မလေးရှားမှာ ထုတ်ဝေသော မြန်မာဂျာနယ်တစ်ခုဖြစ်တဲ့ မြန်မာ့စတိုင်ဟာ ခုဆိုရင် အမှတ်စဉ် ၃ အထိရောက်လာပြီဖြစ်ပါတယ်။
စာပေမြတ်နိုးတဲ့ စိတ်နဲ့ ဒီဂျာနယ်ဖြစ်မြောက်ရေးတွက် အခက်ခဲတွေ အမျိုးမျိုးကြားက ကြိုးပမ်းလာကြတာ.. လိုအပ်တာလေးတွေကို ပိုမိုကောင်းမွန်အောင်…
နောက်ပြီး…. မြန်မာ့စတိုင်ဆိုတဲ့ အမည်နဲ့လည်းလိုက်အောင် နောင်လာမယ့် လ တွေမှ စပြီး…. ထိန်းသိမ်းသွားမယ်လို့ စီစဉ်သူများက ဆိုပါတယ်လို့… စကားပါးလိုက်ပါတယ်ရှင်..။
ညီမလေး နှင်းဟေမာက ခုတစ်လောဆိုဖြစ်တဲ့သီချင်းလေးတွေကို တင်ပေးဖို့တဂ်ထားတယ်။
ငယ်ငယ်တုန်းကတော့ မောင်နှမတွေစုပြီး စန္ဒယားတီးရင်းဖြစ်ဖြစ်၊ ဂစ်တာစုတီးရင်းဖြစ်ဖြစ် ဆိုဖြစ်ခဲ့တဲ့ သီချင်းတွေကတော့ တစ်ထောင့်ကိုးရာရှစ်ဆယ်ခုနှစ်တွေတုန်းက သီချင်းတွေဖြစ်တဲ့… ခိုင်ထူး၊ ထူးအိမ်သင်၊ စိုးလွင်လွင်၊ မွန်းအောင်… အဲဒါတွေကို ဆိုဖြစ်တယ်။ မိန်းကလေးသီချင်းတွေကတော့ အဲဒီခေတ်က ကိုကိုတွေ၊ မောင်တွေ၊ အချစ်တွေနဲ့ နွဲ့လွန်းလို့ မဆိုရဲဘူး၊ သိပ်လည်းနားမထောင်ဖြစ်ဘူး။ အိမ်နောက်က မန်းကျည်းပင်အောက်မှာ လသာညတွေမှာ မောင်နှမတွေစုတိုင်းလည်း ယောင်္ကျားသီချင်းတွေပဲ ဆိုနေတာနဲ့ ယောင်္ကျားသံကြီး ဖြစ်မသွားတာ ကံကောင်းလို့ ပြောရမလိုဖြစ်နေပြီ။
အဲဒီတုန်းကတော့ အဖေဖွင့်လို့ ဆိုင်းထီးဆိုင်ကို စိတ်မပါဘဲ နားထောင်ဖူးတယ်။ ဦးလေးဖွင့်တဲ့ ရေဒီယိုက စန္ဒယားလှထွတ်တို့ တွံတေးသိန်းတန်တို့ကို ပြုံးရယ်ခဲ့တယ်။
ကနေဒါကို ရောက်စကတော့ အနောက်တိုင်းသီချင်းတွေထဲက ပေါ့ပ်ဂီတကို နှစ်သက်စွာနားထောင်ဖြစ်တယ်၊ ဆိုဖြစ်တယ်။ မြန်မာသီချင်းတွေထဲမှာတော့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေကို တဖြည်းဖြည်း နှစ်သက်လာတယ်။ အနေဝေးတာကြာတော့ အခုခေတ်ပေါ်နေတဲ့ မြန်မာသီချင်းတွေကိုနားထောင်ပေမယ့်လည်း ငယ်စဉ်ကသီချင်းတွေလို ရင်မှာစွဲကျန်မနေတော့ဘူး။ နောက်ပိုင်းအဆိုတော်တွေကိုလည်း သိပ်မသိတော့ဘူး။ အရွယ်ကလည်း စကားပြောလာတာဖြစ်မှာပါ။ ဒီမှာ အနေကြာလာလေလေ.. တစ်ကယ်နားထောင်ဖြစ်တဲ့ မြန်မာ သီချင်းတွေက သက္ကရာဇ်တွေရဲ့ ဟိုးဘက်က သီချင်းတွေဖြစ်လာတယ်။
ခုတစ်လောတော့ ဆိုဖြစ်နေတဲ့သီချင်းလေးတွေထဲက ရင်ထဲ စွဲစွဲနစ်နစ်ရှိနေတဲ့ နှစ်ပုဒ်… ပထမ တစ်ပုဒ်ကတော့ ဖွင့်ပြီးဆိုရတာဆိုတော့ အရမ်းအားရတယ်။ ဒုတိယတစ်ပုဒ်ကတော့ အသက်အောင့်ပြီး ဆိုရတဲ့သီချင်း။ ညီမလေးနှင်းဟေမာအတွက် တင်ပေးလိုက်ပါတယ်။ အစ်မ ပြောထားသလိုပဲ မငိုရဘူးနော်…
ဘာဖြစ်လို့လဲဆိုတော့ ဒီ ပထမသီချင်းကို ပန်းကန်ဆေးရင်းဖြစ်ဖြစ်၊ ဟင်းချက်ရင်းဖြစ်ဖြစ် အော်အော်ဆိုတိုင်း အိမ်မှာရှိတဲ့လူကုန် အိမ်အောက်ကို သိသိသာသာဘဲဖြစ်ဖြစ်၊ မသိမသာဘဲဖြစ်ဖြစ် ဆင်းဆင်းသွားကြလို့…
ဒီမှာပါ…..
(ဆက်ဖတ်ရန်…)
ဒါတွေသာ ပြောခွင့်ရရင်…
ခိုင်ထူးရဲ့ သီချင်းလေးတစ်ပုဒ်တွေ့လာလို့ပါ။
ကြည်လင်သော ရေကန်ထဲမှာ ဖြူဖွေးလှပသော လည်တံရှည်ငန်းလေးတွေ ကူးခတ်နေကြသည်။ ငိုနေသော ၀စ်လိုး အရွက်စိမ်းတွေ လေအဝှေ့မှာ ခေါင်းလေးငဲ့လို့ သူတို့အချင်းချင်း တီးတိုးစကားဆိုနေကြသည်။ ကမ်းစပ်က ဖားလေးတစ်ကောင် ရေကြည်ကြည်ထဲကို ခုန်ဆင်းသွားတော့ ရေဘဲလေးက လန့်လို့ ပျံပြေးသွားသည်။ တိုင်းလုံးကိုမှီရင်း ရေထဲကို ကြည့်လိုက်မိတော့ ရေကန်ထဲမှာ ရိုမန်ခေတ်က တံတိုင်းတွေက လှုပ်လီလှုပ်လဲ့။ တံတိုင်းတွေထိပ်မှာတော့ ရင်သပ်ရှုမောဖြစ်စေလောက်သော ကောက်ကြောင်းတွေနဲ့ နွဲ့နွဲ့ပြောင်းပြောင်း ၀တ်ရုံတွေကို ခြုံ၊ သပ်ရပ်တဲ့ ဆံထုံးတွေထုံးထားသော ဂရိရဲ့ သမီးပျိုတွေ တံတိုင်းတွေပေါ် မျက်နှာမှောက်လို့ ငိုနေကြသည်။ တစ်ထောင့်ကိုးရာခြောက်ခုနှစ်က ငလျှင်ကြီးထဲမှာ ပျောက်ဆုံးသွားသော မြို့ကြီး၏ အပိုင်းအစများကို ယခုထို သတိရနေလို့များလား။ ကန်ထဲက အသက်ရာချီရှိနေသော လိပ်တို့ကတော့ ပနားမားတူးမြောင်းကြီးရဲ့ အောင်မြင်မှုကို ချီးကျူးနေကြဆဲ။ ရေကန်ဘေးမှာတော့ ယခုမှ ဘုရားကျောင်းထဲက ဘုန်းတော်ကြီး၏ ကောင်းချီးပေးမှုကို ခံယူပြီးကာစ ချစ်သူစုံတွဲလေးတွေ၊ နောက်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ။

လက်မှနာရီကို ကြည့်လိုက်မိသည်။ ချိန်းထားတဲ့အချိန်ထက် နာရီဝက်တိတိ လွန်နေပြီ။
သူမ မလာတော့ဘူးလား။
(ဆက်ဖတ်ရန်…)