♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

December 13, 2014

မီးတိုးပိုး

 dl.png

Dangerous Liaisons ဆိုတဲ့ ရုပ်ရှင်ကို တော်တော်များများ ကြည့်ဖူးကြပါလိမ့်မယ်။ ပြင်သစ်စာရေးဆရာကြီး Pierre Choderlos de Laclos ရဲ့  ၁၇၈၂ တုန်းက ရေးခဲ့တဲ့ Les Liaisons dangereuses ၀တ္ထုရှည်ကြီးကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ ဒီဝတ္ထုကို adaptation အမျိုးမျိုး ဘာသာစကားအမျိုးမျိုးနဲ့ တိုင်းပြည်မျိုးစုံ ယဉ်ကျေးမှု မျိုးစုံက ပြန်ရိုက်ထားတာပါ။

ပထမဆုံး ကြည့်ဖြစ်တဲ့ adaptation ကတော့ Stephen Frears ဒါရိုက်တာလုပ်တဲ့ Dangerous Liaisons (၁၉၈၈) ပဲ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ကို ကြည့်စဉ်က အကြောင်းအရာတစ်ခုလုံးကို ဝေေ၀၀ါးဝါးပဲ နားလည်ခဲ့တယ်။ မသင့်တော်တဲ့ အခန်းတွေရောက်တိုင်း တီဗွီက အမှောင်ချခံထိတာနဲ့၊ အသံတိုးခံထိတာနဲ့ နောက်ဆုံးတော့ “အခန်းထဲသွား စာဖတ်တော့” ဆိုတဲ့ ဆုံးမသံနဲ့အတူ.. ရုပ်ရှင်ကို ဘာမှန်းကို မသိခဲ့ရပါဘူး။

အရွယ်ရောက်လာတော့ အဲဒီရုပ်ရှင်ကို တစ်ခေါက်ကနေ နှစ်ခေါက်၊ နှစ်ခေါက်ကနေ သုံးခေါက် ထပ်ထပ်ကြည့်မိတယ်။ အဲဒီအခါမှာလည်း လူတွေရဲ့ အကျင့်ဆိုးတွေ၊ ယုတ်မာတတ်မှုတွေ နဲ့ အချစ်ကို မီးလို ကစားတတ်မှုတွေကိုပဲ ခံစားနေခဲ့မိတယ်။

(ဆက်ဖတ်ရန်…)

June 25, 2014

My Publication List

ရေးဖူးသမျှ…. မှတ်မိသမျှရယ်ပါ…

(က) ထုတ်ဝေခဲ့ဖူးသော စာအုပ်ခေါင်းစဉ်၊ ထုတ်ဝေသူ၊ ထုတ်ဝေခဲ့သည့် ခုနှစ်နှင့် စာပေအမျိုးအစား

၁) လမင်းရှိုက်သံ၊ ဗိုလ်မှူးကြီးကျော်ကျော်ဦး (မြဝတီပုံနှိပ်တိုက်)၊ ၂၀၀၉၊ ရသဝတ္ထုတိုများ (တစ်ကိုယ်တော်
၂) သက်တံဆယ်စင်း၊ နေမျိုးစာပဒေသာ (AMK Creation) ၂၀၁၂၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၃) မိုင်တိုင်နှစ်ဆယ်၊ နေမျိုးစာပဒေသာ AMK Creation) ၂၀၁၃၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၎) ကြယ်စင်ဆယ့်တစ်၊ ဦးမျိုးဆင့်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၅) မိတောရဲ့ ရှတတနေ့စွဲများ၊ (AMK Creation) ၂၀၁၃၊ သရော်စာ (တစ်ကိုယ်တော်)
၆) အဖြူရောင်နှလုံးသားများဆုံမှတ်၊ မိုးစာပေ၊ ၂၀၁၃၊ ဝတ္ထုတိုများ (ကလောင်စုံ)
၇) စကားဝါပန်းတို့ရဲ့ ဒိုင်ယာရီ၊ ဦးနေဇာမောင်မောင်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၈) ကကြိုးနှစ်ဆယ့်တစ်၊ ဒေါ်သင်းသင်းမွန် (AMK Creation) ၂၀၁၄ မေလ၊ အွန်လိုင်းရသစာစုများ (ကလောင်စုံ)
၉) ဆယ့်နှစ်ကြိုးတပ် နှစ်ဆယ့်လေးသံစဉ် ၊ မိုးစာပေ၊ ၂၀၁၄ ဇွန်လ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၀) ကောင်းကင်ပေါ်ကျတဲ့ မိုးစက်များ ၊ မိုးစာပေ၊ ၂၀၁၅ မေလ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၁) လယ်တောထဲက မိန်းကလေး မိုးစာပေ ၂၀၁၆ နိုဝင်ဘာ၊ ဘာသာပြန်ရသစာစုများ စုစည်းမှုစာအုပ် (တစ်ကိုယ်တော်)

(ဆက်ဖတ်ရန်…)

November 11, 2013

ချစ်ခြင်းမေတ္တာသည်သာ…

Filed under: ရုပ်ရှင်ခံစားချက် (Movie Review) — အိမ့်ချမ်းမြေ့ @ 11:38 pm

 dharm1.JPGတစ်ခါက ဗြာဟ္မဏနွယ်ဝင်ပုဏ္ဏားကြီးတစ်ဦးဟာ ဂင်္ဂါမြစ်ကမ်းမှာ နေ့စဉ်ပြုနေကျအတိုင်း၊ ကိုယ်လက်သန့်စင်လို့ ရွတ်ဖတ်သရဇါယ်နေခဲ့တယ်။ သူဟာ ဝတ်ဖြူစင်ကြယ်ကိုဝတ်ထားပြီး၊ ပုဏ္ဏားတို့ထုံးစံအတိုင်း နဖူးမှာ အဖြူစင်းသုံးစင်း ကန့်လန့်ဖြတ်ဆွဲထားတယ်၊ နဖူးပြင်အလယ်မှာ ဆေးအနီတစ်စက်လည်း ရှိတယ်။ ပုဏ္ဏားကြီးဟာ လှေကားထစ်အတိုင်း ကမ်းနဖူးပေါ်တက်အလာမှာ လှေကားကိုတံမြက်စည်းလှည်းနေတဲ့ လူတစ်ဦးနဲ့ မတော်တဆ တိုက်မိသွားခဲ့တယ်။ တံမြက်စည်းလှည်းနေသူဟာ ဆောင့်ကြောင့်ထိုင်ချ၊ လက်အုပ်ချီလိုက်ပြီး “မမြင်လို့ပါ ခင်ဗျာ” လို့ ပျာပျာသလဲ တောင်းပန်နေခဲ့တယ်။ တံမြက်စည်းလှည်းသူနဲ့ ထိမိသွားတဲ့အတွက် ပုဏ္ဏားကြီးဟာ ဂင်္ဂါမြစ်ဘက်ကို ပြန်ဆင်းသွားပြီး ကိုယ်ကိုပြန်လည်သန့်စင်ရတယ်။

အဲဒီအချိန်မှာ ပုဏ္ဏားကြီးကို မထီမဲ့မြင်ပြုရပါမလားဆိုပြီး တံမြက်စည်းလှည်းသူကို ပတ်ဝန်းကျင်ကလူတွေက ဝိုင်းရိုက်နှက်ကြတယ်။ ဒါကို ဆာဒူးကြီးတစ်ဦးက အတင်းဝင်ပြီး ကာကွယ်တယ်။ အဲသလို ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ နေရာကို ဂင်္ဂါမြစ်ထဲ ပြန်ပြီးကိုယ်လက်သန့်စင်ရွတ်ဖတ်သရဇယ်ရတဲ့ ပုဏ္ဏားကြီးနဲ့ သူ့နောက်လိုက် ပုဏ္ဏားငယ်နှစ်ဦးက ခပ်တည်တည်ပဲ ဖြတ်လျှောက်လာတယ်။ ပုဏ္ဏားကြီးဟာ မျက်နှာထားကလည်း တင်းလွန်းလှတယ်။ မြင့်မြတ်လှတဲ့ ရာထူးကိုလည်း ရထားတော့ အလွန်လည်း မာနကြီးတယ်။

“သင့်ကြောင့် လူတစ်ယောက် ရိုက်နှက်ခံထိနေတာကို ဒီအတိုင်းကြည့်နေနိုင်လား ပုဏ္ဏားကြီး”

ဆာဒူးကြီးရဲ့ အမေးကို ပုဏ္ဏားကြီးက မျက်လုံးတောင်လှန်မကြည့်ဘူး။

“ပုဏ္ဏားကြီးရဲ့အရိပ်ကိုတောင် မနင်းမိစေအောင် လူတွေနေကြရချိန်မှာ၊ ဒီအောက်တန်းစားက ပုဏ္ဏားကြီးကို ဝင်တိုက်တာ”
ဘေးက ပုဏ္ဏားကြီးရဲ့ အကြိုထောက်တစ်ဦးက ဝင်ပြောတယ်။

“ဘုရားပေးထားတဲ့ နေအလင်းဟာ လူသားတိုင်းအတွက်ဖြစ်တယ်၊ အဲဒီနေအလင်းအောက်မှာ ရှိနေတဲ့ လူတွေအားလုံးထဲမှာ ဘယ်သူကဘယ်သူ့ထက် ပိုမြတ်နိုင်ဦးမလဲ’
ဆာဒူးကြီး မေးချိန်မှာ ပုဏ္ဏားကြီးကတော့ မျက်နှာထားကို တင်းမာထားဆဲပဲ။

“ရှီဗာ သင့်ကို ကောင်းချီးပေးပါစေ”

မတူမတန်ဘူးဆိုတဲ့ ပုံနဲ့ ပုဏ္ဏားကြီးက ဆာဒူးကြီးကိုကောင်းချီးပေးပြီး ထွက်ခွာသွားတော့တယ်။

ဝတ်ဖြူစင်ကြယ်နဲ့ ပုဏ္ဏားကြီးကို လူတွေက အိမ်ဦးမှာထားတယ်၊ စားဦးကိုကျွေးတယ်။ ပုဏ္ဏားကြီးနဲ့နောက်လိုက် ပုဏ္ဏားအငယ်တွေဟာ၊ လူတွေရဲ့ အိမ်တွေမှာ အိမ်ဦးခန်းမှာပဲ နေကြရတယ်။ အိမ်ထောင်သယ်ယောင်္ကျားတွေဟာလည်း မိမိအိမ်ထောင်ကိုမိမိ စီမံအုပ်ချုပ်တာထက်၊ ပုဏ္ဏားကြီးက အုပ်ချုပ်နေတာဖြစ်တယ်။ ပုဏ္ဏားကြီး က ဒါလုပ်ဆို တစ်အိမ်လုံးက လုပ်ကြရတယ်။

ပုဏ္ဏားကြီးကို ပထမအခန်းတွေမှာ တစ်ကယ့်ကို ဘာသာရေးအာဏာရှင်လို ပုံဖော်ထားတယ်။ တရားစကားတွေ ပြောနေသော်လည်း တစ်ကယ်အကြင်နာတရား မရှိတဲ့၊ လူသားမဆန်တဲ့ လူတစ်ယောက်အနေနဲ့ ပုံဖော်ထားတယ်။

ပုဏ္ဏားကြီးမှာ မိန်းမနဲ့ သမီးလေးတစ်ယောက်လည်း ရှိတယ်။ မိန်းမဟာဆိုရင်လည်း တစ်နေကုန် ချက်ပြုတ်ရှင်းလင်း၊ ဝေယျာဝစ္စလုပ်ရရုံနဲ့ မပြီးဘူး၊ ထမင်းကိုအဆင့်သင့်စား၊ ကိုယ့်သင်္ကန်းတောင် ကိုယ်မလျှော်ရတဲ့ ပုဏ္ဏားကြီးကို ညဆိုလည်း မနားရဘဲ နင်းပေးနှိပ်ပေးရသေးတယ်။

ပုဏ္ဏားကြီးတရားထိုင်နေပြီဆိုရင် သောက်ရေခွက်ကလေး ‘ချွင်’ ဆိုပြီးတောင် အသံထွက်လို့ မရဘူး။ တရားတွေထိုင်၊ မေတ္တာရေတွေသွန်းလောင်း၊ မေတ္တာပို့စာတွေသာ ရွတ်နေသော်လည်း၊ မျက်နှာကတော့ ပညာမာနနဲ့ တင်းမာနေခဲ့တယ်။
ပုဏ္ဏားကြီးဟာလည်း ဆွမ်းစားကြွမယ်ဆိုရင်လည်း ကြွယ်ဝချမ်းသာပြီး ဂုဏ်ပကာသနနဲ့ ပြည့်စုံတဲ့ အိမ်တွေမှာပဲ ဆွမ်းစားလေ့ရှိတယ်။ ဆင်းရဲမွဲတေသူတွေဆိုရင်တော့ မျက်လုံးချင်းတောင် အဆုံမခံခဲ့ဘူး။

(ဆက်ဖတ်ရန်…)

April 16, 2012

နေရာမှားနေတဲ့ ကောင်းကင်ဘုံ

Filed under: ရုပ်ရှင်ခံစားချက် (Movie Review), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:15 am

“ချမ်း”….

မိဘအရိပ်အာဝါသကို စွန့်ခွာလို့၊ အနာဂတ်တွက် မျှော်လင့်ချက်ကြီးမားစွာနဲ့ ယောင်နောက်ဆံထုံးပါ လိုက်လာခဲ့တယ်။ မွေးရပ်မြေနဲ့ အရာရာကွာခြားလွန်းတဲ့ ကနေဒါဆိုတဲ့ နိုင်ငံသစ်ကြီးဟာလည်း ရင်သပ်ရှုမော အံ့မခန်းဖြစ်စေခဲ့တယ်။ ယောက္ခမတွေရဲ့ အပြင်အဆင်တွေ၊ အနေအထိုင်တွေဟာလည်း အထင်ကြီးစရာဖြစ်နေခဲ့တယ်။ မိဘတွေ ရွေးပေးလိုက်တဲ့ ခင်ပွန်းသယ်လောင်းဟာလည်း ရုပ်ရည်သန့်ပြန့်ချောမောရုံမက စိတ်ကောင်းနှလုံးကောင်းနဲ့လည်း ပြည့်ဝပုံရတယ်။ ကမ္ဘာကျော် နိုင်ဂရာရေတံခွန်ကြီး၊ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲနဲ့်၊ အရောင်တဖိတ်ဖိတ်တောက်ဟိုတယ်ကြီးထဲက ပျားရည်ဆမ်းအသည်းပုံ ရေချိုးကန်ကိုလည်း အဲဒီတော့မှ သူမ မြင်ဖူးခဲ့တယ်။ ငယ်ငယ်ကကြားဖူးခဲ့တဲ့ ဒဏ္ဍာရီပုံပြင်ထဲက မင်းသမီးလေးကို အရာရာပြည့်စုံတဲ့ မင်းသားလေးက ခေါ်ယူချီးမြှောက်လို့ ချစ်ခင်စုံမက်စွာ ပေါင်းဖက်လေသတည်းဆိုသလို သူ့ဘ၀ဟာ ပန်းခင်းလေးပေါ်မှာ လျှောက်လှမ်းလို့ ပန်းမွှေ့ယာပေါ်အိပ်စက်ရတော့မယ်။

ဒါပေမယ့် ….
“ချမ်း”ရဲ့ လက်တွေ့ဘ၀လေးက တစ်ဆစ်ချိုးသွားတဲ့ အခါမှာတော့ ….

(ဆက်ဖတ်ရန်…)

September 29, 2010

ရွှေတူးသူ (ဇာတ်သိမ်း)

Filed under: ရုပ်ရှင်ခံစားချက် (Movie Review), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:21 pm

ရွှေတူးသူ ၁ …..မှ အဆက်…….

horses.jpg

နောက်ရက်မှာ သူမဟာ အဘိုးကြီးရဲ့ ခြေကို ဖက်မတတ် တောင်းပန်တယ်။ အဘိုးကြီးက ဒီလိုပဲ မှန်တန်းပဲ ဆက်ဆံနေခဲ့တယ်။ တစ်ရက်မှာ အဘိုးကြီးဟာ သမီးအငယ်ဆုံးရဲ့ ဆိုင်ကို လိုက်သွားပြီး သူ့မိန်းမနဲ့အကျွမ်းဝင်နေတဲ့ မြင်းစောင်းက သူ့အလုပ်သမားလေး ထမင်းစားနေတဲ့ခုံမှာ ပြုံးပြုံးလေး ၀င်ထိုင်တယ်။

“ကျနော့ကို အလုပ်ဖြုတ်တော့မှာလား” လို့ မြင်းစောင်းကောင်လေးက မျက်နှာငယ်လေးနဲ့မေးတယ်

“အိုး.. မဖြုတ်ပါဘူးကွာ.. ငါ့မြင်းစောင်းမှာ လုပ်စရာတွေ တပုံကြီး၊ ဒါနဲ့ မနက်ဖြန် ဟိုဘက်ဂမူအောက်က မြင်းစောင်းမှာ မြေသယ်စရာတွေတောင် ရှိသေးတယ်ကွ၊ မင်းလာခဲ့ ဟုတ်ပြီလား”

“ဟုတ်ကဲ့”

“အေး.. ဒါနဲ့ မင်း ငါ့ မိန်းမကိုတော့ မထိနဲ့ပေါ့ကွာ.. ထိရင်တော့ မင်းကို ငါ သတ်ရလိမ့်မယ်၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့..”

သမီးအငယ်မကတော့ ကောင်တာနောက်ကနေ စိုးရိမ်တဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေတယ်။ အဘိုးကြီးက အားရအောင် ရာဇသံပေးပြီ မတ်တပ်အရပ်မှာ ၀ုန်းဆို ပြိုလဲကျသွားတယ်။ အဘိုးကြီး အိပ်ရာထဲလဲတော့ သူ့မိန်းမနဲ့ ကွဲဖို့ ကိစ္စတွေလည်း ရပ်ဆိုင်းထားရတာပေါ့။ ဒီလိုနဲ့ အိပ်ရာထဲလဲနေတဲ့ အဘိုးကြီးဟာ ညနေခင်းတစ်ခုမှာ ရုတ်တရက် သေဆုံးသွားတော့တယ်။

အဘိုးကြီး ရုပ်ကလပ်ကို ခမ်းနားလှတဲ့ အိမ်ရှေ့ခန်းကြီးမှာ သေသေချာချာ ထားထားတယ်။ သမီးအကြီးမလည်း မိသားစုနဲ့ရောက်လာတယ်။ အဘိုးကြီးရဲ့မိန်းမဟာ အဘိုးကြီးကို မနက်ဖြန်အစောကြီးမှာကို မီးသဂြိုလ်ဖို့ စီစဉ်ပြီးပြီဖြစ်ကြောင်းပြောတော့ သမီးနှစ်ဦးလုံးက ပါးစပ်အဟောင်းသားနဲ့ မယုံနိုင်အောင်ဖြစ်နေခဲ့တယ်။

“ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဖေဖေဟာ မီးသဂြိုလ်တာ ကို ဘယ်လိုမှ နှစ်သက်လိမ့်မယ် မဟုတ်ဘူး။ သူဟာ ဘိုးဘိုးဘွားဘွား၊ ဆွေမျိုးစဉ်ဆက်မြှုပ်တဲ့ မြေနေရာမှာ မေမေ့ဘေးမှာဘဲ မြုပ်နှံစေချင်လိမ့်မှာ၊ မီးသဂြိုလ်ဖို့ တစ်ခါမှ ပြောမသွားပါဘူး”

“မင်းတို့ သမီးနှစ်ယောက်ကို ပြောမသွားတာက၊ မင်းတို့ဟာ သူ့မိန်းမတွေမှ မဟုတ်တာ၊ သူ့မိန်းမဖြစ်တဲ့ ငါ့ကိုပဲ သူ့ကိုဘယ်လို သဂြိုလ်စေချင်လည်း ပြောသွားတာပေါ့”

သမီးနှစ်ယောက်ဟာ ရုတ်တရက်အသွင်ပြောင်းလာနေတဲ့ ရိုင်းစိုင်းလွန်းတဲ့ မိထွေးမ အပြောကြောင့် ရူးရူးရှားရှားဖြစ်နေတယ်။

(ဆက်ဖတ်ရန်…)

September 27, 2010

ရွှေတူးသူ

Filed under: ရုပ်ရှင်ခံစားချက် (Movie Review), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 8:51 am

ထိုမိန်းမက မျက်နှာလှလှ၊ အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်တင်းတင်းနဲ့ အလွန်ဆွဲဆောင်မှု ရှိသူ။ လူသူကင်းမဲ့တဲ့ လမ်းမကြီးပေါ်မှာ အရှိန်ပြင်းပြင်းသွားနေတဲ့ ဆိုက်ကယ်နောက်ခုံမှာ ထိုင်ပြီး၊ သူ့ရည်းစားကောင်လေးရဲ့ ခါးကိုဖက်လို့ လိုက်လာတယ်။ လမ်းဆုံက ခြောက်ကပ်ကပ် ဆိုင်လေးရှေ့မှာ ဆိုင်ကယ်က ထိုးရပ်လိုက်တော့ ဖုန်လိပ်တွေက တထောင်းထောင်း တက်သွားတယ်။ သူမက ဆိုင်ကယ်ခုံပေါ်ကနေ ဟန်ပါပါနဲ့ ခြေကိုလွှဲဆင်းလိုက်ပြီး သူမရဲ့ရည်းစားနဲ့ ကျယ်ကျယ်လောင်လောင် ငြင်းခုံလိုက်တယ်။ ကောင်လေးရဲ့ ပခုံးကို သူမလက်နဲ့ အရှိန်ပြင်းပြင်းလွှဲရိုက်လိုက်ပြီး မျက်နှာထားတင်းတင်းနဲ့ ဆိုင်ထဲကို ၀င်သွားတယ်။ ဆိုင်အပြင်ဘက် နံရံကို မှီရပ်နေတဲ့ ကောင်လေးနှစ်ယောက်က သူမဖြတ်လျှောက်သွားတာကို မျက်လုံးတွေ ကြွတ်ကျမတတ် ကြည့်နေကြတယ်။

သူမ ဆိုင်ပြင်ကို ဘီယာနှစ်ပုလင်းကိုင်ပြီး ထွက်လာတယ်။ အဲ့ဒီအချိန်မှာပဲ သူမရဲ့ ရည်းစားက သူမကို လှည့်တောင် မကြည့်တော့ဘဲ ဆိုင်ကယ်ကို မိုင်ကုန်မောင်းပြီး သူမ ကိုထားလို့ ထွက်ပြေးသွားခဲ့တာကို တွေ့လိုက်ရတယ်။

သူမကတော့ ထီမထင်နဲ့ မျက်နှာနဲ့ လူသူပြတ်လပ်တဲ့ လမ်းမကြီးအတိုင်း ခြေဦးတည့်ရာ လျှောက်လာခဲ့တယ်။ တစ်နေရာရောက်တော့ မြက်ခင်းစိမ်းတွေ၊ လှပတဲ့ သစ်ပင်တွေ၊ တောင်ကမူတွေ၊ ကမူတွေပေါ်မှာ အေးအေးချမ်းချမ်းမြက်စားနေတဲ့ အလွန်လှပတဲ့ မြင်းကြီး၊ ကမူတွေတောင်ကုန်းတွေနောက်က ကုန်းမြင့်ထိပ်မှာ ရဲတိုက်ကြီးတမျှ လှပတဲ့ အိမ်ကြီးတစ်အိမ်ကို သူမ လှမ်းတွေ့လိုက်တယ်။ သူမ ခြေလှမ်းတွေ တုန့်သွားပြီး အဲဒီအိမ်ကြီးကို လမ်းမကြီးပေါ်ကနေ အကြာကြီး ရပ်ကြည့်နေခဲ့တယ်။

“ဒီလို အိမ်ကြီးမျိုးနဲ့သာ ငါ… နေရရင်…”
သူမ နှုတ်က ခပ်တိုးတိုး ရေရွတ်လိုက်တယ်။

hillhouse.jpg

နှစ်တွေကြာတော့ သူမ သူနာပြုသင်တန်းလက်မှတ်တစ်စောင် ရလာခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမ အလုပ်ရှာနေစဉ်ကာလမှာ အဲဒီအိမ်ကြီးကနေ သူနာပြုတစ်ဦး အလိုရှိတဲ့ ကြေငြာကို သူမ တွေ့လိုက်တယ်။ အိမ်ကြီးဆီကို ကားအိုကလေးကို မောင်းလို့ ထွက်လာခဲ့တယ်။ အိမ်ကြီးရှေ့ကို ရောက်တော့ အသက်ခြောက်ဆယ်နီးပါး အဘိုးကြီးတစ်ဦးက သူမကို ခရီးဦးကြိုတယ်။

(ဆက်ဖတ်ရန်…)

September 7, 2010

နန္ဒရဲ့ စည်း

Filed under: ရုပ်ရှင်ခံစားချက် (Movie Review) — အိမ့်ချမ်းမြေ့ @ 12:55 am

အချိန်က သန်းခေါင်စွန်းစ…
အပြင်မှာ စက်တင်ဘာရဲ့ ညလေတွေက တ၀ုန်းဝုန်းတိုက်ခတ်နေသည်။
ဝရံတာမှာ ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းသံတွေက လေပြင်းပြင်းတိုးသံကြောင့် သာယာနာပျော်ဖွယ်မရှိ။
ခြောက်ခြားချင်စဖွယ်…….။

ရုပ်မြင်သံကြားဖန်သားပြင်ပေါ်က အလင်းရောင်တွေကသာ မှောင်မဲနေသော အခန်းထဲမှာ တဖျတ်ဖျတ် မှိန်လိုက်လင်းလိုက်…။
ဆိုဖာပေါ်မှာ လှဲလျောင်းရင်း တချက်တချက် ငိုက်စင်းလာသော မျက်လုံးတွေကို ဆက်လက်စင်းထားရင်း ရုပ်မြင်သံကြားကို ငေးကြည့်နေမိသည်။ စိတ်ဝင်စားဖွယ်ဘာမှမရှိသဖြင့် ကွန်ထရိုးခလုပ်ကို တွေ့ကရာနှိပ်ရင်း မျက်လုံးတွေက ထိန်းမရအောင် စင်းကျလာနေသည်။ အပြင်ဘက်က ခေါင်းလောင်းသံတွေကလည်း ညလေထဲမှာ ဆူညံအုန်းထနေသည်။

Burma.. Buddha..

အလွန်ရင်းနှီးနေတဲ့ စကားသံတွေကြောင့် မျက်လုံးက အနည်းငယ်ပွင့်လာသည်။

(ဆက်ဖတ်ရန်…)

January 31, 2010

Avatar ရဲ့ ကွဲပြားသွားတဲ့ genre

Filed under: ရုပ်ရှင်ခံစားချက် (Movie Review), ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:14 pm

 avatar.jpg

ရုပ်ရှင်တွေရဲ့ Genre တွေဟာ Adventure | Sci-Fi လို့ဆိုလိုက်ရင် ငယ်စဉ်တုန်းကတော့ စိတ်ဝင်တစားကြည့်ဖြစ်တယ်။ ဒီရုပ်ရှင်ကိုတော့ လူပြောများနေပေမယ့် Genre ထဲမှာ Adventure | Sci-Fi အပြင် fantacy နဲ့ action ပါနေတော့ သိပ်ပြီးစိတ်မ၀င်စားမိခဲ့ပါဘူး။ preview မှာလည်း ထူးဆန်းတဲ့တိရစ္ဆာန်တွေနဲ့ ပစ်သတ်တိုက်ခိုက်နေတာတွေရယ် ကွန်ပြူတာဂိမ်းပုံစံဖြစ်နေတာရယ်ကို သတိထားမိတယ်။ တစ်ခါ 3D လို့ ဆိုပေမယ့်လည်း အခြားဖြစ်ရပ်မှန် documentary 3D တွေလောက် ကောင်းပါ့မလား၊ animation တွေသိပ်များနေမလား စတဲ့အတွေးတွေနဲ့…..

…… ဟိုတစ်ပတ်စနေနေ့က ရပ်ရှင်ရုံထဲရောက်သွားခဲ့တယ်။ စောစောလေးကြိုရောက်လို့ ခုံမှာထိုင်ပြီး ကလေးတွေပဲ လာကြည့်မှာပဲ.. ဟုတ်ကောဟုတ်သေးရဲ့လားဆိုပြီး တွေးနေမိပြန်တယ်။ ဒီလိုနဲ့ ရုံထဲကို မျက်မှန်အိတ်လေးတွေကိုင်ပြီး လူတွေ တစ်ဖွဲဖွဲ ၀င်လာကြတယ်။ ဒီမြို့က ရုပ်ရှင်ရုံတွေဟာ သာမန်အချိန်တွေမှာ လူတစ်ဝက်ရှိရင်တောင်ကံကောင်း။ ဘာဖြစ်လို့လည်းဆိုတော့ ရုံကြီးတစ်ရုံထဲမှာ ရုံသေးလေးတွေ အခုနှစ်ဆယ်လောက်ရှိတော့ အခြားကားပေါင်း နှစ်ဆယ်လောက်ကိုလည်း တစ်ပြိုင်နက်ပြလေ့ရှိတော့ ရုံတစ်ရုံမှာ လူအနည်းငယ်ပဲရှိတတ်တယ်။ အခုကတော့ လူတွေ တစ်ဖွဲဖွဲဝင်လာလိုက်တာ လျှံတောင်ကျတော့မယ်။ ပရိသတ်ကတော့ ထင်ထားတဲ့အတိုင်း တစ်ဝက်ကျော်ကျော်က ဆယ်ကျော်သက်တွေများတယ်။ Rated 14-A‎‎ ဆိုပေမယ့်လည်း အသက်ရှစ်နှစ်၊ ဆယ်နှစ်လေးတွေလည်း ပါတယ်။ အဲဒီချိန်မှာ ESL ကျောင်းလာတက်ပုံရတဲ့ ဆယ်ကျော်သက် ကိုရီးယန်းယောင်္ကျားလေးတွေနဲ့ မိန်းကလေးတွေ အယောက်အစိတ်လောက် ထိုင်နေတဲ့ အတန်းနဲ့ ရှေ့တန်း၊ နောက်တန်းတွေမှာ ၀င်ထိုင်ကြတယ်။

ရုပ်ရှင်မစခင် အခြားရုပ်ရှင်တွေရဲ့ preview တွေအားလုံးကလည်း ကလေးကားတွေ။ ရုပ်ရှင်စတော့ 3D မျက်မှန်ကိုတပ်၊ ခုံကိုကျောမှီပြီး စိတ်လှုပ်ရှားခြင်းမဲ့စွာ ကြည့်နေလိုက်တယ်။

သိပ်မကြာပါဘူး…

ယာဉ်ပျံကြီးထဲက cryo vault ထဲက cryo capsules တွေ၊ ဆွဲငင်အားသုညမှာ လွင့်မျောနေတဲ့ med tech. တွေ၊ အော်ပရေးရှင်းစင်တာထဲက ကွန်ပြူတာခုံတွေ၊ ဘိုင်အိုဓာတ်ခွဲခန်းထဲမှာရှိတဲ့ amniotic အရည်ထဲက လူနဲ့အဲဒီလပေါ်က လသားတွေရဲ့ DNA တွေကိုပေါင်းစပ်တီထွင်ထားတဲ့ ကိုယ်ခန္ဒာတွေ၊ အထူးသဖြင့် Dr. Grace Augustin (Sigourney Weaver) နဲ့ Colonel Miles Quaritch (Stephen Lang) တို့ရဲ့ အတွေ့အကြုံရင့်ကျက်နေတဲ့ သရုပ်ဆောင်မှုတွေ၊ ပြောင်မြောက်တဲ့စကားပြောတွေနဲ့ ရုပ်ရှင်က ရုပ်လုံးကြွလာတယ်။

ဒီရုပ်ရှင်ကားရဲ့ Genre ဟာ Action/Adventure/Suspense/Thriller/Scifi/Fantasy‎ လို့ ဆိုနိုင်ပေမယ့် လူတွေရဲ့ စိတ်ခံစားချက်တွေနဲ့ ဘ၀အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး ရုပ်ရှင်ရဲ့genre အပေါ်ယူဆချက်တွေဟာ ဆန့်ကျင်စွာကွဲပြားသွားကြမှာသေချာတယ်။ ကြာကြာဆက်ကြည့်ရင် ကိုလိုနီစိတ်ဓာတ်ဆိုင်ရာ ချယ်လှယ်အမြတ်ထုတ်မှုအပိုင်းတွေကိုပါ ထည့်သွင်းထားတာကို တွေ့မြင်လာနိုင်တယ်။

အဲဒီအထဲမှာမှ ပန်ဒိုရာလပေါ်က ရှိသမျှအရာမှန်သမျှကို ချယ်လှယ်ခွင့်ရထားတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုရဲ့ Resources Development Administration ခေါင်းဆောင်Parker Selfridge ရဲ့ စစချင်းပြောလိုက်တဲ့

“နယ်ခံတွေကို လှည့်စားနိုင်ဖို့ သူတို့လို နေတတ်၊ စားတတ်၊ ပြောတတ်၊ ဆိုတတ်ရမယ်…” ဆိုတဲ့ စကား။

You’re supposed to be winning the hearts and minds of the natives. Isn’t that the whole point of your little puppet show? If you look like them, if you talk like them, they’ll trust you?

ဆိုတဲ့ စကားလုံးတွေနဲ့တင်.. anti-colonialism /anti-capitalism လှုံ့ဆော်လိုက်တယ်၊ လမ်းခင်းလိုက်တယ်ဆိုတာ သိသာနေတယ်။

Isn’t that the whole point of your little puppet show? You walk like them, you talk like them. We build them a school, teach them English, but after how many years the relations with the indigenous are only getting worse.

မင်းရဲ့မထိရောက်တဲ့ ရုပ်သေးပွဲပဲ။ နယ်ခံတွေအတွက် ကျောင်းတွေဆောက်ပေးထားတယ်၊ အင်္ဂလိပ်စာသင်ပေးတယ်.. သူတို့လိုနေထိုင်စားသောက်တယ်၊ ဒါတောင်မှ ဆက်ဆံရေးတွေအဆင်မပြေလာဘူး လို့ Selfridge က စကားကို တင်လိုက်တယ်။

အဲဒီချိန်မှာ “Yeah, well that tends to happen when you use machine guns on them”. လို့ Dr. Grace Augustine က စကားကို ချ လိုက်တယ်။

ပထမအခန်းမှာတင်.. သူတို့တွေရဲ့ စကားအတင်အချတွေကိုကြည့်လိုက်တာနဲ့ နောက်ဆုံးလူဖြူတစ်ယောက်ယောက်ကပဲ ခေါင်းဆောင်လုပ်မယ်၊ နယ်ခံမိန်းကလေးတစ်ယောက်ယောက်ရဲ့ နှလုံးသားကို အနိုင်ရမယ်၊ ပြီးတော့ နယ်ခံတွေကိုခေါင်းဆောင်မှုပြုပြီး အမြတ်ထုတ်သမားတွေ (လူဆိုးတွေကို) ပြန်ပြီး တိုက်ထုတ်တော့မယ့်ရုပ်ရှင် တစ်ခုဖြစ်မှာကို ကြိုမြင်နိုင်ပါတယ်။ (အချို့သော မြန်မာရုပ်ရှင်ကားတွေလို.. မြို့သားကအမြဲ ပညာတတ်၊ ရုပ်ချော၊ စိတ်သဘောကောင်း၊ သူတော်ကောင်းဖြစ်ပြီး နယ်ကမိန်းကလေးရဲ့ နှလုံးသားကိုကော၊ မိသားစု၊ တစ်ရွာလုံးရဲ့ချစ်ခင်မှုတွေကို ရပြီး၊ မိန်းကလေးကို တစ်ဖက်သတ်ကြိုက်နေရှာတဲ့ နယ်သားလေးကပါ လေးစားပြီး အချစ်ကိုစတေးပေးလိုက်ရတဲ့ ရုပ်ရှင်ဆန်ဆန်မျိုးသရပ်ဖော်ထားမယ်ဆိုတာ မြင်နိုင်ပါတယ်)

avatar-62.jpg

(ဆက်ဖတ်ရန်…)

August 20, 2009

သံလမ်း

Filed under: ရုပ်ရှင်ခံစားချက် (Movie Review) — အိမ့်ချမ်းမြေ့ @ 3:33 pm

 cpr.jpg

မနေ့က ရုပ်ရှင်တစ်ကားကြည့်ဖြစ်တယ်။

ရုပ်ရှင်ထဲမှာ ပစိဖိတ်သမုဒ္ဒရာကြီးပတ်ပတ်လယ် ၀န်းရံထားတဲ့၊ စိမ်းမြညိုမှောင်တဲ့ တောင်တွေအထပ်ထပ်ကြားက ကနေဒါအနောက်ဘက်ကမ်းခြေတလျှောက်။ နောက်ပြီး…. မြင့်မားမတ်စောက်တဲ့ တောင်နံရံတွေမှာတွယ်ကပ်လို့၊ တောင်တွေကြားကခေါင်းလျှိုကာ၊ တောင်အောက်လှိုင်ခေါင်းတွေကြားကို ငုံ့လျှိုးလို့ ကွေ့ကောက်တိုးဝင်သွားတဲ့ ရထားလမ်းတွေ…။ အဲဒီရထားလမ်းတွေဟာ၊ ကနေဒါအရှေ့ဘက်က မွန်ထရီရယ်မြို့ဘက်အထိရယ်…အမေရိကန်နိုင်ငံဘက်က နယူးယောက်နဲ့ ချီကာဂို မြို့တွေ အထိ ခရီးပေါက်တဲ့ ရထားလမ်းတွေ…။

ကနေဒါ အနောက်ဘက်ကမ်းခြေက ရထားလမ်းတွေဖောက်ရန်၊ အလုပ်ရှာထွက်သွားတဲ့ ဖခင်တစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားလို့၊ ဖခင်ပျောက်အရှာထွက်လာတဲ့ “ကျားလေး” ဆိုတဲ့ တရုတ်လေးတစ်ယောက်ရဲ့ ဘ၀ဖြစ်စဉ်ကို ဒီရုပ်ရှင်က တင်ပြထားတယ်။ သူ့ဖခင်ကို အလုပ်သမားတွေထဲက တစ်ယောက်ယောက်က၊ ကြံစည်သတ်ဖြတ်လိုက်တယ်လို့ ယူဆထားတဲ့ “ကျားလေး”ဟာ တောင်နံရံတွေမှာ သက်စွန့်ဆံဖျား ကြိုးနဲ့တွယ်ဆင်းပြီး၊ မှိုင်းထောင်တဲ့ အလုပ်ကိုလုပ်တယ်။ အင်္ဂလိပ်စကားသိပ်မတတ်လို့ တစ်ခွန်းစနှစ်ခွန်းစပဲပြောတယ်။ ဒါပေမယ့် “ကျားလေး” ပြောသမျှစကားတိုင်းဟာ လေးနက်ပြတ်သားတယ်။ ဒီလိုနဲ့ နုနယ်ငယ်ရွယ်တဲ့ ကျားလေးနဲ့ ရထားလမ်းတွေဖောက်တဲ့ ကုမဏီပိုင်ရှင်ရဲ့သား James တို့ ခင်မင်ရင်းနှီးလာကြတယ်။ သာယာလှပတဲ့ ညလေးတစ်ညမှာ ကျားလေးနဲ့ James James တို့ ထိုင်ပြီးစကားပြောနေကြစဉ်မှာ ကျားလေးက James လက်ကို ညင်ညင်သာသာလေးကိုင်ပြီး “မင်းအကြောင်းတွေ အမြဲတမ်း ကိုယ်တွေးနေမိတယ်” လို့ ဆွေးဆွေးလေးပြောလိုက်တယ်။ အဲဒီမှာ James က လန့်ပြီး ထ ခုန်တာပေါ့။ အဲဒီမှာ ကျားလေးက ဘာဆက်ပြောသလဲဆိုတော့ ….. ။

(ဆက်ဖတ်ရန်…)

April 13, 2009

ပင်ဂွင်း နဲ့ ဆော်လမွန်တို့ အိမ်အပြန်…

Filed under: ရုပ်ရှင်ခံစားချက် (Movie Review), ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 3:28 pm

penguins1.jpgMarch of the Penguins ဆိုတဲ့ documentary ကို တော်တော်များများကြည့်ဖူးပြီး ဖြစ်ပါလိမ့်မယ်။ အချစ်ဇာတ်လမ်း လို့ သူတို့တင်စားထားတဲ့ ဒီဖလင်ဟာ ၂၀၀၅ တုန်းက အကောင်းဆုံး documentary ဆုကိုရထားတဲ့ ဖလင်ဖြစ်ပါတယ်။ နောက်ခံစကားပြောတဲ့ သူတွေ အမျိုးမျိုးရှိပေမယ့် ကျမကြည့်တုန်းက နောက်ခံစကားပြောသူကတော့ Morgan Freeman ပါ။ Morgan Freeman က ကျမ အထင်မှာ စကားပြောမကောင်းဘူးလို့ ဆိုရပါမယ်။ ပြတ်တောင်းတောင်းနဲ့ စကားပြော ဆွဲဆောင်မှု မရှိတာတောင်မှ ဖလင်ရဲ့ သဘောသဘာဝကြောင့် နှလုံးသားကို ထိခတ်တဲ့ ဖလင်လေးဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အဆိုးဆုံးရာသီဥတုကျရောက်တဲ့ အန္တာတိကမှာ ကျင်လည်ကျက်စားတဲ့ ပင်ဂွင်းငှက်ကလေးတွေဟာ ပင်လယ်တွေမှာ လေးငါးနှစ်ကြာအောင် ကျင်လည်ကျက်စားပြီး အချိန်တန်လာတဲ့ တစ်နေ့မှာ သူတို့ မွေးဖွားခဲ့တဲ့ ရေခဲပြင်တွေရှိရာကို အုပ်စုလိုက် တန်းစီပြီး ချီတက်လာကြတယ်။ အဲဒီနေရာကို ဘယ်လိုပြန်ရောက်အောင် သွားသလဲဆိုတာတော့ သိပ္ပံပညာရှင်တွေက ခုထိတော့ တိတိကျကျမသိကျသေးပါဘူး။ နေရောင်၊ ဒါမှမဟုတ် ကြယ်တွေကိုကြည့်ပြီး ရောက်အောင်ပြန်သွားကြတယ်လို့ ယူဆကြတယ်။

အဲဒီနေရာမှာ ဆော်လမွန်-salmon ( sām’ən လို့ အသံထွက်ပါတယ်၊ အယ်လ် သံ မပါပါဘူး) ငါးတွေအကြောင်းသွားသတိရလိုက်ပါတယ်။ သူတို့လေးတွေဟာလည်း မွေးကတည်းက တစ်ခါမှ ပြန်မရောက်ဖူးတဲ့ မွေးရပ်မြေကို ပင်လယ်တွေ၊ သမုဒ္ဒရာတွေကိုဖြတ်ပြီး မြစ်လက်တက်တွေရာပေါင်းများစွာကို မှန်အောင်ပြန်ရွေးပြီး မွေးရပ်မြေကို ကြယ်တွေကိုကြည့်ပြီး ရောက်အောင် ပြန်လာတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြတယ်။

(ဆက်ဖတ်ရန်…)

January 6, 2009

အရှုံးသမား ဘီလီ

Filed under: ရုပ်ရှင်ခံစားချက် (Movie Review), စာစု — အိမ့်ချမ်းမြေ့ @ 4:10 pm

shippng.PNG

သည်ရုပ်ရှင် ကို ၁၉၉၇ ခုနှစ် စတင်ရုံတင်ကတည်းက၊ ရုံမှာ တစ်ခါမှ မကြည့်ဖူးသူဟာ ခေတ်နောက်ကျသည့်သူဟု သတ်မှတ်ကြကြေး ဆိုလျှင် ကျွန်မထိပ်ဆုံးကပဲ ဖြစ်ပါလိမ့်မည်။

****

အပြင်မှာ နှင်းတွေ တဖောက်ဖောက်ကျနေတယ်။ ပြူတင်းပေါက်နားမှာ ရပ်၊ ကန့်လန့်ကာကို ဖွင့် အပြင်ကိုကြည့်လိုက်တော့၊ မြင်မြင်ရာ နှင်းပြင်ကြီး။ ဒီတစ်နှစ် နှင်းကျတာ အရင်နှစ်တွေကထက် ပိုမိုပြင်းထန် သိပ်သည်းလွန်းနေသလို။ စိတ်ပျက်ပျက်နှင့် ပြူတင်းပေါက်မှခွာ၊ မီးလင်းဖိုနားကိုလျှောက်လာလိုက်တယ်။ နောက်… မီးလင်းဖိုနားက ကုလားထိုင်မှာ ထိုင်ချပြီး ရုပ်မြင်သံကြား ခလုပ်ကို လေးတွဲ့စွာနှိပ်လိုက်တယ်။

မှန်သားပြင်ပေါ်မှာ အလွန်ကြီးမား ခမ်းနားလွန်းတဲ့ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းက၊ ပင်လယ်လှိုင်းတွန့်တွေကြားမှာ တငြိမ့်ငြိမ့် ခရီးနှင်နေတယ်။

“ဟွန်း.. လွှင့်ပြန်ပြီ..”

(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------