♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 24, 2014

မီးပွားတစ်ခုကို ငြိမ်းသတ်ဖို့

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:07 am

 library.jpg
ပါလီမန်ဝင်းထဲမှ စာကြည့်တိုက်

အေရိယာစတုရန်း 9,984,670 km² ရှိတဲ့ ကနေဒါဟာ ၂၀၁၃ စာရင်းအရ လူဦးရေ ၃၅သန်းပဲ ရှိပါတယ်။ ကနေဒါနိုင်ငံရဲ့ မြို့တော်ခန်းမတွေ၊ ပါလီမန်အဆောက်အဦးတွေဟာ ခြံစည်းရိုးမရှိတတ်ပါဘူး။ လူနေအိမ်ခြေတွေဟာလည်း ခြံစည်းရိုးတွေ မရှိတတ်ပါဘူး။ အလှပြခြံစည်းရိုးလောက်ပဲထားတတ်တဲ့ သဘောရှိတယ်။

လမ်းတွေပေါ်မှာ ယူနီဖောင်းဝတ်စစ်သားဆိုတာလည်း မမြင်ရတတ်ဘူး။

ကနေဒါနိုင်ငံရဲ့ မြို့တော်ခန်းမတွေ၊ ပါလီမန်အဆောက်အဦးတွေဟာလည်း မြက်ခင်းပြင်ကျယ်ကြီးတွေနဲ့ ကမ္ဘာ့လှည့်ခရီးသည်တွေကအစ၊ မြို့နေလူတို့ပါ တစ်နေကုန်အပမ်းဖြေလှဲလျောင်းလို့ ရတဲ့ နေရာမျိုးပါ။

ကနေဒါမှာ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းက တစ်နိုင်ငံပဲရှိပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံပါပဲ။ အိုက်အက်စ်စစ်သွေးကြွတွေကိုတိုက်ဖို့အတွက် ပါလီမန်မှာ ဆန္ဒမဲပေးကြရာမှာ မဲအရည်အတွက် ၁၅၇-၁၃၄ နဲ့အနိုင်ရပြီး၊ အမေရိကန်၊ ဗြိတိန်၊ ဒိန်းမတ်၊ နယ်သာလန်၊ သြဇီ၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီးယူ၊ ဘာရိန်းနိုင်ငံတို့နဲ့အတူ အိုင်အက်စ်စစ်သွေးကြွတွေကို ချေမှုန်းမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အောက်တိုဘာလဆန်းကတည်းက ကနေဒါနိုင်ငံဟာ အကြမ်းဖက်သမားတွေရဲ့ ချိန်းခြောက်သတိပေးခြင်းကို ခံရခဲ့တယ်။

(ဆက်ဖတ်ရန်…)

October 15, 2014

စမ်းရည်ဆိုမ်

Filed under: စာစု, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:31 pm

တစ်ကယ်ဆို…
ဘယ်တုန်းကမှလည်း…
သက်ဆိုင်ခဲ့တာ မဟုတ်လေတော့…။

writing-my-heart-out-gladiola-sotomayor.jpg

(ဆက်ဖတ်ရန်…)

September 29, 2014

အငွေ့

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:47 pm

pebble-beach-wallpaper-3750-hd-wallpapers.jpg

 ကားလီဗာကို ဖိတင်လိုက်တဲ့အချိန်မှာ ဆောင်းဦးရဲ့ လေပြေတွေက ပြတင်းပေါက်ထဲ တရောသောပါး ဝင်လို့လာတော့တယ်။ လမ်းတစ်ဘက် ဘယ်ညာစီတန်းနေတဲ့သစ်ပင်တွေရဲ့ အရောင်စုံသစ်ရွက်တွေက ဆောင်းဦးလေပြေတိုက်ခတ်မှုကြောင့် လမ်းတွေပေါ်ကြွေဆင်းဦးညွှတ် ဝပ်တွားဖို့ဟန်ပြင်နေကြပြီ။

မျက်ဝန်းတွေက ကားအရှိန်ဘယ်လောက်မြင့်မြင့်၊ နည်းနည်းလေးမှ နီးလည်းမလာ၊ ဝေးလည်းမသွားတဲ့ တောင်တန်းပြာကြီးတွေခြေရင်းဆီကို ဦးတည်ကွေ့ဝိုက်သွားတဲ့ လမ်းမပေါ်မှာ။ လီဗာကို ပိုပြီးဖိတင်လိုက်တယ်။ အရောင်စုံသစ်ရွက်တွေကြွေလုလု သစ်ပင်ကြီးတွေက တရိပ်ရိပ်ကျန်ခဲ့တယ်။ အလွန်ကြီးမားလွန်းလို့ လှုပ်ရှားခြင်း မရှိတဲ့ တောင်တန်းပြာကြီးတွေကတော့ သရော်တော်တော် ရယ်မောလိုက်ကြသလိုပဲ။

မြင့်မားလွန်းလို့ မိုးတိမ်တွေထဲအထိ ထိုးဖောက်တော့မယောင် တောင်ထိပ်ဖျားတွေကို မော့မကြည့်တော့ပါဘူးလေ။ ကားကို ညာဘက်က လမ်းချိုးလေးထဲကို အရှိန်ပြင်းပြင်းနဲ့ ကွေ့ဝင်လိုက်တယ်။ လမ်းကလေးဟာ ကျောက်စရစ်ခဲတွေပဲ ခင်းထားတဲ့ လမ်းကလေး။ ကားဘီးနဲ့ ကျောက်စရစ်ခဲလေးတွေ ပွတ်ကြိတ်သွားသံကြောင့် အရှိန်ကို လျော့ချလိုက်တယ်။

တစ်ကယ်တော့ ဒီနေရာလေးကို ဟိုးလွန်ခဲ့တဲ့နှစ်များစွာက သွားရင်းလာရင်း အမှတ်မထင် တွေ့ခဲ့မိတာ။ ကားလမ်းမကြီးဘေးက လူသူတွေကင်းတဲ့ သောင်စပ်ကလေး။ အဲဒီတိုးတိုးတိတ်တိတ် သောင်စပ်ကလေးဟာ ရေထဲကို ဝိုက်ဝိုက်လေး ထိုးဆင်းသွားတယ်။ ရေစပ်နဲ့ခပ်လှမ်းလှမ်းမှာ ကားကို ရပ်လိုက်တယ်။ ပြီးတော့ ကားထဲက မဆင်းသေးဘဲ ဆက်ထိုင်နေမိတယ်။

ဘယ်ဘယ်မှာ မိုးထိတောင်တန်းပြာကြီးတွေ၊ ညာဘက်မှာတော့ မြို့ပြရဲ့အနားသပ်ကောက်ကြောင်း၊ ရှေ့တည့်တည့်မှာတော့ ကမ်းမမြင်လမ်းမမြင် ပစိဖိတ်ပင်လယ်ပြင်ကြီး။ ပင်လယ်လေတွေက ကားထဲကို တိုးခွေ့လို့ ဝင်လာကြတယ်။ ကားခုံပေါ်ကို ငဲ့ကြည့်လိုက်တော့ လောလောလတ်လတ်ဝယ်လာတဲ့ မဖောက်ရသေးတဲ့ မာဘရိုစီးကရက်ဘူးနဲ့ အသစ်စက်စက် အပြာရောင်မီးခြစ်ကလေး။

(ဆက်ဖတ်ရန်…)

September 23, 2014

ကျောင်းတစ်နေ့

Filed under: my notes, စာစု, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 3:45 pm

 leaves.jpg

နွေအကုန် ဆောင်းအကူးကာလ စက်တင်ဘာနှောင်းသည် လွမ်းစရာကောင်းနေပြန်သည်။

ဆောင်းဦးကို အကြိုထောက်တော့မည့် သစ်ပင်တို့သည် သူတို့၏ အရွက်များကို ချွေချမြေခစေတော့ပြန်မည်။ အနီရင့်၊ အဝါနု၊ လိမ္မော်၊ ပန်းနု၊ အညိုစိမ့်၊ အစိမ်းပြာ စသည်စသည် စုံလှသည့်အရောင်များသည် သဘာဝအလှကို ချစ်မြတ်နိုးတတ်သူတို့ရင်ကို ရစ်မူးစေနိုင်လွန်းသည် မဟုတ်ပါလား။

လူသူကင်းရှင်းတိတ်ဆိတ်လှသော လမ်းများပေါ်ရှိ ရွက်ကြွေတောများထဲ အတွေးတစ်ခုခုကို ရင်မှာပိုက်ရင်း ရွက်ကြွေများကြား ရှပ်တိုက်လျှောက်ရသည့် ခံစားချက်၊ ရွက်ကြွေတို့၏ အသံတိတ်ကြွေလွင့်သွားသံကို ရှာဖွေမောရသည့် မျှော်လင့်ချက်တို့ကလည်း စန္ဒယားခလုပ်ဖြူဖြူများပေါ်သို့ နှင်းဆီပွင့်ချပ်တို့ ခပ်တိုးတိုး ကြွေကျသွားသကဲ့သို့ ဖြစ်နေတတ်သေးသည် မဟုတ်ပါလား။

ရောင်စုံသစ်ရွက်တွေမြေပေါ်မှာ ပြန့်ကျဲနေသည်ကို မှတ်တမ်းတင်ချင်မိသည်မို့ မေမေ့ကို ခဏလေးလိုက်ခဲ့ပါလားဟု အဖော်ခေါ်မိသေးသည်။ သစ်ရွက်ကြွေတို့ အတော်အတန်ကြွေနေပြီဖြစ်သော တစ်ဘက်လမ်းသို့ ကားမောင်းထွက်လာခဲ့မိသည်။ လမ်းထိပ်အရောက် ကားကိုရပ်ပြီး ကားပေါ်မှ မဆင်းခင် မေမေ့ကို အကူညီတောင်းမိပြန်သည်။

‘မေမေ… ကားကို အဲဒီသစ်ရွက်တွေထဲ ဖြတ်မောင်းပေးပါနော်’

(ဆက်ဖတ်ရန်…)

September 5, 2014

ဖေ့ဘွတ်ကာ မိတော

Filed under: မိတော, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 6:46 pm

 blueflower3.jpg

မိတောသည် ဘီစီပြည်နယ်၏ ကျောင်းဆရာ/ဆရာ မ များနှင့် ပြည်နယ်အစိုးရတို့ စစ်အေးတိုက်ပွဲကြောင့် ကျောင်းများ ပြန်မဖွင့်သေးသည် ပြဿနာကို စိတ်ဆင်းရဲကြီးစွာ ခံစားနေရလေသည်။ မိတော၏ ကလေးလေးများသည် ကျောင်းမတက်ရဘဲ၊ အချို့ရက်များတွင် သူတို့၏နာနီနှင့် အချိန်ကုန်သည့်ရက်များရှိသလို၊ အခြားမောင်နှမများအိမ်ရောက်လိုရောက်၊ အဘွားအိမ်ရောက်သည့်နေ့ရောက်၊ သို့မဟုတ် အချိန်ပိုင်း ကျောင်းသို့သွားသည့်နေ့သွား၊ စန္ဒယား၊ ရေကူး၊ တိုင်ဂွမ်တို စသော သီအိုရီများဖြင့်တိုက်ရိုက်မထိတွေ့ရဘဲ… အချိန်ကုန်နေရကား….. စက်တင်ဘာဦး၏ ရွက်ကြွေများကဲ့သို့ သူတို့လေးတွေမှာ ဟိုလွင့်ဒီလွင့် ဖြစ်နေရသကဲ့ မိတောမှာ ခံစားနေရလေသည်။

ဒီကြားထဲမှာ…. ရုံးအလုပ်ကိစ္စများကလည်း နေ့စဉ်နှင့်အမျှ စိတ်ကို ကြပ်ပိတ်လှောင်အိုက်စေသည့်အပြင်၊ စက်တင်ဘာဦးတွင် ကြွေလွင့်တော့မည့် ပန်းအကြွေကောက်ရမည့် ကိစ္စများ၊ ခြံရှင်းရမည့် ကိစ္စများ၊ နှင်းဆီကိုင်း၊ သစ်တော်ကိုင်း၊ ပန်းသီးပင်ကိုင်း ချိုင်ရမည့် ကိစ္စများဖြင့် စိတ်များအလွန်ရှုပ်နေရလေသည်။

တစ်နေ့… မိတော ရုံးကအပြန်တွင် အိမ်တံခါးအဖွင့်… ချစ်စဖွယ် သာသာယာယာ၊ တီတီတာတာနှင့် ပြေးလွှားလာသံလေးများ မကြားသဖြင့် …

‘ကလေးတွေကော…. အစ်မကလေးတွေ ဘယ်ရောက်နေကြသလဲ’ ဟု ပျာပျာသလဲမေးရာတွင်..

(ဆက်ဖတ်ရန်…)

August 28, 2014

ဖန်ငန်းရုပ်လေး

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 3:07 pm

 swan.jpgမှန်ထဲမှာ မြင်နေရတဲ့ သွယ့် ပုံရိပ်ကို သွယ်ပြန်ကြည့်နေခဲ့တယ်။ ဆံထုံးတွဲ ယဉ်ယဉ်ကလေး၊ နံ့သာရောင်လက်ရှည်အကျီ င်္၊ အဝါနုရောင် ချိတ်ထမီလေးနဲ့ လှချင်တိုင်းလှ၊ ယဉ်ချင်တိုင်းယဉ်နေတဲ့ ‘သွယ်’။ လှချင်တိုင်းလှနေသော်လည်း တစ်နေကုန် လူတွေကြားထဲမှာ လူးလာခေါက်တုံ့ စိတ်မပါဘဲ ပြုံးနေခဲ့ရတဲ့ ကိုယ်နှုတ်ခမ်းတွေကိုလည်း ကိုယ်အားနာလှပါပြီ။

အိမ်ပြန်ရောက်တော့မှ စိတ်လွတ်လက်လွတ် သက်ပြင်းချပြီး တော်ရုံအလှမပြင်တတ်တဲ့ သွယ့်ကိုသွယ် ပြန်လို့ ကြည့်နေမိတာ။
တစ်ကယ်ဆို သွယ် အားလုံးနဲ့ ခပ်ဝေးဝေး နေနေခဲ့တာ ကြာပါပြီ။ သွယ့်ရင်ထဲက ခံစားချက်တွေကို တစ်ယောက်တည်း ထုပ်ပိုးသိမ်းဆည်းရင်း တိတ်တိတ်ကလေး နေချင်တာလည်းပါတယ်။ လူတွေအများကြီးနဲ့ စကားတွေပြောနေရတာကိုလည်း အပိုအလုပ်ကြီးတစ်ခုလို မြင်လာခဲ့တာလည်း ပါတယ်။ ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ ဒီနေ့လေးမှာတော့ ဟန်ကိုယ်ဖို့ပါလို့ တစ်နေကုန် ပြုံးထားခဲ့ရတာ။

အဲဒါ… ‘ကိုလေး’ မျက်နှာကြောင့်ပါ။

‘ကိုလေး’ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။

(ဆက်ဖတ်ရန်…)

August 12, 2014

ကျေးဇူးတင်ရှိခြင်း

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 3:20 pm

visitors.JPG

ဟိုနေ့က တစ်နေ့တာ ဒေတာလေးကို ကြည့်မိတုန်းကပါ..
ဒီလို မကြည့်ဖြစ်တာတောင် နှစ်နဲ့ ချီနေပြီ…
လာလည်သော သူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်..
အထူးသဖြင့် မြန်မာပြည်နှင့် စင်္ကာပူမှ သူများအပြင် … လာလည်သူ အားလုံးကိုပါ…

August 7, 2014

စိုးစံအီလိတို့အကြောင်း

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:43 pm

ဟိုးတစ်ခါတုန်းက အရာရာပေါကြွယ်တဲ့ တိုင်းပြည်ကြီး တစ်ခုရှိသတဲ့။
အဲဒီပေါကြွယ်လှတဲ့ တိုင်းပြည်ကြီးကို အီလိ တို့က စိုးစံကြသတဲ့။

အဲဒီ စိုးစံအီလိတွေဟာ ကန့်လန့်ကာရဲ့ နောက်က ကြီးကျယ်ခမ်းနားလှတဲ့ ထမင်းစားပွဲကြီးတွေမှာ ထမင်းအတူတူစားကြတယ်။
အဲဒီ စိုးစံအီလိတွေဟာ သာမာန်လူတွေ ၀င်ခွင့်မရတဲ့ နန်းတော်ကြီးတွေရဲ့ နောက်က ဂေါက်ကွင်းတွေထဲမှာ ဂေါက်သီးအတူတူ ရိုက်ကြတယ်။
အဲဒီ စိုးစံအီလိတွေဟာ လူတွေ မမြင်နိုင်တဲ့ ဖဲကတ္တီပါ လိုက်ကာတွေ နောက်မှာ နိုင်ငံရေးစကားစစ် ထိုးတတ်ကြသေးတယ်။
အဲဒီ စိုးစံအီလိတွေရဲ့ သားသမီးတွေဟာလည်း အချင်းချင်း ထုတ်စီးတိုးတမ်း၊ ထမင်းချက်တမ်း၊ ပင်ပေါင်၊ တဲနစ်၊ ရေကူးနဲ့ ဂေါက်ကွင်းထဲမှာလည်း ကစားကြသေးတယ်။
အဲဒီ အီလိတွေဟာ တစ်နေ့မှာတော့ နိုင်ငံရေး အစေးမကပ်ကြတော့ဘူး၊
အဲဒီ အီလိတွေဟာ တစ်နေ့မှာတော့ စီးပွားရေ အစေးမကပ်ကြတော့ဘူး။
အီလိတွေဟာ နိုင်ငံကြီးတစ်ခုရဲ့ အဆီအနှစ်ကို ဝေစားမျှစားရာကနေ..
အစေးမကပ်ကြတော့ဘူး။
အဝေမတည့်ကြတော့ဘူး။

ဒီလိုနဲ့ အီလိတို့ဟာ ပြင်းပြတဲ့ အာဏာလုစစ်ပွဲတစ်ပွဲ တစ်ပွဲအတွက် ပြင်ဆင်ကြရတော့တယ်။
သူတို့ဆင်နွှဲမယ့် စစ်ပွဲအတွက် သူတို့အတွက် အသေခံတိုက်ပေးမယ့် စစ်သား/စစ်သမီးတွေကို မျှားကြရတော့တယ်။
အဲဒီမှာ တိုင်းပြည်ထဲက လူတွေကို မျှားဖို့ ငါးမျှားချိတ်ကြီးတွေ တတ်ကြတော့တယ်။

အီလိတစ်အုပ်စုဟာ ငါးမျှားချိတ်တွေမှာ ‘ဒီမိုကရေစီ’ ‘လူ့အခွင့်အရေး’ ‘ညီတူတန်းတူ’ စကားလုံးအကြီးကြီးတွေကို ချိတ်ထားလိုက်ကြတယ်။
နောက်အီလိအုပ်စုကလည်း ‘ရာထူး’၊ ‘အာဏာ’၊ ‘ရပိုင်ခွင့်’ ဆိုတဲ့ စကားလုံးကြီးတွေ ဆွဲထားပေးလိုက်တယ်။

အဲဒီမှာ လူတွေဟာ ဟိုဘက်ဒီဘက် ပြေးသွားကြလိုက်တာ ဘက်တွေကွဲသွားကြတယ်။

ဘယ်အီလိကတော့ ဖြောင့်မတ်တယ်
ဘယ်အီလိကတော့ ယုတ်မာတယ်ဆိုတဲ့ ကိုယ်ပိုင်ခံယူချက် ကိုယ်ပိုင်အတွေးတွေနဲ့
ဟိုဘက်ဒီဘက်ကွဲသွားပြီး ယုံကြည်ချက် ဆိုတဲ့ စာလုံးကြီးကိုထမ်းပိုးလို့ အချင်းချင်း သတ်ဖြတ်ကြတော့တယ်။

(ဆက်ဖတ်ရန်…)

July 7, 2014

လယ်တောထဲက မိန်းကလေး

Filed under: ငွေတာရီ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 4:35 pm

ဇူလိုင်လ ၂၀၁၄ ငွေတာရီအထူးထုတ်မှ ကျမရဲ့ ဝတ္ထုလေးပါရှင်..။

ngwe2.JPG

-

ngwe3.JPG

(ဆက်ဖတ်ရန်…)

June 25, 2014

My Publication List

ရေးဖူးသမျှ…. မှတ်မိသမျှ….

(က) ထုတ်ဝေ စာအုပ်ခေါင်းစဉ်၊ ထုတ်ဝေသူ၊ ထုတ်ဝေသည့် ခုနှစ်နှင့် စာပေအမျိုးအစား

၁) လမင်းရှိုက်သံ၊ ဗိုလ်မှူးကြီးကျော်ကျော်ဦး (မြဝတီပုံနှိပ်တိုက်)၊ ၂၀၀၉၊ ရသဝတ္ထုတိုများ (တစ်ကိုယ်တော်)
၂) သက်တံဆယ်စင်း၊ နေမျိုးစာပဒေသာ (AMK Creation) ၂၀၁၂၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၃) မိုင်တိုင်နှစ်ဆယ်၊ နေမျိုးစာပဒေသာ AMK Creation) ၂၀၁၃၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၎) ကြယ်စင်ဆယ့်တစ်၊ ဦးမျိုးဆင့်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၅) မိတောရဲ့ ရှတတနေ့စွဲများ၊ (AMK Creation) ၂၀၁၃၊ သရော်စာ (တစ်ကိုယ်တော်)
၆) အဖြူရောင်နှလုံးသားများဆုံမှတ်၊ မိုးစာပေ၊ ၂၀၁၃၊ ဝတ္ထုတိုများ (ကလောင်စုံ)
၇) စကားဝါပန်းတို့ရဲ့ ဒိုင်ယာရီ၊ ဦးနေဇာမောင်မောင်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၈) ကကြိုးနှစ်ဆယ့်တစ်၊ ဒေါ်သင်းသင်းမွန် (AMK Creation) ၂၀၁၄ မေလ၊ အွန်လိုင်းရသစာစုများ (ကလောင်စုံ)
၉) ဆယ့်နှစ်ကြိုးတပ် နှစ်ဆယ့်လေးသံစဉ် ၊ မိုးစာပေ၊ ၂၀၁၄ ဇွန်လ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၀) ကောင်းကင်ပေါ်ကျတဲ့ မိုးစက်များ ၊ မိုးစာပေ၊ ၂၀၁၅ မေလ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၁) လယ်တောထဲက မိန်းကလေး မိုးစာပေ ၂၀၁၆ နိုဝင်ဘာ၊ ဘာသာပြန်ရသစာစုများ စုစည်းမှုစာအုပ် (တစ်ကိုယ်တော်)
၁၂) ခေတ်ပြိုင်ဘာသာပြန် ဝတ္ထုတိုများ ကံ့ကော်ဝတ်ရည်စာပေ ၂၀၁၇ မေလ၊ ဘာသာပြန်ရသစာစုများ စုစည်းမှုစာအုပ် (ကလောင်စုံ)

(ဆက်ဖတ်ရန်…)

June 7, 2014

ပြောင်းဖူးလည်ဆွဲကလေး

Filed under: my notes, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:15 am

ပြောင်းဖူးဆို အဝါရောင်လေးတွေနဲ့ နီညိုရောင်လေးတွေပဲ မြင်ဖူးခဲ့တာ…

ဒီပြောင်းဖူးလေးတွေကို ချစ်လို့ အမှတ်တယ သိမ်းထားမိပါတယ်ရှင်…။

လိမ္မော်ရောင် ပြောင်းဖူးလေးတွေ

orangecorn.jpg

အနက်ရောင်ပြောင်းဖူး

greencorn.jpg

ကြက်သွေးရောင်…

purplecorn.jpg

redcorn2.jpg

ဒီအနီနုလေးကလည်း လှတာပဲရယ်…

redcorn.jpg

redcorn3.jpg

အပြာရောင် ပြောင်းဖူး

(ဆက်ဖတ်ရန်…)

June 3, 2014

ရိုးရိုးယဉ်ယဉ် သစ်တောလမ်းကလေး..

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 9:53 am

နေ့လည်ခင်း…..
ရုံးတွင်းပြဿနာတွေကို ထားခဲ့…
ကျမ လမ်းလျှောက်ထွက်ခဲ့တယ်….။

ကုန်းမြင့်လေးဘေး..
စွယ်တော်လမ်းကလေးလို့…
ကျမ အမည်ပေးထားတဲ့…
ဒီလမ်းလေးအတိုင်း ဆင်းလာခဲ့တယ်..။

downhill.jpg

 

(ဆက်ဖတ်ရန်…)

April 6, 2014

မိတောနှင့် အနီရောင်လန်ဘာဂီနီ

Filed under: မိတော, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:08 am

 red-lamborghini-veneno.jpg

မိတောသည် ဂျူနီယာတောအတွက် ဂျင်းပန်အဝယ်ထွက်လေသည်။ ကုန်တိုက်ကြီးများတွင် ဈေးဝယ်ထွက်ရသည်ကို ငယ်စဉ်ကပင် စိတ်မပါသော မိတောသည်၊ ကုန်တိုက်ထဲမှ ရေမွှေးနံ့၊ လူနံ့၊ ကုန်ပစ္စည်းများရနံ့များကို ဘယ်နိုင်ငံရောက်ရောက်၊ ဘယ်လောက်မွှေးမွှေး၊ မနှစ်သက်သူဖြစ်သော်ငြားလည်း ဂျူနီယာတော၏ ဂျင်းပန်များ ဒူးခေါင်းမှ ပြဲနေပြီဖြစ်သဖြင့် မဝယ်မဖြစ် ဈေးဝယ်ထွက်ရခြင်းပင်။

ဂျူနီယာတောသည် ဘောင်းဘီကို ဂျင်းပန်သာ ဝတ်လေသည်။ မိခင်ခြေရာနင်းသလားမသိ။ ငယ်စဉ်ကတည်းက ဂျင်းဘောင်းဘီလက်နှိုက်ပြီး ပလက်ဖောင်းဘေး လျှောက်ရသည်ကို အဟုတ်ကြီးထင်ခဲ့မိတောမှာ၊ ဂျူနီယာတောနှင့်မှ ဝဋ်လိုက်လေပြီ။

“တစ်ခြားဘောင်းဘီတွေလည်း ဝတ်ပါဦး သမီးရယ်၊ ဂျင်းပန်ချည်းပဲ ချဝတ်ပစ်တာ၊ ရှိသမျှဂျင်းတွေလည်း ဒူးက ပေါက်ကုန်ပြီ”
“ဟင့်အင်း…. ဂျင်းပန်ပဲကြိုက်တယ်၊ နောက်ပြီး skinny jeans ပဲ ကြိုက်တယ်”
“အမလေးတော်၊ ဂျင်းပန်တောင်မှ ခြေသလုံးမှာ ကြပ်နေတဲ့ ဂျင်းကိုမှ ကြိုက်ရသလား၊ ဒူးခေါင်းတွေမှာ အကုန်ပေါက်နေတာ ကြပ်လွန်းလို့ဖြစ်ရမယ်။ ဂျင်းပန်တွေချည်းပဲ ဝယ်မပေးနိုင်တော့ဘူး။ တစ်ခြားဘောင်းဘီတွေပဲ ဝယ်ပေးနိုင်တော့မယ်၊ ဂျင်းပန်ဝယ်ဖြစ်ရင်လည်း ခပ်ပွပွဂျင်းတွေပဲ ဝယ်ပေးတော့မယ်”
“မကြိုက်ဘူး၊ ခပ်ပွပွဂျင်းတွေ မဝတ်ချင်ဘူး”
“စိတ်ညစ်လိုက်တာနော်….. မင်းကိုယ်မင်း အပျိုများထင်နေလား… ဟင်”
“အပျိုဆိုတာ ဘာလဲဟင် မေမေ”

(ဆက်ဖတ်ရန်…)

March 17, 2014

မိတော နှင့် တောင်သမန်အင်း ဇာတ်လမ်း

Filed under: မိတော, ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:30 am

 hand.jpg

 နွေဦးပေါက်သည်နှင့် မက္ကဆီကိုဘက်မှ ဌက်များ ကနေဒါဘက်သို့ ပြန်လည်ပျံသန်းလာသကဲ့သို့၊ မိတော၏ မိခင်ကြီးသည်လည်း မြန်မာပြည်မှ ကနေဒါသို့ ပြန်လာပြီဖြစ်သောကြောင့် အလွန်အမင်းပျော်နေမိလေသည်။

 

မိခင်ကြီးနှင့်အတူပါလာသော ချဉ်ပေါင်ကြော်၊ ဘာလချောင်ကြော်၊ ငါးသလဲထိုးကြော် စသော… လျှာပေါ်တွင် နတ်သုဒ္ဓါတမျှ အရသာရှိလှလေသော မြန်မာအစားအစာများကိုလည်း စားရတော့မည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေခြင်းလည်းဖြစ်သည်။

 

မိခင်ကြီးထံမှ မိတော အလွန်နှစ်သက်သော မယ်ဇင်ပင်စေ့ (သို့မဟုတ်) မဉ္ဇူသကနတ်ပန်းပင်မှ ရသော အစေ့ကလေးများဖြင့် ပြုလုပ်အပ်သော ပိုက်ဆံအိတ်ကလေးများ၊ လက်ကောက်ပျော့လေးများနှင့် သော့ချိတ်ကလေးများကိုလည်း မြတ်နိုးရင်ခုန်စိတ်လှုပ်ရှားကာ မထိရက်မကိုင်ရက်အောင် ဖြစ်နေမိလေသည်။

မိခင်ကြီးသည်လည်း “မိတော၏ ရှတတနေ့စွဲများ” စာအုပ်များကိုလည်း မည်သို့မည်ပုံ လက်မှတ်ထိုးကာ လူအများကို အလှူပေးလိုက်ကြောင်းကိုလည်း ကြားသိရလေသည်။

“မေမေက စာအုပ် အုပ် ၃၀ ကို အကုန်ပေးပစ်လိုက်တာလား”

“အင်း…. အိမ့်ချမ်းမြေ့ ကိုယ်စား… ဆိုပြီး လက်မှတ်တွေ ထိုးထိုးပြီး လက်ဆောင်ပေးပစ်လိုက်တာပဲ”

“နည်းနည်းလေးတောင် ရောင်းမကြည့်ဘူးလားဟင်”

မိတော မရဲတရဲလေး မေးမိလေသည်။

“သူတို့က ဝယ်ချင်တာ။ ဝယ်မယ်လည်းပြောတယ်၊ ဒါပေမယ့် မေမေက လက်ဆောင်ပေးပစ်လိုက်တာလေ”

“အွမ်….”

(ဆက်ဖတ်ရန်…)

March 2, 2014

အလုပ်ဟူသမျှ (၂)

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:18 am

ဒီစာကိုဖတ်တဲ့အခါမှာ မြန်မာပြည်တွင်းမှာ မွေးဖွားကြီးပြင်းလာတဲ့ မြန်မာတွေအနေနဲ့ပဲ ဖတ်စေချင်ပါတယ်။ မိမိရောက်နေတဲ့ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ စိတ်ခံစားချက်တွေနဲ့ မဖတ်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကိုယ်ကတော့ ထိုင်းကမြန်မာ၊ ကိုယ်ကတော့ အမေရိကန်မှမြန်မာ၊ ကိုယ်ကတော့ စကာပူမှမြန်မာ၊ ကိုယ်ကတော့ မလေးရှားမှမြန်မာ၊ ကိုယ်ကတော့ ဩစတြေးလျမှ မြန်မာ၊ ဟောင်ကောင်မြန်မာ၊ ဗီယက်နမ်မြန်မာ၊ ထိုင်ဝမ်မြန်မာ… ဆိုတဲ့စိတ်တွေနဲ့ ဒီစာကို ဖတ်မယ်ဆိုရင်တော့ အစကတည်းက မဖတ်ဖို့ တိုက်တွန်းလိုပါတယ်။

ဖရန်စစ်စကာ ဟာရာဒူရာ။

မနီလာယူနီဗာစတီမှ Bachelor of Science in Commerce with a Major in Statistics & management Accounting ဘွဲ့ရထားတဲ့ “ဖရန်စစ်စကာ ဟာရာဒူရာ”…. ညီအစ်ကိုမောင်နှမ ၉ ယောက်ရှိပြီး၊ အငယ်ဆုံးဖြစ်တယ်။ သူမဟာ မောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်သော်လည်း ပညာအတတ်ဆုံးဖြစ်တဲ့အတွက် သူမအပေါ်မှာ အားလုံးက မှီခိုနေကြရကြောင်း၊ မိဘမောင်ဘွားတွေကလည်း သူမကို အားကိုးကြောင်း၊ အိမ်မှာ ထမင်းတောင် မချက်ခဲ့ရကြောင်း၊ သို့သော်…. ပညာတွေသာတတ်ပေမယ့်လည်း နိုင်ငံခြားမှာအလုပ်ထွက်လုပ်ချင်လို့ အိမ်ဖော်အလုပ်နဲ့ထွက်လာရကြောင်း၊ အစ်မတွေ အစ်ကိုတွေဟာ အိမ်ထောင်ရက်သားတွေ ကျနေကြပြီဖြစ်ပေမယ့်လည်း သူမ ပို့မယ့်ငွေကိုပဲ မျှော်လင့်နေကြကြောင်း ဆိုတယ်။ မောင်နှမသားချင်းတွေရဲ့ အိမ်ထောင်ရေးတွေကလည်း အဆင်မပြေကြတော့ သူမဟာ အိမ်ထောင်ရေးတွေကို ကြောက်လွန်းလို့ တစ်ယောက်တည်းပဲ နေသွားဖို့ရှိတယ်ဆိုတဲ့အကြောင်းတွေကို ကျမ သိခဲ့ရတယ်။

သူမဟာ အလုပ်ချိန်ပြီးသွားတဲ့အခါတွေမှာလည်း အခန်းအောင်းပြီး စာဖတ်တတ်တယ်။ အိမ်ကစာအုပ်စင်ပေါ်မှာရှိတဲ့ စာရင်းအင်းနဲ့ဆိုင်တဲ့စာအုပ်တွေ ပျောက်နေလို့ ကျမ ရှာခဲ့ဖူးတယ်။ နောက်တော့မှ အဲဒီစာအုပ်တွေဟာ သူမအခန်းထဲမှာ ရောက်နေခဲ့တာဖြစ်ကြောင်းပြောပြီး သူက ထုတ်လာပေးတယ်။ ကျမကလည်း စာအုပ်စင်မှာရှိတဲ့စာအုပ်တွေ ကြိုက်တာယူဖတ်ခွင့်ပြုထားတာမို့ ဖတ်ပြီးရင်တော့ ပြန်ထားလို့ပဲ ပြောဖြစ်တယ်။ သူမဟာ ပန်းချီသမားတစ်ဦးလည်းဖြစ်တယ်။ ရေဆေးပန်းချီ၊ ဆီဆေးပန်းချီတွေကို ပရိုဖက်ရှင်နယ်တစ်ယောက်လို ဆွဲနိုင်သူဖြစ်တယ်။ ဖရန်စစ်စကာဟာ ဒူဘိုင်းမှ သူ့အလုပ်ရှင်ဟာ သူ့အပေါ်မှာ အလွန်ကောင်းမွန်ကြောင်းကို ပြောပြတယ်။ ဒါပေမယ့် သူမက ကနေဒါမှာ နေထိုင်လိုတဲ့အတွက် ဒီဘက်ကို ထွက်လာတာဖြစ်တယ်လို့ဆိုတယ်။ ဒူဘိုင်းဟာ သူ့အတွက် stepping stone ဖြစ်တယ်လို့ သူက ဆိုပါတယ်။

(ဆက်ဖတ်ရန်…)

February 1, 2014

နှလုံးသားဂိမ်းများ၏အဆုံးဝယ်

Filed under: Gamer မဂ္ဂဇင်း, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:38 pm

 

feb2014novel.jpg

 

အအေးဆိုင်ကလေးရှေ့ မြေကွက်လေးပေါ်ရှိ သစ်ရွက်ကြွေလေးများက မြေပြင်ပေါ်တွင် ခပ်တိုးတိုးလျှပ်တိုက်၍ ပြေးလွှားသွားကြလေသည်။ အအေးခွက်ကလေးများကဖြင့် ငြိမ်သက်တိတ်ဆိတ်လို့။ အဝေးကို လှမ်းမျှော်ငေးရင်း မျက်နှာငယ်နေသော ‘ငပေါက်’ ကို ‘မြိုင်’ စိုက်ကြည့်နေမိသည်။

“ဘာဖြစ်နေတာလဲ ငပေါက်၊ ဘယ်တစ်ယောက်နဲ့ အဆင်မပြေပြန်ဘူးလဲ”
ငပေါက် ဘာမှ ပြန်မဖြေ။

“ဖားအံက ငယ် နဲ့လား”
ငပေါက် ခေါင်းခါသည်။

“တောင်ကြီးက မမမိုး”
ပေါက် နှုတ်ခမ်းကို မထီတရီဖြင့် ရွဲ့ပြသည်။

“မုံရွာက ချိုလေး လား”
ငပေါက် သက်ပြင်းချသည်။

“မိန်းမတွေနဲ့ ငါ.. အဆင်မပြေဘူးဆိုတာ ဘယ်တုန်းကရှိဖူးလို့လဲ မြိုင်.. ရာ”

“နင့်မလဲ ဘယ်လိုများ လှည့်ပတ်အချိန်ပေးနိုင်လဲ မသိဘူး”

ထိုအချိန်တွင် ငပေါက်ရှေ့မှ ဖုန်းကလေးက တုန်ခါလာလေသည်။

“Excuse me နော်” ဟု ဆိုကာ ဖုန်းကလေးကို လှမ်းကိုင်လိုက်သည်။ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေပေမယ့် ယခုလိုအခါများတွင်တော့ ယဉ်ကျေးသိမ်မွေ့တတ်သေးသော ငပေါက်။

“ဟလို…. ချစ်၊ ပြော၊ အင်း… ကိုယ် သူငယ်ချင်းတစ်ယောက်နဲ့ အအေးဆိုင်မှာ၊ ခဏနေ ပြန်ခေါ်လိုက်မယ်နော်၊ အင်းအင်း… မစ်ယူ၊ မွမွ၊ ဂရုစိုက်နော်၊ ဟေ့…. နေဦး၊ လဗ်ယူ.. အဟက်”
ငပေါက် .. ဖုန်းချလိုက်ပြီး စားပွဲပေါ်တင်ရုံရှိသေး၊ ဖုန်းကလေးက ထပ်မြည်လာပြန်သည်။

“အိပ်စ်ကျူ့မီ အဂန်း”

(ဆက်ဖတ်ရန်…)

January 7, 2014

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၆)

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 10:59 pm

myathilarpic1.jpg

 

ကျွန်းကလေးဟာ လူသူနည်းတယ်။ တစ်နေရာနဲ့ တစ်နေရာလည်း ခြေလျှင်ပဲ သွားကြရတယ်။ သွားစရာနေရာကလည်း ဘာမှ မယ်မယ်ရရမရှိပါဘူး။ လူနေအိမ်ခြေ အနည်းငယ်ပဲ သောင်ပြင်နားမှာရှိတယ်။ တည်းရမယ့် အိမ်ကလေးကလည်း သောင်စပ်နဲ့ ခြေသုံးလေးလှမ်းအကွာလောက်ပဲ ရှိတယ်။ အိမ်ကလေးဆိုပေမယ့် ဘန်ဂလိုသာသာပါပဲ။ အိပ်ခန်း ၃ခန်း၊ ထမင်းစားခန်း။ မီးဖိုချောင် ရှိ-မရှိတောင် မမှတ်မိဘူး။ ထမင်း-ဟင်းတွေက တစ်နေရာရာမှာချက်ပြီး ယူလာပေးကြတယ်ထင်တယ်။ အိမ်ရှေ့ခန်းကတော့ အကျယ်ကြီးပဲ။ အိမ်က ဝင်ပေါက်ကြီး ၂ပေါက်ရှိတယ်။ တစ်ပေါက်က သောင်ပြင်ဘက်က ဝင်တဲ့အပေါက်နဲ့ နောက်တစ်ပေါက်က နောက်ဘက် လမ်းကနေ ဝင်တဲ့ အပေါက်။ အိမ်က အိမ်ရှေ့နှစ်ခုရှိပြီး အိမ်နောက်ဘက်ဆိုတာ မရှိတဲ့ အိမ်မျိုး။သောင်ပြင်စပ်မှာ တန်းစီဆောက်ထားတဲ့ အိမ်တိုင်းဟာ အဲသလိုပဲ။ အားလုံးက သောင်ပြင်ဘက်ကို မျက်နှာမူထားပေမယ့် နောက်ဘက်တွေမှာလည်း ဝင်ပေါက်ကျယ်ကြီးတွေ ရှိတယ်။ ပင်လယ်လေတွေဆိုတာ အိမ်ထဲအထိ တိုက်ခတ်တယ်။ ကိုကိုးကျွန်းဟာ တစ်နှစ်ပတ်လုံး အပူချိန် ၂၁ဒီဂရီစင်တီဂရိတ်အောက် မကျတာမို့ အမြဲနွေးနေတတ်တယ်။

ကျမတို့ ရောက်လာတဲ့အချိန်မှာ အိမ်ရှေ့ခန်းမှာ လူအပြည့်ပဲ။ အားလုံးကလည်း အလုပ်ရှုပ်နေကြသလိုပဲ။ လူတွေသိပ်များလာရင် နေရတာ စိတ်ကျဉ်းကျပ်သလိုဖြစ်လာတတ်တဲ့ ကျမ၊ သောင်ပြင်ကျယ်ကြီးကို အိမ်ထဲကနေ လှမ်းမြင်ရင်ခုန်နေတဲ့ ခံစားချက်နဲ့အတူ၊ အိမ်ရှေ့ပေါက်ကနေ ပင်လယ်ဘက်ကို ထွက်လာခဲ့တယ်။

ပထမတော့ သောင်စပ်က သဲတွေကို ခြေထောက်နဲ့ ထိုးဖွကြည့်တယ်။ သောင်စပ်နားမှာ အုန်းပင် ခပ်ကျဲကျဲပေါက်နေတယ်။ အိမ်ကလေးရဲ့ ဘယ်ဘက်မှာ တထီးတည်းသော အုန်းပင်က ပင်စည်တစ်ဝက်လောက်ထိ မြေပြင်နဲ့ မျဉ်းပြိုင်စောင်းနေပြီးမှ အပေါ်ကို ထောင်တက်သွားတယ်။ သောင်စပ်တလျှောက် ခရုခွံတွေ၊ ကြယ်ငါးအသေတွေ၊ သန္တာကျောက်တန်းကပဲ့ကြွေစီးမျောသောင်တင်လာပုံရတဲ့ အပိုင်းအစလေးတွေက တစ်တန်းကြီးပဲ။ အဲဒီနောက်မှာကတော့ ပင်လယ်ရေနဲ့နူးအိပျော့တွဲနေပြီဖြစ်တဲ့ အုန်းခွံတန်း။ မကြာခင်မှာ ပင်လယ်ပြင်ကပေးထားတဲ့ သဘာဝတရားတွေကို ပင်လယ်ပြင်က ပြန်သိမ်းယူသွားတော့မှာ။

ပင်လယ်ဘက်ကိုထွက်လာတဲ့ ကျမနောက်မှာ ညီမလေးက ကပ်လိုက်လာတယ်။ သူ့ကိုကြည့်ရတာ သဲထဲမှာ ကြိုးစားယက်နေရတဲ့ လိပ်ပေါက်စလေးလိုပဲ။ ခရီးပမ်းလာလို့ မောနေတာလည်း ပါတယ်ထင်တယ်၊ ကျောက်တုံးတစ်တုံးပေါ်မှာ သွားထိုင်နေတယ်။ အဲဒီကျောက်တုံးကလည်း လူ့ယဉ်ကျေးမှုကြီးတွေ ပေါ်မလာခင်ကတည်းက သူ့အတွက် ရှိနေပေးသလားထင်ရအောင် သူ့ကိုယ်လုံးနဲ့အတိပဲ။ နောက်ပြီး ကျောက်တုံးက ခပ်ခွက်ခွက်လေးဖြစ်နေတော့ သူ့အတွက် ဆိုဖာကျောက်တုံးလေးပေါ့။ နောက်ပိုင်းမှာ သူအဲဒီကျောက်တုံးလေးမှာပဲ အမြဲထိုင်ပြီး ပင်လယ်ဘက်ကို ငေးနေတတ်တယ်။ ကျမတို့ ညီအစ်မက သူများညီအစ်မတွေကို သိပ်မဆော့ဘူးလို့ ကိုယ့်ကိုကိုယ်ထင်ပေမယ့် မေမေကတော့ အဲသလိုမထင်ဘူး။ နှစ်ယောက်သား စကားတွေတော့ အရမ်းပြောတယ်။ ညီအစ်မနှစ်ယောက်ထိုင်နေကြတာကို အဝေးကနေကြည့်ရင် တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြဘဲ ထိုင်နေကြတဲ့ပုံစံမျိုး။ ဒါပေမယ့် စကားတွေ အများကြီး ပြောနေတတ်ကြတယ်။ အဲဒါ… အခုချိန်ထိပါပဲ။

ကျမလည်း သောင်ပြင်ကြီးအတိုင်း ပင်လယ်ဘက်ကိုလျှောက်လာလိုက်တာ အိမ်ကလေးက မှုန်ပြပြဘဲ ကျန်တော့တယ်။

(ဆက်ဖတ်ရန်…)

January 5, 2014

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၅)

Filed under: စာအုပ်ခံစားချက် (Book Review), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:57 am

အဲသလိုနဲ့ ကျမတို့သူငယ်ချင်းတွေ အခြေအနေပေးရင် ပေးသလို မန်ကျည်းပင်ကြီးအောက်မှာ ကရာတေးကျင့်ကြတော့တယ်။ ဖြစ်ချင်တော့ မြောင်းမြကနေ ရန်ကုန်မှာ အလုပ်လာလုပ်တဲ့ ကျမရဲ့အထိန်းကလည်း ကရာတေးတတ်တယ်။ အထိန်းဆိုပေမယ့်လည်း အဲဒီတုန်းက ရှိလှမှ ၁၇နှစ်လောက်ပဲ ရှိဦးမယ်။ ကျမတို့ ညည လူခြေတိတ်တာနဲ့ အိမ်နောက်ဘက် သဲဖြူဖြူတွေပေါ်မှာ ‘ဟီး…ယား’ လုပ်ကြတာ တော်တော်ပျော်ဖို့ ကောင်းတယ်။ လသာနေပြီဆိုရင် မန်ကျည်းကိုင်းတွေနဲ့ မန်ကျည်းရွက်တွေကို ဖြတ်လို့ လရောင်က သဲဖြူဖြူတွေပေါ်ကို ဖျာကျနေတာ လင်းလို့ထိန်လို့။ မန်ကျည်းရွက်အရိပ်တွေကိုတောင် ထင်းနေအောင် မြင်ရတတ်တယ်။

အဲသလို သဲဖြူဖြူတွေပေါ်မှာ ‘ဟီး… ယား’ လုပ်တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ မကြာသေးခင်း ကာလတစ်ခုတုန်းကလည်း လရောင်အောက်က သဲဖြူဖြူတွေပေါ်မှာ သူငယ်ချင်းတွေနဲ့ ကရာတေးကျင့်ခဲ့ဖူ။းပါတယ်။

အဲဒီ သဲဖြူဖြူတွေ ရှိတဲ့နေရာကတော့ အားလုံးနဲ့ဝေးတဲ့ နေရာတစ်ခုမှာ ထီးထီးကြီး ရှိနေတဲ့ “ကိုးကိုးကျွန်း” ဆိုတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာပါပဲ။

ရေကျသွားပြီဆိုရင် သောင်ပြင်ဖြူလွှလွှတွေ မျက်စိတစ်ဆုံးပေါ်နေတတ်တဲ့၊ အုန်းပင်တွေ ပင်လယ်ကဗွီးတွေ အစုလိုက်ပေါက်နေတတ်တဲ့ ရေပတ်လည် ဝန်းရံနေတဲ့ ကျွန်းကလေးတစ်ကျွန်းပါ။

အဲဒီ ကျွန်းကလေးဟာ လူတွေခြေထောက်တောင် ချဖို့မသင့်တဲ့ ကျွန်းကလေးလို့ ထင်တယ်။ သဘာဝအလှတွေ၊ ရှားပါးသစ်ပင်တွေ၊ ရှားပါး ရေသတ္တဝါတွေ၊ လူကြီးတွေတောင် တက်စီးလို့ရတဲ့ လိပ်ကြီးတွေ ကျင်လည်ကျက်စားရာ အိန္ဒိယ သမုဒ္ဒရာထဲက မြန်မာတွေပိုင်တဲ့ ကျွန်းမို့ သဘာဝလေးအတိုင်း သူ့ဟာသူလေး ရှိနေစေချင်မိတာ ကျမရဲ့ ဆန္ဒပါ။

သာယာလှပလွန်းတဲ့ ကိုးကိုးကျွန်းရဲ့ အတိတ်ဟာလည်း မြန်မာပြည်မကြီးလိုပဲ ကံမကောင်း အကြောင်းမလှခဲ့ပါဘူး။

ကိုးကိုးကျွန်းဟာ ကျွန်းကြီး၊ ကျွန်းလေးအပြင် အခြားကျွန်းသေး၂ကျွန်းနဲ့ ဖွဲ့တည်ထားတာပါ။ ကျွန်းကြီးနဲ့ကျွန်းလေးကြားက ရေလက်ကြားကိုတော့ Alexandra Channel လို့ခေါ်ပါတယ်။ ကိုးကိုးကျွန်းစုတွေဆိုပြီး ကြားထဲက ရေလက်ကြားကတော့ အင်္ဂလိပ်အမည်ဖြစ်နေရတာ၊ ကိုးကိုးကျွန်းစုများကို အင်္ဂလိပ်က သိမ်းပိုက်ထားခဲ့လို့ပါပဲ။ ကိုးကိုးကျွန်း ဆိုတာကလည်း အုန်းသီးလို့ခေါ်တဲ့ ကိုးကိုးနတ် (coconut) ကို သူတို့စကားအရခေါ်ရင်း ကိုးကိုးကျွန်း ဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။ ကိုးကိုးကျွန်းဟာ အင်္ဂလိပ်လက်အောက်ကနေ မြန်မာတွေရဲ့ လက်ထဲကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ မြန်မာလက်ထဲကနေ ဂျပန်လက်ထဲကို ကျရောက်ခဲ့ပြန်ပါတယ်။

ပြီးတော့ တစ်ခါ မြန်မာတွေလက်ထဲကို ပြန်ရောက်လာပြန်ပါတယ်။ ဒီကြားထဲမှာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော ဝန်ကြီးချုပ် ဂျဝါဟလာနေရူးက ကိုးကိုးကျွန်းကို ၁၉၅၀ခုနှစ်တွေတုန်းက မြန်မာတွေဆီ လှူလိုက်တာ၊ အရင်တုန်းက အိန္ဒိယပိုင်လို့လည်း ဆိုကြပါတယ်။ နောက်တော့လည်း အားလုံးသိကြတဲ့အတိုင်းပါပဲ ဦးနေဝင်းအစိုးရလက်ထက်မှာ ကိုးကိုးကျွန်းဟာ နိုင်ငံရေးသမားတွေနဲ့ စာရေးဆရာကြီးတွေကို တစ်သက်တစ်ကျွန်းပို့တဲ့ ကျွန်းကလေး ဖြစ်လာရပြန်ပါတယ်။ ဒါတွေအပြင် မြန်မာတွေပိုင်တဲ့ ဒီကျွန်းကလေးကို တရုတ်အစိုးရထံ ဌားရမ်းထားတယ်လို့လည်း သတင်းတွေကထွက်ပြန်ပါတယ်။ ဒါကိုလည်း အမေရိကန်က ရေဒါတွေနဲ့ ဟုတ်-မဟုတ် စောင့်ကြည့်နေကြပြီး မဟုတ်ဘူးလို့ ဆိုပြန်ပါတယ်။ လောလောဆယ် ကျမမှာ ရှိတဲ့ မဖြစ်စလောက် ပရိုဂရမ်လေးနဲ့ လှမ်းကြည့်တော့လည်း ကိုးကိုးကျွန်းလေးဟာ ပင်လယ်ပြာကြီးထဲမှာ တိတ်တဆိတ်ပါပဲ။ အိမ်ခြေလေး အနည်းငယ်နဲ့ ဘာမှကို မရှိရှာပါဘူး။

ကျမရောက်ခဲ့စဉ်အချိန်တုန်းကတော့ ကိုးကိုးကျွန်းပေါ်က နိုင်ငံရေးအကျဉ်းထောင်ကို ဖျက်သိမ်းပြီးခဲ့ပါပြီ။ ကိုးကိုးကျွန်းကို သွားမယ်ဆိုတုန်းက သူငယ်ချင်းအချို့ကတော့ ထောင်သားတွေကို ထားတဲ့ကျွန်းကြီးပေါ်ကို သွားမှာ မကြောက်ဘူးလားလို့ မေးကြပါတယ်။ အရွယ်လေးတွေဟာ သိပ်ငယ်လွန်းတဲ့အတွက် အဲဒီကျွန်းကြီးပေါ်မှာ တစ်သက်တစ်ကျွန်းကျခဲ့ရသူတွေဟာ လူဆိုးသူခိုးတွေ မဟုတ်ဘူးဆိုတာ သူတို့ ဘယ်လိုမှ မသိနိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ ကျမတို့ ကိုးကိုးကျွန်းကိုသွားမယ့် သဘောင်္ပေါ်ကို ရောက်ခဲ့ပါတယ်။ ကိုးကိုးကျွန်းဟာ ရန်ကုန်မြို့အနောက်တောင်ဘက် ရေမိုင်(၂၅၀)အကွာမှာ ရှိပါတယ်။ ဖေဖေဟာ ကျမတို့လိုက်မယ်ဆိုလို့ ရာသီဥတုသာယာတဲ့ နွေရာသီကို ရွေးခဲ့ပါတယ်။ ဒီလိုနဲ့ ကျမတို့ သာယာလှပတဲ့ ညနေခင်းတစ်ခုမှာ ကိုးကိုးကျွန်းကို ထွက်ခဲ့ကြပါတယ်။ ညနေစောင်း ထမင်းစားပြီးချိန်အထိ ပင်လယ်ပြင်ဟာ ချစ်စရာကောင်းဆဲပဲ။ လှိုင်းလေငြိမ်သက်လို့။ ကျမ သတိထားမိတာကတော့ သဘောင်္ပေါ်မှာ လူခြေတိတ်ဆိတ်လွန်းနေတယ်ဆိုတာပါပဲ။ ဟိုနား ဒီနား ယူနီဖောင်းဝတ် အချို့ကလွဲလို့ တိတ်ဆိတ်နေတယ်။ ညစာစားပြီးတဲ့ အချိန်မှာ ကျမက ထမင်းစားပွဲပေါ်က လိမ္မော်သီးလေး နှစ်လုံးကို ဂါဝန်အိတ်လေးထဲမှာ ထည့်ထားလိုက်တယ်။

(ဆက်ဖတ်ရန်…)

January 3, 2014

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၄)

Filed under: စာအုပ်ခံစားချက် (Book Review), အတွေးအမြင်, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 6:02 pm

အခြားတိုင်းပြည်မှာ ရှိတဲ့လူငယ်တော်တော်များများဟာ ပညာရေး၊ အားကစား၊ အနုပညာ၊ ဂီတ၊ တီထွင်ဖန်တီးမှုတွေထဲမှာ ကျင်လည်ပျော်ပါးနေချိန်၊ ကျမတို့တိုင်းပြည်က လူငယ်အများစုမှာတော့ မွန်းကြပ်မှုတွေနဲ့ တစ်စုံတစ်ရာကို အမြဲမကျေမနပ်မှုတွေထဲမှာ ကျင်လည်ခဲ့ကြတယ်။

တိုင်းပြည်ဟာ မငြိမ်းချမ်းခဲ့ဘူး။

ငြိမ်းချမ်းသင့်သလောက် မငြိမ်းခဲ့တဲ့ တိုင်းပြည်ထဲကလူငယ်တွေကို ဦးနှောက်လျှော်ဖွပ်ထားခဲ့တာကတော့ “ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံးတိုင်းပြည်” ဆိုပြီး ဦးနှောက်လျှော်ဖွပ်ထားတယ်။ ကိုယ့်တိုင်းပြည်ကလွဲပြီး ကျန်တဲ့တိုင်းပြည်က လူတွေမှာ ဟိရိသြတ္တပ္ပတရားဆိုတာ မရှိကြဘူး၊ ကြင်နာသနားတတ်ခြင်း မရှိကြဘူး၊ ဘာသာရေးမကိုင်းရှိုင်းကြဘူး၊ အလှူအတန်းမရက်ရောကြဘူး။ ကိုယ်တွေသာလျှင် ကြင်နာသနားတတ်တယ်၊ အလှူရက်ရောတယ်၊ ကြင်နာသနားတတ်တယ်လို့ အဟုတ်ကိုထင်ခဲ့တယ်။ ကိုယ့်တိုင်းပြည်သာလျှင် အယဉ်ကျေးဆုံး၊ အငြိမ်းချမ်းဆုံး တိုင်းပြည်လို့ ထင်ခဲ့တယ်။ တစ်ကယ်တော့ ဦးကျိုးနာခံပြီး တစ်ခွန်းမှ ပြန်မပြောရဲတာ ယဉ်ကျေးတာမဟုတ်ဘူး၊ ရိုင်းပြစရာမလိုဘဲ ကောင်းမွန်စွာ ဆွေးနွေးပြောဆိုငြင်းခုံတတ်ခြင်း၊ လူကြီးတွေ၊ ဘာသာရေးအကြီးအကဲတွေ၊ ဆရာ-ဆရာမတွေနဲ့ အကြောင်းတစ်စုံတစ်ရာကို အော်ဟစ်ဆဲဆိုစရာမလိုဘဲ အဆင့်အတန်းရှိရှိနဲ့ အပြန်အလှန် ဆွေးနွေးပြောဆိုတတ်ခြင်း (dialogue) ဆိုတာကို မသိခဲ့ကြဘူး။ လူငယ်တွေက ပြောချင်ကြတယ်ဆိုရင်တောင် လူကြီးတွေအနေနဲ့က ဒါကို အာခံခြင်းလို့ မြင်တတ်ကြသေးတယ်။

ငြိမ်းချမ်းခွင့်ရှိရဲ့သားနဲ့ မငြိမ်းချမ်းနိုင်တဲ့ တိုင်းပြည်လေးဟာ အင်္ဂလိပ်က ကျွန်ပြုခြင်း၊ ဂျပန်ကျွန်ပြုခြင်း စတာတွေကိုလည်း ခံခဲ့ရတယ်။ ထိုသို့သော သခင်ဆိုသူတွေနဲ့ သူတို့ချမှတ်ထားတဲ့ စနစ်တွေကိုလည်း ဂျင်နရေးရှင်းတွေအလိုက် တော်လှန်ခဲ့ကြရသေးတယ်။

“အသေရိုက်သတ်
အမြီးပြတ်လည်း
ဆတ်ဆတ် ဆတ်ဆတ် တုန်သေးသည်”

ဆရာကြီး သုခမိန်လှိုင်ရေးခဲ့ဖူးတဲ့ ‘တော်လှန်သောအသိ’ ဆိုတဲ့ ရုပ်ရှင်သစ်မဂ္ဂဇင်းက ကဗျာအပိုင်းအစလေး။ လူငယ်တွေရဲ့ အတ္တမဲ့တော်လှန်ရေးကို ပိုမိုစိတ်ကြွစေခဲ့သလား။

(ဆက်ဖတ်ရန်…)

December 31, 2013

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၃)

Filed under: စာအုပ်ခံစားချက် (Book Review), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 8:31 pm

အဲသလို…. အနာဂတ်က မရေရာဘူးဆိုတဲ့ အတွေးတွေကိုထမ်းပိုးလို့ မြသီလာကို အရောက်သွားမှာမဟုတ်ဘူးဆိုတဲ့ စိတ်မျိုးတွေက သူငယ်ချင်းအချို့ရဲ့ စိတ်ထဲမှာလည်း ရှိနေခဲ့ကြတယ်။ အချို့ကလည်း မြသီလာကို သွားတော့သွားမယ်၊ ဒါပေမယ့် တစ်ချိန်ချိန်မှာ မြသီလာနဲ့ အဝေးကြီး.. အဝေးကြီးနေရာတွေကို အရောက်သွားပြီး ဘဝရပ်တည်မှုတွက်၊ ပညာ၊ ငွေ၊ ဥစ္စာတစ်ခုခု ရှာရမယ်ဆိုတဲ့ စိတ်မျိုးတွေကလည်း ရှိနေခဲ့ကြတယ်။

ကိုယ်နေတဲ့ သစ်ပင်ကြီး သိပ်လှမှန်း၊ သိပ်ချစ်စရာကောင်းမှန်းလည်း သိတယ်။ တစ်ချိန်တည်းမှာပဲ အချို့သစ်ကိုင်းတွေဟာ ယိုယွင်းပျက်စီးနေတယ် ဆိုတာကိုလည်း သိကြတယ်။ ကျိုးနေတဲ့ သစ်ကိုင်းတွေကို ကိုယ်တိုင်လည်း မပြုပြင်တတ်ဘူး၊ ပြုပြင်တတ်ခဲ့ရင်တောင် တိတ်အနီတွေက ပတ်ထားခြင်းခံနေရတယ်။ အဲလိုအချိန်မှာ… ပတ်ဝန်းကျင်က အခြားဌက်ကလေးတွေကလည်း အဝေးကြီးကို ပျံပျံသွားတယ်။ အချို့ကလည်း ပြန်မလာတော့ဘူး၊ အချို့ကလည်း ပြန်လာတယ်။ ပြန်လာရင်လည်း အမွှေးအတောင်က ပြောင်ပြောင်လက်လက်နဲ့ဆိုတော့….. ဒီသစ်ပင်ကြီးကို ချစ်နေပါသော်လည်း ဟိုးခပ်ဝေးဝေးကို ပျံသန်းကြည့်ချင်တဲ့ စိတ်တစ်ခုက ဖြစ်နေခဲ့ကြတယ်။ လူဆိုတာကလည်း အဝေးက မြက်ခင်းကမှ ပိုစိမ်းတတ်တဲ့ သဘောက ရှိတာကိုး။

တစ်ကယ်ဆို…. ကိုယ့်တိုင်းပြည်ကနေ အဝေးကြီး အဝေးကြီးကို သွားမယ်ဆိုတဲ့ စိတ်တွေဟာ အခြားတိုင်းပြည်တွေထဲက လူငယ်တွေရဲ့စိတ်ထဲမှာ ကျမတို့လောက် အနည်ကျနေကြပါ့မလား။ ဒီလိုစိတ်မျိုးတွေဟာ ကျမတို့တိုင်းပြည်ကလူငယ်တွေရဲ့ စိတ်ထဲမှာပဲ အောင်းနေကြတာလား။ ဒီလောက်သာယာလှပတဲ့၊ ချစ်စရာကောင်းတဲ့၊ ချစ်လည်းချစ်နေရတဲ့ တိုင်းပြည်ကို ထားပြီး အပြင်ကိုထွက်ချင်နေတဲ့စိတ်မျိုး အခြားတိုင်းပြည်က လူငယ်တွေမှာ မရှိသလောက်နည်းတယ်ဆိုတာ၊ ကိုယ်တိုင်အပြင်ရောက်မှ သိလာခဲ့ရတယ်။ အမေရိကန်လူငယ်တွေ၊ သြဇီလူငယ်တွေ၊ ကနေဒီယန်လူငယ်တွေ ထား၊ ကုန်ကုန်ပြောရရင် စင်္ကာပူ၊ ထိုင်းက လူငယ်တွေတောင် ကျောင်းပြီးရင် နိုင်ငံခြားထွက် အလုပ်လုပ်မယ်၊ ပညာရှာမယ်ဆိုတဲ့ အတွေးတွေ ရှိလိမ့်မှာ မဟုတ်ဘူး။ သူတို့ထွက်တယ်ဆိုရင်လည်း ဝမ်းဝဖို့၊ မိသားစု ပြန်ကြည့်ဖို့၊ ကိုယ့်အတွက် ပညာရှာဖို့ ဆိုတာထက်၊ (များသောအားဖြင့်) ဝါသနာအရ၊ လူသားထုတစ်ခုလုံးရဲ့ အကျိုးစီးပွား အရပဲ ဖြစ်လိမ့်မယ်။ အခုချိန်ထိတောင်မှာ သူတို့ကိုယ်ဆီကိုလာရင် စီးပွားမြုပ်နှံဖို့၊ expatriate တွေအနေနဲ့ပဲ လာကြတာများတယ်။

ဟိုတုန်းကတည်းကလည်း အပြင်ကို ထွက်သွားတဲ့သူတွေကို တိုင်းပြည်သစ္စာဖောက်တွေ၊ အမိမြန်မာပြည်ကို မချစ်တဲ့သူတွေ၊ စိတ်ရဲ့ချမ်းသာမှုကို စွန့်ပစ်ပြီး ရုပ်ဝတ္ထုနောက်ကို လိုက်သူတွေလို့လည်း ပတ်ဝန်းကျင်ထဲကလူတွေကပဲ အချင်းချင်း အဖန်တလဲလဲ ဦးနှောက်လျှောက်ဖွတ်တတ်ကြသေးတယ်။

(ဆက်ဖတ်ရန်…)

« အရင်စာမျက်နှာသို့အဟောင်းလေးတွေဖတ်ချင်ရင်.. »

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------