေဟာ လူတွေအများကြီးနဲ့ စကားပြောဆိုပြီး နေရတာကို နှစ်သက်တယ်၊ သူငယ်ချင်းတွေ အများကြီးနဲ့ နေတတ်တယ်။ သူတို့ဟာ တစ်ယောက်တည်း မနေတတ်ဘူး၊ မနေချင်ဘူး။ လူတွေနဲ့ စကားတွေပြောနေရတာကို မွေ့ပျော်တယ်။ လူတွေနဲ့ နေရလေလေ ခွန်အားတွေ ပြည့်ပြည့်လာသလို ခံစားရတတ်တယ်။

အချို့လူတွေကတော့ လူတွေအများကြီးကြားမှာ နေနေရရရင်၊ စကားသံတွေကြားထဲမှာ နေနေရရင်ကို မောဟိုက်နွမ်းနယ်လာသလိုခံစားရတယ်။ တစ်ခါတစ်လေလည်း လူတွေအများကြီးကြားထဲမှာ နေနေရင်းနဲ့ကို ဘာမှန်းမသိတဲ့ တစ်စုံတစ်ရာကို တမ်းတနေတယ်၊ လိုအပ်နေတယ်၊ လူတွေကြားထဲမှာ တစ်ယောက်တည်း အထီးကျန်သလိုခံစားနေရတယ်။ အဲဒီတမ်းတနေတဲ့ အရာဟာလည်း ဒီလူတွေကြားထဲမှာ ရှိမနေဘူးဆိုတာကို သိနေတယ်။

လူတွေအများကြီးနဲ့ နေရတာကို နှစ်သက်တဲ့သူတွေကို အားလုံးသိကြတဲ့ အတိုင်း Extrovertလို့ ခေါ်ကြပြီး၊ တစ်ယောက်တည်း နေရတာကို နှစ်သက်တဲ့ သူတွေကိုတော့ Introvert တွေလို့ ခေါ်ကြတယ်။

Extrovert တွေဟာ Introvert တွေကိုကြည့်ပြီး ပျင်းရိလာသလို ခံစားရတာတွေ ရှိနိုင်သလို၊ Introvert တွေကလည်း Extrovert တွေကိုကြည့်ပြီး အလိုလိုနေရင်း မောလာသလို ခံစားရတာတွေ ရှိမှာပါပဲ။

(ဆက်ဖတ်ရန်…)

December 9, 2012

အသုံးမကျတဲ့ ပညာရေး

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 11:39 pm

ဒီစာဟာ လူတိုင်းအတွက် မဟုတ်ဘူး။

ခေါင်းစဉ်ကိုဖတ်ပြီး မလေးတော့ မြန်မာပြည်ပညာရေးဘယ်လောက် ညံ့ဖျင်းအသုံးမကျတာတွေကို ရေးတော့မယ်လို့ ထင်ပြီး ကျေနပ်မည့်သူတွေ… ဆက်ပြီး မဖတ်ဖို့ တိုက်တွန်းလိုပါတယ်။

ဒီစာဟာ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်လေးတစ်ခုမှ ပေးနိုင်သမျှ ပညာလေးကို ရသလောက်ယူပြီး ဘဝကို တိုးတက်အောင် လုပ်ချင်တဲ့ သူတွေအတွက် ရေးတဲ့စာပဲဖြစ်တယ်။

ဒီစာဟာ ဖဘမှာ ရေးကြသော အတွေးတွေမှ အခြေခံလာတဲ့စာဖြစ်တယ်။ ဒီစာကိုရေးတဲ့အခါမှာ ဖဘမှာ မလေး ချစ်ခင်သော၊ လေးစားသော သူတွေရဲ့ စကားတွေ၊ ဆွေးနွေချက်တွေကို အခြေခံလို့ ရေးထားတာဖြစ်ပါတယ်။ သူတို့ပါဝင်ကော့မန့်ပေးတာကိုလည်း ဝမ်းသာရုံမက၊ ထိုသူတွေရဲ့ အမြင်တွေကို လေးစားပြီးသားလည်း ဖြစ်တယ်။ ထိုသူတွေရဲ့ ခံစားချက်တွေကိုလည်း နားလည်ပြီးသားလည်း ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ … ဒီစာဟာ မြန်မာပြည် ပညာရေးကို ကောက်ရိုးတစ်မျှင်လို ဖမ်းဆုပ်ပြီး ကြိုးစားနေကြတဲ့ လူငယ်တွေကို မြန်မာပြည်ပညာရေးဟာ လူတွေနိမ့်ချပြောနေသလောက် မနိမ့်ကျဘူးဆိုတာကို ပြောချင်တဲ့စာ၊ အလွန်ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်ကနေ ရသလောက်ပညာကို ရသလောက်ယူဖို့ ထောက်ခံအားပေးတဲ့ စာပဲဖြစ်တယ်။

(ဆက်ဖတ်ရန်…)

October 12, 2012

တောင်မြောက်ရယ်တဲ့ ခြစ်ရတယ်

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 5:42 pm

doodle2.jpgငုပ်တုပ်ပျင်းနေသူရဲ့ဦးနှောက်ဟာ စိတ်ကူးယဉ်အိပ်မက်တွေ (ဥပမာ သိန်းထီ၊ သန်းထီပေါက်တယ်၊ မော်ဒယ်ဂဲလ်လေးတစ်ဦးဦးနဲ့လျှောက်လည်နေတယ်.. စသဖြင့်) မက်နေတတ်တယ် လို့လည်းဆိုပါတယ်။

(ဆက်ဖတ်ရန်…)

May 21, 2012

မပန်းခိုင် နဲ့ မောင်ပန်းထွေး (မတ်တပ်ရပ်နေသူများ ၃)

Filed under: အတွေးအမြင်, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:57 am

မပန်းခိုင် ..

ကျောင်းသစ်ကြီးကိုတက်ရတော့မည့် မပန်းခိုင်တစ်ယောက် အမေမီးပူတိုက်ထားပေးသော အဖြူအစိမ်းကျောင်းစိမ်း၊ ကွန်ပါဗူးအသစ်၊ ထမင်းဗူးအသစ်လေးမျာအား အရိပ်တကြည့်ကြည့် ဖြစ်နေသည်။ အိပ်ရာထဲမှာ တလူးလူးတလိမ့်လိမ့်ဖြင့် အိပ်လို့လည်း မရ။ မိုးရယ်.. လင်းပါတော့။
နံနက်ခင်း ကျောင်းကားလာကြိုတော့ မေမေ့ကိုလက်ပြပြီး ကျောင်းကားပေါ်လိုက်ပါလာခဲ့သည်။ ကျောင်းကားသည် တစ်အိမ်ဝင်တစ်အိမ်ထွက်ဖြင့် ကျောင်းသူကျောင်းသားများကို သယ်ဆောင်လာခဲ့သည်။ လမ်းတစ်လမ်းရှေ့သို့ရောက်သောအခါ ကျောင်းကားက ကျွိကနဲရပ်သွားသည်။ လမ်းထိပ်မှာ ကျောင်းကားစောင့်နေသော ဆရာမကြီးတစ်ဦးနှင့် ဆရာမနောက်နားမှာ ကပ်ရပ်နေသော ကျောင်းသူလေးငါးဦးခန့်ကိုတွေ့လိုက်ရသည်။ ဆရာမသည် အရှေ့ခန်းတွင်ထိုင်ရန်နေရာ သီးသန့်ရှိသော်လည်း ကျောင်းကားနောက်သို့လျှောက်လာခဲ့သည်။ ထို့နောက် ကျောင်းကားအတွင်းထဲသို့ ကဲ ကြည့်လိုက်သည်။

(ဆက်ဖတ်ရန်…)

May 7, 2012

မောင်ပန်းမွှေးနှင့် မပန်းသွယ် (မတ်တပ်ရပ်နေသူများ ၂)

Filed under: အတွေးအမြင်, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:34 am
“ဟေ့ မောင်ပန်းမွှေး… နင် ဘယ်ကျောင်းက ပြောင်းလာလာ၊ ငါတို့ကျောင်းမှာ ဒါမျိုးတွေလာလုပ်လို့ မရဘူး”…..

(ဆက်ဖတ်ရန်…)

May 3, 2012

ပန်းခက် (မတ်တပ်ရပ်နေသူများ)

Filed under: အတွေးအမြင်, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 10:51 pm

conformity1.jpg

“နင်တို့ငါ့ကို လာပြီးတောင်းပန်၊ နောက်တစ်ခါ မဆူညံတော့ပါဘူးလို့ တောင်းပန်ပြီးရင် ထိုင်နိုင်တယ်၊ မဟုတ်ရင်တော့ ဆရာမကြီးလာတဲ့အထိစောင့်”
အတွေးတွေနယ်ချဲ့နေစဉ် မိမိမုန်းအသံက အရှေ့မှ ထွက်လာပြန်၏။

(ဆက်ဖတ်ရန်…)

အဟောင်းလေးတွေဖတ်ချင်ရင်.. »

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------