August 23, 2009

♫ ♥●••·˙သား ˙·••●♥♫

Filed under: ကဗျာ — မလေး @ 3:35 pm

နွေရာသီနဲ့အတူ….
ပန်းငုံလေးတွေ ဖူးပွင့်လာတယ်..
ယုန်ပေါက်လေးတွေ ခြံထဲမှာ ပြေးလွှားဆော့ကစားတယ်..
အ၀ါရောင် မြက်ပန်းလေးတွေ လေအဝှေ့မှာ ယိမ်းနွဲ့လာတယ်…
ကမ္ဘာကြီးထဲကို မင်းကလေးရောက်လာတယ်…

ပိန်းပိတ်အောင်မှောင်တဲ့
စင်္ကြာဝလာကြီးထဲ
နဂါးငွေ့တန်းတွေကြားက
တောက်ပတဲ့ကြယ်လေးတွေအလား
ရွှန်းလဲ့လဲ့ မျက်ဝန်းတွေနဲ့
ညအမှောင်ယံထဲက
ငေးကြည့်နေတတ်တယ်……

တိတ်ဆိတ်တဲ့ ညတွေမှာ
ဂီတာ၊ တယော အရှုံးပေးလောက်တဲ့
တီးတိုးချွဲနွဲ့သံလေးတွေနဲ့
မေမေ့ကို…
အိပ်ရေးပျက်စေတယ်…..

အိပ်ပါတော့ ကလေးရယ်..
ငှက်ကလေးတွေ အိပ်တန်းထလို့
ပြူတင်းပေါက်အပြင်က မေပယ်လ်ပင်ပေါ်မှာ
ဆိုတေးဖွဲသီလို့
ဟိုးအဝေးမှာလဲ…
ရောင်နီလာနေပြီပေါ့ကွယ်….

baby8.jpg

 

အိပ်ပါတော့ ကလေးရယ်….
မေမေလေ..
ဘလောဂ်လဲ ရေးရဦးမယ်..
း)

30 Comments »

  1. ဟယ် မမအိမ့်ရဲ့ တကယ့်သားလေးလားဟင် (မှားသွားရင် စိတ်မဆိုးနဲ့နော် မ)… တကယ်ဆိုရင်တော့ How Exciting!!! :o)) ဘာပဲဖြစ်ဖြစ် ကဗျာကိုတော့ တအားချစ်တယ်… မိခင်ပျိုလေးတစ်ယောက်ရဲ့ သိပ်လှတဲ့ မိခင်စိတ်တွေကို အပြည့်အသိပ်မြင်ရလို့…

    Comment by ရွှေပြည်သူ — August 24, 2009 @ 11:41 pm

  2. တစ်တစ်ရစ်ရစ်နဲ့ ချစ်စရာကောင်းလိုက်တာ ကလေးက
    မင်းရဲ့မေမေ အသံတွေ မြိုင်ဆိုင်လာတော့မှာ ရှေ့ရှောက် … အားဖြစ်မဲ့ သားရတနာ တစ်ယောက် တိုးသွားပြီပေါ့ သူ့အတွက်

    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့်ကျား — August 24, 2009 @ 11:51 pm

  3. ကြည်နူးစရာကောင်းတဲ့ပို့စ်လေးဘဲအစ်မရေ…။ အစ်မပျော်နေတယ်ဆိုတာ ဒါကြောင့်ပဲဖြစ်မယ်ထင်တယ်..။

    Comment by Phyo Evergreen — August 25, 2009 @ 4:12 am

  4. 2009 best mother poem . ( because need to write ဘလောဂ )right ?
    All baby sleeping time i like very much…..
    but wake up ? ? ? ?…..

    have a nice day dear sister……….

    Comment by pta1986@gmail.com — August 25, 2009 @ 4:35 am

  5. မမလေးရေ..
    သားသားလေး ရှိနေပြီလား ကြည့် ရှိုထားတယ်… ဟွန့်
    စိတ်ဆိုးချင်တာနော်..
    ချစ်စရာလေး အမည်ပေးပြီးပြီလား…မလေး
    ကလေးကို အာဝါးးး တ၀ကြီး ပေးသွားတယ်..
    မေမေတော့ ဘလော့ဂ်မရေးနိုင်ဖြစ်အောင် အလုပ်တွေ ရှုပ်ဦးမှာပေါ့…
    (ဂယ် ဟုတ်မဟုတ် ပြောဦးနော်)
    ချစ်တဲ့

    Comment by ညလေး — August 25, 2009 @ 5:46 am

  6. အစ်မ လာလည်သွားပါတယ်။သားလေးကချစ်စရာလေးနော်အစ်မ။အစ်မတော်တော်ပျော်နေမှာဘဲနော်။

    Comment by tawtharlay: — August 25, 2009 @ 1:43 pm

  7. ချစ်စရာကောင်းလိုက်တာ မလေးရယ်

    လက်ဖ၀ါးလေး နှစ်ဖက်ယှက်လို့ အိပ်ရင်းတောင် ပို့စ်ရေးဖို့ သူစဉ်းစားနေပုံ…
    ဒီအန်တီကလည်း မေမေနဲ့ အပေါင်းအပါလေ :)

    Comment by S-C — August 26, 2009 @ 1:17 am

  8. အမ အထင် အိမ့်သားလေးတော့ မဖြစ်နိုင်ဘူးနော်… တူလေးလားဟင်…ကလေးလေးက ကစ်ကစ်လေးနဲ့ ချစ်စရာလေး… သားမိခင်မို့  ကဗျာလေးကို ထပ်တူခံစားကြည်နူးသွားပါတယ်…

    Comment by တန်ခူး — August 26, 2009 @ 7:34 am

  9. ကောင်းကောင်း အိပ်ခြင်းဖြင့် မေမေ ဘလောက်ဂါအား ကူညီပါလေ။

    Comment by ပုံရိပ် — August 26, 2009 @ 5:55 pm

  10. လူကလေးရဲ့အိပ်ချိန်တန်
    ဗျိုင်းရှေ့က ပျံ
    မပျံ ပါနဲ့ ကိုရွှေ ဗျိုင်း ညွှတ်တွေက ၀ိုင်း
    ညွှတ်ဝိုင်းတဲ့ ကိုဗျိုင်းဖြူ
    ကယ်သူကွဲ့ ရှိဘူး
    မြစ်နဒီ သောင်စပ်မှာ တောင်ခပ်လို့ မြူး။

    နောက်တစ်ပုဒ်…

    လူကလေးရယ် အိပ်ပါတော့ မေမေ ဆာလှပေါ့…
    တစ်ကျော့နှစ်ကျော့ တေးကိုသီ ငှက်ကျားနှုတ်ပလီ…
    ပလီလေတဲ့ အို ရွှေဂဲ… သူ့အသံကပြဲ… တွဲလဲ..
    တွဲလဲနေပါဦး… မိုးတောင်ကချုံး.. မုန့်လုံး…

    (မသိတော့ဘူး… ရောကုန်ပြီထင်တယ်… ကလေးအိပ်ရင်ပြီးရော… ဟတ်ဟတ်)

    ကလေးအိပ်အောင် ကူပြီး ချော့သိပ်ပေးတာ…. ဒါမှ မလေးရေးတဲ့ ပို့စ်အသစ်လေးတွေ ဖတ်ရအောင်လို့…

    သားလေးကို ပါးလေးဆွဲပြီး အာဘွားးးးးးးး ပေးသွားလိုက်တယ်…

    :)

    မလေးပျော်ရွှင်ချမ်းမြေ့ပါစေ…

    Y.

    Comment by Yan — August 26, 2009 @ 11:57 pm

  11. မမအိမ့် ရေ…..
    ဟယ်တော်… သားသားလေးပါလား…။
    မမအိမ့် နဲ့တူတယ်တော်…. ( ရွှီးတာ)
    သားသားက မမအိမ့်နဲ့တူတာလား သူ့ ဒယ်ဒီနဲ့တူတာလား….။
    ၀၀ ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းလိုက်တာ
    မိခင်ဆိုတာ ဒါပါပဲနော်…..။
    တစ်နေကုန်ပင်ပမ်းနွမ်းနယ်ခဲ့သမျှ သားသားလေးရဲ့
    အဲ့ ဆိုတဲ့ အသံသာသာလေးတစ်ချက်ရဲ့ အောက်မှာ
    ပျောက်ကွယ်သွားရတာပဲ မဟုတ်လား….။
    သားသားလေး ရဲ့ မေမေ ရေ….. ကျန်းမာရေးကို ဂရုစိုက်ပါနော်…။
    ချစ်ခင်လေးစားတဲ့
    ညလေး နှင်း

    Comment by နှင်းဟေမာ — August 27, 2009 @ 1:14 am

  12. အပေါ်က မေးထားတာပဲ ထပ်မေးတော့မယ်း) တကယ်ပဲ သားလေးလားညှင် ။

    အခုတလောက မက်ဆေ့ပြန်ထားတာ ဖတ်သွားတယ် ကျေးဇူးပါ အစ်မရေ့ သတိရတယ်ဆိုလို့ ။

    Comment by မောင်မျိုး — August 27, 2009 @ 6:46 am

  13. သားလေးကို လာကြည့်ကြကုန်သော ဦးဦးဒေါ်ဒေါ်များကို ကျေးဇူးတင်ပါ၏ :D
    ကျနော်.. အိမ့်ချမ်းမြေ့ရဲ့ သားပါခင်ဗျာ…း)

    Comment by မလေး — August 27, 2009 @ 3:31 pm

  14. ဟင်… မလေးရဲ့သားလေးလားးးး
    ဘယ်လောက်ရှိနေပြီလဲ အိပ်နေတာ ချစ်စရာလေးတော့….

    Comment by ခင်မင်းဇော် — August 27, 2009 @ 6:33 pm

  15. သားသားမေမေတော့ ဘလော့ဂင်းနည်းတော့မှာ မြင်ယောင်သေးတယ်..။

    Comment by Evergreen Phyo — August 27, 2009 @ 8:44 pm

  16. I thought u r single.

    Comment by Anonymous — August 27, 2009 @ 9:01 pm

  17. I thought u r single. :P

    Comment by kyi — August 27, 2009 @ 9:03 pm

  18. Kyi..
    Possibilities:
    1.. Everybody was once a single.
    2.. Divorcees are also singles.
    2. Singles can also have kids (by adoption, artificial insemination, etc.)
    အဲလိုပြောလို့ အိမ့်ချမ်းမြေ့တစ်ယောက် artificial insemination ယူတယ်ထင်နေကြဦးမယ်.. lol

    Comment by မလေး — August 27, 2009 @ 9:33 pm

  19. မေမေ ရေ… သား ကဗျာကိုဖတ်ရလို့ မေမေ့ကို အရမ်းသတိရပါတယ်….
    သီချင်းတွေကလဲကောင်းတယ်။ ၈/၈၂အင်းလျား ကတော့ အကြိုက်ဆုံးပါ။
    ခဏခဏကို ခံစားပြစ်လိုက်တယ်။ လျှောက်ခဲ့ဖူးတဲ့ ခြေလှမ်းလေးတွေက
    သား ရောက်နေတဲ့ အရပ်ဆီကို နောက်ကလိုက်လာနေသလို ခံစားရတယ်။
    ဒီသီချင်းလေးကိုလဲ လိုချင်ပါတယ်။ မေမေ အပင်ပန်းဘူးဆိုရင် ပို့ပေးစေချင်ပါတယ်။
    သား .. ကဗျာရေးတဲ့ မေမေ ကိုယ်စိတ်နှစ်ဖြာကျန်းမာပျော်ရွှင်ပါစေ….
    cbox မတွေ့ဘူး :P

    Comment by စာချစ်သူ — August 27, 2009 @ 10:00 pm

  20. down လို့ရဘူး မေမေ..:P.

    Comment by စာချစ်သူ — August 27, 2009 @ 11:20 pm

  21. ကလေးက အဟွန်းလို့အိပ်ရင်းယောင်ရင် မလေး သား အစစ်ပဲ
    ဟား၂၂ ဆိုရင် ဒါကျနော့်တူ အစစ်ပဲ
    မဟုတ်ရင်တော့ လေဥ ပဲ…
    ခွိးခွိ….

    Comment by westcoast22 — August 28, 2009 @ 1:26 am

  22. ငြိမ့်ငြိမ့်လေး စီးဆင်းနေတဲ့ မိခင်မေတ္တာကို ခံစားမိပါတယ်..။ ငှက်ကလေးတွေ အိပ်တန်းထတဲ့ အချိန်ထိ မအိပ်သေးတဲ့ ကလေး ရယ်.. ရောင်နီလာမှ ကလေးကို အိပ်ခိုင်းတဲ့ မေမေရယ်က… တမင်တကာ သော်၎င်း မတော်တစ သော်၎င်း ဖြစ်စေခါမူ အဲ့ဒီနေရာအရောက်မှာ.. နောက်ခံအရာဝတ္ထုတစ်ခုပေါ်ကို ဆေးရောင်အဖြူလောင်းချ ပြီး ဖြာထွက် စီးဆင်းသွားတဲ့ အဖြူရောင် ပန်းချီကားချပ် ကိုကြည့်ရသလိုမျိုး…… ခံစားမိတယ်..။
    သမာရိုးကျမဟုတ်တဲ့ စာတမ်းတစ်စောင်ကို ရေငတ်သလို ကို ငတ်မွတ်တောင့်တနေတဲ့ ကဗျာဆရာရဲ့ ပရောဂျက်အသစ်လည်း ဖြစ်နိုင်သေးတယ်….။ မေမေ ရယ်.. အိပ်ပါတော့လား…… သားလည်းအိပ်ချင်ပြီ…။ ;)

    Comment by . — August 28, 2009 @ 6:43 pm

  23. မေမေ့ကို လွမ်းသွားပြီ။ ကျနော့်ကိုမွေးတုန်းကလဲ မေမေ ဒီလိုပဲ ကြည်နူးခဲ့မှာပဲ။ ကဗျာလေးကလဲ ချစ်စရာ ကောင်းလိုက်တာဗျာ။ ဖိုးသားလေးအတွက် ကလေးကဗျာလေးတွေရေးပေးဦးနော်အစ်မ။ ကျနော်စောင့်ဖတ်နေပါ့မယ်။

    Comment by zwesoelwin — August 28, 2009 @ 8:41 pm

  24. မမအိမ့်ရေ… ညီမ တူလေးရပြီပေါ့။ မလို မိခင်မျိုးက မွေးထုတ်လိုက်တဲ့သားလေးက ထူးချွန်ထက်မြက်တဲ့ သားကောင်းရတနာလေး ဖြစ်မှာ သေချာပါတယ်။ သားလေးရဲ့ ဖေဖေကလည်း ကံကောင်းလိုက်တာ (မမအိမ့်ကို ပိုင်ဆိုင်ရလို့း)

    Comment by ရွှေပြည်သူ — August 28, 2009 @ 10:12 pm

  25. မေမေ ရေ… သီချင်းရပြီ။ ပျော်လိုက်တာ။ သား ပျော်သလို မေမေလဲ ပျော်ရွှင်ပါစေ…..

    Comment by စာချစ်သူ — August 29, 2009 @ 6:50 pm

  26. မလေးရေ ခုမှပြန်ရောက်ဖြစ်တယ် ။ မလေးကို အရင်ဆုံးကျေးဇူးတင်စကားပြောပါရစေနော်။ နို့မို့ရင် မေလေး မြန်မာလိုရေးတတ်မှာ မဟုတ်ဘူး။ မလေး သားလေးပုံကို တင်ပေးနော် ။ ခုမှ လာမန့်တာကို လည်း စိတ်မရှိပါနဲ့နော်။

    Comment by maylay — September 2, 2009 @ 12:22 am

  27. အမရေအခုမှအမစာလေးတွေဖတ်ဖူးတာပါ အ၇မ်းကောင်းပါတယ် အမကိုအမြဲအာေးပးနေမယ်နော်
    သီရိ

    Comment by thiri — September 9, 2009 @ 12:07 am

  28. ဟယ်တော့
    ဘော်ဘော်တွေကလဲဟယ်.. မွေးလိုက်ကြတာ သားချည့်ပဲ :( ဟယ် gender သင်တန်း တက်ထားလျက်နဲ့ အစွဲက ၀င်ချင်ပြန်ပြီ သွားဟယ် သွားဟယ်.. (အစွဲကို မောင်းထုတ်ခြင်း) … သားသားကို အာဘွား ပေးသွားတယ် မလေးရေ….

    Comment by ခွန်မြလှိုင် — September 11, 2009 @ 10:26 am

  29. မချစ်လို့ မဟုတ်ပါဘူး အချစ်လေးရယ်
    မချစ်ဘူး တေးလို့ ဆူးတာ ပါ။
    i’m premis…i will never hurt u again…:D

    Comment by Thang No — September 15, 2009 @ 3:23 pm

  30. မိခင်တွေကို မြတ်နိုးတတ်တဲ့ သားတစ်ယောက်မို့ ကြည်နူးမိပါတယ်ဗျာ…

    Comment by tharr shwe — October 11, 2009 @ 9:07 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips