♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

February 25, 2009

ကျိုက်ကလော့စေတီအလွမ်းပြေ

မြန်မာပြည်မှာ ကျမ အနှစ်သက်ဆုံး ကျိုက်ကလော့စေတီရဲ့ နေ၀င်ချိန်ဆည်းဆာကို၊ တမင်အချိန်ပေးသွားရောက်ပြီး ခံစားခဲ့တုန်းက ပုံလေးတွေကို ဝေမျှလိုက်ပါတယ်ရှင်။ ဒီရက်ပိုင်း ရသ ခံစားချက်တွေ ပျောက်နေလို့ ကိုယ်ရေးထားတဲ့ ကဗျာဟောင်းကိုပဲ ကိုယ်ပြန်ပြီးခံစားထားပါတယ်။

kkl.jpg

မောင်…
မောင့်ကို ချစ်ရတာလေ၊
ကျိုက်က္ကလော့ စေတီနားက
ကြွေကျလာတဲ့ ဆိတ်ဖလူးပန်း ဖြူဖြူလေးတွေကို
မွှေးကြူရသလိုပါပဲ…. မောင်။
ရင်ထဲလန်းဆန်း၊ ပန်းသမျှပြေ
ဝေတဲ့အလွမ်း၊ ခမ်းခြောက်သွားတယ်…မောင်။

1.jpg

  (ဆက်ဖတ်ရန်…)

January 11, 2009

ကောသလမင်း၏ အိပ်မက်များ

အဲဒီနေ့က ကျွန်မရဲ့ အနှစ်သက်ဆုံး စေတီလေးဖြစ်တဲ့ ကျိုက်ကလော့ စေတီကို ကျွန်မတို့ သွားဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် နေ၀င်ချိန်ဆည်းဆာနဲ့ ဆုံလို့ ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့တယ်။ နေ၀င်ပြီး ညမီးတွေလင်းတဲ့ထိ စေတီပေါ်မှာ ထိုင်နေလို့ အပြန်မှာတော့ ညကမှောင်နေပြီ။ အပြန်စေတီစောင်းတန်းမှာ ကျွန်မတို့ ငယ်ငယ်ကတည်းက သင်ခဲ့ရတဲ့၊ ကျွန်မလည်း အလွန်နှစ်သက်တဲ့၊ ကောသလမင်းရဲ့ အိပ်မက် ပန်းချီတွေကို ဘုရားစောင်းတန်းခေါင်မိုးတွေပေါ်မှာ ချိတ်ဆွဲထားတာ တွေ့တော့ ကျွန်မ ပျော်သွားပြီး ဓာတ်ပုံတွေ ရိုက်ယူခဲ့တယ်။

ပန်းချီတွေက ချိတ်ဆွဲထားတာ နံပါတ်စဉ်တိုင်းတော့ မဟုတ်ဘူး။ ဓတ်ပုံရိုက်နေရင်းလည်း နံပါတ်နှစ်က ပျောက်နေတာကို သတိထားမိလိုက်တယ်။အဲဒီနားမှာ ခပ်ပိန်ပိန်အဘိုးကြီး တစ်ယောက်က ဘုရားခွေးတွေကို ညစာကျွေးနေတယ်။ စောင်းပဲ့နေတဲ့ သံပန်းကန်ထဲက ဆန်တွေကို ချောင်ချိုချောင်ကြားမှာ ကြောက်လန့်နေဟန်ရှိတဲ့ ခွေးတွေကို ချကျွေးနေတဲ့ သူက ကောသလရဲ့ နံပါတ်၂ပန်းချီကို ရှာနေတဲ့ ကျွန်မတို့ကို၊ နံပါတ်၂ပန်းချီက ဟိုတစ်လောက မိုးပြင်းလို့ ပြုတ်ကျလာလို့ သိမ်းထားလိုက်ပြီလို့ ပြောတယ်။ နောက် အဲဒီအဘိုးနဲ့ အခြားအရာတွေ တော်တော်ကြာကြာ ပြောဖြစ်တယ်။ နောက်တော့ သူထွက်သွားတော့ ကျွန်မ ဇွဲမလျော့ပဲ စောင်းတန်းတစ်လျှောက် နံပါတ်နှစ် ပန်းချီကို လိုက်ရှာတာ၊ ထင်ထားတဲ့အတိုင်း အခြား ဇာတ်ဝင်ခန်း ပန်းချီတွေကြားမှာ ညှပ်နေတာတွေ့လိုက်တယ်။ ဒါနဲ့ ကျွန်မ အမြဲလိုချင်ခဲ့တဲ့ ကောသလအိပ်မက် ၁၆ချပ်ကို ပြည့်ပြည့်စုံစုံ ရလာတော့တာပါပဲရှင်။ စိတ်ဝင်စားသူများတွက် ပြန်လည်ဝေမျှထားခြင်းဖြစ်ပါသည်ရှင်။

(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------