မြန်မာ့စတိုင်
မလေးရှားနိုင်ငံမှထုတ်ဝေသော မြန်မာဂျာနယ်ဖြစ်ပါတယ်ရှင်..
ဇွန်လမှ စတင်ထုတ်ဝေပါတယ်..
ဝေမျှခွင့်ပေးသော စီစဉ်သူများကို ကျေးဇူးတင်ပါတယ်ရှင်း))

မလေးရှားနိုင်ငံမှထုတ်ဝေသော မြန်မာဂျာနယ်ဖြစ်ပါတယ်ရှင်..
ဇွန်လမှ စတင်ထုတ်ဝေပါတယ်..
ဝေမျှခွင့်ပေးသော စီစဉ်သူများကို ကျေးဇူးတင်ပါတယ်ရှင်း))
မျှော်လိုက်ရတဲ့ သံလွင်အိပ်မက် ထွက်ပါပြီ….း))
အရင်လိုပဲ.. ရသ၊သုတ စုံစုံလင်လင်နဲ့ စိတ်ဝင်စားဖွယ်ပါပဲ…
ဝတ္ထုများ၊ ကဗျာများအပြင်… အက်ဆေးများနှင့် အထူးသဖြင့် ဆောင်းပါးများကို ဖတ်ကြည့်ရန် တိုက်တွန်းလိုပါတယ်ရှင်…။
“အရင်တုန်းကတော့ သူ ဒီကန်ကြီးပေါ်မှာ ငန်းလာကျောင်းတဲ့ ညနေတွေဟာ ကျုပ်တို့ အတွက်တော့ ရွှေရောင်ညနေခင်းတွေပေါ့ဗျာ။ ကျုပ်တို့ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ခဲ့ကြတယ်လေ…”
……..
“တောနက်ထဲမှာဆောက်ထားတဲ့ ဒီကလပ်အလယ်က ရေကန်ကြီးကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ၊ အကျယ်က ပေ ၁၀၀ လောက်ရှိတယ်၊ အရှည်က ပေ ၄၀၀ လောက်ရှိတယ်။ ၁၉၂၀ခုနှစ်လောက်က ဆောက်ထားတယ် ပြောကြတယ်။ လူလုပ် ရေတံခွန်တွေ၊ ရောင်စုံကြာပန်းတွေ၊ ပြီးတော့ လေတိုက်လို့ ရေမျက်နှာပြင်မှာ လှိုင်းတွန့်လေးတွေ ဘာဝလှုပ်ခတ်နေပုံမျိုး….”
…….
ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းနဲ့ သဘောသဘာဝကို လွတ်လပ်စွာ ဆန့်ကျင်နိုင်မှုနဲ့ ကလန်ကဆန်လုပ်ပြီး ပြောဆိုနိုင်တဲ့ လွတ်လပ်မှုတစ်ခု၊
o အရစ်တိုကရေစီကို လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊
o စားပွဲထိုးတွေကို လွတ်လပ်စွာ တစ်ပ်ပိုက်ဆံ မပေးရမှုနဲ့
o မိန်းမတွေကို ကြောက်ရခြင်း အဖြစ်တွေကနေ လွတ်မြောက်နိုင်မှုတွေ..
အဲသလိုအဲသလို.. ရေးထားတဲ့ ဘိုဟီးမီးယန်းများနှင့် ငွေငန်းဖြူများ ဆိုတဲ့ ကျွန်မရဲ့ ၀တ္ထုတိုလေး တစ်ပုဒ်လည်းပါပါတယ်…
ဖတ်ရှုဝေဖန်ပေးကြပါဦးလို့…
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
ကျွန်မရဲ့ “လမင်းရှိုက်သံနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ပုံနှိပ်ပြီးနောက်၊ မြ၀တီက လကုန်မှဖြန့်ချီရန် စီစဉ်ထားပေမယ့်လည်း ကျွန်မက ကိုယ့်ဆိုက်ဒ်မှာ တင်ထားလိုက်တော့ စာအုပ်အားပေးမယ့်သူတွေက တိုက်ကို ဖုန်းတွေဆက်ကြတယ်လို့ သိရပါတယ်။
တိုက်ကလူတွေလဲ မျက်စိတော်တော်လည်သွားတယ်လို့ ပြောပါတယ်။ အခုတော့ ကျွန်မကြော်ငြာပြီးဖြစ်လို့ လကုန်အစား ၂၄ရက် စက်တင်ဘာလ၊ ကြာသပတေးနေ့ မှာစဖြန့်မယ်လို့ သိရပါတယ်။
တစ်အုပ်ကို ဒေါ်လာတစ်ထောင့်ငါးရာဖြင့် ရောင်းချမှာဖြစ်ပါတယ်လို့
ဆိုင်တွေပေါ် မတင်ရသေးဘူး ၀ယ်ရန်ဆိုင်းပြင်းနေသော ညီအစ်ကိုမောင်နှမများကို ကျေးဇူးတင်ပါတယ်။
အုပ်ရေ ၅၀၀၊ ရောင်းဈေး ကျပ် တစ်ထောင့်ငါးရာ ပါလို့ အသိပေးအပ်ပါတယ်….
(ဒီတစ်ခါတော့ ထပ်မမှားလောက်ပါဘူး။ ဖုန်းလိုင်းကလဲ အရမ်းကို ကြည်လင်ပြတ်သားနေပါတယ်… :D)
♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫
♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫
အွန်လိုင်းစာမျက်နှာတွေပေါ်မှာရေးခဲ့သော ကျွန်မရဲ့စာစုလေးတွေထဲက ကောင်းနိုးရာရာလေးတွေကိုစုပြီး၊ ၀တ္ထုတိုပေါင်းချုပ်စာအုပ်လေးအဖြစ် ဖန်တီးဖြစ်လိုက်တဲ့အကြောင်းကို စာဖတ်သူ၊ စာရေးသူ မောင်နှစ်မများကို အသိပေးပြောကြားလိုပါတယ်။ စာအုပ်ရဲ့အမည်ကတော့ “အိမ့်ချမ်းမြေ့ရဲ့ လမင်းရှိုက်သံနှင့် အခြားဝတ္ထုတိုများ” ဖြစ်ပါတယ်။ မြ၀တီစာအုပ်တိုက်မှ သြဂုတ်လ၊ ၂၀၀၉ မှာ စတင်ထုတ်ဝေနေပါတယ်။ ၀တ္ထုတိုများဆိုပေမယ့်လည်း တစ်ကယ်တော့ ကဗျာလေးပုဒ်နဲ့ ဆောင်းပါးအချို့လည်း ပါပါတယ်ရှင်။
မနှစ်က မြန်မာပြည်ကိုပြန်ရောက်တုန်းက သည်စာအုပ်လေးထုတ်ဖို့ ကတိုက်ကရိုက်စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ လူကြိုက်များကြတဲ့ “ချစ်သူ့အိမ်”၊ “ရုပ်ရှင်လက်မှတ်လေးနှစ်စောင်” နဲ့ သံလွင်အိပ်မက်အင်တာနက် မဂ္ဂဇင်းမှာ ပါဖူးတဲ့ ကျွန်မအကြိုက် “ရေဆန်ငါး” နှင့် အခြားဆောင်းပါးများ၊ အိပ်မက်ဒေါ့ကွန်းမှာ လူကြိုက်များကြတဲ့ “ရုံးကမမများ” နဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ “Okanagan လွင်ပြင်ခရီး”၊ environmental issues နဲ့ဆိုင်တဲ့ “ကြည်ပြာ” “လမင်းရှိုက်သံ” စတဲ့ စာစုလေးများ၊ ကနေဒါအတွေ့အကြုံများဖြစ်တဲ့ “ခွင်” နဲ့ “ကနေဒါမှာအလုပ်ရရင် ဘယ်လိုအမည်မျိုးမှည့်မလဲ” စတဲ့ စာစုလေးတွေလဲ ပါပါတယ်။
♫ ♪ ♫ ♪ ♫ ♪ ♫ ♪
အားလုံးမျှော်လင့်နေကြတဲ့ သံလွင်အိပ်မက် အတွဲ၃၊ အမှတ်၂ ထွက်ပါပြီ။
ဆောင်းပါးများ၊ အက်ဆေးများ၊ ၀တ္ထုတို၊ ကာတွန်း၊ ကဗျာ၊ အူနာစေမည့်ဗေဒင်ကဏ္ဍမှ အစ.. ပါမောက္ခဒေါက်တာအောင်ထွန်းသက်နှင့် တွေ့ဆုံစကားပြောထားတာတွေအပြင် “မြန်မာဘလောဂ့်တွေကြား မှေးမှိန်နေတဲ့အခွင့်အလမ်းများ” စတဲ့ စိတ်ဝင်စားဖွယ် ဆောင်းပါးများကိုလဲ ဖော်ပြထားပါတယ်ရှင်…။
အောက်က ပန်းချီလေးနဲ့ကတော့ ကျမရေးထားတဲ့ ၀တ္ထုတိုလေးဖြစ်ပါတယ်။
အိမ်ရှေ့တံခါးကို သော့ဖွင့်ပြီး ဇော်ရှိန်း အိမ်ထဲဝင်လိုက်တော့ ညနေ ခြောက်နာရီထိုးလုပြီ။ အိမ်ခန်းထဲသို့ဝင် အင်္ကျီ အ၀တ်အစားများကိုလဲပြီး ကွန်ပြူတာခလုတ်ကို ဖွင့်လိုက်သည်။ ပြီးတော့ ဂျီတော့ခ်ထဲကို ၀င်ထားလိုက်ပြီး အိမ်ရှေ့ခန်းကို ဇော်ရှိန်း ပြန်ထွက်လာခဲ့သည်။ အိမ်ရှေ့ခန်းက အတော်အတန် ကျယ်ဝန်းပြီး မီးဖိုနှင့်ပါ တွဲနေသည်။ မနေ့ကတည်း ကချက်ထားသော ကြက်သားနှင့်အာလူးဟင်းကျန်အိုးကို ရေခဲသေတ္တာထဲမှထုတ်ပြီး မီးဖိုပေါ်သို့ တင်နွှေးထားလိုက်သည်။ ထမင်းကြမ်းကိုတော့ ပန်းကန်ထဲထည့်ပြီး မိုက်ခရိုဝေဖ်ထဲ နှစ်မိနစ်ခန့် ထည့်နွှေးထားလိုက်သည်။ ဇော်ရှိန်း ငှားထားသော တစ်ယောက်အိပ် အိမ်ခန်းက ရေ၊ မီး၊ တယ်လီဖုန်း၊ အင်တာနက်၊ အ၀တ်လျှော်စက်ဖိုး အကုန်အပြီးအစီးမှ တစ်လကို ဒေါ်လာ ငါးရာ့ငါးဆယ်ပေးရသည်။ သည်မြို့က ဆင်ခြေဖုံးရပ်ကွက်အချို့မှာ ဇော်ရှိန်းတို့လို အိမ်ရှင်များက အိမ်အကြီးကြီးတွေကို ဆောက်သည့် အခါ လူငှားများကို တင်ရန်အတွက် ရေချိုးခန်း၊ မီးဖိုများပါထည့်ပြီး အခန်းပိုများပါ တွဲပြီးဆောက်လေ့ ရှိကြသည်။ နှစ်ယောက်အိပ် အိမ်ခန်းများကို တစ်လဒေါ်လာ ရှစ်ရာခန့်ယူပြီး၊ တစ်ယောက်ခန်းများကို ဒေါ်လာငါးရာခန့်ယူလေ့ရှိသည်။ ကိုယ့်ဟာကိုယ် တိုက်ခန်းငှားနေမည်ဆိုပါက၊ တစ်ယောက်အိပ် တိုက်ခန်းတစ်ခုကိုပင် ရေမီး၊ တယ်လီဖုန်း မပါဘဲနှင့်ပင် ဒေါ်လာ ခုနှစ်ရာခန့် ပေးရမည်ဖြစ်၍ သည်လိုအိမ်မျိုးက သည်လိုအခန်းမျိုးမှာပဲ ဇော်ရှိန်း အခန်းငှားနေလိုက်သည်။
ဇော်ရှိန်း ထမင်းဟင်းများကိုနွှေးအပြီး ပန်းကန်ထဲတွင် ပုံလိုက်ကာ ထမင်းစားပွဲသေးသေးလေးတွင် ထိုင်မစားတော့ဘဲ ကွန်ပြူတာရှေ့သို့ ပန်းကန်ကိုယူကာ ထွက်လာခဲ့သည်။ ဂျီတော့ခ်ကို တစ်ချက်ကြည့်လိုက်တော့ သူမ ရောက်မလာသေး။ ခြောက်ကပ်ကပ် ဆီပြန်ဟင်းကျန်နှင့် ထမင်းတစ်လုပ်စားလိုက်၊ ကောင်းနိုးရာရာ ဆိုက်ဒ်များမှ သတင်းများ၊ ဘလော့ဂ်များကို ဖတ်လိုက်နှင့် သူမကို မျှော်နေမိသည်။
“ကိုကို”
စပီကာမှ တွမ် ဆိုသည့် အသံကလေးနှင့်အတူ ဖန်သားပြင်ပေါ်မှာ သူမ အမည်ဘေးက မီးလေး လင်းလာသည်။ ဇော်ရှိန်း ရင်ထဲမှာ နွေးထွေးသွားသည်။
“မျှော်လိုက်ရတာ လမင်းရယ်”
………
………
ဆက်ဖတ်ချင်ကြတယ်ဆိုရင်တော့ ဒီကိုသွားပါရှင်..
(ဒီလင်ခ့်)ကို ကျမဆိုဒ်ဘေးမှာ တင်ထားတာတော့ ကြာပါပြီ။ ဒါပေမယ့် စာဖတ်သူများ ပိုမြင်သာအောင် ဒီမှာ တင်ထားပေးတာပါ။
သံလွင်အိပ်မက် အတွဲသုံး၊ အမှတ်တစ် ထွက်ပါပြီရှင်…
ဒီတစ်ခါ ဆောင်းပါးတွေက တော်တော်စုံစုံလင်လင်နဲ့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
နောက်ပြီး ၀တ္ထုတွေမှာ ပန်းချီလှလှလေးတွေနဲ့ သိပ်လှတာပဲ။ . ဘယ်သူဆွဲလဲတော့မသိ၊ တော်တော်လေး လှတယ်။
ကျွန်မ၀တ္ထုက ပန်းချီအရ ကျွန်မက ဂျင်းပင်နဲ့.. အဟွန်း။ ပန်းချီလေး တော်တော်လှတယ်။
ကျွန်မ ဒီတစ်ခါတော့ သူငယ်ချင်းတစ်ယောက် ဆိုတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပဲ ရေးထားပါတယ်ရှင်။ ပေါ့ပေါ့ပါးပါး ရသတိုလေးပါ၊ အားပေးကြပါဦးရှင်။
ဆောင်းပါးတော့ နောက်အစ်ရှုးမှပဲ ရေးပါတော့မယ်။
ဘလော့ဂါများရဲ့ အကယ်ဒမီပွဲရှိတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောတာနဲ့ ကျွန်မ မနေ့က http://mmblogpress.com ကိုရောက်ဖြစ်လိုက်တယ်။ စီစဉ်သူတွေ ဘယ်သူတွေလဲ မသိသော်လည်း သူတို့ရဲ့ ရည်ရွယ်ချက်၊ အချိန်ပေးမှု၊ ကြိုးစားအားထုတ်မှုတွေကို ကျမ လေးစားပါတယ်လို့ ရှေးဦးစွာပြောလိုပါတယ်ရှင်။
ကျမမြန်မာပြည် ခဏပဲပြန်ရပါသေးတယ်.. ကျမရဲ့ lyricswithoutmelody.net ဆိုက်ဒ်ကို ကြည့်လိုက်တော့ ဟက် လုပ်ထားခံရတာတွေ့လိုက်ရတယ်…။ ကျမ အတွက်တော့ ဘာမှ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆိုက်ဒ်တွေ သုံးလေးခုကို အပျော်လုပ်ထားတဲ့ ကျမ၊ သွားကြည့်စရာ ဆိုက်ဒ်တစ်ခု လျော့သွားတော့ အလုပ်သက်သာတယ်လို့ ယူဆမိလို့ပါပဲ။ နဂိုထဲကလဲ ကျမရဲ့ ဒီဆိုက်ဒ်မှာ တစ်ပတ်ကို ပိုစ်တစ်ခု မနည်းတင်နေရသူမို့ အခုလို လုပ်လိုက်သူ(များ)ကို ကျေးဇူးတင်တယ်လို့ပဲ ဆိုပါရစေ။ အဲဒီဆိုက်ဒ်နဲ့ ကျမ သက်ဆိုင်ပေမယ့် မပိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ဆိုက်ဒ်ကို ဆောက်ပေးသူဟာ ကျမ ကို ပါစ်ဝါဒ်တို့၊ ပိုစ်တင်ခွင့်တို့ ပေးမထားလို့ပါပဲ။
ဝမ်းနည်းတာ တစ်ခုကတော့ ဆိုက်ဒ်ကို ဆောက်ပေးထား သူအတွက်ပါပဲ။ သူ့ခမျာ အခက်အခဲတွေကြားက ကျမ အနုပညာတွေကို မြတ်နိုးစိတ်တစ်ခုတည်းနဲ့ ဆောက်ပေးသွားသူပါ။ သူဟာ ဖြူစင်တဲ့ ရည်မှန်းချက်တစ်ခုနဲ့ လူတော်တော်များများကောင်းဖို့ ရည်ရွယ်လုပ်ကိုင်ရင်း ဒီလောကကြီးမှာ ရှိချင်လဲ ရှိမယ်၊ မရှိချင်လဲ မရှိတော့ဘူး။ အခုလို ဟက် လုပ်လိုက်သူတွေရဲ့ ရဲဘော်ရဲဘက်တောင် ဖြစ်နိုင်ပါတယ်။ သူအချိန်တွေ အများကြီးပေးပြီး ဆောက်ထားပေးခဲ့တဲ့အတွက် သူ့လုပ်အားတွေနဲ့ အချိန်တွေ၊ ခံစားချက်တွေအတွက်တော့ စိတ်မကောင်းပါဘူးရှင်။
တလက်စတည်းနဲ့ အားလုံးကို အသိပေးချင်ပါတယ်။ www.ainchannmyay.blogspot.com ရယ် www.lyricswithoutmelody.net ရယ် တွေနဲ့ ကျမ အိမ်ချမ်းမြေ့ဟာ ဘာမှ ပတ်သက်ခြင်း မရှိကြောင်း အားလုံးကို အသိပေးလိုပါတယ်.. www.lyricswithoutmelody.blogspot.com မှာလဲ ဘာမှ တင်ဖြစ်ဦးမှာ မဟုတ်ပါဘူးလို့ အသိပေးလိုပါတယ်ရှင်။
အွန်လိုင်းမှာတွေ့နေကြ သူငယ်ချင်းများအားလုံးကို လဲ သတိရပါတယ်။ ခုလောလောဆယ်တော့ အွန်လိုင်းတက်ဖြစ်ဦးမှာမဟုတ်ပါဘူး။ အီးမေးလ် အသစ်လုပ်ပြီးရင် ကျမ ဒီမှာတင်ပေးပါမယ်ရှင်။
နာဂစ် အပြီး ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်လိုသူများအတွက် ဒီဆိုဒ်လေးက အသုံးဝင်နိုင်ပါတယ်ရှင်..