♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

May 4, 2016

မိခင်ဧရာဝတီအတွက် ရေးတဲ့စာ

‘မငိုပါနဲ့ ဧရာဝတီ’ ဒုတိယပိုင်းလို့ ဆိုလို့ရပါတယ်။
Sunday Special -April 24th 2016

mirrordaily.JPG

i.jpg

(ဆက်ဖတ်ရန်…)

March 6, 2016

ကိုယ်နှင့်ကိုယ်သာ ယှဉ်ပြိုင်ရာ

Filed under: အတွေးအမြင်, ဆောင်းပါး, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 10:08 am

  me.jpg

ဒီမှာက အစိုးရ ကျောင်းတွေမှာ ကျမတို့ငယ်စဉ်ကလို ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ချီးမြင့်တဲ့ ပညာရည်ချွန်ဆုပေးပွဲတွေ မရှိပါဘူး။
ကြုံလို့ပြောရမယ်ဆိုရင်.. ဆရာကန်တော့ပွဲတွေလည်း မရှိပါဘူး (မရှိရဘူး မဆိုလိုပါဘူး။ သူ့တိုင်းပြည်နဲ့သူ ရှိသင့်ပါတယ်။ မရှိကြောင်းသာ ပြောပြခြင်းပါ.. အဖွားတွေ အဒေါ်ရင်းတွေကိုယ်တိုင် ဆရာမများ၊ ကျောင်းအုပ်များဖြစ်ပါတယ်)
အတန်းတွေထဲမှာလည်း အတော်ဆုံးဆိုတာ မရှိသလို အညံ့ဆုံးဆိုတာလည်း မရှိပါဘူး။ ဘာသာရပ်တစ်ခုချင်းစီမှာ Grade A, B, C စသည်ပဲ ခွဲပါတယ်။ ကိုယ်က သခ်ျာမှာ A ရသော်လည်း Health မှာ C ရချင်ရမယ်။ ကိုယ့်သူငယ်ချင်းဖြစ်သူက သခ်ျာမှာ B ရသော်လည်း သိပ္ပံမှာ A ရချင်ရမယ်။

ရီပို့ကဒ်ပေးရင်လည်း စာအိတ်လေးကိုယ်စီနဲ့ ပေးပါတယ်။ သူငယ်ချင်းတွေကြားထဲ A တွေချည်းပဲရသလား၊ B ဘယ်နှစ်ခုလည်း C ဘယ်နှစ်ခုလည်း အချင်းချင်း တိုးတိုးတိတ်တိတ် ရှဲချင်ရှဲကြပေမယ့်၊ အတန်းထဲမှာကတော့ ဘယ်သူအတော်ဆုံးဆိုတာ မရှိပါဘူး။
ရှိခဲ့ရင်တောင် ဆရာ/ဆရာမတွေမှာ ကလေးတွေ စိတ်ကြီးဝင်အောင် သို့မဟုတ် စိတ်အားငယ်အောင် ပြုမူပြောဆိုခြင်း မရှိ/မရှိရပါဘူး။

အတန်းသားအချင်းချင်း သူတစ်လူငါတစ်မင်း စာပြိုင်တာ မရှိတော့ပါဘူး။ ပြိုင်မယ့်ပြိုင် ကိုယ့်ပေပါနဲ့ကိုယ်ပြိုင် ရတာဖြစ်ပါတယ်။ ကိုယ့်တီထွင်နိုင်တဲ့ ဥာဏ်နဲ့ကိုယ် ပြိုင်ရတာ ဖြစ်ပါတယ်။ ကိုယ်နဲ့ကိုယ်သာ ပြိုင်ခြင်း ဖြစ်သွားပါပြီ။

(ဆက်ဖတ်ရန်…)

September 22, 2015

စတော်ဘယ်ရီပင်အောက် နှင်းဆီသီးစားသုံးသူများ

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:39 pm

st3.jpg 

စာရေးသူလည်း စတော်ဘယ်ရီပင်အောက်က စာရေးဆရာမကိစ္စ စိတ်စွဲနေလို့၊ အိပ်မက်ထဲထိတောင် ထည့်မက်မိတယ်။ နောက်ရက်မှာတော့ စတော်ဘယ်ရီပင်ရိပ်ကိစ္စနဲ့ပတ်သက်ပြီး သတင်းရလာတာက အဲဒီစတော်ဘယ်ရီပင်ရိပ်ဟာ အထင်ကရ ဆရာကြီးတစ်ဦးရဲ့ ဝတ္ထုတစ်ပုဒ်ထဲကလို့ ကြားသိလာရပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာပြည်မှာ စတော်ဘယ်ရီပင်ကြီး မရှိနိုင်ဘူးဆိုတဲ့ အဆိုတွေကိုလည်း ကြားနေရတော့ အဲဒီကိစ္စကို ပိုလို့စိတ်ဝင်စားလာမိပြန်တယ်။
စာရေးသူလည်း စတော်ဘယ်ရီပင်အကြောင်း ဆရာကြီးဘယ်လိုများရေးထားသလဲ သိချင်ဇောနဲ့ သူရေးခဲ့တဲ့ ဂန္တဝင်ဝတ္ထု ကြီးကို ကျည်ဆန်ရထားထက်မြန်တဲ့နှုန်းနဲ့ ဖတ်ပါတော့တယ်။ ဟုတ်ကဲ့ စာရေးသူ စကားခံထားတဲ့အတိုင်း အလုပ်တစ်ဘက်နဲ့မို့ ကျည်ဆန်ရထားထက်မြန်တဲ့နှုန်းနဲ့ တစ်ပုဒ်ထဲတောင် မဟုတ်၊ နှစ်ပုဒ်၊ တစ်ပုဒ်ကို နှစ်ခေါက်စီ ဖတ်ပစ်လိုက်တာ၊ စတော်ဘယ်ရီပင်မပြောနဲ့ စတော်ဘယ်ရီစေ့နဲ့တူတာတောင် မတွေ့ခဲ့ရပါဘူး။

စာရေးသူဖတ်လိုက်တဲ့ ဝတ္ထုတွေကတော့ `မေ ´.. နဲ့ .. `မြိုင်´… ပါ။
‘မေ’ ဝတ္ထုဟာဖြင့် ရန်ကုန် နဲ့ ပဲခူးမြို့များမှာ အခြေခံလို့ စတော်ဘယ်ရီပင်နဲ့ အလှမ်းဝေးနေသေးတယ်လို့မှတ်ပြီး အားလျော့မိတယ်။ ‘မြိုင်’ ကတော့ လားရှိုးတစ်ဝိုက်မှာ ဇာတ်လမ်းအခြေတည်လို့ စတော်ဘယ်ရီနဲ့ နီးစပ်လာသလိုရှိပေမယ့်လည်း ဝတ္ထုထဲက ဇာတ်ကောင်တွေဟာ စတော်ဘယ်ရီသစ်ပင်အောက် ချိန်းတွေ့စရာမလိုအောင် ခေတ်ရှေ့ပြေးလို့ မြန်မာဂန္တဝင်အချစ်ဝတ္ထုတွေ များများစားစားသိပ်မဖတ်ဖူးတဲ့ စာရေးသူမှာ အနည်းငယ်ရှက်သလိုလို ဘာလိုလို ဖြစ်ရပေမယ့်လည်း ဆရာကြီးရဲ့ စာတွေဟာ ဆွဲဆောင်မှုရှိလွန်းလှတာကို စိတ်ထဲကကြိတ်ပြီး ချီးကျူးလိုက်မိမလိုဖြစ်သွားသေးတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်လိုစာရေးသူတစ်ဦးက ဆရာကြီးလို စာရေးသူတစ်ဦးကို ချီးကျူးသင့်မသင့် ယဉ်ကျေးမှုအစဉ်လာတွေကြား တွေ ကနဲ.. တစ်ချက်ဖြစ်သွားလိုက်သေးသည်။

(ဆက်ဖတ်ရန်…)

August 19, 2015

စိမ့်ဝင်စီးမျောခြင်းများ (၂)

Filed under: ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 3:05 pm

 osmosis3.jpg

 Working hand in hand: Training & Cultural Exchange Programs
(အရပ်သားများအတွက် စစ်ဘက်မှ တံခါးဖွင့်ထားပေးခြင်း)

စစ်မှုထမ်းတွေ အရပ်ဘက်ပြောင်းရွှေ့လာကြတဲ့အခါပဲဖြစ်ဖြစ်၊ အရပ်ဘက်ကလူတွေ စစ်တပ်ဘက်မှ အတွေ့အကြုံရယူကြတာပဲဖြစ်ဖြစ်၊ အပြန်အလှန်ဖလှယ်မှုတွေအတွက် နှစ်ဘက်လုံးက တံခါးတွေဖွင့်ထားကြတာကို တွေ့ရတတ်ပါတယ်။
MEWDCOM (United States Army Medical Command) ဆိုတဲ့အဖွဲ့အစည်းထဲမှာ အရပ်သားဆရာဝန် သုံးသောင်းခန့် ပါရှိတယ်ဆိုတယ်။ ထိုအဖွဲ့အစည်းဟာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စစ်သားတွေကိုသာမက၊ တပ်မှအနားယူသွားတဲ့ စစ်သား ၅သန်းကို ကုသပေးနေတဲ့ ဆရာဝန်တွေဖြစ်တယ်။ MEWDCOM သို့မဟုတ် Army Medicine Civilian Corps အဖွဲ့အစည်းဟာ အမေရိကန်ကြည်းတပ်လက်အောက်မှာ ရှိနေပေမယ့်လည်း အရပ်သားဆရာဝန်များဟာ စစ်ယူနီဖောင်းဝတ်စရာ မလိုသလို၊ အမိန့်နဲ့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခိုင်းစေမှုတွေမှ ကင်းလွတ်သူတွေဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် အရပ်သားကျောင်းသူ/ကျောင်းသားတွေထဲမှာ တက္ကသိုလ် တက်ရင်း စစ်စည်းကမ်းလေ့လာလိုသူ၊ စစ်ထရိန်နင်တွေကို သင်ယူလိုသူတွေရှိတယ်။ အချိန်ပြည့် စစ်သား စစ်သမီးလည်း မဖြစ်ချင်ဘူး၊ စစ်သင်တန်းလည်း အချိန်ပြည့်မတက်နိုင်ဘူး၊ ဒါပေမယ့် စစ်တပ်ရဲ့အတွေ့အကြုံတွေကို လိုချင်တဲ့ ကျောင်းသူကျောင်းသားလူငယ်တွေကို အချိန်ပိုင်း စစ်သား/စစ်သမီးလုပ်ခွင့်ပေးတာတွေကိုလည်း တွေ့ရတတ်တယ်။ တစ်ပတ်မှာ နာရီဘယ်လောက် စစ်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး သတ်မှတ်ထားတဲ့အတွက် စစ်တပ်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို သင်နိုင်သမျှသင်ယူပြီး အရပ်ရဲ့လုပ်ထုံးလုပ်နည်းများနဲ့ပေါင်းစည်းကာ ပိုမိုထက်မြက်လာအောင် ကြိုးစားချင်တဲ့ လူငယ်တွေကိုလည်း စစ်တပ်မှ အခွင့်အရေးပေးတတ်တာကို တွေ့ရပါတယ်။

(ဆက်ဖတ်ရန်…)

August 18, 2015

စိမ့်ဝင်စီးမျောခြင်းများ

Filed under: ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 11:28 am

osmosis.jpg တစ်လောက စစ်မှုထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနဘက်ကို ပြောင်းရွှေ့ခန့်အပ်တာနဲ့ ပတ်သက်ပြီးတော့ အရပ်သားဆရာဝန်တွေနဲ့ ကျန်းမာရေးဌာနက အခြားဝန်ထမ်းတွေအနေနဲ့ လက်မခံနိုင်တဲ့အကြောင်းကို ဖဲကြိုးအနက်ကင်ပိန်းတွေ လုပ်ပြီး ပြသကြတယ်။
တပ်မတော်မှာပဲဖြစ်ဖြစ်၊ ကျန်တဲ့ အရပ်သားလုပ်ငန်းခွင်တွေမှာပဲဖြစ်ဖြစ်၊ ဝန်ထမ်းတွေဟာ ရာထူးတွေတက်လာပြီး၊ တစ်နေရာမှာ bottleneck ဖြစ်လာတဲ့ အခါမှာ ဘာဆက်လုပ်ကြမလဲ။ အောက်ကတက်လာတဲ့ လူတွေကို နေရာဖယ်ပေးဖို့ ပဲဖြစ်ဖြစ်၊ အတွေ့အကြုံဖလှယ်ဖို့ စစ်ဘက်မှ အရပ်ဘက် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ချင်လို့ပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးဌာနသာမက၊ အခြားဝန်ကြီးဌာနတွေဘက်ကို စစ်မှုထမ်းများကို ယခုလို ပြောင်းရွှေ့စေခိုင်းလိုက်ခြင်းကြောင့် ပြောင်းရွှေ့ရတဲ့ စစ်မှုထမ်းတွေနဲ့ အရပ်သားအရာရှိ၊ ဝန်ထမ်းတွေကြား ဆက်ဆံရေးအခက်အခဲဖြစ်စေသလို၊ တပ်မတော်နဲ့ လူထုကြားမှာလည်း ပိုမိုပြီး သဘောထားကွဲလွဲစရာဖြစ်စေနိုင်တယ်။

ထရိန်နင်တွေ၊ စည်းကမ်းတွေ မတူတဲ့ နေရာနှစ်နေရာမှ ဝန်ထမ်းတွေအလုပ်အတူတူလုပ်ရတဲ့အခါ အရပ်ဘက်ကို ပြောင်းလာရတဲ့ စစ်သားတွေမှာလည်း အခက်ခဲတွေရှိမယ်၊ လက်တွဲအလုပ်လုပ်ရမယ့် အရပ်သားဝန်ထမ်းတွေမှာလည်း အခက်ခဲတွေရှိမယ်။ သူတို့ကြားမှာ မလိုလားအပ်တဲ့ ပွတ်တိုက်အားတွေဖြစ်လာမယ်၊ အဲဒီအခါမှာ အထိခိုက်အနစ်နာရဆုံးဟာ တပ်မတော်နဲ့ ဝန်ကြီးဌာနများက အလုပ်ကျွေးပြုတဲ့ ပြည်သူလူထုပဲဖြစ်တယ်။
အဲဒီတော့ ဘာလုပ်ကြမလဲ၊ အခြားတိုင်းပြည်တွေမှာလည်း ဝန်ကြီးဌာနတွေနဲ့ တပ်မတော်ဆိုတာတွေ ရှိကြတာပဲ။ ဒီလိုကိစ္စမျိုးတွေကို သူတို့ဘယ်လိုဖြေရှင်းကြသလဲ။ အမေရိကန်နဲ့ ကနေဒါက စစ်တပ်တွေနဲ့ ဝန်ကြီးဌာနတွေမှာ အလားတူကိစ္စမျိုးတွေကို ဘယ်လိုကိုင်တွယ်ကြလည်း လက်လှမ်းမှီသလောက် လေ့လာကြည့်တယ်။

ဒီနေရာမှာ အရပ်ဘက်ကိုပြောင်းသွားတဲ့ စစ်အရာရှိတွေရဲ့ အမေးအဖြေဂဏများကို ဖတ်ရှုလေ့လာ၊ ထို့အပြင်.. ဌာနဆိုင်ရာအကြီးအကဲတွေထဲက စစ်မှုထမ်းဟောင်း အချို့ကိုလည်း လက်လှမ်းမှီသလောက် မေးမြန်းစုံစမ်းအင်တာဗြူးခဲ့ပါတယ်။

အရပ်ဘက်ကိုပြောင်းလာတဲ့ စစ်အရာရှိတွေထဲမှ လေ့လာဖတ်ရှု/နားထောင်ရတဲ့ သုံးဦးရဲ့အင်တာဗြူးတွေဟာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ပထမတစ်ဦးကတော့ Vietnam စစ်ပွဲပြန် Marine officer တစ်ဦးဖြစ်တဲ့ ဟားဗတ်ကျောင်းဆင်း Marshall N. Carter ပဲဖြစ်တယ်။ သူဟာ စစ်ဘက်မှထွက်ပြီး New York Stock Exchange မှာ Chairman အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ။ ဒုတိယတစ်ဦးကတော့ Orion International Recruiting မှာ Vice President တဖြစ်လဲ U.S. Marine Corps မှ ဗိုလ်မှူးကြီး Brian Henry ဆိုသူ။ တတိယတစ်ဦးကတော့ West Point ဆင်း၊ C.I.A. ဒါရိုက်တာဟောင်း ဗိုလ်ချုပ်ကြီး David Petraeus ဆိုသူရဲ့ အမေးအဖြေတွေပဲဖြစ်ပါတယ်။

(ဆက်ဖတ်ရန်…)

January 11, 2015

ယောက်ျားကောင်း မောင်းမတစ်ထောင်

Filed under: my notes, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 6:25 pm

“ယောင်္ကျားကောင်း မောင်းမတစ်ထောင်ဆိုတာ တိုးတက်တဲ့တိုင်းပြည်အများစုမှာတာ့ အထင်ကြီးစရာကိစ္စတစ်ခု မဟုတ်ပါဘူး”

ကျမ အိမ်ထောင်ရေးဝတ္ထုလေးတစ်ပုဒ်ရေးနေတာပါ။ ကိုယ်တွေ့ဝတ္ထုလေးပါ။ ဒါပေမယ့် base လုပ်တဲ့ နေရာဒေသက ကနေဒါဖြစ်နေတယ်။ ဒါကို မြန်မာမှုပြုပြီးရေးတဲ့အခါ ထင်တာထက်ပိုပြီး ခက်ခဲတာကို တွေ့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကနေဒါမှာ ယောင်္ကျားတစ်ဦးဟာ မိန်းမတစ်ဦးပဲ တရားဝင် လက်ထပ်ယူခွင့်ရှိတယ်။ ရုံးတွင်းမှာ အိမ်ထောင်သယ်တွေ ဖောက်ပြန်တဲ့အခါမှာလည်း အဲသလိုဖောက်ပြန်သူတွေဟာ တစ်နည်းမဟုတ်ရင်တစ်နည်းနဲ့ ချောင်ထိုးခံရပြီး နောက်ဆုံးမှာ အကြောင်းအမျိုးမျိုးပြပြီး human resources က အလုပ်က ထုတ်ပစ်တာတွေရှိတယ်။

ဘယ်လောက်ပဲ ရာထူးကြီးပါစေ၊ ရုံးအတွင်းရုံးသူရုံးသား အချင်းချင်း စည်းမထားဘူးဆိုရင် disciplinary action ယူခံထိပါတယ်။ ရုံးသူရုံးသားအချင်းချင်းမှာ အပျိုလူပျိုတောင်မှ အလွန်သတိထားရပါတယ်။ အပျိုလူပျိုမို့လို့ဆိုပြီး အနေထိုင် မတတ်ရင်လည်း Human resources က ပရိုဖက်ရှင်နယ်ဆန်ဆန် မနေထိုင်နိုင်မှုနဲ့ စာထုတ်ပါတယ်။ ဒီကြားထဲ… အခန့်မသင့်ရင် sexual harassment case တွေ တောင် ဖြစ်ပါတယ်။

(ဆက်ဖတ်ရန်…)

December 19, 2014

နတ်ဆိုးသီချင်းကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း

Filed under: ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 2:34 pm

hc.jpg Eagles album ထဲက Hotel California ဆိုတဲ့ သီချင်းလေးကို လူတော်တော်များများ ရင်းနှီးကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီသီချင်းစာသားရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းနားမလည်ခင်အရွယ်ကတည်းက သီချင်းသံစဉ်ကို အလွန်နှစ်သက်မိတယ်။

Eagles album, Hotel California သီချင်းဟာ စေတန် (နတ်ဆိုး၊ အမှောင်ကမ္ဘာ) နဲ့ သက်ဆိုင်တဲ့ သီချင်းလို့ လူတော်တော်များများက ပြောတာတွေကိုလည်း ကြားဖူးခဲ့တယ်။ ယခုအထိလည်း ဒီသီချင်းကို နတ်ဆိုးကိုပူဇော်ထားတဲ့ သီချင်း၊ အမှောင်ကမ္ဘာကို ပသ ထားတဲ့ သီချင်းဆိုပြီးတော့ နားမထောင်တဲ့ လူတွေလည်း အများကြီးရှိကြပါတယ်။ ဒီသီချင်းကို စေတန်သီချင်း လို့ လူတွေကဘာကြောင့်ပြောကြသလဲဆိုတာ သိချင်ခဲ့တယ်။ ဒီလိုနဲ့ လေ့လာသိရှိခဲ့သမျှလေးကို ဝေမျှချင်စိတ်ဖြစ်လာလို့ ဒီစာကိုရေးပါတယ်ရှင်။

Hotel California ဆိုတာ ဘယ်ဟိုတယ်ကို ဖွဲ့တာလည်းက အစ ဂယက်တွေက ရိုက်ခဲ့တာပါပဲ။ အချို့ကလည်း L.A. နားက စိတ္တဇဆေးရုံကို စပ်ထားတာလို့ ပြောသလို၊ အချို့ကလည်း အမေရိကန်နိုင်ငံ လူသားစားကလပ်တစ်ခုက ရူးကြောင်ကြောင်လူတွေအကြောင်း ရေးထားတာလို့ ဆိုကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စာသားထဲမှာ ‘ဒီဟိုတယ်ထဲကို ကြိုက်တဲ့အချိန်ဝင်လာပြီး တည်းခိုလို့ရပါတယ်၊ ဒါပေမယ့် ဒီဟိုတယ်ထဲက ပြန်ထွက်ဖို့တော့ လမ်းမရှိဘူး’ လို့ ပါတာကိုး။ ဒီကြားထဲမှာ မက္ကဆီကိုနိုင်ငံက ဟိုတယ်မာန်နေဂျာတစ်ယောက်က သူ့ဟိုတယ်ကို ရေးထားတာပါ။ ဟိုတယ်ထဲက အခန်းတစ်ခန်းထဲမှာ Eagles အဖွဲ့သားတွေ လနဲ့ချီနေခဲ့ပြီး Hotel California သီချင်းကိုရေးသွားတာပါဆိုပြီး သတင်းလွှင့်တာနဲ့ မက္ကဆီကိုက အဲဒီဟိုတယ်အထိသွားတည်းပြီး လိုက်ကြည့်သူတွေတောင်ရှိလို့ ဟိုတယ်မာန်နေဂျာက ငွေထုတ်ပိုက်သွားတာမျိုးလည်း ရှိပါတယ်။

ဒီသီချင်းထဲမှာ မူးယစ်ဆေးစွဲမှုတွေ၊ ရူးသွပ်မှု၊ အပျော်တမ်းဆန်တဲ့ လူမှုဆက်ဆံရေးတွေ (ချစ်သူ/ရည်းစား အပျော်တစ်ညတာ ထားတဲ့အကြောင်းတွေ) ကို ရေးဖွဲ့ထားတာတွေပါတယ်လို့ ဆိုပါတယ်။

(ဆက်ဖတ်ရန်…)

September 10, 2014

“ကြိမ်လုံးမဲ့ အပြုံး”

Filed under: ယဉ်ကျေးလိမ္မာကလေးဂျာနယ်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:35 am

ကျမ လေးတန်းကျောင်းသူဘဝပါ။ ကျောက်သင်ပုန်းရှေ့မှာ စာမရတဲ့ ကျောင်းသားတွေကို သမိုင်းဆရာက ကြိမ်လုံးနဲ့ ရိုက်နှက်ဆုံးမလို့ ပြီးတာ မကြာသေးဘူး၊ အနောက်ဘက်အပေါက်ကနေ သူငယ်တန်းတက်ခါစ ညီမလေးက ဝင်လာပြီးတော့ ကျမတို့ရဲ့ ခုံအောက်မှာ ပုန်းနေခဲ့တယ်။ ခဏကြာသော အတန်းပိုင်ဆရာမနဲ့ ကျောင်းအုပ်ဆရာကြီးကိုယ်တိုင် သူ့ကိုလာချီယူသွားရတယ်။ ကျောင်းအုပ်ဆရာကြီးနဲ့ ညီမလေး ဆွဲကြလွဲကြနဲ့ နောက်ဆုံး ညီမလေးဟာ ဆရာကြီးရဲ့ ပခုံးပေါ် ပါသွားတယ်။ သူမငိုသံဟာ အတန်းထဲမှာ ဝေ့ဝဲကျန်ခဲ့တယ်။

အဲဒီ မနက်ကလည်း သူငယ်ချင်းညီမလေးတစ်ယောက် ကျောင်းမတက်ချင်လို့ လာပို့တဲ့မိဘတွေရဲ့ကားဘီးကိုဖက်ပြီးငိုနေခဲ့တာကို မြင်ခဲ့ရသေးတယ်။ ကျမတို့ကိုယ်တိုင်လည်း ငယ်စဉ်ကလေးဘဝတုန်းက ကျောင်းမတက်ရဘူးဆိုရင် ပျော်ခဲ့ဘူးတယ်။ အထူးသဖြင့် ရိုက်နှက်ဆုံးမတတ်တဲ့ ဆရာတွေ ဆရာမတွေ နေမကောင်းလို့ မလာရင် ပျော်သလား မမေးပါနဲ့။

(ဆက်ဖတ်ရန်…)

August 22, 2014

စိုက်သည့်အတိုင်း

Filed under: ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 1:19 am

သြဂုတ်လ ၁၈၊ ၂၀၁၄ အလင်းတန်းဂျာနယ်မှာ ဆရာမချောအိမာန် ရေးတဲ့ ‘ယုံကြည်မှု၏ အနားသတ်မျဉ်းများ’ ဆိုတဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖတ်လိုက်ရတယ်။ ဒီဆောင်းပါး ဂျာနယ်ပေါ်အထိပါလာဖို့ နောက်မှာ တွန်းအားကတော့ နည်းမယ် မထင်ပါဘူး။ ထုတ်ဝေသူနဲ့ စာအုပ်မှာ ပါဝင်ရေးသားသူ စာရေးဆရာ/ဆရာမအချို့ရဲ့ မကြေလည်မှုလေးတွေကြောင့် ဖြစ်လိမ့်မလားလို့ ဒီဆောင်းပါးကို ဖတ်ပြီး စဉ်းစားလိုက်မိတယ်။

ဒီစာအုပ်လေးဟာ ဘလောဂါတွေ စုထုတ်တဲ့ ပထမဆုံးသော စာအုပ်တော့ မဟုတ်ပါဘူး။ အဲဒီစာအုပ်ရှေ့မှာ ဘလော့ဂါတွေ စုထုတ်တဲ့ စာအုပ်တွေ ရှိခဲ့ပါတယ်။ အဲဒီစာအုပ်တွေထဲက ဥပမာ ပြရမယ်ဆိုရင်တော့ ‘သက်တံ ၁၀စင်း’ နဲ့ ‘မိုင်တိုင် ၂၀’ တို့ အပါအဝင် ဖြစ်ပါတယ်။

အဲသလို ဘလောဂါတွေစုပြီး ရေးတဲ့စာအုပ်တွေကို ပါဝင်ရေးသားတဲ့အခါမှာ ထုတ်ဝေသူနဲ့ခင်မင်လို့ ပါဝင်ခွင့်ရခဲ့တာ မဟုတ်သလို၊ စာအုပ်တစ်အုပ်ထဲမှာ အတူတူရေးကြတဲ့ စာရေးသူတွေနဲ့လည်း ပါစင်နယ် ခင်မင်လို့ မဟုတ်ခဲ့ကြပါဘူး။ အွန်လိုင်းပေါ်မှ ကလောင်အမည်ရယ်၊ ရေးတဲ့စာရယ်ဟာ စာရေးသူရဲ့အိုင်ဒီပဲ။ ဒီအိုင်ဒီတွေကိုလမ်းခင်းလို့ ယုံကြည်မှုချင်း လက်ချင်းချိတ်တွဲ လုပ်ကြတာဖြစ်တယ်။ ဒါဟာ ဘလောဂ်ရဲ့ စိတ်ဝင်စားဖွယ် အချက်တစ်ချက်။
ကျမရဲ့ အီးမေးထဲမှာ စာလေးတစ်စောင်ရောက်နေမယ်၊ စာမူဖိတ်ခေါ်တယ်၊ ငွေရေးကြေးရေးစကားဆိုတာ မပါ။ စာပေချစ်စိတ်ရှိတယ်၊ လူငယ်ထုတ်ဝေသူတွေကို ကူညီပံ့ပိုးချင်မယ်၊ ကိုယ်ကလည်း ပါဝင်ချင်တယ်၊ အဲဒီအချက်တွေကပဲ တွန်းအားပေးနေတာဖြစ်တယ်။

‘ယုံကြည်မှုရဲ့ အနားသတ်မျဉ်းများ’ ဆောင်းပါးရေးသားသူရဲ့ ရေးထားတဲ့ အချက်တွေ အထဲမှာ…..

“တချို့ကတော့ ကိုယ့်ကိုမှ လူမသိသေးဘူး။ လွယ်မယ်လို့ ထင်တဲ့ စာအုပ်ထုတ်ရေးကိုပါ လုပ်လာကြပါတယ်။ ဒီအချိန်မှာ အဲဒီစာအုပ်ကို စီစဉ်မယ့်သူက ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတဲ့ ကိစ္စ။ ယုံကြည်မှုကိစ္စတွေ ပါဝင်လာပါပြီ။ သူတို့ သိပ်ကို လုပ်နိုင်မယ်ထင်တဲ့ နယ်ပယ်ဒေသ တစ်ခုရဲ့ အကြောင်းကို မလေ့လာ။ ဟုတ်လှပြီအထင်နဲ့ ဘလော့ဂါတစ်လှေကြီးနဲ့။ စာရေးဆရာ၊ ဆရာမများ ပါဝင်စေချင်ပါတယ်။ စာမူရချင်ပါတယ်။ သူ့စာအုပ်က ဘလောဂါတွေနဲ့တင် ရောင်းမယ်ဆို မဖြစ်လို့ပါ။ ဆရာမ ဘယ်သူ့ဘယ်သူတွေကို စာမူတောင်းပေးပါလို့ ဆိုလာပါတယ်”

(ဆက်ဖတ်ရန်…)

June 25, 2014

My Publication List

ရေးဖူးသမျှ…. မှတ်မိသမျှ….

(က) ထုတ်ဝေ စာအုပ်ခေါင်းစဉ်၊ ထုတ်ဝေသူ၊ ထုတ်ဝေသည့် ခုနှစ်နှင့် စာပေအမျိုးအစား

၁) လမင်းရှိုက်သံ၊ ဗိုလ်မှူးကြီးကျော်ကျော်ဦး (မြဝတီပုံနှိပ်တိုက်)၊ ၂၀၀၉၊ ရသဝတ္ထုတိုများ (တစ်ကိုယ်တော်)
၂) သက်တံဆယ်စင်း၊ နေမျိုးစာပဒေသာ (AMK Creation) ၂၀၁၂၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၃) မိုင်တိုင်နှစ်ဆယ်၊ နေမျိုးစာပဒေသာ AMK Creation) ၂၀၁၃၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၎) ကြယ်စင်ဆယ့်တစ်၊ ဦးမျိုးဆင့်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၅) မိတောရဲ့ ရှတတနေ့စွဲများ၊ (AMK Creation) ၂၀၁၃၊ သရော်စာ (တစ်ကိုယ်တော်)
၆) အဖြူရောင်နှလုံးသားများဆုံမှတ်၊ မိုးစာပေ၊ ၂၀၁၃၊ ဝတ္ထုတိုများ (ကလောင်စုံ)
၇) စကားဝါပန်းတို့ရဲ့ ဒိုင်ယာရီ၊ ဦးနေဇာမောင်မောင်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၈) ကကြိုးနှစ်ဆယ့်တစ်၊ ဒေါ်သင်းသင်းမွန် (AMK Creation) ၂၀၁၄ မေလ၊ အွန်လိုင်းရသစာစုများ (ကလောင်စုံ)
၉) ဆယ့်နှစ်ကြိုးတပ် နှစ်ဆယ့်လေးသံစဉ် ၊ မိုးစာပေ၊ ၂၀၁၄ ဇွန်လ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၀) ကောင်းကင်ပေါ်ကျတဲ့ မိုးစက်များ ၊ မိုးစာပေ၊ ၂၀၁၅ မေလ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၁) လယ်တောထဲက မိန်းကလေး မိုးစာပေ ၂၀၁၆ နိုဝင်ဘာ၊ ဘာသာပြန်ရသစာစုများ စုစည်းမှုစာအုပ် (တစ်ကိုယ်တော်)
၁၂) ခေတ်ပြိုင်ဘာသာပြန် ဝတ္ထုတိုများ ကံ့ကော်ဝတ်ရည်စာပေ ၂၀၁၇ မေလ၊ ဘာသာပြန်ရသစာစုများ စုစည်းမှုစာအုပ် (ကလောင်စုံ)

(ဆက်ဖတ်ရန်…)

June 12, 2014

သတ်ပုံမှားရတဲ့ ဘ၀များအကြောင်း

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 8:27 am

တစ်ကယ်တော့ ကျမ ဒီစာကို တတိတိနဲ့ ရေးနေတာ ဂနှစ်ရှိပါပြီ။ နီးစပ်ရာ ကျောင်းဆရာ၊ ကထိက မှအစ၊ chemist၊ bio-chemist၊ neuroscientist များကိုလည်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြုံရင်ကြုံသလို ပြောဆိုဆွေးနွေး၍ စုဆောင်းမိသမျှ ဗဟုသုတများကို ဖြည်းဖြည်းချင်းရေးနေခဲ့ပါတယ်။ အဲဒီအထဲကမှ တတ်နိုင်သမျှကို ပြန်လည်ထုတ်နုတ်ပြီးတော့ ဝေမျှပါတယ်။

ဟိုတစ်လောက ကျမ ဖဘမှာ စတေးတပ်စ်တစ်ခု တင်လိုက်ပါတယ်။ အဲဒါကတော့ မြန်မာစာ၊ မြန်မာ့အသိုင်း စသည်နဲ့ ဝေးကွာနေသူ၊ အဝေးရောက်မြန်မာအချို့ရဲ့ ကိုယ်နဲ့မျိုးတူမြန်မာများကို စာဖြင့်ဆက်သွယ်ဆွေးနွေး၊ အတွေ့အကြုံဗဟုသုတ ဝေမျှဖလှယ်ချင်၍ မြန်မာစာရိုက်ပြန်လည်သင်ကြားကြတဲ့အခါမှာ တွေ့ကြုံရတဲ့ အဖြစ်လေးတွေထဲက တစ်ခုပါ။

အချို့သော မြန်မာများဟာ မြန်မာပြည်ကထွက်လာတာ နှစ်တွေအများကြီးကြာသွားခဲ့ပါပြီ။ နိုင်ငံခြားပညာရပ်တွေမှာ ကျင်လည်ကျက်စား ပညာသင်ကြားရင်း၊ နိုင်ငံခြားသားတွေထဲမှာပဲ ကျင်လည်ရင်း မြန်မာတွေနဲ့ ဝေးကွာသွားကြသူတွေရှိတယ်။ အဲဒီလူတွေထဲမှာမှ လူတစ်ယောက်ဟာ နိုင်ငံခြားပညာလည်း အတော်အတန်တတ်သည့်အပြင်၊ လက်ရှိလည်း ဌာနဆိုင်ရာ အကြီးအကဲတစ်ဦးလည်းဖြစ်တယ်။ သူ့လက်အောက်မှာ MIT မှ ဘွဲ့ရတွေတောင် ရှိသူ၊ လူကြီးတစ်ဦးပါ။ ဒါကြောင့် သူ့မှာ fellow Myanmars တွေနဲ့ ဝေမျှစရာ အတွေ့အကြုံတွေများစွာ ရှိနေတဲ့အပြင်၊ အတွေ့အကြုံတွေကို ဝေမျှ၊ ချပြ၊ ပြောပြလိုတဲ့ စိတ်စေတနာလည်း ရှိပါတယ်။ အခုနောက်ပိုင်း တက်ကနော်လော်ဂျီတွေ အရမ်းတက်လာတဲ့အတွက်လည်း မြန်မာ့အွန်လိုင်းလောက၊ မြန်မာ့သတင်း စသည်နဲ့ နီးစပ်လာပြီး၊ မြန်မာတွေကို သံယောဇဉ်ရှိစွာနဲ့ မြန်မာလို စာရိုက်ချင်လို့ အပြင်းအထန် ပြန်လည်လေ့ကျင့်ပါတော့တယ်။

ထိုသူလိုပဲ မြန်မာပြည်ကနေ အဝေးရောက်ပြီး မြန်မာတွေနဲ့ နှစ်ရှည်လများဝေးကွာသွားသူ မြန်မာတွေ များစွာ ရှိပါတယ်။ မြန်မာတွေနဲ့ လုံးဝကင်းဝေးသွားသူ၊ မြန်မာစကားမပြောရလွန်းတာကြာတော့ မပြောတတ်တော့သူတွေ ရှိတယ်။ ကျမ လူနှစ်မျိုးနှစ်စားနဲ့ ကြုံဆုံဖူးပါတယ်။ ပထမတစ်မျိုးက လူကိုယ်တိုင်ပြန်မရောက်ရင်တောင်၊ အွန်လိုင်းကမ္ဘာပေါ်မှာ မြန်မာတွေနဲ့ နီးစပ်ချင်ကြသူတွေ၊ နောက်တစ်မျိုးကတော့ မြန်မာတွေနဲ့ မဆက်ဆံချင်သူတွေ၊ ဥပမာ…. “ဦးလေးက ဗမာလားဟင်” မေးမိတဲ့အခါ… “ဟေ့အေး.. ငါ ဗမာလိုလည်း မတတ်ဘူး” လို့ ဗမာလို ပြန်ဖြေတတ်သူ၊ မြန်မာတွေနဲ့ လုံးဝမပတ်သက်ချင်လို့ မြန်မာမဟုတ်သလို ဟန်ဆောင်နေသူ လူတွေပါ။

(ဆက်ဖတ်ရန်…)

June 10, 2014

မျဉ်းပြိုင်ခြံစည်းရိုးလေးများ

Filed under: my notes, Vancouver, Canada, ဆောင်းပါး — မလေး @ 12:13 am

 crony.jpg

နွေရာသီရောက်ပြီဆိုရင် လက်ရှိနေထိုင်ရာ ကနေဒါနိုင်ငံအနောက်ဘက်ဒေသ အနီးအနားပြည်နယ်များနဲ့ မြို့များကို သွားလည်ဖြစ်ပါတယ်။ သွားလည်ဖြစ်တဲ့ အခါတိုင်းလည်း တောတောင်ရေမြေ သဘာဝအလှကို အမြဲရင်သပ်ရှုမော ဖြစ်မိတယ်။

အထူးသဖြင့် ကနေဒါအနောက်ဘက် ဘီစီပြည်နယ်နဲ့ အယ်လ်ဘားတားပြည်နယ်ကြားက တောတောင်တွေဟာ အလွန်နက်ရှိုင်းတဲ့အပြင်၊ ငယ်စဉ်က သင်ကြားခဲ့ရတဲ့ ရော့ကီးတောင်တန်းတွေရဲ့ အစဗဟိုပြုရာနေရာလို့ ဆိုလို့ရပါမယ်။ ကားလမ်းတွေဟာလည်း တောင်တွေကြားက ဖြတ်ပြီးဖောက်ထားတာမို့ ဘ၀မှာ ဒီလောက်ကြီးမားမြင့်မားတဲ့ တောင်တွေကို အဲဒီတော့မှ မြင်ဖူးပါတယ်လို့ ၀န်ခံရပါမယ်။

(ဆက်ဖတ်ရန်…)

March 22, 2014

စိန်ပွင့်နဲ့ ပဲကြီးလှော် လဲမစားမိစေဖို့…

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 12:32 am

 moneytree.jpg

 ဒီကနေ့ ကတော့ မင်္ဂလာရှိတဲ့ နေ့လေးပါပဲ။ ဆရာဦးသန်းမြင့်ဦး page ကနေတဆင့် ဖတ်လိုက်ရတဲ့ သတင်းလေးတစ်ခုပါ။ မြန်မာ့သစ် (raw timber logs) တွေကို ဧပြီလ ၁ရက်နေ့မှစပြီး တင်ပို့ခွင့်တွေကို ကန့်သတ်တားဆီးတော့မယ့် သတင်းပါပဲ။

 

ဟိုတစ်လောက မြန်မာ့သနပ်ခါးထုတ်လုပ်မှုနည်းတစ်မျိုးကို ဂျပန်ကမူပိုင်ခွင့်တင်တဲ့ ကိစ္စနဲ့ဆက်နွယ်ပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ Paclitaxel အတွက် မြန်မာ့ကျောက်ထင်းရူးတွေကို တရုတ်တွေကတဆင့်၊ အနောက်နိုင်ငံတွေမှ pharmaceutical giants ကြီးတွေဟာ တရုတ်သစ်ကုမ္ပဏီတွေမှ တရားဝင်ဝယ်ယူတဲ့ ကိစ္စပါ။

သစ်တွေကို မြန်မာပြည်တွင်းကနေ ခုတ်ထွင်ရောင်းချခဲ့ကြတာ ကြာပါပြီ။ ရွှေထက်အဆ ၄၀ တန်ဘိုးရှိတဲ့ ပစ္စည်းထွက်တဲ့ ထင်းရူးပင်တွေဟာ ထင်းဈေးနဲ့နိုင်ငံခြားကို အရောင်းခံခဲ့ရတဲ့ ကိစ္စဟာ တစ်ကယ်တော့ ရင်နာစရာအဖြစ်ပါ။ Paclitaxel ဆိုတာ ကုန်ကြမ်းအဆင့်ပဲ ရှိသေးတဲ့ ဓာတ်တစ်မျိုးပါ။ ဆေးဝါးအဆင့်ရောက်ရင် ရွှေထက်အဆ ၄၀၀ လောက်ထိ ဈေးရှိပါတယ်.အဲဒီအတွက် တိုင်းပြည်က တန်ရာတန်ကြေးရတယ်ဆိုခဲ့ရင် ကျမ မပြောပါဘူး။

ဆရာဦးသန့်မြင့်ဦးရဲ့ ပိုစ်အောက်မှာလည်း တစ်ယောက်က ကော့မန့်ပေးသွားပါတယ်။ ကျွန်းသစ်တွေ ဒီလောက်ထွက်တဲ့ တိုင်းပြည်မှာ ကမ္ဘာ့အရှည်ဆုံး ကျွန်းတံတားရယ်လို့ ကမ္ဘာအနှံ့က ခရီးသွားတွေ လာကြည့်ရတဲ့ ဦးပိန်တံတားကတော့ ခနော်ခနဲ့ ဖြစ်နေရတဲ့အဖြစ်မျိုးကလည်း  မသင့်တော်လှပါဘူး။

(ဆက်ဖတ်ရန်…)

February 28, 2014

အလုပ်ဟူသမျှ….

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 1:38 am

မြန်မာပြည်ဟာ ဆင်းရဲတယ်။ မှန်ပါတယ်၊ ကျမတို့ ဆင်းရဲတယ်။ ကမ္ဘာ့အလယ်မှာ မျက်နှာမွဲတွေဖြစ်တယ်။ ဒါပေမယ့် ဝမ်းရေးကိုဖြေရှင်းဖို့အတွက် အစုလိုက်အပြုံလိုက် အခြားတိုင်းပြည်တွေမှာ အိမ်ဖော်တွေအနေနဲ့ သွားရောက်ပြီး လုပ်ကိုင်ရှာဖွေစားသောက်ရလောင်အောင်ကို အခြေအနေဆိုးနေပြီလား။

(ဆက်ဖတ်ရန်…)

February 7, 2014

တန်ဘိုးထားတတ်ပါမှ…

Filed under: ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:59 am

 tree3.jpgအခုတစ်လော မြန်မာ့ သနပ်ခါးကို ဂျပန်ရှိ Patent ကွန်ဗင်းရှင်းမှာ Patent Law မူပိုင်ခွင့် တင်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျမထံကို စာပို့လာကြသော သူတွေရှိပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရေးစေချင်ကြလို့ ဖြစ်ပါတယ်။ Patent Law တွေက အလွန်ရှုပ်ထွေးတဲ့အပြင် ကျမထက် အဆပေါင်းများစွာ ကျွမ်းကျင်တဲ့သူတွေရှိတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး အကျယ်တဝင့် မပြောလိုပါဘူး။ သနပ်ခါးထဲက ပါဝင်ပစ္စည်းတစ်ခုခုကို patent လုပ်သွားတာလား၊ process ကို patent လုပ်သွားတာလား၊ စသည်ကို အတိအကျမသိတဲ့အတွက်လည်း ဘာမှတ်ချက်မှ မပေးလိုပါဘူး။

သနပ်ခါးထဲမှာ ပါတဲ့ ဓာတ်တစ်ခုခုကို လူအများအကျိုးရှိမယ့် ပစ္စည်းတစ်ခုခုထုတ်ဖို့ patent လုပ်ထားတာလား၊ အဲသလို အဖိုးတန်တဲ့ မြန်မာ့သနပ်ခါးကို ရောင်းအားသွက်စေခြင်းဖြင့် မြန်မာပြည်အတွက် ပိုအကျိုးရှိစေမလား စသည်ကိုလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။
ကျမတို့တိုင်းပြည်ထဲမှ လူအများစု သိတာက မြန်မာ့ ကျွန်းသစ်၊ ပတ္တမြား၊ သနပ်ခါးလောက်ပဲလို့ ဆိုလို့ရတယ်။ တစ်ကယ်ကတော့ မြန်မာပြည်တွင်းက ထွက်သမျှအပင်တိုင်း၊ ရှိသမျှ သတ္တဝါတိုင်းဟာ တန်ဘိုးအလွန်ရှိပါတယ်။ အဲသလိုတန်ဘိုးရှိလှတဲ့ သံယံဇာတပစ္စည်းတွေကိုလည်း ဝိုင်းပြီးအမဲဖျက်ခံနေရတာက ကြာခဲ့ပါပြီ။

ဒီနေရာမှာ ကိုယ်တွေ့တစ်ခုကိုပဲ ပြောချင်ပါတယ်။

Cancer Chemotherapy မှာ ထည့်သုံးတဲ့ Paclitaxel ဆိုတဲ့ mitotic inhibitor ဆေးဝါးတစ်မျိုး ရှိပါတယ်။ အဲဒီ Paclitaxel ဟာ Yew လို့ခေါ်တဲ့ ထင်းရူးပင်တစ်မျိုးရဲ့ အခေါက်ကနေ ထုတ်ဖော်ရရှိတာ ဖြစ်တယ်။ အဲဒီထုတ်နည်းကိုလည်း Research Triangle Institute မှ လူတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။

လိုတိုရှင်းနဲ့ လူအများစုနားလည်အောင် (မပျင်းရိအောင်) ပြောရမယ်ဆိုရင်တော့ အနောက်နိုင်ငံသားတွေဟာ၊ အဲဒီထင်းရူးပင်တွေကို ခုတ်ထွင်ပြီး ဆေးဖော်ကြတယ်။ ခုတ်ထွင်လွန်းလာတဲ့အခါမှာ အမေရိကန်၊ ကနေဒါ တိုင်းပြည်များဟာ သူတို့တိုင်းပြည်မှသစ်တောတွေ ပြုန်းတီးကုန်မှာစိုးလို့ သစ်ခုတ်ခွင့်တွေရုတ်သိမ်းလိုက်တယ်။ အဲဒီတော့ အဲသလိုသစ်ပင်တွေ ရနိုင်မယ့် တရုတ်ပြည်ထိ ခြေဆန့်လာကြတယ်။ တရုတ်ပြည်ကလည်း သူတို့တိုင်းပြည်မှသစ်တောတွေ ပြုန်းတီးမှာကြောက်တော့ သစ်ခုတ်ခွင့်တွေ ပိတ်ပင်ပြန်တယ်။ အဲဒီတော့ pharmaceutical giant ကြီးတွေဆီကို Yew သစ်ပင်တွေ ရောင်းချင်တဲ့ တရုတ်စီးပွားရေးသမားတွေဟာ ဘယ်တိုင်းပြည်ကို ခြေဦးလှည့်တယ် ထင်ပါသလဲ။

(ဆက်ဖတ်ရန်…)

January 24, 2014

လူကြုံ

Filed under: Vancouver, Canada, ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 1:44 am
မိတောသည် မွေးနေ့မတိုင်မှတစ်ရက်၊ မွေးနေ့ရက်နှင့် မွေးနေ့ပြီးသည့်တစ်ရက်တိတိအထိ မိသားစု၊ မိတ်ဆွေ၊ ရုံးမှသူငယ်ချင်းများ ဖဘ/အွန်လိုင်းမှ သူငယ်ချင်းများကြောင့် အလွန်ပျော်ရွှင်နေသော မုဒ်ကို ပျောက်မည်စိုးသဖြင့် ဖဘပေါ်တွင် မိမိ ပေ့ခ်ျမှလွဲ၍ ဘယ်ပေ့ခ်ျကိုမှ မဖတ်ရန် အသက်ရှုအောင့်ပြီး နေနေခဲ့သော်လည်း……………………..ဆိုပြီး ဖဘမှာ အစချီရခြင်းအကြောင်းကတော့…

ဒီကနေ့…

သတင်းချစ်သူဝေဟင်ရဲ့ ရန်ကုန်လေဆိပ်မှာလူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တဲ့အကြောင်းကို ခံစားရေးဖွဲ့ထားတဲ့ facebooker  တစ်ဦးရဲ့ “စင်ကာပူသွားမည့်သူများ သတိထားပါ” ဆိုတဲ့ ပိုစ်လေးကို ဖတ်ရပါတယ်။ မူရင်းပိုစ်ကိုအရင်ဖတ်ရအောင် တင်ပေးလိုက်ပါတယ်။

ရန်ကုန်လေဆိပ်မှာ လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လာ အကူအညီ တောင်း တဲ့လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ ထည့်ပေးလိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေးလိုက်ပေမယ့် စင်ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာ သွားမိပါတယ်။

(ဆက်ဖတ်ရန်…)

November 5, 2013

စာရေးခြင်း ပညတ်

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:35 pm

စာရေးကြတယ် ဆိုကတည်းက စာပေကို ချစ်မြတ်နိုးလွန်းလို့၊ ဝါသနာပါလွန်းလို့ပါ။ စာရေးရတယ်ဆိုတာ အချိန်ကုန်တယ်၊ ခွန်အားကုန်တယ်၊

စာရေးခြင်းကို မြတ်နိုးသူတွေဟာ ရှိတဲ့ မီဒီယာကို အသုံးပြုပြီး ရေးကြမှာပါပဲ။ ကျောက်ခွက်စာ၊ ကညစ်တံသမားတွေက စက္ကူသမားတွေကို စာရေးသူတွေ မဟုတ်ဘူးလို့ ပြောခဲ့ကြမယ်ဆိုရင်… ဆိုတဲ့ အတွေးမျိုးလည်း တွေးကြည့်ဖို့ ရှိပါတယ်၊

အထူးသဖြင့် မြန်မာပြည်နဲ့ဝေးနေသူတွေဟာ ရှိတဲ့ ကွန်ပြူတာမှတဆင့် ဘလောဂ်တို့ ဝက်ဆိုက်တို့ကနေ စာရေးခြင်းနဲ့ လူတွေကို reach out (အဆက်အသွယ်) လုပ်ကြတယ်။ ဘလောဂ်စာမျက်နှာပေါ်မှာ စတင်ပြီး စာရေးခြင်းနဲ့ အချင်းချင်းကူးလူးဆက်ဆံခဲ့စဉ်တုန်းက ဘလောဂ်ရေးနေသူတွေကို တဖက်သတ် အမြင်မကြည်သူတွေကိုလည်း မြင်ရခဲ့ဘူးတယ်။ ထိုသူတွေဟာ နိုင်ငံတကာက ဘလောဂ်စာဖတ်နေသူတွေပါပဲ။ သူတို့အမြင်ကလည်း ရာနှုန်းပြည့်မမှားပါဘူး။ အချို့ ဘလောဂ်ရေးသူတွေဟာ တင်ပြပုံလိုအပ်တဲ့အခါမှာ လူအမြင်ကတ်ခံရတဲ့ အဖြစ်တွေလည်း ရှိမယ်။ စာရေးသူတွေအနေနဲ့ ကိုယ်ခံစားသလို ရေးချတင်ပြတဲ့အခါမှာ ဖတ်သူတွေအနေနဲ့ကလည်း လွတ်လပ်စွာ တန်ပြန်ခံစားဝေဖန်ကြမှာ သဘာဝ ကျပါတယ်။

အချို့ ဘလောဂ် ဖတ်သူတွေ မေးလေ့ပြောလေ့ရှိတာ တစ်ခုရှိတယ်။

“ဘလောဂါတွေက ဘာမို့လို့လည်း” ဆိုတာပါပဲ။

ဘလောဂါတွေက ဘာမှကို မဟုတ်ပါဘူး။ စာရေးဝါသနာပါသူတွေပါပဲ၊ ဘာမှကို မဟုတ်နေတာပါ။ နိုင်ငံတစ်ကာ အတွေ့အကြုံလေး နည်းနည်ပါးပါးရှိမယ်။ နိုင်ငံခြား ပညာနဲ့ အလုပ်ကိုင်အတွေ့ကြုံနည်းနည်းပါးပါးရှိမယ်။ ဒီလောက်ပဲ။ တစ်ယောက်ထံမှ တစ်ယောက် လေ့လာသင်ယူစရာလေးတွေကို အပြုသဘောနဲ့ ယူမယ်ဆိုရင်လည်း ရပါတယ်။ မဟုတ်ရင်လည်း သူတို့က လူတွေထဲက လူတွေပါပဲ။

(ဆက်ဖတ်ရန်…)

October 22, 2013

အဲလစ်မွန်ရိုး

Filed under: my notes, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 11:04 pm

အခုတစ်လောမှာ ကနေဒါမှ စာပေနိုဘယ်ဆုရှင်၊ အသက် ၈၂ နှစ်အရွယ် Alice Munro အကြောင်းက ခေါင်းထဲမှာ ရောက်နေတယ်။

သူ့အကြောင်းမပြောခင်မှာ လူဆိုတာအခက်သားလားလို့လည်း ကိုယ့်ကိုကိုယ် တွေးနေမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ဟာ…. ဆုတွေ၊ တံဆိပ်တွေကို ငယ်ငယ်လေးထဲက သိပ်အယုံအကြည် မရှိတဲ့ သူတွေအထဲမှာ ပါနေသူ၊ ဆုတံဆိပ်တွေ အခါပေါင်းများစွာ ရဖူးသော်လည်း၊ ဒီဆုပေး ဒဏ်ပေးစနစ်တွေထဲမှာ မှားယွင်းမှုတွေ ရှိနေတယ်လို့ ယုံကြည်သူတွေထဲက တစ်ယောက်ဖြစ်နေသူ၊ စာပေနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်စာရေးသူကတော့ ဘာဆုကို ရသင့်တယ် ဆိုတဲ့ “စာပေနယ်ရဲ့ ခွဲဖြတ်ချမှုတစ်ခု” ကို ယုံကြည်မှု မရှိသူ၊ ဒါ့အပြင် “A writer must refuse to allow himself to be transformed into an institution, even if it takes place in the most honourable form.” “စာရေးသူတစ်ဦးဟာ အဖွဲ့အစည်းတစ်ခုထဲကို သက်ရောက်ပျော်ဝင်သွားမှုဟာ အလွန်မြင့်မြတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ် ဆိုရင်တောင်မှ၊ အဲဒီ အဖွဲ့အစည်းကြီးထဲကို သက်ရောက်ပျော်ဝင်သွားမှုမှ မိမိကိုယ်ကို ကာကွယ်နိုင်ရမယ်” လို့ ဆိုပြီး စာပေနိုဘယ်ဆုကို ငြင်းပယ်ခဲ့တဲ့ Jean-Paul Sartre ဆိုတဲ့ စာရေးဆရာကြီးကို လေးစားအားကျသူ တစ်ဦးဖြစ်နေလို့ပါပဲ။

(ဆက်ဖတ်ရန်…)

October 11, 2013

မယောင်ရာ ဆီလူးရခြင်းအကြောင်း

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:03 am

ဒီကိစ္စက အချို့အတွက်ကတော့ မယောင်ရာဆီလူး လို့ ဆိုနိုင်ပေမယ့် တစ်ကယ်ကတော့ တိမ်မယောင်နဲ့ နက် လှပါတယ်။ ကိုယ့်အတွက် မယောင်ရာဆီလူး ဖြစ်နိုင်ပေမယ့် အခြားလူတွေအတွက်ကတော့ ရင်ထဲက အနာတွေ ပုပ်ပွလာတဲ့ သဘော ဖြစ်ပါလိမ့်မယ်။ ဥပမာ ပြရမယ်ဆိုရင် လက်ပန်းတောင်းတောင် ကိစ္စမှာ တောင်သူလယ်သမားတွေအတွက် ဘဝအိုးကြီး ရိုက်ခွဲခံရသလို ဖြစ်နေချိန်မှာ ဝမ်ပေါင်တို့အတွက်ကတော့ ရွှေအိုးကြီး ရလိုက်သလိုပါပဲ။ ဝမ်ပေါင်တို့ကလည်း “မင်းတို့မယောင်ရာဆီလူးတွေ” လို့… ဒီလိုပဲ ပြောနိုင်ပါတယ်၊ တစ်ဦးနဲ့တစ်ဦး ခံစားချက်၊ အယူအဆ အမြင်တွေ မတူတဲ့ သဘောပါပဲ။

သာမန်အချိန်တွေမှာ အလှမယ်တွေကို စိတ်လည်း မဝင်စားဘူး၊ ကိုယ်နဲ့လည်း ပတ်သက်တယ်လို့လည်း မခံစားရပေမယ့် ဒီကိစ္စမှာတော့ liberal ဆိုတဲ့ စကားလုံးကြီးတွေ၊ democracy ဆိုတဲ့ စကားလုံးအကြီးကြီးတွေ ကိုင်ပြီး ပညာတတ်၊ လူဂုဏ်ထံများက၊ ကျန်တဲ့ လူအများစုကို ကိုင်ပေါက်လာတဲ့ အခါမှာတော့၊ လူအများစုဘက်က နေပြီး တွေးမိသုံးသပ်မိတာလေးတွေ ချရေးဖြစ်တာပါ။

အပေါ်ယံကြည့်ရင်တော့ အလှမယ် မိုးစက်ဝိုင် ကို တရုတ်လူမျိုးဖြစ်နေလို့ ကျန်တဲ့ မြန်မာ (ဗမာ) တွေက တိုက်ခိုက်နေသလိုဖြစ်နေတယ်။ တစ်ကယ်ကတော့ မိုးစက်ဝိုင်ဟာ တရုတ်ဖြစ်နေလို့ တိုက်ခိုက်တယ်ဆိုတာထက်၊ မြန်မာ(ဗမာ)တွေရဲ့ ရင်ထဲက အနာတွေက အုံကြွလာမှုရဲ့ ပြယုဒ်တစ်ခုပါ။
ပြည်သူတွေရင်ထဲက အနာတွေများစွာထဲက အချို့က ဘာတွေလဲဆိုရင်…
(၁) မြစ်ဆုံဆည် ကိစ္စ
(၂) ကြေးနီတောင် ကိစ္စ
(၃) ဓာတ်ငွေ့ပိုက်လိုင်း ကိစ္စ
စတဲ့ တရုတ်ပြည်ပကြီးရဲ့ မြန်မာနိုင်ငံအပေါ်မှာ ဂုတ်သွေးစုပ်မှု မှုဝါဒကို မခံနိုင်တာဟာ မိုးစက်ဝိုင်အပေါ်မှာ သွားပုံသလို ဖြစ်သွားရတာပါပဲ။

(ဆက်ဖတ်ရန်…)

August 16, 2013

အလှည့်

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 9:21 am

မည်သို့ပင်ဖြစ်စေ၊ သေဆုံးခြင်း၏ အခြားတစ်ဘက်တွင် တစ်စုံတစ်ရာရှိနေသည်ဆိုသည့် အတွေးကပင် စိတ်သက်သာမှုတစ်ခုကို ဖန်တီးပေးနေသည်။

တိုင်းပြည်၊ ခံယူချက်၊ ဘာသာရေး၊ အခြားသော အတွေးအမြင်များအပေါ်တွင်မူတည်ပြီး သေဆုံးခြင်းကို ခံယူပုံများက ကွဲလွဲတတ်ကြသည်။ ကိုယ်နေသည့် တိုင်းပြည်တွင် င်္သချိုင်းများကို ပန်းခြံများဟု ခေါ်ကြသည်။ အမှန်ပင် ပန်းခြံများကဲ့သို့ လှပသန့်ရှင်း သေသပ်လွန်းနေသည်။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ကျောင်းမှ ကိုယ်ကြည်ညိုရသော ကျောင်းထိုင်ဘုန်းကြီး ပြောဘူးသည့် စကားကို သတိရမိသည်။

“ညနေတိုင်း င်္သချိုင်းမှာ လမ်းလျှောက်ထွက်တယ်..။ ဒီနိုင်ငံက င်္သချိုင်းတွေက လှလွန်းလို့ တစ်ခါတစ်လေမှာ သေချင်စိတ်တောင်ပေါက်တယ်”

သေဆုံးပြီးသောသူများ၏ ကိုယ်ခန္ဓာသို့မဟုတ် အရိုးပြာများကို ထားသောနေရာများကိုလည်း အမြဲလှပစွာ ထားလေ့ရှိသည်။ တစ်နယ်တစ်ကျေးမှလာသော ဆွေမျိုးများကလည်း သေဆုံးသူ၏ နေရာကို သွားရောက်ဂါဝရပြုလေ့ရှိသည်။

နံနက်ခင်းအချိန်၊ ညနေစောင်းချိန်များတွင် ဆီမီး၊ ပန်းရနံ့များနှင့် မွှေးထုံနေတတ်သည်။ ကလေးလေးများ စက်ဘီးစီးတတ်သလို၊ ကိုယ်ဝန်သယ်များလည်း လမ်းလျှောက်ထွက်တတ်သည်။ သေဆုံးသူ၏ မွေးနေ့၊ နှစ်လည်ရက်များတွင်၊ ရောင်စုံဘောလုံးများ၊ ပန်းများ၊ ဆီမီးများနှင့် ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများက ထမင်းဟင်းများနှင့် ပျော်ပွဲစား ထွက်သကဲ့သို့၊ သူတို့ချစ်သောသူများ၏ ကိုယ်ခန္ဓာကိုယ်ရှိသည့် နေရာတွင် တစ်နေကုန်အောင် အချိန်ပေးနေတတ်ကြသည်။ သေဆုံးသူ၏ နောက်ဆုံးခရီးကိုလဲ “celebration of life” ဟုခေါ်ဆိုကြသည်။

♫ ♥●••·˙˙·••●♥♫♫

(ဆက်ဖတ်ရန်…)

အဟောင်းလေးတွေဖတ်ချင်ရင်.. »

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------