♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 25, 2014

My Publication List

ရေးဖူးသမျှ…. မှတ်မိသမျှ….

(က) ထုတ်ဝေ စာအုပ်ခေါင်းစဉ်၊ ထုတ်ဝေသူ၊ ထုတ်ဝေသည့် ခုနှစ်နှင့် စာပေအမျိုးအစား

၁) လမင်းရှိုက်သံ၊ ဗိုလ်မှူးကြီးကျော်ကျော်ဦး (မြဝတီပုံနှိပ်တိုက်)၊ ၂၀၀၉၊ ရသဝတ္ထုတိုများ (တစ်ကိုယ်တော်
၂) သက်တံဆယ်စင်း၊ နေမျိုးစာပဒေသာ (AMK Creation) ၂၀၁၂၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၃) မိုင်တိုင်နှစ်ဆယ်၊ နေမျိုးစာပဒေသာ AMK Creation) ၂၀၁၃၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၎) ကြယ်စင်ဆယ့်တစ်၊ ဦးမျိုးဆင့်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၅) မိတောရဲ့ ရှတတနေ့စွဲများ၊ (AMK Creation) ၂၀၁၃၊ သရော်စာ (တစ်ကိုယ်တော်)
၆) အဖြူရောင်နှလုံးသားများဆုံမှတ်၊ မိုးစာပေ၊ ၂၀၁၃၊ ဝတ္ထုတိုများ (ကလောင်စုံ)
၇) စကားဝါပန်းတို့ရဲ့ ဒိုင်ယာရီ၊ ဦးနေဇာမောင်မောင်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၈) ကကြိုးနှစ်ဆယ့်တစ်၊ ဒေါ်သင်းသင်းမွန် (AMK Creation) ၂၀၁၄ မေလ၊ အွန်လိုင်းရသစာစုများ (ကလောင်စုံ)
၉) ဆယ့်နှစ်ကြိုးတပ် နှစ်ဆယ့်လေးသံစဉ် ၊ မိုးစာပေ၊ ၂၀၁၄ ဇွန်လ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၀) ကောင်းကင်ပေါ်ကျတဲ့ မိုးစက်များ ၊ မိုးစာပေ၊ ၂၀၁၅ မေလ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၁) လယ်တောထဲက မိန်းကလေး မိုးစာပေ ၂၀၁၆ နိုဝင်ဘာ၊ ဘာသာပြန်ရသစာစုများ စုစည်းမှုစာအုပ် (တစ်ကိုယ်တော်)

(ဆက်ဖတ်ရန်…)

August 28, 2012

ပန်းရုံခတ်သံ

Filed under: သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:41 am
 chess.jpg

“နင် ပါးခွက်လေးနဲ့ တွေ့သေးလား”

ပန်းမူလေသံက သာမန်လေသံမဟုတ်၊ မကျေနပ်သံ စွက်နေသယောင်။“ဟမ်… ဟင့်အင်း … တွေ့ဘူး” ရွှေသစ္စာက ဇီးသီးပြားတစ်ခု ပါးစပ်ထဲ ထည့်လိုက်ပြီး ဇီးနှစ်ပေနေသော လက်ညှိုးကိုပါ စုပ်လိုက်ကာ စိတ်မပါသလိုဖြေ၏။ မျက်လုံးကလည်း အငြိမ်မနေ။ ရေစည်ပိုင်းပြတ်နားမှာ တရစ်ဝဲ၀ဲ။ ရွှေသစ္စာ အမူအယာပျက်နေသည်ကို ပန်းမူ သတိထားမိလေသည်။

ယခုတလောတွင်လည်း ရွှေသစ္စာကို တစွဲတလန်းချစ်နေသော၊ ရွှေသစ္စာကလည်း တိတ်တခိုးပြန်ချစ်နေပုံရသော၊ ပါးမှာ ပါးချိုင့်ကလေးနှင့်မို့ “ပါးခွက်လေး” ဟု ပန်းမူတို့ အမည်ပေးထားသော၊ တစ်ကျောင်းတည်း တစ်တန်းတည်းက ကောင်လေးတစ်ယောက်အကြောင်း ရွှေသစ္စာ မပြောသည်မှာ ကြာခဲ့လေပြီ။

(ဆက်ဖတ်ရန်…)

April 18, 2011

သံလွင်အိပ်မက် အတွဲ၅ - အမှတ်၁

မျှော်လင့်စောင့်စားနေရသော သံလွင်အိပ်မက် အတွဲ ၅ - အမှတ် ၁ထွက်ပါပြီလို့..။

မလေး ဒီတစ်ခါတော့ မပါဝင်ဖြစ်သော်လည်း …..
ကိုယ်တိုင်မျှော်နေရသူမို့ လင့်ခ်တင်ထားပေးခြင်းဖြစ်ပါတယ်လို့..

November 16, 2009

သံလွင်အိပ်မက် အတွဲ(၃)၊ အမှတ်(၄)

မျှော်လိုက်ရတဲ့ သံလွင်အိပ်မက် ထွက်ပါပြီ….း))
အရင်လိုပဲ.. ရသ၊သုတ စုံစုံလင်လင်နဲ့ စိတ်ဝင်စားဖွယ်ပါပဲ…

ဝတ္ထုများ၊ ကဗျာများအပြင်… အက်ဆေးများနှင့် အထူးသဖြင့် ဆောင်းပါးများကို ဖတ်ကြည့်ရန် တိုက်တွန်းလိုပါတယ်ရှင်…

“အရင်တုန်းကတော့ သူ ဒီကန်ကြီးပေါ်မှာ ငန်းလာကျောင်းတဲ့ ညနေတွေဟာ ကျုပ်တို့ အတွက်တော့ ရွှေရောင်ညနေခင်းတွေပေါ့ဗျာ။ ကျုပ်တို့ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ခဲ့ကြတယ်လေ…”

……..

“တောနက်ထဲမှာဆောက်ထားတဲ့ ဒီကလပ်အလယ်က ရေကန်ကြီးကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ၊ အကျယ်က ပေ ၁၀၀ လောက်ရှိတယ်၊ အရှည်က ပေ ၄၀၀ လောက်ရှိတယ်။ ၁၉၂၀ခုနှစ်လောက်က ဆောက်ထားတယ် ပြောကြတယ်။ လူလုပ် ရေတံခွန်တွေ၊ ရောင်စုံကြာပန်းတွေ၊ ပြီးတော့ လေတိုက်လို့ ရေမျက်နှာပြင်မှာ လှိုင်းတွန့်လေးတွေ ဘာဝလှုပ်ခတ်နေပုံမျိုး….”

…….

ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းနဲ့ သဘောသဘာဝကို လွတ်လပ်စွာ ဆန့်ကျင်နိုင်မှုနဲ့ ကလန်ကဆန်လုပ်ပြီး ပြောဆိုနိုင်တဲ့ လွတ်လပ်မှုတစ်ခု၊
o အရစ်တိုကရေစီကို လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊
o စားပွဲထိုးတွေကို လွတ်လပ်စွာ တစ်ပ်ပိုက်ဆံ မပေးရမှုနဲ့
o မိန်းမတွေကို ကြောက်ရခြင်း အဖြစ်တွေကနေ လွတ်မြောက်နိုင်မှုတွေ..

အဲသလိုအဲသလို.. ရေးထားတဲ့ ဘိုဟီးမီးယန်းများနှင့် ငွေငန်းဖြူများ ဆိုတဲ့ ကျွန်မရဲ့ ၀တ္ထုတိုလေး တစ်ပုဒ်လည်းပါပါတယ်…

ဖတ်ရှုဝေဖန်ပေးကြပါဦးလို့…
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

July 26, 2009

သံလွင်အိပ်မက် ၅နှစ်ပြည့်အထူးထုတ်

Filed under: သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 4:14 pm

ရောက်ရာအရပ်ကနေ သံလွင်အိပ်မက် ၅နှစ်ပြည့်အထူးထုတ်ထွက်ပြီဆိုတာ ကြားလို့ အရင်ဆုံး ကိုယ်တိုင်မျှော်လင့်နေတဲ့ အင်တာဗျူးတွေနဲ့ အထူးအစီအစဉ် (ပုံမှန်စာရေးသူများရဲ့ အမှတ်တရစကားများ) ကို အမြန်သွားကြည့်လိုက်ပါတယ်..

အင်တာဗျူးတွေကို နှစ်သက်သလို၊ အထူးအစီအစဉ်ကိုလဲ နှစ်သက်တယ်။ လက်ရေးတွေက ထင်ထားတဲ့အတိုင်း ကဗျာဝါသနာပါသူတွေ၊ စာရေးဝါသနာပါသူတွေမို့ လှမှလှ.. (မလေးတော့ မပါပါ).. ဒီကြားထဲ ကိုယ့်လက်ရေးစာက အရှည်ဆုံးဖြစ်နေတော့ ကိုယ့်ဟာကိုယ် ရယ်မိလိုက်သေးတယ်…။ ကျန်တာတွေကို အကုန်မဖတ်ရသေးဘူး။

ထိုနေ့က ခမောနှင့် မွီးခမော မြို့နှစ်မြို့ကြားမှ ရေလက်ကြားကို ဖြတ်တိုက်လာသောလေက မြို့နှင့်မနီးမဝေး တံငါရွာလေးအထိ ဝေ့၀ဲတိုက်ခတ်သွားသည်။ လေထဲမှာ ငါးခြောက်နံ့၊ ဒိုက်နံ့များ ပျံ့လွင့်နေသည်။ ခနော်ခနဲ့ ၀ါးကြမ်းပြင်ထက်က သစ်တုံးသစ်စများဖြင့် ဖိုထားသော မီးဖိုပေါ်က ထမင်းအိုးကို မွှေနေရင်း၊ ဇလုံထဲက ပြည်ကြီးငါးများကို အုံနေသော ယင်ကောင်များကို လည်ပင်းမှာပတ်ထားသော တဘက်နှင့် ယမ်းလိုက်သည်။ ပြည်ကြီးငါးတွေထဲက မလတ်ဆတ်တော့သော ငါးတစ်ကောင်ကို လက်နှင့်ကောက်ကာ အိမ်နောက်ဖေးပေါက်မှတဆင့် ရေထဲသို့ ပစ်ချလိုက်သည်။ အိမ်ရှေ့ဖက်ခြမ်းက မြေပြင်ပေါ်မှာရှိပြီး နောက်ဖက်အခြမ်းက ရေလက်ကြားပေါ်မှာ တည်ရှိသော တဲသာသာ၊ ဓနိမိုး၊ ထရံကာ အိမ်နောက်ဖက်အဖီမှ လေတိုက်တိုင်း အသံမြည်နေသည့် အပြာရောင်မိုးကာဖျင်က မဲညစ်လွန်း၍ မီးခိုးရောင်ပင် သန်းချင်နေသည်။ ၀ါးကြမ်းပြင်ကြားမှ အောက်သို့ ငုံ့ကြည့်လျှင် တသွင်သွင် စီးနေသော ညိုပုပ်ပုပ်ရေများကို မြင်နေရသည်။

ဆိုတဲ့ ဇာတ်ဝင်ခန်းလေးပါတဲ့ မလေးရဲ့ “ကဗျာတစ်ပုဒ်၏နိဂုံး” ဆိုတဲ့ ၀တ္ထုလေးကတော့ ဒီမှာပါ…

မလေး ခေတ္တဆက်ပျောက်လိုက်ပါဦးမယ်…
အားလုံးကို သတိရပါတယ်…

April 20, 2009

သံလွင်အိပ်မက် (ဧပြီလ ၂၀၀၉)

အားလုံးမျှော်လင့်နေကြတဲ့ သံလွင်အိပ်မက် အတွဲ၃၊ အမှတ်၂ ထွက်ပါပြီ။

ဆောင်းပါးများ၊ အက်ဆေးများ၊ ၀တ္ထုတို၊ ကာတွန်း၊ ကဗျာ၊ အူနာစေမည့်ဗေဒင်ကဏ္ဍမှ အစ.. ပါမောက္ခဒေါက်တာအောင်ထွန်းသက်နှင့် တွေ့ဆုံစကားပြောထားတာတွေအပြင် “မြန်မာဘလောဂ့်တွေကြား မှေးမှိန်နေတဲ့အခွင့်အလမ်းများ” စတဲ့ စိတ်ဝင်စားဖွယ် ဆောင်းပါးများကိုလဲ ဖော်ပြထားပါတယ်ရှင်…။

အောက်က ပန်းချီလေးနဲ့ကတော့ ကျမရေးထားတဲ့ ၀တ္ထုတိုလေးဖြစ်ပါတယ်။

moon.jpg

အိမ်ရှေ့တံခါးကို သော့ဖွင့်ပြီး ဇော်ရှိန်း အိမ်ထဲဝင်လိုက်တော့ ညနေ ခြောက်နာရီထိုးလုပြီ။ အိမ်ခန်းထဲသို့ဝင် အင်္ကျီ အ၀တ်အစားများကိုလဲပြီး ကွန်ပြူတာခလုတ်ကို ဖွင့်လိုက်သည်။ ပြီးတော့ ဂျီတော့ခ်ထဲကို ၀င်ထားလိုက်ပြီး အိမ်ရှေ့ခန်းကို ဇော်ရှိန်း ပြန်ထွက်လာခဲ့သည်။ အိမ်ရှေ့ခန်းက အတော်အတန် ကျယ်ဝန်းပြီး မီးဖိုနှင့်ပါ တွဲနေသည်။ မနေ့ကတည်း ကချက်ထားသော ကြက်သားနှင့်အာလူးဟင်းကျန်အိုးကို ရေခဲသေတ္တာထဲမှထုတ်ပြီး မီးဖိုပေါ်သို့ တင်နွှေးထားလိုက်သည်။ ထမင်းကြမ်းကိုတော့ ပန်းကန်ထဲထည့်ပြီး မိုက်ခရိုဝေဖ်ထဲ နှစ်မိနစ်ခန့် ထည့်နွှေးထားလိုက်သည်။ ဇော်ရှိန်း ငှားထားသော တစ်ယောက်အိပ် အိမ်ခန်းက ရေ၊ မီး၊ တယ်လီဖုန်း၊ အင်တာနက်၊ အ၀တ်လျှော်စက်ဖိုး အကုန်အပြီးအစီးမှ တစ်လကို ဒေါ်လာ ငါးရာ့ငါးဆယ်ပေးရသည်။ သည်မြို့က ဆင်ခြေဖုံးရပ်ကွက်အချို့မှာ ဇော်ရှိန်းတို့လို အိမ်ရှင်များက အိမ်အကြီးကြီးတွေကို ဆောက်သည့် အခါ လူငှားများကို တင်ရန်အတွက် ရေချိုးခန်း၊ မီးဖိုများပါထည့်ပြီး အခန်းပိုများပါ တွဲပြီးဆောက်လေ့ ရှိကြသည်။ နှစ်ယောက်အိပ် အိမ်ခန်းများကို တစ်လဒေါ်လာ ရှစ်ရာခန့်ယူပြီး၊ တစ်ယောက်ခန်းများကို ဒေါ်လာငါးရာခန့်ယူလေ့ရှိသည်။ ကိုယ့်ဟာကိုယ် တိုက်ခန်းငှားနေမည်ဆိုပါက၊ တစ်ယောက်အိပ် တိုက်ခန်းတစ်ခုကိုပင် ရေမီး၊ တယ်လီဖုန်း မပါဘဲနှင့်ပင် ဒေါ်လာ ခုနှစ်ရာခန့် ပေးရမည်ဖြစ်၍ သည်လိုအိမ်မျိုးက သည်လိုအခန်းမျိုးမှာပဲ ဇော်ရှိန်း အခန်းငှားနေလိုက်သည်။

ဇော်ရှိန်း ထမင်းဟင်းများကိုနွှေးအပြီး ပန်းကန်ထဲတွင် ပုံလိုက်ကာ ထမင်းစားပွဲသေးသေးလေးတွင် ထိုင်မစားတော့ဘဲ ကွန်ပြူတာရှေ့သို့ ပန်းကန်ကိုယူကာ ထွက်လာခဲ့သည်။ ဂျီတော့ခ်ကို တစ်ချက်ကြည့်လိုက်တော့ သူမ ရောက်မလာသေး။ ခြောက်ကပ်ကပ် ဆီပြန်ဟင်းကျန်နှင့် ထမင်းတစ်လုပ်စားလိုက်၊ ကောင်းနိုးရာရာ ဆိုက်ဒ်များမှ သတင်းများ၊ ဘလော့ဂ်များကို ဖတ်လိုက်နှင့် သူမကို မျှော်နေမိသည်။

“ကိုကို”

စပီကာမှ တွမ် ဆိုသည့် အသံကလေးနှင့်အတူ ဖန်သားပြင်ပေါ်မှာ သူမ အမည်ဘေးက မီးလေး လင်းလာသည်။ ဇော်ရှိန်း ရင်ထဲမှာ နွေးထွေးသွားသည်။

“မျှော်လိုက်ရတာ လမင်းရယ်”

………
………

ဆက်ဖတ်ချင်ကြတယ်ဆိုရင်တော့ ဒီကိုသွားပါရှင်..

January 25, 2009

သံလွင်အိပ်မက် အတွဲ၃၊ အမှတ်၁

aintchanmyay-story.jpg

သံလွင်အိပ်မက် အတွဲသုံး၊ အမှတ်တစ် ထွက်ပါပြီရှင်…

ဒီတစ်ခါ ဆောင်းပါးတွေက တော်တော်စုံစုံလင်လင်နဲ့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
နောက်ပြီး ၀တ္ထုတွေမှာ ပန်းချီလှလှလေးတွေနဲ့ သိပ်လှတာပဲ။ . ဘယ်သူဆွဲလဲတော့မသိ၊ တော်တော်လေး လှတယ်။
ကျွန်မ၀တ္ထုက ပန်းချီအရ ကျွန်မက ဂျင်းပင်နဲ့.. အဟွန်း။ ပန်းချီလေး တော်တော်လှတယ်။
ကျွန်မ ဒီတစ်ခါတော့ သူငယ်ချင်းတစ်ယောက် ဆိုတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပဲ ရေးထားပါတယ်ရှင်။ ပေါ့ပေါ့ပါးပါး ရသတိုလေးပါ၊ အားပေးကြပါဦးရှင်။
ဆောင်းပါးတော့ နောက်အစ်ရှုးမှပဲ ရေးပါတော့မယ်။

hut1.png

October 18, 2008

သံလွင်အိပ်မက် အတွဲ၂၊ အမှတ်၃

သီတင်းကျွတ်လရဲ့ လှပဝေဆာတဲ့ ဆီမီးတွေနဲ့ အတူ သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ(၂) အမှတ်(၃) ထွက်လာပါပြီ။

ကျွန်မရဲ့ ခွင် ဆိုတဲ့ ဖြစ်ရပ်မှန် ၀တ္ထုလေးတစ်ပုဒ်နဲ့..

နီနာ (ခေါ်) ရွေ့လျားနေတဲ့ပြတိုက် ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကိုလဲ သံလွင်မှ ဖော်ပြပေးထားပါတယ်ရှင်။

July 20, 2008

သံလွင်အိပ်မက် အတွဲ၂၊ အမှတ်၂

သံလွင်အိပ်မက် အတွဲ၂၊ အမှတ်၂ထွက်ပါပြီ…။

ကျွန်မရဲ့ ၀တ္ထုတိုလေးတစ်ပုဒ် နဲ့…

ဆောင်းပါးတစ်ပုဒ်လဲ ပါပါတယ်။

မဂ္ဂဇင်းတစ်ခုလုံးကို သွားချင်ရင်တော့ ဒီကို သွားပါရှင်…။

ဒီတစ်ခါ သံလွင်မဂ္ဂဇင်းက ပိုကောင်းနေတဲ့ အချက်တွေများစွာထဲက တစ်ခုက ကော့မန့်တွေ၊ ဝေဖန်ချက်တွေရေးလို့လဲရတယ်၊ ပရင့်ထုတ်လို့လဲရတယ်၊ သူငယ်ချင်းတွေဆီလဲ ကိုယ်နှစ်သက်တဲ့ ပိုစ်လေးတွေကို အီးမေးလ်နဲ့ ပို့လို့လဲရပါတယ်..။ ဖိုရမ်၊ ဧည့်သည်တွေရဲ့မှာတမ်း၊ အရောင်စုံပန်းချီလေးတွေနဲ့လဲ ဝေဆာနေလိုက်ပါသေးတယ်။ မကြာခင် လေးနှစ်ပြည့်တော့မယ့် သံလွင်အင်တာနက် မဂ္ဂဇင်းကို ဆက်လက်အားပေးလိုက်ကြပါစို့နော်..။

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------