♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

February 21, 2013

ကျွန်ုပ်နှင့် အချို့သော ဘလောဂါများအကြောင်း

Filed under: my notes, စာစု — အိမ့်ချမ်းမြေ့ @ 12:00 am

ယခုတလော ကျွန်ုပ်တို့ မြန်မာများ ပျော်ရွှင်စွာ ကျင်လည်ကျက်စား ချစ်ခင်မွေ့လျော် ရင်ခုန်တမ်းတ စိတ်တိုရန်ဖြစ် အံကြိတ်ပေါက်ကွဲ ဒေါသဖြစ်ခြင်း အဖုံဖုံစုစည်းရာ.. ဖွဘုတ်ခေါ်သော အရပ်ဒေသတစ်ခုလေးတွင်၊ လူအချို့.. မထွေးနိုင်မအန်နိုင် မရိုးနိုင်မအီနိုင် ဖြစ်နေကြသော အကြောင်းရင်းများစွာထဲက အကြောင်းတစ်ခုကြောင့် အနှီစာကို ရေးဖြစ်ပေတော့သည်။

(ဆက်ဖတ်ရန်…)

December 1, 2012

ငြိမ်သက်ရေပြင်

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 11:05 pm

lake.png

နေရောင်ဖျော့ဖျော့ကလေးက သစ်ရွက်တွေကြားထဲကို ထိုးကျလို့လာနေတယ်။ လေထဲမှာ ဝတ်မှုန်သေးသေးလေးတွေ ပျံ့လွင့်နေကြတယ်။ နေရောင်နဲ့မို့ တဖျတ်ဖျတ်လက်နေလိုက်တာဆိုတာများ။ လေတိုးလိုက်တိုင်း သစ်ရွက်တွေ မြည်သွားသံက သာယာငြိမ့်ပျောင်းဖွယ်။ ပိုးကောင်လေးတစ်ကောင်ဟာ ရေညှိဖုံးနေတဲ့ သစ်ကိုင်းအတိုင်း သစ်ကိုင်းဖျားအထိ တဖြည်းဖြည်း ရွှေ့ကြည့်လို့နေတယ်။ ရေညှိတွေက ချောကျိနေလိုက်တာ။ သစ်ကိုင်းဖျားအထိ ဘာဖြစ်လို့ သွားချင်နေတာလဲ သူ့ကိုကိုယ် မေးကြည့်လိုက်တော့ အဖြေက မရေရာ။

ရေညှိတွေဖုံးနေတဲ့ သစ်ကိုင်းအတိုင်း သစ်ကိုင်းဖျားထိ ဆက်လက်ရွေ့လာနေခဲ့တယ်။ ပိုးကောင်လေးဟာ ရင်တဖိုဖိုနဲ့ အောက်ကို ငုံ့ကြည့်လိုက်မိတော့ နေရောင်နဲ့ လက်နေတဲ့ ရေကန်ကြီး။ သစ်ကိုင်းဖျားက ရေကန်ကြီးထဲကို ကိုင်းလို့ကျနေတာ။

အဲဒီသစ်ကိုင်းဖျားကနေ ရေကန်ကြီးထဲကို ငုံ့ကြည့်ချင်နေတာ။

ဖြစ်နိုင်ရင်… ရေမျက်နှာပြင်ကို ထိကြည့်လိုက်ချင်တာ။

အဲဒီရေမျက်နှာပြင်က ရေငွေ့လေးတွေကို ရှုရှိုက်ကြည့်ချင်တာ……။

(ဆက်ဖတ်ရန်…)

October 24, 2012

လမ်းလျှောက်ခြင်း

Filed under: Vancouver, Canada, စာစု, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 12:26 pm

walk2.jpg
ကျမ ….
တစ်ယောက်တည်း လမ်းလျှောက်ဖြစ်တယ်။

စိတ်ဖိစီးမှုတွေ၊ အတ္တတွေ ကနေ ခဏလေးပဲဖြစ်ဖြစ် ငြိမ်းချမ်းဖို့အတွက် ကျမ လမ်းလျှောက်ဖြစ်တယ်။
အထူးသဖြင့် ရုံးမှာ နေ့လည်ထမင်းစားချိန်တွေမှာ ကျမ လမ်းလျှောက်ဖြစ်တယ်။

အဲသလိုမျိုး…. လမ်းလျှောက်နေရတဲ့ အချိန်ကလေးကိုလည်း အလွန်ပဲ မြတ်နိုးလို့တွယ်တာမိတယ်။

(ဆက်ဖတ်ရန်…)

September 21, 2012

မိတောနှင့် အမွှာတံတားကြီး

Filed under: စာစု, ပြုံးစရာ, ၀တ္ထု (Novels) — မလေး @ 9:32 am

p2.jpg

နံနက်ခင်း အစောကြီး အိပ်ရာထလို့ ရုံးသွားရသည်ကို မိတော အလွန်နှစ်ခြိုက်မိသည်။ နှစ်ခြိုက်ရခြင်းအကြောင်းကတော့ နံနက်ခင်းစောစောများတွင် အရာရာသည် လှပလတ်ဆတ်နေတတ်သောကြောင့်ဖြစ်သည်။ ကြယ်အစုံကို မြင်ရတတ်သော နံနက်ခင်းကောင်းကင်၊ လူသူတိတ်ဆိတ်သော လမ်းမကြီးများ၊ ညံ့သက်လှသော နံနက်ခင်းလေပြေ ဖြင့် အရာရာသန့်စင်လှပနေသော လောကကြီးပင် ဖြစ်လေသည်။

ပြောင်လက်အောင် မဆေးထားသော လက်ညစ်ပတ်ကြီးများဖြင့် စောင်းကြိုးများပေါ်မှာ မတီးခတ်စဉ်၊ စောင်းကြိုးတို့သည် ညင်သာနူးညံ့လျှက်၊ မွေးပျံ့သန့်စင်လျှက် ရှိသကဲ့သို့ သြကာသလောကကြီးသည်လည်း လူသားတို့ မနိုးထမှီတွင် အလွန်မွှေးပျံ့သန့်စင်လျှက် ရှိကုန်လေ၏။

ကောင်းကင်က ကြယ်လနက္ခတ်တို့သည်လည်း ပိုလို့ တောက်လက်နေသယောင်၊ နွေနှောင်းပန်းတို့သည်လည်း ပိုလို့ မွှေးပျံ့လေသယောင်။ နံနက်ခင်း ကော်ဖီရနံ့တို့သည်လည်း ပိုလို့ချိုအီနေသယောင်။ ထို့အပြင်…. ကားလမ်းမကြီးတို့ပေါ်တွင်လည်း တစ်စင်းတစ်လေသာရှိသည့် ကားလေတိုးသံတို့သည် လည်းကောင်း၊ မီးရောင်မှိန်မှိန် တောင်တန်းပြာတို့သည် လည်းကောင်း၊ တိတ်ဆိတ်သော ရုံးကော်ရစ်ဒါများသည် လည်ကောင်း စာရေးချင်သော မိတောနှလုံးသားတို့ကို တအိအိလိမ့်သော လှိုင်းလုံးငြိမ့်ငြိမ့်လေးများသဖွယ် လှုပ်ခတ်နှိုးဆော်လေသည်။

(ဆက်ဖတ်ရန်…)

August 30, 2012

မိတောနှင့် ၀ါးမီးတိုင်များ

Filed under: စာစု, ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 3:59 pm

bamboo.jpg

နွေရောက်ပြီဆိုရင် မိတောမှာ အိနြေ္ဒမဆယ်နိုင်လောက်အောင်ပင် ပျော်ရွှင်နေတတ်သည်။ ပန်းပင်၊ ပန်းခိုင်၊ ပန်းခက်အမျိုးမျိုးကို ပန်းဆိုင်တွေမှ ၀ယ်လျှင်ဝယ်၊ မ၀ယ်လျှင်လည်း အမေ နှင့် အဒေါ် ထံမှ မျိုးစေ့ ပန်းစေ့များသာမက အပင်ပေါက်များကိုပါ “မ” လာတတ်သည်။ အောင်မြင်ရှင်သန် ဖြစ်ထွန်းသွားပြီး အသီးအပွင့်ဝေေ၀ဆာဆာနှင့်ဆိုလျှင် မိတော မျက်နှာက မှိုရသလိုဖြစ်နေတတ်သည်။ ဒါ့အပြင် ညည ကြည်လင်သော ကောင်းကင်ပြင်ကို ဖျာကြမ်းချ၍ ပက်လက်တစ်မျိုး၊ ခုံပေါ်မှာ ကလေးလို ဇောက်ထိုးမျှော်၍ တဖုံ၊ ကြယ်လ နက္ခတ်များကို ငေးမောကြည့်တတ်သေးသည်။ တစ်ဆောင်းတွင်းလုံး အိမ်နံမည်စိုး၍ မကြော်မလှော်ဘဲ အောင့်အီးပြီး ကြုံရာကြိတ်မှိတ်စားခဲ့သမျှ အတိုးချ၍ အိမ်အပြင်မီးဖိုတွင် ငပိ၊ ငါးခြောက်၊ ငံပြာရည်၊ ငရုတ်သီး မျိုးမျိုးဖြင့် ချက်အပ်သော ရနံ့မျိုးစုံလှသော မြန်မာအစာများကိုလည်း ကြော်လှော်ချက်ပြုတ်တတ်သေးသည်။

(ဆက်ဖတ်ရန်…)

August 4, 2012

မြတ်နိုးရာ

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 12:54 am

အခုတစ်လော Facebook မှာ  ဗုဒ္ဓရဲ့ရုပ်ပုံတော်တွေကို ဖိနပ်တွေမှာဒီဇိုင်းထွင်ရောင်းနေကြတာကို စိတ်မကောင်းဖြစ်နေကြတာကို မြင်တွေ့နေရလို့ ဒီစာကို ရေးပါတယ်။

မိမိအမြတ်တနိုးကိုးကွယ်တဲ့ ဘာသာတရားကို အုတ်မြစ်ချတည်ဆောက်သွားတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ပုံတွေကို ဖိနပ်တွေမှာ ဒီဇိုင်းကပ်တယ်ဆိုတော့ တော်ရုံဘာသာဝင်တွေအနေနဲ့ ဘယ်လိုမှ လက်ခံလို့ ရမှာ မဟုတ်ပါဘူး။ အဲသလို လုပ်တဲ့သူတွေကလည်း လူအမျိုးမျိုး စိတ်အဖုံဖုံဆိုသလိုပဲ ဖြစ်မယ်။

buddha.jpg

ဗုဒ္ဓရဲ့ ရုပ်ပွားတော်တွေကို ပန်းရောင်းတဲ့ဆိုင်တွေမှာ ပထမဆုံးမြင်ဖူးတယ်။ ဖခင်တရားထိုင်ချိန်မှာ နာရီပေါင်းများစွာ ဘေးမှာ မငြီးမငြူထိုင်တတ်ခဲ့သူတစ်ဦး၊ မြန်မာပြည်ပြန်ရောက်တိုင်း ရွှေတိဂုံဘုရားနဲ့ ကျိုက်ကလော့စေတီကို မပျက်မကွက် အမြတ်တနိုးသွားတတ်သူ မိန်းမတစ်ဦးဟာ ဗုဒ္ဓရဲ့ ရုပ်ပွားတော်တွေကို ပန်းခြံထဲမှာ အလှထားတဲ့ ပစ္စည်းအနေနဲ့ မြင်လိုက်တော့ ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်ချင်းစာမိမှာပါ။ ဒီလိုလုပ်တဲ့သူတွေကို နားလည်း မလည်ခဲ့ဘူး။ ဗုဒ္ဓရဲ့ဆင်းတုတော်ကို ပန်းခြံအလှပစ္စည်းအနေနဲ့ ရောင်းတဲ့ဆိုင်မှာ အလုပ်ဝင်လုပ်နေသူထဲမှာလည်း ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေ ဖြစ်နေတတ်တာကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံဖူးပါတယ်။ သူတို့မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ဘာမှ မပြောနိုင်ဘူးနဲ့ တူပါတယ်။

ဒီဘက်မှာ အနေကြာလာတာနဲ့အမျှ၊ အသက်ရွယ်ကြီးလာတာနဲ့အမျှ ဘာသာရေးတွေအပေါ်မှာ အမြင်တွေပြောင်းလာပေမယ့်လည်း သူတစ်ပါးကိုးကွယ်ရာဘာသာကို ဘယ်လိုနည်းနဲ့မဆို အခုလိုမျိုး မလုပ်သင့်ဘူးလို့ ထင်မိတယ်။

ဒီကိစ္စဟာ ခဏခဏဖြစ်နေတော့ နီးစပ်ရာ မိတ်ဆွေအချို့ကို မေးကြည့်မိတယ်။ တိတိကျကျပြောရမယ်ဆိုရင် အဲဒီကိစ္စကိုကို မေးချင်လို့ ငါးယောက်- ကျမအပါအ၀င်ခြောက်ဦး စကားထိုင်ပြောဖြစ်ပါတယ်။ ဗုဒ္ဓ ဆင်းတုတော်တွေကို အခုလို ပန်းခြံအလှပစ္စည်းလို လုပ်နေတာကို ဘယ်လိုမြင်သလဲလို့ မမေးခင်မှာ “ဗုဒ္ဓ ကို သိသလား” ဆိုတဲ့မေးခွန်းကို အရင်မေးကြည့်တယ်။ အဲသလို အမေးခံရသူတွေထဲမှာ တ၀က်လောက်က ဘာသာမရှိတဲ့ သူတွေများတယ်။

jesus-shoe.jpg

(ဆက်ဖတ်ရန်…)

July 30, 2012

မာနနဲ့ရစ်တဲ့ ကြိုး

Filed under: ပန်းချီ (Paintings), စာစု — အိမ့်ချမ်းမြေ့ @ 3:10 pm

 greentree.png

အရာအားလုံးဟာ ဒီမိုးကောင်းကင်ကြီးအောက်မှာ သူ့အကြောင်းတွေနဲ့သူ ဖြစ်နေကြတာပါပဲ…
မွေးရတဲ့အချိန်ရှိသလို.. သေဆုံးရတဲ့ အချိန်ရှိတယ်..
စိုက်ပျိုးရတဲ့ အချိန်ရှိသလို… ရိတ်သိမ်းရတဲ့ အချိန်ရှိတယ်..
သတ်ဖြတ်ကြတဲ့ အချိန်တွေရှိသလို … ကုသပျောက်ကင်းကြတဲ့ အချိန်တွေရှိတယ်..
ဖြိုဖျက်ကြတဲ့ အချိန်တွေရှိသလို….. တည်ဆောက်ကြတဲ့ အချိန်တွေရှိတယ်…
ငိုကြွေးရတဲ့ အချိန်တွေရှိသလို ….. ရယ်မောရတဲ့ အချိန်တွေရှိတယ်..
ပူဆွေးသောကရောက်ရချိန်တွေရှိသလို … ကခုန်ကြရတဲ့ အချိန်တွေရှိတယ်..
ဖြန့်ကျဲရချိန်တွေရှိသလို .. စုသိမ်းရတဲ့ အချိန်တွေရှိတယ်..
နီးစပ်ပွေ့ဖက်ရချိန်တွေရှိသလို ….. ဝေးကွာခွဲခွာရတဲ့ အချိန်တွေရှိတယ်..
ရယူရချိန်တွေရှိသလို .. စွန့်လွှတ်လိုက်ရပြီး ထွက်သွားရတဲ့ အချိန်တွေရှိတယ်..
ဆုတ်ဖြဲရချိန်တွေရှိသလို … ချုပ်လုပ်ရချိန်တွေ ရှိတယ်..
နှုတ်ပိတ်တိတ်ဆိတ် နေရချိန်တွေရှိသလို…….. ဖွင့်ဟပြောဆိုရတဲ့ အချိန်တွေရှိတယ်..
ချစ်ခင်ကြတဲ့ အချိန်တွေရှိသလို….. မုန်းတီးကြချိန်တွေလည်း ရှိတယ်
စစ်မက်ဖြစ်ပွားတဲ့ အချိန်တွေရှိသလို … ကြေအေးငြိမ်းချမ်းကြတဲ့ အချိန်တွေရှိတယ်..
Ecclesiastes 3:4

(ဆက်ဖတ်ရန်…)

July 13, 2012

မိတောနှင့် အညိုရိပ်၅၀

Filed under: စာစု, ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:17 pm

ဒီမိုးမှောင်ကို မိတော မုန်းနေတာကြာပြီ။ နေရောင်ခြည်လင်းလာသည်နှင့် မိတောတစ်ယောက် ထမင်းစားချိန်ကို အကြောင်းပြုကာ၊ အလုပ်တွေအကုန်ပစ်ချ လမ်းလျှောက်ထွက်ဖို့ပြင်လေသည်။ အလုပ်ကလည်းများ၊ နေသာတော့ လမ်းကလည်းထွက်လျှောက်ချင်၊ ဒီကြားထဲမှာ ဥရောပဖလားကိုလည်း ကြည့်ချင်လိုက်သေးသည်။ gym ထဲမှာ ကစားရင်း ဘောလုံးပွဲကြည့်လို့ဖြစ်သော်လည်း ဒီအချိန်ဆို လူကများမည်၊ လူတွေများလျှင် မိတောက ရှက်တတ်သေးသည်။ နောက်ဆုံးတော့ အပြင်လမ်းထွက်လျှောက်ရန် ဆုံးဖြတ်ကာ ခြေလက်သန့်စင်၊ တီရှပ်လဲ၊ ဖိနပ်လဲရန် gym ဘေးမှ အ၀တ်စားလဲခန်းထဲသို့ သွားရန်ပြင်လေသည်။

မသွားခင် အခန်းထောင့် ဖိုင်တွဲသေတ္တာနားမှာ ကင်းဗတ်တစ်ရံရှိနေသဖြင့် အလုပ်လုပ်ရင်း ဖုန်းပြောရင်း မိတော ဖိနပ်ကိုလဲလေသည်။ ဖုန်းကတစ်ဘက်ဖြင့် စားပွဲနားမှာ ကုန်းကုန်းကြီးဖြစ်နေသဖြင့် ဖြတ်သွားဖြတ်လာ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းမများက ကွက်ကြည့်ကွက်ကြည့် လုပ်လေ၏။
မိတောဖုန်းချအပြီး အခန်းထဲသို့ သူငယ်ချင်းမ ခရစ်စတင်း ၀င်လာလေသည်။ လက်ထဲမှာလည်း စာအုပ်တစ်အုပ်ကိုင်ထားလေသည်။ မိတော မျက်လုံးကိုလှန်ကြည့်လိုက်သည်။

“မင်း ဟိုနေ့က ရှယ်ရီ ကို စာအုပ်အဖုံးဖုံးပေးလိုက်တာ သိပ်လှတာပဲ”

မိတော ကိုယ့်ကိုကိုယ် နည်းနည်းမြောက်သွားသည်။ “ဟဲဟဲ” ဟုတောင် အသံထွက်ရယ်ချင်သွားသည်။

“အဲဒါ.. သူ့စာအုပ်ကိုဖုံးပေးသလို ငါ့ရဲ့ ဒီစာအုပ် ဖုံးပေး”

ခရစ်စတင်း က သူမလက်ထဲက စာအုပ်ကို စားပွဲပေါ်သို့ ငြင်သာသိမ်မွေ့စွာပါပဲ “ဖုန်း”ဆို ပစ်ချလိုက်သည်။ မိတော စာအုပ်အဖုံးကို ကြည့်လိုက်ပြီး သက်ပြင်းကို ခပ်ကျယ်ကျယ်ချပစ်လိုက်သည်။ စာအုပ်က အမျိုးသမီးစာဖတ်ပရိတ်သတ်တွေကြားမှာ လောလောလတ်လတ် ရေပန်းစားနေသော “Fifty Shades of Gray” ဆိုသည့် စာအုပ်။ တော်ရုံလူ မဖတ်သင့်သော စာအုပ်ဟု မိတော တွေးထင်ထားသည်။ စာမျက်နှာ ၂မျက်နှာလောက်တိုင်းမှာ မောင်နှင့်နှမ သားနဲ့အမိ မပြောနှင့် တစ်ယောက်ထဲတောင် ဖတ်ပြီး နောက်ကျောမလုံသော အကြောင်းများပါသော စာအုပ်။ ဒါတွေဘယ်လိုသိသလဲမေးလျှင် ဗဟုသုတရရန် ၁၀မျက်နှာခန့်လှန်မိပြီး ပစ်ချထားခဲ့မိသည့်စာအုပ်ဟူ၍ အတိုချုပ်သာ မိတော ပြောလိုသည်။ ရှယ်ရီ့ကို ဖုံးပေးလိုက်ရသည်မှာလည်း ထိုစာအုပ်ပင်ဖြစ်လေသည်။ စာအုပ်ကို ကိုင်လိုက်စဉ်မှာ ရှယ်ရီ ကပါ အခန်းထဲ ၀င်လာသည်။

“သူ့ကို အဲဒါပေးဖတ်မလို့လား၊ ပေးမဖတ်နဲ့ သူနဲ့မကိုက်ဘူး၊ သူက ရိုးတယ်”

(ဆက်ဖတ်ရန်…)

July 10, 2012

ပင်လယ်ပြင်ပိုင်သော အခွံများ

Filed under: ခရီးသွားမှတ်တမ်း, Vancouver, Canada, စာစု, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 12:14 am

နွေရောက်ပြီ။

အသားတွေ နီရဲယားယံလာမတတ် နေမင်းကြီးက ပူပြနေပါပြီ။
တစ်ဆောင်းတွင်းလုံး အေးခဲစိုစွတ်နေတဲ့ ကမ္ဘာကြီးရဲ့ဒီဘက်ခြမ်းမှာ နေရသူမို့
အသားပေါ်က တငွေ့ငွေ့အပူဓာတ်ကို မျှော်လင့်နေခဲ့ရတာ ကြာပေါ့…။

မနေ့ကဆိုရင် ဗင်ကူးဗားမှာ အပူချိန် ၃၀ဒီဂရီစီ အထိရှိပါတယ်။ အိမ်ကနေ မိနစ် ၂၀လောက်သာ မောင်းရတဲ့ White Rock ဆိုတဲ့ ကမ်းခြေကို စနေကော တနင်္ဂနွေကော ရောက်ခဲ့စဉ်က လူတွေဆိုတာ ကြက်ပျံမကျ စည်ကားလှသော ပွဲဈေးတန်းအလားထင်ရပါတယ်။

ကမ်းနားလမ်းတစ်လျှောက်က ဆိုင်တန်းတွေထဲမှာလည်း လူတွေနဲ့ ပြည့်နေတယ်။ ဆိုင်ရှေ့ကပ်ပြီးချထားတဲ့ ခုံတွေပေါ်မှာ တွေးတောသူ၊ စာဖတ်သူ၊ အစာစားသူ၊ အအေးသောက်သူ တွေရှိသလို၊ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေသူ၊ မတ်တပ်ရပ်ငေးသူ၊ ဈေးဝယ်နေသူတွေလည်း ရှိနေတယ်။

သောင်ပြင်ပေါ်မှာလည်း စွန်လွှတ်သူ၊ သဲနန်းတော်ဆောက်သူ၊ စင်ယော်အစာကျွေးသူ၊ ငါးကြော်စားသူ၊ ခုံချပြီး စာဖတ်သူ၊ လမ်းလျှောက်သူ၊ ရေကူးသူ၊ လှေလှော်သူ၊ စိတ်ကူးယဉ်သူ စတာတွေနဲ့ ပြည့်နှက်နေတယ်။

ဒီကြားထဲမှာတော့ ကလေးလေးတွေက အလုပ်အရှုပ်ဆုံးပေါ့။

ရေကျသွားလို့ သောင်ပြင်ပေါ်မှာ ကျန်ခဲ့တဲ့ ရေအိုင်တွေထဲက ခပ်ပျော့ပျော့ သဲတွေကိုကော်ထုတ်၊ ပုံးကလေးတွေထဲထည့်၊ တရွတ်တိုက်လို့ လိုချင်တဲ့နေရာ ထိသယ်သွား၊ သဲနန်းဆောက်၊ အားစိုက်မြောင်းဖော်၊ သဲနန်းဆောက်ပြီးတော့ အလံစိုက်၊ ပြီးတော့ ဒီလောက်ပင်ပင်ပန်းပန်းဆောက်ထားတဲ့ သဲနန်းကို လက်နဲ့ဖိချ၊ ကိုယ်လုံးနဲ့ဖိချ၊ ပြားသွားတဲ့ သဲနန်းတော်ကြီးပေါ်ကို အားပါးတရ ထိုင်ချအပြီး ကောင်းကင်ကြီးကို မော့ကြည့်၊ အားပါးတရ ရယ်မော။ အပြစ်ကင်းစင် လွတ်လပ်လိုက်လေခြင်း။

(ဆက်ဖတ်ရန်…)

July 2, 2012

စိမ်းပြာရောင် အိပ်မက်

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 10:40 pm

 corridor-of-cypress1-500.jpg

နံနက်ခင်း၏ နေခြည်နွေးက ပင်လယ်ပြာကို ဖြတ်သန်းလျှက် စိမ်းညို့ညို့အုန်းပင်တန်းများဘက်သို့ စီးဆင်းသွားသည်။

ပူနွေးညိုမြသော သောင်ပြင်ထက်တွင် ပင်လယ်ဂဏန်းငယ်တို့ တရွေ့ရွေ့နှင့် ဦးတည်ရာမဲ့ရာသို့။ ပြာမှိုင်းသော မီးပြတိုက်အောက်ခြေရှိ လှိုင်းဖြူများကဲ့သို့ တစ်စုံတစ်ရာက ရင်တွင်းဝယ် လှုပ်ခတ်နေဆဲ။ သက်ပြင်းမောများသာ ပင်လယ်လေနှင့် မျောပါသွားမည်ဆိုလျှင်လည်း ၀မ်းသာမှု၊ ၀မ်းနည်းမှု အစွန်းနှစ်ဘက်အလယ်တွင် မလွန့်လူးသာအောင် ရှိနေဦးမည်ထင်သည်။

ကစ္ဆပနဒီကမ်းနဖူးပေါ်မှ နေညိုချိန်အလွမ်းတို့သည်လည်း ဖရုံကာကျွန်းတန်းများကြားတွင် မှုန်ဝါးကွယ်ပျောက်ခြင်း၊ တစ်နည်းအားဖြင့် အသိမှတ်ပြုခြင်းမဲ့စွာနှင့်။ လသာညများ၏ ကြေမွအက်ကွဲသော သံစဉ်များကြားရှိ ငြိမ်သက်နေသော အခွင့်အရေးတစ်ခုသည် နဂါးငွေ့တန်းများကဲ့သို့ ဟိုဒီလွင့်ပါးလျှက်။ နီရဲဖူးစိုသော နှုတ်ခမ်းလွှာတို့၏ပိုင်ရှင်သည် သူ၏သူမသာဖြစ်သည်။ အကြည့်များစွာကို ထိန်းချုပ်ထားနိုင်စွမ်းရှိသော အတတ်ပညာတို့ကြားမှ အကျည်းတန်မှုတစ်ခုကတော့ မိမိမှလွဲ၍ မည်သူများ ဖြစ်နိုင်ဦးမည်လဲ။ မျှော်လင့်ခြင်းများကို အဝေးသို့တွန်းပို့ခြင်းဖြင့် ကြားခံနယ်တစ်ခု ဖြစ်ပေါ်နေမှု လုံးဝမရှိစေရပါ။

အိပ်မပျော်သော တစ်ရေးနိုးညများတွင်မတော့ ရင်ခုန်သံကို ရေတစ်ခွက်သောက်ပြီး မြိုချဖြစ်ခဲ့သည်။ မရေရာခြင်းများ၊ ရောင့်ရဲတင်းတိမ်ခြင်းများ၏နောက်ကွယ်တွင် ငြိမ်သက်စွာ ရှိနေတတ်ခဲ့ပြီ။ ထပ်မံပြီး မကျရှုံးရဲတော့သော်လည်း၊ လက္ခာဏာပြင်ရှိ နှလုံးလမ်းကြောင်းပေါ်မှ ကျွန်းဟုခေါ်သော အရာများသည် ထင်ရှားစွာ ဖြစ်တည်နေလေသည်။

 

(ဆက်ဖတ်ရန်…)

June 25, 2012

အွန်လိုင်းပေါ်က စာများ

Filed under: my notes, စာစု — အိမ့်ချမ်းမြေ့ @ 9:49 pm

မလေး တို့လို ပရိုဖက်ရှင်နယ်တွေလည်း မဟုတ်၊ အွန်လိုင်းပေါ်မှာ စာရေးသူတွေရဲ့စာတွေဟာ ထောက်မယ်ဆိုရင် ထောက်စရာတွေအများကြီး၊ လိုအပ်မှုတွေအများကြီး ရှိပါတယ်။ အွန်လိုင်းစာရေးသူတွေရဲ့စာတွေကို မိမိရဲ့အချိန်တွေဖဲ့ပေးပြီးတော့ ဘာဖြစ်လို့ ဖတ်ကြတာလဲ ဆိုတာလေးကို အချိန်ရရင် ဖြေပေးကြပါရှင်။ ဒီမေးခွန်းကို မေးသူဖြစ်တဲ့အတွက် မလေး ကိုယ်တိုင် ဖြေပါ့မယ်။ ရင်ထဲရှိသည်အတိုင်း ဖြေပေးစေလိုပါတယ်ရှင်။

ဖဘမှာ ဖြေပေးထားသူတွေရဲ့ ကော့မန့်များပါ တင်ပေးလိုက်ပါတယ်ရှင်။

(ဆက်ဖတ်ရန်…)

May 31, 2012

မိတောနှင့် ပုရွက်ဆိတ်သိုင်းလေပွေရိုင်း

Filed under: စာစု, ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:29 am

ဝက်သစ်ချပင်ကို လက်အုပ်ချီကာ မျက်စိမှိတ်လျှက် အသက်ကိုရှုသွင်းလိုက်သည်။ အသက်ကိုအောင့်ထားပြီး ဖြည်းဖြည်းချင်း ရှုထုတ်လိုက်သည်။ ထို့နောက် အဘိုးကြီးလုပ်သည်အတိုင်း ……………..

(ဆက်ဖတ်ရန်…)

May 14, 2012

မကုန်ဆုံးပါနဲ့.. နွေ

Filed under: စာစု, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 11:24 am

နွေကိုချစ်တယ်…

နွေကိုချစ်တတ်သွားတဲ့အကြောင်းကလည်း နွေ ဆိုတာ ကိုယ့်အတွက် ရှားပါးပစ္စည်းတစ်ခု ဖြစ်သွားခဲ့ပြီ။

(ဆက်ဖတ်ရန်…)

April 21, 2012

ဝေဖို့… ကြွေ..

Filed under: my notes, အတွေးအမြင်, Vancouver, Canada, စာစု, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 2:58 am

ဒီနေ့ကတော့ သိပ်လှတဲ့နေ့ကလေးပဲ။ နွေဦးမှာပွင့်တဲ့ ချယ်ရီတွေဟာ နွေရာသီအတွက် အရွက်ဝေဖို့ အပွင့်တွေကို စပြီးချွေချနေကြပြီ။ ပင်စည်အောက်ကမြေပြင်ဟာ ချယ်ရီပွင့်ကြွေတွေကြောင့် ပန်းနုရောင်သန်းနေလေတယ်။ ချယ်ရီပင်တန်းလမ်းကလေးဟာဖြင့် ပန်းရောင်လမ်းကလေးဖြစ်လို့နေတယ်။

“ချယ်ရီတွေလည်း ငုံလာခါစ.. ရှိသေးတယ်…. ကံကိုတော့လေ မယုံဝံ့လို့….”

“ကျွိ…..”

ချယ်ရီတွေကို ငေးရင်း နှုတ်ကနေ အလိုလိုထွက်လာတဲ့ သီချင်း၊ နောက် အော်ဆိုရမယ့်နေရာရောက်တော့မှာမို့ အသက်ကိုရှိုက်သွင်းပြီး မုဒ်အပြည့်နဲ့ဆိုမယ်မကြံရသေးခင်မှာ ဘရိတ်ကို အမြန်အုပ်လိုက်ရတယ်။ လမ်းလေးရဲ့ညာဘက်ကို ချိုးအကွေ့၊ ကုန်းပေါ်တက်ရတဲ့ လမ်းကျဉ်းလေးပေါ်မှာ ကားတစ်စင်းနဲ့ မျက်နှာချင်းဆိုင် သွားဆိုင်မိတာ၊ နှုတ်ဖျားက ဆရာထီးတောင် ပြူတင်းပေါက်ကနေ ကသုတ်ကရက်ခုန်ဆင်းလို့ ချယ်ရီပွင့်ကြွေပန်းရောင်လမ်းကလေးပေါ်ကို ထွက်ပြေးလို့ သွားတော့တယ်။

(ဆက်ဖတ်ရန်…)

April 5, 2012

ဧပြီရေစီး

Filed under: သတင်း (News), my notes, Vancouver, Canada, စာစု — အိမ့်ချမ်းမြေ့ @ 4:02 pm
သတင်းအတိုအထွာလေးတွေဝေမျှချင်လို့ပါ..။
ဟိုတစ်လောက ကနေဒါနဲ့ယူအက်စ်ရေပိုင်နက်ကြားမှာ လူသူမရှိတဲ့ သဘောင်္ကြီးတစ်စင်း မျောနေတယ်။ လူတွေက Ghost ship ဆိုပြီး စိတ်ဝင်တစားနဲ့ ဖြစ်ကြတယ်။

ship2.jpg

(ဆက်ဖတ်ရန်…)

March 25, 2012

ငါးပြုတ်ရည် ဆိုင်ကလေး

Filed under: စာစု, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:38 am
“ဟာ… တော်စမ်းပါ အဘိုးကြီးရာ၊ အိမ်မှာချက်တာတောင် ဒီထက်ကောင်းသေးတယ်”

………

ရွှေရောင်မိန်းကလေးရဲ့ နှလုံးသားလွတ်လပ်ခွင့်နောက် ကောက်ကောက်ပါအောင် လိုက်သွားမှုအဆုံးမှာ ………

(ဆက်ဖတ်ရန်…)

February 16, 2012

မချစ်ရင်နေပါ၊ မမုန်းပါနဲ့

Filed under: စာစု — မလေး @ 8:40 am
“မြန်မာတွေနဲ့ မပေါင်းဘူး။ မြန်မာတွေနားသွားရင် သူတို့ရဲ့ ပတ်ဝန်းကျင်ဟာ အပျက်သဘောကိုဆောင်တဲ့၊
ဆုတ်ယုတ်မှုသဘောကိုဆောင်တဲ့ ပတ်ဝန်းကျင်ဖြစ်တယ်၊ သူတို့နားကို သွားလိုက်တာနဲ့ကို မှောင်သွားသလိုပဲ”

(ဆက်ဖတ်ရန်…)

January 9, 2012

ယဉ်ကျေးမှု ကန့်လန့်ကာများ

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 12:43 am

လူတစ်ဦး (ဒါမှမဟုတ်) မိသားစုဝင်တစ်စု (ဒါမှမဟုတ်) လူအုပ်စုတစ်စုအတွက် ရိုင်းပြတဲ့ စကားတစ်ခွန်း/အပြုအမူတစ်ခုဟာ အခြား လူတစ်ဦး (ဒါမှမဟုတ်) မိသားစုဝင်တစ်စု (ဒါမှမဟုတ်) လူအုပ်စုတစ်စုအတွက် ယဉ်ကျေးပြူငှာတဲ့ နွေးထွေးတဲ့ စကား/အပြုအမူတစ်ခု ဖြစ်နေနိုင်ပါတယ်။

(ဆက်ဖတ်ရန်…)

January 4, 2012

ကျမ ရဲ့ ကြယ်

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 12:27 am

သူဟာ ကျမကို ကြယ်တွေနဲ့ မိတ်ဆက်ပေးခဲ့သူ…….

မှတ်မှတ်ယယ အဲဒီနေ့ညက ကောင်းကင်ကြီးဟာ ကြည်လင်နေတယ်…..
ညလေတွေ တိုက်ခတ်နေတာ အိမ်နောက်ဘက်က မန်ကျည်းပင်ရွက်တွေရဲ့ တရှဲရှဲ အသံတွေတောင် မြည်နေတယ်….
မန်ကျည်းရွက်လေးတွေဟာ ကွပ်ပျစ်ပေါ်က ဖျာလေးပေါ်ကိုတောင် ကြွေကျလာသေးတယ်…
ခပ်ဝေးဝေးမှာ ခွေးဟောင်သံရယ်…. ပင်လယ်လှိုင်းပုတ်သံရယ်…
နောက်…… ဂစ်တာသံ သဲ့သဲ့နဲ့ သီချင်းသံ သဲ့သဲ့…။

(ဆက်ဖတ်ရန်…)

January 1, 2012

နာရီစင်များ

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 3:39 am

နာရီစင်များကို ကျမ ချစ်သည်။

အထူးသဖြင့် ညနေ နေ၀င်ရီတရော ငှက်တွေအိပ်တန်းတက်ချိန်များမှာ ပြာလွင့်ရီလဲ့သည့် ကောင်းကင်ယံကို နောက်ခံထားပြီး တိတ်တဆိတ်ငိုက်မြည်းနေတတ်သည့် နာရီစင်ကြီးများသည် ကျမ၏ စိတ်အစဉ်ကို ဆွတ်ပျံ့လွမ်းမောစေတတ်သည်။ နာရီစင်များသည် ကျမကို အတိတ်ထဲမှာ အိပ်မောကျနေလောက်ပြီဖြစ်သော အစိုးရရုံးစိုက်ရာ မြို့ကလေးများ၊ ငယ်စဉ်ကလေးဘ၀များ၊ စိုးရိမ်ပူပန်မှုမဲ့သော အနာဂတ်များ နှင့် တစ်နည်းတစ်ဖုံ ပေါင်းကူးပေးနေတတ်ပေသည်။
ညင်သာသိမ်မွေ့သော ခေါင်းလောင်းသံတွေ ချိုမြိန်နေတတ်သည့် ဘုရားကျောင်းတစ်ကျောင်းကျောင်းဖြင့် လည်ကောင်း၊ လူသူဆူညံနေသော ဈေးကြီးများနှင့်သော်လည်းကောင်း၊ ခမ်းနားကြီးကျယ်လှသော အစိုးရရုံးကြီးများနှင့်သော်လည်းကောင်း တဆက်တည်းဖြစ်နေတတ်သော နာရီစင်ကြီးများသည် ရံဖန်ရံခါ မြို့လည်ခေါင်တွင် ထီးထီးကြီး အထီးကျန်စွာလည်း ရှိနေတတ်သေးသည်။

(ဆက်ဖတ်ရန်…)

« အရင်စာမျက်နှာသို့အဟောင်းလေးတွေဖတ်ချင်ရင်.. »

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------